အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
238 01
အခန်း 238
“နှင်းကျားသစ်”
တဖြည်းဖြည်းချင်းစီ ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက်တွင် နှင်းကျားသစ်၏ နှဖူးကို အသာပွတ်ပေးလိုက်သည်။
မြောင်
နှင်းကျားသစ်က ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို ခပ်တိုးတိုးကြားလိုက်ရသည်။ သူဟာ မျက်လုံးကို ခက်ခက်ခဲခဲ ဖွင့်လိုက်ပြီးနောက် ရှေ့မှလူသားကို ကြည့်လိုက်သည်။
ဘယ်လို ဖြစ်နိုင်မှာလဲ။
မြောင်း
“ငါ မင်းကို စောင့်နေခဲ့တာ။ ငါ အသက်ရှင်တုန်းပဲ။ ငါ အသက်ရှင်နေတုန်းပဲ”
“အသက်ရှင်နေတုန်းပဲ။ ငါ ဒီလိုမျိုး ထပ်မဖြစ်ချင်တော့ဘူး”
ဆုပိုင်က နှင်းကျားသစ်၏ အားနည်းသော အသံကို နားထောင်ရင်း သူ၏မျက်လုံးများက စိုဆွတ်လာသည်။
မမျှော်လင့်ထားစွာပင် ထိုအကောင်ဟာ သေသည်အထိ အညံမခံလိုခဲ့ချေ။ လက်စသက်တော့ သူ့ကို စောင့်နေခဲ့တာပဲ။
“လာ”
သူက ခပ်တိုးတိုး အော်ပြီးနောက် နှင်းကျားသစ်ကိုယ်ကို သူ၏ လက်နှစ်ဖက်လုံးဖြင့် အသာပွေ့ဖက်လျှက် သံမဏိလှောင်အိမ်ထဲမှ ဆွဲထုတ်လိုက်သည်။
သူသည် ဘေးဘီကို ကြည့်လိုက်ပြီးနောက် တိရစ္ဆာန်များရှိသော သံမဏိလှောင်အိမ်အသီးသီးကို ကြည့်သည်။ သူတို့အားလုံးက မျက်လုံးများပြူးကျယ်စွာဖြင့် သူ့ကို အသနားခံနေကြသည်။
နှင်းကျားသစ်ကို မြေပြင်တွက် ခဏထားပြီးနောက်တွင် အပြေးအလွှား သွားလိုက်သည်။ ထို့နောက် သံမဏိ လှောင်အိမ်တိုင်းကို အမှီအမြန်ဖွင့်လိုက်သည်။ ထို့သို့ ဖွင့်ပြီးမှသာ မြေပြင်ရှိ နှင်းကျားသစ်ကို ကောက်မလျှက် circus ထဲမှ ပြေးထွက်သည်။
ဒိုင်း
သူဟာ မီတာအနည်းငယ်သာ ပြေးရသေးသည်။ အနောက်ဖက်မှ သေနတ်ပစ်သံကို ကြားရသည်။
ဝေါင်း
ဆုပိုင်သည် ခေါင်းကို တစ်ချက်လှည့်လျှက် ကြည့်လိုက်သောအခါ ကျားသည် circusဝန်ထမ်း တစ်ယောက်ကို ကိုက်နေကြောင်း မြင်လိုက်ရသည်။
ထို့နောက်
ဒိုင်းဒိုင်းဒိုင်း
ဘေးဖက်ခြမ်းရှိ အမဲလိုက်သမားက သေနတ်ကိုမြှောက်၍ ကျားကို ဆက်တိုက်ပစ်သည်။
ဝေါင်း
“သွား”
ကျားက ခေါင်းကိုမော့ပြီး အဝေးတွင်ရှိသမျှ တိရစ္ဆာန်တိုင်းကို လှမ်းအော်လာသည်။ ထို့နောက် သူသည်လည်း ဝုန်းကနဲ ပြုတ်ကျသွားသည်။ ထို့နောက် အထက်ရှိ ကောင်းကင်ကို မျက်လုံးပြူးကျယ်စွာကြည့်သည်။
နောက်ဆုံးတော့ ဒီလိုဘဝက အဆုံးသတ်သွားပြီးပဲ။ သူ ဒီလူတွေကို အသနားခံပြီး ကြည့်စရာ မလိုတော့ဘူး။
“လာ”
ဆုပိုင်က သေသွားသော ကျားကို အံကြိတ်သည်။ ထို့နောက် နှင်းကျားသစ်၏ ကိုယ်ကို ပွေ့ဖက်လျှက် အသားကုန် ပြေးထွက်သည်။
ဒိုင်း
အား
အနောက်ဖက်မှ သေနတ်ပစ်သံ ထွက်လာချိန်တိုင်းလိုလို တိရစ္ဆာန်များ၏ စူးရှစွာ အော်သံကို ကြားရသည်။ ထို့နောက် မြေပြင်သို့ ပစ်လဲကျသံကိုလည်း ကြားရသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူများမှ တိရစ္ဆာန်များ တစ်ကောင်ပြီး တစ်ကောင်ကို ကြည့်ပြီး တုန်ယင်နေကြသည်။
[သေစမ်း ဒီသားရဲကောင်တွေ။ သူတို့က တိရစ္ဆာန်တွေကို ဒီလောက်အထိ ဆိုးဆိုးရွားရွား နှိပ်ဆက်ထားကြတာပဲ။ ထွက်ပြေးခွင့်တောင် မပြုကြဘူး]
238 02
[ဒါရိုက်တာဆုပိုင် မြန်မြန်ပြေးတော့။ မြို့ထဲက မြန်မြန်ထွက်ရမယ်။ ဒါမှမဟုတ်ရင် ဒုက္ခများလိမ့်မယ်]
[တော်တော်လေးကို ဆိုးရွားတာပဲ။ circusဆိုတာ ဒီလိုဖြစ်နေတာကို။ တိရစ္ဆာန်တိုင်းရဲ့ ခန္တာကိုယ်မှာ ဒဏ်ရာတွေ အပြည့်ပဲ။ သူတို့ တော်တော်ဆိုးဆိုးရွားရွားကို နှိပ်ဆက်ခံထားရတာ ဖြစ်မယ်]
[ကံကောင်းတာက ဒါရိုက်တာ ဆုပိုင်က အမှီရောက်လာလို့ပဲ။ အဲ့ဒီလိုမှ မဟုတ်ဘဲ နာရီ အနည်းငယ်သာ ကြာသွားရင် နှင်းကျားသစ်က တကယ်သေသွားမှာ]
[သေစမ်း။ ငါဒေါသထွက်လန်းလို့ ငိုနေမိပြီ။ဒီလူတွေ ဘယ်လိုတောင် ဘယ်လိုတောင် ဒီလောက်ထိ မုန်းဖို့ကောင်းရတာလဲ။ သူတို့မှာ လူသားဆန်စိတ် မရှိကြတော့ဘူးလား။ တိရစ္ဆာန်တွေ အားလုံးမှာလည်း အသက်တွေ ရှိတယ်။ ဘယ်လိုကြောင့်များ ဒီလောက်ထိ နှိပ်စက်နိုင်တဲ့ နှလုံးသား ရှိနိုင်ရတာလဲ။ အဲဒီကြားထဲ ဂေါ်ရီလာနှစ်ကောင်ကို ကြည့်ပါဦး။ တော်တော်လေးကို ရင်ကွဲဖို့ကောင်းတယ်]
[အား အဲ့လိုမှ မဟုတ်ရင် ငါတို့တွေ နမူနာဘယ်ကြည့်နိုင်တော့မှာလဲ။ ဒါရိုက်တာ ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုတွေ လုပ်တာက ငါတို့တွေ အရင်လူသားတွေ လုပ်ခဲ့တဲ့ လမ်းကြောင်းကို ဆက်မလိုက်အောင် ပြသချင်တာပဲ။ အဲ့ဒီလိုမှ မဟုတ်ရင် ဒီလိုအခြေအနေမျိုးက အနှေးနဲ့ အမြန်ပေါိလာဦးမှာပဲ။ ငါတို့ဒီလိုလုပ်မိရင်လည်း ပြန်ခံရလိမ့်မယ်]
ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြသချိန်တိုင်းလိုလို အခန်းထဲတွင် ကြည့်ရှုသူများမှ ကြည့်ရှုသူတို့င်းလိုလို ပြင်းထန်သည့် သက်ရောက်မှု ရောက်ရှိလေသည်။ တိရစ္ဆာန်များ အလုံးအရင်းနှင့်မျိုးတုန်း ပျောက်ကွယ်သွားပြီးနောက် ဒေတာအများစုကပင် ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့် အတိတ်ကာလတွင် လူသားများကြောင့် တိရစ္ဆာန်မည်မျှ မျိုးတုန်းပျောက်ကွယ် သွားခဲ့ကြောင်း မသိခဲ့ကြပေ။
ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့်သာ လူတိုင်းသည်လည်း လူသားများက တိရစ္ဆာန်များအပေါ် ထိုမျှအထိ ရက်စက်ခဲ့ကြဖူးကြောင်း အတိကျရခြင်းဖြစ်သည်။ သွေးအေးလွန်းသည်ဟု ပြော၍ပင် ရလောက်အောင် လူသားဆန်စိတ် ပျောက်ဆုံး နေခဲ့သည်။
.....
“ဒါက...”
တရုတ်ပြည် နှင်းတောင်တန်းနယ်မြေ...
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ထိုင်ကြည့်နေကြသော လူတစ်ဖွဲ့က ကြောက်လန့်တုန်ယင် နေကြသည်။
သို့ရာတွင် သံမဏိလှောင်အိမ်ထဲမှ ပုံရိပ်ကို မြင်ပြီးနောက်တွင် အလည်တွင်ထိုင်နေသော လူအိုကြီးက ရုတ်တရက်ထလိုက်သည်။ သူ၏မျက်လုံးဟာ ပြူးကျယ်သွားပြီး တုန်ယင်သောအသံဖြင့် အော်သည်။
“ဒါက နှင်းတောင်တန်း ဘုရင်ပဲ”
“ငါတို့ နှင်းတောင်တန်းရဲ့ ဘုရင်ပဲ”
အတူထိုင်နေကြသော လူများကလည်း မတ်တပ်ထရပ်လျှက် ပုံရိပ်ကို ကြည့်ကာ အော်ကြသည်။
“တကယ် မှင်သက်ဖွယ် ကိစ္စက ဖြစ်လာပြီ။ ငါတို့ရဲ့ နှင်းတောင်တန်းဘုရင်ကို ကယ်ဆယ်နိုင်ပြီ”
“အဘိုး။ ကြည့်ရတာ သူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ပုံပဲ။ ငါစိုးရိမ်တာက...”
“နောက်ပြီး အနောက်ကလည်း လူတွေအများကြီး လိုက်နေသေးတယ်ဆိုတော့ ငါတို့ရဲ့ နှင်းတောင်တန်းဘုရင်က”
“ဒါက တိုက်ရိုက် ထုတ်လွှင့်မှုပဲ။ ဒီတော့ အတုပေါ့”
ထိုအချိန်တွင် အနောက်ဖက်မှ ကောင်မလေးတစ်ယောက်က ပြောသည်။
“ဒါက ကောင်းကင်ပြာ တိရစ္ဆာန်ရုံက ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုလေ။ ဒီနေ့အထိ ဒီရိုက်ကွင်းတွေကို ဘယ်လို ရိုက်ကူးထားလဲဆိုတာကို ဘယ်သူမှ မသိရဘူး။ အချို့လူတွေကတော့ အမှန်တကယ် ဖြစ်နေတယ်လို့ ပြောတယ်။ အချို့လူတွေကတော့ အတုတဲ့။ ဒါကို ဘယ်သူမှ မသိနိုင်ဘူး”
“ဒါပေမဲ့ တိရစ္ဆာန်တွေကို ကယ်ဆယ်ပေးနေတာတော့ အမှန်ပဲ”
“ပိုဆိုးတာက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ပေါ်လာတဲ့ တိရစ္ဆာန်တိုင်းက သိပ်မကြာခင်မှာ ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာ ပေါ်လာတက်တယ်။ လူတိုင်းက ဒီအကြောင်းအရာကို သိကြတယ်”
“အမ်မာ ဒါဆိုရင် နှင်းတောင်တန်းဘုရင်က သိပ်မကြာခင် ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာ ပေါ်လာတော့မှာပေါ့”
ထိုလူအိုကြီးက ဖန်သားပြင်ထဲမှ ပုံရိပ်ကိုကြည့်ရင်း ခေါင်းကို လှည့်ကာ မေးသည်။
“ဒါက ငါတို့ကို ကောင်းချီးပေးပြီး ငါတို့ကို ကြီးပွားနိုင်အောင် ကူညီပေးခဲ့တဲ့ အထူးအမြတ်နတ်သားရဲလေ။ ငါတို့တွေ သေချာပေါက် သွားတွေ့ရမှာပေါ့”
238 03
“အမ်မာ မင်းမြို့မှာ ကျောင်းသွားတက်ရင် ငါတို့အတွက် လက်မှတ်ဝယ်ပေးပါ။ ငါတို့လည်း ကောင်းကင်ပြာတိရစ္ဆာန်ရုံကို သွားဖို့ လိုအပ်တယ်။ ရွာကလူတိုင်း သွားရမယ်။ နှစ်တွေ ဒီလောက်ကြာသွားပြီ ငါတို့ဘိုးဘေးတွေရဲ့ ဆန္ဒက အမှန်တကယ် ဖြစ်လာပြီ”
“အာ အဘိုး ရွာကလူတိုင်း သွားမယ်ဆိုပေမဲ့ ငါ့မှာ ပိုက်ဆံမရှိဘူး”
အမ်မာက ထိုစကားကို ကြားသောအခါ ကြောင်သွားသည်။ သူမက သဘောတူခါနီးမှ ရုတ်တရက် သူမသည် ကျောင်းသူတစ်ယောက်သာ ဖြစ်ကြောင်း သိလိုက်သည်။
တစ်ရွာလုံးစာအတွက် လေယာဥ်လက်မှတ်ကို ဘယ်လိုတက်နိုင်မှာလဲ။
“အဘိုးက ပိုက်ဆံထုတ်ပေးမှာပေါ့”
“နောက်ပြီး ဒီလူသားက ငါတို့ရဲ့ နှင်းတောင်တန်းဘုရင်ကို ကယ်ထားတာဆိုတော့ ဘယ်လိုနည်းနဲ့မဆို သူ့ကိုကျေးဇူးတင်ရမယ်”
“သွား ဂျောင်ထဲက သေတ္တာကို သွားယူလိုက်”
ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူတို့ကြား သန်သန်မာမာနဲ့လူကြီးတစ်ယောက်က တုန့်ဆိုင်းသွားပြီးနောက် ခပ်တိုးတိုး ပြောသည်။
“အဘို ။ ဒါက အဘိုးသိမ်းထားတဲ့ နှင်း နှင်းကြာပန်းလေ”
“အဘိုး တကယ်ပဲ”
“ဟုတ်တယ်”
လူအိုကြီးက ခေါင်းညိတ်လျှက် လေးနက်သော လေသံနှင့်ပြောသည်။
“သွားယူ”
သူ၏ အသံထဲတွင် သံသယမပါပေ။ သန်မာသော လူကြီးကလည်း ခပ်မြန်မြန် ထရပ်လျှက် ထွက်သွားသည်။
“ငါတို့ရဲ့ ဘိုးဘေးတွေက အလုံးရင်းနဲ့ မျိုးတုန်းပြောက်ကွယ်မှု အောက်မှာ ရှင်သန်နိုင်ခဲ့တာက အထွတ်အမြတ် နှင်းကျားသစ်ကြောင့်ပဲ။ သူသာ မရှိရင် ငါတို့ရဲ့ရွာက ရှင်သန်နိုင်ခဲ့မှာတောင် မဟုတ်ဘူး။ မတည်ရှိသင့်တော့ဘူးလို့တောင် ပြောလို့ရတယ်”
လူအိုကြီးက လူတိုင်းကိုကြည့်သည်။ သူ၏မျက်လုံးထဲ အလင်းတချို့ လက်သွားသည်။
“ငါ ငယ်ငယ်တုန်းက ဒီပုံပြင်ဟာ ရယ်စရာကောင်းတယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ ငါ အရွယ်ရောက်လာတဲ့ အခါမှာ ဒီလောက်အချိန်တွေ ကြာပြီးတဲ့နောက်မှာ အခုလို ပြန်လည်မျိုးပွားနိုင်ခွင့်ရှိတာ နှင်းကျားသစ်ကြောင့်ဆိုတာကို နားလည်သင့်တယ်”
“ကောင်းပြီ အိမ်တွေပြန်ပြီး အသင့်ပြင်ရအောင်။ ငါတို့တွေ ပွဲတော်ဝတ်စုံကို ဝတ်ရမှာ။ အဲဒီနောက် ငါတို့တွေ...”
“ငါတို့ရဲ့ နှင်းတောင်တန်းဘုရင်ကို သွားရောက် တွေ့ဆုံကြရအောင်”
.....
ဒိုင်း
ဒိုင်း
ဒိုင်း
အနောက်ဖက်မှ လာသည့် သေနတ်သံများကို ကြားသောအခါ ဆုပိုင်က နှင်းကျားသစ်ကို ဖက်ပြီး အရှိန်ကို မြင့်လိုက်သည်။ ထို့နောက် အဝေးရှိ နှင်းတောင်တန်းများနှင့် တောအုပ်ထံ ရူးသွပ်စွာပြေးသည်။
ဝူး
ဝုန်း
အနောက်မှ အော်သံတစ်သံကို ကြားရသည်။ နောက်ထက် တိရစ္ဆာန်တစ်ကောင်ဟာ အသတ်ခံလိုက်ရလေပြီ။ ဆုပိုင်က အံကိုကြိတ်သည်။ ထို့နောက် သစ်ပင်တစ်ပင်၏ နောက်တွင် ပုန်းရင်း အနောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခါ အမဲလိုက်သမား တစ်ယောက်ချင်းဆီတိုင်းက နှင်းကျားသစ် သားရေဖြင့် ပြုလုပ်ထားသော ကုတ်အင်္ကျီတစ်ထည်ချင်းဆီကို ဝတ်လျှက် သူတို့၏ အမဲလိုက် ရိုင်ဖယ်များကို ကိုင်ရင်းထွက်ပြေးသွားသော တိရစ္ဆာန်များကို လိုက်ပစ်နေကြောင်း မြင်လိုက်ရသည်။
ဝေါင်း
ဆုပိုင်၏ သိပ်မဝေးသောနေရာတွင် ကြီးမားသောခွေးကြီးက မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားသည်။ သူသည် အသက်ကို အငမ်းမရ ရှူနေ၏။ သူ၏ကိုယ်မှ စီးထွက်လာသော သွေးများက နှင်းကျားသစ်ရှိရာ နေရာသို့ပင် ရောက်လာသေးသည်။
“ဟူး”
238 04
“သွားရအောင်”
ထိုခွေးကြီးက ခေါင်းကိုလှည့်လျှက် ဆုပိုင်၏ လက်မောင်းထဲမှ နှင်းကျားသစ်ကို ကြည့်သည်။ ထို့နောက် နှစ်ကြိမ်လောက် ဟောင်ပြီးနောက်တွင် မြေပြင်မှ ခက်ခက်ခဲခဲ ကုန်းထလိုက်ပြန်ကာ မျက်နှာချင်းဆိုင်ဖက်သို့ ဆက်သွားသည်။
“ငါ တောင်းပန်ပါတယ်။ ငါ တောင်းပန်ပါတယ်။ ငါ ငါမင်းကိုမကယ်နိုင်ဘူး”
“သေစမ်း။ ငါ ဘာလို့ မင်းကို မကယ်နိုင်ရတာလဲ”
ဆုပိုင်က အမဲလိုက်သမားများကို အဝေးသို့ မြှားခေါ်ထုတ်ပေးသွားသည့် ခွေးကြီးကို ကြည့်ကာ ရှိုက်ငိုသည်။
“သွားရအောင်”
ဆုပိုင်က လက်မောင်းထဲမှ နှင်းကျားသစ်ကို အသာပြောလိုက်ရင်း ပြန်ချပေးသည်။ ထို့နောက် အဝေးသို့ ခပ်မြန်မြန် ပြေးသည်။
ဒိုင်း
အဝေးတွင် သေနတ်ပစ်သံကို ကြားရသည်။ ဒီတောအတွင်းတွင်မူ အလွန်ကျယ်လောင်လှသော အသံဖြစ်သည်။
“အသက်ရှင်နေပါ”
ရုတ်တရက် ခွေးကြီးက နောက်ဆုံး အော်လိုက်သည့်အသံကို ခပ်ရေးရေး ကြားလိုက်ရသည်။
++++++ 239 01
အခန်း 239
ဆုပိုင်က ရပ်တန့်သွား၏။ သူ၏မျက်နှာ အမူအရာဟာ ခက်ထန်သွားသည်။ သူသည် နှင်းကျားသစ်ကို ပွေ့ဖက်ပြီးဆက်ပြေးသည်။ အချိန်အတန် ကြာပြီးနောက်တွင်
ဆုပိုင်၏ ရင်ဘက်က နီမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။ သူသည် နှင်းကျားသစ်ကို ဂူထဲတွင် အသာချထားပေးရင်း အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် နဖူးကိုအသာသပ်ကာ ခပ်တိုးတိုး ပြောသည်။
“တိတ်တိတ်နေ။ ငါ ပြန်လာခဲ့မယ်နော်”
မြောင်း
နှင်းကျားသစ်က မျက်လုံကို ပိတ်သည်။ထို့နောက် အဝေးသို့ လျှောက်သွားသော ဆုပိုင်၏ ခန္တာကိုယ်ကိုကြည့်ကာ ခေါင်းအသာ ညိတ်သည်။
ဂျွတ်ဂျွတ် ဂျွတ်။
ဂူအပြင်ဘက်တွင် ရပ်နေသည့် ဆုပိုင်က မြေပြင်တွင် ရှိသည့် ခြေရာများကို ဂရုတစိုက် ဖုံးကွယ်လိုက်သည်။ ထို့နောက် အခြားလမ်းကြောင်း တစ်ခုမှ ထွက်လျှက် အဝေးရှိ ကြီးမားသော ကျောက်တုံးကြီးထံ ဦးတည်နေသည်။
အရာအားလုံး အဆင်သင့်ဖြစ်သောအခါ ဆုပိုင်သည် ကျောင်တုံးတွင်းကြီး၏ အတွင်းတွင် ပုန်းလျှက် သူ၏လေးကို ထုတ်ကာ သိပ်မဝေးသော နေရာသို့ အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။
သူ ထွက်မပြေးနိုင်ဘူး ဆိုမှ တော့လည်း ….။
ဒီအမဲ လိုက်သမားတွေကို ရှင်းပစ်ရုံပေါ့။ ဆုပိုင်သည် တာဝန် နယ်မြေတွင် လူသားများကို သတ်ရန် အလွန်မင်း တွန့်ဆုတ်သော်လည်း… သူသာ ထိုလူများ၏ နေရာမှာဆိုလျှင် ထိုအမဲ လိုက်သမားများက သူ့ကို တုံ့ဆိုင်း မနေဘဲ ပစ်သတ်ပေလိမ့်မည်။ ထို့ကြောင့် စဥ်းစားဆင်ခြင်ပြီးနောက် တွင် ဆုပိုင်၏ မျက်နှာဟာ တည်ငြိမ်သွားသည်။
အတွေ့ကြုံရှိသည့် အမဲ လိုက်သမားတစ်ယောက်လို သူသည် စိတ်ရှည်စွာ စောင့်ဆိုင်းသည်။
ကျွတ်။
“ Albert အဲ့ဒီ သောက်ကျိုးနည်း လူသားကောင် ဘယ်ရောက်သွားလဲ။ ငါတို့တွေ ဒီနှင်းကျားသစ်ကို မရှာနိုင်ဘူးဆိုရင် အများကြီး ဆုံးရှုံးတော့မယ်”
လေးလံသော leather boot ဖိနပ်ကို စီးထားသည့် မုတ်ဆိတ်မွေးထူထူနှင့် လူကြီးတစ်ယောက်က နှင်းထဲသို့ ခြေနင်းချလျှက် သူ၏ အရှေ့မှ သက်လတ်ပိုင်းလူကို လှမ်းပြောသည်။
“ အခြား တိရစ္ဆာန်တွေရဲ့ အမွှေးတွေက အရေးမကြီးဘူး။ ငါတို့ကသာ ဒီနှင်းကျားသစ်ရဲ့ အမွှေးကို ခွာထုတ်နိုင်မယ်ဆိုရင် ဆောင်းတွင်း တစ်တွင်းလုံးတော့ လုံလောက်ပြီ”
“ ကောင်းပြီ။ရေး အသံကိုတိုးပြီး ဂရုစိုက် ခြေထောက်အောက်ကို ကြည့်။ အဲဒီလူက ဝေးဝေး မပြေးနိုင်ဘူး။ နောက်ပြီး နှင်းကျားသစ်ကိုလည်း ပွေ့သွားသေးတာဆိုတော့ သေချာပေါက် ခြေရာတွေ ချန်ထားရစ်ခဲ့မှာပဲ”
Albertက လက်ထဲတွင် ပစ္စတိုကို ကိုင်ထားသည်။ ထို့နောက် အရှေ့ဘက်တွင် ရှိသော ခြေရာများနောက် တောက်လျှောက်လိုက်သည်။
“ အဲဒါ အဲဒီ သောက်ကျိုးနည်း ခွေးကြောင့်ပဲ။ ငါ အဲဒီ ခွေးခေါင်းကို ခုတ်ပြီး ချက်စား ကြမယ်”
နောက်မှ လိုက်လာသော ပိန်ပါးသည့် လူငယ်က ခက်ထန်သော ခွေးခေါင်းကြီးကို ကိုင်ထားရင်း ပြုံးရယ်နေသည်။
“ ဘတ် အဲဒီဟာ ကြီး လွှတ်ပစ်လိုက်စမ်းပါ။ ငါမင်းကို ထပ်ခါတလဲလဲ သင်ပေးထားပြီးသား။ အခုက ဆောင်းတွင်း တောရိုင်းကာလ၊။ နောက်ပြီး ခက်ထန်ကြမ်းတမ်းတဲ့ တောရိုင်း တိရစ္ဆာန်တွေအများကြီး ရှိတယ်။ သွေးက ဒီလို ကြောက်စရာကောင်းတဲ့ အကောင်တွေကို ဆွဲဆောင်နိုင်တယ်”
Albertက မျက်မှောင်ကြုတ်ကာ သွေးလွှမ်းသော ခေါင်းကြီးကို လှမ်းကြည့်လျှက် ကျိန်ဆဲသည်။
“ ကောင်းပြီ။ ကောင်းပြီ။ အော်မနေနဲ့တော့။ ခြေရာတွေ က ဒီနားမှာ ကွေ့သွားတယ်”
ထိုအချိန်တွင် ရေးသည် သူ၏ လက်ကို ဆန့်ထုတ်လျက် လူနှစ်ယောက်ကို လှမ်းတားလိုက်သည်။ ထို့နောက် အဝေးရှိ ကျောက်သား နေရာထံ ညွှန်ပြရင်း လေသံကို တိုးကာ ပြောသည်။
“ သူက အဲ့ဒီ ကျောက်တုံးနောက်မှာ ပုန်းနေလောက်တယ်”
“ မင်းလည်း သိတာပဲ။ နှင်းကျားသစ်က baker ကြောင့် ဆိုးဆိုးရွားရွား နှိက်စက်ခံထားရတာလေ။ ဒီတော့ ပြင်းပြင်းထန်ထန်လည်း ဒဏ်ရာ ရထားသေးတယ်ဆိုတော့ သူ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”
Albertက အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် မြူထုများကို မှုတ်ထုတ်လိုက်ရင်း သူ၏ သေနတ်ကို တဖြည်းဖြည်း ချင်းဆီ မြှောက်လျှက် အနောက်ဘက်သို့ အမူအရာ ပြသည်။
သူတို့ သုံးယောက်သည်လည်း ခပ်မြန်မြန် လူစု ခွဲလျှက် ထိုကျောက်တုံးကို ဝိုင်းရင်း တဖြည်းဖြည်းချင်း ချဥ်းကပ်လိုက်သည်။
239 02
[သေစမ်း။ ဒါရိုက်တာဆုပိုင်က တော်တယ်။ ဒါပေမယ့် သူ့မှာ လေးတစ်လက်ပဲ ရှိတာ။ ဒီလောက်ထိ ရင်းနှီးနိုင်ပါ့မလား။ နောက်ပီး တစ်ကြိမ်မှာ သူက လူတစ်ယောက်ကိုပဲ ပစ်နိုင်မှာလေ ]
[ ငါ့ရဲ့ လက်ဖုဝါးတွေတောင် ချွေးတွေရွှဲ နေပြီ။ ဒါက တော်တော်လေး ကိုထိတ်လန့် သဲဖိုဆန်တာပဲ။ အမဲ လိုက်သမားက သုံးယောက်။ နောက်ပြီး သူတို့က တော်တော်လေး ရက်စက်ကြတယ်။ နောက်ပြီး ဝိုင်းတောင် ဝိုင်းထားသေးတယ် ]
[ ဒါရိုက်တာဆုပိုင်။ ကျေးဇူးပြုပြီး အလျှင်စလို မလုပ်ပါနဲ့။ မင်း ကျရှုံးသွားခဲ့ ရင်…]
[ အောင်မြင်ဖို့တော့ ငါမျှော်လင့်တယ်။ သေချာပေါက် အောင်မြင်သင့်ပါတယ်]
[ ကြိုးစားထား ဒါရိုက်တာဆုပိုင်]
[ ဒီရူးနေတဲ့ သုံးကောင်လုံးကို သတ်လိုက်။ သူတို့က အဲ့ဒီခွေးရဲ့ ခေါင်းကို တောင်ခုတ်ဖြတ်ခဲ့ကြတဲ့ သားရဲကောင်တွေ]
…..
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ကြည့်ရှု နေကြသူများက ငှက်မျက်လုံး၏ ရှုတောင့်မှ တစ်ဆင့် ( အပေါ်စီး) အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်လေသည်။ အမဲ လိုက်သမား သုံးယောက်က တြိဂံ ပုံသဏ္ဍာန်မျိုးနှင့် တစ်လှမ်းချင်းဆီ ဝိုင်းလျှက် ကျောက်သားထံ သွားနေကြောင်းကိုလည်း မြင်နေရသည်။ ထို့နောက် သူတို့သည် အဝေးတွင် ပုန်းနေသော ဆုပိုင်ကို မြင်လိုက်ပြီးနောက်တွင် သူတို့၏ နှလုံးသားက လည်မျိုတွင် တစ်သွားသည်။ ထို့နောက် အသက်ရှုအောင့်သည်။ သူတို့သာ ဆုပိုင်၏ နေရာမှာဆိုလျှင် အသက်ပင်ရှူရဲ့လိမ့်မည် မဟုတ်ချေ။
တိုက်ရိုက် ထုတ်လွှင့်မှု ပေါင်းများစွာကို ကြည့်ရှုခဲ့ပြီးနောက်တွင် လူတိုင်းသည်လည်း ဒါရိုက်တာဆုပိုင် တိုက်ရိုက်ထုတ်လွှင့်မှု တိုင်းက အလွန်အမင်း စစ်မှန်ပြီး ပြန်လည် တုပထားသလို ဖြစ်ရပ်မျိုးနှင့်ပင် မတူကြောင်း တွေ့နေရသည်။
အကြောင်းမူကား အမှန်တကယ် ဖြစ်ပျက်နေသလို ခံစားရစေသည့် ခြားနားသော မြင်ကွင်းကို ခံစားရပြီး လူတိုင်းကို အချိန်တိုင်းလိုလို ထိန့်လန့်နေစေသည်။
ဆုပိုင်က သူ၏ ပါးစပ်ကို အုပ်လျက် အသက်ကို ဖြည်းဖြည်းချင်းဆီသာ ရှုသည်။
လူသုံးယောက်က ကျောက်တုံးကို ထိလုနီးနီး ဖြစ်လာကြောင်း မြင်သော အခါ သူသည် လေးကို အသာမြှောက်လျက် အရှေ့ရှိ မြေပြန့်တစ်နေရာတွင် ကပ်ထားလိုက်သည်။
ထိုသို့ဖြင့် သူသည် ပိန်ပါးသော လူထံ ချိန်ရွယ်လိုက်သည်။
သွေးနီရောင် ခေါင်းကြီးသည် သိပ်မဝေးသော နေရာတွင် အပစ်ခံထားရသည်။
“ ငါအရင်ဆုံး မင်းအတွက် ဂလဲ့စားချေပေးမယ်”
ဆုပိုင်က နှုတ်ခမ်းကို တစ်ချက် သပ်လျှက် ခပ်တိုးတိုး အော်လိုက်သည်။
“ ဒီမှာ ဘယ်သူမှ မရှိဘူး”
ဘက်က သူ၏ ပစ္စတိုကို မြှောက်လိုက်ပြီးမှ ရုတ်တရက် ကျောက်တုံး၏ ဘေးဘက်ခြမ်းသို့ ခုန်ရှောင်လိုက်သည်။ ထို့နောက် အနောက်တွင် မည်သူမှ မရှိကြောင်း မြင်သည်နှင့် ဒေါသတကြီးလှမ်းအော်လိုက်သည်။
“ ဘာတွေဖြစ်နေတာလဲ။ ဒီနေရာ က….”
“ သတိထား”
ဝုန်း
ထို့နောက် ရုတ်တရက် လေထု ထိုးခွဲသံက ထွက်ပေါ်လာပြီး Albert ကအော်သည်။
သို့သော်…။
နောက်ကျသွားလေသည်။
ဝုန်း
ဘက်၏ ခန္ဓာကိုယ်က လှုပ်ခါသွားပြီးနောက် အောက်သို့ ငုံ့ကြည့်လိုက်သော အခါ သူ၏နှလုံးသား တည့်တည့် မြှားတစ်စင်းက ထိုးစိုက် နေပြီဖြစ်ပြီး သူသည် မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက အလွန်အမင်း လျှင်မြန်စွာ တွန့်လိမ်သွားပြီးနောက်တွင် ချက်ချင်းဆိုသလို သေဆုံးသွားလေသည်။
“ မြန်မြန်။ သတိထား”
“ ဒီကောင်က ကျွမ်းကျင် အဆင့်ပဲ။ ချုံခိုတိုက်ခိုက်တာပဲ”
Albertက သူ၏ အသင်းဖော်ကိုတချက်လှည့်ကြည့်ပြီးနောက်တွင် အော်ဟစ်လိုက်သည်။ ထို့နောက် ဘေးဘက်မှ ရေးကို လှမ်းအော်ခေါ်ရင်း မြေပြင်တွင် ဝပ်လိုက်သည်။
…..
ဒိုင်း။
ဆုပိုင်က ကျောက်တုံးပေါ်တွင် သူ၏ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ကာထားသည်။ ထို့နောက် နောက်ထပ် မြှားတစ်စင်းကို ထုတ်လိုက်ကာ လေးကြိုးတွင် တင်ရင်း ချိန်ထားလိုက်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ကျောက်တုံး အနောက်ဘက် နှင်းများ အကြားတွင် မြှပ်နေရင်းမှ ရှေ့သို့ တစ်လှမ်းချင်းဆီ ကုန်းထခြင်း ဖြစ်သည်။ သူသည် နဖူးကိုအသာ မြှောက်လျှက် အနီးကြည့်လိုက်သည်။
239 03
ထိုအခါ အမဲလိုက်သမားနှစ်ယောက်က ကျောက်သားများ အနောက်တွင် ပုန်းကွယ်နေကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် သူတို့ကို မပစ်နိုင်ပေ။
ဒိုင်း ဒိုင်း
ထိုနှစ်ယောက်ကလည်း သူတို့၏ အမဲလိုက် ရိုင်ဖယ်များကို ဆက်တိုက် ဆိုသလို မြှောက်လျှက် ကျည်ဆံများကို ဆက်တိုက်ဆိုသလို ကန်ထွက်လာနေစေသည်။ ထိုသို့ ဖြင့် ဆုပိုင်ရှိရာ ဘက်သို့ ဆက်တိုက်ပစ်ခတ်နေလေသည်။
ဆုပိုင်က သူ၏ ပါးစပ်ကို တစ်ချက်သပ်သည်။ ထို့နောက် ကျောက်တုံး၏ အနောက်မှ တဖြည်းဖြည်းချင်းဆီ ထလျက် ကျောကပ်ကာမှီလိုက်သည်။
၃
၂
၁
“ ပြေး”
ခပ်တိုးတိုး အော်ပြီးနောက်တွင် သူ၏ အရှိန်ဟာ အကန့်သတ်သို့ မြင့်တက်သွားသည်။ သူသည် တောရိုင်း သားကောင်ကဲ့သို့ ကျောက်တုံး အနောက်ဘက်မှ လျှင်မြန်စွာ ခုန်ထွက်သည်။
ဒိုင်း ဒိုင်း
“ မြန်မြန်”
“ သူ့ကို ဒီနေရာနား လာခွင့် ပြုလို့ မရဘူး”
Albertက မျက်လုံး ပြူးကျယ်စွာသွားသည်။ ထို့နောက် အော်ဟစ်ရင်း သေနတ်ကို ထပ်မြှောက်သည်။
သို့သော် အရှေ့မှ လူက အပြေးမြန်လွန်းသည်။ သူတို့သည် ရိုင်ဖယ်ကြီးများကို ကိုင်ထားခြင်းဖြစ်လေရာ ဦးတည်ရာမဲ့ လျှောက်ချိန်၍ မရနိုင်ချေ။ ထို့ကြောင့် သူတို့၏ ခံစားချက်အရ သာ ပစ်ခတ်နေရသည်။
ထိုလူသည် တောထဲသို့ ခုန်ဝင်သွားကြောင်း မြင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ဟာ သစ်ပင်တစ်ပင်နောက်သို့ ဝင်ရောက်ကာ ပျောက်ကွယ်ပြီးနောက်တွင် ဆက်လက်မြင်နိုင်စွမ်းအား မရှိတော့ချေ။
“ ဘာ။ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ငါတို့ ပြေးထွက်သွားသင့်လား”
ရေး၏ မျက်နှာ အမူအရာက ပျက်ယွင်းသွားသည်။ သူသည်လည်း ထိုလူငယ်ဟာ ထိုမျှထိ ကိုင်တွယ်ရ ခက်ခဲ မည်ဟု မထင်ထားမိပေ။
သူတို့၏ လက်ထဲတွင် သေနတ်များ ရှိနေခဲ့သည့်တိုင်အောင် ထိုအမျိုးသားအား မည်သို့မျှ မတုံ့ပြန်နိုင်သေးပေ။
“ သွား”
“ ငါတို့ ဒီနေရာမှာ နေလို့မရဘူး။ ဒီလူ က ရပ်သွားပြီဆိုရင် သိသိသာသာပဲ ငါတို့ကို သေခိုင်းတော့မှာ”
“ သေစမ်း။ ဟွန့်။ ငါဒီနေ့ရ အောင်ကြည့်မယ်။ ငါတစ်ဘ၀လုံး အမဲလိုက်လာခဲ့တာ။ ဒီလူငယ်လေးတစ်ယောက်ကိုတော့ မယှဥ် နိုင်ဘူးလို့တော့ မယုံဘူး”
Albertက ကျိန်ဆဲလိုက်သည်။ ထို့နောက် ကျည်ဆံများကို ပြောင်းတို သေနတ်ထဲသို့ ထည့်လိုက်ပြီးနောက်တွင် သူ၏ ပါးကို ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီး ရုတ်တရက် ကျောက်တုံး၏ နောက်ဘက်မှ ထသည်။
ဂျွတ်ဂျွတ်ဂျွတ်။
နှင်းတောကို ဖိနင်းသော အခါ ခြောက်ခြားဖွယ် အသံများက ထွက်သည်။
“ ငါ့ရဲ့ မိတ်ဆွေ ငါတို့ အဲ့ဒီနှင်းကျားသစ်ကို မလိုချင်တော့ဘူး”
“ငါတို့ ပြောင်းတိုသေနတ်တွေကိုလည်း ချထားပေးလို့ ရတယ်။ မင်းသာ ထွက်လာမယ်ဆိုရင် ငါတို့ မင်းကို နာကျင်အောင် မလုပ်ဘူး”
“ ငါ Albertက ကတိတည်တယ်။ မင်းကို ဘယ်တော့မှ မလိမ်ဘူး”
Albertက ဘေးဘက်မှ အသင်းဖော်ကို မျက်လုံးမှိတ်ပြပြီးနောက် လေသံကို တိုးကာ ပြောသည်။ သို့သော်…
မည်သည့် ပြန်ဖြေသံကိုမှ မကြားရချေ။
“ သတိထား။ ဘေးဘက်ကို သွား”
ခပ်တိုးတိုး ညွှန်ကြားပြီးနောက်တွင် Albertက ပြောင်းတို သေနတ်ကို ကောက်ယူလျှက် ခလုတ်ပေါ်သို့ လက်ညှိုးတင်ထားလိုက်သည်။
ရေးက လျှာကို တစ်ချက်သပ်ရင်း ခေါင်းညိတ်သည်။ ထို့နောက် ဘေးဘက်သို့ ရွှေ့သည်။
“ မင်း ထွက်မလာဘူးဆိုရင်လည်း ငါတို့က ယဥ်ကျေးမနေဘဲ ပစ်ရလိမ့်မယ်”
Albert က သစ်ပင်ထံ လှမ်းအော်လိုက်သည်။
တစ်ဖက် လှည့်ပြီး ဘေးဘက်ခြမ်းသို့ သွားပြီဖြစ်သည့် ရေးကို ကြည့်လိုက်ကာ အသက်ပြင်းပြင်းရှုရင်း ခေါင်းသာ ညိတ်ပြလိုက်သည်။
“ ဒါဆိုရင်လည်း မင်းက ထွက်မလာဘူးဆိုမှတော့”
“ ငါတို့က”
ထို့နောက် ကျယ်လောင်စွာ ထအော်ရင်း နှစ်ယောက်လုံးက အရှိန်နှုန်းကို မြှင့်လိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း။
သူသည် မောင်းတံ ခလုတ်ကို ဆက်တိုက်ဆွဲလျှက် သစ်ပင်၏ အနောက်ဘက်သို့ လျင်မြန်စွာပြေးလေသည်။
“ သေစမ်း။ ထွက်လာခဲ့။ ဒီနေ့ ငါက…”
သူသည် ရုတ်တရက် ခုန်ထွက်လိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး သေနတ်ကို ချိန်ရွယ်ကာ ခပ်ကြမ်းကြမ်း အော်လိုက်သည်။ သို့သော်….။
သူတို့နှစ်ယောက်က ခုန်လိုက်သည့် အခိုက်တန့်တွင် သူတို့၏ စိတ်က ဗလာဖြစ်သွားသည်။ အကြောင်းမူကား သစ်ပင်၏ အနောက်ဘက်တွင် မည်သည့်အရာမှ ရှိမနေခဲ့ပေ။
++++++
240 01
အခန်း 240
Albertက လျှင်မြန်စွာတုံ့ ပြန်လိုက်ပြီး စိုးရိမ်တကြီး အော်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ချက်ချင်း ကုန်းချလိုက်သည်။
ဝုန်း
ဝုန်း
ရေးကမူ ထိုသို့ ကုန်းချမည့် အခိုက်တန့်တွင် ရုတ်တရက် လေထုကို ထိုးခွဲလာသည့် အသံကို ကြားလိုက်ရပြီး သူ၏ မျက်လုံး များက ပြူးကျယ်သွားသည်။ ထို့နောက် သူ၏ နှာဖူးအတွင်းသို့ မြှားတစ်လက်ဟာ စိုက်ဝင်နေခဲ့ပြီဖြစ်ပြီး Albert ၏ ခန္ဓာကိုယ်ကပင် ဆက်တိုက်တုန်ယင်သွားသည်။
သူသည် အံကို ကျိတ်လျှက် ဘေးဘက်ရှိ သစ်ပင်ထံ ကုန်းသွားလိုက်သည်။
ယခုအခါမှသာ သူတို့သည် ထိုလူငယ်ကို မယှဥ်နိုင်ကြောင်း သိလိုက်သည်။ သူတို့သည် တဖက်လူငယ်၏ တည်နေရာကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ကြပေ။
ကြောက်လန့်သွားသော Albert က ဒီနေရာမှသာ အလျှင်အမြန် ထွက်သွားချင်လေပြီ။
“ ဂလု။ ဂလု။ ဂလု”
ရုတ်တရက် အဝေးတစ်နေရာမှ အနက်ရောင် ပစ္စည်းတစ်ခုက လိမ့်လာသည်။ ထို့နောက် သူ၏ အရှေ့တွင် ရပ်လာသည်။
“ အား”
Albert ကလည်း မုန်းတီးမှုအပြည့်နှင့် သူ့ကို စိုက်ကြည့်နေသော ခွေးခေါင်းကြီးကို မြင်သောအခါ သူ၏ တောင့်တင်းနေပြီးသား သွေးကြောများက ပြိုလဲကျသွားလေပြီး မြေပြင်မှ ခပ်မြန်မြန် ခုန်ထလိုက်သည်။
ထို့နောက် သူသည် အသက်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ အသားကုန်ပြေးသည်။
ဝုန်း
ဆုပိုင် က သစ်ပင်၏ နောက်ဘက်မှ ထွက်လာသည်။ ထို့နောက် လေးကို ထုတ်လျှက် ထိုလူ၏ ခြေထောက်ကို လှမ်းချိန်လိုက်ကာ လေးကြိုးကို ဆွဲသည်။
ဇွပ်
“ အားအားအား။ ငါ့ကို မသတ်ပါနဲ့။ ငါ့ကို မသတ်ပါနဲ့”
နှင်းထဲမှ ထွက်လာသည့် အော်သံများကို ကြားရသောအခါ ဆုပိုင်က တစ်ဖက်သို့ လှည့်လျှက် အဝေးရှိ ဂူထံသို့သွားသည်။
“ ဟူး”
Albert က နှင်းတောတွင် လဲလျှက် အချိန်တန်ကြာ အော်ဟစ်နေသေးသည်။ သို့သော် လူငယ်က မလှုပ်ရှားလာသေးချေ။ သူသည် ခက်ခက်ခဲခဲ ထထိုင်လိုက်ပြီး သူ၏ ခြေထောက်တွင် စိုက်နေသည့် မြှားကို ကြည့်သည်။ သူသည် အံကိုကြိတ်လျက် ဆွဲထုတ်လိုက်သည်။ ထိုအခါ အသွေးသားများပင် ပဲ့ထွက်လာသေးသည်။
“ ဟူး ဟူး ဟူး”
သူသည် မြေပြင်တွင် ပက်လက်လှန်လဲရင်း အငမ်းမရ အသက်ရှူနေရသည်။
ထိုလူငယ်၏ နည်းလမ်းနှင့် သူ၏သေဆုံးသွားသော အပေါင်းဖော်နှစ်ယောက်အကြောင်း တွေးမိသော် သူသည် ဘေးဘက်ရှိသစ်ပင် အကူအညီဖြင့် ခပ်မြန်မြန် ထရပ်လိုက်သည်။ ထို့နောက် ထော့နဲ့ ထော့နဲ့နှင့် လမ်းစလျှောက်သည်။
ထို့နောက် မကြာခဏ ဆိုသလို နောက်ဘက်သို့ လှည့်ကြည့်နေမိသေးသည်။
မီတာ ရာပေါင်းများစွာ ပြေးလွှားခဲ့ပြီးနောက်တွင် နောက်ဘက်မှ လိုက်လာသည့် လူငယ်၏ အရိပ်ယောင်ကို မမြင်ရသောအခါ Albertက စိတ်အေးစွာ သက်ပျင်းချလိုက်သည်။
“ ဟွန့်။ ဒီကိစ္စက မပြီးသေးဘူး”
သူဟာ ကျိန်ဆဲစွာ အော်ဟစ်လိုက်ပြီးနောက် ခေါင်းကိုမော့ကာ ရှေ့သို့ ဆက်လျှောက်သည်။
သို့သော် …..။
သူဟာ ခေါင်းကို မော့လိုက်သည့်အခိုက်တန့်တွင် သူ၏ အရှေ့တွင် ပေါ်လာသည့် ပုံရိပ်နှစ်ခုကို မြင်လိုက်ပြီး နေရာတွင်ပင် တောင့်ခဲသွားသည်။
“ မလာနဲ့”
“ အနား မကပ်လာနဲ့နော်။ ငါ ပစ်လိုက်မှာ”
“ ကျေးဇူးပြုပြီး။ ငါ မင်းတို့ကို ပေးမယ်လေ။ အားလုံးပေးမယ်။ ငါ့နောက်ကို မလိုက်ပါနဲ့”
သူက ထိုသို့ပြောပြီးနောက် သူ၏ ကိုယ်ပေါ်မှ နှင်းကျားသစ်ကုတ်အင်္ကျီကို ချွတ်လိုက်ကာ မြေပြင်ပေါ်သို့ ပစ်ချပြီး ငယ်သံပါအောင် အော်သည်။
ဒိုင်း
ဆုပိုင်က အေးစက်သော မျက်နှာဖြင့် တစ်လှမ်းချင်းဆီ လျှောက်သွားသည်။ သေနတ်ပစ်သံကို ကြားသည့်တိုင်အောင် မလှုပ်ရှားချေ။ ရှေ့မှ လူဟာ အကြောက်လွန်နေသောကြောင့် သူ၏ လက်က မတည်မငြိမ် ဖြစ်နေခဲ့ပြီးသားဖြ စ်သည်။ ထို့ကြောင့် သေနတ်ကို ငြိမ်အောင်မကိုင်နိုင်ချေ။ ထို့ကြောင့် သူ၏ ဦးတည်ရာဟာလည်း မတိကျနိုင်ချေ။
“ ဆက်သွား”
ဆုပိုင်က ခေါင်းကို အသာငုံ့လျက် ခြေထောက်နားမှ နှင်းကျားသစ်ကို ခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက် ခေါင်းကို အသာညိတ်ပြသည်။
“ မြောင်း”
240 02
နှင်းကျားသစ်က တစ်ချက်ဟိန်းလိုက်သည်။ ထို့နောက် မြေပြင်တွင် ပစ်ချခံထားရသည့် အမွှေးများကို ကြည့်သည်။ သူ၏ ခန္ဓာကိုယ်မှအမွှေးများ ထောင်တက်သွား၏။ သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများက ပြည့်နှက်နေသည့်တိုင်အောင် သူသည် အရှိန်နှုန်းကို အကန့်သတ်သို့ရောက်သည် အထိ မြှင့်တင်လိုက်သည်။ ထို့နောက် သူ၏ အမြှီးကပင် ထောင်တက်သွားသည်။
နှင်းများအတွင်းတွင် သူသည် တစ္စေတစ်ကောင်အလား ရှေ့သို့ ခုန်ပြေးသွားသည်။
ဝုန်း
ထို့နောက် ထိုအမဲလိုက်သမားကို မြေပြင်ပေါ်သို့ တိုက်ရိုက် ဆွဲချလိုက်သည်။
ခရက်
သူသည် သွေးသံရဲရဲ ပါးစပ် ကြီးကို ဖွင့်လျှက် ခက်ထန်ကာ ကြောက်မက်ဖွယ်ကောင်းသည့် အစွယ်များကို ဖြဲကာ အသားတုံးတစ်တုံးကို ကိုက်ဆွဲဖြဲလိုက်သည်။
“ အား မဟုတ်ဘူး”
“ မလုပ်ပါနဲ့”
“ ကျေးဇူးပြုပြီး မလုပ်ပါနဲ့”
ဆုပိုင်သည် မြေပြင်ပေါ်မှ အမဲလိုက်သမား၏ အော်သံကို နားထောင်ရင်း မျက်မှောင်အသာ ကြုတ်လိုက်သည်။ ထို့နောက် နှင်းကျားသစ် ကုတ်အင်္ကျီသုံးထည်ကို ခပ်မြန်မြန် ကောက်ယူလိုက်သည်။
ထို့နောက် သစ်ပင်တစ်ပင် အနောက်သို့သွားပြီး သူ၏ ကျောပိုးအိတ်ထဲမှ မီးခြစ်ကို ထုတ်ကာ မီးရှိ့လိုက်သည်။ အနက်ရောင်မီးခိုးများ ထွက်လာကြောင်း မြင်သောအခါ သူဟာ သက်ပြင်းချလိုက်သည်။
ဒါက ရေခဲတောင်ရဲ့ ထိပ်စွန်းပိုင်းလေးပဲရှိ သေးတာ။
တိရစ္ဆာန်ရုံတစ်ခုလုံးမှာ တိရစ္ဆာန်မျိုးစိတ် ဆယ်ခုကျော်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သူနှင်းကျားသစ်ကိုပဲ ကယ်နိုင်တယ်။ ကျန်တဲ့ အကောင်တွေအားလုံးကို အမဲလိုက်သမားတွေက သတ်သွားကြပြီ။
[ အား။ ငါကြည့်လေလေ ပိုပြီး မသက်မသာ ဖြစ်လာလေလေပဲ။ ဒါက…]
[ တိရစ္ဆာန်တွေက ခက်ခဲတဲ့ ဘဝကို ရင်ဆိုင်နေရတယ်။ သူတို့ နှင်းကျားသစ်ရဲ့ သားရေကို ဘာလို့ လိုချင်လဲဆိုတာကိုပဲ နားလည်ချင်တာပါ။ ဒီအတိုင်း ကြည့်ကောင်းဖို့ အတွက်ကြောင့်နဲ့ပဲလား]
[ ဒါရိုက်တာဆုပိုင် ပြောတာမှန်တယ်။ ဒီလိုလဲလှယ်မှုတွေသာ မရှိရင် ထိခိုက်နာကျင်မှုတွေ ရှိမှာမဟုတ်ဘူး။ ငါ ဒီအကြောင်းရာကို တွေးလေမိလေလေ မှန်လေလေ လို့ခံစားလာရမိလေလေပဲ]
[ ဒါပေမဲ့ ကံကောင်းတာက နှင်းကျားသစ်ကို နောက်ဆုံးမှာ ကယ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ လွယ်တော့မလွယ်ဘူး]
[ ဟုတ်တယ်။ ငါဒါရိုက်တာ ဆုပိုင် တိုက်ရိုက်ထုတ်လွင့်မှု အခန်းကို ကြည့်တိုင်းလိုလို ခံစားချက်တွေက အမျိုးမျိုးပဲ]
[ တိုက်ရိုက်ထုတ်လွင့်မှုက အဆုံးသတ်တော့မှာလား]
…..
တိုက်ရိုက်ထုတ်လွင့်မှု အခန်းထဲမှ ကြည့်ရှုသူများကလည်း နှင်းကျားသစ်၏ အမွှေး ကုတ်အင်္ကျီများ မီးလောင်ကျွမ်းနေသော မြင်ကွင်းကို ကြည့်ရင်း တိတ်ဆိတ်နေသည်။ ဖြစ်ရပ်တခုလုံးဟာ ထိုကုတ်အင်္ကျီ တစ်ထည်ကြောင့် ဖြစ်သည်။
ထို့အပြင်…
တိရိစ္ဆာန်များဟာ ထိုထူးဆန်းသော အမွှေးများကို ပိုင်ဆိုင်ထားရသည်မှာ သဘာဝ ပတ်ဝန်းကျင်တွင် အံဝင်ခွင်ကျဖြစ်စေရန်အတွက်ကြောင့် ဖြစ်သည်။ လူသားများ အမဲလိုက်ရန် အတွက်ကြောင့် မဟုတ်ပေ။
မြောင်း
ဆုပိုင်က မြက်ခင်းပြင်တွင် ထိုင်နေပြီး နှင်းကျားသစ်၏ နဖူးကို အသာပွတ်သပ်လိုက်သည်။ ထို့နောက် တိုးတိုးပြောသည်။
“ ငါနဲ့ လိုက်ခဲ့မှာလား”
နှင်းကျားသစ်က ခေါင်းကို မော့လျှက် အဝေးရှိ နှင်းတောင်တန်းများကို ကြည့်သည်။ ထို့နောက် ခေါင်းကို ခပ်ကြမ်းကြမ်း ညိတ်သည်။
“ဒီမှာနေလို့ အဆင်မပြေတော့ဘူး “
နှင်းတောင်တန်းက ဘယ်လောက်ပဲမြင့်မြင့် အမဲလိုက်တဲ့သူတွေကို မတားနိုင်ဘူး။
သူလည်း တည်မငြိမ်တဲ့ ဘဝမျိုးမှာ တကယ်ပဲနေချင်တယ်။ နေရာကျဥ်းကျဥ်းလေး ဆိုရင်တောင်မှပေါ့။
“ တင်း။ ဂုဏ်ယူပါတယ်။ Host က နှင်းကျားသစ် အပိုင်းစ တာဝန်ကို အောင်မြင်စွာလုပ်ဆောင် နိုင်ခဲ့ပါပြီ”
“ တင်။ ဂုတ်ယူပါတယ်။ Host က နှင်းကျားသစ်ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် အရှိန်နှုန်း ၂ မှတ် တိုးတက်သွားပါတယ်”
“ စနစ်က အရာအားလုံးကို ပြန်လည်ပို့ဆောင်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် တိုက်ရိုက်ထုတ်လွင့်မှုကို ဖြတ်သိမ်းရပါတော့မယ်”
….
240 03
တရုတ်ပြည်။ ချင်မြို့
“ မြန်မြန်။ မြန်မြန်။ မြန်မြန်”
လုံခြုံရေး ရုံးတော်မှ ဒါရိုက်တာလျို သည် ကားထဲတွင် ထိုင်နေခြင်း ဖြစ်သည်။ သို့သော် အပြင်ဘက်မှအပူချိန် 10° အောက်သို့ ရောက်ရှိနေသည့်တိုင်အောင် သူသည် ချွေးများ ဆက်တိုက်ပြန်နေသည်။ ထို့သို့ဖြင့် ရှေ့မှ ယဥ်မောင်းကို ဆက်တိုက် တိုက်တွန်းနေရသည်။
“ ဒီထက်မြန်လို့ ရနိုင်ဦးမလား”
“ ငါနောက်ကျတော့မှာ စိုးရိမ်ရတယ်”
“ ခေါင်းဆောင်ရယ်။ ဒါက အမြန်ဆုံးပဲ။ ငါတို့ရဲ့ကားက ဒီလောက်ထိပဲ သွားနိုင်တယ်”
ရှေ့မှ ယာဥ်မောင်းသည်လည်း Deskboard ပေါ်တွင်ပေါ်နေသည့် 120 ဆိုသော အရှိန်နှုန်း ကိုကြည့်လျှက် ခပ်တိုးတိုး ပြောသည်။
“ ကောင်းပြီလေ”
“ ဒါပေမဲ့ ငါတအား စိုးရိမ်နေတယ်”
ဒါရိုက်တာ လျိုက ပေါင်ကို ခပ်ကြမ်းကြမ်း ရိုက်လျှက် စိတ်ရှုပ်ထွေးစွာ ပြောသည်။
“ ဒါက တကယ်ထူးဆန်းလိုက်တာ။ သူတို့က အချိန်ကပ်နေမှ အကြောင်းကြားစာကို ပို့လိုက်တယ်။ ဒါဆိုရင် လူတွေက ဘယ်လို လှုပ်ရှားရတော့မှာလဲ”
“ ခေါင်းဆောင် ဒီနေ့ ဘယ်သူလာမှာလဲ။ ဘာလို့ ဒီလောက်ထိ လူတွေအများကြီး လွှတ်ပြီး ကြိုရတာလဲ”
ယဥ်မောင်း၏ ဘေးဘက်တွင် ထိုင်နေသော အသင်းဖော်တစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးသည်။
လွန်ခဲ့သော ၅ မိနစ်ခန့်တွင် သူတို့အဖွဲ့သည် ရုံးထဲတွင် နေ့လည်စာစားနေချိန်ဖြစ်သည်။ ထိုအချိန်တွင် ဒါရိုက်တာလျိုဟာ ဖုန်းတစ်ကောကို လက်ခံရရှိ၏။ ထိုသို့ဖြင့် လုံခြုံရေး ရူံးတော်တစ်ခုလုံးက ထိန့်တလန့် ဖြစ်သွားရပြီး အားလုံးက အဝတ်စားများကို ခပ်မြန်မြန်လဲလျှက် လေဆိပ်သို့ အပြေးလွှားထွက်ခဲ့ရသည်။
ထိုမျှကြီးသော အခြေအနေမျိုးကြောင့် ရောက်လာသောလူဟာ အလွန်အရေးပါသော လူတစ်ယောက် ဖြစ်လောက်သည်။
ဖြစ်နိုင်တာက….။
ကောင်းကင်ပြာတိရစ္ဆာန်ရုံကို သွားမလို့လား။
ချင်တုဟန်ချန်း လုံခြုံရေး ရုံးတော်မှ အဖွဲ့ဝင်များအနေဖြင့် မကြာခဏဆိုသလို ဒီလိုတာဝန်များကို ရနေကျ ဖြစ်သည်။
လူတိုင်းဟာ ကျင့်သားရပြီး နေလေပြီ။ သို့သော် ဒါရိုက်တာလျို၏ ဒီတစ်ကြိမ် တုံ့ပြန်မှုက အလွန်ပြင်းထန်လွန်းနေသည်။
ယခင်တစ်ခေါက်က ပုဂ္ဂိုလ်ကြီး တစ်ယောက် ရောက်လာခဲ့သည့်တိုင်အောင် အခုလောက်ထိ ခံစားချက် မရှုပ်ထွေးခဲ့ပေ။
“ မင်းတို့က ဘာသိလို့လဲ”
ဒါရိုက်တာလျိုက ခပ်တိုးတိုး ကျိန်ဆဲသည်။
“ ဒီတစ်ခေါက်လာမဲ့သူက ပုဂ္ဂိုလ် ကြီးတစ်ယောက်တော့ မဟုတ်ဘူး။ဒါပေမဲ့ သူက သူကလည်း မဟာပုဂ္ဂိုလ်ကြီးပဲ”
ထိုစကားလုံးများကို ပြောပြီးနောက်တွင် ကားတွင်ထိုင်နေသည့် လူများက ပို၍ ပင် စိတ်ရှပ်ထွေးသွားရသည်။
ဘာတွေ ပြောနေတာလဲ။
မဟာပုဂ္ဂိုလ်ကြီး ဟုတ်လား။
“ အိုး။ ဒီတစ်ကြိမ်လာမဲ့ သူက အရာရှိတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူက ရွာသူကြီးတစ်ယောက်။ ဒါပေမဲ့ ဒီရွာရဲ့ဇစ်မြစ်က အတော်လေး ထူးခြားတယ်”
ဒါရိုက်တာလျိုဟာ အချက်အလက်ပါ အကြောင်းရာများကို ပြန်လည် တွေးတောပြီးနောက်တွင် ကားထဲမှ လူများကို တစ်ချက်ကြည့်သည်။ ထို့နောက် လေးနက်သော လေသံဖြင့် ပြောသည်။
“ ဒီရွာက ရှင်းကျန်းနှင်းတောင်ပေါ်က ရှေးဟောင်းရွာတစ်ရွာပဲ။ တရုတ်ပြည်ရဲ့ တော်တော်လေးကို ထူးခြားတဲ့ လူမျိုးစုတစ်စု အပိုင်ပေါ့။ နောက်ပြီး အလုံးအရင်းနဲ့ မျိုးတုံးပျောက်ကွယ်တဲ့ ကာလအတောအတွင်းမှာ ဒီရွာက လူတစ်ယောက်မှ မသေသွားဘူး”
“ ဒါကြောင့်ပဲ အလုံးရင်းနဲ့ မျိုးတုံးပျောက်ကွယ်မှု ပြီးဆုံးသွားပြီးတဲ့နောက်မှာ တစ်ကမ္ဘာလုံး အုတ်ပေါ်သောင်းနင်း ဖြစ်သွားသေးတယ်”
“ နောက်ပြီး ဒီနေ့။ ဒီနေ့ခေတ်မှာ ဒီကို လာမဲ့သူတွေက တစ်ရွာလုံးပဲ”
“ တစ်ရွာလုံး ဟုတ်လား။ ဘုရားရေ။ ဘာလို့ ဒီလောက်များတာလဲ”
ထိုစကားကို ကြားပြီးနောက် တွင် ယာဥ်မောင်းကပင် တအံ့တသြ အော်သည်။
240 04
“ ငါဒါကို ကြားဖူးသလိုပဲ။ သူတို့က သူတို့ကိုယ်သူတို့ နှင်းတောင်တန်းရဲ့ အစေခံတွေလို့ ခေါ်ကြတယ်။ ဒါပေမဲ့ မဟာမျိုးတုံးပျောက်ကွယ်သွားမှုနဲ့ သဘာဝ ကပ်ဘေးတွေက အရာအားလုံးကို ဖျက်စီးသွားခဲ့တာ မဟုတ်ဘူးလား။ သူတို့က ဘယ်လိုများ အသက်ရှင်နေတာလဲ”
“ ဒါတော့ ငါမသိဘူး။ ဒါပေမဲ့ ဒါက လျှို့ဝှက်ဆန်းကျယ်နေတုန်းပဲ”
ဒါရိုက်တာလျိုက ခေါင်းကိုခါ သည်။ ထို့နောက် ယာဥ်မောင်း၏ deskboardကို ကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုအော်သည်။
“ နားကို စွင့်ထားစမ်း။ ဒါက ၁၂၀ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အခုလေးတင် စကားနှစ်ကြောင်း ပြောပြီးရုံနဲ့ ၅၀ ဖြစ်သွားတာလဲ။ မင်းစက်ဘီး စီးနေတာလား”
“ နောက်ပြီး”
ထို့နောက်သူသည် ကားထဲမှ လူများကိုကြည့်ကာ လေးနက်သော လေသံနှင့် ဆက်ပြောသည်။
“ အပေါ်က လူတွေက ဒီရွာက လူတွေကို တော်တော်လေး အလေးထားတယ်။ အခုလာမဲ့ လူတွေအားလုံးကို သေချာလေး အာရုံစိုက်ထားရမယ်။ ဒါတင် မကသေးဘူး။ အရေးကြီးဆုံးအချက်က ဒီရွာက အဲဒီကပ်ဘေးပြီးတဲ့နောက်မှာ တရုတ်ပြည်ကို အများကြီး အကျိုးပြုထားတယ်”
“ အားလုံးပဲ တက်တက်ကြွကြွ လုပ်ကြရအောင်။ ငါတို့တွေ ငါတို့ရဲ့ ချင်းတုရဲ့ ကျော်ကြားမှုကို ထိခိုက်ခွင့်ပြုလို့မရဘူး”
“ နောက်ပြီး ငါတို့က ခဏနေရင် ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို သွားရမယ်။ အဲ့ဒီနောက် သူတို့နောက်ကို လိုက်သွားကြရအောင်။ ငါ ဒါရိုက်တာဆုပိုင်ကို ဖုန်းခေါ်ကြည့်ပြီးသွားပြီ။ ဒါရိုက်တာ ဆုပိုင်က အဲဒီမှာ မရှိဘူးဆိုတော့ အစီစဥ်တကျ ဖြစ်အောင် ငါတို့ကပဲ ထိန်းသိမ်းပေးရမယ်”
“ ဒါက အရေးကြီးဆုံးအချက်ပဲ”
ထိုသို့ပြောပြီး နောက် ဒါရိုက်တာလျိုက နဖူးကို အသာအုပ်ရင်း ခေါင်းကိုက်နေသလိုမျိုး ပြောသည်။
“ အာဟလို့ ဆိုတဲ့ကောင်ကို သွားမရှုပ်ကြနဲ့။ ဒါက အရေးအကြီးဆုံးပဲ။ သူက တအားကြွားတတ်တာ။ မင်းတို့ ငါပြောတာကို ကြားကြလား”
“ ဟုတ်ကဲ့”
လူတိုင်းက ခပ်မြန်မြန် သဘောတူသည်။ သို့သော်…။
“ ဟာဟားဟား”
လေးနက်တည်ကြည်မှုပြီးနောက် လူတိုင်းက ထရယ်ကြသည်။
' ရယ်မနေကြနဲ့”
“ ခေါင်းဆောင် ငါတို့က အဲ့ဒီကောင်ကို ရန်မစပါဘူး။ ဒါပေမဲ့ ငါတို့က အဲ့ဒီကောင်နဲ့အတူ အခြား တိရိစ္ဆာန်တွေအတွက် အသိုက်တွေထဲကို ဝင်မစောင့်ပေးချင်ဘူးလေ”
“ ပေါက်ကရတွေ။ ငါ အရင်တစ်ခေါက်က မသိလို့လေ။ ငါသာ သူက သူများရဲ့အိမ်ကို ဖျက်စီးမယ်မှန်းသာ သိရင် လိုက်သွားပါ့မလား”
ဒါရိုက်တာလျိုက ချက်ချင်းဆိုသလို အော်ရယ်လိုက်သည်။ မျက်နှာဟာ နီရဲသွားသည်။
“ နောက်ပြီး မင်း…မင်းက ဘာလို့ရယ်နေတာလဲ။ လာစမ်းပါ။ မင်းရဲ့ပါးစပ်ကို အုပ်ထားစမ်း။ မြန်မြန်မောင်း”
DeskBoardကို တချက်ကြည့်ပြီးနောက် ဒါရိုက်တာလျိုဟာ ကြောက်လန့်တကြီး အော်ပြန်သည်။
“ သေစမ်း။ အဲ့ဒီ အာဟလို့ ပြောတဲ့ကောင်က တော်တော်လေးကို ဒုက္ခပေးတာပဲ”
အရင်တခေါက်ကဆိုလျှင် သူသည် တိရစ္ဆာန်များနှင့် ဝက်ခြံကို ပြန်လည် တည်ဆောက်ရန်အတွက် အမိန့်ပေးခံခဲ့ရသည်။
ဒါက တကယ်ကို ရှက်စရာကောင်းလိုက်တာ။
သူ အတတ်နိုင်ဆုံး အဲဒီကောင်နဲ့ ဝေးဝေးနေရမယ်။ ဒီကောင်က အဆိပ်ပြင်းတယ်။
ထိုသို့ဖြင့်ကားဟာ လေဆိပ်ထံ လျှင်မြန်စွာသွားလေသည်။
လူတိုင်းက ကားထဲမှ အလျှင်မြန်ဆင်းပြီး အထူးဝင်ပေါက်ထံသွားကြသည်။
ထိုအချိန်တွင် အမျိူးမျိုးသော တောက်ပသည့်အရောင်များကို ဝတ်ဆင်ထားကြသည့် လူတစ်အုပ်က အထူးဝင်ပေါက်ထံမှ ထွက်လာသည်။
“Hello”
“ ငါတို့က ဟန်ကျန်း လုံခြုံရေး ဌာနက ပါ။ ရွာသူကြီးအိုင်းကို ကြိုဆိုဖို့အတွက် တာဝန်ပေးခံထားရလို့ ရောက်လာခဲ့တာပါ။ ဘယ်သူက ရွာသူကြီး အိုင်းလဲမသိဘူး”
“ ဟဟား ငါပဲ”
ရုတ်တရက် တက်တက်ကြွကြွ ရှိသော လူအိုကြီးတစ်ယောက်က ထွက်လာသည်။ သူသည် လက်ကို ဆန့်ထုတ်ရင်း ဒါရိုက်တာ လျိုနှင့် လက်ဆွဲနှုတ်ဆက်သည်။ ထို့နောက် ပြုံးကာ ပြောသည်။
“ ကူညီပေးတဲ့ အတွက် ကျေးဇူးပါပဲ။ ငါတို့ တစ်ရွာလုံးက ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို အထူးတလည် လာတာက နှင်းကျားသစ်ကို ကြည့်ဖို့ပါ”
“ နှင်းကျားသစ် ဟုတ်လား”
ဒါရိုက်တာလျိုက တွေးတောလိုက်သည်။ ထို့နောက် သူ့ကို လှည့်ကြည့်သော လူများကို စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်လိုက်သည်။
ကောင်းကင်ပြာ တိရစ္ဆာန်ရုံက ဒီလို သတ္တဝါ မရှိသလိုပဲ။ နောက်ပြီး ဒီလူတွေက…
…..
++++++