← Chapters

အခန်း (၄၆၂-၄၆၃)

Vol. 37 Ch. 462-463

အခန်း (၄၆၂-၄၆၃)

Vol. 37 Ch. 462-463

အခန်း (၄၆၂)

ပန်းများကြားမှလူကြီးလူကောင်း

လေထု ရုတ်တရက် အေးခဲသွား၏။

လန်ဖေးယန် ဂျန်ဖန်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေပြီး ပါးစပ်ဖွင့်လိုက်ပိတ်လိုက်ဖြစ်သွားပေမယ့် လုံးဝစကားမပြောနိုင်ခဲ့ပေ။

သူ၏လက်ရှိခံစားချက်တွေကို စကားလုံးဖြင့် မဖော်နိုင်ဖြစ်နေသည်။

ထိုစဥ်က သူတို့သုံးယောက် အံ့အားသင့်ခဲ့သည့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှတပည့်က.....

တကယ်ပဲ ဂျန်ဖန်းဖြစ်နေခဲ့သည်။

ရှချောင်ကောတစ်ခဏကြောင်သွားပြီး ရယ်လိုက်၏။

"ဦးလေးက ဆေးပညာမှာတင်မဟုတ်ပဲ သိုင်းပညာမှာပါ ထူးချွန်တယ်ဆိုတာ ချောင်ကောမေ့တော့မလို့..."

"ဦလေးက အမြဲအဖုံးကောင်းတယ်နော်...."

သူမတို့တွေ့သည့်အချိန်တိုင်း ဦးလေးဆရာက သူမကို အသစ်အဆန်းခံစားချက်တွေ အမြဲပေးစွမ်းနေခဲ့သည်။

သင် သူ့အကြောင်း ဘယ်လောက်သိတယ်ပြောပြော အမြဲ အသစ်တစ်ခုကို ပြသလေ့ရှိသည်။

ထိုစဥ်, ဂျန်ဖန်း အတွေးနက်နေခဲ့သည်။

သူ အစောပိုင်းတွေ့ခဲ့သည့် ဂျန်လင်းယွမ်တို့အဖွဲ့ကလည်း ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှလား။

သို့ပေမယ့် ရှချောင်ကော၏စနှောက်သံကို ကြားသည့်အခါ...

သူက ရယ်လိုက်၏။

"ချောင်ကော, နင်လည်း နင့်ခွန်အားအစစ်အမှန်ကိုဖုံးကွယ်ထားတာပဲမဟုတ်ဘူးလား..."

ရှချောင်ကော သူ့စကားကြောင့် ပဟေဠိဖြစ်သွား၏။

ဂျန်ဖန်း ဘေးမှာသွားနေသည့် စိတ်ဝိညာဥ်မြင်းဘက်လှည့်ပြီး မေးလိုက်သည်။

"မင်းအစောပိုင်းက ငါ့ကို ဘယ်လိုခေါ်ခဲ့တာလဲ...."

စိတ်ဝိညာဥ်မြင်း ၎င်း၏မျက်လုံးကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။

"အကိုဂျန်ဖန်းလေ..."

"အဲ့အရင်ကလေ..."

"စဥ်းစားပါရစေအုန်း.... နှာဘူး?...အဲ့...အဲ့တာ ကျွန်တော့်သခင်ပြောတာ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး..."

စိတ်ဝိညာဥ်မြင်း နှလုံးသားကင်းမဲ့စွာဖြင့် ရှချောင်ကောကို ရောင်းစားလိုက်သည်။

ဂျန်ဖန်း သူမကို အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်သည်။

"နောက်ကွယ်မှာ ဦးလေးဆရာရဲ့အတင်းပြောတာ မင်းရဲ့ပုံမှန်အမူအရာနဲ့ မတူဘူးနော်...."

လန်ဖေးယန် ဘေးမှနားထောင်နေပြီး လုံးဝအံ့အားသင့်နေ၏။

ရှချောင်ကော အသစ်တစ်ယောက်ကို တွေ့နေရသလိုပင်။

ရှချောင်ကောက တည်ငြိမ်အေးချမ်းမှုနှင့် နာမည်ကြီးပြီး ပျော်လည်းမပျော်တတ်သလို ဝမ်းလည်းမနည်းတတ်ပေ။

သေမျိုးတွေ၏ကိစ္စမှာ ဝင်မပါသည့် နတ်သမီးတစ်ယောက်လိုပင်။

ရှချောင်ကော၏နူးညံ့သည့်ခန္ဓာကိုယ်လေး အနည်းငယ်တောင့်တင်းသွားပြီး ဝိညာဥ်မြင်းကို အနည်ငယ်ဆူပူလိုက်၏။

"ငါ ဘယ်တုန်းက ဦးလေးကို အဲ့လို အသေရေဖျက်လို့လဲ..."

"ငါပြောတာက...."

သူမစကားတွေရပ်တန့်သွားပြီး ကောင်းတဲ့စကားမဟုတ်တာသိသာ၏။

စိတ်ဝိညာဥ်မြင်း လည်ပင်းကျုံ့ပြီး ပြောလိုက်သည်။

"ဟုတ်ပါတယ်, ဟုတ်ပါတယ် ငါမှားသွားတယ်..."

"နှာဘူးမဟုတ်ဘူး..."

"ပန်းတွေကြားက လူကြီးလူကောင်း...."

ဖူး...

ဂျန်ဖန်း သွေးအန်လုနီးပါးဖြစ်သွား၏။

ရှချောင်ကော မျက်နှာ နီရဲသွားသည်။

သူမက အနီရောင်နှုတ်ခမ်းလေးတွေကို တင်းကြပ်စွာဖိထားပြီး ရှက်ရွံ့နေတာကို မဖိနှိပ်နိုင်ဖြစ်နေခဲ့သည်။

သူမဘဝ၌ ပထမဆုံးအကြိမ်ဖြင့် စိတ်ဝိညာဥ်မြင်းဆီ တစ်စုံတစ်ယောက်အကြောင်းအတင်းပြောခဲ့တာဖြစ်သည်။

ထို့ပြင် ထိုအရာက ချက်ချင်းပဲ တစ်ဖက်လူနားထဲရောက်သွားခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်ပေါင်းလျှင်တောင် သူမ ယနေ့ မျက်နှာပျက်တာကို မမှီပေ။

သူမ ရေရွတ်လိုက်သည်။

"ကျွန်မ ဦးလေးကို တကယ် အသရေမဖျက်ခဲ့ပါဘူး..."

"ဦးလေးဆရာက တကယ်လည်း အလှလေးတွေဝိုင်းနေတာပဲလေ..."

လန်ဖေးယန် ချက်ချင်း သူ့ပေါင်ရိုက်ပြီး အံ့ကြိတ်ပြောလိုက်သည်။

"ဂျူနီယာညီမရှ, နင် နောက်ဆုံးတော့ အမှန်တရားပြောပြီပေါ့..."

"ဂျူနီယာညီလေးဂျန်ဘေးမှာ အဆုံးမရှိတဲ့ အလှလေးတွေ ဝိုင်းနေတာပေါ့..."

"ပန်းတွေကြားက လူကြီးလူကောင်း, နာမည်နဲ့လိုက်တယ်...."

ဂျန်ဖန်း ရယ်လိုက်ပြီး သူ့ကိုအပြစ်တင်လိုက်သည်။

ထို့နောက် ဖြူလေးခေါင်းကိုပုတ်ကာ ထွက်ခွာဖို့ တိုက်တွန်းလိုက်၏။

၇ရက်ကြာ ခရီးရှည်ကြီး ဖြတ်သန်းလာပြီးနောက်....

ဂျန်ဖန်း နောက်ဆုံးမှာ ရှေ့တန်းကို ရောက်လာခဲ့သည်။

ထိုအခါ သူမြင်လိုက်ရသည့်မြင်းကွင်းကြောင့် တုန်လှုပ်သွားခဲ့သည်။

ပေရာချီမြင့်မားသည့်ရှေးဟောင်းနံရံကြီးတစ်ခု တိမ်တွေထဲကိုဝင်ရောက်နေခဲ့သည်။

ဘေးဘယ်ညာ၌ မိုင်တစ်ထောင်လောက်ရှည်ကာ မြင်ကွင်းတစ်ဆုံးပင်။

၎င်းမှာ ဧရာမမြွေကြီးတစ်ကောင် ကောင်းကင်တစ်လျှောက် လဲလျောင်းနေသလိုပင်။

နံရံ၌ အချိန်၏တိုက်စားမှုဒဏ်ရာတွေအပြည့်ဖြစ်ပြီး ကြီးမားသည့်ပျက်ဆီးရာကြီးတွေရှိ၏။

ထို့ပြင် အချို့အပိုင်းတွေ၌ ရှေးကျသည့်သွေးအချို့စွန်းထင်နေပြီး ခေတ်ကာလတွေကြာလာသည်နှင့်အမျှ အနက်ရောင်အညစ်အကြေးတွေအဖြစ် ခြောက်သွေ့နေခဲ့သည်။

"ဒါ လူသားတွေတည်ဆောက်နိုင်တဲ့ အရာလား..."

ဂျန်ဖန်း အတော်လေး အံ့အားနေခဲ့သည်။

လန်ဖေးယန်လည်း တုန်လှုပ်စွာကြည့်နေပြီး ပြောလိုက်သည်။

"သေချာပေါက် မဟုတ်ဘူးပေါ့...."

"မြို့တစ်မြို့ကိုပတ်ထားတဲ့ ပေတစ်ရာနံရံက ငါတို့လူသားတွေရဲ့ အကန့်အသတ်ကို ရောက်နေပြီ..."

"ဒါပေမယ့် ဒါက မိုင်ပေါင်းထောင်ချီရှည်လျားတဲ့ မဟာနံရံကြီး...."

ရှချောင်ကောမတ်တပ်ရပ်ပြီး နံရံကို လေးနက်စွာ ကြည့်နေခဲ့သည်။

"ဒါကို ရှေးခေတ်အချိန်တွေက ရှေးဟောင်းဘီလူးတွေကို ခုခံဖို့ တိုက်ကြီးပေါ်က မျိုးနွယ်စုတွေအားလုံးပေါင်းပြီး တည်ဆောက်ခဲ့တာ...."

"မျိုးနွယ်စုအားလုံးပေါင်းမှပဲ အခုလိုဒဏ္ဍာရီဆန်တဲ့တံတိုင်းမျိုးတို တည်ဆောက်နိုင်မှာ...."

ဂျန်ဖန်း ရှေးဟောင်းဘီးလူတွေနှင့် မစိမ်းပေ။

၎င်းတို့မှာ ကြောက်မက်ဖွယ်သက်ရှိတွေဖြစ်ပြီး မျိုးတုန်းသတ်ဖြတ်မှုတွေ ပြုလုပ်ကြ၏။

အသက်ရှင်သန်ရေးမီးပွားလေးကို ထိန်းသိမ်းဖို့ မျိုးနွယ်စုအားလုံးဟာ ဒီလို ခိုင်ခံ့တဲ့ ခံတပ်ကြီးကို တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။

မျိုးနွယ်စုတွေ ထိုစဥ်က အဆုံးစွန်သောစိတ်ပျက်မှုကို ခံစားခဲ့ရသည်။

ဖြစ်ချင်တော့...

ဘီလူးတွေပျောက်ကွယ်သွားပြီးနောက် မျိုးနွယ်စုတွေ သဟဇာတမဖြစ်ခဲ့ကြပေ။

ဤစည်းလုံးညီညွတ်မှုရဲ့ ပြယုဒ်ကြီးရှေ့မှာတင် ပြန်လည် တိုက်ခိုက်နေခဲ့ကြသည်။

"အလယ်ကအဲ့တောင်က နယ်နယ်မိတ်တောင်တန်းပဲ...."

ရှချောင်ကော ညွှန်ပြလိုက်သည်။

ဂျန်းဖန် သူမ ညွှန်ပြရာကို ကြည့်လိုက်သည်။

ထိုအခါ ပေတစ်ရာလောက်မြင့်ပြီး နှင်းဖုံးလွမ်းနေသည့်တောင်ကြီးကိုမြင်လိုက်သည်။

တောင်းခါးပန်း၌ ဖောက်ထွင်းထားခဲ့သည်။

ထိုအရာက ရှေးဟောင်းစစ်တပ်တွေဖြတ်သန်းသွားလာသည့် တံခါးကြီးဖြစ်ပုံပင်။

၎င်းမှာ မြို့ဂိတ်တံခါးအဖြစ်ဆောင်ရွက်ခဲ့သည်။

အချိန်၏တိုက်စားမှုကြောင့် ဂိတ်တံခါးကြီးမှာ အချိန်အတော်ကြာကတည်းက ယိုယွင်းပျက်စီးနေပြီး ပြိုကျနေခဲ့သည်။

သန်မာသည့်လူသားစစ်သည်တော်များစွာလည်း ဂိတ်တံခါးကို စောင့်ကြပ်နေခဲ့သည်။

ဂိတ်တံခါးမှာကျဥ်းမြောင်းသောကြောင့် တစ်ကြိမ်ကို နတ်ဆိုးသားရဲတစ်ကောင်သာ ဖြတ်သွားနိုင်၏။

လူသားတွေအတွက်တော့ ၁၀ ယောက်ကျော်လောက် သွားနိုင်တာပဲဖြစ်သည်။

ဤအရာက လူသားခုခံသူတွေကို အသားစီးရစေ၏။

၎င်းမှာ လူသားတစ်ယောက်က ရန်သူထောင်ချီတားဆီးနိုင်သည့် အခြေအနေကို ဖန်တီးပေး၏။

သို့ပေမယ့်...

နတ်ဆိုးသားရဲတွေက လွယ်ကူသည့်ပြိုင်ဘက်မဟုတ်ပေ။

ဂိတ်တံခါးကိုမဖြတ်သန်းနိုင်သော်လည်း သားရဲအချို့က နယ်နိမိတ်တောင်တန်းကို ကျော်တက်လာကြသည်။

ထို့ကြောင့် လူသားစစ်သည်တော်တွေ တောင်တန်းတစ်လျှောက်ကို ကင်းလှည့်နေကြရပြီး ပြင်းထန်သည့်တိုက်ပွဲတွေ မကြာခဏဖြစ်သွားတတ်၏။

သိသာစွာပင်, နှစ်ဖက်လုံးကတောင်းတန်းအတွက် ပြင်းထန်စွာယှဥ်ပြိုင်နေခဲ့ကြသည်။

ထိုအခိုက်အတန့်၌...

ရုတ်တရက်ဟိန်းသံတစ်ခု နယ်နိမိတ်မျဥ်းတောင်တန်းထိပ်က ထွက်ပေါ်လာခဲ့သည်။

ဂျန်ဖန်းနှင့်အဖွဲ့ ချက်ချင်းမော့ကြည့်လိုက်ရာ....

အရှိန်မြန်ပြီး မျောက်ဝံကဲ့သို့သားရဲအုပ် ခုခံမှုကို အောင်မြင်စွာကျော်ဖြတ်ပြီး တောင်တန်းကို ကျော်တက်လာခဲ့သည်။

အရေအတွက်အားဖြင့် ၇ကောင် ၈ ကောင်လောက်ရှိ၏။

မြေပြင်ရောက်သည့်အခါ အလျှင်အမြန်ပဲအရပ်မျက်နှာအသီးသီးကိုဖြန့်ကျက်ကာ လူသားနယ်မြေအနက်ပိုင်းကို တစ်ဟုန်ထိုးပြေးထွက်သွားကြသည်။

လူသားစစ်သည်တော်တွေ အလျှင်အမြန်တုံ့ပြန်ပြီး နောက်မှလိုက်တော့သည်။

ဤမျောက်ဝံတွေ၏ခန္ဓာကိုယ်က တောင်တစ်လုံးကဲ့သို့ကြီးမားသော်လည်း အရှိန်ကတော့ အံ့မခန်းပင်။

လိုက်သွားသည့်စစ်သည်တော်တွေထဲ၌ နှစ်ယောက်သာလိုက်မှီပြီး မျောက်ဝံ ၂ ကောင်နှင့်တိုက်ခိုက်နေခဲ့သည်။

ကျန်ရှိသည့် ၆ ကောင်ကတော့ ဦးတည်ချက်အသီးသီးကို ဆက်ပြေးနေခဲ့သည်။

ဂျန်ဖန်းမျက်လုံးတွေ အပြုံးတစ်ခုဖြင့် တောက်ပသွား၏။

"ဒါ ကွက်တိပဲမဟုတ်ဘူးလား..."

"အမြုတေအဆင့် သားရဲ ၆ ကောင်..."

"ဘယ်သူ သားရဲအမြုတေ အများဆုံးရမလဲကြည့်ကြတာပေါ့...."

လန်ဖေးယန် ယှဥ်ပြိုင်လိုသည့်အရိပ်အယောင်တစ်ခုပြသလာ၏။

အတိတ်၌သူ့၌ ဤကဲ့သို့အတွေးမျိုး မရှိပေ။

ဂျန်ဖန်း သားရဲ ၅၀ ကိုသတ်ပြီး မပြိုလဲနိုင်သည့် တံတိုင်းကြီးတစ်ခုကဲ့သို့ဖြစ်နေတာကို မြင်သည့်အခါ...

သူက လုံးဝကို စိတ်ပျက်အားလျော့သွားခဲ့သည်။

ယခုတော့ ခြားနားသွားပြီဖြစ်သည်။

လွန်ခဲ့သည့် ၇ ရက်က ခုံးကောင်အသားအကူအညီဖြင့် သူက အမြုတေအဆင့် ၄ ကို ရောက်ရှိခဲ့၏။

ဂျန်ဖန်းပြိုင်ဘက်တော့ မဟုတ်သေးသော်လည်း ယခု သူ့၌ ယှဥ်ပြိုင်လိုစိတ်အချို့ရှိလာခဲ့၏။

"ကောင်းပြီလေ.."

လန်ဖေးယန် မျောက်ဝံသားရဲတစ်ကောင်နောက်ကို ဦးစွာလိုက်သွား၏။

ရှချောင်ကော ဖြူလေးကျောကိုပုတ်ပြီး လေထဲကို ခုန်တက်သွားသည်။

သူမက ဂျန်ဖန်းကို ကျီစယ်သည့်အပြုံးတစ်ခုပြုံးပြလိုက်၏။

"ဦးလေးဆရာ အနိုင်ရရင်, ချောင်ကော ပန်းတွေကြားလူကြီးလူကောင်းလို့ ထပ်မခေါ်တော့ဘူး..."

ဂျန်ဖန်း နှုတ်ခမ်းတွန့်လိမ်သွား၏။

ခုထိကို မပြီးနိုင်တော့ပေ။

သူက ခေါင်းခါယမ်းလိုက်ပြီး အဝေးပြေးထွက်နေသည့် နတ်ဆိုးမျောက်ဝံတစ်ကောင်ကို ပစ်မှတ်ထားလိုက်သည်။

ထို့နောက် သာမန်အတိုင်း ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။

ရလဒ်ကိုကြည့်မနေတော့ပဲ နောက်ထပ်မျောက်ဝံသားရဲတစ်ကောင်နောက်ကို ပြေးလိုက်သွားသည်။

"မိုးကြိုးနဂါးလျှပ်စီးခြေထောက်...."

သူက ထိုကောင်ကိုနင်းချလိုက်ပြီး ချက်ချင်း နောက်တစ်ကောင်ကို ပစ်မှတ်ထားလိုက်သည်။

ဤအခိုက်အတန့်၌...

လန်ဖေးယန် သူ၏သားရဲကို အောင်မြင်စွာသတ်ပြီးပြီဖြစ်သည်။

ရှချောင်ကောလည်း အလျှင်အမြန်ပဲ နှစ်ကောင်သတ်လိုက်၏။

ယခု တစ်ကောင်တည်းကျန်တော့ရာ သုံးယောက်သား ၎င်းအပေါ် အာရုံစိုက်လိုက်၏။

ထိုသားရဲ အလွန်ကြောက်သွား၏။

ဘာတွေဖြစ်နေသနည်း။

မဟာနံရံကိုဖြတ်ပြီးရုံနှင့် ကြောက်မက်ဖွယ်လူသုံးယောက်နှင့် လာတွေ့နေခဲ့သည်။

အပေါင်းအပါ ၆ ယောက်လောက် ချက်ချင်း အသတ်ခံလိုက်ရ၏။

၎င်း တုန်ယင်နေခဲ့သည်။

ရုတ်တရက် တဖက်လှည့်ပြီး နယ်နိမိတ်တောင်တန်းဘက်လှည့်ပြေးတော့သည်။

ဤအခိုက်အတန့်၌ သူက အမေ့အိမ်ပြန်ဖို့သာ အလိုရှိတော့သည်။

ရှချောင်ကော အနည်းငယ်ပြုံးလိုက်သည်။

သူမက ရုတ်တရက် အလွန်လျှင်မြန်သည့် လှုပ်ရှားမှုနည်းလမ်းကို ထုတ်ဖော်ပြသလိုက်၏။

ခြေတစ်လှမ်းတည်းဖြင့် ၁၀ပေကျော် ရောက်သွားခဲ့သည်။

သူမက ဂျန်ဖန်းနှင့် ယှဥ်နိုင်လုနီးပါးပင်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ....

မျောက်ဝံသားရဲ သူမရှိရာဘက်ကို ပြေးလာခဲ့သည်။

ဂျန်ဖန်းအဝေးမှာရှိနေ၍ လိုက်ဖမ်းဖို့ အချိန်မရှိပေ။

လန်ဖေးယန် သူ့ပေါင်ကို ရိုက်လိုက်၏။

"အာ, ဂျူနီယာညီမရှ အသာစီးရသွားပြီ..."

"ဒါပေမယ့် သူမ ဘယ်အချိန်က လှုပ်ရှားမှုနည်းစနစ် သင်လိုက်တာလဲ..."

ရှချောင်ကောအလျှင်အမြန်ပဲ မျောက်ဝံသားရဲဆီရောက်သွား၏။

ထို့နောက် နူးညံ့သည့်လက်တစ်ဖက်ဖြင့် စွမ်းအားကြီးလက်ဝါးနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။

၎င်းမှာ မြေကမ္ဘာအလယ်အလတ်အဆင့်ပင်။

သူမက အဝေးရှိဂျန်ဖန်းကို အောင်ပွဲခံသည့်အပြုံးတစ်ခုပြုံးပြလိုက်သည်။

"ချောင်ကောနိုင်ပြီ..."

သို့ပေမယ့်....

သူမပြောလိုက်စဥ်မှာပဲ....

သူမရှေ့ရှိမျာက်ဝံသားရဲ တစ်စုံတစ်ခု၏ထိန်းချုပ်ခံရပုံပေါ်ကာ ရုတ်တရက် နောက်ဆွဲခေါ်သွားခံရ၏။

ထို့နောက် ကြောက်မက်ဖွယ်ဖြတ်အားတစ်ခုက ၎င်းကို အပိုင်းပိုင်းခုတ်ပိုင်းပစ်လိုက်သည်။

ဂျန်ဖန်း မြေပြင်မှာပြန့်ကျဲနေသည့် ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကိုစုစည်းပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

"မင်းဦလေးကို အနိုင်ရဖို့ အဲ့လောက်လွယ်တယ်ထင်နေလား..."

ရှချောင်ကာ ခဏရပ်သွားပြီး နောင်တရစွာ ပြုံးလိုက်သည်။

"မေ့တော့မလို့, ဦးလေးရဲ့အကြီးမားဆုံးဝှက်ဖဲက စွမ်းအားဖုံးကွယ်တာပဲ..."

ယခုလည်း သူက သူမတစ်ခါမှမမြင်ဖူးသည့် နည်းစနစ်တစ်ခု ထုတ်ပြလိုက်သည်။

ဤအခိုက်အတန့်၌ တောင်တန်းဘက်မှ လူတစ်အုပ် ချည်းကပ်လာခဲ့သည်။

ဦးဆောင်လာသူက အကြီးအကဲ ၂ ယောက်ဖြစ်ပြီး ဂိုဏ်း ၉ ဂိုဏ်း တပည့်တွေပင်။

သူတို့အားလုံး၏အမူအရာတွေ မကျေမနပ်ဖြစ်နေခဲ့သည်။

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေက ပိုပို မျက်နှာပြောင်တိုက်လာကြပြီပဲ...."

မြင့်မြတ်ဂိုဏ်း၏ ဒုတိယအကြီးအကဲ လုရှိုနန် ဒေါသတကြီး ပြောလိုက်သည်။

အခြားအကြီးအကဲတစ်ယောက်ဖြစ်သည့် တိမ်စိမ်းဂိုဏ်း ကောင်းကင်ဓားတောင်ထိပ်အကြီးအကဲ ရှီခိုင်ထျန်းလည်း ပြောလိုက်သည်။

"ကောင်းကင်ဘုံစက်န္ဒယားခန်းမရဲ့ ဘယ်တပည့်တွေ ဒီလောက်အရှက်မဲ့လဲ ငါမြင်ချင်သေးတယ်...."

အခန်း (၄၆၃)

အမြင်သစ်ဖြင့်ကြည့်ခြင်း

ဤနေရာကိုစောင့်ကြပ်နေသည့်အကြီးအကဲနှစ်ယောက် ဒေါသထွက်နေတာ အံ့သြစရာမရှိပေ။

မူလ၌ ဂိုဏ်း ၉ ဂိုဏ်းနယ်မြေတပည့်အားလုံး ရှေ့တန်းမှ ရိတ်သိမ်းမှုအချို့ရခဲ့၏။

ထိုအခါ သူတို့လိုချင်သည့်အရင်းအမြစ်တွေလှဲလှယ်ပြီး ခွန်အားတွေတိုးတက်ကာ ရှေ့တန်းကိုပိုလုံ့လဝီရိယရှိရှိစောင့်ကြပ်ကြ၏။

ဤသို့ဖြင့် ပြီးပြည့်စုံသည့်ကွင်းဆက်တစ်ခု ဖြစ်လာခဲ့သည်။

သို့ပေမယ့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှတပည့်များစွာ တိတ်တဆိတ် သားရဲဘုရင်တွေလိုက်ဖမ်းလာ၏။

အကယ်၍ သူတို့က ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေသတ်ဖိုခက်သည့် အမြုတေအဆင့် ၄ နှင့် အထက်သားရဲတွေကိုသာ သတ်လျှင် အဆင်ပြေသေး၏။

သို့ပေမယ့် သူတို့က ကြီးကြီးငယ်ငယ် အကုန် ချက်ချင်းသတ်ကြသည်။

အမြုတေအဆင့် ၁ သားရဲကိုတောင် မလွတ်မပေးပဲ ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေကို လုံးဝ အခွင့်အရေးမပေးပေ။

ပိုဆိုးတာက....

ဂိုဏ်း ၉ ဂိုဏ်းတပည့်အချို့ သားရဲဘုရင်တွေကိုဝိုင်းထားလျှင် ပေါ်လာပြီး တပည့်တွေကိုဒဏ်ရာရအောင်လုပ်ကာ နတ်ဆိုးအမြုတွေကို လုယူသွား၏။

အပြုအမူတွေက စက်ဆုပ်ဖွယ်ကောင်းလွန်းပြီး လူတွေကို ဒေါသထွက်စေခဲ့သည်။

သို့ပေမယ့် သူတို့အားလုံးက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှဖြစ်၍ အကြီးအကဲနှစ်ယောက် အများကြီးမလုပ်ရဲပေ။

ဟိန်းဟောက်ပြီးမောင်းထုတ်ရုံသာ လုပ်နိုင်၏။

သို့ပေမယ့် သူတို့က မည်သည့်နောင်တရမှုမှမပြပဲ ပိုလို့တောင် မသမာမှုတွေ ပြုလုပ်လာကြသည်။

အစောပိုင်း ခုခံရေးကျိုးပျက်သွားသည့်အကြောင်းမှာလည်း ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်အနည်းငယ် အကျိုးအမြတ်အတွက် ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေကို ဒဏ်ရာလုပ်ခဲ့သောကြောင့်ဖြစ်သည်။

ရလဒ်အနေဖြင့် သူတို့က မျောက်သားရဲအားလုံးကို မတားနိုင်တော့ပဲ အများအပြားလွတ်ထွက်သွားစေခဲ့သည်။

အနည်းဆုံးတော့ ထိုကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေက မျက်နှာဖုံးတွေတပ်ထားပြီး တိတ်တဆိတ်လှုပ်ရှားကြ၏။

သူတို့ရှေ့မှသုံးယောက်ကတော့ မျက်နှာတွေကို ပေါ်တင်ပဲ ပြသထားခဲ့သည်။

တကယ်ကို ရဲတင်းလွန်း၏။

သို့ပေမယ့်....

လီချင်းဖုန်းနှင့် လုရှိုနန်တို့ ရောက်သည့်အခါ အံ့အားသင့်စွာဖြင့်ကြောင်ရပ်နေပြီး သူတို့ရှေ့မှ လူသုံးယောက်ကို စိုက်ကြည့်နေခဲ့သည်။

"ရှချောင်ကော...."

"လန်ဖေးယန်...."

"ပြီးတော့... ဂျန်ဖန်း..."

လီချင်ဖုန်း၏ ဒေါသတွေနှင့်ပြည့်နှက်နေသည့်မျက်နှာ အံ့သြပျော်ရွင်မှုအဖြစ် ပြောင်းလဲသွား၏။

"အို, ဂျန်ဖန်း, ဒီတော့ မင်းကိုး...."

"သားရဲဘုရင်တွေကို ဒီလောက်မြန်မြန်သတ်နိုင်တယ်ဆိုတော့ ငါက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကလို့ ထင်လိုက်တာ..."

သူတို့နားလည်မှုလွဲသွားတာကိုလည်း နားလည်ပေးလို့ရ၏။

မျောက်သားရဲ ခြောက်ကောင်ကို အသက်ရူချိန်အနည်းငယ်အတွင်းသတ်ဖို့ ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေ ဘယ်လိုလုပ်လုပ်နိုင်မည်နည်း။

အနားရောက်မှသာ သူတို့နားလည်လိုက်၏။

ထိုသုံးယောက်ထဲ၌ ဂိုဏ်း ၉ ဂိုဏ်း နံပါတ် ၁ ပါရမီရှင် ရှချောင်ကော၊ အဆင့် ၅ လန်ဖေးယန်တို့ ပါနေခဲ့သည်။

လုရှိုနန် စစ်ဆေးလိုက်ပြီး မေးလိုက်သည်။

"ချောင်ကော, မင်းအခု ဘယ်အဆင့်ရောက်ပြီလဲ...."

ရှချောင်ကော ပြန်ဖြေလိုက်သည်။

"ကျွန်မ မကြာသေးခင်ကမှ အမြုတေအဆင့် ၅ ချိုးဖျက်ထားတာပါ...."

ဘာ?...

လီချင်ဖုန်း တုန်လှုပ်သည့်အမူအရာပြသလာပြီး မနာလိုမှုလည်း ပါဝင်နေခဲ့သည်။

မြင့်မြတ်ဂိုဏ်း၌ ဤကဲ့သို့ထူးချွန်သည့်တပည့်တစ်ယောက်ရှိတာ တကယ်ကို ကောင်းချီးပေးတာပင်။

သူတို့နောက်ရှိတပည့်တွေလည်း နက်ရှိုင်းသည့် လေးစားမှုနှင့် အံ့သြမှုကို ပြသလိုက်သည်။

သူမက နံပါတ် ၁ ပါရမီရှင် ရှချောင်ကောဖြစ်နေတာ မအံ့သြပေ။

အမြဲ လူတိုင်းကို သဘောကျအောင်လုပ်နိုင်၏။

သူတို့ အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ အတွက် ကြိုးစားနေချိန် ရှချောင်ကောက သူတို့ကို နောက်ချန်ထားခဲ့ပြီး အမြုတေအဆင့် ၅ ကိုရောက်ရှိသွားခဲ့သည်။

ကွာဟချက်က လူနှင့်ခွေးထက်တောင် ပိုကြီးမားနေခဲ့သည်။

လုရှိုနန် ချက်ချင်းစိတ်လှုပ်ရှားသွားပြီး လက်ခုပ်တီးကာ အူလိုက်သည်းလိုက်ရယ်လိုက်၏။

"ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်...."

"ချောင်ကော, နင်က တကယ်ကို ငါတို့မြင့်မြတ်ဂိုဏ်းရဲ့ အကြီးကျယ်ဆုံး ပါရမီရှင်ပဲ...."

"ဒီတော့ ဒီနေရာမှာရှိတဲ့သားရဲအကုန်လုံးကို နင်သတ်လိုက်တာပေါ့...."

လူတိုင်း သက်သာယာရသွား၏။

သားရဲဘုရင်ခြောက်ယောက် ဤလောက်မြန်မြန် သေသွားတာ အံ့သြစရာမရှိပေ။

အမြုတေအဆင့် ၅ ဖြစ်သည့် ရှချောင်ကောလို့ အစွမ်းထက်ကျွမ်းကျင်သူတစ်ယောက်ရှိရာ အရာရာက အဓိပ္ပာယ်ရှိ၏။

သို့ပေမယ့် မည်သူသိမည်နည်း။

ရှချောင်ကော အနည်းငယ်သက်ပြင်းချလိုက်သည်။

"ကျွန်မ ၂ ကောင်ပဲသတ်ခဲ့တာ..."

"အများဆုံးသတ်တာ ကျွန်မမဟုတ်ဘူး..."

ဘာ?...

ရှချောင်ကောထက်သန်မာသည့်တစ်စုံတစ်ယောက်ရှိနေသေးသည်လား။

လူတိုင်းအကြည့် သဘာဝအတိုင်း လန်ဖေးယန်အပေါ်ကျရောက်သွား၏။

လန်ဖေးယန်၌သာ ရှချောင်ကောနှင့် ယှဥ်နိုင်သည့်စွမ်းရည်ရှိ၏။

လုရှိုနန် တစ်ခဏကြောင်သွားပြီး ကို့ရို့ကားယားချီးကျူးလိုက်၏။

"အသင်္ချေဓားဂိုဏ်းရဲ့တပည့်ကြီး, မင်းရဲ့ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တာပဲ...."

"ငါတို့ရှချောင်ကောကို ကျော်တက်သွားတယ်...."

"မင်းဆရာ ဒါကိုကြားရင် ဝမ်းသာနေမှာ..."

တပည့်အားလုံးလည်း ချီးကျူသည့်အမူအရာ ပြသလိုက်ကြ၏။

အသင်္ချေဓားဂိုဏ်း၌ အသန်မာဆုံးတိုက်ခိုက်ရေးစွမ်းရည်ရှိတာ မအံ့သြတော့ပေ။

ရှချောင်ကောကို ကျော်တက်သွားတာက တကယ်ကို အထင်ကြီးစရာကောင်း၏။

လီချင်ဖုန်း မနာလိုမှုတွေနှင့်ပြည့်နှက်နေပြီး သက်ပြင်းအနည်းငယ်ချလိုက်သည်။

"တပည့်ကောင်းတွေအကုန် အခြားဂိုဏ်းတွေက ပိုင်ဆိုင်ကြတာပဲ..."

ဂိုဏ်း ၉ ဂိုဏ်းအကြီးအကဲတစ်ယောက်အနေဖြင့်...

အခြားဂိုဏ်း၏ပါရမီရှင်တပည့်တွေကို ထပ်ခါထပ်ခါကြည့်နေရတာ လီချင်ဖုန်းအတွက် အတော်လေးမဆင်မပြေပေ။

ဂျန်ဖန်း မကြားသေးခင်က ကြီးမားသည့်အလားအလာကိုပြသထားသော်လည်း....

ရှချောင်ကော၊ လန်ဖေးယန်တို့နှင့်ယှဥ်လျှင် လုံးဝမယှဥ်နိုင်ပေ။

သူက ဂျန်ဖန်း ပခုံးကိုပုတ်ပြီး ပြောလိုက်သည်။

"ကောင်းလေး, မင်းပိုကြိုးစားရမယ်..."

"လန်ဖေးယန်ကိုအတုယူပြီး လိုက်မှီအောင်ကြိုးစား..."

"မင်းဆရာနဲ့ တိမ်စိမ်းဂိုဏ်းကို စိတ်မပျက်စေနဲ့..."

သူက ရှချောင်ကောကို လုံးဝမပြောခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ရှချောင်ကောက အရမ်းကို လက်တွေ့မဆန်လှသောကြောင့်ဖြစ်သည်။

ဂျန်ဖန်း ဤဘဝ၌ လန်ဖေးယန်လောက်အောင်မြင်လျှင်ကို တိမ်စိမ်းဂိုဏ်း ဂိုဏ်း ၉ ဂိုဏ်းကြား၌ ခေါင်းထောင်နိုင်မည်ဖြစ်သည်။

ရှချောင်ကောလိုလူမျိုး မွေးထုတ်ပေးဖို့တော့ ဘယ်လိုလုပ် အိမ်မက်မက်ရဲမည်နည်း။

ထိုအရာက လက်တွေ့မဆန်သည့် အိမ်မက်တစ်ခုသာဖြစ်သည်။

အခြားသူတွေနားထောင်နေပြီး မည်သည့်ထူးဆန်းသည့်အမူအရာမှမပြေပေ။

ထိုအရာက သာမန်အားပေးမှုတစ်ခုသာဖြစ်သည်။

သို့ပေမယ့် လန်ဖေးယန်နားထဲ၌ အခြားအဓိပ္ပာယ်တစ်ခု သက်ရောက်နေခဲ့သည်။

သူက အလျှင်အမြန်လက်ချင်းယှက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။

"စီနီယာလီ, မင်းက ငါ့ကို မြောက်ပင့်လွန်းနေတာပါ..."

"ကျွန်တော်က ဂျူနီယာညီလေးဂျန်ရဲ့စံပြဖြစ်ဖို့ အရည်အချင်းမပြည့်မှီပါဘူး..."

ဂျန်ဖန်းကသာ သူ၏စံပြဖြစ်ဖို့ ပိုသင့်တော်၏။

သူက ဘယ်လိုလုပ် ဂျန်ဖန်းအတွက်စံပြဖြစ်နိုင်မည်နည်း။

လီချင်ဖုန်း ချီးကျူးလိုက်၏။

"မင်းက အတော်လေးနှိမ့်ချတာပဲ..."

"မင်းရဲ့လက်ရှိလုပ်ဆောင်မှုနဲ့ ချီးမွမ်းမှုအားလုံးနဲ့ ထိုက်တန်ပါတယ်...."

လန်ဖေးယန် သူတိုကို ဆက်ပြီး နားလည်မှုမလွဲခိုင်းရဲတော့ပေ။

သူက အကြိမ်ကြိမ်လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"စီနီယာလီ, စီနီယာလု နဲ့ ဂျူနီယာညီ၊ညီမတို့ ငါရှက်မိပါတယ်..."

"ငါက သားရဲတစ်ကောင်ပဲ သတ်ခဲ့တာပါ..."

"ကျန်သုံးကောင်ကို ဂျူနီယာညီလေးဂျန် သတ်လိုက်တာပါ...."

"ငါကသာ သူဆီက သင်ယူရမယ့်တစ်ယောက်ပါ...."

အာ...

လူတိုင်း မိန်မောသွားကြ၏။

လုရှိုနန် တစ်ခဏကြောင်သွား၏။

"မင်းဆိုလိုတာ... ရှချောင်ကောကို ကျော်သွားတဲ့တစ်ယောက်က ဒီကလေးဂျန်ဖန်းပေါ့...."

လီချင်းဖုန်းလည်း အနည်းငယ်မှိန်မောနေပြီး ပြောလိုက်သည်။

"ဂျန်ဖန်း ကံကောင်းသွားတာဖြစ်မယ်, ဟုတ်တယ်မလား...."

ဂျန်ဖန်း ရှချောင်ကောကို ကျော်တက်ဖို့က မဖြစ်နိုင်ပေ။

ဤအခိုက်အတန့်၌ ရှချောင်ကောပြောလိုက်သည်။

"ကျွန်မတို့သုံးယောက်လုံး မျှမျှတတယှဥ်ပြိုင်ခဲ့တာပါ..."

"ဦးလေးဆရာက ကျွန်တို့နှစ်ယောက်ကိုကျော်ပြီး အနိုင်ရသွားတာပါ..."

လူအုပ် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြီး ဂျန်ဖန်းကို ထူးဆန်းစွာ ကြည့်နေခဲ့သည်။

ဂျန်ဖန်း ရှချောင်ကို မျှမျှတတယှဥ်ပြိုင်ပြီး ကျော်တက်သွားခဲ့သည်။

လန်ဖေးယန် ဟက်ဟက်ပက်ပက်ရယ်လိုက်၏။

"မင်းတို့အားလုံး ဂျူနီယာညီလေးဂျန်ရဲ့ ခွန်အားကို နားလည်မှုလွဲနေပုံပဲ...."

"အနည်းဆုံး ငါက ဂျူနီယာညီလေးဂျန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး...."

ဘာ?...

လူတိုင်းကြောင်သွားကြ၏။

နာမည်ကျော်ပါရမီရှင်ဖြစ်သည့် လန်ဖေးယန်က သူ့ကိုယ်သူ ဂျန်ဖန်းထက်နိမ့်ကြောင်း ဝန်ခံနေခဲ့သည်။

လီချင်ဖုန်း၏မုတ်ဆိတ်မွေးတွေ မယုံနိုင်စွာဖြင့် တုန်ယင်နေခဲ့သည်။

"ဂျန်, ဂျန်ဖန်း... ဒါ အမှန်ပဲလား..."

တိမ်စိမ်းဂိုဏ်း၌ လန်ဖေးယန်ထက်သာသည့်တပည့်တစ်ယောက်ရှိတာ သူ၏စိတ်ကူးယဥ်အဆန်ဆုံးအိမ်မက်ကို ကျော်လွန်နေခဲ့သည်။

ယခု သူ့ကို တိမ်စိမ်းဂိုဏ်း၌ လန်ဖေးယန်ထက်သာသည့်တပည့်ရှိနေသည်ဟု လာပြောနေခဲ့သည်။

ဂျန်ဖန်း အံ့အားသင့်စွာ ရယ်လိုက်၏။

"ကျွန်တော် ဘယ်တုန်းကမှ ညီအကိုလန်နဲ့ မတိုက်ခိုက်ဖူးဘူး..."

"အနိုင်အရှုံးက ပြောရခက်တယ်...."

လန်ဖေးယန် မျက်လုံးလှန်လိုက်၏။

"ဂျူနီယာညီလေးဂျန်, ဒီလောက်ထိ နှိမ့်ချမနေပါနဲ့...."

"မင်းခွန်အားနဲ့ ငါ့ကို အသာလေးအနိုင်ယူနိုင်ပါတယ်...."

"ဂျူနီယာညီမရှတောင် မင်းကိုနိုင်ဖို့ မသေချာဘူး...."

ရှချောင်ကော အမြုတေအဆင့် ၅ ကို ချိုးဖျက်ခဲ့သော်လည်း....

ဂျန်ဖန်းအစောပိုင်းသုံးခဲ့သည့် ဆန်းကြယ်သည့်တိုက်ကွက်က အမြုတေအဆင့် ၅ မြွေကြီးကိုတောင် တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။

နှစ်ယောက်တိုက်ခိုက်လျှင် ရလဒ်က ခန့်မှန်းဖို့ခက်၏။

ရှချောင်ကော ဂျန်ဖန်း ဤကဲ့သို့သက်တောင့်သက်သာမဖြစ်သည့်အခြေအနေကိုမြင်သည့်အခါ အနည်းငယ်ပြုံးလိုက်၏။

ဦလေးဆရာ၌ ဤကဲ့သိုအခိုက်အတန့်မျိုး အမှန်တကယ်ရှိနေခဲ့သည်။

သူမက တိတ်တဆိတ်ပြုံးပြီး မီးထဲလောင်စာထပ်ထည့်ပေးလိုက်သည်။

"အကိုလန်စကားတွေက မယုတ်မလွန်ဖြစ်လွန်းနေပါပြီ..."

"ဦလေးနဲ့ ကျွန်မသာတိုက်ခိုက်ရင် ကျွန်မက သူ့ပြိုင်ဘက်ဘယ်လိုလုပ်ဖြစ်မှာလဲ..."

"တကယ့်အစစ်အမှန်တိုက်ပွဲမှာ သေချာပေါက်သေသွားမှာ..."

ဘာ?...

ရှိနေသည့်လူတိုင်း ဤအခိုက်အတန့်၌ လုံးဝတုန်လှုပ်သွားကြသည်။

All Chapters