အခန်း (၄၆၀-၄၆၁)
Vol. 37 Ch. 460-461
အခန်း (၄၆၀)
တစ်စုံတစ်ယောက်အတွက် မင်္ဂလာဝတ်စုံလုပ်ပေးခြင်း
ဝူမန်ယွဲ့ အသံကြား၍ ခေါင်းထောင်ကြည့်လိုက်သည်။
ထိုအခါမှသာ သွေးတွေပေကျံနေသည့်လူသုံးယောက် ကျန်ရှိသည့်သားရဲဘုရင်အနည်းငယ်ကို လိုက်သတ်နေတာ သတိထားမိလိုက်၏။
သားရဲဘုရင်တွေ ရုတ်တရက်ရူးသွပ်သွားရသည့်အကြောင်းပြချက်ကို သူမ ချက်ချင်း နားလည်သွားခဲ့သည်။
ထို့နောက် ဒေါသတကြီး ပြောလိုက်သည်။
"ဒါ နင်တို့လက်ချက်ပဲ..."
ဂျန်ဖန်း နောက်ဆုံးနတ်ဆိုးသားရဲကို သတ်လိုက်၏။
ရုတ်တရက် လူသားအသံတစ်ခုကြားလိုက်ရာ စိုးရိမ်စွာဖြင့် ချက်ချင်း လှမ်းကြည့်လိုက်၏။
ထိုအခါ မှုံမိုင်းသည့်အမူအရာနှင့် ဧရာမြွေကြီးကို မြင်လိုက်သည်။
၎င်းကျောပေါ်၌ အလွန်အမင်းဆွဲဆောင်မှုရှိသည့်ပုံရိပ်တစ်ခု အနက်ရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ်ထားပြီး လဲလျောင်းနေခဲ့သည်။
သူက တစ်ခဏတွေးပြီး နားလည်သွားခဲ့သည်။
"နတ်ဆိုးသားရဲတွေ အလှည့်ကျတိုက်ခိုက်တဲ့ ဗျူဟာ သုံးနေတာ မအံ့သြတော့ပါဘူး..."
"ဒီတော့, ပြဿနာအားလုံးရဲ့နောက်ကွယ်က တရားခံက မင်းကိုး..."
သူက အချိန်အတော်ကြာကတည်းက တစ်စုံတစ်ခုမှားနေတာကို ခံစားမိ၏။
ဘယ်အချိန်က နတ်ဆိုးသားရဲတွေ အလှည့်ကျတိုက်ခိုက်သည့်နည်းဗျူဟာကို သိသွားသနည်း။
ယခု ဤလူထူးဆန်းနှင့် ထိန်းချုပ်ခံထားရသည့် သားရဲဘုရင်ကိုမြင်တော့ သူရုတ်တရက် နားလည်သွားခဲ့သည်။
ဝူမန်ယွဲ့ ဒေါသတကြီး ပြောလိုက်သည်။
"ငါတောင် ခုထိ နင့်ကို အပြစ်မတင်ရသေးဘူး..."
"ဒီသားရဲအုပ်စုက အကုန်သတ်ခံရမှာ။ ခု နင့်ကြောင့် ၂၀ လောက်လွတ်သွားပြီ...."
ထိုအရာကိုကြားသည့်အခါ ဂျန်ဖန်း နှလုံးသား နာကျင်သွား၏။
နတ်ဆိုးသားရဲ ၂၀, ထိုအရာက အကျိုးပြုမှတ် ၄၀၀ ဖြစ်၏။
သူက မနေနိင်ပဲ ဒေါသတကြီးပြောလိုက်သည်။
"မင်းက တော်တော်အသုံးမကျတာလဲ..."
"အမြုတေအဆင့် ၅သားရဲခေါင်းဆောင်ကိုထိန်းချုပ်ပြီး သူတို့ကို လွတ်သွားစေသေးတယ်..."
ဟ?...
ဝူမန်ယွဲ့ ဒေါသထွက်လွန်း၍ မြွေခေါင်းကိုရိုက်ကာ ထရပ်လိုက်သည့်အတွက် သူမရင်ဘတ် ကြမ်းတမ်းစွာ တုန်ခါသွား၏။
"ငါက အသုံးမကျဘူး, ဟုတ်လား..."
"နင့်ရဲ့သတ်ဖြတ်မှုတွေကြောင့် အဲ့သားရဲတွေ ဘယ်လောက်ကြမ်းကြုတ်လာလဲ နင်သိလား...."
"အမြုတေအဆင့် ၆ သားရဲတောင် ခုခံနိုင်မှာမဟုတ်ဘူး..."
ဂျန်ဖန်း အေးစက်စွာပြောလိုက်သည်။
"မင်းမှာ ဦးနှောက်မရှိဘူးလား..."
"ဘယ်သူက ထိပ်ကနေပိတ်ရမယ်ပြောလဲ..."
"အဲ့မြွေသားရဲကို တောင်ကြားဖြိုချခိုင်းလိုက်လို့ မရဘူးလား..."
ဝူမန်ယွဲ့ တစ်ခဏကြောင်သွား၏။
ဤအရာက... အလွန် အကျိုးသင့် အကြောင်းသင့်ဖြစ်ပုံပေါ်၏။
"ငါ... နင်..."
ဝူမန်ယွဲ့ မျက်နှာနီရဲသွားပြီး ဒေါသတကြီး ခေါင်းစဥ်ပြောင်းလိုက်သည်။
"အဲ့တာ နင့်အလုပ်မဟုတ်ပါဘူး...."
"ဒီသားရဲတွေကို ဒီတောင်ကြားထဲရောက်အောင် ငါတို့ ခက်ခက်ခဲခဲကြိုးစားထားရတာ...."
"ချက်ချင်းထွက်သွားပါ..."
"ပြီးတော့ နင်ထုတ်ယူထားတဲ့ နတ်ဆိုးအမြုတေတွေ လွဲပြောင်းပေး..."
"အဲ့တာတွေအားလုံးက ငါတို့ဟာတွေ, နင်တို့တစ်ခုမှ ယူသွားလို့မရဘူး...."
ဟ...
ရှချောင်ကော သူမအသတ်ခံရလုနီးပါးဖြစ်ခဲ့ရသည့်ကိစ္စကိုတောင် စာရင်းမရှင်းရသေးပေ။
သူမ ဘယ်လိုတောင် နတ်ဆိုးအမြုတေတောင်းရဲရသနည်း။
"မပေးရင်ကော..."
ဂျန်ဖန်း အေးစက်စွာ ပြောလိုက်သည်။
ဝူမန်ယွဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။
"ဒါဆိုလည်း အမြုတေအဆင့် ၅ သားရဲလိုက်သတ်တဲ့အရာသာကို ခံစားလိုက်ပေါ့..."
ပြောပြီးနောက် သူမလက်ထဲရှိ အနက်ရောင်အလံလေးကို ညွှန်ပြလိုက်သည်။
မှုံမိုင်းနေသည့်ဧရာမမြွေကြီး ရုတ်တရက် ခေါင်းထောင်လာပြီး လျှာတစ်ထုတ်ထုတ်လုပ်ကာ အမြုတေအဆင့် ၅ ၏ကြောက်မက်ဖွယ်အော်ရာကို ထုတ်လွတ်နေခဲ့သည်။
ရှချောင်ကောနှင့် လန်ဖေးယန် နှစ်ယောက်လုံး အလေးအနက်ဖြစ်သွား၏။
အမြုတေအဆင့် ၅ သားရဲဘုရင်က အတော်လေး အစွမ်းထက်၏။
ထပ်ပေါင်းပြောရလျှင် ဝူမန်ယွဲ့နှင့် အခြားသုံးယောက်လည်းရှိသေး၏။
သူတို့သုံးယောက်တည်းနှင့်...
သူတို့တွေးနေစဥ်မှာပဲ...
ဂျန်ဖန်း ရုတ်တရက် အော်ပြောလိုက်သည်။
"ဝိညာဥ်တိုက်ခိုက်ခြင်း..."
ဝေါင်း...
ဝိညာဥ်အပ်တစ်ခု မြွေကြီး၏ဝိညာဥ်ကို ထိုးဖောက်သွားခဲ့သည်။
၎င်းနာကျင်စွာ အော်ဟစ်လိုက်ရပြီး ကြီးမားသည့်ခန္ဓာကိုယ်ပြီး ကျယ်လောင်သည့်အသံနှင့် မြေပြင်ပေါ် လဲကျသွားခဲ့သည်။
ခေါင်းပေါ်ရှိ ဝူမန်ယွဲ့လည်း လွင့်ပျံသွားခဲ့သည်။
သူမ၏လက်ကျန်စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ်ကိုသုံးပြီး မနည်းတည်ငြိမ်အောင်လုပ်လိုက်ရသည်။
"မြွေကြီး, ဘာမှားနေတာလဲ, ထစမ်း..."
မြေပြင်ပေါ်လူးလိမ့်နေပြီး တဖြည်းဖြည်းငြိမ်ကျသွားသည့် မြွေကြီးကိုကြည့်ပြီး...
ဝူမန်ယွဲ့ အကြီးအကျယ်တုန်လှုပ်သွားပြီး အနက်ရောင်အလံငယ်ပေါ်၌ ပုံစံတစ်ခု အမြန်ရေဆွဲလိုက်၏။
သို့ပေမယ့် ဘုန်းဆိုသည့်အသံတစ်ခုနှင့်...
အနက်ရောင်အလံငယ် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။
သစ်သားစအချို့ သူမကိုထိိမှန်သွား၏။
အ...
ဤတစ်ချိန် သူမအတော်လေး ကံဆိုးနေခဲ့သည်။
ပေါက်ကွဲမှုကြောင့်လွင့်ထွက်သွားပြီး ဝတ်ရုံရှေ့ပိုင်းစုတ်ပြဲသွားကာ ဖြူဖွေးသည့်မြောင်းတစ်ခုပေါ်လာခဲ့သည်။
ထိန်းချုပ်ခံထားရသည့်မြွေကြီးက ဝိညာဥ်တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။
ချက်ချင်းပဲ ဝိညာဥ်ပျက်ဆီးပြီး သေသွားခဲ့သည်။
မြွေကြီးသေဆုံးမှုနှင့် ထိန်းချုပ်ရေးအလံလည်း ပေါက်ကွဲသွားခဲ့တာဖြစ်သည်။
ဂျန်ဖန်း ဓားကို ဝူမန်ယွဲ့ ဖြူဖွေးသည့်လည်ပင်းပေါ် ချိန်ရွယ်လိုက်၏။
သူမ၏ စိတ်ဝိညာဥ်စွမ်းအင်တွေက လုံးဝကုန်ဆုံးနေပြီး ဒဏ်ရာရနေခဲ့သည်။
"အမြုတေအဆင့် ၅ သားရဲလိုက်သတ်တဲ့ အရသာတော့ ငါမသိဘူး...."
"ဒါပေမယ့် မင်း ငါအမဲလိုက်တာခံရတဲ့အရသာကိုတော့ သေချာပေါက် ခံစားရမှာ...."
ချောက်ကမ်းပါးကိုတွယ်တက်နေသည့် လူသုံးယောက် ထိတ်လန့်သွား၏။
သူတို့က အလျှင်အမြန်ပဲ ခုန်ဆင်းလာပြီး လက်ချင်းယှက်ကာ အသနားခံလိုက်သည်။
"စီနီယာ... ကျေးဇူးပြုပြီး ညာတာပါအုန်း..."
"ငါတို့ ဒီနေရာက နတ်ဆိုးအမြုတေတွေကို မယူတော့ပါဘူး။ အကုန်လုံး စီနီယာပဲယူလိုက်ပါ..."
သုံးယောက်သား အတော်လေး ကြောက်လန့်နေခဲ့သည်။
အမြုတေအဆင့် ၅ သားရဲကို အဝေးမှ အသာအယာသတ်နိုင်သည့်တစ်စုံတစ်ယောက်က ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်မည်နည်း။
ဂျန်ဖန်း ဓားသိမ်းပြီး အေးစက်စွာ ပြောလိုကသည်။
"မင်းတို့ကို ငါနောက်တစ်ကြိမ်မမြင်မိစေနဲ့...."
"ထွက်သွား..."
လူသုံးယောက် ချက်ချင်းပဲ ဝူမန်ယွဲ့ကို ကူညီကာ တောင်ကြားအဝင်ဝကို ဖရိုဖရဲဖြင့် ထွက်ခွာသွားကြသည်။
ဝူမန်ယွဲ့ သူမ၏ဆွဲဆောင်မှုရှိသည့်အနီရောင်နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။
သူမ၏မက်မွန်သီးပုံစံမျက်လုံးတွေထဲ၌ အစော်ကားခံရမှုတွေ အပြည့်ပင်။
သူမ၏ကြိုးစားအားထုတ်မှုအားလုံး အခြားသူအတွက် ဖြစ်သွားခဲ့သည်။
ရုပ်သေးနည်းစနစ်လေ့ကျင့်ကတည်းက ဤကဲ့သို့ဆုံးရှုံးမှုမျိုး ဘယ်အချိန်က ခံစားဖူးသနည်း။
"ခွေးကောင်, နင်ဘယ်သူလဲဆိုတာ ငါမသိစေနဲ့..."
"မဟုတ်လို့ကတော့... ငါ ဘယ်တော့မှ အလွတ်မပေးဘူမှတ်..."
အဖွဲ့ဝင်သုံးယောက် ခါးသီးသည့်အပြုံးတစ်ခု ဖလှယ်လိုက်ကြသည်။
ပုံမှန်ဆို ဝူမန်ယွဲ့က အခြားလူတွေကို ကြိုးကိုင်ခြယ်လှယ်သည့်တစ်ယောက်ဖြစ်၏။
ယနေ့တော့ သူမအကြီးအကျယ်ခံစားခဲ့ရသည်။
သူမ၏စိတ်ဓာတ်အရ ဘယ်လိုမှဒီတိုင်းထားမည်မဟုတ်ပေ။
နောက်တစ်ကြိမ်တွေ့သည့်အခါ ဘယ်သူခံစားရမလဲဆိုတာ မသေချာပေ။
တောင်ကြားထဲ၌...
ဂျန်ဖန်းနှင့် အခြားလူတွေ အလျှင်အမြန်ပဲ နတ်ဆိုးအမြုတွေကို ထုတ်ယူလိုက်သည်။
မြွေနတ်ဆိုးသားရဲခန္ဓာကိုယ်ကိုတော့ တိုက်ရိုက်ပဲ ကောင်းကင်မိုးကြိုးကျောက်တုံးထဲ ထည့်လိုက်၏။
ဤမြင်ကွင်း...
လန်ဖေးယန်ကို ထိတ်လန့်သွားစေခဲ့သည်။
"သိုလှောင်ရတနာ..."
ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ သိုလှောင်ရတနာ အနည်းငယ်သာရှိ၏။
ပိုင်ဆိုင်ထားသည့်လူတွေကလည်း သံသယရှိစရာမလိုအောင် အထွတ်အထိပ်စွမ်းအားရှင်တွေဖြစ်၏။
သူက မနေနိုင်ပဲ ရှချောင်ကောကို ကြည့်လိုက်သည်။
သူမလည်း အံ့အားသင့်သည့်အမူအရာဖြစ်နေခဲ့သည်။
ရှင်းလင်းစွာပင်, ရှချောင်ကောလည်း ဤစီနီယာ၏အဆင့်အတန်းက စိတ်ကူးထားတာထက်အများကြီးပိုမြှင့်တာ သိလိုက်၏။
"စီနီယာ, နတ်ဆိုးအမြုတေတွေ စုဆောင်းပြီးပြီ..."
ရှချောင်ကာ နတ်ဆိုးအမြုတေတွေ စုဆောင်းပြီး ဂျန်ဖန်းဆီ ယူလာပေးခဲ့သည်။
ဂျန်ဖန်း လက်ဝှေ့ယမ်းလိုက်၏။
"အစောပိုင်းမင်းသတ်တဲ့ဟာတွေကို မင်းပဲယူလိုက်ပါ..."
ထိုသို့လုပ်၍ ဘယ်လိုလုပ်ဖြစ်မည်နည်း။
သူမနှင့် လန်ဖေးယန်က ဂျန်ဖန်းနောက်ကနေ၍ ကျန်ရှိသည့်အကောင်လေးတွေကို သာသတ်ခဲ့တာဖြစ်သည်။
ထိုအရာကို အကျိုးဆောင်မှုဟု ဘယ်လိုလုပ်သတ်မှတ်နိုင်မည်နည်း။
"ချောင်ကော မလုပ်ရဲပါဘူး..."
ရှချောင်ကော လေးစားစွာပဲ ပေးလိုက်သည်။
ဂျန်ဖန်း သူမပခုံးကို ပုတ်လိုက်သည်။
"ငါတို့ကြားမှာ ယဥ်ကျေးနေဖို့ မလိုပါဘူး..."
အာ...
လန်ဖေးယန် သူတို့နှစ်ယောက်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။
အသံအရ စီနီယာနှင့် ရှချောင်ကောက သာမန််ဆက်ဆံရေးဟုတ်ပုံမရပေ။
ရှချောင်ကာ ဓာတ်လိုက်သလို ဆက်ခနဲတုန်သွား၏။
သူမမျက်လုံးတွေ၌ သတိထားသည့်အမူအရာနှင့် ဒေါသတွေပြသလာပြီး အလေးအနက်ပြောလိုက်သည်။
"စီနီယာ, ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို လေးစားပါ..."
?...
ဂျန်ဖန်း ရှက်သွား၏။
ဤမိန်ခလေး တစ်ခုခုကို နားလည်မှုလွဲနေသည်လား။
ဤအခိုက်အတန့်၌...
ဖြူလေးနှင့် စိတ်ဝိညာဥ်မြင်း ကြီးမားသည့်အိတ်ကြီးတွေသယ်ကာ ပျော်ရွင်သည့်ခြေလှမ်းတွေဖြင့် ပြေးလာခဲ့ကြသည်။
ရှချောင်ကောမြင်သည့်အခါ ပျော်ရွင်သွား၏။
"နင် အဆင်ပြေတယ်, ဒါကောင်းတယ်..."
သူမက စိတ်ဝိညာဥ်မြင်း သားရဲဘုရင်တွေ၏အမဲလိုက်ခံရမှာကို စိုးရိမ်နေခဲ့သည်။
သူမဆီလုံခြုံစွာပြန်လာတာမြင်တော့ တကယ်ပဲ ပျော်ရွင်သွားခဲ့သည်။
သို့ပေမယ့် စိတ်ဝိညာဥ်မြင်းသူမကို လျစ်လျူရှုထားခဲ့သည်။
ဂျန်ဖန်းဆီ တိုက်ရိုက်ပြေးသွားပြီး အမြီးနှံ့ပြလိုက်သည်။
ရှချောင်ကော အနည်းငယ်စိတ်ရှုပ်သွား၏။
သူမ၏ကိုယ်ပိုင်သားရဲက သခင်ကို လျစ်လျူရှုထားခဲ့သည်။
ထိုအစား အပြင်လူကို ဖားယားနေခဲ့သည်။
ချက်ချင်းပဲ...
စိတ်ဝိညာဥ်မြင်း လူသားဘာသာစကားဖြင့် ပြောလိုက်သည်။
ပြောလိုက်သည့်အရာက သူမခန္ဓာကိုယ်ကို တုန်ယင်သွားစေခဲ့သည်။
"အကိုဂျန်ဖန်း, ငါ ဖြူလေးထက် ပိုရခဲ့တယ်..."
စိတ်ဝိညာဥ်မြင်း ဂုဏ်ယူစွာ ပြောလိုက်သည်။
ရှချောင်ကော မျက်လုံးတွေ တဖြည်းဖြည်း ပြူးကျယ်လာ၏။
လန်ဖေယန်လည်း မိုးကြိုးပစ်ခံသလို ကြောင်အနေပြီး ရေရွတ်လိုက်သည်။
"မင်း သူ့ကို ဘယ်လိုခေါ်လိုက်တယ်...."
အခန်း (၄၆၁)
ဓားထိန်းချုပ်ရေးနည်းစနစ်ဒုတိယပိုင်း
လန်ဖေးယန် သူကြားသည့်အရာကို မယုံနိုင်ဖြစ်နေ၏။
အကိုဂျန်ဖန်း?...
သားရဲဘုရင် ၅၀ ကျော်နှင့် အမြုတေအဆင့် ၅ သားရဲဘုရင်ကို သတ်လိုက်သည့်ဤလူက....
ဂျန်ဖန်းဖြစ်နေသည်လား။
စိတ်ဝိညာဥ်မြင်းခေါင်းလှည့်ကြည့်လိုက်၏။
ထိုအခါမှသာ ရှချောင်ကောကိုသတိထားမိပြီး အလျှင်အမြန်ပြောလိုက်သည်။
"သခင်လည်း ရှိနေတာကိုး...."
"အကိုဂျန်ဖန်းက တကယ်အံံ့သြစရာကောင်းတာပဲ။ တကယ် သခင့်ကို ကယ်နိုင်ခဲ့ပြီ..."
ဖြူလေး ရယ်လိုက်သည်။
"မင်းက တကယ်ကို စီးနင်းသားရဲကောင်းပဲ..."
"နောက်ဆုံးတော့ သခင်တစ်ယောက်ရှိတာ မှတ်မိသေးသားပဲ..."
ထို့နောက် ဂျန်ဖန်းဆီသွားပြီး သစ္စာရှိမှုကို ပြသလိုက်သည်။
"ငါက မတူဘူး။ ငါ့နှလုံးသားထဲမှာ အကိုဂျန်ဖန်းတစ်ယောက်ပဲရှိတယ်...."
ဂျန်ဖန်း ကြက်သီးထသွား၏။
သူက ထိုကောင်ကို အဝေးတွန်းလွတ်လိုက်သည်။
"မင်းက ငါ့ကို အံချင်အောင်လုပ်နေတာပဲ..."
ထို့နောက် သူ့မျက်နှာကိုသုတ်လိုက်ရာ သွေးတွေအောက်ရရှိ ပုံစံအစစ်အမှန်ပေါ်လာခဲ့သည်။
"အာ, တကယ် ဂျူနီယာညီလေးဂျန်ပဲ..."
လန်ဖေးယန် အလွန်တုန်လှုပ်နေခဲ့သည်။
သူ စီနီယာဟုခေါ်နေသည့်လူက လက်စသတ်တော့ ဂျန်ဖန်း ဖြစ်နေခဲ့သည်။
ရှချောင်ကော၏လှပသည့်မျက်လုံးတွေလည်း အံ့အားသင့်မှုကြောင့် ပြူးကျယ်သွား၏။
"တကယ် ဦးလေးပဲ..."
ဂျန်ဖန်း မှုန်သုန်သုန်ဖြင့် ပြန်ပြောလိုက်သည်။
"အခြားဘယ်သူဖြစ်နိုင်မှာလဲ...."
"ကိုယ်ကျင့်သိက္ခာမရှိတဲ့ အဘိုးကြီးဖြစ်ရမှာလား..."
ရုတ်တရက်...
ရှချောင်ကော မျက်နှာနီရဲသွား၏။
ဂျန်ဖန်း "ငါတို့ဆက်ဆံရေးအရ"လို့ပြောတာ မဆန်းတော့ပေ။
လက်စသတ်တော့ သူတို့ကြား၌ တကယ်ပဲ ဆက်ဆံရေးတစ်ခုရှိနေခဲ့သည်။
သန့်စင်သည့် ဆရာ-တူမ ဆက်ဆံရေးဖြစ်သည်။
ထို့ပြင် သူမက နားလည်မှုလွဲခဲ့သည်။
ရှချောင်ကော ရှက်သွားပြီး အပြစ်တင်လိုက်သည်။
"ဘာလို့ ဦးလေက စောစောက မပြောတာလဲ...."
ဂျန်ဖန်း မျက်လုံးလှန်လိုက်၏။
"ပြောဖို့လိုသေးလို့လား..."
"ဒီနှင်းပြင်ထဲက တပည့်တွေထဲမှာ ငါ့အပြင် ဘယ်သူကများ အသက်ရင်းပြီး မင်းကိုကယ်မှာလဲ..."
ရှချောင်ကော စိတ်ထဲ၌ ရှုပ်ထွေးသွား၏။
ဂျန်ဖန်း သူမကို အရမ်းဂရုစိုက်သည့်အတွက် ပျော်ရွင်မှုနှင့် ဂျန်ဖန်းကို မမှတ်မိ၍ ရှက်နေတာပင်။
"ဘယ်လိုပဲဖြစ်ဖြစ်, အသက်ကယ်တဲ့အတွက် ဦးလေးကို ကျေးဇူးတင်ပါတယ်..."
ရှချောင်ကော အကူညီမဲ့စွာ သက်ပြင်းချလိုက်သည်။
သူမက ဂျန်ဖန်းအပေါ် အကြွေးမတင်အောင် အမြဲရှောင်ရှားနေခဲ့သည်။
သို့ပေမယ့် ပိုပိုပြီးသာ အကြွေးတွေများလာခဲ့သည်။
ယခုဆို အသက်ကြွေးတောင်ဖြစ်နေခဲ့သည်။
သူမ ဘယ်လိုပြန်ပေးရတော့မည်နည်း။
ဂျန်ဖန်း ပြုံးပြီး ပြောလိုက်သည်။
"ဒီအကြောင်းမပြောတော့ဘူး..."
"မင်းတို့ နောက်ထပ် ဘယ်သွားဖို့ စီစဥ်ထားလဲ..."
လန်ဖေးယန် ပြောလိုက်သည်။
"ငါတို့အစက ရည်ရွယ်ထားတာတော့ တောင်ကြားထဲကသားရဲတွေကို သတ်ပြီးရင် ပိုရက်စက်ကြမ်းကြုတ်တဲ့ ရှေ့တန်းက တောင်တန်းနယ်မြေကို သွားမလို့...."
"အဲ့နေရာက လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေ အဓိကတိုက်ပွဲဖြစ်တဲ့နေရာဆိုလည်း ဟုတ်တယ်..."
"တောင်တန်းကိုထိန်းချုပ်နိုင်တဲ့ဘယ်သူမဆို လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ် အဝင်အထွက်လုပ်တဲ့ လမ်းကြောင်းကို ထိန်းချုပ်နိုင်လိမ့်မယ်..."
"နောက်ဆုံးတစ်ကြိမ် အဲ့တောင်ကို ဆုံးရှုံးလိုက်ရတုန်းက နတ်ဆိုးသားရဲတွေ ကျူးကျော်ဝင်ရောက်မှုကို ဖြစ်သွားစေတယ်လေ..."
"ဒီတစ်ကြိမ် ငါတို့ရဲ့အကြီးအကျယ်ပြန်တိုက်ခိုက်မှုနဲ့ နယ်နိမိတ်တောင်တန်းမှာ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်လာမှာ မလွဲမသေပဲ..."
"နတ်ဆိုးသားရဲတွေသတ်ဖို့ အကောင်းဆုံးအခွင့်အရေးဆိုလည်း ဟုတ်တယ်..."
နယ်နိမိတ်တောင်တန်း...
ထိုအရာက ဘယ်လိုလုပ် မျိုးနွယ်စုနှစ်ခုကြားရှိ လမ်းကြောင်းကို သက်ရောက်နေရသနည်း။
သူက နေဝင်မြို့မှာ အချိန်အတော်ကြာနေခဲ့ပြီး ရှေ့တန်းကို ဘယ်တုန်းကမှမရောက်ရာ...
ဤအခွင့်အရေးကိုဆုပ်ကိုင်ပြီး တစ်ချက်သွားကြည့်ရမည်ပင်။
အဖွဲ့ သူတို့ပစ္စည်းတွေကို ထုတ်ပိုးပြီး ချက်ချင်းထွက်ခွာလာခဲ့သည်။
သို့ပေမယ့် စီနင်းသားရဲဘယ်လိုခွဲမလဲဆိုတာ ပြဿနာဖြစ်လာခဲ့သည်။
အကြောင်းမှာ လန်ဖေးယန်တစ်ယောက်ပိုနေလို့မဟုတ်ပေ။
ဤလောက်များသည့်စိတ်ဝိညာဥ်သားရဲတွေနှင့် လူ ၁၀ ယောက်စီးတောင် ပြဿနာမရှိပေ။
သို့ပေမယ့်....
"အကိုဂျန်ဖန်း, ကျွန်တော့်ပေါ်တက်, ကျွန်တော့်ပေါ်တက်, ကျွန်တော်က အရူးနွားထက် ပိုစီးလို့ကောင်းတယ်..."
စိတ်ဝိညာဥ်မြင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ဖြူလေး ဒေါသတကြီး ဂျိုဖြင့်ထိုးလိုက်သည်။
"အရှက်မရှိတဲ့ကောင်, ငါ့သခင်ကိုခိုးတယ်ပေါ့..."
စိတ်ဝိညာဥ်မြင်း နှာမှုတ်လိုက်၏။
"မင်းသခင်က နန်းကုန်းရှောင်ယွင်မဟုတ်ဘူးလား...."
"အကိုဂျန်ဖန်းမှာ ဘယ်သူမှမရှိဘူး။ လူတိုင်း ယှဥ်ပြိုင်နိုင်တယ်..."
"အား... ဒါဆို ငါမင်းနဲ့တိုက်မယ်..."
ဖြူလေး ဒေါသတကြီး ပြောလိုက်သည်။
စိတ်ဝိညာဥ်မြင်း အံ့ကြိတ်ပြောလိုက်၏။
"ငါ မင်းကို နည်းနည်းမှကြောက်မနေဘူး..."
ဤမြင်ကွင်း...
လန်ဖေးယန်ကို ထိုင်းမှိုင်းသွားစေခဲ့သည်။
တပည့်တွေသာ စိတ်ဝိညာဥ်သားရဲတွေအတွက် ယှဥ်ပြိုင်တာရှိဖူး၏။
ယနေ့ မျက်စိပွင့်နားပွင့်ဖြစ်သွားရသည်။
စိတ်ဝိညာဥ်မြင်းတွေ သခင်အတွက် ယှဥ်ပြိုင်နေခဲ့သည်။
ဂျန်ဖန်း စိတ်ပျက်သွားပြီး နှစ်ကောင်လုံးကို ခေါင်းခေါက်လိုက်သည်။
"ကိုယ့်အမူအရာကိုယ် ထိန်းစမ်းပါ..."
ဆူပူပြီးနောက် ခုံးကောင်စိတ်ဝိညာဥ်အသားအပိုင်းနှစ်ခု ဆုချီးမြှင့်လိုက်၏။
"ယူလိုက်..."
သားရဲနှစ်ကောင် ပျော်ရွင်သွားခဲ့သည်။
သူတို့ယှဥ်ပြိုင်နေကြတာ ဂျန်ဖန်းဆီမှ ခုံးကောင်အသားရဖို့ပဲဖြစ်သည်။
ရှချောင်ကောနှင့် လန်ဖေးယန်ကို ကြည့်ပြီး ....
ဂျန်ဖန်း သူတို့ကိုလည်း အပိုင်းတစ်ခုပစ်ပေးလိုက်၏။
"မင်းတို့လည်း စားလိုက်..."
"ရှေ့တန်းကအရမ်းအန္တရာယ်များတယ်။ လမ်းမှာ မင်းတို့အဆင့်ချိုးဖျက်နိုင်ရင် အကောင်းဆုံးပဲ..."
"မဟုတ်ရင်လည်း ဒါက မင်းတို့ ကျင့်ကြံရေးတိုးတက်ဖို ကူညီပေးနိုင်တယ်...."
နှစ်ယောက်သားကြောင်သွား၏။
ခုံကောင်အသားလက်ထဲရောက်သည့်အခါ သူတို့က ၎င်း၏ထူးခြားသည့်အရည်အသွေးကို နားလည်လိုက်သည်။
လန်ဖေးယန် ကျေးဇူးတင်လိုက်၏။
"ဂျူနီယာညီလေးဂျန်ရဲ့ ကြင်နာမှုကို ငါဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."
ဂျန်ဖန်း ဟာသလုပ်လိုက်၏။
"မင်း ငါ့ကို တကယ်ပြန်ပေးစဆပ်ချင်ရင် စီနီယာရှုချင်းယန်ရဲ့ ဓားထိန်းချုပ်ခြင်းနည်းစနစ် ဒုတိယပိုင်းကို ခိုးပေလေ..."
ထိုစဥ်က ရှုချင်းယန် ဂျန်ဖန်းကို တစ်ဝက်သာ ပေးခဲ့ပြီး သူက ဓားနှလုံးသားကို နားလည်ခဲ့၏။
စွမ်းအားက အလွန်ကောင်းပြီး ခရမ်းဓားနှင့်ပေါင်းစပ်လိုက်သည့်အခါ သူ၏ဝှက်ဖဲတစ်ခုဖြစ်လာခဲ့သည်။
သို့ပေမယ့် ပိုသန်မာသည့်ပြိုင်ဘက်တွေနှင့်တွေ့သည့်အခါ ၎င်းက တဖြည်းဖြည်း အကျိုးသက်ရောက်အားနည်းလာခဲ့သည်။
ဒုတိယပိုင်း၌ ပိုကြီးမားသည့်စွမ်းအားတွေ ရှိလားဟု သိချင်၏။
ဒုတိယပိုင်းရဖို့ သူက လူကိုယ်တိုင်သွားရမည်ပင်။
သူ့ကိုအံ့အားသင့်စွာပဲ လန်ဖေးယန် အလေးအနက်စဥ်းစားနေသည်။
"ခိုးဖို့ မလိုပါဘူး..."
"ငါ့ရဲ့ဓားတာအိုမှာ ထူးချွန်တဲ့ပါရမီကြောင့် မြင့်မြတ်အကြီးအကဲက ငါ့ကို ဓားထိန်းချုပ်ရေးနည်းစနစ် တစ်ခုလုံးပေးခဲ့တယ်...."
ဘာ?...
ဂျန်ဖန်း ဆွံ့အသွား၏။
ဤကဲ့သို့ အရေးကြီးဓားသိုင်းတစ်ခုကို ရှုချင်းယန် အလွယ်တကူပေးပစ်ခဲ့သည်။
သေချာတွေးကြည့်တော့ အောင်မြင်သူမရှိသောကြောင့် ရှုချင်းယန် အများကြီးဂရုမစိုက်တော့တာဖြစ်သည်။
ရလဒ်အနေဖြင့် သူလိုအပြင်လူတောင် ပထမတစ်ပိုင်းရခဲ့၏။
"ဒါပေမ့, ငါ့ပါရမီက အကန့်အသတ်ရှိလို့ , မတတ်မြောက်နိုင်ခဲ့ဘူး...."
လန်ဖေးယန် စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်သည်။
"အချိန်အတော်ကြာ လျစ်လျူရှုပြီးနောက်မှာ ငါလုံးဝကို မမှတ်မိတော့ဘူး..."
"ဒီလိုဆိုရင်ကော ဘယ်လိုလဲ...."
"နေဝင်မြို့ပြန်ရောက်ရင် ငါမှတ်မိသလောက် ကူးရေးပေးမယ်။ ပြီးရင် မြင်ဖူးတဲ့အကြီးအကဲတစ်ယောက်ကိုပြပြီး လိုနေတာတွေ ပြန်ဖြည့်ခိုင်းမယ်..."
"တစ်လုံးမှမကျန်ပဲ မင်းကိုသေချာပေါက် ပေးပါ့မယ်..."
"ဒီနေ့ရဲ့ကြင်နာမှုကို ပြန်ပေးတယ်လို့ ယူဆလို့ရတာပေါ့..."
ဂျန်ဖန်း ပျော်ရွင်သွားပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။
"ဒါဆိုလည်း စီနီယာအကိုလန်ကို ကျေးဇူးတင်ပါတယ်...."
သူက ရှေ့တန်းတာဝန်တွေအမြန်ပြီးချင်ပြီး နေဝင်မြို့ကို ပြန်ချင်နေပြီဖြစ်သည်။
"ငါ ညီလေးဂျန်နဲ့အတူ ဖြူလေးကိုစီးလိုက်မယ်..."
"ရှချောင်ကော, မင်းက မင်းရဲ့ စိတ်ဝိညာဥ်မြင်းကို စီးလိုက်..."
စိတ်ဝိညာဥ်သားရဲတွေက ကြီးပေမယ့် အဆုံးမှာတော့ အမျိုးသားနှင့်အမျိုးသမီးကြား၌ ကွာခြားချက်ရှိ၏။
ဤစီစဥ်မှုက အကောင်းဆုံးပဲဖြစ်သည်။
ရှချောင်ကော ခေါင်းခါယမ်းလိုက်သည်။
"စီနီယာအကိုလန် စိတ်ဝိညာဥ်မြင်းကို စီးလိုက်ပါ..."
"ကျွန်မ ဦးလေးနဲ့အတူ ဖြူလေးကိုစီးလိုက်မယ်..."
ဟမ်?...
လန်ဖေးယန် ထူးဆန်းသည့်အမူအရာပြသလာ၏။
ရှချောင်ကော တကယ်ပဲ ဂျန်ဖန်းနှင့်အတူစီးဖို့ ဦးစွာပြောလာခဲ့သည်။
လုံးဝ ဟန်ဆောင်မနေပေ။
သူ့အကြည့်ကိုမြင်တော့ ရှချောင်ကော တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီစိတ်ဝိညာဥ်မြင်းက ငါ့ကို သခင်အဖြစ်အသိအမှတ်မပြုတော့ဘူး..."
"စီးချင်တဲ့ဘယ်သူမဆို စီးလို့ရတယ်..."
လန်ဖေးယန် ဆွံ့အသွား၏။
ရှချောင်ကောက ဤလောက်ထိ အမြင်ကျဥ်းသည်လား။
ဂျူနီယာညီလေးဂျန်နှင့် အတူစီးချင်သည်ဟု တိုက်ရိုက်ပြောလိုက်လို့ မရဘူးလား...
ဒါ...
ဂျန်ဖန်း တစ်ခဏတွေဝေသွား၏။
အချိန်ကအလျှင်စလိုဖြစ်နေတာကို တွေးပြီး သူက သဘောတူလိုက်သည်။
"ကောင်းပြီလေ..."
ဘယ်လိုပဲဖြစ်ဖြစ် ဖြူလေးကျောက အကျယ်ကြီးဖြစ်ရာ သူမနှင့်ဝေးဝေးနေဖို့ အဆင်ပြေ၏။
ဤသို့ဖြင့် သူတို့က သားရဲတွေပေါ်တက်ကာ တောင်ကြားထဲမှ ထွက်ခွာလာခဲ့သည်။
ဂျန်ဖန်း သူ၏နတ်ဆိုးအမြုတေတွေကို ဂရုတစိုက်စစ်ဆေးလိုက်၏။
တောင်ကြားတိုက်ပွဲ၌ သူက နတ်ဆိုးအမြုတေ ၆၀ ကျော်ရရှိခဲ့၏။
ယခင်သူရခဲ့သည့် ၄၀ နှင့်ပေါင်းလျှင် ယခု စုစုပေါင်း ၁၀၀ ရှိပြီဖြစ်သည်။
စုဆောင်းမှုအရှိန်ကြောင့် သူ အနည်းငယ်အံ့အားသင့်သွား၏။
"အစောပိုင်းက အမျိုးသမီးကို တကယ်ကျေးဇူးတင်သင့်တယ်...."
"ရှေ့တန်းကဖောက်ဝင်လာတဲ့ သားရဲဘုရင်တွေအကုန်လုံးနီးပါးကို ဒီနေရာမှာ စုပေးထားတယ်..."
"သူမအသုံးမကျတာတော့ စိတ်ပျက်စရာပဲ။ ၂၀လောက်လွတ်သွားရတယ်..."
လန်ဖေးယန် မချိပြုံးပြုံးလိုက်သည်။
"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့တပည့်ကို အသုံးမကျဘူလို့ ဂျူနီယာညီလေးဂျန်ပဲ ပြောရဲတယ်...."
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်...
ဂျန်ဖန်း အံ့အားသင့်သွား၏။
လန်ဖေးယန် ပြောလိုက်သည်။
"ကြည့်ရတာ ဂျူနီယာညီလေး ဂျန်မသိသေးပုံပဲ။ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက တပည့်များစွာ ပါဝင်လာကြပြီလေ..."
"ငါတို့ အရင်က အမြုတေအဆင့် ၄ အဆင့် ၅ သားရဲအုပ်ကြီးနောက် လိုက်သတ်နေတဲ့ တစ်ယောက်ကို မြင်ဖူးတယ်..."
"မင်း ယုံနိုင်မှာတောင် မဟုတ်ဘူး..."
ရှချောင်ကော အနည်းငယ်ခေါင်းညိတ်ပြီး လန်ဖေးယန် စကားကို ထောက်ခံပေးလိုက်သည်။
"ငါတို့ အဲ့လူကို အဝေးက တကယ်မြင်လိုက်ရတာ..."
"အရမ်းသန်မာတယ်...."
ဂျန်ဖန်း မေးစေ့ပွတ်လိုက်ပြီး တွေးတွေးဆဆဖြင့်ပြောလိုက်သည်။
"ဒီနှင်းပြင်မှာ နောက်ထပ် အဆင့် ၄ အဆင့် ၅ သားရဲအုပ်မရှိရင် မင်းတို့ပြောတဲ့လူက... ငါဖြစ်လောက်တယ်..."