အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
232 01
အခန်း 232
မိခင်ဖြစ်သူ၏ အော်သံကို ကြားသောကြောင့်လား မသိ။ အထဲမှ ကောင်ငယ်လေးသည်လည်း ခပ်ကြမ်းကြမ်း လှုပ်ခါလာပြီး ဥတစ်ခုလုံး ဆက်တိုက် တုန်ခါလာသည်။ ထို့နောက် ကွဲအက်ရာများက ကြီးလာသည်။
ထို့နောက် နူးညံ့ငြင်သာသော ဒိုင်နိုဇော လက်လေးတစ်ဖက် ထွက်လာလေသည်။ ထိုလက်လေးတွင် အနက်ရောင် အမွေးအနည်းငယ်သာ ရှိသည်။
ဝုန်း။
ထို့နောက် စီးကပ်သော အရည်များနှင့် မဲမဲလုံးလုံး ခေါင်းလေးက ဦးစွာ ထိုးထွက်လာသည်။ နှဖူးလေးက အရင်ထွက်လာပြီးနောက်တွင် လုံးဝိုင်းသော မျက်လုံးတစ်စုံနှင့် အရှေ့မှ သတ္တဝါများကို တိတ်တဆိတ် ကြည့်သည်။
ဝေါင်း။
အပြင်ဘက်မှ လာသည့် အော်သံကို ကြားသော ထရန်နိုစောရက်ရပ် ပေါက်လေးက ခန္ဓာကိုယ်ကို ဆက်တိုက် ရမ်းခါရင်း အပြင်ဘက်သို့ ထွက်လာနိုင်ရန် ကြိုးစားလေသည်။ ထို့နောက် ဖန်သားပြင် အနားသို့ ကပ်ပြီး လျှာကို ထုတ်လျက် အပြင်ဘက်မှ အကောင်ကြီး ကိုလှမ်းကြည့်သည်။
“ အောင်မြင်ပြီ”
“ ဟုတ်တယ်။ ဟုတ်တယ် ငါတို့ အောင်မြင်ပြီ။ အရင်ဦးဆုံး အောင်အောင်မြင်မြင် သားဖောက် နိုင်ခဲ့တဲ့ သတ္တဝါ ပဲ။ နောက်ဆုံးတော့ အောင်မြင်သွားပြီ”
“ဝူးဝူး”
“ဟားဟား နောက်ဆုံးတော့ အနာဂါတ်မှာ တိရစ္ဆာန်တွေကို ပိုပြီး မွေးထုတ်ပေးနိုင်တော့မယ်ထင်တယ်”
“ ဟုတ်တယ်။ ဟုတ်တယ်”
ဆုပိုင်က ဖန်သားပြင်ကို ဖြတ်လျက် အချင်းချင်း ကြည့်နေကြသည့် အမေနှင့်သားကို ကြည့်ကာ စိတ်အေးစွာ ရပ်လိုက်သည်။
ပထမဦးဆုံး အောင်မြင်စွာ သားဖောက်နိုင်ခဲ့သည့် သတ္တဝါကြောင့် နောက်ပိုင်းတွင်လည်း အောင်မြင်စွာ ဆက်လက်ပြီး သားဖောက်နိုင်မည်ဟု ဆိုလိုပေသည်။
သူတို့ကသာ အောင်မြင်စွာနှင့် သားဖောက်နိုင်မည်ဆိုလျင် သို့မဟုတ် အနာဂါတ်တွင် ဒိုင်နိုဆောများကို ကယ်တင်သည့်အခါ ဒိုင်နိုဆောဥများ ပြန်သယ်လာနိုင်လျင်ပင် အောင်မြင်စွာ ဥဖောက်နိုင်မည်ဟု ယုံကြည်သည်။
မည်သို့ပင်ဆိုစေ ထိုတာဝန်ပြီးနောက် ဆုပိုင်သည် စနစ်၏ လမ်းကြောင်း ညွှန်ရာကို ကောင်းမွန်စွာ နားလည်လာသည်။ အမျိုးမျိုးသော သတ္တဝါများ၏ ဥများကို အသက်ဆက်၍ မရချေ။ သူသည် တိရစ္ဆာန်များကို ကယ်ဆယ်နိုင်သည့် အခြားသော နည်းလမ်းတစ်ခုကို ရရှိလာလေသည်။
အမှတ်များကို မြှင့်တင်ရန် မဖြစ်နိုင်သေးသည့် တိုင်အောင် ဆုပိုင်အတွက် ပြဿနာမရှိပါ။ မည်သို့ပင်ဆိုစေ ဒီနေရာတွင် တိရစ္ဆာန် အလွန်များလေသည်။
ထို့အပြင် သားဖောက်နိုက်သည့် တိရစ္ဆာန်များ၏ အရေတွက်ကလည်း မြောက်များ၍ ရသည်။ ထို့အပြင်…
နောက်ထပ် တာဝန်တစ်ခုကသာ လူသူနေထိုင်သော ဝန်းကျင်အတွင်းတွင် ထွက်ပေါ်လာမည်ဆိုလျင် သူသည် ဘဲဥ ကြက်ဥနှင့် ငုံးဥများကိုလည်း ပြန်သယ်ပြီး သားဖောက်၍ ရလေသည်။
စနစ်က refresh လုပ်မည့် အချိန်ကိုပင် စောင့်ရန် မလိုအပ်ချေ။ ရှင်သန် ကယ်ဆယ်နိုင်မည့် တိရစ္ဆာန်များ အားလုံးကို တစ်ခါတည်း ကိုင်တွယ်၍ ရသည်။
“ ဒါရိုက်တာ ဆုပိုင် ငါဒါကို ခပ်မြန်မြန် သတင်း သွားပို့လိုက်တော့မယ်”
ဝန်ထမ်းတစ်ယောက်က ဆုပိုင်ကို ပြောပြီးနောက် သားဖောက်ခန်းထဲမှ ထွက်သွားလေသည်။
သူတို့၏ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ငှာနက ထိုသတ္တဝါ အောင်မြင်စွာ သားဖောက်နိုင်မည့်အချိန်ကို စောင့်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ဒါရိုက်တာ နန်ကုန်းယွမ်ကပင် နေ့တိုင်းလိုလို ဖုန်းခေါ်ပြီး ထိုအကြောင်းရာကို မေးမြန်းသေးသည်။ တစ်ဖက်သူသည် သူတို့ထက်ပင် ပို၍ ဂရုစိုက်သေးသည်။
ထိုသို့အောင်မြင်စွာ သားဖောက်နိုင်သော တိရစ္ဆာန်သည် အခြားသော သူများနှင့် ခြားနားသည့် ကိုယ်စားပြုမှု ရှိသည်။ ဒါသည် ပထမဦးဆုံး အောင်မြင်စွာ သားဖောက်နိုင်ခြင်း ဖြစ်နေသေးသည်။
ကံဆိုးသည်မှာ ထိုသတ္တဝါများသည် ရှေးခေတ် ကာလတွင်ပင် မျိူးတုံးသွားသော သတ္တဝါမျိုး ဖြစ်နေသေးသည်။ ထိုသတင်းသာ ပျံ့နှံ့သွားခဲ့သော် ဇီဝဗေဒ လောက ကြီးတစ်ခုလုံးကို လှုပ်ခတ်စေနိုင်သည်။
…..
232 02
“ ဟားဟားဟား”
တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနတွင် လူတိုင်းက ရှေ့ဆုံးတွင် ထိုင်ပြီး အော်ရယ်နေသည့် နန်ကုန်းယွမ်ကို ကြည့်ကာ စိတ်ရှုပ်နေကြပြီး တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကြသည်။
“ အောင်မြင်ပြီ”
ဖုန်းကို လက်ခံရရှိပြီးနောက် နန်ကုန်းယွမ်သည် ထိုသို့ စိတ်လှုပ်ရှားသော အခြေအနေတွင်း ရောက်ရှိနေခဲ့ပြီး ပြန်လည် မတည်ငြိမ်နိုင်သေးပေ။
ဒုန်း
ထို့နောက် သူသည် စားပွဲကို ခပ်ကြမ်းကြမ်း ထုလိုက်သည်။
နန်ကုန်းယွမ်က သူ၏ မျက်လုံးကို ပြူးကျယ်အောင် ဖွင့်ရင်း စိတ်လှုပ်ရှားစွာ အော်ပြောသည်။
“ ငါ အားလုံးအတွက် သတင်းကောင်း ရှိတယ်”
“ ငါ အခုလေးတင် သတင်းရလာတယ်။ ဒိုင်နိုဆောဥကို အောင်အောင်မြင်မြင် သားဖောက် နိုင်လိုက်ပြီး သွေးစ စစ်ပြီးတဲ့နောက်မှာ သူဟာ ကျန်းမာရေး အရမ်းကောင်းတယ် ဆိုတာကို သိလိုက်ရတယ်”
“ ဒါက ငါတို့ ပထမဦးဆုံး ပြည်တွင်းမှာ သားဖောက်နိုင်ခဲ့တဲ့ တိရစ္ဆာန်ပဲ။ ဒီတိရစ္ဆာန် က ရှေးခေတ်ကာလ ကတည်းက မျိုးတုံးပျောက်ကွယ်သွားတဲ့ သတ္တဝါ ဖြစ်နေသေးတယ်”
“ ငါတို့ လုပ်လိုက်နိုင်ပြီ”
“ ငါတို့ အောင်မြင်သွားပြီ”
သူက ထိုသို့ပြောပြီးနောက် နန်ကုန်းယွမ်သည် မနေနိုင်ပဲ ချောင်းဝင်ဆိုးသေးသည်။ စကားအလျင်စလို ပြောသဖြင့် တံတွေးသီးသွားခြင်း ဖြစ်သည်။
“ ဟစ်… တကယ်ပဲ သာဖောက်နိုင်ခဲ့တာလား။ ဆိုလိုတာက ငါတို့ ဒါရိုက်တာဆုပိုင် ကမ်းလှမ်းတဲ့ အကြံစည်ကို အောင်မြင်အောင် လုပ်နိုင်ဖို့ သေချာသွားပြီပေါ့”
“ ဒါက…တရုတ်ပြည်က သိပ်မကြာခင်မှာ ဥဖောက်ပြီး မွေးမြူနိုင်တဲ့ သတ္တဝါတွေကို အမြောက်များနဲ့ ထုတ်ပေးနိုင်တော့မှာလား”
“ ဒါတွေအပြင် ဒါရိုက်တာဆုပိုင်က တိရစ္ဆာန်တွေကို ကယ်တင်နိုင်တဲ့ ဒီဥတွေကို ပြန်လည် ရှင်သန်အောင် လုပ်ပေးရတာက သူတို့အတွက် ပိုလွယ်တယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ ဒီတော့…ငါ တွေးကြည့်ဦးမယ်။ ဒါဆိုရင် ဒီလို ဥ ကနေ ပေါက်တယ်လို့ လူသိများတဲ့ သတ္တဝါတွေ ဘယ်လောက်များလိုက်မလဲ”
နန်ကုန်းယွ မ်ပြောသော စကားကိုကြားပြီးနောက် လူတိုင်းက မင်သက်သွားသည်။ ထို့နောက် အားလုံးက ထိုင်ခုံမှပင် စိတ်လှုပ်ရှားစွာ ထခုန်ကြသည်။ သူတို့သည် ထိုအခြေအနေကို စောင့်နေကြသည်မှာ ကြာပြီ ဖြစ်သည်။
ထိုဥ ဖောက်သည့် ဖန်ပေါင်းချောင် အခန်းကို စတင်တည်ဆောက်ပြီးချိန် ကတည်းက ထိုလူများက နေ့ရော ညပါ အလုပ်လုပ်ရင်း ဒိုင်နိုဆောဥကိုသာ အာရုံစိုက် ထားရသည်။
ဇီဝဗေဒကို လေ့လာသော သိပ္ပံနည်းပညာနယ်ပယ်တွင် အကျွမ်းကျင်ဆုံး ဖြစ်သည့် သုတေသန ပညာရှင် အားလုံးကိုပင် ထိုနေရာသို့ လွှတ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့လွှတ်ထားရသည်မှာ ဒိုင်နိုဆောဥကို အောင်မြင်စွာ သားဖောက်နိုင်ရန် အတွက်ဖြစ်သည်။
“ ဟူး”
နန်ကုန်းယွမ်က အသက်ပြင်းပြင်း ရှုလိုက်သည်။ ထို့နောက် လက်ကို ဆန့်ထုတ်လျက် ထိုလူများကို အသာပြန်ဆွဲချရင်း ထိုင်ခုံတွင် ပြန်ထိုင်ခိုင်းလိုက်သည်။ ထို့နောက် လေးနက်သော လေသံဖြင့် ပြောသည်။
“ ငါတို့က ဒီတစ်ကြိမ် အောင်မြင်သွားတယ် ဆိုပေမဲ့ လည်း သဘာဝ အရ ဥက ပေါက်တဲ့ သတ္တဝါတွေက သေးငယ်တဲ့ သတ္တဝါတွေ ဖြစ်တာ များတယ်။ ဒါရိုက်တာ ဆုပိုင် ပြောတဲ့ အတိုင်းဆိုရင် ဥပေါက်တဲ့ သတ္တဝါတွေထဲမှာ ပျံသန်းနိုင်တဲ့ ငှက်တွေ များတယ်တဲ့။ ဒါပေမဲ့လည်း ငါတို့ရဲ့ တာဝန်က ပိုပြီးလေးလံ နေသေးတာပဲ”
“ နောက်ပြီး နှစ်ကူး ပြီးရင် ပန်ဒါကြီးလို အကောင်မျိုးကို အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ဖို့လည်း ရှိတယ်။ ဒါက လူတိုင်းအတွက် စစ်ဆေးမှု ဖြစ်လောက်တယ်”
“ ဒါပေမဲ့...”
“ ဒါရိုက်တာ ဆုပိုင်က သိပ်မကြာခင် ကြက်၊ ဘဲ၊ ဝက်လို အတိတ်က အိမ်မှာတောင် မွေးမြူနိုင်တဲ့ သတ္တဝါမျိုးတွေကို ပြန်လည် ကယ်ဆယ်နိုင်ဖို့အတွက် ကြိုးစားမယ်လို့ ပြောတယ်။ အဲဒီနောက်…”
“ နှစ်အနည်းငယ်လောက် ဆက်လက်ကြိုးစားပြီးရင် ငါတို့ တရုတ်လူမျိုးတွေ…”
ထိုသို့ပြောနေရင်း နန်ကုန်းယွမ်၏ မျက်နှာက မဲမှောင်လာသည်။ ထို့နောက် လေးနက်သော လေသံဖြင့် ဆက်ပြောသည်။
“ နောက်ဆုံးတစ်ခေါက် အာဟ နှင့် ပတ်သက်ပြီး ဖြစ်သွားတဲ့ ကိစ္စက ငါတို့အတွက် အချက်ပေးမှုပဲ”
232 03
“ ငါတို့အခု အတတ်နိုင်ဆုံး ကြိုးစားရမှာက အကြံစည်တစ်ခု ထုတ်ဖော်ဖို့ပဲ။ တကယ်လို့ ပြည်တွင်းမှာ တိရစ္ဆာန်တွေကို အလုံးအရင်းနဲ့ မွေးမြူလာတဲ့အခါ အဲဒီနောက် ဒီတိရစ္ဆာန်တွေကို ပြည်ပကို တင်ပိုမရောင်းချတာမျိုး ဖြစ်လာနိုင်တဲ့အခါ ဒီလိုမျိုးတွေ မဖြစ်အောင် ငါတို့ တားရမယ် မဟုတ်လား။ ဒါမှမဟုတ်…”
ထိုစကားလုံးများကို ပြောသောအခါလူတိုင်းက မျက်မှောင် ကြုတ်သွားကြသည်။
တိရစ္ဆာန်ကို ကာကွယ်ရာတွင် မျှတမှုတစ်ခုကို ဖန်တီးရန်လည်း လိုအပ်သေးသည်။
အထူးသဖြင့် ပြည်တွင်းတွင် မွေးမြူနိုင်သော တိရစ္ဆာန်များဖြစ်သည်။ အရေအတွက်က မြောက်မြားလာခဲ့သော် ပြည်တွင်းပင်လျင် ဖြုန်းတီးမှုများ ရှိလာနိုင်သည်။
သို့ရာတွင် ထိုတိရစ္ဆာန်များကိုသာ ပြည်ပသို့ ပို့လိုက်သော် ဒါရိုက်တာ ဆုပိုင်က သဘောတူမတူ မသိနိုင်သေးပေ။ မည်သို့ပင်ဆိုစေ ယခုအချိန် အထိ နိုင်ငံခြားသားများ ၏ ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို ဒုက္ခပေးထားသော အခြေအနေက အလွန်ဆိုးရွား ခဲ့လေသည်။ ထိုအခိုက်တန့်တွင် လူတိုင်းက မည်သို့ ဆက်လုပ်သင့်ကြောင်း မသိကြတော့ပေ။
“ ငါကတော့ လုပ်နိုင်တယ်လို့ ထင်တယ်”
ထိုအချိန်တွင် သက်လတ်ပိုင်းရွယ် လူတစ်ယောက်က ထိုင်ခုံမှ တစ်ဖြည်းဖြည်း ထရပ်ပြီး လူတိုင်းကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။
“ ပြည်တွင်းမှာ မွေးမြူထားတဲ့ တိရစ္ဆာန်တွေက ငါတို့ တရုတ်လူမျိုးတွေ ကိ ပေးတဲ့ အကျိုးကျေးဇူးက အရမ်းသိသာနေတာပဲ”
“ ဒါက ဇီဝဗေဒဖြစ်စဥ်ကို မြှင့်တင် ပေးရုံတင် မကသေးပဲ စက်မှုနယ်ပယ်တွေကိုလည်း သက်ရောက်မှု ရှိစေတယ်”
“ ကြက်တွေကိုပဲ ဥပမာ ကြည့်ရအောင်။ ဒီသတ္တဝါ တွေကို စာပေထဲမှာပဲ မှတ်တမ်း တင်ထားတာပဲ။ ဒီသတ္တဝါတွေရဲ့ ဥတွေကို စားနိုင်တဲ့အပြင် အသားကိုလည်း စားလို့ ရတယ်။ အရေးကြီးဆုံးအချက်က ဒီသတ္တဝါက နေ့တိုင်း ဥ အုနိုင်တယ်။ သာမာန် လူတွေကသာ သူတို့ကို မွေးထားမယ်ဆိုရင် သူတို့ရဲ့ နေထိုင်မှု ဘဝအခြေအနေက မြင့်တက်လာနိုင်တဲ့ အပြင် အပိုကြက်ဥတွေကိုတောင် ရောင်းလို့ ရသေးတယ်”
“ ဒါ့အပြင် မမေ့သင့်တာက ဒီစာပေတွေထဲမှာ ပြောထားတဲ့ အတိုင်းဆိုရင် အရသာရှိတဲ့ စားစရာအများစုကို ဒီဥတွေနဲ့ လုပ်လို့ ရတယ်။ နောက်ပြီး ကြက်တွေက ဆန်စပါးတွေ စားတယ်။ ဒီတော့ ဆန်စပါး ရောင်းချသူတွေအတွက် အကျိုးကျေးဇူး ရှိစေတယ်”
“ ဒါပေမဲ့…”
သက်လက်ပိုင်း လူက အသက်ပြင်းပြင်း ရှုရင်း စိုးရိမ်မှု အချို့ဖြင့် ပြောသည်။
“ သားဖောက်ခွင့် ပြုလိုက်တာနဲ့ ပြည်ပကို ရောက်ရှိသွားဖို့ကတော့ ပိုများတယ်”
“ ငါတို့ ဒီအခြေအနေကိုတော့ တားလို့မရနိုင်ဘူး။ ဒါပေမဲ့ ငါတို့ တိုင်းပြည် တစ်ပြည်ချင်းစီတိုင်းနဲ့ ကြိုတင် ဆက်သွယ်ထားမယ်။ ငါတို့ မတားနိုင်ဘူးဆိုမှတော့ ကောင်းကင်ပြာတိရစ္ဆာန်ရုံအတွက် အကျိုးမြတ်တွေ ဘာလို့ မတောင်းပေးရမှာလဲ”
“ ဥပမာ နယ်မြေ၊ ဒါမှမဟုတ် သမုဒ္ဒရာလိုမျိုးပေါ့”
ဒါရိုက်တာဆုပိုင်ကလည်း ပြောဖူးပါတယ်။ အချိန်တစ်ခုကြာတဲ့အထိ ရေနေ သတ္တဝါတွေရဲ့ အသက်ကို မကယ်တင်သေးတဲ့ အကြောင်းပြချက်က နေရာ မရရှိသေးလို့ပဲ။ ဒီတော့ ငါတို့တွေက သူတို့အတွက် သင့်တော်တဲ့နေရာ တစ်ခုကို တောင်းပေး လိုက်မယ်ဆိုရင်”
“ ဒိုင်နိုဆောလို ကြီးမားတဲ့ သတ္တဝါမျိုးကို တိရစ္ဆာန်ရုံထဲမှာ အကြာကြီး ထားထားတာကလည်း မသင့်တော်နေဘူးလေ။ ဒီတော့ ကျွန်းတစ်ကျွန်းရှိရင် မကောင်းဘူးလား”
ထိုစကားလုံးများကို ပြောသောအခါ လူတိုင်းက အတွေးနက်သွားသည်။
“ ဟုတ်တယ်”
နန်ကုန်းယွမ်ကပင် ခေါင်းကို တဖြည်းဖြည်းချင်း ညိတ်လိုက်သည်။
ထိုဖြေရှင်းချက်ကသာ ရှိသည်ဟု ပြောရပေမည်။ သူတို့က မတားနိုင်ကတည်းက အရင်လက်ဦးမှု ယူပြီး ဆက်ဆံရေး ကောင်းသော အခြားသော တိုင်းပြည်များကို အစောပိုင်းကတည်းက ဆက်သွယ်ထားသင့်သည်။ တစ်နည်းအားဖြင့် အကျိုးမြတ်များကို ပေးရင်း အကျိုးမြတ်များကို ပြန်ယူသင့်လေသည်။ သူတို့၏ မျက်နှာလည်း ရ၏။ ပို၍ အရေးကြီးသည်မှာ အနာဂတ်တွင် တိရစ္ဆာန်များသည် ထက်များလာ ပေလိမ့်မည်။ ဥပမာအားဖြင့် အလုံးအရင်းဖြင့် မျိုးတုံး ပျောက်ကွယ်သွားခြင်း မရှိခင်က တိုင်းပြည်တစ်ပြည်ချင်းစီတွင် ရှိသော တိရစ္ဆာန် များ၏ ပမာဏက အလွန်ပင် မြောက်များလေသည်။
ထိုတိရစ္ဆာန်များကို တရုတ်ပြည်တစ်ပြည်တည်းတွင် ဟန်ချက်ညီအောင် ချထား၍ မရချေ။ ဒါဟာ ဇီဝဖြစ်စဥ်ကို ရှုပ်ထွေးသွားစေနိုင်သည်။
ထိုသို့ဖြင့် တိုင်းပြည်ပေါင်း မြောက်များစွာကသာ တရုတ်ပြည်နှင့် ပူးပေါင်းလျက် တိရစ္ဆာန်များကို ကာကွယ်ပေးရန် ကြိုးစားအားထုတ် လာမည်ဆိုလျှင် တိရစ္ဆာန်များ အားလုံးအတွက် ကောင်းမွန်ပေလိမ့်မည်။
232 04
“ ကောင်းပြီ”
အချိန်တန်ကြာ တွေးတောပြီးနောက်တွင် နန်ကုန်းယွမ်ကလည်း ခေါင်းကို အသာ မော့လိုက်ပြီးလူတိုင်းကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောသည်။
“ ငါ ဒီကိစ္စကို ဌာနတွေ အားလုံးနဲ့ ဆက်သွယ်လိုက်မယ်။ အဲဒီနောက် ဆွေးနွေးပြီးတာနဲ့ အခြားတိုင်းပြည်တွေနဲ့ ဆက်သွယ်လို့ ရပြီ။ ဒါပေမဲ့…”
“ ငါတို့တွေမှာလည်း ဘောင်တော့ သတ်မှတ်ထားရမယ်။ ဘယ်တိုင်းပြည်တွေက တိရစ္ဆာန်ကာကွယ်ဖို့ ဘယ်လိုပူး ပေါင်းလာတယ် ဆိုတာမျိုးပဲ ဖြစ်ဖြစ်၊ ငါတို့ရဲ့ တရုတ် နိုင်ငံရဲ့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်မှု စဥ်းမျဥ်းကို လိုက်နာရမယ်”
“ ဒါကိုတော့ ပြောင်းပေးလို့ မရဘူး။ ငါတို့ ပြောင်းခွင့်လည်း ပြုလို့ မရဘူး။ အခုက စပြီး နှစ်တွေ အများကြီး ကြာတဲ့အထိ တိရစ္ဆာန်တွေက တိုက်ရိုက်ထုတ်လွှင့်မူ အခန်းမှာ မြင်ရတဲ့ သူတို့ရဲ့ ကိုယ်ပိုင် တိုင်းပြည်အသီးသီးက ကံကြမ္မာလိုမျိုး ကြုံတွေ့သွားနိုင်တဲ့ အခြေအနေမျိုး မရှိရလေအောင် ကြိုးစား ကာကွယ်ပေးရမယ်”
“ အခြားတိုင်းပြည်တွေက တိရစ္ဆာန်တွေကို အမှန်တကယ် ဖျက်စီးတဲ့ သက်သေမျိုး ရလာခဲ့ရင် အဲဒီနောက် ငါတို့ရဲ့ တိုင်းပြည်ဆီ အားလုံးကို ပြန်ခေါ်ခွင့် ရှိရမယ်”
“ ဒါကြောင့် သဘောတူ စာချုပ်ရေးထိုးတဲ့အခါ ဒီလိုအချက်ကို ထည့်တွင်းထားရမယ်”
“ ငါတို့ရဲ့ မူလလှုပ်ဆော်မှုတွေကို အမြဲတစေ မှတ်သားထားပြီး တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့ အမြဲတစေ သိရှိနေရမယ်။ အမြဲတစေ ကာကွယ် ပေးနေရမယ်။ ငါတို့ အမှန်တကယ် တာဝန်ယူရမဲ့ ကိစ္စပဲ”
လူတိုင်းက မတ်တပ် ထရပ်လိုက်ရင်း တည်ငြိမ်စွာ ခေါင်းညိတ်ကြသည်။
ဒါက သူတို့၏ တာဝန်လည်း ဖြစ်သည်။ လူတိုင်း၏ တာဝန်လည်း ဖြစ်၏။
နှစ်အနည်းငယ် ကြာပြီးနောက် တိရစ္ဆာန်များ အားလုံးကို ကယ်ဆယ် ပြီးသောအခါ တိရစ္ဆာန်များ မတော်တဆမှုမျိုးလို ကိစ္စမျိုး ဘယ်သောအခါမှ ထပ်မဖြစ်အောင် တားဆီးရပေမည်။
…..
++++++
233 01
အခန်း 233
ထရန်နိုစောရက်ရပ်လေးက အိပ်ပျော်သွားကြောင်း မြင်သောအခါ ဆုပိုင်က ထိုကလေးကို သယ်ပြီး တိရစ္ဆာန်ရုံ၏ ဝင်ပေါက်ထံ စတင်လျှောက်သွားသည်။
“ ဦးလေးဆုပိုင် ငါ ဒီနေ့ ဒီနို့ဆန်ကိတ်လေးနဲ့ အတူအိပ်လို့ရမလား”
ဘေဘီက ကြီးမားသော မျက်လုံးကြီးများဖြင့် နှုတ်ခမ်းဆူကာ ပြောသည်။
“ ကြောင်ပေါက်ကလေးက စိတ်ပြောင်းသွားပြီး အခု သူက အရွယ်ရောက်လာတော့ အိပ်ပျော်နေတဲ့အချိန်မှာ ငါ့ကို မချီခိုင်း ထားတော့ဘူး။ သူက တစ်နေ့လုံး အဲဒီ နယ်မင် ကြွက်လေးတွေကို ကြည့်နေတာ”
ဘေဘီ၏ တိုင်ကြားသလို အသံမျိုးကို ကြားသောအခါ ဆုပိုင်က အသာရယ်သည်။
ထိုကိစ္စကို ထိုကြောင်ကိုလည်း အပြစ်တင်၍ မရချေ။ တက်ပီ ကြောင်များသည်လည်း ထိုကဲ့သို့သာ ဖြစ်သည်။ သူတို့က အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားရန်ပင် သင့်တော်သော်လည်း အခြားသော ကြောင်အမျိုးစားများကဲ့သို့ လူ အလွန်မကပ်တတ်ချေ။ အိမ်သာ သွားသည်အချိန်တွင်ပင် လိုက်တတ်သည့် သတ္တဝါမျိုး မဟုတ်ပါချေ။ သို့သော်…
ထရန်နိုစောရက်ရပ်လေးကို ဖက်အိပ်ချင်သည် ဆိုသော ကိစ္စကမူ ကြောက်စရာ ကောင်းလွန်းသည်။
မည်သို့ပင်ဆိုစေ ထိုအကောင်ငယ်လေးက အလွန်သေးပြီး ချစ်စရာ ကောင်းနေသည်ဆိုသော အချက်ကြောင့် အရူးလုပ်ခံရ၍ မသင့်ပေ။
မည်သို့ပင်ဆိုစေ လအနည်းငယ် ကြာပြီးနောက်တွင် ထိုအကောင်ငယ်က လျှင်မြန်စွာ ကြီးပျင်းလာပေလိမ့်မည်။ သိပ္ပံပညာ သုတေတန ပြုချက်ဒေတာများအရ ထရိုင်နိုဆောရက်ရပ်များ၏ ကြီးထွားမှုနှုန်းသည် အလွန်အမင်း မြန်ဆန်သည်။ အလွန်အမင်း မြန်ဆန်သောကြောင့်ပင် တစ်ရက်ကို တစ်ဆယ်ကီလိုဂရမ် ကြီးထွားသည်အထိ ဖြစ်သည်။
ထို့ကြောင့် အခြားသော တိရစ္ဆာန်များတွင်မူ ထိုကဲ့သို့သော ကိစ္စမရှိချေ။ သို့သော်….
ဒါဟာလည်း ဆုပိုင်အတွက် ကြီးမားသည့် စမ်းသပ်မှု ဖြစ်နေပေလိမ့်မည်။ ထရိုင်နိုဆောရက်ရပ်လေးက ကြီးပျင်းလာသောအခါ သူ၏ ဆာလောင်စိတ်က ကြီးမား လာပေလိမ့်မည်။ ထို့ကြောင့် အသားတုများကို မှီခို၍ မရသေးပေ။
ထို့ကြောင့် သူ့အနေနှင့် တိရစ္ဆာန်ကြီးများကို အမြန်ဆုံး ကယ်ဆယ်ရတော့မည်။
“ ဘာ။ ဘေဘီက အိပ်ရင်း ဖက်ထားချင်တယ် ဟုတ်လား”
“ ဒါပေမဲ့… ငါက ဒီနို့ကိတ်မုန့်လေးကို နာမည်ပေးခဲ့တာလေ”
ဆုပိုင်က အချိန်တန်ကြာသည်အထိ သဘောမပေါက်သောအခါ ထိုဘေဘီက စိတ်ဓာတ်ကျဟန်ဖြင့် ပြောသည်။
“ ဟာ အခုတော့မရသေးဘူး။ ဒီလိုတွေး ကြည့် ဒီနို့ဆန်ကိတ်လေးက မွေးထားတာ သိပ်မကြာသေးဘူး။ တအားကို အားနည်းနေသေးတယ်။ ဒီတော့ ဘေဘီကလည်း အဲဒီ အချိန်က ကျန်းမာရေးမကောင်းဘဲ မလှုပ်ရှား နိုင်တဲ့ အခြေအနေမျိုးလိုပေါ့။ သူလည်း လျှောက်မသွားနိုင်သေးဘူး”
ဆုပိုင်က ထိုသို့ ခပ်တိုးတိုး ပြောလိုက်သည်။
“ ဒါဆိုရင် အိပ်တဲ့အချိန်မှာ ရှောင်ပိုင်ကို ဖက်လို့ရလား။ သူ့ကို အခုမဖက်ဘူးဆိုရင် သူ အရမ်းကြီးလာတဲ့အခါ ဖက်ထားနိုင်မှာ မဟုတ်တော့ဘူး”
“ အိုး ရတာပေါ့”
“ ဒါဆိုရင် အခုပဲ ရှောင်ပိုင်ကို သွားရှာတော့မယ်”
ဘေဘီက သူ၏ လက်ကို ဆန့်တန်းရင်း ဆုပိုင်၏ ကိုယ်ပေါ်မှ ခုန်ချသည်။ ထို့နောက် လက်ရမ်းပြကာ နှုတ်ဆက်နေရင်း ပန်းခြံထံ သွားလေသည်။
ဆုပိုင်က ထိုကောင်မလေး၏ ပုခုံးကို ကြည့်လိုက်ရင်း အသာပြုံးသည်။ ထို့နောက် တစ်ဖက်သို့လှ ည့်ကာ ရုံးခန်းထဲသို့ ဝင်သည်။
ထရန်နိုစောရက်ရပ်လေးကို အောင်မြင်စွာ သားဖောက်ပြီး နောက်တွင် တိရစ္ဆာန်ရုံက ယခင်က ထက်ပင် ငြိမ်းချမ်းသွားသည်။
သူသည် တိရစ္ဆာန်များကို ဆက်လက်ပြီး ကယ်တင်ရတော့ပေမည်။
233 02
ရုံးခန်းတံခါးကို ဖွင့်ပြီးချိန်တွင် ဆုပိုင်က ကုတင်ဘေးတွင် ထိုင်ကာ စနစ်၏ စက်ရန်းတရားကို ခေါ်လိုက်သည်။
“ ဒီတစ်ကြိမ် ဘယ်လို တိရစ္ဆာန် အပိုင်းစတွေက refresh ဖြစ်သွားမလဲ မသိဘူး။ လူနေမှုဝန်းကျင်က တိရစ္ဆာန် တွေကို ကယ်တင်နိုင်ရင်တော့ ပိုကောင်းတယ်”
အချိန်တန် ကြာအောင်သက်ပျင်းချပြီး နောက် ဆုပိုင် က မျက်လုံးကိုမှေးကျဥ်းလျှက် မြင်ကွင်းကို ကြည့်သည်။
[ တိရစ္ဆာန် အပိုင်းစ mall]
မဟာ အဖြူရောင် ငါးမန်း အပိုင်းစ : အံအားသင့်မှုအမှတ် ၈ သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
ပင်လယ်နွား အပိုင်းစ : အံအားသင့်မှုအမှတ် ၈ သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
ဧက္ကရစ် ခို အပိုင်းစ : အံအားသင့်မှု အမှတ် ၆ သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
ရေဘဝဲ အပိုင်းစ : အံအားသင့်မှု အမှတ် ၃သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
နှင်းကျားသစ် အပိုင်းစ : အံအားသင့်မှု အမှတ် တစ်သန်းနဲ့ လဲလှယ်နိုင်ပါတယ်။
ဆုပိုင်က စနစ်၏ ဇယား ကိုကြည့်ပြီး စိတိလှုပ်ရှားလာသည်။ ဒီတစ်ကြိမ်တွင် နှင်းကျားသစ်ပင် ပါလာသည်။ သို့သော်…
ဒီတာဝန်က လူတွေနဲ့ မပတ်သက်ဘူး။
“ ဒီကောင်လေးကို အမြန်ခေါ်လာမှ ပိုကောင်းမှာ။ ဘာပဲ ဖြစ်ဖြစ် နှင်းတောင်တန်းမှာ ရှင်သန်ဖို့ ခက်ခဲလာပြီလေ”
ဆုပိုင်က တချက်ညည်းလိုက်သည်။ ထို့နောက် အဝတ်စားကို တောင်တက်သည့် ဝတ်စုံခပ်မြန်မြန် ပြောင်းဝတ်ပြီး ကျောပိုးအိတ်ကို ကောက်လွယ်လိုက်ကာ အသက်ကို ပြင်းပြင်းရှုသည်။
စနစ် နှင်းကျားသစ် အပိုင်းစ တာဝန်ကို စမယ်။
“ တင်”
“နှင်းကျားသစ် အပိုင်းစ တာဝန်ကို အောင်မြင်စွာ လဲလှယ်ပြီးပါပြီ”
ရေတွက်ချိန်
10
9
8
….
ဖြန်း။
ဖြန်း။
ဖြန်း။
အပြာရောင် အလုပ်ဝတ်စုံကို ဝတ်စင်ထားသည့် ဂတုံးနှင့်လူကြီးက သူ၏ လက်ထဲမှ ကြာပွတ်ကို ဆက်တိုက် ရိုက်ချနေသည်။
မြောင်။
သူသည် အရှေ့မှ ကြိုးချည်ခံနေရသော အကောင်ကို ဆက်တိုက် ရိုက်နေခြင်းဖြစ်သည်။
“ ငါမင်းကို နားထောင်ဖို့ ပြောသားပဲ။ ငါ ပိုက်ဆံတွေအများကြီး သုံးပြီး ဝယ်ထားရတာ။ မင်း ငါ့အတွက် ပိုက်ဆံတောင်ရှာမပေးနိုင်ဘူးလားz'
“ ငါ မင်းရဲ့အရေခွံ တစ်လွှာချင်းစီကို ဆွဲခွာပြီး ရောင်းလိုက်မယ်ဆိုရင်တောင်မှ ပိုက်ဆံ ပြန်ရဦးမယ်”
ဖြောင်း။
သူက တစ်ချက်အော်လိုက်ပြီး ကြာပွတ်ကို ထပ်ရိုက်ပြန်ကာ နှင်းကျားသစ်ကို ရိုက်သည်။
ထိုအချိန်တွင် နှင်းကျားသစ်က မြေပြင်တွင် လဲလျှက် ဆက်တိုက်ဆိုသလို ညည်းညူနေသည်။ သူ၏ နှင်းဖြူရောင် အမွေးများဟာ သွေးများဖြင့် နီရဲနေသည်။ တစ်ကိုယ်လုံးကလည်း တုန်ယင်နေသေးသည်။
“ ဂလု ဂလု ဂလု”
သွေးနီရောင်ညမျက်ဝန်း တစ်စုံက အရှေ့မှ လူသားကို မုန်းတီးမှု အပြည့်ဖြင့် ကြည့်လိုက်သည်။
233 03
ယခုနောက်ပိုင်း နှင်းတောင်တန်း အတွင်းတွင် ရှင်သန်ရန် အလွန်ပင် ခက်ခဲလာသည်။ ဆယ်ရက်ကျော်လုံးလုံး စားစရာမရှိဘဲ့ တောင့်ခံပြီးနောက်တွင် နှင်းကျားသစ်ဟာ လက်လျှော့လိုစိတ်ပင် မရှိသေးချေ။
သူသည် တောင်ပေါ်တွင် ဆက်တိုက်ဆိုသလို ရပ်ရင်း အဝေးရှိ ဝါးတောကို မကြာခဏ ဆိုသလို ငေးကြည့်နေမိသည်။ သို့သော် ထိုပုံရိပ်ကို ဘယ်သောအခါမှ မတွေ့ရတော့ချေ။
ဆုပိုင်က သူ့ကိုလာရှာ နိုင်ရန်အလို့ငှာ နှင်းကျားသစ်သည် တောထဲသို့ပင် မကြာခဏ ဝင်သေးသည်။ ထိုသို့ဖြင့် သဲလွန်စများကို ချန်ထားခဲ့မိသွားသည်။
ထိုသို့ဖြင့် ဆုပိုင်က သူ့ကို လျင်မြန်စွာရှာတွေ့ရန် မျှော်လင့်မိလေသည်။
သို့သော် ထိုမျှသာ ဖြစ်သည်။
သူ၏ သဲလွန်စများကို မုဆိုးတစ်အုပ်က ပစ်မှတ်ထားပြီး တစ်နေ့လုံးလုံး ရှာဖွေပြီးနောက်တွင် ချောက်ကမ်းပါး နေရာတွင် သူ့ကို ဖမ်းမိသွားသည်။
သူသည် ချောက်ကမ်းပါးမှ ခုန်ချချင်သွားသည်။ သို့သော် ထိုလူပြောသော စကားလုံးများက စိတ်ထဲတွင် ထင်ဟပ်နေသေး၏။
“ ငါ သေချာပေါက် ပြန်လာခဲ့မယ်။ ကောင်းကောင်းနေပြီး ငါ့ကို စောင့်နေ”
နှင်းကျားသစ်က ထိုသို့ဖြင့် မုဆိုးများအမကြား အမိခံလိုက်သည်။ အမျိုးမျိုးသော အလှည့်ပြောင်း များပြီးနောက်တွင် သူသည် ဒီနေရာသို့ ရောက်လာသည်။
“ အသက်ရှင်နေရမယ်”
တစ်ချက် ညည်းညူလိုက်ပြီးနောက် နှင်းကျားသစ်က စက္ကန့်တစ်ဝက်ခန့် ထွက်သွားသော ကျောပြင်ကို လှမ်းကြည့်လိုက်ကာ လှောင်အိမ်ထဲတွင် ဆက်လဲနေလိုက်သည်။
သူသည် ခန္ဓာကိုယ်မှ ဒဏ်ရာများကို လျှာဖြင့်လျက်ရင်း အံကို ကြိတ်လိုက်သည်။
ဒီလူ သူ့ကို ရှာမတွေ့တော့မှာကို စိုးရိမ်တယ်။
ဒီတိုင်းဆက်ရှင် နေရတာက အဓိပ္ပယ် ရှိမလားတောင် မသိတော့ပါဘူး။
တကယ်လို့…
မျှော်လင့်ချက်မရှိတော့ဘူး ဆိုရင်လည်း…
နှင်းကျားသစ်က အေးစက်သော သံမဏိလှောင်အိမ်ထဲတွင် ဆက်လဲနေရင်း အဝေးတွင် အော်ဟစ် ကျိန်ဆဲနေသည့် လူကို ကြည့်လိုက်သည်။ သူသည် အသက်ပြင်းပြင်း ရှုလျက် ဘေးဘက်သို့ ပစ်ထုတ်လိုက်သည့် အသေသားလုံးများကို ပြန်ကြည့်လိုက်သည်။
သူ၏ ဗိုက်အတွင်းမှ ပြင်းထန်သည့် ဆာလောင်စိတ်က ဝင်ရောက်လာသောအခါ တချက်ညည်းညူလိုက်မိသည်။
“ ငါဆက်ပြီး မထိန်းနိုင်လောက်တော့ဘူး။ ငါ တောင်းပန်ပါတယ်။ ငါမင်းကို မစောင့်နိုင်လောက်တော့ဘူး”
မြေပြင်တွင် တဖြည်းဖြည်းချင်းနှင့် လဲချသွားပြီးနောက်တွင် နှင်းကျားသစ်ကြီးသည် ဒီနေ့မှ စတင်ပြီး ဘာကိုမှ မစားတော့ရန် ဆုံးဖြတ်လိုက်လေသည်။
နှင်းကျားသစ်အတွက်မူ ယခုလိုမျိုး စင်ပေါ်တွင် ချုပ်ကိုင်ခံရမည့်အစား အသေခံရန် ဆုံးဖြတ်ထားလေသည်။
မည်သို့ပင်ဆိုစေ နေ့ရက်တိုင်းလိုလို ကြာပွတ်အရိုက်ခံရင်း ဆူပူခံနေရဦးမည် ဖြစ်သည်။
“ သေစမ်း”
အဝေးတွင် bakerတစ်ယောက်က ကုလားထိုင်ပေါ်တွင် ထိုင်နေပြီးနောက် လှောင် အိမ်ထဲမှ နှင်းကျားသစ်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ အော်လိုက်သည်။
“ ခေါင်းဆောင် baker ဒီသတ္တဝါ ကို ယဥ်ပါးအောင် လုပ်လို့ မရမှာ စိုးရိမ်မိတယ်”
“ ဒါဆိုရင် မွေးရအောင် ဘာလို့မရောင်းလိုက်တာလဲ”
ဘေးဘက်တွင်ရပ်နေသော လူငယ်က မျက်မှောင်ကြုတ်သည်။
“ မရောင်းနဲ့။ ငါ့ရဲ့လက်ထဲမှာ ယဥ်ပါးလို့ မရတဲ့ သတ္တဝါ ဆိုတာ မရှိဘူး။ အရင်က ကျားတွေလည်း ဒီလိုပဲ မဟုတ်လား။ ကျာပွတ်နဲ့ ဆာလောင်မှုဒဏ်အောက်မှာ လိမ်လိမ်မာမာနဲ့ အညံ့ခံသွားရတာပဲ”
Bakerက အေးစက်စွာနှာမှုတ်လိုက်သည်။ ထို့နောက် သုန်မှုန်သော မျက်မှာဖြင့် ပြောသည်။
“ ငါတို့ကသာ နှင်းကျားသစ်ကို ဒီလိုမျိုး ယဥ်ပါးအောင်လုပ်ပြီး ဖျော်ဖြေခိုင်းမယ်ဆိုရင် အဲ့ဒီနောက် ငါတို့ရဲ့ circus က လက်မှတ်တွေက သေချာပေါက် ရောင်းအား မြင့်တက် သွားမှာပဲ”
233 04
“ ငါ အဲဒီကျားတွေကို ကြည့်ရတာ ပင်ပန်းနေပြီ။ တိရစ္ဆာန် အသစ်တော့ ရအောင်ရှာရမှာပဲ။ နှင်းကျားသစ်က အချိန်ကိုက်ပဲ”
“ ဒါပေမဲ့ ဒီသတ္တဝါက ရက်အနည်းငယ်လောက် အဆာခံထားတာဆိုတော့ အခု အဆာပစ်ထုတ်လိုက်မယ်ဆိုရင် ကြည့်မှာတောင် မဟုတ်ဘူး။ ငါ့အထင် ဒီလို သတ္တဝါ မျိုးက ယဥ်ပါးလို့ မရနိုင်ဘူး”
“ ဟူး”
Bakerက တံတွေးထွေးထုတ်လိုက်သည်။ ထို့နောက် လက်ထဲမှ ကြာပွတ်ကို ကောက်ယူလိုက်ပြီးထယူလိုက်ပြန်သည်။
“ ယဥ်ပါးအောင် လုပ်လို့မရနိုင်ဘူးဟုတ်လား”
“ ဟီးဟီး အဆိုးဆုံးမှ သေတဲ့အထိ ရိုက်သတ်လိုက်ရုံပေါ့။ သူ့ရဲ့အမွေးတွေက ပိုက်ဆံတော့ တန်ကြေးရှိသေးတာပဲလေ။ နောက်ပြီး ငါတို့ရဲ့ circusက ပိုက်ဆံမရှုံးပါဘူး”
“ဒီကောင်ရဲ့အရိုး ဘယ်လောက်မာမလဲ ကြည့်ရဖို့ အခွင့်ရေးပဲ”
ခပ်တိုးတိုး ရေရွတ်နေပြီးနောက်တွင် bakerက လှောင်အိမ်ထံ တစ်လမ်းချင်းဆီ လျှောက်သွားလိုက်သည်။
ဖြောင်း
ဖြောင်း
ဖြောင်း
“သောက်ကျိုးနည်း စေးကပ်တဲ့ အရိုးတွေ။ ဟွန့် မင်းက မစားချင်ဘူးဟုတ်လား။ မင်းကို သေတဲ့ထိ ရိုက်သတ်လိုက်တာပေါ့”
“မျိုးမစစ်ကောင်”
“မင်းကို သေအောင်သတ်မယ်”
နှင်းကျားသစ်က မြေပြင်တွင် လဲနေပြီဖြစ်သည်။ သူ့သည် သူ့ကိုဆက်တိုက်ရိုက်နေသည့် ကြာပွတ်ထံမှ နာကျင်မှုကိုလည်း တောင့်ခံနေရသေးသည်။ ဆူးရှစွာ အော်ဟစ်ပြီးနောက်တွက် အံကိုသာ ကြိတ်လိုက်သည်။
ထိုလူက မည်မျှပင် ကြိုးစားစေကာမူ သူ့ထံမှ အသံကို ကြားရနိုင်လောက်မည် မဟုတ်ပေ။
မင်းရဲ့ မျက်လုံးကြီးကိုဖွင့်ပြီး လှောင်အိမ်ရဲ့ အပြင်လောကကို ကြည့်စမ်းပါ။
အဲ့ဒီလူဟာ ငါ့ရဲ့ရှေ့မှာပေါ်လာရင် ဘယ်လောက်ကောင်းလိုက်အလဲ။
ငါလည်း အဲဒီအချိန်က အဒီလိုပန်ဒါကြီးကို ဆက်ဆံပေးသလိုမျိုး စိတ်ရင်းနဲ့ ဆက်ဆံပေးခံရရင် ကောင်းမှာပဲ။
ဒီလိုဆိုရင် ငါ အဆာခံစရာ မလိုတော့ဘူး။ နောက်ပြီးငါ...
နှမျောစရာပဲ။
ကြည့်ရသည်မှာ အရာအားလုံးဟာ မျှော်လင့်ချက် မဲ့နေလောက်ပေပြီး။ သူသည် ဆက်လက်ပြီး ထိန်းထားရန် မလိုအပ်တော့ပေ။ ထိုပြင် ဒါရိုက်တာဆုပိုင်လို့ ခေါ်သော လူကိုလည်း တွေနိုင်တော့မည် မဟုတ်ပေ။
ဒါဆိုရင်လည်း နှုတ်ဆက်ပါတယ်။
.....
++++++ 234 01
အခန်း 234
ဒိုင်း
ဆုပိုင် ပတ်ဝန်းကျင်၏ အဆောက်အဦးများကို ကြည့်ပြီး မင်သက်သွားသည်။ ဒီတစ်ကြိမ်တာဝန်က နှင်းကျားသစ်ပါ။ ဘယ်လိုဖြစ်ပြီး သူ့ကို ဒီနေရာကို ပို့လိုက်တာလဲ။
နောက်ပြီး...
ဒါက အတိတ်က တရုတ်ပြည်မ မဟုတ်လား။ ပတ်ဝန်းကျင်ကို ကြည့်ရတာ နှာခေါင်းမြင့်မြင့်နှင့် အညိုရောင် ဆံပင်တွေအရ နိုင်ငံခြားသားတွေဆိုတာ ရှင်းနေတာပဲ။
သို့ရာတွင် စနစ်ဟာ သူ့ကို ဒီနေရာသို အကြောင်းပြချက်မရှိ ပိုလိမ့်မည်မဟုတ်ပေ။ ထိုကြောင့် ဖြစ်နိုင်ချေ တစ်ခုသာရှိသေးသည်။ ထိုနှင်းကျားသစ်သည် ဒီနေရာသို့ အဖမ်းခံရခြင်း ဖြစ်လောက်သည်။ ထိုအကြောင်းရာကို တွေးမိသော ဆုပိုင်၏ မျက်နှာဟာ သုန်မှုန်သွားသည်။ နှင်းကျားသစ်၏ နူးညံ့သော အမွှေးများဟာ တန်ကြေးကြီးသည်။ ထိုကြောင့် အချိန်ကြာသော ကာလအထိ ထို အမွှေးရောင်းချနှုန်းဟာ အလွန်မြင့်မားလေပြီး အထက်တန်းစား အသိုင်းအသိုင်းဝိုင်းကလည်း လိုအပ်ချက် မြင့်နေသည်။ ထိုကြောင့် အမဲလိုက် သမားများဟာ နှင်းကျားသစ်များကို အမဲလိုက်လေ့ရှိကြသည်။
“ငါဒါ ကို မတွေးမိဘူးပဲ”
ဆုပိုင်က တစ်ချက် ညည်းညူလိုက်ပြီး အရှေ့မှ လမ်းထံလျှောက်သွားလိုက်သည်။ အခြေအနေအရ ဒီတစ်လမ်းလုံးတွင် မြင်းများဆွဲသော ရထားလုံးများပြည့်နေသည်။ ထိုလူများကလည်း အလယ်ပိုင်းခေတ်က အဝတ်စားများကိုး ဝတ်ဆင်ထားကြသည်။ ထို အခြေအနေကို မြင်သောအခါ ဆုပိုင်ကပင် အနည်းငယ်စိုးရိမ်လာသည်။
ဒီအချိန်ကာလ အတောအတွင်းတွင် လူသားများဟာ အမဲလိုက်မှု ပြင်းထန်စွာနှင့် တိရစ္ဆာန်များကို အလုံးအရင်းနှင့် သတ်ဖြတ်ခဲ့ကြသည်။
မည်သိုပင်ဆိုစေ ဒီတစ်ကြိမ်တွင် မည်သည့်တိုင်းပြည်ကမှ ထိုတိရစ္ဆာန်များကို အာရုံမစိုက်ကြပေ။ တိရစ္ဆာန် ကာကွယ် စောင့်ရှောက်မှုများလည်း မရှိကြသေးပေ။
နှင်းကျားသစ်ကသာ အဖမ်းခံရလျှင် စိုးရိမ်ရသည်မှာ...
သူဟာ တစ်ချက် မော့ကြည့်လိုက် ပြီးနောက် လမ်းဘေးများမှ ဆိုင်ခန်းများထံ အကြည့်ရောက်သွားသည်။ ထိုနောက် ဆုပိုင်၏ အကြည့်ဟာ အပ်ချုပ်ဆိုင် တစ်ဆိုင်၏ တံခါးနားတွင် ရပ်တန့်သွားသည်။
ခရက်
“ကြိုဆိုပါတယ်။ ဘာလိုချင်လဲ”
“အဝတ်ချုပ်ချင်တာလား။ ဒါမှမဟုတ် ဒေါင်းမွှေးနဲ့ ချုပ်ပြီးသား ၀တ်စုံတွေ လိုချင်တာလား”
သူဟာ တံခါးကိုဖွက့်လိုက်ပြီးပြီးချင်း အနီရောင်ဆံပင်နှင့် ကောင်မလေးက ခပ်မြန်မြန်ထွက်လာပြီး အပြုံးနှင့် နှုတ်ဆက်သည်။
“ဒီမှာ နှင်းကျားသစ် သားရေများရရှိလား”
“အာ”
အနီရောင် ဆံပင်နှင့် မိန်းကလေးက တအံ့တသြ အော်လိုက်ပြီး အရှေ့မှ ထူးဆန်းသောသူ့ကို အပေါ်အောင် စုံချည်ဆန်ချည် ကြည့်သည်။ သူသည် ထူးဆန်းသောအဝတ်ကို ဝတ်ဆင်ထားသည်။ သို့သော် ချုပ်လုပ်ထားသောပုံစံကမူ ကောင်းမွန်လှသည်။ ထိုလူငယ်၏ ပုံစံကို ပြန်ကြည့်သောအခါ သိသာစွာပင် အရှေ့တိုင်းသား ရုပ်ရည်မျိုးရှိနေသေးသည်။
“နှင်းကျားသစ် အမွှေးတွေက ပစ္စည်းပြတ်နေတယ်။ ငါတိုရဲ့ဆိုင်မှာ မာဖလာတစ်ထည်တော့ ရှိတယ်။ ကုတ်အင်္ကျီတော့ မရှိတော့ဘူး”
အနီရောင်ဆံပင်နှင့် မိန်းကလေးက အပေါ်တွင် ထားထားသည့် မာဖလာကို ပြသည်။
“နင်လည်း သိလောက်မှာပါ။ နှင်းကျားသစ်တွေက မြင့်မားတဲ့ တောင်ပေါဒေသတွေမှာ နေတာလေ။ ဒီတော့ သူတို့ကို ဖမ်းဖို့ကတအားခက်တယ်။ သတိသာ မထားမိရင် သူတို့ရဲ့ လက်သည်းတွေအောက်မှာ သေသွားနိုင်သေးတယ်။ နောက်ပြီး သူတို့ရဲ့ အမွှေးတွေကလည်း ထိခိုက်သွားနိုင်တယ်”
“ဒီတော့ တခြားတစ်ခုကို ဘာလို ပြောင်းမကြည့်တာလဲ”
“မလိုဘူး”
234 02
ဆုပိုင်က မာဖလာကို အေးစက်စွာကြည့်လိုက်ပြီးနောက် နောက်လှည့်ကာ ထွက်သွားရန် ကြံစည်သည်။
“အဟမ်း”
ထိုအချိန်တွင် ခကဝဝလူကြီးတစ်ယောက်က တံခါးကို တွန်းဖွင့်ဝင်လာသည်။ ထိုနောက် ဆက်တိုက်ဆိုသလို အော်ဟစ်ကျိန်ဆဲသည်။
“သောက်ကျိုးနည်း baker။ လူ့အသိစိတ်မရှိတဲ့ ဓားပြကောင်”
“ဘာလို ပြီးပြည့်စုံတဲ့ နှင်းကျားသစ် showပွဲကို လုပ်ချင်ရတာလဲ။ သူက ငါ့ကို ပိုက်ဆံရှုံးစေချင်နေတာ”
ထိုစကားကို ကြားသောအခါ ဆုပိုင်က ခပ်မြန်မြန်ရပ်လိုက်သည်။
“သူဌေး ဒီနေ့ တစ်ခုခုကို သွားယူမလို မဟုတ်လား”
အနီရောင် ဆံပင်နှင့် ကောင်မလေးက ဘာမှပါမလာသည့် အဝတ်အိပ်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးစွာမေးသည်။
“မိန်းကလေး သိုက်ဝမ်က စရံပေးထားပြီးသား။ သူကနှင်းကျားသစ် ခြုံလွှာကို လိုနေတာ။ အမဲလိုက်သမားနဲ့ ညှိပြီးသား မဟုတ်လား”
“ပစ္စည်းက ဘယ်မှာလဲ”
“ငါတို အဲဒီပစ္စည်းကို မရဘူးဆိုရင်တောင် အမျိုးသမီး သိုက်ဝမ်က ဒေါသထွက်သွားလိမ့်မယ်။ အဲဒီနောက် လျော်ကြေးတွေ အများကြီး ပြန်ပေးရမှာ”
ဝုန်း
သက်လက်ပိုင်းလူက စားပွဲကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်ပြီး ကြမ်းတမ်းစွာ အော်သည်။
“ပြောမနေနဲ့ ငါသိတယ်”
“ဒါတွေ အားလုံးက အဲ့ဒီcircusအဖွဲက baker ဆိုတဲ့ကောင်ကြောင့်။ သောက်ကျိုနည်း အမှိုက်ကောင်”
“သူအရင်က ငါနဲ့ သဘောတူညီမှုကို အောင်အောင်မြင်မြင် လုပ်ထားပြီးသား”
“သူက နှင်းကျားသစ်ကို ဖျော်ဖြေနိုင်ဖိုအတွက် ရအောင်လေ့ကျင့်ပေးမယ်လို့ ပြောတယ်လေ။ ဒါက ဟာသပဲ မဟုတ်လား”
“နှင်းကျားသစ်ဆိုတဲ့ တိရစ္ဆာန်ကောင်ရဲ့ အမွှေးက အဝတ်လုပ်ဖိုပဲ သင့်တာ။ လက်မှတ်ရောင်းတာက ဘယ်လောက်ရမှာ မိုလိုလဲ”
“ဒါနဲ့ ဒီလူက ဘယ်သူလဲ”
ထိုသိုပြောရင်းမှ သက်လက်ပိုင်းလူက မျက်မှေညင် ကြုတ်လျှက် တစ်ချက်မေးကာ ဆုပိုင်ကို ကြည့်ပြီးပြော သည်။
“သူကလည်း နှင်းကျားသစ်သားရေကို ဝယ်ဖို့လာတာပဲ...ဒါပေမဲ့...”
“ဒီမှာ ဘာနှင်းကျားသစ် သားရေမှ မရှိဘူး။ အိုး ဘုရားရေ ဘုရားရေ နှင်းကျားသစ်ကို လာပြီးမပြောစမ်းပါနဲ့။ ငါ ခေါင်းကိုက်လာပြီ ထပ်မပြောနဲ့တော့”
အနောက်ဖက်မှ ဆူပူပြောဆိုသံကို ကြားသောအခါ သုန်မှုန်သော ပုံစံမျက်နှာနှင့် ထွက်သွားလိုက်သည်။ လမ်းပေါ်တွင် ရပ်နေသည့် သူက အသက်ပြင်းပြင်း ရှူသည်။ ငါထင်တာမမှားရင် ဒီတစ်ကြိမ် နှင်းကျားသစ်က...”
“ဒါပေမဲ့...”
ကံကောင်းသည်မှာ သူကို circus အဖွဲက ဝယ်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အဝတ်ချုပ်ဆိုင်ကသာ တောင်းဝယ်သွားခဲ့ခြင်း မဟုတ်လျှင် အန္တရာယ်တော့ မရှိလောက်သေးချေ။
[ဒါရိုက်တာ ဆုပိုင် မြန်မြန်သွား]
[စာကြည့်တိုက်မှူး: ငါအခုလေးတင် ဒီ circusက တိရစ္ဆာန်တွေ နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို သွားကြည့်ထားတာ။ ရှေးခေတ်ကာလမှာ ဒီcircus အဖွဲအများစုက တိရစ္ဆာန်တွေကို တော်တော်လေးကို ရက်ရက်စက်စက် ဆက်ဆံကြတာ။ ဒီတိရစ္ဆာန်တွေ နာခံဖို့အတွက်နဲ့ အရမ်းရက်စက် တဲ့နည်းလမ်းတွေကို အသုံးပြုကြတယ်။ ကြာပွတ်ရိုက်တာတွေ အငတ်ထားတာတွေ အပြင် သေတဲ့အထိ နှိပ်ဆက်ခံရတာမျိုးတွေတောင် ရှိတယ်]
[ သေစမ်း။ ဒါက တကယ်ပဲ အမှန်လား။ ဒီလိုအခြေအနေမျိုးမှာ နှင်းကျားသစ်က အန္တရယ် ရှိနေမှာ မဟုတ်လား]
[မဟုတ်သေးပါဘူး။ ဒီကောင်က အရင်တစ်ခေါက်က တော်တော်လေးကို နာခံတာပါ။ ငါတောင်မှ သူ့အကြောင်း အတော်ကြာကြာထိ တွေးနေမိသေးတယ်။ နောက်ဆုံးတော့ ဒါရိုက်တာဆုပိုင်က ဒီနေရာကို ရောက်လာပြီ။ ကျေးဇူးပြုပြီး မြန်မြန်လေး သွားကယ်ပေးပါ]
234 03
[ ဒါရိုက်တာ ဆုပိုင် ကျေးဇူးပြုပြီး မြန်မြန်သွားပါ။ အဆိုးဆုံး အခြေအနေ အရ ပိုက်ဆံအများကြီးသုံးပြီး မင်းကျားသစ်ကို ပြန်ဝယ်ရုံပဲ။ မြန်မမြန်လေးသွားပါ။ circus အဖွဲ့က လူတွေက နှင်းကျားသစ်ကို နှိပ်ဆက်လိမ့်မယ်]
[ အို။ ငါဆက်တောင် မတွေးရဲတော့ဘူး။ ဒီလူတွေက တိရစ္ဆာန်တွေကို နှိပ်ဆက်တာ။ ငါဒါကို တွေးကြည်မိရုံနဲ့တင် မီးဖိုခနိးထဲက ဓားကို ပြေးယူပြီး ပြေးထွက်လာချင်နေပြီ]
…..
တိုက်ရိုက်ထုတ်လွင့်မှု အခန်းထဲမှ လူများက တိုက်ရိုက်ထုတ်လွင့်မူ အခန်းနာမည်ကို ကြည့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဝင်လာပြီးချိန်ကတည်းက လူနေမှု အသိုင်းဝိူင်း ဝန်းကျင်ကို မြင်သောအခါ အံသြ သွားကြခြင်းဖြစ်သည်။
သို့သော်….
စာကြည့်တိုက်မှုးက ပို့လာသော အချက်လက်များကို သိရပြီးချိန်တွင် အားလုံးက keyboard ပေါ်တွင် ကြိုးစားလှုပ်ရှားလျက် ဆုပိုင်ကို တိုက်တွန်းနေကြသည်။
Circusအဖွဲ့က နှင်းကျားသစ်ကို ဝယ်သွားသည်မှာ ပိုက်ဆံရှာရန်အတွက်ကြောင့် ဖြစ်သည်။ နှင်းကျားသစ်၏ စိတ်နေသဘောထား အရ သူသည် အညံ့မခံ လောက်ချေ။
ဒါဆိုရင်။
ဆုပိုင်က အသက်ပြင်းပြင်း ရှုပြီးနောက် commentများကို ကြည့်ရင်း သူ၏ မျက်နှာဟာ သုန်မှုန်လာသည်။
ကိုယ်ပိုင် circus အဖွဲ့ အရ ဆုပိုင်သည်လည်း ပမြိ၍ ရက်စက်သော နည်းလမ်းများကို မသုံးလောက်ကြောင်း တွေးမိနိုင်သည်။ သူတို့သည် တိရစ္ဆာန်များကို ပိုက်ဆံရှာရန် အတွက်သာ အသုံးပြုကြ သည်။ ထို့မကြောင့် ဒဏ်ရာရမည်ဆိုလျင်ပင် ဒီတိုင်းသတ်ပြီး အသစ်ဝယ်ရုံသာရှိပေလိမ့်မည်။ ထို့အပြင် သူတို့တွင် ချစ်စိတ်လည်းရှိပေ။
တိရစ္ဆာန်များ၏ အသက်က ပင်အရေးမကြီးပါပေ။ ထိုအကြောင်းရာကို တွေးမိသော ဆဆုပိုင်က ခြေလှမ်းများကို မြန်လိုက်သည်။
******