အခန်း (၄၆၄-၄၆၅)
Vol. 37 Ch. 464-465
အခန်း (၄၆၄)
သူတို့က ဂျန်ဖန်းခွန်အား လန်ဖေးယန်အထက်မှာရှိသည်ဟု ပြောကြ၏။
ထိုအရာကကို သူတို့ကို တစ်နှစ်လောက်တုန်လှုပ်စေပြီးပြီဖြစ်သည်။
ယခု ဂျန်ဖန်း ခွန်အားက ဂိုဏ်း ၉ ဂိုဏ်း နံပါတ် ၁ ရှချောင်ကောအထက်၌ရှိသည်ဟု ပြောလာပြန်သည်။
ထို့ပြင်...
ရှချောင်ကောကိုယ်တိုင်ပြောတာဖြစ်သည်။
သူတို့နှလုံးသားထဲရှိ တုန်လှုပ်မှုက ဖော်ပြလို့တောင်မရပေ။
လုရှိုနန် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ပြောလိုက်သည်။
"ချောင်ကော, ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အခြားသူတွေကိုချီးကျူးမနေပါနဲ့...."
"မကြာသေးခင်က ငါ ဂျန်ဖန်းခွန်အားကို မိုင်းတွင်းမှာ မျက်မြင်တွေ့ပြီးပါပြီ..."
"အများဆုံးမှ ရွယ်ဝမ်ချောင်နဲ့ ယှဥ်နိုင်ရုံလောက်ပါပဲ...."
"မင်းနဲ့ လန်ဖေးယန်ပြောသလို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ဂျန်ဖန်း၌ အံ့အားသင့်စရာခွန်အားရှိတာ သူဝန်ခံ၏။
သို့ပေမယ့် သူတို့နှစ်ယောက်ပြောသလောက်ကြီးတော့ မြင့်မားနေတာမဟုတ်ပေ။
ရှချောင်ကော တည်ငြိမ်စွာပြောလိုက်သည်။
"ကျွန်မညာနေတာမဟုတ်ဘူး။ မကြာသေးခင်က ကောင်းကင်ချိုးဖျက်ခြင်းတောင်ကြားမှာ..."
"ဂျူနီယာညီမရှ, အတိတ်ကအကြောင်းအရာတွေပြန်ပြောမနေပါနဲ့တော့..."
ဂျန်ဖန်း သူ့မကို တားလိုက်သည်။
ရှချောင်ကောနားလည်လိုက်၏။ ကောင်းကင်ချိုးဖျက်ခြင်းတောင်ကြားအကြောင်းပြောလျှင် ဂျန်ဖန်း အမြုတေ ၆၀ ရိတ်သိမ်းခဲ့သည့်ကိစ္စပေါ်သွားမည်ဖြစ်သည်။
ဤကဲ့သို့များပြားသည့်နတ်ဆိုးအမြုတေပမာဏက သေချာပေါက် မနာလိုမှုတွေကို ဖြစ်စေမည်ဖြစ်သည်။
အထူးသဖြင့်, ကောင်းကင်ဘုံစက်ယန္ဒယားခန်းမှ အဖွဲ့တွေပင်။
သူမပြောနေတာကို ချက်ချင်း ရပ်တန့်လိုက်၏။
လုရှိုနန် လက်ဖြန့်ပြပြီး ပြောလိုက်သည်။
"မြင်လား, မင်းရှင်းမပြနိုင်တော့ဘူး...."
"ငါက ဂျန်ဖန်းခွန်အားကို နားမလည်ဘူးလား..."
လီချင်ဖုန်းလည်း အနည်းငယ်စိတ်ပျက်သွား၏။
အစောပိုင်းတုန်းက သူအတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
ပြုံးပြီး ဂျန်ဖန်းပခုံးကိုပုတ်ကာ ပြောလိုက်သည်။
"ဒါ အဆင်ပြေပါတယ်..."
"မင်း ရှချောင်ကောထက် သားရဲပိုသတ်နိုင်တာကကို ကြွားဝါဖို့လုံလောက်နေပါပြီ..."
"ရှချောင်ကောအထက် အားနည်းတာကတော့ သာမန်ပါပဲ...."
ထို့နောက် လုရှိုနန်ကိုကြည့်ပြီး ပြောလိုက်သည်။
"ငါတို့ နယ်နိမိတ်တောင်တန်းနဲ့အဝေးမှာ ကြာကြာမနေသင့်ဘူး..."
"အဲ့ဒီခန်းမကကောင်တွေက ဘယ်လိုပြဿနာတွေဖြစ်စေအုန်းမယ်ဆိုတာ ဘယ်သူမှမသိဘူး..."
လုရှိုနန်အမူအရာ လေးနက်သွား၏။
"သွားစို့, မြန်မြန်သွားစို့...."
ဂျန်ဖန်း နတ်ဆိုးအမြုတေသုံးခုအလျှင်အမြန်ထုတ်ယူပြီး သူတို့နှင့်အတူ တောင်တန်းဆီ လိုက်သွားခဲ့သည်။
လမ်းတစ်လျှောက်၌ ရှေ့တန်းမှ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေ၏လုပ်ဆောင်ချက်တွေကိုကြားသည့်အခါ မကြာခဏမျက်မှောင်ကြုတ်သွား၏။
သူတို့က အကျိုးပြုမှတ်အတွက် တိုက်ခိုက်ရုံဆိုလျှင် ကိစ္စတစ်ခုဖြစ်၏။
သို့ပေမယ့် သားရဲဘုရင်တွေကျူးကျော်မှုဖြစ်စေတာကတော့ အတော်လေးများသွားပြီဖြစ်သည်။
သူတို့အတွက်တော့ သားရဲဘုရင်တစ်ကောင်ကိုသတ်ဖို့ကလွယ်၏။
အခြေခံတည်ဆောက်ခြင်းတပည့်တွေအတွက်တော့ သားရဲဘုရင်တစ်ကောင်နှင့်တွေ့လျှင်ကို သေရေးရှင်ရေးအခြေအနေဖြစ်သွားမည်ဖြစ်သည်။
သားရဲဘုရင်တွေ သားမန်မြို့တွေကိုကျူးကျော်ဝင်လာတာကိုမပြောလိုသေးပေ။
အထီးကျန်လှေမြို့ကဲ့သို့ မြို့မှာတောင် အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူတစ်ယောက်မရှိပေ။
အများဆုံးမှ အသန်မာဆုံးလူက အခြေခံတည်ဆောက်ခြင်း အဆင့် ၃ အဆင့် ၄ သာရှိသည်။
သားရဲဘုရင်တစ်ကောင်သာသောင်းကျန်းလာခဲ့လျှင် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်လာမည်ဖြစ်သည်။
လူကြီးလူငယ်ဘယ်လောက်များများ ဒဏ်ရာရ သေကြေကြမည်ကို စိတ်တောင်ကူးမကြည့်နိုင်ပေ။
"အကြီးအကဲလီ, ခင်ဗျားတို့ ဒီအတိုင်းပဲ ကြည့်နေကြတာလား..."
လန်ဖေးယန် ထိုအရာကိုကြားသည့်အခါ မျက်မှောင်ကြုတ်မေးလိုက်၏။
လီချင်ဖုန်း ခါးသီးစွာပြုံးပြီး ပြောလိုက်သည်။
"သူတို့က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကလေ။ နောက်မှာသူတို့ဆရာတွေ ကျောထောက်နောက်ခံရှိတယ်...."
"ငါတို့လို အကြီးအကဲတွေက သူတို့ကို စည်းကမ်းအကြောင်းတွေ ဘယ်လိုသွားပြောရမှာလဲ..."
"အများဆုံးမှ သတိပေးရုံလောက်လုပ်နိုင်တာ..."
"သူတို့နားမထောင်ရင် ငါတို့လည်း ဘာမှထပ်မလုပ်နိုင်တော့ဘူး...."
ဂျန်ဖန်း အကြီးအကဲနှစ်ယောက်ရင်ဆိုင်နေရသည့် အခက်အခဲကို နားလည်သွားခဲ့သည်။
ထိုအရာက ကလေးနှစ်ယောက်တိုက်ခိုက်တာနှင့်ယှဥ်တူပြီး ကလေးတစ်ယောက်ထိခိုက်သွားလျှင် မိဘတွေမှာ ကြားဝင်ရခက်၏။
သူတို့က အခြားမိဘ၏ကလေးတွေကို စကားဖြင့်ပြောရုံသာတတ်နိုင်၏။
အကယ်၍ အကြီးအကဲတွေသာ ဝင်ပါလာလျှင် ပိုမြင့်သည့်အဆင့်ရှိအငြင်းပွားမှုတွေ ဖြစ်လာတော့မည်ဖြစ်သည်။
ဂိုဏ်း ၉ ဂိုဏ်းအကြီးအကဲတွေအနေဖြင့် ဘယ်လိုလုပ် ကောင်းကင်ဘုံစက်န္ဒယားခန်းမမှ စွမ်းအားကြီးသူတွေကို ရန်စရဲမည်နည်း။
သူက မေးစေ့ပွတ်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့တပည့်တွေ လှုပ်ရှားရင် ဘာရလဒ်ပဲရရ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက ဝင်မပါလောက်ဘူးမလား...."
လီချင်ဖုန်း အပြင်းအထန် ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့..."
"သူတို့က တိတ်တဆိတ် ဝင်လာကြတာ။ ရွယ်တူချင်းအရိုက်ခံရရင် ဘယ်လိုလုပ် အကျယ်ချဲ့ရဲမှာလဲ..."
"ဒါ့ပြင်, သူတို့အကြီးအကဲတွေဝင်ပါချင်ရင်တောင် သူတို့ကိုယ်သူတို့နှိမ့်ချပြီး ဂျူနီယာတွေနဲ့ ဖက်ပြိုင်နေမှာမဟုတ်ဘူး..."
လုရှိုနန် အလျှင်အမြန်ပဲ စကားပြောတာရပ်ဖို့ အချက်ပြလိုက်၏။
"ဒီလိုလက်တွေ့မဆန်တဲ့ကိစ္စတွေ အကျယ်ကြီးမပြောနဲ့...."
"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကတပည့်တွေသာ ကြားသွားရင် ငါတို့ကို ရယ်နေလိမ့်မယ်..."
လီချင်ဖုန်း ချက်ချင်းပဲ ခါးသီးသည့်အပြုံးဖြင့် စကားပြောတာရပ်လိုက်သည်။
တကယ်ပင်, ထိုအရာက မိမိကိုယ်ကိုယ် ဖြေသိမ့်ခြင်းသာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်း ၉ ဂိုဏ်း၌ ဤကဲ့သို့တပည့်မျိုးရှိဖို့က မဖြစ်နိုင်သောကြောင့်ပင်။
သူတို့မှာသာရှိခဲ့လျှင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှတပည့်တွေ ဤလောက်ထိသောင်းကျန်းနေမည်မဟုတ်ပေ။
လုရှိုနန်ပြောလိုက်သည်။
"ချောင်ကော, နယ်နိမိတ်တောင်တန်းရောက်တဲ့အခါ အဲ့ဒီကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေနဲ့ မပတ်သက်မိစေနဲ့...."
"သားရဲဘုရင်တွေသတ်ဖို့ကိုပဲအာရုံစိုက်ပြီး အကျိုးပြုမှတ်တွေရအောင်လုပ်..."
"အဲ့ဒီကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေက အနှေးနဲ့အမြန်ပြန်ခံစားရလိမ့်မယ်..."
ရှချောင်ကော ဘာမှမပြောပေ။
သိသာစွာပင်, သူမလည်း ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေ၏လုပ်ဆောင်ချက်တွေက လွန်လွန်းတယ်ဟု ခံစားမိ၏။
သူမက ဂျန်ဖန်းကို တစ်ချက်ကြည့်လိုက်သည်။
ထိုအခါ ဂျန်ဖန်း မျောက်သားရဲတွေချိုးဖောက်လာသည့်နေရာကို တည်ငြိမ်စွာကြည့်နေတာကို သတိထားမိ၏။
သူမက အဓိပ္ပာယ်ပါပါပြုံးပြီး တိိိတ်တဆိတ် တွေးလိုက်သည်။
"ဦးလေးဒီတိုင်းရပ်ကြည့်မနေဘူးဆိုတာ ငါသိသားပဲ..."
ဤကဲ့သို့ဦလေးဆရာမျိုးကို သူမအရမ်းသဘောကျ၏။
သူလုပ်ဆောင်သည့်လုပ်ဆောင်ချက်တိုင်းက သူမဆန္ဒနှင့် တစ်ထပ်တည်းဖြစ်နေခဲ့သည်။
ဒါပေါ့....
သူ့ဘေး၌ အမျိုးသမီးအများကြီးရှိနေတာတော့ ချွင်းချက်ဖြစ်သည်။
ခဏကြာပြီးနောက်...
ဂျန်ဖန်း နယ်နိမိတ်တောင်ခြေကို ရောက်လာခဲ့သည်။
တောင်ခြေမှာရပ်နေရင်း နယ်နိမိတ်တောင်တန်း၏ကျယ်ပြောမှုကို ခံစားလို့ရ၏။
မော့ကြည့်လိုက်ရာ တောင်ထိပ်ကို မမြင်ရပေ။
အခြားတစ်ဖက်ရှိ မဟာတံတိုင်းက ပိုလို့တောင် ကြီးကျယ်ခမ်းနားနေပြီး ရှေးကျသည့်အော်ရာတွေ အပြည့်ပင်။
"မင်းတို့လွတ်လွတ်လပ်လပ်လှုပ်ရှားကြ။ ဒီနယ်နိမိတ်တောင်တန်းက အကျယ်ကြီး။ ပြီးတော့ နေရာတိုင်းလိုလိုမှာ နတ်ဆိုးသားရဲတွေရှိတယ်..."
လီချင်ဖုန်း တပည့်အနည်းငယ်ကို ညွှန်ကြားပြီး လုရိုနန်နှင့်အတူ တောင်ကိုကင်းလှည့်ဖို့ ပြေးသွားလိုက်သည်။
သူတို့၏အဓိကတာဝန်က တပည့်တွေတာဝန်မယူနိုင်သည့်သားရဲဘုရင်တွေကို စောင့်ကြပ်ဖို့ဖြစ်သည်။
ထို့ပြင် အန္တရာယ်တွေ့နေသည့်တပည့်တွေကိုမြင်လျှင်လည်း ကူညီပေးရမည်ဖြစ်သည်။
အဆင့်နိမ့်သားရဲတွေကိုရင်ဆိုင်မည့်တာဝန်က အဓိကအားဖြင့် တပည့်တွေဆီရောက်သွားခဲ့သည်။
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
သူက လှုပ်ရှားမှုနည်းစနစ်ကိုအသုံးပြုပြီး တောင်တန်းဆီဦးတည်လိုက်သည်။
ရှချောင်ကောလည်း တစ်ချိန်တည်းနီးပါးလှုပ်ရှားလိုက်၏။
လန်ဖေးယန်ကြောင်သွား၏။
"ဒီနှစ်ယောက်ကတကယ်ကို ရှေ့နောက်ညီနေတာပဲ..."
"နှစ်ယောက်လုံးက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေကို သင်ခန်းစာပေးချင်နေတယ်...."
"ငါလည်းသွားရတာပေါ့, ဟီ...ဟီ..."
တောင်ထိပ်၌...
လီရှီချန်းသူမ၏သွေးထွက်နေသည့်ဝမ်းဗိုက်ကိုဆုပ်ကိုင်ထားပြီး မျက်နှာက စက္ကူတစ်ရွက်လိုဖြူဖြော့နေခဲ့သည်။
သူမက ရေခဲတိုင်တစ်ခုကို မှီထားခဲ့ရာ နှင်းတိုင်သွေးရောင်အဖြစ်ပြောင်းနေခဲ့သည်။
ထိုအရာက နှင်းတိုင်ကို ထင်ရှားနေစေ၏။
သူမမျက်နှာ၌ အားနည်းမှု၊နာကျင်မှုတွေပြသနေပြီး ရှေ့ရှိအနက်ဝတ်လူအုပ်စုကို ကြည့်နေခဲ့သည်။
သူတို့က သတ်ပြီးသားနတ်ဆိုးသားရဲတွေဆီမှ အမြုတေတွေကို ရယ်မောစုဆောင်းနေခဲ့သည်။
ထို့နောက် သူမက ပတ်ဝန်းကျင်၌ နာကျင်စွာ လဲလျောင်းနေသည့် ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေကို ကြည့်လိုက်သည်။
ထိုထဲ၌ စီနီယာအကိုကြီး ဟွာရှန်းချန်းတောင် ပါဝင်နေခဲ့သည်။
သူ့ဒဏ်ရာက အပြင်းထန်ဆုံးဖြစ်ပြီး သွေးကန်ထဲလဲနေကာ သေသလား ရှင်သလား မသိရပေ။
လွန်ခဲ့သည့်တစ်ခဏက...
သူတို့ မျောက်သားရဲတွေ၏တိုက်ခိုက်မှုကို ကြိုးစားခုခံနေစဥ်...
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေ နောက်မှရုတ်တရက်ပေါ်လာပြီး တိုက်ခိုက်ခဲ့သည်။
ရလဒ်ကတော့...
သူတို့က နှစ်ဖက်လုံးမှညှပ်တိုက်ခံရပြီး အပြင်းအထန်ဒဏ်ရာရသွားကြသည်။
သူမက မျောက်သားရဲတစ်ကောင်ကြောင့် လွင့်ပျံသွားပြီး ၎င်းလက်သည်းကြောင့် ဝမ်းဗိုက်ပေါက်သွားခဲ့သည်။
သို့ပေမယ့် အတော်လေးကံကောင်းပြီး အသက်ရှင်ခဲ့သည်။
တပည့်အချို့ မျောက်သားရဲတွေကြောင့် နေရာတင်ပဲ သေသွားခဲ့ကြသည်။
"နင်တို့က နင်တို့ကိုယ်နင်တို့ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကတပည့်တွေလို့ ခေါ်တယ်လား..."
"နင်တို့က ဓားပြတွေထက်တောင် ပိုဆိုးသေးတယ်...."
လီရှီချန်း ဝမ်းနည်းဒေါသထွက်စွာဖြင့် အော်ပြောလိုက်သည်။
သူတို့ထဲ၌ အရပ်ရှည်ရှည်နှင့် ရှေးဟောင်းဓားပုံသဏ္ဍာန်ထွင်းထုထားသည့်မျက်နှာဖုံးဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ခေါင်းဆောင်ဖြစ်ပုံရ၏။
သူက တဖက်လှည့်လာပြီး လှောင်ပြောင်လိုက်သည်။
"ငါတို့က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေလို့ ဘယ်သူပြောလဲ...."
"မင်းအစားကိုကုန်အောင်စားလို့ရတယ်, စကားကိုတော့ ကုန်အောင်မပြောသင့်ဘူး..."
သူတို့က ဤကဲ့သို့ပရမ်းပတာကိစ္စမျိုးလုပ်ရဲလျှင်...
သဘာဝအတိုင်း ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေဟု ဝန်ခံမည်မဟုတ်ပေ။
သူ့ဘေးရှိ ပိန်ပါးသည့်အမျိုးသားတစ်ယောက် ကောက်ကျစ်စဥ်းလဲစွာဖြင့် နှုတ်ခမ်းလျာဖြင့်သပ်လိုက်သည်။
"ခေါင်းဆောင်, သူကငါတို့ကိုဓားပြလို့ထင်နေမှတော့ ငါတစ်ခါလောက်ဓားပြဆန်လိုက်မယ်လေ..."
"ငါ မိန်းမတစ်ယောက်ကို မထိတွေ့ရတာ အတော်ကြာသွားပြီ...."
"ဒီမိန်းမခန္ဓာကိုယ်က အတော်လေးလှတယ်..."
သူ၏လောဘကြီးသည့်အကြည့်က လီရှီချန်းရင်ဘတ်ပေါ် ကျရောက်သွားခဲ့သည်။
ထို့နောက်အသားငမ်းငမ်းဖြင့် သူမ၏ကြီးမားသည့်ရင်ဘတ်ကို ကြည့်လိုက်သည်။
အခန်း (၄၆၅)
သွေးကြွေး
အရပ်ရှည်ရှည်နှင့်အမျိုးသား စက်ဆုပ်ရွံ့ရှာစွာ ပြောလိုက်သည်။
"သူကသွေးတွေပေကျံနေတာ, မင်း မရွံ့ဘူးလား..."
"နတ်ဆိုးအမြုတေအလုံအလောက်ရတဲ့အခါ ပြန်ရောက်ရင် ငါတို့လိုချင်တဲ့ဘယ်နတ်သမီးမဆို ရနိုင်တယ်...."
သူက တကယ်ပဲ သူ၏ဂျူနီယာညီလေးကို မထိန်းနိုင်ပေ။
ခုလေးတင် သားရဲဘုရင်လှိုင်းတစ်ခု နယ်နိမိတ်တောင်တန်းဆီပြေးဝင်သွားသည်။
ထိုအရာက နတ်ဆိုးအမြုတေတွေရမည့် မဟာအခွင့်အရေးဖြစ်သည်။ ဘယ်လိုလုပ် မိန်းမတစ်ယောက်အပေါ်၌ အချိန်ဖြုန်းနိုင်မည်နည်း။
ပိန်ပိန်ပါးပါးအမျိုးသား မထိန်းနိုင်ပဲ မျက်လုံးတွေက မီးတောက်နေခဲ့သည်။
"အဲ့ဒီနတ်သမီးတွေက ဘယ်လိုလုပ် ဒီထိပ်တန်းခန္ဓာကိုယ်ကြီးနဲ့ စွာတေးလန်လေးကို ယှဥ်နိုင်မှာလဲ..."
"မင်းတို့ကောင်တွေ နတ်ဆိုးသားရဲသွားဖမ်းလိုက်..."
"ငါ နောက်ကလိုက်လာခဲ့မယ်..."
အရပ်ရှည်ရှည်အမျိုးသား အကူအညီမဲ့စွာပြောလိုက်သည်။
"ကောင်းပြီလေ, ဒါဆိုလည်း မြန်မြန်လုပ်..."
ပိန်ပါးပါးအမျိုးသား အလျှင်အမြန်ပြောလိုက်သည်။
"ခေါင်းဆောင်, ဒီလိုစကားမျိုးတွေမပြောပါနဲ့..."
ဟ...ဟ..ဟ...
အရပ်ရှည်ရှည်အမျိုးသားရယ်မောပြီး အုပ်စုကိုဦးဆောင်ကာ သားရဲလှိုင်းနောက်လိုက်သွားသည်။
ပိန်ပါးပါးအမျိုးသား နှာမှုတ်လိုက်သည်။
"ငါကိုမြန်တယ်လို့ ပြောတယ်ပေါ့..."
သူ့အကြည့်လီရှီချန်းပေါ်ရောက်သွားပြီး နတ်ဆိုးဆန်စွာပြုံးလိုက်သည်။
"အလှလေး, ငါက ယောက်ျားစစ်တစ်ယောက်ဆိုတာ ငါ့အကိုကြီးကို သက်သေပြလိုက်ရအောင်..."
"မင်းနည်းနည်းတော့ ခံစားရမယ်နော်..."
လီရှီချန်း ကြောက်လန့်တကြားနောက်ဆုတ်သွားပြီး ပြောလိုက်သည်။
"ငါ့နားမလာနဲ့..."
"နင်ဖျက်ဆီးတာခံမယ့်အစား ငါအသေပဲခံလိုက်မယ်..."
ပိန်ပါးပါးအမျိုးသားမျက်လုံးတွေ ပိုလို့တောင် ပူပြင်းလာ၏။
"ဟ..ဟ.., ငါ နင့်ရဲ့အဲ့အရိုင်းဆန်တဲ့စိတ်လေးကို သဘောကျတာ..."
"အလှလေး, ငါ့ကိုကောင်းကောင်းပြုစုပေး။ မင်းအနာဂတ်တောက်ပစေရမယ်လို့ အာမခံတယ်...."
သူက ရှေ့ကိုလျှောက်လာ၏။
လီရှီချန်းနှင့် တစ်ကိုက်အတွင်းရောက်သည့်အခါ...
လီရှီချန်း သွေးကန်ထဲလဲလျောင်းနေသည့် ဟွာရှင်းချန်ကို ကြည့်လိုက်သည်။
ထို့နောက် အဝေးရှိဂိုဏ်း ၉ ဂိုဏ်းတပည့်အလောင်းတွေကိုကြည့်ပြီး...
သူမမျက်လုံးတွေ၌ ဝမ်းနည်းမှုအရိပ်အယောင်တွေပြသလာသည်။
ထို့နောက် သက်ပြင်းအနည်းငယ်ချပြီး ပြောလိုက်သည်။
"ဒါကို နင်တို့အားလုံးအတွက် လက်စားချေမှုသေးသေးလို့ ယူဆလိုက်မယ်..."
သူမက လက်မြောက်လိုက်ရာ အသက်သွင်းပြီးသားတောက်ပသည့်ပေါက်ကွဲအဆောင်တစ်ခု သူမလက်ထဲပေါ်လာခဲ့သည်။
၎င်းက ပေါက်ကွဲတော့မည်ပဲဖြစ်သည်။
ပိန်းပါးပါးအမျိုးသားမျက်နှာ ပြောင်းလဲသွား၏။
"မင်းဘာလုပ်နေတာလဲ, ရပ်လိုက်..."
လီရှီချန်း လှောင်ပြောင်လိုက်သည်။
"နင် ငါ့ကိုပြုစုပေးစေချင်တာမဟုတ်ဘူးလား..."
"ငါ နင့်ကို ကောင်းကင်ဘုံရောက်သွားအောင် ပြုစုပေးမယ်..."
တကယ်တော့ သူမက အတူတူသေဖို့ အချိန်အတော်ကြာကတည်းက ဆုံးဖြတ်ထားခဲ့သည်။
ဤယောက်ျား လုံလောက်သည့်အကွာအဝေးတစ်ခုထိနီးကပ်လာသည်နှင့် အဆောင်စာရွက်ကို ပြတ်ပြတ်သားသားအသက်သွင်းမည်ဖြစ်သည်။
သူမက ပုံမှန်ဆိုသတ္တိနည်းပြီး ကြောက်တတ်ပေမယ့် ယခုချိန်၌ သေရမှာ လုံးဝမကြောက်ပေ။
ဤအယုတ်တမာကောင်ဖျက်ဆီးခံရတာနှင့် သေရမယ်ဆို...
သူမ အတူတူသေဖို့ပဲ ရွေးချယ်မည်ဖြစ်သည်။
ဤနည်းဖြင့် ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေ အနည်းဆုံး သူမကို အထင်ကြီးကြမည်ဖြစ်သည်။
ထို့ပြင် လီရှီချန်း၌ ကျောရိုးရှိသည်ဟု ချီးကျူးကြမည်ဖြစ်သည်။
သို့ပေမယ့်...
သူမ ပေါက်ကွဲမှုကိုရင်ဆိုင်ဖို့ အသင့်ဖြစ်နေချိန်မှာပဲ....
ပိန်ပါးသည့်အမျိုးသား ရုတ်တရက် ချောက်ချားဖွယ်ရယ်လိုက်၏။
ထို့နောက် သူ့မျက်လုံးတွေအရောင်လက်သွားပြီး အစိမ်းရောင်အလင်းတန်းတစ်ခု လီရှီချန်းမျက်လုံးဆီပစ်လိုက်၏။
လီရှီချန်း မူးဝေသွားပြီး အသိပြန်ဝင်လာသည့်အခါ ပိန်ပါးပါးအမျိုးသား သူမရှေ့ရောက်နေပြီဖြစ်သည်။
သူမလက်ထဲရှိပေါက်ကွဲအဆောင်ကိုလည်း ပိန်ပါးပါးအမျိုးသားက လုယူသွားခဲ့သည်။
စိတ်ဝိညာဥ်စွမ်းအားထောက်ပံ့မှုမရှိတော့၍ ပေါက်ကွဲအဆောင် အလျှင်အမြန်ပဲ မှိန်ကျသွားခဲ့သည်။
"ဟ...ဟ... မင်းက ငါ့ကို ခြောက်နိုင်မယ်လို့ တကယ်ထင်နေတာလား..."
"ငါက မင်းနဲ့ ကစားပေးရုံပဲ..."
"ဒီလိုကိစ္စသေးသေးလေးတွေမှမကိုင်တွယ်နိုင်ရင်, ငါ ဘယ်လိုလုပ် ဓားပြတစ်ယောက်ဖြစ်နိုင်မှာလဲ..."
"ဟ...ဟ....ဟ...."
ပိိန်ပါးပါးအမျိုးသား ပေါက်ကွဲအဆောင်ကို ခြေမွပြီး လွင့်ပစ်လိုက်သည်။
လီရှီချန်း မျက်ခွံတွေ အကြီးအကျယ်ကျုံ့သွား၏။
သူမ အလျှင်အမြန်ပဲ မြေပြင်မှ ဓားကိုဆုပ်ကိုင်လိုက်သည်။
သို့ပေမယ့် သူမလှုပ်ရှားသည်နှင့်...
ပိန်ပါးပါးလူငယ် သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက် ယုတ်မာသည့်ရယ်သံတစ်ခုနှင့် အခြားလက်တစ်ဖက်က သူမရင်ဘတ်ဆီ ဆန့်ထုတ်လာခဲ့သည်။
"အလှလေး, ငါ့ကို နာနာခံခံနဲ့ ပြုစုပေးလိုက်စမ်းပါ..."
"မင်းငါ့လက်က မလွတ်ပါဘူး...အား...."
ရုတ်တရက်...
ပိန်ပါးပါးလူငယ် နာကျင်စွာ အော်ဟစ်လိုက်ရသည်။
လီရှီချန်းရင်ဘတ်ဆီဆန့်ထုတ်လာသည့်သူ့လက်လည်း လက်ကောက်ဝတ်မှ ပြတ်ထွက်သွားခဲ့သည်။
သွေးတွေ လီရှီချန်း မျက်နှာပေါ် ပန်းထွက်ကုန်၏။
လီရှီချန်းဒေါသတွေ အေးခဲသွားပြီး စိတ်ရှုပ်ထွေးမှုအဖြစ်ပြောင်းသွားသည်။
ဘာဖြစ်သွားသနည်း။
ဘာကြောင့် ပိန်ပါးပါးလူငယ်၏လက် ရုတ်တရက်ပြတ်သွားရသနည်း။
သူမက ခရမ်းရောင်အလင်းတန်းတစ်ခုသာ ခပ်ရေးရေးမြင်လိုက်ရတာဖြစ်သည်။
အရပ်ရှည်ရှည်အနက်ဝတ်နှင့်လူပြီးလျှင် ဒုတိယအစွမ်းထက်ဆုံးဖြစ်သည့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှတပည့်က လက်ပြတ်သွားခဲ့သည်။
ထိုစဥ် အသံတစ်ခု ထွက်ပေါ်လာခဲ့ရာ လီရှီချန်းခန္ဓာကိုယ် အပြင်းအထန်တုန်ယင်သွား၏။
သူမက မယုံနိုင်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။
သူမနှင့်မနီးမဝေးရှိ ရေခဲဆူးပေါ်၌...
အဖြူဝတ်အမျိုးသားတစ်ယောက် လက်နောက်ပစ်ပြီးရပ်နေပြီး ဝတ်ရုံရှည်နှင့်ဆံပင်ရှည်က တဖျတ်ဖျတ်လွင့်ပျံနေခဲ့သည်။
သူ့အကြည့်တွေက နှင်းထက်တောင် အေးစက်နေခဲ့သည်။
"ဂျန်...ဂျန်ဖန်း?..."
လီရှီချန်းမျက်လုံးတွေ ပြူးကျယ်နေပြီး မယုံကြည်နိုင်မှုတွေဖြင့် ပြည့်နှက်နေခဲ့သည်။
ဤမြင်ကွင်း, သူမအိမ်မက်ထဲမှာတောင် ပေါ်မလာဖူးသည့်ဤမြင်ကွင်းက သူမမျက်စိရှေ့မှာ ပေါ်လာခဲ့သည်။
ပိန်ပါးပါးလူငယ် ပြတ်သွားသည့်လက်ကို ဆုပ်ကိုင်ထားပြီး မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွနေခဲ့သည်။
သူက ဘယ်ကပေါ်လာမှန်းမသိသည့်ဂျန်ဖန်းကို စိုက်ကြည့်နေပြီး အော်ပြောလိုက်သည်။
"မင်းဘယ်သူလဲ..."
ရွစ်!
ခရမ်းရောင်အလင်းတန်းတစ်ခု ပျံသန်းလာပြီး ဂျန်ဖန်းပတ်လည်ရှိလေထုထဲ၌ ဝဲနေခဲ့သည်။
ဤမြင်ကွင်းက ပိန်ပါးပါးလူငယ်ကို တုန်လှုပ်သွားစေခဲ့သည်။
ဓားထိန်းခြင်းနည်းစနစ်?...
တစ်စုံတစ်ယောက်က တကယ်ပဲ ရှုချင်းယန်၏ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို တတ်မြောက်ခဲ့သည်။
ဂျန်ဖန်း အေးစက်စွာ ပြောလိုက်သည်။
"မင်းက ငါ့ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေကို ဒဏ်ရာရအောင်လုပ်ပြီး ဂိုဏ်း ၉ ဂိုဏ်း အမျိုးသမီးကို စော်ကားတယ်..."
"ပြီးတော့ ငါဘယ်သူလဲလို့ မေးနေတာလား..."
"မင်းမှာ နောက်ဆုံးစကားရှိသေးလား မင်းကိုယ်မင်းပြန်ပေးသင့်တယ်..."
ဂျန်ဖန်း ဂိုဏ်း ၉ ဂိုဏ်းတပည့်ဆိုတာ ကြားသည့်အခါ ပိန်ပါးပါးလူငယ် ချက်ချင်း သက်သာယာရသွား၏။
အဆုံးမှာတော့ သူက အမြုတေအဆင့် ၄ ကျင့်ကြံသူဖြစ်၏။
ဂိုဏ်း ၉ ဂိုဏ်း၌ နာမည်ကျော်ရှချောင်ကောသာ သူနှင့်ယှဥ်နိုင်၏။
အခြားသူဆိုလျှင်...
သူမျက်လုံးထဲ၌ အမိုက်တွေသာဖြစ်သည်။
"ငါ့ပျော်ရွင်မှုကိုဖျက်ဆီးတဲ့ ကျွမ်းကျင်သူအချို့လို့ထင်သွားတာ..."
"ဂိုဏ်း ၉ ဂိုဏ်းအမှိုက်က ငါ့ကိုချောင်းမြောင်းတိုက်ခိုက်ပြီး ငါ့လက်ကိုဖြတ်ရဲတယ်ပေါ့..."
ပိန်ပါးပါးလူငယ်မျက်လုံးတွေ ဒေါသမီးတွေ တောက်လောင်လာ၏။
အတော်လေး စော်ကားခံရသလို ခံစားရလိုက်သည်။
"ငါ့စိတ်ကိုပြောင်းလိုက်ပြီ..."
"ဒီမိန်းမနဲ့ မကစားတော့ဘူး...."
"မင်းကို သေတဲ့အထိ အရင်ကစားပစ်မယ်..."
"မင်းအရေပြားကို တစ်လွာချင်းဖြတ်ထုတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို တစ်ခုချင်းထုတ်ပစ်မယ်...."
"သူများကိစ္စဝင်ပါတဲ့တန်ကြေး မင်းကိုပြပေးမယ်..."
ဘန်း...
သူက ချက်ချင်းပဲ တိုက်ခိုက်လိုက်၏။
သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ ကြမ်းကြုတ်သည့်အော်ရာတွေပြည့်နှက်နေပြီး ဂျန်ဖန်းဆီ ဒေါသတကြီး ပြေးဝင်သွားသည်။
"နှလုံဖျက်ဆီးရေးလက်သီး..."
အဆင့်နိမ့်မြေကမ္ဘာအဆင့်နည်းစနစ်ဖြင့် ချက်ချင်း တိုက်ခိုက်လိုက်၏။
ဂျန်ဖန်းလက်မြောက်ပြီး ဦးတည်ချက်မဲ့နဂါးလက်ဝါးဖြင့် အသာအယာပြန်တိုက်ခိုက်လိုက်သည်။
ဘုန််း...
တွေ့ဆုံသွားသည့်အခါ...
ပိန်ပါးပါးလူငယ် ရှေးဟောင်းဆင်ကြီးတစ်ကောင်၏ရိုက်နှက်ခြင်းခံရသလို ခံစားလိုက်ရသည်။
အတော်လေးမယုံနိုင်ဖြစ်နေသည့်အမူအရာဖြင့် နောက်ဆုတ်သွားကာ သွေးတစ်လုတ်အန်လိုက်ရပြီး မျောက်ဝံသားရဲအလောင်းတွေအပေါ် လဲကျသွားခဲ့သည်။
ဘုန်း...
ဒုတိယအချိန်ရိုက်နှက်မှုက သူ့အား နောက်တစ်ကြိမ်သွေးအန်သွားစေ၏။
"မင်း... မင်း ဂိုဏ်း ၉ ဂိုဏ်းတပည့်မဟုတ်ဘူး...."
ပိန်ပါးပါးလူငယ် အံံ့အားသင့်စွာ ပြောလိုက်သည်။
တပည့်တစ်ယောက်က ဘယ်လိုလုပ်ဤကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအားမျိုး ပိုင်ဆိုင်နိုင်မည်နည်း။
ဂိုဏ်းတစ်ခုခု၏ ကြီးကြပ်ရေးမှုးတစ်ယောက်ဖြစ်ရမည်ပင်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏လူငယ်မျိုးဆက်ကို ဖိနှိပ်ဖို့ကြိုးစားတာ နှစ်ဖက်လုံးရှိအကြီးအကဲမျိုးဆက်ကို စိန်ခေါ်လိုက်တာဖြစ်သည်။
ဤအရာကိုတွေးပြီး....
သူက ဒေါသတကြီးရယ်လိုက်သည်။
"တော်တော်ရဲတင်းတာပဲ..."
"ငါဘယ်သူလဲသိတာတောင် မင်းက အနိုင်ကျင့်ရဲတယ်ပေါ့...."
"စောင့်နေလိုက်..."
"ငါ့ဆရာ ဖြေရှင်းချက်လာတောင်းမှာကို စောင့်နေလိုက်...."
ဤအခိုက်အတန့်၌...
ရှချောင်ကောလည်း ရောက်လာခဲ့သည်။
မြေပြင် ဂိုဏ်း ၉ ဂိုဏ်းတပည့်အလောင်းတွေနှင့် ဒဏ်ရာရနေသည့်လူတွေကိုမြင်သည့်အခါ....
အမြဲလိုလိုတည်ငြိမ်နေသည့်သူမအရာ ပိုပြီးဒေါထွက်လာခဲ့သည်။
အနက်ဝတ်လူကိုသတိထားမိသည့်ခါ တွေဝေမနေပဲ ဓားဆွဲထုတ်လိုက်၏။
"ရှချောင်ကော?..."
ပိန်ပါးပါးလူငယ် ရှချောင်ကောကို မှတ်မိသွား၏။
ဤ ဂိုဏ်း ၉ ဂိုဏ်း၏ပြိုင်ဘက်ကင်းအလှလေးကို မည်သူက စိတ်မဝင်စားပဲနေမည်နည်း။
သူက ရှချောင်ကော၏ မရေမတွက်နိုင်သည့် ပုံတူပန်းချီတွေကိုမြင်ဖူး၏။
အကြိမ်တိုင်း သူမအလှကြောင့် အံ့အားသင့်ခဲ့ရတာချည်းပင်။
ထို့ကြောင့် ချက်ချင်း သူမကို မှတ်မိလိုက်၏။
သူ့နှလုံးသားကို ခုန်ပေါက်သွားစေတာက...
ဂျန်ဖန်း သူမကိုတားပြီး ပြောလိုက်သည်။
"ဒီလူက ရွံ့စရာကောင်းလွန်းတယ်..."
"မင်းလက်ကို အညစ်ပေမခံနဲ့..."
"ငါလုပ်လိုက်မယ်..."
ပိန်ပါးပါးလူငယ် ထိတ်လန့်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။
"ရှချောင်ကော, ငါက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့တပည့်ပဲ..."
"စီနီယာတစ်ယောက်က ငါ့ကိုတိုက်ခိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ဒီလူကိုပြောလိုက်..."
ဤကြီးကြပ်ရေးမှုးက ကိစ္စတွေ၏ အတိမ်အနက်ကို နားမလည်ပေ။
ရှချောင်ကောကတော့ သေချာပေါက် နားလည်၏။
ရှချောင်ကော တစ်ခဏကြောင်သွားပြီး အေးစက်စွာပြောလိုက်သည်။
"နင်နားလည်မှုလွဲနေပြီ..."
"ငါ့ဆရာဦးလေးကလည်း တပည့်တစ်ယောက်ပဲ..."