အခန်း (၂၂၉-၂၃၁)
Vol. 16 Ch. 229-231
229 01
အခန်း 229
“သတိထား”
ထိုအချိန်တွင် ပွဲကြည့်စင်ထဲတွင် ရပ်နေသော ဟူဟွေ့က ရုတ်တရက်လှမ်းအော်သည်။
ဝုတ် ဝုတ် ဝုတ်
ထိုနောက် လေထဲတွင် စက်သံကို ကြားရသည်။
ဘုန်း
ကောင်းကင်မှ ကျည်ဆံကြီးတစ်ခုက ဆုပိုင်၏ နောက်တည့်တည့်သို့ ပြန်ကျသွားသည်။
မီးတောက်များက ကောင်းကင်သို မြှောက်တက် သွားသေးသည်။
ကိုလိုစီရမ်ကြီး တစ်ခုလုံးက ပြိုလဲကျသွားသည်။
ထို့နောက်
“အဆုံးသတ်ပြီ”
ဟူဟွေ့က မီးခိုးများ ဖုန်များအတွင်း မြုပ်သွားသော ဆုပိုင်ကို ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အားအားအားအား”
အော်သံ တစ်ချက်နှင့်အတူ ဟူဟွေက ချက်ချင်း ထခုန်လျှက် အရှေ့မှ အသင်းဖော်များကို ကြည့်လိုက်သည်။ သွေးနည်းသော မျက်လုံးများနှင့်အတူ သူဟာ လေသံတိုးတိုးနှင့် လှမ်းအော်လိုက်သည်။
“အားလုံးပဲ”
“ပစ်ကြစမ်း”
“ဒီည တစ်လုံးကို ပြားပြားကပ်သွားအောင် လုပ်ကြရအောင်”
“ပစ်”
ဒါရိုက်တာ ဆုပိုင်ကတောင် သူ့ရဲ့ရှေ့တင် ပုံးကြဲခံလိုက်ရတယ်။
ဒါဆိုရင် သူတို့အဖွဲက တရုတ်ပြည်ကို ဘယ်မျက်နှာနဲ့ ပြန်ရမှာလဲ။ သူတို့ရဲ့ အကြီးကဲတွေကို ဘယ်မျက်နှာနဲ့ ရှင်းပြရမလဲ။ နောက်ပြီး ပြည်သူတွေ။ နောက်ပြီး ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို ဘယ်လိုများ ရှင်းပြပေးရမှာလဲ။
သတ်
“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်းဒိုင်း”
စစ်သားတစ်ဖွဲက သေနတ်များကို ချာလပတ်ရမ်းလျှက် မြင်သမျှအရာ အားလုံးကို ပစ်ခတ်ကြသည်။ ထိုသို့ဖြင့် လမ်းပေါ်တွင် ပြည့်နှက်နေသော ကြေးစားစစ်သားများအားလုံးထံ ရူးသွတ်စွာ ခုန်ဝင်သွားသေးသည်။
.....
“မဟုတ်ဘူး”
လောင်ကျိုးက ပြိုကျသွားသော ကိုလိုစီရမ်ကို ကြည့်လိုက်သည်။ ထိုပြင် ထရန်နိုစောရက်ရပ်သည်လည်း မရေတွက်နိုင်သော အပျက်အစီး ပုံများအကြား မြှုပ်သွားလေသည်။
သူ၏မျက်လုံးဟာ နီရဲလာပြီး စူးရှစွာ အော်ဟစ်လိုက်သည်။
“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”
သူသည်လည်း သူ၏ စစ်သေနတ်ကို မြှောက်လျှက် ကြေးစားစစ်သားများထံ ချိန်ရွယ်ပြီး ဆက်တိုက်ပစ်သည်။
“ဂါး”
ပျားတူခွေးတူဝက်တူက သူတို့၏ အနောက်ဖက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုနောက် အော်ဟစ်လိုက်ပြီးနောက်တွင် ကားတစ်စီးအောက်ထဲသို ခပ်မြန်မြန် တိုးဝင်လျှက် အဝေးရှိ လူသားအုပ်ထံ အမြန်ပြေးသွားသည်။
229 02
“အဆုံးသတ်ပြီ ဒါရိုက်တာ ဆုပိုင်”
ငှက်တောသည်လည်း တပိုင်၏ နှဖူးပေါ်တွင် နားနေခြင်းဖြစ်သည်။ သူ၏ စိတ်သည် ဗလာဖြစ်သွားပြီး ခန္တာကိုယ်ကပင် လှုပ်ခါသွားသည်။
သူတို့သည် လမ်းများကို ကျော်ဖြစ်လျှက် ယခုလေးတင် ကိုလိုစီရမ်တွင် ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူသည် ပန်ဒါကြီးနှင့် ထရန်နိုစောရက်ရပ် အကြောင်းကို ပြောပြနေခဲ့သေးသည်။ မမျှော်လင့်ထားစွာ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် ဒါရိုက်တာ ဆုပိုင်က ပြေးထွက်လာမည့် အခိုက်တန့်တွင် ထိုကြေးစားစစ်သားတစ်ဖွဲက တကယ်ကို...
“အား သတ်စမ်း”
နှာမှုတ်သံ တစ်ချက်နှင့်အတူ ငှက်တောက သူ၏ အတောင်ပံကို ခပ်ကြမ်းကြမ်း ယမ်းလိုက်ရင်း ရှေ့သို တူညီသော အရှိန်ဖြင့် ပြေးသွားလိုက်သည်။
“အူး”
တပိုင်သည်လည်း ကျောပေါ်မှ ကောင်မလေး နှစ်ယောက်ကို ပစ်ချထားလိုက်ပြီး အံကိုကြိတ်လျှက် သွေးနီရောင် မျက်လုံးများနှင့်အတူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထိုနောက် သူ၏လက်မောင်းကို ရမ်းပြီး ရူးသွပ်စွာ ပြေးဝင်သွားသည်။
“ဟစ်”
နှာမှုတ်သံကလည်း ထွက်လာသည်။ ရွှေရောင် မြွေကြီးကလည်း အော်ဟစ်လိုက်ပြီး နောက်တွင် သူ၏ထက်ရှသည့် အဆွယ်ကို ဖြဲကာ လေထဲသို့ ပြေးဝင်လိုက်ပြီး ကြေးစားစစ်သားအဖွဲ အလယ်နေရာတွင် ရှိနေသော ပုံရိပ်ထံ ခုန်ဝင်လိုက်ကာ ခပ်မြန်မြန် ရစ်ပတ်လိုက်သည်။
ဆုပိုင် ဒုက္ခရောက်နေကြောင်း ကြားသိပြီးချိန်တွင် ဟူဟွေ့နှင့်လောင်ကျိုးတိုသာ ရူးသွပ်သွားခဲ့ခြင်း မဟုတ်ချေ။ တိရစ္ဆာန်များ အားလုံးကလည်း ရူးသွပ်သွားကြသည်။
သူတို့သည် ဂလဲ့စား ချေလိုသည်။ ထိုသူများ အားလုံးကို သေစေလိုသည်။
“ခေါင်းဆောင် ငါတို့ ထွက်လို့ မရဘူး”
ဒုခေါင်းဆောင်က မျင်နှာမှ သွေးကို သုတ်ပြီး ဒေါသတကြီး အော်သည်။
“ငါလည်း မထွက်ပါဘူး”
ဟူဟွေ့က အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏မျက်နှာဟာ ခိုင်မာ တည်ကြည်နေပြီး သူ၏နောက်ဖက်မီ နံရံနောက်ဖက် ကပ်နေကြသည့် မြင့်မားလှစွာ အသင်းဖော်များကို ကြည့်ကာ လေးနက်သော လေသံနှင့် ပြောသည်။
“ငါတိုက တရုတ်ပြည်က စစ်သားတွေ”
“ငါတို ဒီနေ့ သေရမယ် ဆိုရင်တောင်မှ ဒီလူတွေကို ငါတို့ထက် အရင်သေစေရမယ်”
“သေတဲ့ထိ တိုက်ခိုက်”
“သေတဲ့ထိ တိုက်ခိုက်မယ်”
လူတိုင်းက တပြိုင်တည်းလိုလို အော်ဟစ်လိုက်ကြပြီး နံရံအနောက်ဖက်မှ ထွက်ကာ ကြေးစားစစ်သားများနှင့် ထိပ်တိုက် ရင်ဆိုင်ကြသည်။
“ဟွန့်”
ခေါင်းတွင် ပတ်တီးစည်းထားသော မြိုစားက ခေါင်းမာစွာ ခုခံနေကြသည့် ရှေ့မှ လူအုပ်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ထပ်ပြီးတော့ ပုံးကြဲလိုက်။ ဒီလူတွေ အားလုံးကိုသတ်”
“ကိုလိုစီရမ်ကို ပြန်ဆောက်လို့ရတယ်”
“ငါတောင်မှ နောက်ဆုတ်ရတော့မလို။ ဟွန့် ငါ သေရမယ်ဆိုရင်တောင်မှ ဒီဟာတွေ အားလုံးကို ငါနဲ့အတူ မြုပ်နှံပလိုက်မယ်”
ထိုသိုဖြင့် သူက ဘေးဖက်မှ ကြေးစား စစ်သားကို ကြည့်သည်။
ဝုန်း
ရုတ်တရက် ကြီးမားသော ဒုန်းကျည်ကြီးက တဖြည်းဖြည်းချင်းဆီ ပုံပေါ်လာသည်။ မြေပြင်တွင် ထိုဒုံးကျည်ကို ကိုင်ထားသည့် ကြေးစားစစ်သား၂ဖွဲ့က လောင်စာများကို စဖြည့်ပြီး ပစ်ခတ်ရန် ကြံစည်နေပြီ ဖြစ်သည်။
“ထွက်တော့”
မူဟွေ့က ပစ်ခတ်ရန် ကြံစည်နေသော ဒုံးကျည်ကြီးကို ကြည့်လိုက်ကာ ခက်ထန်သော မျက်နှာထားမျိုးဖြင့် အသွင် ပြောင်းသွားလျှက် နံရံ၏ အနောက်ဖက်မှ အရင်ခုန်ထွက်လိုက်သည်။ ထိုနောက် သူက ပြိုကျနေသော တိုင်တစ်ခု အနောက်ဖက်သို ခုန်ဝင်လျှက် အသက်ကို အငမ်းမရ ရှူသည်။
229 03
“ခေါင်းဆောင် ငါသွားမယ်”
ထိုအချိန်တွင် ဘေးဖက်တွင် ရက်လျှက် စောင့်ကြည့်နေကြသော စစ်သားတစ်အုပ်ကလည်း ချက်ချင်းလိုလို ရှေ့ထွက်ရန် ပြောဆိုကြသည်။
“ငါ သွားမယ်”
“ငါ သွားမယ်”
“ခေါင်းဆောင် ငါ သွားမယ်”
“တိတ်ကြစမ်း”
မူဟွေ့က ဒေါသတကြီး လှမ်းအော်လိုက်သည်။ သူ၏ မျက်နှာဟာ တင်းမာနေသည်။
“ဒီတစ်ကြိမ်က ငါ့ရဲ့အမှားပဲ။ ဒါရိုက်တာဆုပိုင် ဒီတိုင်း ဖြစ်သွားရတာ။ ငါ ငါ ဘယ်တော့မှ သူ့ကို မျက်နှာချင်း ဆိုင်နိုင်မှာ မဟုတ်တော့ဘူး”
“နေဦး မင်းတို့တွေ ကာထားပေး။ အရှေ့မှာ ပေါက်ကွဲတော့မှာ”
“အားလုံးပဲ အရှေ့က တိရစ္ဆာန်တွေကို ကာကွယ်ဖို့ ပြန်ခေါ်သွားကြပါ”
ထိုသို ပြောပြီးချိန်တွင် မူဟွေက အသာပြုံးလိုက်သည်။ သူသည် အံကို အသာကြိတ် လိုက်သည်။
“အမိန့်အတိုင်း နာခံ”
“ဟုတ်ကဲ့”
စစ်သားများ အားလုံးက သူ့ကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက အရည်လဲ့လာ၏။ သူတို့တွေ အံကို ကြိတ်ရင်း ပြန်ဖြေကြသည်။
“ကာထားကြ။ ငါ့အတွက် ထိခိုက်မှုတွေကို ခဏ ကာပေးထား”
ဒုခေါင်းဆောင်က မျက်ရည်များကို သုတ်ရင်း ရုတ်တရက်ထရပ်လိုက်သည်။ ထိုနောက် အားလုံးကို စိုက်ကြည့်ပြီး အော်သည်။
“ပစ်”
“ဒိုင်း ဒိုင်း ဒိုင်းဒိုင်း”
မရေမတွက်နိုင်သော တရုတ်စစ်သားများက ဘာကိုမှ တုံဆိုင်း မနေကြချေ။ သူတို့ အားလုံးက နံရံအနောက်မှ အကြောက်လန့်မဲ့စွာ ထရပ်လိုက်ကြပြီး ခလုတ်ကို ဆက်တိုက်နှိပ် ကြသည်။
ထိုသိုဖြင့် မီးပွားများက ဆက်တိုက်ပွင့်ရင်း ကျည်ဆံများက ပြေးထွက်နေသည်။
လူအချို့က လမ်းတောက်လျှောက် လဲကျကုန်သည်။ တချို့သော သူများ၏ မြင်ကွင်းများက ဆက်တိုက် ဝါးလာသည်။
ထိုလူများက လမ်းပေါ်ရှိ တခြား စစ်သားများ၏ တိုက်ခိုက်မှုတိုင်းကို သူတို့၏ ခန္တာကိုယ် သီးသန့်ဖြင့် ကာထားပေးကြခြင်း ဖြစ်သည်။
မူဟွေ့က မျက်လုံးကို မှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူသည်။ ထိုနောက် နှုတ်ခမ်းကို အသာသတ်ရင်း တိုင်အနောက်ဖက်မှ ထရပ်လိုက်သည်။
“လာ”
စက်သေနတ် တစ်လက်တည်းကို ကိုင်ရင်း သူဟာ ကားအနောက်ဖက်တွင် ပုန်းနေသည့် တခြားစစ်သားများထံ တစ်လှမ်းချင်းဆီ လှမ်းသည်။
“သေစမ်း ငါတို တရုတ်လူမျိုးတွေက သေရမှာကို မကြောက်တဲ့ စစ်သားတွေပဲ”
“ဒီနေ့ ငါ ဒီလူ အနည်းငယ်တည်းနဲ့ မင်းတို့ အားလုံးကို မြေပြင်မှာ လဲသိပ်ပြမယ်”
“လာစမ်းပါ”
သူသည် နီရဲသော မျက်လုံများနှင့် သူသည် အော်ဟစ်လိုက်ပြီး တစ်လှမ်းချင်းဆီ ကပ်သွားသည်။
အခြားလက်တစ်ဖက်ကလည်း ပုံးတစ်လုံးကို ခက်တင်းတင်းကိုင်ထားသေးသည်။
၆လှမ်းပဲ
၅လှမ်း
၄လှမ်း
ရုတ်တရက်သူ၏ ပုခုံးမှ သွေးမြူက ပေါက်ထွက်လာသည်။ မူဟွေ့က အံကိုကြိပ်ရင်း ဆက်လက်ပြီး ရွေ့လျားသည်။ သူသည် ခြေတစ်လှမ်း ထပ်လှမ်းရန်ပင် ခက်ခဲလာသည်။
++++++
230 01
အခန်း 230
“အားလုံးပဲ ထွက်ကြ”
သူသည် နောက်ဖက်သို လှမ်းအော်လိုက်သည်။ မူဟွေ့သည်လည်း သူ၏ ကြွက်သားများက တင်းကြပ်သွားရင်း ရှေ့သို ရုတ်တရက် ခုန်အုပ်လိုက်သညိ။
“ဝူး ဝူး”
ထိုအချိန်တွင် အဝေးတစ်နေရာမှ ပုံရိပ်တစ်ခုက ခုန်ဝင်လာပြီး ချက်ချင်းဆိုသလို သူ့ကို ဘေးဖက်သို တွန်းထုတ်လိုက်သည်။ ထို့နောက် သွေးလွှမ်းသော ပါးစပ်ကြီးကို ဖြဲရင်း အော်ဟစ် လိုက်လေရင်း အရှေ့မှ ဒုံးကျည်ပစ်ခတ်ရန် ကြံစည်နေသူကို မြေပြင်ပေါ်သို လဲချလိုက်သည်။
“မင်း ရူးနေတာပဲ”
ဒိုင်း
လောင်ကျိုးက တစ်ချက် ပစ်ခိုက်လိုက်ပြီး ကြေးစားစစ်သားကို သတ်သည်။ ထိုနောက် မူဟွေ့ကို ရှေ့ဖက် ဝေးဝေးကို ဆွဲထူလိုက်ပြီး တစ်ဖက်သူ၏ ခါးမှ ပုံးများကိုလည်း ဖြုတ်လိုက်ကာ ခလုတ်ကို ဖြုတ်သည်။ ထိုနောက် အဝေးဖက်သို လှမ်းပစ်လိုက်၏။
သူသည် ခပ်ကြမ်းကြမ်း ဆူပူလိုက်သည်။
“ဒါရိုက်တာဆုပိုင်က ဒုက္ခ မရောက်လောက်ဘူး”
“တစ်ခုခု ဖြစ်လာရင်တောင်မှ ငါတို့ သူ့အလောင်းကို ပြန်သယ်သွားရမယ်”
“ဒါပေမဲ့ ရပ်စမ်း။ တရုတ်စစ်သားက ဘာဆိုတာကို မေ့မနေနဲ့”
ခရက်
တပိုင်က ကြေးစားစစ်သား၏ လည်မျိုကို တစ်ကိုက်တည်းနှင့် ဆွဲဖြဲ လိုက်ပစ်လိုက်ပြီးနောက် ကစ်ထုတ်လိုက်သည်။
ထိုနောက် တစ်ဖန် ပြန်လည် ခုန်ဝင်သွားလိုက်၏။
ဝေါင်း
ထိုအချိန်တွင် ကျယ်လောင်သော အော်သံကြီးက ထွက်လာသည်။ လူတိုင်းက ကြောင်သွားသည်။ သူတို့အားလုံးက မော့ကြည့် လိုက်ကြသည်။ ထိုအခါ ကြီးမားလွန်းသော ပုံရိပ်ကြီးက ကျောက်သားပုံများအတွင်းမှ ထရပ်လာကြောင်း မြင်လိုက်ရသည်။ သူ၏ သွေးနီရောင် မျက်လုံးများက ကြေးစားစစ်သားများကို ငုံကြည့်သည်။
ဝုန်း
ကြီးမားသော ခြေထောက်ကြီးကို တစ်ချက် ဆန့်ထုတ် လိုက်ပြီးနောက်တွင် အောက်ဖက်သို့ ဖိချလိုက်သောအခါ မြေပြင်ကပင် တသိမ့်သိမ့် တုန်သွားသည်။
ဝေါင်း
မီးခိုးများ အကြားတွင် ထရန်နိုစောရက်ရပ်၏ ခန္တာကိုယ်ကြီးက တဖြေးဖြေးချင်းဆီ လျှောက်ထွက်လာသည်။ သူ၏တစ်ကိုယ်လုံးက သွေးများ စိုရွှဲနေသည်။ မရေမတွက်နိုင်သော ကွဲအက်ရာများကိုလည်း မြင်ရ၏။ အတွင်းမှ သွေးနီရောင် အသားများကပင် ပေါ်နေသည်။ သူသည် ထပ်အော်သည်။
ထရန်နိုစောရက်ရပ်သည် ရုတ်တရက် အထက်မှ လှမ်းခေါ်လိုက်သောအခါ မြေပြင်များကိုပင် တုန်ခါ ပြိုကျသွားစေလေသည်။
ဘုန်း
သူ၏အရှေ့တွင် မရေမတွက်နိုင်အောင် ရှိနေသော ကြေးစား စစ်သားပေါင်း မြောက်များစွာက သူတို့ ရှေ့တွင် ရုတ်တရက် ခုန်ဝင်လျှက် ပေါ်လာသည့် သွေးလူးနေသော ထရန်နိုစောရက်ရပ်ကို မြင်သောအခါ သေနတ်များကို တုန်ယင်စွာ မြှောက်လိုက်ကြသည်။
အမြှီးအဆုံးနား၏ အာဟ ရုတ်တရက် ပေါက်ထွက်လာပြီးနောက်တွင် ကား၂စီးကို ပစ်ထုတ်လိုက်သည်။
ထိုကားက ပြုတ်မကျလာသေးခင် ထရန်နိုစောရက်ရပ်က အလင်းကဲ့ လျှင်မြန်သည့် အရှိန်နှုန်းဖြင့် အပြေးလာပြီ ဖြစ်သည်။
“အဟမ်း”
ဆုပိုင်သည်လည်း သတိလစ်နေသော အာဟကို အပျက်စီးပုံကြားမှ ဆွဲထုတ်လိုက်ပြီး အသက်ဖြည်းဖြည်း ရှူသည်။ ထိုနောက် အဝေးမှ လူများကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“ဘယ်သူမှ ကျန်မနေခဲ့ရဘူး”
230 02
ထရန်နိုစောရက်ရပ်က ခန္တာကိုယ်အောက်သို သွင်းကာ ကာထားပေးသည့် အကြောင်းကြောင့်သာ မဟုတ်လျှင် သူတို့အားလုံး သေနေပြီးလေပြီ။
သို့ရာတွင် ထိုလူတစ်ဖွဲဟာ ထိုမျှထိ ရူးသွပ်သွားမည် မထင်ထားကြပေ။ သူတို့သည် မြို့ပါ ပျက်နိုင်သော ပြင်းထန်သည့် လက်နက်များကိုပင် သုံးရဲသည်။
ဒီမြိုထဲမှာ လူတွေ မရေမတွက်နိုင်အောင် ရှိနေတာ။
ထိုလူများသည်လည်း ဆုပိုင်က လုံခြုံဘေးကင်းကြောင်း မြင်လိုက်ရသဖြင့် အံ့သြသွားကြသည်။ အထူးသဖြင့် ထရန်နိုစောရက်ရပ်က ပြင်းထန်စွာ တိုက်ခိုက်နေကြောင်း မြင်လိုက်ချိန်တွင် အားလုံးက လက်နက်အသီးသီးကို မြှောက်လျှက် ကူညီထောက်ပံ့ပေးရန် ခုန်ဝင်လာကြသည်။
.....
အချိန်အတန် ကြာပြီးနောက်...
လူတိုင်းက ကန္တာရအတွင်း ရပ်လျှက် အဝေးရှိ သိပ်သည်းသော မီးခိုးများ ထွက်နေသော မြို့ကို လှမ်းကြည့်လိုက်ကြသည်။ ထိုနောက် စိတ်အေးစွာ သက်ပြင်း ချလိုက်ကြသည်။
“ဟားဟားဟား”
မူဟွေ့က ခေါင်းကို မော့ရင်း စိတ်လှုပ်ရှားစွာ အော်ရယ်သည်။
သူတို့ အောင်မြင်သွားသည်။ ကိုလိုစီရမ် အဖွဲကြီးတစ်ခုလုံးက ဖျက်စီးခံလိုက်ရ၏။ အင်အားစုခေါင်းဆောင်က သေသွားရုံသာ မကသေးပေ။ ကြေးစားစစ်သားများ အားလုံးကိုလည်း သတ်ခဲ့သည်။
အာဟ၏ ဦးဆောင်မှု အောက်တွင် လူတိုင်းက အရာအာလုံးကို ဖျက်စီးခဲ့သည်။ ဓာတ်ခွဲခန်းများကိုပင် ဖျက်စီး ခဲ့သေးသည်။
မရေမတွက်နိုင်သော အသစ်စက်စက် ဖန်တီးထားသည့် သတ္တဝါများ၏ ပုံစံငယ်များအားလုံးကိုပင် ခွေးတူဝက်တူက မျိုချလိုက်သေးသည်။
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး ဘေးဖက်သို့ လှည့်လျှက် ထရန်နိုစောရက်ရပ်၏ ကိုယ်ပေါ်မှ ဒဏ်ရာများကို ကြည့်ကာ အလွန်အမင်း စိတ်ဓာတ်ကျသွားသည်။
မာကြောသော အရေပြားတွင် ကျည်ဆံများစွာက စိုက်ဝင်နေသည်။
သူ၏ ခန္တာကိုယ် အတွင်းသို မဝင်နိုင်သော်လည်း ထရန်နိုစောရက်ရပ်ကမူ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပြီ ဖြစ်သည်။
“သွားရအောင်”
“ငါတို့ မြန်မြန်ပြန်ရမယ်။ လူတိုင်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာဆိုတော့ အမြန်ဆုံး ကုသဖို့ လိုအပ်တယ်”
ထိုသို့အော်ဟစ်ပြီးနောက် လူတိုင်းက အော်ဟစ်လျှက် ကန္တာရထဲသို့ ဝင်ရောက် လိုက်ကြသည်။ ယခုမှစတင်ပြီး တရုတ်ပြည်ကို ပစ်မှတ်ထားရဲပါက ရူးသွတ်မှု ဂလဲ့စားမှုဒဏ်ကို ခံရန်အတွက် တစ်ကြိမ်ပြန်တွေးရပေလိမ့်မည်။
ဒီလူများကို လွှတ်ပြီး ဝေးကွာလွန်းသော တစ်နေရာတွင် တိုက်ခိုက်လျှက် အင်အားစုများကို ဆွဲနှုတ်ခဲ့ခြင်းက အချိန်အတန် ကြာသည်အထိ မငြိမ်းနိုင်သည့် မီးတောက် ဖြစ်နေလောက်သည်။
ထိုသတင်းက ပြန့်နှံသွားသည်နှင့် လူပေါင်းများစွာက အတွေးများကို လက်လျော့ ရလောက်သည်။
“ဝုတ်”
“နဂါးမေမေ နဂါးမေမေ နာနေသေးလား။ နာနေသေးလား။ ငါ လျက်ပေးရမလား။ သွားရည်က ပိုးသတ်တာအတွက် ကောင်းတယ်လို့ ပြောတယ်”
huskyက ထရန်နိုစောရက်ရပ်၏ အရှေ့သို အပြေးသွားပြီး ခုန်ပေါက်လျှက် အော်ဟစ်နေသေးသည်။
အရှေ့မှ စိတ်ညစ်စရာ အကောင်ကို မြင်သောအခါ ထရန်နိုစောရက်ရပ်က နှာတစ်ချက်မှုတ်လျှက် သူ့ကိုအာရုံမစိုက်ဘဲ ဖြတ်ကျော်သွားလိုက်သည်။
အာရုံနောက်လိုက်တာ။
အဲဒီပါးစပ်က စကားပြောတာ တောက်လျှောက်ကို မရပ်တော့ဘူး။
ထရန်နိုစောရက်ရပ်၏ ပေါင်လုံးကိုဖက်ရန် စဥ်းစားထားသော huskyကမူ မျက်မှောင် ကြုတ်လိုက်သည်။ ထိုနောက် ဆက်လက်ပြီး အော်လျှက် ထရန်နိုစောရက်ရပ်၏ အနောက်မှ လိုက်သည်။
“ဟေး”
“အံသြစရာပဲ”
230 03
ငှက်တောသည် တပိုင်၏ ခေါင်းပေါ်တွင် ရပ်ရင်း အဝေးမှ ဟာရီနှင့် တူသောအကောင်ကို တောင်ပံများ ရမ်းပြလိုက်သည်။
“သတိထား။ နဂါးမေမေ”
တပိုင်က စွံ့အစွာ ပြောသည်။
“ဒီကောင် ဒီလို ဖားနေတာ ဘာအသုံးဝင်လဲ”
အာဟက ချက်ချင်းလိုလို ပြေးလာပြီး ခက်တိုးတိုး အော်သည်။
“ကွက်”
“လိပ်”
သူ၏ စကားမဆုံးခင် ပျားတူခွေးတူဝက်တူက ရုတ်တရက် ဒေါသထွက်လာကာ အော််ဟစ်ရင််း သူ၏လက်သည်းကို ကုတ်ရန် လှမ်းဆန့်သည်။
“ဝုတ်”
အာဟ၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူသည် အဆိပ်များ ပြနေသောကောင်လေးကို တစ်ချက် ငုံကြည့်လိုက်ပြီး အစွယ်ကိုလည်း ပြန်ဖြဲလိုက်သည်။
“ဒီသွားကို မြင်လား။ ငါမင်းကို ကိုက်ရင် မင်းသေမှာ...နားလည်လား။ မင်းက အမြင်ကျဥ်း လိုက်တာ။ မင်းဒီကို ပထမဦးဆုံးစရောက်တဲ့ နေ့ကြောင့်သာ မဟုတ်ရင် ငါမင်းကို သင်ခန်းစာ ပေးပြီးပြီ”
“ဝိုး ဝိုး ဝိုး”
“မင်းက ငါ့ကိုစိုက်ကြည့်ရဲသေးတယ်။ စိုက်ကြည့်ရဲသေးတယ်ဟုတ်လား”
အာဟက အရှေ့မှ ခေါင်း၏ နှဖူးကို တစ်ချက် ဖြတ်ရိုက်လိုက်ပြီး အထင်တသေး ပြောသည်။
ဟစ်
ငှက်တောက အသက်ပြင်းပြင်း ရှူလိုက်ပြီး တပိုင်၏ နှဖူးကို အလျှင်အမြန် ဖြတ်ရိုက်ကာ ခပ်တိုးတိုး ပြောသည်။
“မြန်မြန် မြန်မြန် မြန်မြန်သွားတော့။ ခေါင်းပြားတာ့ကောက ပေါက်ကွဲတော့မှာ”
“တော်လိုက်တာ”
တပိုင်က အာဟကို ကြည့်ရင်း သက်ပြင်းချသည်။
“ငါလည်း အဲ့ဒီလို ထင်ထားတာပဲ။ ဒါပေမဲ့ ဘယ်သူက ထင်ထားမှာလဲ...။ ပျားတူခွေးတူဝက်တူရဲ့ တိုက်ခိုက်နိုင်စွမ်းက သူ့ရဲ့ ခန္တာကိုယ်နဲ့မှ မအပ်စပ်တာ။ ငါတောင် သူ့ကို ရန်မစရဲဘူး။ ငါ့အထင် အနာဂါတ်မှာ လူသစ်ကောင်နဲ့ ဝေးဝေးနေရမယ် ထင်တယ်”
နောက်ဆုံးတော့ သေရမှာ မကြောက်တဲ့ တစ်ယောက်ယောက်လာပြီ”
ဟူး
ပျားတူဝက်တူခွေးတူက သူ၏ ကျဥ်းမြောင်းသော မျက်လုံးများနှင့် ကြည့်ရင်း ခပ်တိုးတိုး အော်သည်။
ဖြန်း
အာဟက သူ၏လက်ကို ထပ်မြှောက်ကာ ထိုအကောင်၏ ခေါင်းကို ထပ်ရိုက်ပြန်သည်။ ထိုနောင် လှောင်ကာ ပြောလိုက်သည်။
“ဘာလဲ ဘာလဲ။ လက်မခံဘူးလား။ သတ္တိရှိရင် ရိုက်စမ်းပါ”
ဖြန်း
သူ၏ မျက်နှာမှ ပြင်းထန်သော နာကျင်မှုကြောင့် အာဟက ရုတ်တရက် တောင့်ခဲသွားသည်။
ငါ့ကို တကယ် တိုက်ခိုက်လိုက်တယ်။
အသက်ရှင်ရတာ ပင်ပန်းနေပြီလား။
“ဝုတ်”
“ကွက်ကွက်ကွက်”
ရုတ်တရက် ထိုနှစ်ကောင်က နဗန်းလုံးနေကြသည်။ ဆယ်စက္ကန့်ကျော် ကြာပြီးနောက်
“ဝူး ဝူး ကယ်ကြပါ”
“မင်းက တ့ာကောပါ တာ့ကောပါ။ ရပ်ပါတော့ မကိုက်ပါနဲ့တော့ မကိုက်ပါနဲ့တော့”
“တစ်ယောက်ယောက် လာပြီး ကယ်ပါဦး”
huskyက ခေါင်းကို အုပ်ရင်း သဲထဲတွင် လဲနေသည်။ ပျားတူခွေးတူဝက်တူကမူ သူ၏ ကျောမှ အမွှေးများကို ကိုက်ရင်း ခပ်ကြမ်းကြမ်း ဆွဲဖယ်လိုက်သည်။ လက်သည်း တစ်ဖက်ကို လှမ်းလိုက်သောအခါတွင်လည်း အမွေး အမြောက်အများ ကျွတ်ထွက်ကုန်သည်။
ဆုပိုင်က နောက်သို့ လှည့်ရင်း သနားသလို ကြည့်လိုက်သည်။ တိရစ္ဆာန်ရုံထဲတွင် သူက လမ်းဘေးကြွက်များက လွဲပြီး မည်သူ့ကိုမဆို တိုက်ခိုက်ရဲလေသည်။
သိုသော်...
ဒီအာဟ၏ ပါးစပ်က တကယ်ကိုပဲ ကုသဖို့ လိုအပ်နေပြီ။
.....
++++++
231 01
အခန်း 231
နောက်တစ်ရက်တွင်...
ဆုပိုင်သည် မနက်ခင်းအစောပိုင်းတွင် အိပ်ရာထဲမှ ထလိုက်ကာ ရုံးခန်းတံခါးကို ဖွင့်လိုက်ပြီး အကောင်ငယ်လေးများကို စနှိုးရန် အော်ခေါ်လေသည်။
ဘန်း
သူသည် ပန်ဒါပန်းခြံ၏ တံခါးကို ခေါက်လိုက်ပြီးနောက် အတွင်းတွင် တပိုင်၏ ဟောက်သံကို နားထောင်ကာ မျက်မှောင် ကြုတ်လိုက်သည်။
သူသည် တံခါးကို ဖြည်းဖြည်း ဖွင့်လိုက်သည်။
ထိုအခါ ထိုအကောင်က ပိုလာဝက်ဝံလေးကို ဖက်ခွရင်း အိပ်ပျော်နေကြောင်း မြင်လိုက်ရသည်။
“ထတော့”
သူဟာ တပိုင်၏ နားရွက်ကို ဆွဲလျှက် အော်လိုက်သည်။
“ဝူး”
“ငါ့ကို လာမထိနဲ့။ ပန်ဒါမလေး ငါက မောပန်းနေပြီ။ ငါ ထပ်မလုပ်နိုင်တော့ဘူး...ငါ ထပ်မလုပ်ရဲတော့ပါဘူး”
တပိုင်၏ ပါးစပ်မှ ထွက်လာသော အော်သံကို ကြားသောအခါ ဆုပိုင်ကပင် နှုတ်ခမ်းတွန့်သွားသည်။
“တော်လိုက်တာ။ အိပ်မက်ကတောင် ပန်ဒါညီမလေးတွေနဲ့ တွေ့နေတဲ့ပုံ”
ဒါပေမဲ့...
လအနည်းငယ်အတွင်းမှာ သားဖောက်ပြီးသား ပန်ဒါလေးတွေကိုသာ ပို့လာခဲ့ရင် အဲဒီအချိန်ကျရင်...မင်း သေချာ ဂရုစိုက်ဖို့ လိုတယ်။
“ထတော့”
သူက ဒေါသတကြီး လှန်းအော်သည်။ အရှေ့မှ နှစ်ကောင်က မြေပြင်မှ ခပ်မြန်မြန် ထလိုက်သည်။ သူတို့ဟာ ကြောက်လန့်နေပုံ ပေါ်သည်။ ဒါရိုက်တာ ဆုပိုင် ထွက်သွားပြီးကြောင်း မြင်သောအခါမှသာ...
“အာ”
တပိုင်က သူ၏ လက်မောင်းကို တစ်ချက်ပုတ်လိုက်ပြီး ပိုလာဝက်ဝံငယ်လေး၏ အကြည့်အောက်တွင် မြက်ခင်းပြင်ပေါ်တွင် ပြန်လဲလိုက်ကာ မျက်လုံးကို ဖြည်းဖြည်းမှိတ်သည်။
“ဝက်ဝံဖအေကြီး ထပါတော့”
ရှောင်ပိုင်လေးက မြေပြင်ပေါ်မှ ထလျှက် အော်သည်။
“ငါတို့ အဲဒီအရူးကောင်ကို သွားပြီး စစ်ကြည့်ရဦးမှာ”
“မနေ့ညက သိန်းငှက်အသိုက်အကြောင်း ပြောထားတယ် မဟုတ်လား”
ဝေါင်း
တပိုင်က သူ့နှဖူးသူ ဖြတ်ရိုက်းရင်း ပြန်မှတ်မိသွားပုံဖြင့် ခပ်မြန်မြန် ထလိုက်ကာ စိတ်လှုပ်ရှားစွာနှင့် အော်သည်။
“ငါ့ရဲ့ အာဟ ညီငယ်လေးက အကောင်းဆုံးပဲ။ ဘယ်လောက် မာမာ ဘယ်လောက် မြင့်မြင့် အားလုံးကို ဖျက်စီးနိုင်တယ်”
“လာလာလာ ဒီကောင် ဒီနေ့ လုပ်မလဲ သွားကြည့်ရအောင်”
ဆုပိုင်က တိရစ္ဆာန်ငယ်လေးများကို တောက်လျှောက် နှိုးသွားပြီး သစ်လုံးအိမ်ငယ်ထံ ရောက်သွားသည်။
“ဝုတ်”
ဝုတ်
ဝုတ်
ရုတ်တရက် အဝေးရှိ သစ်ပင်များထံမှ ဟောင်သံကို ကြားလိုက်ရသဖြင့် ဆုပိုင်ကပင် အံ့သြသွားသည်။
ဒါက ငှက်တောတွေ အချင်းချင်းခေါ်တဲ့အသံ မဟုတ်ပါဘူး။ ငှက်တောတွေက အဲဒီသိန်းငှင်ကြီး ရွှေ့လာပြီးကတည်းက ဒီနေရာဖက်ကို လာရဲတော့တာ မဟုတ်ဘူး။
ဒီတော့ ကြည့်ရတာ...
သူဟာ မော့ကြည့်လိုက်သောအခါ အာဟသည် သစ်ပင်ပေါ်သို တွဲလောင်းကျနေကြောင်း မြင်လိုက်ရသည်။ သူ၏ခေါင်အထက်တွင် သိန်းငှက်ကြီးက သူ၏ လက်သည်းကို သုံးပြီး အာဟ၏ အမြှီးကို ဖိထားသည်။
ထိုသိုဖြင့် အာဟသည် လေထဲတွင် တွဲလောင်းကျနေခြင်း ဖြစ်သည်။ သူ၏ပုံစံအရ အသက်ရှင်ချင်စိတ် ပျောက်ဆုံးနေပုံ ပေါ်သည်။
ဝူး ဝူး ဝူး
231 02
ဆုပိုင်က နှုတ်ခမ်းကိုပင် တင်းတင်း ဖိလိုက်ပြီး ထိုနည်းအားဖြင့် မရယ်မိအောင် ထိန်းရင်း ထွက်သွားရန် ကြံစည်လိုက်သည်။
ဝုတ်
“ဒါရိုက်တာ ဆုပိုင် ငါ့ကို ကယ်ပါဦး။ ဘယ်သူကမှ ချစ်တာ မခံရတော့တဲ့ ဒီကလေးလေးကို ကယ်ပါဦး”
“ဒီကလေးက မတရား ခံနေရပြီ”
အနောက်ဖက်မှ လာသော အော်သံများကို ကြာသောအခါ ဆုပိုင်က ခြေလှမ်းများကို မြန်လိုက်သည်။ လာနောက်နေတာလား။
“ပြန်လာတာ ၃ရက်တောင် မကြာသေးဘူး။ ငါမင်းကို ၁၀ကြိမ်ထက်မနည်း ကယ်ရပြီးပြီ။ ဟုတ်ပြီလား”
မင်းက တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တိုင်းကို လိုက်ပြီးရန်စနေတာ။ လမ်းဘေးကြွက် အသိုက်ကိုတောင် သွားတူးသေးတာ မဟုတ်လား။ ဒါကို အခြားသူတွေက ဘယ်လို လာကယ်မှာလဲ။
မျောက်စား သိန်းငှက်က ယခုလိုမျိုး ကောင်းကင်မှ ပစ်မချခြင်းကပင် ညှာတာ ထောက်ထား ပေးနေခြင်း ဖြစ်သည်။
ထိုသို့ဖြင့် သူက နောက်သို့လှည့်ပြီး ကိုယ့်အခန်းကိုယ် ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ဆုပိုင်က မျက်မှောင် တစ်ချက် ကြုတ်ရင်း ဒိုင်နိုစောဥကိုလည်း ကြည့်ကာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်သေးသည်။
“အပြောင်းလဲတွေ မရှိဘူးလား”
သူက တိရစ္ဆာန်ကာကွယ်ဆောင့်ရှောက်ရေးဌာနက လူများကို မေးသည်။
“ဒါရိုက်တာဆုပိုင်”
အကာအကွယ် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်လေးက ခပ်တိုးတိုး ပြောလာသည်။
“အခုတလော လှုပ်ခတ်မှုတွေတော့ မရှိသေးပါဘူး။ ဒါပေမဲ့...”
“တစ်ခုခုတော့ ပုံမှန်မဟုတ်ဘူး”
“သိပ်မကြာခင် အချိန်က ဒါရိုက်တာ ဒီမှာ မရှိတဲ့ အချိန်က မနက်တိုင်းလိုလို အထဲကနေ နှလုံးခုန်သံကို ကြားရတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က စပြီး ရေသေလို ဖြစ်သွားတာပဲ။ ဘာမှ တုန့်ပြန်မှု မရှိတော့ဘူး”
“တစ်ခုခုများ ဖြစ်သွားတာလား”
ထိုအကြောင်းကို ကြားသောဆု ပိုင်က မျက်မှောင် ကြုတ်သည်။
သူက ဒိုင်နိုဆောဥကို ထည့်ထားသော ဖန်ပေါင်းချောင်လို အရာလေးကို အသာဖွင့်လိုက်ပြီး ဒိုင်နိုဆောဥလေးကို လှမ်းတို့ ထိလိုက်သည်။ ထိုနောက် ဂရုတစိုက် ခံစားကြည့်၏။ အမှန်ပင် အထဲမှ လုပ်ရှားမှုမရှိပေ။ သို့သော်...
သူတို့သည် ဒိုင်နိုဆောဥကို အလျှင်စလို ဖွင့်၍ မရပေ။
အထဲတွင် ထရန်နိုစောရက်ရပ်ပေါက်လေးက အမှန်တကယ် သေနေလျှင် ဒုက္ခရောက်ပေလိမ့်မည်။ ထိုအပြင် ဆုပိုင်သည် နဂါးအမေ ရူးသွပ်သွားမည့် အခြေအနေကို မတွေးဝံ့ပေ။
ဒါပေမဲ့ ဒါက ဖြေရှင်းနည်း မဟုတ်သေးဘူး။ ဒီဥ တကယ်ပဲ သေနေပြီဆိုရင်လည်း…..
ဟူး
သူက အပြင်းပြင်း ရှူလိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။
“အချိန်တစ်ခု ကြာတဲ့အထိတော့ စောင့်ကြည့်ရအောင်။ အချိန်ကြာတဲ့ထိ မတုန့်ပြန်သေးဘူးဆိုရင်တော့ ရွေးချယ်စရာ မရှိဘဲ ဖွင့်ကြည့်ရမှာပဲ”
ဆုပိုင်က ထရက်စောရက်ဥများက အချိန်မည်မျှ ကြာပြီးမှ သားပေါက်ကြောင်း နားမလည်သေးချေ။ မည်သိုပင်ဆိုစေ ထိုကဲ့သိုသော သတ္တဝါမျိုးကိုလည်း ယခင်လောကတွင် မည်သူကမျှပင် မမြင်ဖူးကြပေ။
အချက်အလက်များ အားလုံးကပင် ဆုတ်ယုတ်နေခဲ့ပြီးသား ဖြစ်သည်။ ထိုကြောင့် ထိုနည်းလမ်းများက မှန်ကန်ခြင်းရှိ မရှိကိုလည်း မည်သူကမျှ မသိနိုင်ပေ။
ကျောက်တုံးတွေကို နင်းရင်း မြစ်ကို ဖြတ်ကူးတဲ့အခါ တစ်ချိန်မှာ တစ်လှမ်းပဲ လှမ်းနိုင်လိမ့်မည်။
“နောက်ပြီး ပန်ဒါသားဖောက်သည့် အခန်းကလည်း အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်နေပြီ။ နှစ်သစ်ပြီးရင် ပန်ဒါပေါက်လေးတွေကို ရွှေ့နိုင်လောက်တယ်”
“ထား...”
231 03
ထိုစကားကို ကြားသောအခါ ဝန်ထန်းများအားလုံးက ဝိုင်းလာကြရင်း ခပ်တိုးတိုး မေးကြသည်။
“ပန်ဒါပေါက်လေးတွေက ဒါရိုက်တာဆုပိုင် ပြောသလိုမျိုး ဒီပန်ဒါဖြူကြီးရဲ့ ၅ပုံရင် ၁ပုံစာလောက်ပဲ ရှိတာလား။ ဒီတော့ လယ်မြေ ကြွက်တွေထက် နည်းနည်းလောက်ပဲ ပိုကြီးမှာပေါနော်”
“ဟုတ်တယ်”
ဆုပိုင်က ခေါင်းညိတ်လိုက်ပြီး လေးနက်သော လေသံနှင့် ဆက်ပြောသည်။
“ပန်ဒါတွေကို သားဖောက်ဖိုက တအား ခက်ခဲတယ်။ အထူးသဖြင့် ...ဒီတစ်ခါ ပြန်လည် ကယ်ဆယ်ထားတာက ပန်ဒါကြီး ဖြစ်နေတယ်။ တပိုင်က ဒီကလေးတွေကို ဂရုမစိုက်နိုင်မှာ မဟုတ်တာ သေချာတယ်။ ဒီတောါ့ အောင်မြင်စွာ မွေးထုတ်နိုင်ဖို့က ငါတိုရဲ့ ကြိုးစား အားထုတ်မှုပေါ် မူတည်နေပြီ”
“ နောက်ပြီး… ပန်ဒါပေါက်လေးတွေရဲ့ ရှင်သန်နိုင်ချေက တော်တော်လေး နိမ့်တယ်။ သူတို့ အသက်ရှင်နိုင်စွမ်းရည်က ဒီသားဖောက်ပြီး သိပ်မကြာခင် ကာလတောအတွင်းမှာ အမြင့်ဆုံး ဖြစ်နေတာဆိုတော့ တော်တော်လေးကို ဂရုစိုက်ဖို့ လိုအပ်တယ်”
“ ဒါကြောင့် အချိန်ကျလာတဲ့အခါ ငါလည်း တောက်လျောက် စောင့်ကြည့်ပေးနေရမယ်”
လူတိုင် က ခေါင်းမညိတ်ကြောင်း မြင်သောအခါ ဆုပိုင်က တစ်ဖက်သို့ လှည့်ရင်း ထွက်ခွာရန် ကြံစည်လိုက်သည်။
ခရက်စ်
ထိုအချိန်တွင် ရုတ်တရက်တစ်စုံတရာက ကွဲအက်သွားပုံ အသံ ထွက်လာသည်။
လူတိုင်းက လုပ်လက်စကို ရပ်တန့်လိုက်ကြပြီး လှည့်ကြည့် လိုက်ကြသည်။
ခရက်စ်။
ခရက်စ်။
ခရက်စ်။
ထိုအခါ ဖန်ပေါင်းချောင်လေးထဲတွ င်ရှိသော သေးငယ်သော ဒိုင်နိုဆော ဥလေးပေါ်တွင် ကွဲအက်ရာလေးများ ပေါ်လာသည်ကို မြင်လိုက်ရသည်။
“ ထွက်လာတော့မှာလား”
ဆုပိုင်က ကျယ်လောင်စွာ အော်ပြီး အပြေးရောက်လာသည်။ သူ၏ မျက်လုံးက ဒိုင်နိုဆောဥထံတွင်သာ ရှိသည်။
သူက အလိုလို အက်လာခဲ့ချင်းဆိုလျှင် အတွင်းမှ အကောင်လေးက အပြင်ထွက်ချင်နေသည်ဟု ဆိုလိုလေသည်။
“ မြန်မြန်။ ရေနွေးနဲ့ အားဖြည့်ဆေးရည်တွေကို ပြင်ဆင်ထားကြ”
ဘေးဘက်မှ ဝန်ထမ်းများက အလုပ်များသွားသည်။ သူတို့သည် အရာအားလုံးကို ပြင်ဆင်ပြီးနောက် ဒိုင်နိုဆောဥလေး၏ ရှေ့တွင် တိတ်တဆိတ် စောင့်လျက် ထိုအကောင်လေး ထွက်လာမည့် အချိန်ကို စောင့်မျှော် နေလိုက်ကြသည်။
ဝေါင်းး။
တိရစ္ဆာန်ရုံထဲမှ ထရန်နိုစောရက်ရပ် ကြီးကလည်း မနက်ပိုင်းကတည်းက မရပ်မနားအော်ပြီး စိတ်မငြိမ်နိုင်အောင် ဖြစ်နေသည်။
အဝေးရှိ တိရစ္ဆာန်များကလည်း အော်သံကို ကြားသဖြင့် ထိုနေရာနှင့် ဝေးဝေးတွင် နေကြသည်။
ကျယ်လောင်စွာ အော်ဟစ် ပြီးနောက်တွင် ထရန်နိုစောရက်ရပ်သည် သားဖွားခန်းရှိရာဘက်သို့ တစ်လှမ်းချင်းစီ လျောက်လာလေသည်။
သူမသည်လည်း ထိုအကောင်ငယ်လေးဟာ ဒီနေ့ ထွက်လာလောက်မည်ဟု ခံစားနေရသည်။
ဖန်ပေါင်းချောင်ငယ်လေး၏ အပြင်ဘက်သို့ ရောက်လာပြီးနောက်မတွင် ဒိုင်နိုဇောဥလေး၏ ကွဲအက်ရာများကို ဖန်သားအပြင်မှ တစ်ဆင့် မြင်လိုက်ရသည့် အခိုက်တန့်တွင် ထရန်နိုစောရက်ရပ်က ကောင်ကင်ပေါ်သို့ မော့ကြည့်ကာ အော်သည်။
“ ဝေါင်းးး”
“ ထွက်လာတော့”
ဆုပိုင်က တချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် လက်ကို အသာရမ်းပြပြီး သူ၏ အရှေ့ဘက်မှ ဒိုင်နိုဇောဥကို ပြန်ကြည့်သည်။
ဝီးဝီးဝီး။
++++++