← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

++++++ 226 01

အခန်း 226

Boom!

ဒိုင်နိုဆောရပ်ရက်က ဆုပိုင်အား ခေါ်လျက် လျက်မြန်စွာ ပြေးသွားနေသည်။ အောက်ဘက်မှ ကားများကိုလည်း သူ၏ ကြီးမားသော ခြေထောက်ကြီးများဖြင့် ဖိခြေနင်းသွားသေး၏။

သူသည် အေးစက်သောမျက်လုံးများဖြင့်လည်း လူအုပ်ကို ကြည့်သည်။

ဝေါင်း။

သူသည် ခေါင်းကိုမော့လျက် ကျယ်လောင်စွာ အော်ဟစ် သည်။

“ အားအားအား။ ကိုလိုစီယမ်က လူတွေက ဘယ်ရောက်နေတာလဲ။ မကောင်းဆိုးဝါး ကြီးက လွတ်လာပြီ”

“ မဟုတ်ဘူး။ ဒါက ထရိုင်နိုဆောရက်ရပ် မဟုတ်လား။ ငါအရင်တစ်ခေါက်က လူသားကိုလည်း အပေါ်မှာတွေ့ လိုက်သေးတယ်။ သူအရင်တစ်ခေါက်က ကိုလိုစီယမ်မှာ ပေါ်လာတယ်လေ”

“ ကယ်ကြပါ။ ကယ်ကြပါ။ ငါ ဘယ်လိုလုပ်ရမလဲ။ ငါ့ရဲ့ ကားတော့ ပြားသွားပြီ”

“…..”

လမ်း၏ တစ်ဖက်တစ်ချပ် စီတွင်ရပ်နေသော လူများက ကျယ်လောင်စွာ အော်ဟစ်လျက် အလျင်စလို ထွက်ပြေးနေကြသည်။

ရုတ်တရက် လမ်းပေါ်ရှိ လူများက ရှပ်ထွေးကာ ဝရုန်းသုန်းကား ဖြစ်လာသည်။

နေရာအနှံ့တွင် ထွက်ပြေးနေသော လူများကို မြင်နိုင်သည်။

“ ပြေး ပြေး ပြေး”

“ ကိုလိုစီယမ်”

ခဏခန့် တွေးတောပြီးနောက် အဝေးကို ကြည့်သည်။ ထို့နောက် ထရန်နိုစောရက်ရပ်ကို ခေါ်ကာ ခပ်မြန်မြန်သွားစေသည်။

“ အူးအူး”

“ ငါတို့ ဘာလုပ်ကြမှာလဲ”

တပိုင်က အနောက်မှ ကပ်လိုက်ရင်း ကားတစ်စီး၏ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ကာ အထက်မှ ငှက်တောကို အော်သည်။

“ မင်းက ဘယ်ဦးတည်ရာဘက်ကို သွားမှာလဲ။ ဒါရိုက်က်တာ ဆုပိုင်ရဲ့ နောက်ကို မလိုက်ဘူးလား”

“ ဟိုမှာ။ ဟိုမှာ”

ငှက်တောက အဝေးရှိ ကြီးမားသော billboard ကြီးကိုပြသည်။ သူ၏ တောင်ပံကို တဖြတ်ဖြတ်ခတ်ရင်း စိတ်လှုပ်ရှားစွာအော်သည်။

“ ပန်းချီကားကို မြင်လား”

“ ငါဒါကို အရင်တစ်ခေါက်က သေချာ စိုက်ကြည့်နေခဲ့တာ။ အဲ့ဒီနေရာပဲ။ အမျိူးသမီးတွေအားလုံး အဲ့ဒီနေရာက ထွက်လာတာ”

“ သွားမယ်။ သွားမယ်။ သွားမယ်”

“ သွားကြရအောင်”

“ အူးအူး”

တပိုင်က တစ်ချက်အော်လိုက်ပြီး ကားခေါင်မိုးပေါ်က ခုန်ချလျက် ခပ်မြန်မြန် ပြေးသွားသည်။

ကျိုးကျန့်က အဝးသို့ ထွက်ပြေးသွားသော အကောင်တစ်ကောင်ကို ကြည့်ပြီး ပြောလိုက်သည်။

“ အစ်ကို ။ အဲ့ဒီအကောင် နှစ်ကောင် က ဘာလုပ်တာလဲ”

“ ငါ ဘာသိမှာလဲ။ မြန်မြန်လေး နောက်ကနေပြေးလိုက်ပြီး ဖမ်းရအောင်”

“ ဒါရိုက်တာဆုပိုင်က သိပ်မကြာခင် တိုက်ခိုက်တော့မှာ။ ဒီတော့ ဒီနေရာက ပိုပြီး ဝရုန်းသုန်းကား ဖြစ်လာတော့မယ်”

226 02

လောင်ကျို့က မျက်လုံးကို အသာ ကျဥ်းလိုက်ပြီး လေးနက်သော လေသံဖြင့်ပြော သည်။ ထို့နောက် စစ်သေနတ်ကို ထုတ်ရင်း တပိုင် နောက်မှလိုက်သည်။

“…..”

“ ဟားဟားဟား”

“ ကောင်းတယ် ကောင်းတယ်”

“ နည်းနည်း တိုးထိုင်ဦး”

ခေါင်းဆောင်ရွီက သေသပ်သော suitကို ဝတ်လျက် ကျယ်လောင်သော အခန်းတစ်ခုအတွင်းတွင် ထိုင်နေသည်။ သူသည် အမျိုးမျိုးသော အသားရောင်များနှင့် ရပ်နေသော အမျိုးသမီးများကို ကြည့်လိုက်ပြီး သူ၏ လက်ဖဝါးကို ပွတ်လျက် ပြုံးလိုက်သည်။ ထို့နောက် တံခါးနားမှ စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။

“ အကောင်းဆုံး ဝိုင်ယူလာခဲ့”

“ နောက်ပြီး မင်းတို့ ဆီမှာရှိတဲ့ အစီအစဥ်တွေအား လုံးကိုလည်း စာရင်းလာပြ”

သူက ထိုသို့ပြောပြီးနောက် သူ၏ အိတ်ကပ်ထဲမှ ပိုက်ဆံ တစ်ထပ်ကို ထုတ်လ်ိုက်ကာ စားပွဲပေါ်သို့ ခမ်းနားထည်ဝါစွာ ပစ်ချလိုက်သည်။ ထို့နောက် ခေါင်းကို ငုံ့လျက် ရယ်နေပြန်သည်။

လဲလှယ်မှုပြီး ချိန်တွင် သူ၏ နောက်ကွယ်မှ သူဌေးနှင့် တွေ့ခွင့်ရခြင်းပင် မရှိဘဲ ဖြစ်နေလိမ့်မည်ဟု မထင်ထားမိချေ။ ထိုလူများဟာ သူ့ကို ဒီတိုင်း လွှတ်ပေးလိုက်သည်။

ခေါင်းဆောင်ရွီး သည်လည်း လမ်းမပေါ်တွင် ရပ်ရင်း ကူကယ်ရာမဲ့နေခဲ့ရသည့် သူ့ကို သတိထားမိလိုက်သည်။ သို့သော် သူသည ပိုက်ဆံ အများကြီး ရထားပြီးသား ဖြစ်သည်။ ထို့ကြောင့် တစ်ရက်တာ ဆုံးရှုံးပြီးနောက်တွင်ပင် သန်းအနည်းငယ်ကိုသာ သုံးနိုင်သည်။

သူ၏ အသက်ရွယ်တွင် ထို့အတိုင်း ဆက်သုံးနေမည်ဆိုလျှင်ပင် သူသည် သုံးရန် ကုန်လိမ့်မည် မဟုတ်ချေ။

“ မင်းတို့တွေ ထိုင်ကြ။ ငါထူး ခြားတာတွေ လိုချင်တယ်”

သူသည် အနားတွင် ဝိုင်းနေသော ရွှေအိုရောင် ဆံပင်နှင့် အမျိုးသမီးများကို တစ်စုံတစ်ရာ ပြောပြီးနောက်တွင် ခေါင်းဆောင်ရွီးက ရုတ်တရက် ဆိုဖာပေါ်မှ ထလိုက်သည်။

“ သူဌေး”

တံခါးနားတွင်ရပ်နေသော သက်တော်စောင့်က လေးစားစွာ ဂါဝရပြုကြသည်။

ခေါင်းဆောင်ရွီးက ခေါင်းသာညိတ်လိုက်ပြီး နောက်ထပ် ပိုက်ဆံတစ်ထပ်ကို ထုတ်လျက် ပေးရင်း ခပ်တိုးတိုး ပြောသည်။

“ သွား နည်းနည်း .... dp ဝယ်လာခဲ့”

“ ဟုတ်ကဲ့”

သက်တော်စောင့်က ပိုက်ဆံကို ယူလိုက်ပြီး ခပ်မြန်မြန် ထွက်သွားသည်။

ခေါင်းဆောင်ရွီးက စီးကရက်ကိုထု တ်ရင်း ပါးစပ်နားသို့ ကပ်လိုက်သည်။ ထိုအချိန်တွင် သက်တော်စောင့် တစ်ယောက်က မီး လာညိတ်ပေးသည်။ ပါးစပ်အပြည့် အငွေ့များကို မှုတ်ထုတ်ရင်း ခေါင်းဆောင်ရွှီက ပြုံးကာ သက်ပျင်းချသည်။

“ ဒါက လူချမ်းသာတွေရဲ့ ဘဝပဲ”

“ ဒါပေမဲ့”

သူဟာ တစ်စုံတစ်ရာကို မှတ်မိသွားပြီးနောက် သူ၏ မျက်လုံးများသည် အသာကျဥ်းမြောင်းသွားပြီး အကြည့်က သုန်မှုန်လာသည်။

“ ဟွန့်”

“ ငါ က...”

“ သွား မန်နေဂျာကို သွားခေါ်လာ”

အရှေ့မှ သက်တော်စောင့်ကို အမိန့်ပေးပြီးနောက် သူက အခန်းထဲမှ အမျိုးသမီးများကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။

boom!

သူက တံခါးကို ဆောင့်တွန်းဖွင့်ရင်း နောက်ထပ် ပိုက်ဆံတစ်ထပ်ကို ထိုအမျိုးသမီးများထံ ပစ်ပေးလိုက်သည်။ ထို့နောက် အေးစက်သော လေသံဖြင့် ပြောသည်။

“ မင်းတို့ အားလုံး ထွက်သွား ပိုက်ဆံကို ယူသွား”

226 03

“ အို။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ အရမ်းရက်ရောတာပဲ”

“ ဟားဟားဟား သူဌေးကြီး ငါတို့ကို နောက်လိုအပ်ရင် လည်းခေါ်နော်”

“နတ်ဘုရားရယ် သောက်တော င်မသောက်ပဲ ပိုက်ဆံတွေ အများကြီး ပေးလိုက်တာပဲ”

ထိုလူတစ်အုပ်က ထရပ်လိုက်လျက် ပိုက်ဆံမျာကို ကုန်းကောက်ကြသည်။

ထွက်သွားသော လူတစ်အုပ်ကို ကြည့်နေရင်း ခေါင်းဆောင်ရွှီက ဆိုဖာပေါ်တွင် အသာပြန်ထိုင်လိုက်သည်။ ထို့နောက် ဖန်သားပြင်တွင်ပေါ်နေသော သီချင်းများကို ကြည့်လိုက်သည်။

ကြည့်ရတာ အရာအားလုံး က အဓိပ္ပါယ် မဲ့နေသလိုပဲ။

“ ကျွတ်”

“ဟယ်လို ဘာများလိုအပ်ပါသလဲ”

အဖြူရောင်ဝတ်စုံနှင့် မန်နေဂျာက တံခါးကို တွန်းဖွင့်ကာ ဝင်လာရင်း လေးစားစွာ မေးသည်။

“ ဒီမှာ ကလေးတွေ မရှိဘူးလား”

ခေါင်းဆောင်ရွှီက အချိန်တန်ကြာအောင် စဥ်းစားလိုက်ပြီးမှ မေးလိုက်ခြင်းဖြစ်သည်။

မန်နေဂျာက တခဏခန့် ကြောင်အ သွားပြီးနောက် ခေါင်းအသာညိတ်သည်။

“ ပိုက်ဆံက ပြဿနာမဟုတ်ဘူး။ နှစ်ယောက်ခေါ်လာခဲ့”

“ ဟုတ်ကဲ့”

အချိန်တန်ကြာပြီးနောက် သနားစဖွယ်ကောင်မလေး နှစ်ယောက်က ရောက်လာသည်။ သူတို့ထဲတွင် အငယ်ဆုံးကမှ ၆ နှစ်သာ ရှိသေးသည်။

သူတို့က ကြောက်လန့်နေသော မျက်ဝန်းတစ်စုံနှင့် ခေါင်းဆောင် ရွှီးကို ကြည့်သည်။

“ ပစ္စည်းက ရောက်ပြီလား။ ကျန်တဲ့ သူတွေ အားလုံးထွက်သွားတော့”

သက်တော်စောင့်က dpကို ယူလာခဲ့ပြီး ချိန်တွင် ခေါင်းဆောင်ရွီးက တချက်လှမ်းယူလိုက်သည်။ ကလေးမလေး နှစ်ယောက်ကို တိုးတိုး လှမ်းပြောသည်။

“ အဲဒီမှာထိုင်”

သူက မျက်လုံးကို အသာမှိတ်လျက် အသက်ပြင်းပြင်း ရှူထုတ်သည်။ ထို့နောက် ခေါင်းကို ငုံ့ရင်း သူ၏ အရှေ့မှ အမှုန့်များကို နှာခေါင်းနားတွင် ကပ်လျက် ရှုရှိုက်လိုက်သည်။

ထိုသို့ဖြင့် ခန္ဓာကိုယ် တစ်ခုလုံးက နွမ်းနယ်သွားသလို ဖြစ်သွားပြီး နောက်ဘက်သို့ မှီချလျက် အသက်ကိုလအငမ်းမရရှူသည်။

အချိန်တန် ကြာပြီးနောက် တွင်သူဟာ သူ၏ အနီရောင်မျက်လုံးတစ်စုံကို မပြန်ဖွင့်လျက် ကောင်မလေးနှစ်ယောက်ကို ကြည့်သည်။

“ ဦးဦး ငါ့ကို နာကျင်အောင် မလုပ်ပါနဲ့”

“ ငါအိမ်ပြန်ချင်တယ်။ ငါ့ကို မရိုက်ပါနဲ့။ ကျေးဇူးပြုပြီး ငါ့ကို မရိုက်ပါနဲ့။ ငါ့ကို မရိုက်ပါနဲ့”

ကောင်မလေးနှစ်ယောက်က ရှေ့မှလူကို သေချာကြည့်သည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားရင်း ကြောက်လန့်တကြား အော်နေသည်။

“ ပါးစပ်ပိတ်စမ်း”

ခေါင်းဆောင်ရွီးက ကျယ်လောင်စွာအော်လိုက်သည်။ ရုတ်တရက် ကလေးမလေးနှစ်ယောက်က ပါးစပ်ပိတ်သွားပြီး နှုတ်ခမ်းကို ကိုက်လျက် တုန်ယင်နေလေသည်။ သူတို့၏ မျက်လုံးမှ မျက်ရည်များလည်း စီးကျလာသည်။

“ ဒီကိုလာထိုင်”

ကောင်မလေးတစ်ယောက်ကို ဘေးဘက်သို့ ဆွဲယူပြီးနောက်တွင် ခေါင်းဆောင်ရွီး က အသက်ပြင်းပြင်း ရှုသည်။ ထို့နောက် မျက်လုံးကို မှိတ်လျက် ကလေးမလေး ၏ ဆံပင်ကို လက်ဖြင့် အသာပွတ်သည်။

“ဟစ်”

“ ဘာလို့ သူဌေးက ငိုနေတာလဲ။ ဘာလို့ သူ ငိုနေတာလဲ”

တံခါးနားတွင် ရပ်နေသော သက်တော်စောင့်ကပင် အံသြ သွားသည်။

“သွားကြည့်မနေနဲ့ ။ လူချမ်းသာတွေမှာ ထူးဆန်းတဲ့ အမူအကျင့်တွေ ရှိတယ်။ ငါတို့က ပိုက်ဆံပဲ လိုတာ”

“ဟားဟား ဟုတ်တယ်ဟုတ်တယ်။ သူက ဒီလောက် အလှလေးတွေရှိနေတာတောင် ကလေးနှစ်ယောက်ကို ခေါ်သေးတယ်။ သူက ဘယ်လိုလဲ...”

226 04

ခေါင်းဆောင်ရွီက မျက်လုံးများ ဝေဝါးသည်အထိ ငိုသည်။

“ ဝူးဝူးဝူး”

ရုတ်တရက် သူဟာ မျက်နှာကို အုပ်ပြီး စတင်ကာ ရှုံ့သည်။

“ နင် မငိုလို့ ရမလား။ လီလီ ကသီချင်း ဆိုပြမယ်လေ ဟုတ်ပြီလား”

ကလေးနှစ်ယောက်ကလည်း ဘေးဘက်တွင်ထိုင်ရင်း ချော့နေကြသည်။

“ ဝမ်အာ”

“ ကျင်အာ”

“ အဖေက တောင်းပန်ပါတယ်။ အဖေက သမီးတို့ကို ကောင်းကောင်း ဂရုမစိုက်နိုင်ဘူး”

သူက dp ကိုသောက်လိုက်သောကြောင့် ဖြစ်လောက်သည်။ ထိုခေါင်းဆောင်ရွှီသည် လူတစ်ယောက် အသွင်ပင် ပြောင်းလဲ သွားသေးသည်။

“အားအား။ ဒယ်ဒီက တောင်းပန်ပါတယ်”

“ သောက်ကျိုးနည်း လူကုန်ကူးသူတွေက ငါ့ရဲ့သမီးကို ဘာလို့ ဒုက္ခပေးရတာလဲ”

“ ငါ ဒီလူတွေရဲ့ ကလေးတွေကိုလည်း ပြန်ပြီး ဒုက္ခပေးရမယ်။ ဘာလို့ ငါ့ရဲ့ သမီးက ဒီလိုမျိုး သေသွားရတာလဲ။ မင်းတို့ရဲ့ ကလေးတွေက ဘာလို့ ကောင်းနေတာလဲ။ ဘာလို့လဲ”

ထိုအချိန်တွင် ခေါင်းဆောင်ရွီးဟာ ရူးသွပ်သွားသလိုမျိုး ရင်ကွဲနာ ကျနေပြီး အော်ဟစ်နေသည်။

ရုတ်တရက်သူက အရှေ့မှ ကလေးများ၏ မျက်နှာကို လက်နှစ်ဖက်လုံးဖြင့် အုပ်ကိုင်လျက် မျက်လုံးများ ပြူးကျယ်နေရင်း တုန်ယင်သော လေသံဖြင့် ပြောသည်။

“ ငါ့ကိုအဖေလို့ ခေါ်နိုင်မလား”

“ ကျေးဇူးပြုပြီး အဖေလို့ခေါ်ပါ”

“အဖေ”

“ ဟေးဟေး”

ခေါင်းဆောင်ရွီးက သဘောကျကျ ပြုံးရယ်လိုက်သည်။ ထို့နောက် ကောင်မလေး နှစ်ယောက်ကို တင်းတင်းကျပ်ကျပ် ဖက်သည်။ အချိန်တန် ကြာပြီးနောက်တွင်။

“ ဝင်လာခဲ့”

ရုတ်တရက် တံခါးထံမှ အသံတစ်သံ ထွက်လာသည်။ ခေါင်းဆောင်ရွီးက ရူးသွပ်နေသော မျက်လုံးများဖြင့် အေးစက်စွာ ကြည့်ရင်း ပြောသည်။

“ ကလေးနှစ်ယောက် ဘယ်လောက်လဲ။ မန်နေရာကို သွားပြောလိုက်။ ငါ ဝယ်မယ်”

“ ငါ့သမီးကို ဒီနေရာကနေ ခေါ်သွားတော့မယ်”

“ ဒီပိုက်ဆံတွေ အကုန်လုံး မင်းတို့ အပိုင်ပဲ”

သူက သူ့တွင် ရှိသမျှပိုက်ဆံများ အားလုံးကို ထုတ်လိုက်ပြီး စားပွဲပေါ်တွင် ပစ်တင်လိုက်သည်။ ကလေးမလေးနှစ်ယောက်ကို လက်တစ်ဖက်စီ ဆွဲလျက် တံခါးထံသွားသည်။

“ ငါနဲ့ အတူအိမ်ပြန်ရအောင်။ လူကုန်ကူးသူတွေက နာကျင်အောင် မလုပ်စေရဘူး”

“ မစိုးရိမ်နဲ့ အဖေနဲ့ အတူ အိမ်ပြန်မယ်”

“ အိမ်ပြန်ကြမယ်”

ခေါင်းဆောင်ရွီး ကိုယ်တိုင်က မရေတွက်နိုင်သော ကလေးပေါင်းများစွာကို ဒုက္ခပေးပြီး လူကုန်ကူးသူ ဖြစ်သည်။ သို့သော် သူကမူ ပိုက်ဆံ ပြန်ယူပြီး ကလေးနှစ်ယောက်ကို ဝယ်ခဲ့သည်။

“ ဝူးဝူး”

တံခါးကို ဖြတ်လျောက်ပြီးကာစအချိန်တွင် အဝေးမှ အသံတစ်သံထွက်လာသည်။ ထို့နောက် အဖြူအနက် ခပ်ဝဝ ကိုယ်ထည်တစ်ခုက အပြေးလွှားရောက်လာသည်။

******

227 01

အပိုင်း 227

“မြန်မြန် မြန်မြန်”

“မြန်မြန်လိုက်”

“ဒီကောင်တွေကို လိုက်”

တပိုင်သည် အနောက်မှ လိုက်နေသော လူတစ်အုပ်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းအထက်မှ ငှက်တောကို လှမ်းအော်လိုက်သည်။

“ဒီလူတွေက ဘယ်သူတွေလဲ”

“နောက်ပြီး ငါတို့ ကြည့်ရမဲ့သူက ဘယ်သူလဲ။ ဘာလို့ မတွေ့တာလဲ”

“ကောင်းပြီ”

ငှက်တောသည် အနောက်ဖက်မှလူက ပစ္စတိုကို ဆွဲထုတ်တာ မြင်လိုက်သောအခါ ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။

“မြန်မြန် မြန်မြန်ပြေးလေ။ ဘာကို လာကြည့်နေတာလဲ”

“သူတို့က အလုပ် လာမလုပ်တာများလား”

တပိုင်က ဒေါသကြီးကြီး အော်ဟစ်လျှက် ရှေ့သိုပြေးထွက်သွားသည်။

“မကြောက်နဲ့”

“မကြောက်နဲ့ ဒီအဖေက ကာကွယ်ပေးမယ်”

ထိုအချိန်တွင် ‌ခေါင်းဆောင်ရွှီက အမူးသမားနှင့် တူသည်။ သူ၏မျက်နှာက နီရဲနေပြီး ကလေးမလေး တစ်ယောက်ကို ဖက်ထားကာ နံရံထောင့်နားလေးတွင် ဆောင့်ကြောင့် ထိုင်နေလေသည်။

ထိုပြင် ထွေးပွေ့ထားသော ကလေးမလေးများကိုလည်း ညှင်သာစွာ နှစ်သိမ့် ပေးနေသေးသည်။ သူ၏ ခန္တာကိုယ် တစ်ခုလုံးကပင် ကူကယ်ရာမဲ့စွာ တုန်နေသည်။

“အဆင်ပြေတော့မှာပါ။ အဆင်ပြေသွားမှာပါ။ သေချာပေါက် အဆင်ပြေသွားလိမ့်မယ်”

“မင်းတိုတွေ ငါ့ရဲ့ကလေးကို ထိခိုက်အောင်လုပ်လိုမရဘူး”

“လုံးဝ မရဘူး”

အချိန်အနည်းငယ် ယူပြီးနောက်တွင် ခေါင်းဆောင်ရွှီသည် ရုတ်တရက် ကလေးကို အနောက်ဖက်သို့ ပိုလိုက်ပြီး မြေပြင်မှ ထရပ်လိုက်သည်။

သူ၏ ခန္တာကိုယ် တစ်ခုလုံးထံမှ ကြောက်ရွံဖွယ်ကောင်းသော အရှိန်အဝါဟာ ပေါက်ထွက်လာသည်။ သူသည် ကလေး၂ယောက်ကို တင်းတင်းကြပ်ကြပ် ကာကွယ်ထားသည်။

ဒိုင်း

“လိုက်တော့”

မန်နေဂျာက သူ၏ ပစ္စတိုကို ဆွဲထုတ်လိုက်ပြီး ဦးခေါင်းကို တည့်တည့်ချိန်ကာ ပစ်ရင်းအော်သည်။

“ဧည့်သည်တွေ အားလုံးကို အထဲမှာနေဖို့ ပြောလိုက်။ ငါတို့ ဒီနှစ်ယောက်ကို ခပ်မြန်မြန် ဖမ်းလိုက်မယ်”

ဝေါင်း

“ဘယ်လို လုပ်ကြမလဲ”

“သေနတ် ဆွဲထုတ်ချင်တာ”

တာ့ပိုင်သည် အခန်းတစ်ခန်း၏ တံခါးရှေ့တွင် ရပ်နေချိန် ဖြစ်သည်။

သူ၏ အရှေ့ဖက်တွင် လမ်းဆုံး ဖြစ်နေ၏။ ထိုကြောင့် မနေနိုင်ဘဲ အော်လိုက်၏။

“ငါ တပိုင်က...ဘာလုပ်ရမလဲ မသိဘူး”

“ဒါဆိုရင် ပြတင်းပေါက် ဖွင့်လိုက်ပါလား ငါ အရင်ပျံသွားလိုက်မယ်”

ငှက်တောက အော်သည်။ သူသည် အတောင်ပံကို တဖျပ်ဖျပ် ခတ်လိုက်ပြီး ပန်ဒါကြီး၏ နှဖူးပေါ်မှ လျှင်မြန်စွာ ခုန်ထွက်လိုက်သည်။

ထိုနောက် နောက်သို့ တစ်ဖက်လှည့်လျှက် အနောက်ဖက်မှ လူကို တစ်ချက်ကြည့်သည်။ ထိုနောက် ရုတ်တရက် မှင်သက်သွားသည်။

အကြောင်းမူကား သူတို့ကို သုန်မှုန်သော မျက်နှာများနှင့် ကြည့်နေသော လူ၁၀ယောက်ကျော်ခန့် ရှိနေခြင်း ဖြစ်သည်။

အဆုံးသတ်ပြီ။

ဒီတစ်ကြိမ်တွင် သူသည် လှပသော အမျိုးသမီးကိုပင် မတွေနိုင်တော့ချေ။ ထိုအစား အမိဖမ်းခံ လိုက်ရသည်။

227 02

“မင်း...ဒီနေရာကို မလာကြနဲ့”

“ငါတိုမှာ လူတွေအများကြီးပါ‌တယ်နော်”

“ဒီကို မြန်မြန်လာ။ လောင်ကျိုး”

လောင်ကျိုးက အနောက်ဖက်မှ ပြေးဝင်လာ‌တာ မြင်သောအခါ ငှက်တောက အသံကိုမြင့်ပြီး အော်သည်။

“ညီအစ်ကိုတို့ အရင်ဆုံး...”

ဒိုင်း

ဒိုင်း ဒိုင်းဒိုင်း ဒိုင်းဒိုင်းဒိုင်း

လောင်ကျိုး၏ မျက်လုံးက‌ မှေးကျဥ်းသွားပြီး သူ၏ လည်ပင်းတွင် ချိတ်ဆွဲ သယ်လာသော စက်သေနတ်ကို အရှေ့ဖက်သို ချိန်ကာ ခလုတ်ကို ဆက်တိုက်ဆွဲသည်။

စက္ကန့်အနည်းငယ်တည်းနှင့် သူ၏အရှေ့မှ သက်တော်စောင့်များ အားလုံး မြေပြင်သို လဲကျသွားကြသည်။

သူတို့၏ သေနတ်များကို ဒီတိုင်း ကိုင်ပြီး မြေပြင်တွင် လဲကျလျှက် အော်ဟစ်နေရ‌သည်။

“ဟား ဟား ဟားဟား”

ငှက်တောက ခပ်မြန်မြန် ပျံသန်းလျှက် လောင်ကျိုး၏ ပုခုံးတွင် သွားနားကာ မြေပြင်ပေါ်တွင် လဲကျနေကြပြီ ဖြစ်သည့် လူများကို ကြည့်ပြီး အော်ရယ်လေသည်။

“ငါ ပြောသားပဲ။ ငါတိုမှာ လူတွေအများကြီး ပါပါတယ်။ ဒါကို မင်းတိုမှမယုံတာ”

“ငါ ပြောမယ်”

“သတိထား”

ရုတ်တရက် ငှက်တောက မြေပြင်မှ လူတစ်ယောက်ကို ကြည့်လိုက်ပြီး သူ၏လက်ထဲမှ ပစ္စတိုကို တုန်ယင်စွာနှင့် မြှောက်ကိုင်လျှက် ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်နေသော ကောင်မလေး ၂ယောက်ထံ ချိန်ရွယ်ကြောင်း မြင်လိုက်သဖြင့် လှမ်းအော်လိုက်လေသည်။

ဒိုင်း

သေနတ်ပစ်သံတစ်ချက်က ထွက်ပေါ်လာသည်။

အူး

တပိုင်ကပင် ရုတ်တရက် ခုန်လျှက် ထိုလူ၏ လက်ကောက်ဝတ်ကို လှမ်းကိုက်လိုက်ပြီး လက်ကောက်ဝတ်ကြီး တစ်ခုလုံးကို ဆွဲဖြဲပစ်လိုက်သည်။ ထိုနောက် အနောက်ဖက် မြေပြင်တွင် လဲကျနေသော လူအိုကြီးကို မျက်လုံးပြူးကျယ်စွာ ကြည့်လိုက်သည်။

“အဆင်ပြေပါတယ်”

“ကျင်းအာ၊ ဝမ်အာ မင်းတိုတွေ အဆင်ပြေတဲ့အတွက် ငါ ဝမ်းသာတယ်။ ဒီအဖေကဒီတစ်ကြိမ်မှာတော့ မင်းတို့ကို ကာကွယ်နိုင်သွားပြီ”

“ဟ ဟ ဒီအဖေက တကယ် ဖမ်းမိသွားပြီပဲ”

ခေါင်းဆောင်ရွှီသည် မြေပြင်တွင် လဲလျှက် တည်ရှိနေသည်။ သူသည် တုန်ယင်သော လက်များကို ဆန့်ထုတ်ပြီး ကလေးမလေး၂ယောက်၏ ပါးပြင်ကို ပုတ်လိုက်သည်။ ထိုနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“တရုတ်တွေ မလှုပ်နဲ့”

လောင်ကျိုးက ခပ်မြန်မြန် အပြေးရောက်လာပြီး ဘေးဖက်တွင် ကောင်မလေး၂ယောက်ကို တစ်ချက်ကြည့်သည်။ ထိုနောက် သူ၏မျက်နှာအမူယာ အနည်းငယ် ပြောင်းလဲသွားသည်။

ဘယ်သူက ဒီလိုနေရာမျိုးကို ကလေး ခေါ်လာတာလဲ။

ထိုအပြင် ထိုလူသည် သိသာစွာပင် တရုတ်လူမျိုး ဖြစ်သည်။ ကလေးနှစ်ယောက်ကမူ အနောက်တိုင်း လူမျိုးများ ဖြစ်ကြောင်း သိသာနေသည်။

“အဟမ်း ငါဒီကလေးကို မင်းဆီကိုပဲ အပ်ခဲ့တော့မယ်။ ငါ့ရဲ့ဘဝမှာ မကောင်းတဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့ပြီးပြီ။ ဒါပေမဲ့ ငါ ငါ့ရဲ့ကလေးကို တစ်ခါမှ ပြန်မခေါ်နိုင်ခဲ့ဘူး။ ငါ တကယ်ကို မုန်းတီးမိတယ်။ ဘာလို ငါ့ရဲ့ကလေးကို ထိခိုက်အောင်ပဲ လုပ်ချင်နေတာလဲ”

“ဘာလို့လဲ”

ခေါင်းဆောင်ရွှီက ထိုအချိန်တွင် မျက်လုံးများ ကြည်လင်သွားပြီ ဖြစ်သည်။ သူသည် ထင်ရောင်ထင်မှား အဖြစ်မှ အသိဝင်လာပြီ ဖြစ်သည်။

သူသည် လောင်ကျိုးကို ဘေးဖက်သို အတင်းဆွဲခေါ်ပြီး လက်နှစ်ဖက်လုံးဖြင့် ကိုင်လျှက် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

227 03

“ငါ တကယ်ကို အပြစ်မကင်းစိတ် ဖြစ်မိပါတယ်။ သူတို့က အဲ့ဒီ တိရစ္ဆာန်ကို အမြင့်ဆုံး အဆောက်အဦးဆီခေါ် သွားကြတာ”

“ငါက သေရတော့မှာပဲ။ ငါက ငါ့ရဲ့သမီးတွေနဲ့ အတူသေရတော့မှာ။ သူတို့ကတော့ သေတဲ့ထိ နှိပ်စက်ခံရလိမ့်မယ်။ ငါသူတို့အတွက် စိတ်မကောင်း ဖြစ်မိတယ်”

“ငါ သူတို့အတွက် စိတ်မကောင်းပါဘူး။ ပိုက်ဆံက ဒီမှာရှိတယ်။ မင်း ဒီမိန်းကလေး နှစ်ယောက်ကို ဂရုစိုက်ပေးပါ”

“ကျေးဇူးပြုပြီး”

ဘုန်း

လောင်ကျိုးက ဘေးဖက်သို လျှောကျသွားသော သူ၏လက်ဖဝါးကို ကြည့်ပြီး သက်ပြင်းချသည်။

တစ်ဖက်သူ၏ ပြောသွားသော စကားများအရ ထိုလူအိုကြီးသည် ဒါရိုက်တာ ဆုပိုင်က ရှာနေသော လူကုန်ကူးသူ ဖြစ်သည့် ခေါင်းဆောင်ရွှီ ဖြစ်ကြောင်း သိလိုက်သည်။

မမျှော်လင့်ထားစွာပင် ဒီလိုနေရာမျိုးတွင် အခုလို အခြေအနေမျိုးနှင့် တွေ့လိုက်ရသည်။ ပို၍ဆိုးသည်မှာ ထိုလူကုန်ကူးသူက သူနှင့် မပက်သက်သော ကလေး၂ယောက်အတွက် ကျည်ဆံကို ဝင်ခံပေးလိုက်သည်။

လောင်ကျိုးကပင် ထိုလူအိုကြီးသည် အမှန်တရားကို ပြောသွားခြင်းဖြစ်ပြီး လိမ်ညာခြင်း မဟုတ်ကြောင်း မြင်နိုင်သည်။

“ညီအစ်ကို ဒါက ငါတိုရဲ့ တိရစ္ဆာန်ရုံက အသစ်ဆက်ဆက် ကယ်ထားတဲ့ တိရစ္ဆာန်ကို ပြန်ပေးဆွဲသွားတဲ့ လူသတ်သမားကောင် ပြန်ပေးဆွဲသမား မဟုတ်လား”

ကျိုးကျန်းက ဘေးဖက်တွင်ရပ်ရင်း မယုံကြည်နိုင်မှု အပြည့်ဖြင့် လှမ်းပြောသည်။

“ဒါဆိုရင် ဒီလူက ဘာဖြစ်သွားတာလဲ”

“ကောင်းပြီ”

လောင်ကျိုးက ခေါင်းကိုခါရင်း ထရပ်ကာ ပြောသည်။

“ဒီလူ အခုလိုမျိုး ဆိုးယုတ်တဲ့ အလုပ်တွေကို လုပ်တာက သူ့ရဲ့သမီး ပြန်ပေးဆွဲခံရတာနဲ့ ပတ်သက် ခဲ့လောက်တယ်”

“ဒါပေမဲ့...ထားလိုက်ပါတော့။ ဒီကောင်မလေး ၂ယောက်ကို ခေါ်ပြီးပြန်ထွက်ရအောင်”

လောင်ကျိုးက တစ်ချက် အော်လိုက်သည်။ ထိုနောက် လက်တစ်ဖက်ဖြင့် ကောင်မလေးတစ်ယောက်ကို ကိုင်ပြီး တံခါးဖက်သို ခပ်မြန်မြန် ထွက်ခဲ့လိုက်သည်။

ဘုန်း

ဗြီ

တပိုင်က ငှက်တောကို မြေပြင်ပေါ်သို ဖြတ်ရိုက်လိုက်သည်။ အမွှေးတချိုကိုလည်း ဆွဲနှုတ်လိုက်သေးသည်။ ထိုနောက် ခပ်ကြမ်းကြမ်း အော်ကာ ပြောသည်။

“မင်း ပြန်သွားရင် ဒုက္ခရောက်ပြီမှတ်။ ငါ တကယ်ရူးတာပဲ။ ငါ မင်းပြောတာကို မယုံခဲ့သင့်ဘူး”

“ဟေးဟေးဟေး ငါပြောတာကို နားထောင် ငါ ရှင်းပြတာကို နားထောင်။ ဒီမှာ တကယ်ကိုလှတဲ့ အမျိုးသမီး ရှိတယ်”

ငှက်တောက အပြင်သို့ ပြေးထွက်နေသော လူများကို ကြည့်ပြီး ခုန်ပေါက် အော်ဟစ်ကာ ခပ်မြန်မြ န်ပြေးလိုက်လေသည်။

.....

++++++ 228 01

အခန်း 228

အူး

“ဒီကို မလာနဲ့နော် အစ်ကိုကြီး ငါမှားပါတယ်”

huskyက သားရဲတိုက်ခိုက် ကွင်းပြင်တွင် ပတ်ပြေးနေခြင်း ဖြစ်သည်။ ရှေ့ပြေးလိုက် နောက်ပြေးလိုက် လုပ်ရင်း မကြာခဏ ဆိုသလို အော်ဟစ်နေသေးသည်။

ဝေါင်း

မည့်သည့်အချိန်မှ စတင်ခြင်းမှန်း မသိသော်လည်း နောက်မှ မကောင်းဆိုးဝါး နှစ်ကောင်က ပူးပေါင်းလိုက်ကြပြီး သူ့ကို အတူ လိုက်ဖမ်းနေကြသည်။

ဘုန်း

ခပ်မြန်မြ န်ခုန်‌လိုက်ပြီးနောက် အာဟသည် မြင့်းလွန်းသော စင်မြင့်ကြီးကို အားငယ်စွာ ကြည့်လိုက်ပြီး အံကို ကြိတ်လိုက်သည်။

ဝုတ်

သူသည် နောက်သို ချာကနဲ လှည့်၍ အော်ဟစ်လိုက်သည်။ သူသည် ခေါင်းကို တစ်ချက် ငုံလိုက်ပြီး နီရဲသော မျက်လုံးများနှင့် တစ်ချက်စိုက်ကြည့်လိုက်သည်။ သူ၏ပုံစံက မဟာရန်သူကြီးကို တွေ့နေပုံ ဖြစ်သည်။

အို…သောက်ကျိုးနည်း တိုက်ခိုက်တာပေါ့။ သူ မတိုက်ခိုက်နိုင်တာ ဘာများရှိမှာလဲ။ မကောင်းဆိုးဝါးဟာ အလွန်ကြီးမားပြီး အလွန်ကြီးမားသော မျက်လုံးကြီးများကလည်း သူ့ကို ပြူးကြည့်လျှက် ခုန်ဝင်လာကြောင်း မြင်သောအခါ huskyက သူ၏ အမြီးကို ခြေထောက်ကြားထဲ ခပ်မြန်မြန် ရပ်လျှက် ရုတ်တရက် ထရပ်လိုက်သည်။ ထိုသိုဖြ င့်သူ၏ ရှေ့လက်နှစ်ချောင်းကို ရင်ဘက်နားတွင် ကာရင်း သူ၏ နောက်ခြေထောက် ၂ချောင်းကိုသာ အသုံးပြုလျှက် ကွင်းပြင်အနှံ့ ပတ်ပြေးလေသည်။

“ဟားဟားဟား ဒီကောင်က တအားစိတ်ဝင်စားဖို့ ကောင်းတာပဲ။ သူက လူလိုမျိုး မတ်တပ်ရပ် ပြေးနေတာ”

“ဒါပေမဲ့ သူက တော်‌တော်လေး ဉာဏ်ကောင်းတယ်။ အဲ့ဒီမျကာင်းဆိုးဝါးနှစ်ကောင်က ဒီကောင်ကို ဖမ်းဖိုအတွက် ကြိုးစားနေတာ တော်တော်ကြာပြီ။ ဒါပေမဲ့ သူတို့ အခုချိန်ထိ သူ့ကို ဘာမှ မလုပ်နိုင်သေးဘူး။ ငါ လောင်းထားတဲ့ ပိုက်ဆံကို ထပ်မြင့်လိုက်တော့မယ်။ ငါဒီကောင် အဆုံးထိ မသေဘူးလို ငါ၁၀သန်းနဲ့ လောင်းတယ်”

“ဒီ ကိုလိုစီရမ်က ဒီသတ္တဝါကို ရောင်းချင်စိတ် ရှိမလား ဆိုတာကိုပဲ ငါ ပိုပြီး သိချင်တာ။ ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်။ ဒီလို ရတနာမျိုးကို ဝယ်နိုင်ရင် ငါ့ရဲ့ အနာဂတ်ဘဝက စိတ်ဝင်စားစရာ ကောင်းနေတော့မှာ”

“သောက်ကျိုးနည်း လုပ်စမ်း”

ထိုအချိန်တွင် ပွဲကြည့်စင်ထဲမှ လူတိုင်းက ပတ်ပြေးနေသော huskyကို ကြည့်လျှက် မကြာခဏ ဆိုသလို ရယ်မောနေကြသည်။

ကြည့်ရှုသူအများစုက သူတို့၏ လက်များကိုပင် ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသေးသည်။ အာဟက မ‌ကောင်းဆိုးဝါးနှစ်ကောင်၏ တိုက်ကွက်များကို ကပ်သီးလေး ရှောင်လိုက်ချိန်တိုင်းတွင် လူတိုင်းက စိတ်အေးသွားသလို သက်ပြင်း ချနေကြသည်။

သူတို့သည်လည်း ကိုလိုစီရမ်တွင် ထိုကဲ့သိုသော တိုက်ပွဲကို မကြည့်ဖူးကြပေ။

ဘာလို သက်ရှိ သတ္တဝါ တစ်ကောင်၏ အသက်ကို စိုးရိမ်ပေးရမှာလဲ။

“ဝုတ်”

အာဟက ပွဲကြည့်စင်ဖက်မှ လာသည့် အော်ဟစ်အားပေးသံများကို ကြားသောအခါ သူ၏လက်တစ်ဖက်ကို အသာမြှောက်လျှက် လမ်းယမ်းပြလိုက်သည်။ ထိုထောက် အသံကုန်ဟစ်ကာ အော်သည်။

ထိုနောက် သူသည် နင်းချလိုက်သည့် ခြေထောက်ကို ရှောင်ရန်အတွက် နေရာတွင်ပင် ခုန်ရှောင်လိုက်သည်။ သူက တစ်ချက်မော့လိုက်ပြီး မျက်လုံးမကောင်းဆိုးဝါးကို ကြည့်ကာ လျှာထုတ်ပြလိုက်သေးသည်။

ထိုနောက် ရှေ့သို့ ဆက်ပြေးသည်။

ဝေါင်း ဝေါင်း

ထိုအခြေအနေကို မြင်သောအခါ မျက်လုံးများသော မကောင်းဆိုးဝါးက ရုတ်တရက် ထအော်သည်။ ခန္တာကိုယ်တစ်ခုလုံးကပင် ခပ်ကြမ်းကြမ်း တုန်သွားသေးသည်။

228 02

ဝုန်း

သူသည် ရူးသွတ်စွာနှင့် သူ၏ကိုယ်ပိုင် အသွေးအသားများကို ဆွဲဖြဲခါရင်း အဝေးရှိ ပွဲကြည့်စင်ရှိရာဖက်သို့ ပြေးလေသည်။

“အားအား ပြေးတော့”

“ဒီ မကောင်းဆိုးဝါးက ရူးသွားတာလား။ လုံခြုံရေးတွေ ဘယ်ရောက်သွားလဲ”

“ပြေးတော့”

ပွဲကြည့်စင်တွင် ထိုင်နေသော ကြည့်ရှုသူများက မြင်လိုက်ရသော အရာကြောင့် စိုးရိမ်သွားကြသည်။ အထူးသဖြင့် မကောင်းဆိုးဝါးကြီး၏ အနီးနားတွင် ထိုင်နေသော သူများဖြစ်သည်။ သူတို့သည် ထိုင်ခုံများမှ ခပ်မြန်မြန်ထလျှက် အပြင်ဘက်သို့ ပြေးကြသည်။

သိသာစွာပင် ထိုမကောင်းဆိုးဝါးကြီးသည် စိတ်လွှတ်သွားသည်။ ထရက်နိုစောရက်တွင် ဖြစ်ခဲ့သော မတော်တဆမှုက သူ၏ ဦးနှောက်ထဲတွင် လက်ဆတ်နေသေးသည်။

ထိုကာလ လူပေါင်းများစွာ သေသွားသည်။ ရှိနေသော လူများအားလုံးက ကြွယ်ဝသူများ ဖြစ်ကြသည်။ ထိုအခိုက်တန့်တွင် သူတို့သည် စတင်ကာ အော်ဟစ်လျှက် အသက်ဘေးမှ လွှတ်မြောက်အောင် ပြေးရလေသည်။

ဝေါင်း

ရုတ်တရက် ပွဲကြည့်စင် အစွန်နားထံမှ ကြောက်မက်ဖွယ် ကောင်းသော သားရဲတစ်ကောင်၏ အော်ဟစ်သံ ကြားလိုက်ရသည်။

ထိုနောက် အလွန်အမင်း ကြီးမားပြီး ခက်ထန်သော နဖူးပြင်ကြီးက နံရံအနောက်ဖက်မှ ပေါ်ထွက်လာလေသည်။

အလင်းရောင်အောက်တွင် ပေါ်ထွက်နေသော ဆူးရှလွန်းသည့် သွားနှစ်တန်းက အမြူရောင် အလင်းတန်းကိုပင် ထုတ်လွှတ်ပေးနိုင်လောက်သည်။

“ဒါက ထ ထ ထ ထရန်နိုစောရက်ရပ်မဟုတ်လား”

ကြည့်ရှုသူများသည် သူတို့ရှေ့ ရုတ်တရက်ပေါ်လာသော အကောင်ကို မှတ်မိလိုက်ပြီး မျက်လုံးများပြူးကာ ရေရွတ်ကြသည်။

ဝါး

ထရန်နိုစောရက်ရပ်က သူ၏ရှေ့မှ မကောင်းဆိုးဝါးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်သည်။

ဝုန်း

အလွန်တုတ်ခိုင်သော အမြှီးက ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သောအခါ အရှေ့မှ နံရံဟာ အပိုင်းပိုင်းအစစ ဖြစ်သွားလေသည်။ ထိုနောက် သူသည် ဦးဆောင်လေပြီး အတွင်းသို့ ဝင်လျှက် ထိုင်ခုံများကို တစ်လုံးပြီး တစ်လုံး ပြားကပ်သွားစေသည်။ ထိုနောက် အရှေ့မှ မကောင်းဆိုးဝါးထံ သွားသည်။

နောက်ဆုံးတွင် သူသည် အစစ်မှန် သွေးသားရှိသည့် သတ္တဝါကို ပြန်တွေ့ရလေပြီ။ ကောင်ကင်ပြာ တိရစ္ဆာန်ရုံမှ ပေးသော အသားတုများက သူ့ကို အန်ချင်မတက် ဖြစ်စေသည်။

ထိုနောက်...

ငါ မတိုက်ခိုက်ရတာ ကြာပြီပဲ။

နှစ်ဖက်စလုံးက လက်သည်းများကို လှုပ်ခါလျှက် ခပ်ကြမ်းကြမ်း တိုက်ခိုက်ကြသည်။

ဝုတ်

ထိုအချိန်တွင် မျက်လုံး အပြည့်ရှိသော မကောင်းဆိုးဝါးကြီးက သူ့ဆီ တစ်လှမ်းချင်းဆီ လျှောက်လာသော သတ္တဝါကို ကြည့်လိုက်ပြီး ဆူးရှစွာ အော်ဟစ်လျှက် နောက်သို ဆက်တိုက် ဆုတ်သည်။

တစ်ဖက်သူ၏ ခန္တာကိုယ်က သူ့ထက် မီတာပေါင်း မြောက်များစွာ မြင့်လေသည်။

ထိုမျှ ကြောက်စရာကောင်းသော အရှိန်ဝါမျိုးနှင့်ဆိုလျှင် သူကပင် မခုခံရဲပါချေ။

“ဂလု”

အာဟသည်လည်း စင်ပေါ်တွင် ဆောင့်ကြောင့်လေး ထိုင်ကာ တစ်ဖက်မှ မကောင်းဆိုးဝါးကြီးကို ကြည့်နေခြင်း ဖြစ်သည်။ ထိုအကောင်ကြီးကို ကြည့်နေချိန် သူ၏ လည်စာလုပ်က လှုပ်ခတ်နေ၏။ သူသည် တံတွေးများကိုပင် မျိုချနေရသည်။

ဘယ်လိုကြောင့် ဒီလောက်ကြီးတဲ့ အကောင်ကြီးက ပေါ်လာပြန်တာလဲ။

နောက်ပြီး...ဒီကောင်ကြီးက တော်တော်ကြီးကို ကြောက်ဖို့ ကောင်းတယ်။ ဘယ်သူက ဒါကို တောင့်ခံနိုင်မှာလဲ။ ဒါပေမဲ့...

228 03

အာဟက ရုတ်တရက် ကြောက်စရာကောင်းသည့် အကောင်ကြီး၏ အပေါ်တွင် ထိုင်နေသော ပုံရိပ်ကို မြင်လိုက်သောအခါ သူ၏မျက်လုံးက ပြူးကျယ်သွားပြီး စိတ်ကလည်း လွှတ်သွားသည်။

တကယ်ကို...

ဒါက တကယ်ကို မိစ္ဆာဘုရင်ဆုပဲ။

ဒီတော့ ဆိုလိုတာက ဒီမှာတိုက်ခိုက်နေတဲ့ ၂ကောင်ထက်ပိုပြီး ကြောက်စရာကောင်းတဲ့ အကောင်ကြီးက မိစ္ဆာဘုရင်ဆုရဲ့ အိမ်မွေးတိရစ္ဆာန်ပေါ့။

ဘုရားရေ…

တခြားလူတွေက ခွေးတွေ ကြောင်တွေပဲ မွေးကြတာ။ ဘယ်လိုဖြစ်လို့ ဒီမိစ္ဆာဘုရင်ဆုက ဒါမျိုးကို မွေးရတာလဲ။ သူက လူသား ဟုတ်ရဲ့လား။ သောက်ကျိုးနည်း ဒါကဘာလဲ။

“ဟစ်”

သူ၏ ခန္တာကိုယ်တစ်ခုလုံးက ခပ်ကြမ်းကြမ်း တုန်ခါသွားသည်။ အာဟသည် ရုတ်တရက် ထရပ်လိုက်ပြီး ထရန်နိုစောရက်ရပ်၏ ‌ကျောပေါ်တွင် ထိုင်နေသော ဆုပိုင်ကို ကြည့်ကာ လှမ်းအော်သည်။

“ဟေ့ ဟေ့ အချစ် အချစ် ငါဒီမှာ”

“ငါ့ကို ကယ်ဦး။ ငါ့ကို ကယ်ဦး”

“ငါ့ကို ကြည့်ဦး။ ငါ့ကို ကြည့်ဦး”

သိုသော် အစမှ အဆုံးထိ မိစ္ဆာဘုရင်ဆုဟာ သူ့ကို မကြည့်လာပါပေ။ ထိုအခြေအနေဟာ အာဟကို ဒေါသ ထွက်စေသည်။

ဘာလဲ။ ဒါက… တိရစ္ဆာန် အသစ်ရသွားတော့ သူ့ကို မေ့သွားပြီပေါ့လေ။ သူ့ကို မချစ်တော့ဘူးပေါ့လေ။

ဝါး

ထိုအချိန်တွင် ထရန်နိုစောရက်ရပ်က ခေါင်းကို တစ်ချက်မော့ကာ ဟိန်းဟောက်လိုက်သည်။ သူ၏ ခြေထောက်မှ ကြွက်သားများက တင်းကြပ် သွားပြီးနောက်တွင် ရုတ်တရက် ပွဲကြည့်စင် ထိုင်ခုံမှ တစ်ဆင့် လှမ်းခုန်လိုက်သည်။ သူ၏ ကြီးမားသော ခန္တာကိုယ်ကြီးက အရှေ့မှကြီးမားသော မကောင်းဆိုးဝါးကို မြေပြင်ပေါ်သို ချက်ချင်းလိုလို ဖိကပ်လိုက်သည်။

ဝုန်း

ကြီးမားသော ခြေထောက်ကြီးက မရေမတွက်နိုင်သော မျက်လုံးများပါသည့် သတ္တဝါကြီး အပေါ်ကို ဖိနင်းလိုက်သည်။

ခရက်

သူသည် အောက်သို ခေါင်းဖြင့် ငုံကာ ခပ်ကြမ်းကြမ်း ကိုက်ခံလိုက်ပြီး အသားတုံးလိုက်ကို ဆွဲဖြဲလိုက်သည်။ သွေးများကလည်း ပါးစပ်ထောင်စွန်းမှ စီးကျနေသေးသည်။

“ဂလု”

ထိုနောက်သူသည် တစ်လုပ်တည်းနှင့် မျိုချလိုက်လိုက်သည်။ ထိုနောက် ခေါင်းကို ငုံပြီး စတင်ကာ စွဲဖြဲသည်။

“ငါ...”

ဆုပိုင်သည် ကျော်ပေါ်တွင် ထိုင်နေသည့် အလျောက် ကျောချမ်းဖွယ် ကောင်းသည့် ဝါးစားသံကို ကြားနေသည့်အလျှောက် ကျောချမ်းဖွယ်ကောင်းသော ဝါးစားသံကို အနီးကပ် ကြားနေရသည်။ သူသည် ချက်ချင်းဆိုလျှင် လက်ဆန့်ထုတ်လျှက် ထရန်နိုစောရက်ရပ်၏ လည်ပင်းကို အသာပုတ်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။

“အချိန်မဖြုန်းနဲ့”

“အာဟ”

ထိုသို့ ပြောပြီးချိန်တွင် သူသည် အဝေးတွင် ခုန်ပေါက်နေသည့် အာဟကို လှမ်း၍ လက်ပြလိုက်သည်။

အဝေးတွင် ရှိနေသော မကောင်းဆိုးဝါးတစ်ကောင်ဟာလည်း ထရန်နိုစောရက်ရပ်၏ ကြောက်စရာ ကောင်းသော ပုံပန်းသွင်ပြင်ကို ကြည့်နေရင်း တုန်နေသည်။ အထူးသဖြင့် အောက်ဖက်မှ မကောင်းဆိုးဝါးက အသားတုံးအသွင် ပြောင်းသည်အထိ ဆွဲဖြဲခံရသော မြင်ကွင်းကို ကြည့်လိုက်သည့်အချိန်တွင် သူသည် တိုက်ရိုက်ပင် မြေပြင်တွင် လဲရင်း ငယ်သံပါအောင် အော်ဟစ်နေတော့သည်။

“ဟူး”

ထရင်နိုစောရက်ရပ်က နှာခေါင်းကို အသာရှုံ့ရင်း အရှေ့မှ အကောင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းများက ကော့တက်သွား သေး၏။ ထိုနောက် နောက်သို့ လှည့်လျှက် ပွဲကြည့်စင်ဖက်သို လျှောက်သည်။ ထိုအခြေအနေကို မြင်သောအခါ အာဟက ပျော်ရွှင်စွာ နောက်မှ လိုက်သွားသည်။

ပေါင်လုံးတွေပဲ။

ဒါက ဘာပေါင်တွေလဲ။ သေချာပေါက်ကို ကြီးမားတဲ့ ပေါင်ကြီးပေါ့။ သူ ဒီလိုပေါင်မျိုးကို လျက်ရမယ်ဆိုရင် ဒီထက် ပျော်စရာကောင်းတဲ့ ကိစ္စကမရှိတော့ဘူး။

သူကသာ ဒီကောင်ရဲ့ အထောက်အပံ့ကို ရထားသမျှ အဆောက်အဦးတွေကို ဖြိုချလိုက်ရင်တောင်မှ မိစ္ဆာဘုရင်ကြီးဆုက သူ့ကို ဘာလုပ်ရဲတော့မှာလဲ။ ဟွန့်

++++++

All Chapters