← Chapters

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

235 01

အပိုင်း 235

ဖြောင်း။

“မင်းက စားချင်တယ်ဟုတ်လား။ စားချင်တယ် ဟုတ်လား”

Bakerသည် မြေပြင်တွင် လဲပြီးသေချင်ယောင် ဆောင်နေသော နှင်းကျားသစ်ကို ကြည့်ကာ ပို၍ပင် ဒေါသထွက်လာသည်။

ထို့ပြင် ဆက်တိုက်ရိုက်နေခဲ့သည်မှာ တစ်နာရီနီးပါးကြာသွားခဲ့ပြီ ဖြစ်သည်။ နှင်းကျားသစ်က သွေးများ အန်နေခဲ့သည့်တိုင်အောင် ထိုအကောင်သည် အညံ့မခံလိုသေးပေ။

“ကောင်းပြီလေ ဒါဆိုလည်း မစားနဲ့”

Bakerက ခပ်ကြမ်းကြမ်း ဆဲရေးလိုက်ပြီးနောက်တွင် ဘေးဖက်တွင် ချထားပေးသည့် အသားတုံးကို ခေါင်းလှည့်ကာ ကောက်ယူလိုက်သည်။

ထို့နောက် နှင်းကျားသစ်၏ ပါးစပ်ကို လက်ဖြင့် ခပ်ကြမ်းကြမ်း ဆွဲဖြဲပြီး အသားတုံးကို ထိုးထည့်သည်။

“စားစမ်း”

မြောင်း။

သူ၏ ပါးစပ်ထဲသို့ စိမ့်ဝင်လာသည့် သွေးများကို ခံစားမိသည့် နှင်းကျားသစ်က ညည်းညူလာပြီး မျက်လုံးကို ဆက်ကနဲဖွင့်လိုက်သည်။

ခရက်

ထို့နောက် တစ်ချက်ကိုက်သည်။

Bakerကပင် ကြောင်အသွားပြီး မြေပြင်မှ ခပ်မြန်မြန် ကုန်းထလျှက် ကြာပွတ်ကို ပြန်ယူကာ ခပ်ကြမ်းကြမ်းပြန်ရိုက်သည်။

ကြာပွတ်အား သူ၏ခန္ဓာကိုယ်ကို ထိတွေ့ခွင့်ပြုပြီး နှင်းကျားသစ်သည် မျက်လုံးကို တ‌ဖြည်းဖြည်းချင်းဆီ မှိတ်လိုက်သည်။

“သေစမ်း”

“ မင်းက အသုံးမကျတဲ့အကောင်ပဲ။ အသုံးမကျတဲ့အကောင် သေဖို့ပဲတန်တယ်”

“ငါမင်းကို အငတ်ထားရမှာ”

Bakerက ဒေါသကြီးကြီး အော်ဟစ်ပြီး နောက်သို့တဖန် ပြန်လှည့်ကာ အနောက်ဖက်မှ သံမဏဂိတ်တံခါးကိုဖွင့်လျှက် လျှောက်ထွက်လိုက်သည်။

“သူ့ကို ယဥ်ပါးလို့ မရလောက်ဘူး။ ဒီတော့...”

“ဟွန့် ဘယ်လောက်တောင် ကြမ်းတမ်းတဲ့ အကောင်လဲ”

Bakerသည် အရှေ့မှ သူ၏ လူများကို ကြည့်လိုက်သည်။ ထို့နောက် သုန်မှုန်သောမျက်နှာနှင့် လေသံတိုးလိုက်သည်။

“သူ့ကို နှစ်ရက်လောက်ထပ်ပြီး အငတ်ထားလိုက်။ ငတ်ပြီးသေသွားရင် ငါသူ့ကို အပ်ချုပ်ဆိုင်ကို ရောင်းလိုက်မယ်။ ဟွန့် သူက ငါ့ကို စားချင်တာဆိုတော့ ငါသူ့ကို ကောင်းကောင်းဂရုစိုက်ပေးရမှာပေါ့”

“ဒါဆိုရင် ဒီနေ့တစ်နေ့လုံး နှင်းကျားသစ်ကိုစပြီး အငတ်ထားမှာလား”

“ဒီနေ့ လက်မှတ်ဝယ်ထားတဲ့လူတွေ ဘယ်လောက်များလဲ”

“ဒီနေ့တော့ တော်တော်များတယ်။ ငါတို့ showပွဲ ထပ်မထည့်သင့်ဘူးလား။ ဒါပေမဲ့ အချို့ တိရစ္ဆာန်တွေက မနေ့က ဒဏ်ရာရထားတယ်။ ဒါကြောင့် ငါတို့တွေ...”

“သူတို့ကို အနာသက်သာတဲ့ ဆေးပေးထားလိုက်။ လူတွေ အများကြီး လာစုဖို့ ဘယ်လောက် ခက်လိုက်သလဲ။ ဒီနေ့တစ်ကောင်ချင်းဆီ ပွဲထုတ်ရမယ်”

“ငါ အဝတ်သွားလဲလိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက်တွင် Bakerသည် အဝေးတွင် ရှိသည့် Locker ခန်းထံသွားလေသည်။

သားရဲ ယဥ်ပါးသူ၏ အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ပြီးနောက်တွင် lockerက လက်ထဲမှ ကြာပွတ်ကို တစ်ချက် ရမ်းရင်း တိရစ္ဆာန်များကို ထားသော သံမဏိလှောင်အိမ်များထံ လျှောက်သွားလိုက်သည်။

235 02

ရုတ်တရက် သူက ဂေါ်ရီလာကို ထည့်ဖမ်းထားသော သံမဏိလှောင်အိမ်နားသို့ လျှောက်သွားလိုက်ပြီး ရပ်တန့်လိုက်မိသည်။

ဂျွိ

အထဲရှိ ဂေါ်ရီလာက လှုပ်ရှားမှုကင်းမဲ့စွာ မြေပြင်တွင် လဲနေလေသည်။ သူသည် သေနေသည်မှာ သေချာလေသည်။

“သေစမ်း”

Bakerက ကျိန်ဆဲရင်း အဝေးရှိ ဝန်ထမ်းကို လှမ်း၍ လက်ရမ်းပြလိုက်သည်။

ဖြောင်း။

သူသည် ထိုမိန်းမငယ်လေး၏ ပါးကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်ပြီးနောက် ဒေါသတကြီး အော်သည်။

“ဒီကောင် သေမှန်းတောင်မသိပဲ နင် ဘယ်လို စောင့်ကြပ်နေတာလဲ”

“ငါတို့ သိပ်မကြာခင် ဖျော်ဖြေရတော့မှာ။ ဒီဂေါ်ရီလာ သေသွားမှတော့ ငါတို့ ဘာကိုသွားပြီး ဖျောဖြေရတော့မှာလဲ။ ဟမ် မင်းက ဂေါ်ရီလာနေရာမှာ အစားဝင်ပြီး ကမှာလား”

“အရူး”

“မြန်မြန်လာ။ ဘာတွေ ဖြစ်နေလဲ သွားကြည့်လိုက်ဦး”

“ဟုတ်ကဲ့။ ဟုတ်ကဲ့”

ကောင်မလေးက အရိုက်ခံရသည့် ပါးကိုအုပ်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ပိတ် လိုက်သည်။ ထို့နောက် သံမဏိလှောင်အိမ်ထဲသို့ အတင်းဝင်ကာ မြေပြင်တွင် လဲကျနေသော ဂေါ်ရီလာ၏ ခန္ဆာကိုယ်ကို သွားလှန်လိုက်သည်။

“အား”

သူမသည် အလန့်တကြား ထပ်အော်လိုက်ပြီး တံခါးနားတွင်ရပ်နေသည့် baker၏ မျက်နှာကို ကြောက်လန့်တကြား ကြည့်လိုက်သည်။

“အရှင် baker”

“သူက သူကိုယ့်ကိုယ်ကို သက်သေလိုက်တာပဲ”

“ဘာ”

Bakerက မျက်မှောင်ကြုတ်သည့်။ သူသည် ဟာသတစ်ခုကို ကြားလိုက်ရသလိုမျိုး ခေါင်းကိုငုံ့လျှက် အတွင်းသို့ဝင်လိုက်သည်။

အောက်သို့ တစ်ချက် ငုံ့ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအကောင်သည် ကိုယ့်လည်ပင်းကိုယ် ညစ်သတ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ မျက်လုံးဟာ ပြူးကျယ်နေပြီး လက်ကလည်း လည်ပင်းကို ခပ်ကြမ်းကြမ်း ညစ်ထားသေးသည်။ ထူးဆန်းသော မျက်နှာကမူ သူ၏မျက်နှာတွင် နာကျင်မှုကို ခံစားရသည့် အမူအယာမျိုး မရှိနေခြင်း ဖြစ်သည်။

“နောက်ပြီး ဒါ နောက်ပြီး နောက်တစ်ကောင်ကလည်း...”

မိန်းမငယ်လေးက ခြေတစ်လှမ်းခန့် လှမ်းပြီးနောက်တွင် ထိပ်လန့်စွာနှင့် လှမ်းအော်သည်။ အကြောင်းမူကား နံရံကိုမူထားသော လှောင်အိမ်အတွင်းတွင် အခြားသော ဂေါ်ရီလာတစ်ကောင် ထိုင်နေကြောင်း မြင်လိုက်ရသည် ဖြစ်သည်။ ထိုအခါမှသာ သူတို့က တုန့်ပြန်လာသည်။ အစမှ အဆုံးထိ ဂေါ်ရီလာများသည့် အသံမထွက်ကြပေ။

ဝုန်း

Bakerက ထိုဂေါ်ရီလာကို ခပ်ကြမ်းကြမ်း သွားဆွဲလိုက်သည်။ ထိုအခါ ထိုအကောင်သည် မြေပြင်တွင် တိုက်ရိုက်လဲကျသွား၏။ ထို့နောက် သူ့အားမုန်းတီးမှု ပြင်းထန်နေသည့် မျက်လုံးတစ်စုံနှင့် ကြည့်လာသည်။

“ဟစ်”

Baker ကိုယ်တိုင်ပင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်လျှက် ထိုဂေါ်ရီလာ၏ နှဖူးကို ခက်ကြမ်းကြမ်း တက်နင်း‌ရင်း အော်သည်။

“သေစမ်း။ သူတို့ ကိုယ့်ကိုယ်ကို သတ်သေရဲတယ်။ သေလိုက်စမ်း သောက်သုံးမကျတဲ့ကောင်တွေ”

နံရံနားတွင် တိတ်တဆိတ်ထိုင်နေသော ထိုဂေါ်ရီလာကလည်း ကိုယ့်ကိုယ်ကို သတ်သေသွားသည်။ သူ၏မျက်နှာတစ်ခုလုံးက သွေးများ စိုရွှဲနေသည်။ သူသည် သူ့ခေါင်းသူ သံမဏိဘောင်နှင့် ဆောင့်ခဲ့‌ခြင်း ဖြစ်လောက်သည်။

Bakerက သံမဏိလှောင်အိမ်ထဲမှ ကုန်းထွက်လာပြီးနောက် အသက်ကို အငမ်းမရ ရှူသည်။ သူ၏အေးစက်သော မျက်လုံးများက အနီးနားရှိ တိရစ္ဆာန်များ နားသို့ရောက်သွားသည်။

235 03

“သွား ဒီဂေါ်ရီလာ နှစ်ကောင်ရဲ့ ခန္တာကိုယ်ကို ဆွဲထုတ်လာ”

မိန်းမငယ်လေးကို ကုန်းအော်ပြီးနောက်တွင် bakerက လက်ထဲမှ ကြာပွတ်ကို ဘေးဖက်သို့ လွှတ်ထုတ်လိုက်သည်။ ထို့နှောက် တစ်ဖက်ခြမ်းမှ အရိုးဓားတစ်လက်ကို သွားယူရင်း ကိုင်ထားလိုက်သည်။

“မင်းတို့အားလုံး သူတို့လို ဖြစ်ချင်နေကြတာမလား။ မဟုတ်ဘူးလား”

Bakerက သံမဏိလှောင်အိမ်ပေါင်းများစွာ၏ အရှေ့တွင် ရှေ့လျှောက်နောက်လျှောက် လုပ်နေရင်း တင်းမာစွာပြောသည်။ ထိုနေရာတွင်ရှိနေသော တိရစ္ဆာန်ငယ်လေးများက သူအချိန်တန်ကြာ လေ့ကျင့်ပေးထားသည့် တိရစ္ဆာန်များ ဖြစ်သည်။ အများစုကမူ သူပြောသော စကားများကို နားလည်နိုင်လေသည်။

“ဝူး”

အမွှေးများအနံ့ မီးလောင်ရာများ ပြည့်နှက်နေသော ကျားကြီးတစ်ကောင်က အော်ငြီးရင်း မြေပြင်တွင်လဲကျနေသည့် အလောင်း၂လောင်းကို ကြောက်လန့်မှု အချို့ဖြင့်ကြည့်လိုက်သည်။ ထို့နောက် နောက်သို့ ဆုတ်သည်။

“ဟမ်း ဟမ်း”

Baker က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ဓားကိုမြောက်လိုက် ဂေါ်ရီလာ၏ လည်ပင်းကို တိုက်ရိုက်ထိုးခုတ်ပြီး တစ်ခေါင်းလုံးကို ပြတ်ထွက်သွားစေလိုက်သည်။ ထို့နောက် ထိုခေါင်းကိုမယူသည်။

ထို့နောက် အရှေ့မှ ကျားလှောင်အိမ်၏ တံခါးကို ဖွင့်လိုက်ပြီး ပစ်ထည့်လိုက်သည်။

ဝုန်း

ထို့နောက် သူသည် အရိုးဓားကို ဆက်တိုက်ထိုးသွင်းရင်း ကျယ်လှောင်စွာအော်သည်။

“မြန်မြန်ဝါးစမ်း။ မြန်မြန်ဝါး”

“ငါ့အတွက် စားလိုက်စမ်းပါ”

ဝေါင်း

ကျားက သူ့ကို ကြောက်လန့်မှု အပြည့်ဖြင့် ကြည့်သည်။ ထို့နောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ ခန္တာကိုယ်တစ်ခုလုံးက တိတ်တဆိတ် တုန်ယင်နေလေသည်။

အရှေ့ရှိ ဂေါ်ရီလာ ၂ကောင်သည် သူနှင့် စင်တစ်ခုတည်းတွင် ဖျော်ဖြည်နေကျ ဖြစ်သည်။ သူတို့သည် မီးကွင်းကို ဝိုင်းလျှက် စက်ဘီးလေးများကို လှည့်ပတ် စီးပြရသည်။

မမျှော်လင့်ထားစွာပင်...

ဒါပေမဲ့ ဒီနှစ်ကောင်က ပိုပြီး သူ့ထက် သတ္တိရှိတာပဲ။ သူလည်း ကိုယ့်ကိုယ်ကို သတ်သေချင်တယ်။

ဒီလိုသတ်သေလိုက်ရတော့ သူတို့ စိတ်အေးသွားမှာပဲ သူတို့တွေ...သူတိူ့ တိရစ္ဆာန်တစ်ဖွဲ့က ဒီ circusထဲမှာ ဆိုးရွားတဲ့နှစ် ဘဝမှာ ရှင်သန်နေရတာပဲ။ နေ့တိုင်းက နှိပ်ဆက်ခံနေရတယ်။

မီးလောင်ဒဏ်ကို ခံနိုင်ရန်အလို့ငှာ သူတို့အရှေ့မှာ လေ့ကျင့်သူက သူတို့ကို အစပိုင်းတွင်ကတည်းက အလွန်နီရဲ ပူပြင်းသော သံမဏိနှင့် လေ့ကျင့်ပေးခဲ့သည်။

“ဘာလို့ မစားတာလဲ”

Bakerက နှာခေါင်းတစ်ချက်ရှုံ့လျှက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။

ထို့နောက် ခေါင်းကိုလှည့်ပြီး ဘေးဖက်ခြမ်းရှိ နှင်းကျားသစ်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးဟာ ရုတ်တရက် ပြူးကျယ်သွားသည်။

“သေစမ်း မင်းကငါ့ကို လှောင်ရဲတယ်”

အကြောင်းမူကား ထိုနှင်းကျားသစ်က သူ၏မျက်လုံးကြီးများကို ဖွင့်ကာ သူ့ကို အထင်သေးသော မျက်နှာဖြင့် စိုက်ကြည့်နေ ၍ဖြစ်သည်။ Bakerက ဒေါသထွက်သွားသည်။

ဝုန်း

Bakerက လှောင်အိမ်ကို ကန်ကာ အတွင်းသို့ ဝင်လိုက်ပြီး ခေါင်းကို ငုံ့ကိုင်းလျှက် အရိုးဓားဖြင့်ချိန်လိုက်သည်။

“မင်းသေချင်တာမဟုတ်လား”

“ဒါဆိုလည်း ငါကမင်းရဲ့ဆန္ဒကို ဖြည့်စီးပေးရမှာပေါ့”

“သေစမ်း ငါအမှိုက် တစ်တုံးဝယ်မိတာပဲ”

ဒေါသကြီးကြီး အော်ဟစ်ပြီးနောက်တွင် Bakerက အရိုးဓားကိုင်ထားသည့်လက်ကို တ‌ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

မြောင်း

နှင်းကျားသစ်က သူ၏ခေါင်းအထက်မှ အေးစက်သောအလင်းကို တိတ်တဆိတ်သာကြည့်ပြီး မျက်လုံးကို အသာမှိတ်လိုက်သည်။ ထို့နောက် ခပ်တိုးတိုး နှာမှုတ်လိုက်သည်။

ငါ တကယ်ကို ဆက်မစောငိ့နိုင်တော့ဘူး။

++++++ 236 01

အခန်း 236

“အရှင် Baker”ရုတ်တရက် လက်အောက်ငယ်သားတစ်ယောက်က အဝေးမှပြေးလာပြီး စိတ်လှုပ်ရှားစွာပြောသည်။

“လူတစ်ယောက် ဒီနေ့အတွက် လက်မှတ်တိုင်းကို စျေးကြီးပေးပြီး ဝယ်သွားတယ်။ ဒါပေမဲ့ “

“ဒါပေမဲ့ ဘာဖြစ်လဲ”Bakerရဲ့ မျက်နှာ အမူယာက ပြောင်းလဲသွားသည်။

သူတို့က circusထဲတွင် ထိုင်ခုံအလွှတ်များသည်။ သို့သော် လူတစ်ယောက်တည်းက လက်မှတ်များအားလုံးကို ဝယ်သွားပြီဆိုလျှင် ပိုက်ဆံအလွန်ရပေလိမ့်မည်။

“ဒါပေမဲ့...”

ထိုလက်အောက်ငယ်သားက အတွင်းရှိ နှင်းကျားသစ်ကို ကြည့်ပြီး လေသံကို တိုးကာပြောသည်။

“အဲဒီလူက တစ်ခုပဲ တောင်းဆိုတယ်။ သူက နှင်းကျားသစ် ဖျော်ဖြေတာကို ကြည့်ချင်တယ်တဲ့။ အဲဒီလိုမှ မဟုတ်ရင် လက်မှတ် မဝယ်ဘူးလို့ ပြောတယ်”

“မဖြစ်နိုင်တာ”Bakerက မျက်မှောင်ကြုတ်သည်။ ထို့နောက် ခေါင်းကို လှည့်လျှက် သေဆုံးလုနီးပါး ဖြစ်နေသည့် နှင်းကျားသစ်ကို ကြည့်လိုက်‌ကာ အေးစက်သော လေသံနှင့် ပြောသည်။

“ဒီကောင်ကို ယဥ်ပါးအောင် လုပ်မှမလုပ်ရသေးတာ။ သူက စင်ပေါ်မှာ ဖျော်ဖြေနိုင်မှာမဟုတ်ဘူး။ သူအခြား တိရစ္ဆာန်‌တစ်ကောင်ကောင် ဖျော်ဖြေတာကို မကြည့်ချင်ဘူးလားလို့ မမေးလိုက်ဘူးလား”

“မဖြစ်နိုင်လောက်ဘူးလို့ ကျွန်တော် ထင်တယ်။ အဲ့ဒီလူက လက်မှတ်ရောင်းသူထံကို ပိုက်ဆံတွေ အကုန်ပေးပြီးပြီ။ ကျွန်တော်တို့တွေ...”

Bakerက တံတွေးထွေးလိုက်ရင်း အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် တစ်ဖက်လှည့်ကာပြောသည်။

“မင်းတို့ လိုအပ်တာက နှင်းကျားသစ်ရဲ့ဖျော်ဖြေမှုပဲ။ အဲဒီလိုဆိုရင်လည်း...ငါ့မှာအကြံတစ်ခု ရှိတယ်။ မင်းတို့ သွားပြင်ဆင်ထားလိုက်။ အချိန်ကျလာတဲ့အခါ ငါ ကိုင်တွယ်လိုက်မယ်”

ထိုသို့ပြောပြီးသောအခါ သူဟာ ခေါင်းကို ငုံ့ကိုင်းလျှက် သံမဏိလှောင်အိမ်ထဲသို့ ဆက်ဝင်လိုက်သည်။

.....

ဆုပိုင်သည် circusအတွင်း လမ်းလျှောက်ရင်း အနားရှိ စိတ်လှုပ်ရှားနေသော လူများကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ဘေးဘီကို ကြည့်သည်။ Circusတွင် သုံးသမျှ ပစ္စည်းများက ဆွေးမြေ့အိုဟောင်းနေပြီ ဖြစ်ပြီး လုပ်ဆောင်မှု အများစုဟာ အဆင့်မြင့်တင်ထားခြင်း မရှိချေ။ သို့သော်...။

“ငါကြားထားတဲ့အတိုင်းဆိုရင် Bakerက နှင်းကျားသစ်တစ်ကောင်ကို ဝယ်လာပြီး ယဥ်ပါးအောင် လုပ်မယ်တဲ့”

“ဟားဟား မင်းတို့ လာနောက်နေတာလား။ နှင်းကျားသစ်ကို ယဥ်ပါးအောင် လုပ်လို့ရတယ်လို့ တစ်ခါမှ မကြားဖူးသေး။ ကုတ်အင်္ကျီအဖြစ် ပြောင်းလဲသွားတာ မကောင်းဘူးလား”

“ဒါပေမဲ့ ဒီလို တိရစ္ဆာန်မျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူးလေ။ ဒီနေ့ကတော့ ကြည့်ဖို့ အခွင့်ရေးရပြီထင်တယ်။ ငါ ကြားထားတဲ့အတိုင်းဆို နှင်းကျားသစ်ရဲ့ အမွှေးက တော်တော်လေးကို စျေးကြီးနေတာ။ Bakerက ယဥ်ပါးအောင် မလုပ်နိုင်ရင် အမွှေးရောင်းရုံပဲ ရှိတာပဲ။ ဘာပဲဖြစ်ဖြစ် ခြုံလွှာတော့ရမှာပဲ”

အနားရှိလူများ၏ တီးတိုးပြောစကားများကို နားထောင်ရင်း ဆုပိုင်၏ မျက်နှာဟာ ပို၍သာ သုံမှုန်လာသည်။ သေချာပေါက် မျှော်လင့်ထားစွာပင် ဒီနေရာရှိလူများက နှင်းကျားသစ်အမွှေးကို ထိုမျှအထိ သဘောကျနေကြသည်။

“ဟစ်”

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ပွဲကြည့်စင်ထံ လျှောက်သွားလိုက်သည်။ ထို့နောက် ရှေ့ဆုံးတန်းတွင် ထိုင်ချလိုက်ရင်း circusစမည့်အချိန်ကို တိတ်တဆိတ် စောင့်နေလိုက်သည်။

“ဝေါင်း”

အချိန်အတန်ကြာပြီးနောက် သားရဲတစ်ကောင်၏ ဟိန်းသံက ထွက်လာသည်။ ထို့နောက် တစ်ကိုယ်လုံးအနက်ရောင် ‌အမွှေးများပြည့်နှက်နေသော ကြီးမားသော ခွေးကြီးတစ်ကောင်က စင်နောက်ဖက်မှ တက်လာသည်။ သို့သော် လှမ်းသည့် ခြေလှမ်းတိုင်းဟာ အလွန်အမင်း ခက်ခဲနေပုံရသည်။

236 02

သူ၏ ခန္တာကိုယ်တွင်လည်း ကြိုးများကို တင်းတင်းချည်နှောင်ထားပြီး အနောက်ဖက်တွင် လူ၅ယောက်ပါသည့် ရထားလုံးကို ဆွဲလာရသည်။

ဖြောင်း

ရထားလုံး၏အလယ်တွင် သက်လက်ပိုင်းအရွယ် လူဝကြီးတစ်ယောက်က ထိုင်နေသည်။ သူသည် လက်ထဲမှ ကြာပွတ်ကြီးကို လှမ်းရမ်းလိုက်၏။

လွှဲရမ်းချက်တိုင်းနှင့် ရိုက်ချက်များ ရောက်ရှိလာသည်တိုင်းတွင် အနက်ရောင်ခွေး၏ ခန္တာကိုယ်ဟာ တုန်ယင်သွားကြောင်းမြင်နိုင်သည်။

“သေစမ်း”

ဆိုပိုင်က အော်ဟစ်လိုရင်း စင်ပေါ်မှ တိရစ္ဆာန် ယဥ်ပါးသူကို ကြည့်လိုက်သည်။ ထို့နောက် လူအချို့က ခပ်မြန်မြန် ဆင်းသက်လာရင်း မြေပြင်တွင် မီးပုံများကို မွှေးကြသည်။ မီးကွင်းအချို့ကိုလည်း လေထဲတွင် တပ်ဆင်ရင်း လောင်ကြွမ်းစေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် circus စင်မြင့်တစ်ခုလုံးက တောက်ပထည်ဝါလာသည်။

“နောက်ထပ် ကျားကို ဖတ်ခေါ်ရအောင်”

ဖြောင်း

Bakerက လက်ထဲမှ ကြာပွတ်ကို မြှောက်လိုက်သည်။

ဝေါင်း

စင်နောက်ဖက်မှ ကျားဟိန်းသံကို ကြားရသည်။ ထို့နောက် ခပ်ထိုင်းထိုင်း အမွှေးအရောင်များနှင့် အသက်မဲ့သော အကြည့်ကို ပိုင်ဆိုင်ထားသည့် ကျားတစ်ကောင်ဟာ တ‌ဖြည်းဖြည်းချင်းဆီ ထွက်လာသည်။

သူသည် Bakerဆီ တစ်လှမ်းချင်းဆီ လျှောက်သွားကာ ကြောက်လန့်မှု အပြည့်ဖြင့် ကြည့်သည်။ ထို့နောက် မြေပြင်တွင် နာခံစွာ လဲချလိုက်သည်။

“နာခံတယ်”

Bakerက နှဖူးကို တစ်ချက်ကို ပွတ်လိုက်ပြီးနောက် ကျား၏ ဖျော်ဖြေမှုကို အလွန်ကျေနပ်သွားပုံ ရသည်။ ထို့နောက် သူသည် အောက်ဖက်မှ လူအုပ်ကို ကြည့်လိုက်ပြီး အသာဂါဝရပြုလျှက် အပြုံးနှင့် ပြောသည်။

“showက သိပ်မကြာခင် စတင်မှာပါ။ ဒါပေမဲ့...”

“အခုတလော လူအများစုကလည်း ငါBakerက နှင်းကျားသစ်ကို ဝယ်ထားမှန်းသိ နေကြသည်။ ဒီနေ့ ဒီနေရာမှာ ဒီ Baker အိုကြီးက နှင်းကျားသစ်ကို ယဥ်ပါးအောင်လုပ်မှု ကျရှုံးသွားတယ်လို့ပဲ နောင်တအပြည့်နှင့် ပြောရတော့မယ်”

ထိုစကားလုံးများက ထွက်လာပြီးပြီးချင်း အောက်ဖက်ရှိလူအုပ်က ကျယ်လောင်စွာ ဆွေးနွှေးကြသည်။

“ဒါဆိုရင်လည်း လက်မှတ်ကို ပြန်အမ်းလေ။ ငါတို့က ဒီကျားကို ကြည့်နေရတာကြာပြီ။ ပျင်းစရာ ကောင်းတယ်။ ငါတို့က နှင်းကျားသစ်ပဲ ကြည့်ချင်တယ်”

“ဟုတ်တယ်။ ဟုတ်တယ်။ baker အိုကြီး။ နှင်းကျားသစ်မရှိရင် ငါတို့က လက်မှတ်ငွေကို ပြန်လိုချင်တယ်”

ဒီကျားက မီးကွင်းထဲမှာ ခုန်ပြတာက စိတ်ဝင်စားဖို့ မကောင်းတော့ဘူး။ ဟုတ်ပြီလား။ ငါ့ရဲ့ကလေးတွေတောင် ရိုးနေပြီ”

“မစိုးရိမ်ပါနဲ့ အားလုံးပဲ”

အောက်ဖက်ရှိ လူအုပ်၏ ဒေါသထွက်မှုကို မြင်သောအခါ Bakerက ဒေါသ မထွက်သွားဘဲ ပြုံးကာဆက်ပြောသည်။

“ဒါဆိုရင်လည်း နှင်းကျားသစ်ရဲ့ ပြပွဲကို ပြမှာပါ။ ဒါပေမဲ့ တော်တော်လေးကို ကြမ်းတမ်းတဲ့ Showတော့ ဖြစ်လိမ့်မယ်”

“သေရေးရှင်ရေး ပြိုင်ပွဲ”

“ငါ Bakerအိုကြီးက နှင်းကျားသစ်ရဲ့ အမွှေးကိုသာ လူအုပ် ကျေနပ်စေဖို့အတွက်နဲ့ လက်လျော့ဖို့ စဥ်းစားထားတာ။ ဒီတော့ မင်းတို့တွေလည်း နှင်းကျားသစ်ရဲ့အမွှေးက ဘယ်လောက် တန်ကြေးကြီးမှန်း သိလောက်တယ်။ ခဏနေဦး...ငါမင်းတို့ကို စိတ်မပျက်စေရဘူး”

သူ၏ ပါးစပ်နားတွင် လက်ညိုးကို အသာကပ်ပြီးနောက်တွင် အိုကြီးက ဘေးဖက်ရှိ လူများကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

သူသည် backgroundကိုတောင် အချိန်အတန်ကြာ တွေးထားပြီးသားဖြစ်သည်။

နှင်းကျားသစ်သည် ထိမ်းချုပ်မှု လွှတ်ကင်းနေပြီးသား ဖြစ်သည်။ ထို့ကြောင့် အချိန်တန်ကြာအောင် တွေးမိပြီးနောက်တွင် Bakerက ကြမ်းတမ်းသောသားရဲနှင့်် တိုက်ခိုက်သည့် ပြိုင်ပွဲကို စတင်ရန် ဆုံးဖြတ်လိုက်သည်။

236 03

မည်သို့ပင်ဆိုစေ နှင်းကျားသစ်ကသာ သေသည်အထိ အကိုက်ခံရလျှင် အောက်ဖက်ရှိ လူအုပ်ကို ရန်စမိမည် မဟုတ်ပေ။

“ဘယ်လောက် ကြမ်းတမ်းတဲ့ကောင်လဲ”

ခပ်တိုးတိုးဆဲရေးသော စကားကိုဆိုပြီးနောက်တွင် Bakerက လက်ထဲမှ ကြာပွတ်ကို မြှောက်သည်။

ဖြောင်း

ဝေါင်း

သူသည် ကျား၏ကျောကို ခပ်ကြမ်းကြမ်း ရိုက်ချလိုက်ပြီးနောက်တွင် အရှေ့ဖက်တွင် နီရဲနေသော မီးသွေးတုံးများကိုပြလျှက် ကျယ်လောင်စွာပြောသည်။

“ဒီကျားက အိုနေပြီး နောက်ပြီး သုံးထားတာလည်း ကြာပြီဆိုတော့ ဒီBakerက လူတိုင်းကို လုံလောက်အောင် ပြပြီးပြီလို့ယူစတယ်။ ဒါပေမဲ့...”

“ဒီနေ့ ငါတို့က မီးကွင်းကို မဖြတ်ခိုင်းတော့ဘူး။ အဲ့ဒီအစား မီးသွေးမီးကို နင်းခိုင်းမယ်”

“အားလုံးပဲ အနီးကပ်ကြည့်ရှုကြပါ။ ဒါက အစစ်မှန် မီးသွေးမီး။ အပေါ်တက်နင်းလိုက်တာနဲ့ အသွေးတွေအသားတွေ ဆွဲဖြဲခံရမှာပဲ။ ဒါပေမဲ့ ငါBakerအိုကြီးက တစ်ဘဝလုံး တိရစ္ဆာန်တွေကို လေ့ကျင့်ပေးလာတာဆိုတော့ ဒီလောက်ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရရင်တောင်မှ ဒီ‌ကျားက ခြေတစ်လှမ်း နောက်မတွန့်ဘူးလို့ ပြောရဲတယ်။ မင်းတို့ ယုံကြလား”

ကျွတ်

ဆုပိုင်၏ မျက်လုံးများဟာ မေးကျဥ်းသွားပြီး စင်ပေါ်ရှိ မီးသွေးမီးပုံကို ကြည့်လိုက်သည်။ ထို့နောက် ကျား၏ ထိုင်းမှိုင်းသော အမူအယာကို ကြည့်လျှက် အံကို ကြိတ်နေမိသည်။

မမျှော်လင့်ထားစွာပင် ဒီ circusဟာ ရက်စက်လွန်းသည်။

ရိုးရှင်းစွာဖြင့် ကျားကို သေခိုင်းနေခြင်း ဖြစ်သည်။

ထိုမီးသွေးမီးပေါ် ဖြတ်လျှောက်သွားခဲ့သော် သူ၏လက်သည်းတစ်ခုလုံးက လောင်ကြွမ်းသွားပေလိမ့်မည်။ ဆုပိုင်သည်ပင် အရှေ့မှ ယဥ်ပါးပေးသူက ထိုဒဏ်ရာများကို ကုပေးမည်ဟု မယုံကြည်ပေ။

သိသာစွာပင် ထိုကျားက အိုနေလေပြီ။ ထို့နောက် လူအုပ်၏ အာရုံကိုလည်း မဆွဲဆောင်နိုင်တော့ချေ။

“ကောင်းပြီ bakerအိုကြီး။ ဒီကျားက အသေခံမယ်လို့တော့ ငါမယုံဘူး”

“သူက တကယ်ပဲ ခြေတစ်လှမ်းတောင် နောက်မဆုတ်ရဲဘူးလား။ ဒါဆိုရင်လည်း ငါမင်းဆီက တစ်လစာ လက်မှတ်တွေ ဝယ်မယ်”

“ဟားဟား ဒါက ကြည့်လို့ ကောင်းမှာပဲ။ ဒီကျားက မင်းကို တကယ်ပဲ ကြောက်မလားဆိုတာ ငါစောင့်ကြည့်ဦးမယ်”

ထိုစကားကို ကြားသောအခါ အောက်ဖက်ရှိ ကြည့်ရှူသူများက မျက်လုံးများ ပြူးကျယ်စွာနှင့်ပြောကြသည်။ သူတို့သည် စိတ်လှုပ်ရှားသွားကြသည်။ လူအများစုက မတ်တပ်ပင်ထရပ်ပြီး ကျားကို ကြည့်ကြသည်။

ဖြောင်း

bakerက သူ၏ကြာပွတ်ဖြင့်ထပ်ရိုက်ပြန်သည်။ ထိုသို့ဖြင့် ကျား၏ကျောတွင် အနီရောင်များက များလာသည်။

သူက ကျယ်လောင်စွာ အော်သည်။

ကျားက နောက်သို့လှည့်လျှက် အောက်ဖက်မှ စိတ်လှုပ်ရှားစွာ ‌အော်ဟစ်အားပေးနေသည့် လူအုပ်ကို ကြည့်သည်။ သူ၏ ကျောပြင်တွင်လည်း ကျိမ်းတက်နေပြီး နာကျင်မှုကို ခံစားနေရသေး၏။ ဒီမနက်တွင် ဂေါ်ရီလာ နှစ်ကောင်က သေသွားသည်။ ထိုပုံရိပ်က သူ၏ စိတ်အတွင်းပေါ်လာသည်။

ဝေါင်း

ထို့နောက် မြေပြင်မှ တ‌ဖြည်းဖြည်းချင်းဆီ ထရပ်လိုက်သည်။

သူသည် ခေါင်းကိုလှည့်လျှက် အနောက်ဖက်မှ ကြာပွတ်ကိုင်ထားသော လူသားကို ကြည့်ကာ သူ၏ မျက်လုံးကို ပြူးလိုက်သည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်း လှမ်း၏။

[ဖာ့ခ် ဒါကတကယ်ပဲ လူသားတစ်ယောက် ဟုတ်သေးရဲ့လား။ အဲ့ဒီ အပေါ်ကို တက်သွားတဲ့ တိရစ္ဆာန်တစ်ကောင်က ဘယ်လိုများရှင်သန်နိုင်မှာလဲ။ ဒါကcircus ဟုတ်လား။ သွေးသံတရဲရဲ မြင်ကွင်းတွေ များလွန်းတယ်]

[ဒါမဟုတ်သေးဘူး။ စာပေထဲက circusက တိရစ္ဆာန်တွေကို အရမ်းရင်းနှီးတာမျိုး မရှိပေမဲ့လည်း ဒီလောက် အထိတော့ မဟုတ်သေးပါဘူး]

[ငါလူး ငါ တအားစိတ်တိုနေပြီ။ ဒီတိရစ္ဆာန်လေ့ကျင့်ပေးတဲ့သူက သောက်ကျိုးနည်း အမှိုက်ကောင် ဖြစ်နေတာပဲ။ သူက တိရစ္ဆာန်တွေကို ပိုက်ဆံရှာတဲ့ ပစ္စည်းတွေလို ဆက်ဆံနေရုံမကသေးဘဲ သူ့ရဲ့မျက်လုံးထဲမှာ ဒီတိရစ္ဆာန်တွေရဲ့ အသက်ကိုတောင် အလေးနက်မထားဘူး]

[ဒါရိုက်တာ ဆုပိုင် ကျေးဇူးပြုပြီး အမြန်လေး လှုပ်ရှားပေးပါ။ အခုမလှုပ်ရှားဘူးဆို ကျားက သေတော့မှာ]

[ကျားရဲ့ မျက်လုံးတွေကို ကြည့်ပါဦး။ သူက သိသိသာသာကိုပဲ သူကဆက်ပြီး အသက်မရှင်ချင်တော့ဘူး။ ဒီလေ့ကျင့်သူကို မဖီဆန်ရဲလောက်အောင် ဒီလောက်ထိ ကြောက်သွားအောင် ဘယ်လိုတောင် နှိပ်ဆက်ထားခဲ့သလဲမှ မသိတာ]

[အား ကျားတောင်မှ ဒီလို အခြေအနေမျိုးကို ရောက်နေခဲ့မယ်ဆိုလျှင် နှင်းကျားသစ်ဆိုရင် တွေးတောင် မတွေးရဲဘူး။ ငါတွေးကြည့်ဖို့တောင် တအားကြောက်တယ်]

.....

++++++ 237 01

အခန်း 237

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများက ခေါင်းကို မော့လျှက် ရင်ဘက်ကိုကော့ပြီး မီးသွေးများထံ လျှောက်သွားသည့် ကျားကို ကြည့်လိုက်ကာ အလွန်ရှုပ်ထွေးသော ခံစားချက်များကို ခံစားလိုက်ရသည်။

ကျူးကျော်သူများကလွဲပြီး တိရစ္ဆာန်များကို ထိုသို့ဆက်ဆံသည့် လူသားများက ရှိနေဦးမည်ဟု ထင်ထားကြသည်။ ဒါဟာ လူမဆန်သော လုပ်ရပ်ဖြစ်သည်။

ဝေါင်း

ကျားက တစ်ခါထပ်ဟိန်းသည်။ သူ၏မျက်လုံးများ အသာကျဥ်းမြောင်းသွားပြီး‌နောက်တွင် အရှေ့မှ မီး‌သွေးကိုကြည့်ဟာ လက်သည်းကို အသာ‌မြှောက်လိုက်သည်။

ဖြစ်နိုင်တာက...

သူသာ လူသားတွေ ဖမ်းဆီးတာကို မခံခဲ့ရရင် ဒီလို အခြေအနေထိ ရောက်လာခဲ့မှာ မဟုတ်ဘူး။

သူသာ အစကတည်းက လက်မလျော့ခဲ့ဘူးဆိုရင် ရလဒ်က ဒီလို မဖြစ်လာလောက်ဘူး။

ဒါပေမဲ့...

ကံဆိုးတာက နောက်ပြန်လှည့်လို့ မရနိုင်ဘူး။ သူဟာနော က်သို့တစ်ချက်လှည့်ပြီး စင်အနောက်ဖက်သို့ကြည့်သည်။ ထိုအခါ အနောက်ဖက်တွင် အပိတ်ခံလိုက်ရသည့် နှင်းကျားသစ်ကို တွေ့လိုက်ရသည်။

အဲ့ဒီနောက်...

မနေ့က ကတည်းက နှင်းကျားသစ်က ထိုလူသားအား အသေခံပြီး ဖီဆန်နေခဲ့ကြောင်း မြင်ခဲ့ပြီး ဖြစ်သည်။ ထိုလူသားက နည်းလမ်းမျိုးစုံ ကြိုးစားခဲ့သည့်တိုင်အောင် နှင်းကျားသစ်က အညံ့မခံခဲ့ပေ။

ဒါက...သူတို့က ဒီလိုပဲဖြစ်သင့်တာ။

ဖြောင်း

အရှေ့မှ အကောင်က တုန့်ဆိုင်းနေကြောင်း မြင်သောအခါတွင် Bakerက ကြာပွတ်ဖြင့် ထက်ရိုက်ရင်း ခပ်ကြမ်းကြမ်းအော်သည်။

“မြန်မြန်သွားလေ”

“မင်းရဲ့ သတ္တိကိုပြပြီး တက်နင်းလိုက်စမ်း”

“ဟုတ်တယ်။ ဟုတ်တယ်။ တက်နင်းလိုက်”

ရုတ်တရက် အောက်ဖက်မှ လူအုပ်က စိတ်လှုပ်ရှားစွာနှင့် ကျားကို လှမ်းအော်သည်။

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး လက်သည်းမြှောက်လိုက်သည့် ကျားကိုကြည့်ကာ နေရာမှ ခပ်မြန်မြန် ထရပ်သည်။ ထို့နောက် ခြေတစ်လှမ်းတည်းနှင့် စင်ပေါ်သို့ ခုန်တက်လိုက်သည်။

သူသည် အရှေ့မှ ကျားကို လှမ်းဆွဲလိုက်ပြီး အောက်ဖက်မှ လူအုပ်ကို ပြုံးလျှက် ပြောသည်။

“ငါ ဒီကျားကို လိုချင်တယ်”

“ငါဒီနေ့ တစ်နေ့လုံးစာအတွက် လက်မှတ်အဆောင်တိုင်း တန်ကြေးကို ပေးပြီး ဝယ်ထားတာ။”

“မဟုတ်သေးဘူး။ ငါက ဘာလက်မှတ်ခကို လိုမှာလဲ။ ငါက ဒီအတိုင်း ဒီကျားက bakerရဲ့ စကားကို နားထောင်တာ မဟုတ်ဘဲ ကြည့်ချင်တယ်”

“ဟုတ်တယ်။ ဟုတ်တယ်။ မင်းက ဘယ်က လာတဲ့ကောင်လဲ။ အခုချက်ချင်း ထွက်သွားလိုက်။ ငါတို့ showပွဲကြည့်တာကို လာမနှောက်ယှက်နဲ့”

“Baker မင်းရဲ့ circusက ဘယ်လိုကြောင့် ရှုပ်ထွေးနေတာလဲ”

237 02

ဆုပိုင်က ခုန်တက်လိုက်သည့် အခိုက်တန့်တွင် အောက်ဖက်က ကြည့်ရှုသူများက ပွက်လောရိုက်သွားပြီး စတင်ကာ အော်ဟစ်ကျိန်ဆဲကြသည်။

လူအများစုမျက်နှာက ခက်ထန်နေကြပြီး အပေါ်မှစင်ထိ ပြေးတက်လျှက် ကျားကို မီးသွေးပုံထဲသို့ ထိုးထည့်ချင်နေပုံ ရသည်။

“မင်းက ဘယ်သူလဲ။ မြန်မြန်ဆင်း”

Bakerက အရှေ့မှ လူငယ်ကို ကြည့်ပြီး အေးစက်စွာဖြင့် ဆူပူလိုက်သည်။

“မင်း circus စင်မြင့်ပေါ် တက်လို့ မရဘူး”

“ဆင်း”

‌”သေစမ်း”

ဖြောင်း

သူက ကြာပွတ်ကို ထပ်မြှောက်လျှက် ကားကို ခပ်ကြမ်းကြမ်း ရိုက်သည်။ ထို့နောက် ဆုပိုင်၏ ခြေထောက်နားတွင် သုန်မှုန်‌သော မျက်လုံးများနှင့် လဲနေသော ကျားကို ကြည့်လျှက် အော်ဟစ်လိုက်သည်။

“ထရပ်စမ်း”

“အဲဒီကို အခုချက်ချင်းသွား”

ကြာပွတ်ကို ထပ်မြှောက်လိုက်ကြောင်း မြင်ချိန်တွင် ဆုပိုင်က ကြာပွတ်ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် မျက်လုံးကို မှေးကျဥ်းလျှက် ပြုံးပြီးပြောသည်။

“ငါတန်ကြေးရဲ့ အစတစ်ရာပေးမယ်။ ငါ ဒီကျားကိုပဲ လိုချင်တယ်”

“မင်းက...ဆက်လက်ပြီး ဖျော်ဖြေခိုင်းနေဦးမယ်ဆိုလည်း ငါက တန်ကြေးရဲ့ အစ တစ်ထောင် ပေးရုံပေါ့။ ငါမင်းတို့ရဲ့ circusတစ်ဖွဲ့လုံးကို ဝယ်မယ်”

“မင်း...”

Bakerရဲ့ မျက်နှာဟာ ရုတ်တရက် ပြောင်းလဲသွားသည်။ အ‌ရှေ့မှ လူငယ်ဟာ မလိမ်ကြောင်း မြင်လိုက်ရ၏။

“အရှင် Baker ဒါက ဒါက နှင်းကျားသစ်ကို ကြည့်ချင်လို့ လက်မှတ်တွေ အားလုံးကို ဝယ်မဲ့သူပါ”

ထိုအချိန်တွင် အနီးနားတွင် ရပ်နေသော circus ဝန်ထမ်းက သတိကပ်လျက် အရှေ့သို့ အပြေးလာပြီး လေသံကို တိုးကာပြောသည်။

ထိုအခါ Bakerက အောက်ဖက်ရှိ လူအုပ်ကို ကြည့်လိုက်ပြီး အံကိုကြိတ်ကာ ပြောလိုက်သည်။

“ထွက်သွားစမ်း”

“မင်းက ဒီအကြောင်းပြချက်ကို သုံးပြီး ငါ့ကိုစရဲတယ် ဟုတ်လား။ သောက်ကျိုးနည်းကျား ဒီကိုလာ”

သူသည် လူပေါင်းများစွာ၏ အရှေ့တွင် ထိုအကြောင်းရာကို သဘောမတူနိုင်ပေ။

သူသည်လည်း ရှေ့မှ လူငယ်က ထိုမျှ များပြားသော ပိုက်ဆံကို ပိုင်ဆိုင်ထားခြင်း ရှိမရှိ မသေချာသော်လည်း အနာဂါတ်တွင် ဒီနေရာတွင် ဆက်လက်ရှင်သန်နိုင်ရန် အလို့ငှာ ဟန်ဆောင် ပြောရပေတော့မည်။

Bakerသည် သားရဲများကိုသာ ယဥ်ပါးနည်းလမ်းကိုသာသိပြီး အခြားစွမ်းရည်လည်း မတတ်ပေ။ ထို့ကြောင့် ဆုပိုင်၏ တောင်းဆိုမှုကို သဘောတူနိုင်ခြင်း မရှိပေ။

ဖြောင်း

သူသည် ကြာပွတ်ကို ပြန်ဆွဲယူလျှက် ထက်မြှောက်လိုက်သည်။

ဝေါင်း

ထိုအချိန်တွင် မြေပြင်တွင် လဲနေသောကျားက ရုတ်တရက် အော်ဟစ်လိုက်ရင်း မြေပြင်မှ ခုန်ထသည်။

သူသည် Bakerကို သွေးနီရောင် သန်းနေသော မျက်လုံးတစ်စုံနှင့်ကြည့်လျှက် သွေးလွှမ်းသောပါးစပ်ကြီးကို ဖြဲလျှက် ခုန်အုပ်လိုက်သည်။

“သေချင်နေတာပဲ”

Bakerက ထိုအခြေအနေကို မြင်သောအခါ မှင်သက်သွားသည်။ ထို့နောက် ကြာပွတ်ကို ခပ်ကြမ်းကြမ်းမြှောက်ကာ ရိုက်သည်။ သို့သော်...

ဒီတစ်ကြိမ်တွင် အခြေအနေဟာ အတိတ်ကနှင့် မတူတော့ချေ။

ကျားသည် ယခင်က ကဲ့သို့ ကြောက်ရွံ့သော မျက်နှာထားမျိုးကို မပြချေ။ ထိုအပြင် သူ၏မျက်လုံးဟာ ပြောင်းလဲသွားခြင်းပင် မရှိချေ။

237 03

Bakerက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ထို့နောက် သူ့ကို ခုန်အုပ်လာသည့် ကျားကို ကြည့်ကာ ခြောက်ခြားလာသည်။

“ကယ်ပါ”

သူသည် တစ်စုံတစ်ရာကို တွေးမိသလိုမျိုး အော်လိုက်သည်။ ထို့နောက် နောက်သို့ လှည့်ပြီး ပြေးသည်။

ဝုန်း

သို့ရာတွင် ကျားသည် အိုမင်းနေပြီး ဒဏ်ရာများ ပြည့်နှက်နေသည့်တိုင်အောင် လူသားတစ်ယောက်က ယှဉ်နိုင်သည့် အနေအထားမျိုး မဟုတ်သေးပေ။

ထို့ကြောင့် သူသည် Bakerကို မြေပြင်ပေါ်သို့ ချက်ချင်းလိုလို ဆွဲလဲလိုက်ပြီး အောက်ဖက်ရှိ တုန်ယင်နေသော လူသားကို ကြည့်သည်။

ဝေါင်း ဝေါင်းဝေါင်း

ကျားက စူးရှစွာအော်ဟသ်ပြီးနောက် ပါးစပ်ကြီးကိုဖြဲကာ ထက်ရှသောအဆွယ်များကို ထုတ်ဖော်လိုက်သည်။

“မဟုတ်ဘူး”

Bakerက အော်ဟစ်သည်။

ခရက်

ကျားက သူ၏မျက်နှာတစ်ခုလုံးကို ခပ်ကြမ်းကြမ်း ဆွဲဖြဲလိုက်သည်။ ထို့နောက်...

ပွဲကြည့်စင်တွင် ရပ်နေသောလူများက မျက်လုံးပြူးကျယ်စွာ ထိုအခိုက်တန့်ကို ကြည့်နေကြသည်။ မည်သို့ပင်ဆိုစေ သားရဲယဥ်ပါးသူက ကျားကြောင့် သေသည်အထိ ကိုက်သတ်ခံနေရခြင်းဖြစ်သည်။

ဒါက...

“အား အား အား လူသေသွားပြီ။ လူသေသွားပြီ။ လူတွေဘယ်မှာလဲ လူတွေဘယ်မှာလဲ။ မြန်မြန်လာကယ်ကြပါ”

“ငါ အပြင်ကို ထွက်ချင်တယ်။ ငါ အပြင်ကို ထွက်ချင်တယ်။ Bakerက မျိုးမစစ်ကောင်ပဲ။ သူက တိရစ္ဆာန်တစ်ကောင်ကိုတောင် မထိန်းသိမ်းနိုင်ဘူး။”

“ကယ်ကြပါ။ ကယ်ကြပါ။ မြန်မြန်လေး ကျားကိုသတ်ဖို့ အမဲလိုက်သမားတွေကို အကြောင်းကြားလိုက်စမ်း”

ရုတ်တရက် အောက်ဖက်ရှိ လူအုပ်က ပွက်လောရိုက်သွားသည်။ ထို့နောက် သူတို့က နောက်လှည့်လျှက် ပြေးကြသည်။

ဆုပိုင်က သူ၏လျှင်မြန်စွာ ခုန်နေသည့် ရင်ဘက်ကို ဖိလိုက်ရင်း မှင်သက်သောပုံစံနှင့် ထိုင်နေသည့် ကျားကို ကြည့်သည်။ ထို့နောက် စင်နောက်ဖက်သို့ ခပ်မြန်မြန် ပြေးသည်။ circusတစ်ခုလုံးက ရှုပ်ထွေးနေသည်။ သိပ်မကြာခင် အာဏာပိုင်များ သို့မဟုတ် အမဲလိုက်သမားများ ရောက်လာလောက်သည်။ ထို့ကြောင့် ဒီအချိန်အတောအတွင်း နှင်းကျားသစ်ကို ခေါ်သွားရပေမည်။

ထို့နောက် ဒီcircusအတွင်းမှ သနားစရာကောင်းသော တိရစ္ဆာန်များ....

စင်အနောက်ဖက်ရှိ အဝတ်ကို မတင်လိုက်ပြီးနောက်တွင် ဆုပိုင်သည် စင်အနောက်ဖက်သို့ အပြေးသွားကာ အတန်းလိုက်စီထားသော လှောင်အိမ်များကို မြင်လိုက်ပြီး သူ၏မျက်နှာဟာ ပြောင်းလဲသွားသည်။ တစ်ကောင်ချင်းဆီတိုင်း၏ ကိုယ်တွင် ဒဏ်ရာများက ပြည့်နှက်နေသည်။ အချို့ဆိုလျှင် ဒုက္ခိတဖြစ်သည်အထိ အရိုက်ခံထားရသည်။

ထို့နောက်...

ပို၍ ခံစားရသည်မှာ အဝေးတွင် သစ်သားဘုတ်ပြားကြီးရှိနေပြီး ထိုဘုတ်ပြား၏ အရှေ့တွင် ဂေါ်ရီလာ၂ကောင်၏ အလောင်းများကို တွဲချည်ထားသည်။

မျက်လုံးများပြူးကျယ်နေသော ခေါင်းနှစ်ခေါင်းကိုလည်း အပေါ်တွင် ချိတ်ဆွဲထားသေးသည်။

“နှင်းကျားသစ်”ဆုပိုင်က အော်ရင်း အပြေးသွားသည်။

သံမဏိလှောင်အိမ် တစ်ခုပြီးတစ်ခုကို ကျော်ဖြတ်လိုက်ပြီး နောက်ဆုံးတွင် နှိပ်စက်ခံထားရသော အကောင်ကို မြင်လိုက်ရသည်။

“သားရဲကောင်ပဲ”

ဆုပိုင်သည် အော်ဟစ်ပြီးနောက်တွင် သူ၏နီရဲနေသော မျက်လုံးများကို တစ်ချက် သုတ်လိုက်သည်။ ထို့နောက် တုန်ယင်စွာနှင့် သံမဏိလှောင်အိမ်ကိုဖွင့်လျှက် ကုန်းဝင်လိုက်သည်။

++++++

All Chapters