← Chapters

အခန်း (၄၆၆-၄၆၇)

Vol. 37 Ch. 466-467

အခန်း (၄၆၆-၄၆၇)

Vol. 37 Ch. 466-467

အခန်း (၄၆၆)

ဖုချောင်ဟွမ်၏အကြီးအကျယ်ပြောင်းလဲမှု

ဘာ?...

တပည့်တစ်ယောက်?...

ပိန်ပါးပါးလူငယ် ပင့်သက်ရှိုက်လိုက်သည်။

သူ့ရှေ့ရှိ မယုံနိုင်လောက်အစွမ်းထက်သည့်လူက တကယ်ပဲ တပည့်တစ်ယောက်ဖြစ်နေခဲ့သည်။

သူအတော်လေး ပျာယာခတ်သွား၏။

ဂိုဏ်း ၉ ဂိုဏ်းအကြီးအကဲတွေက သဘာဝအတိုင်း သူ့ကိုဘာမှလုပ်ရဲမည်မဟုတ်ပေ။

သို့ပေမယ့် တပည့်တွေကတော့ အခြားကိစ္စတစ်ခုဖြစ်သွားပြီဖြစ်သည်။

သူက အံကြိတ်ပြီးနောက်ဆုတ်ကာ ပြောလိုက်သည်။

"ကောင်းပြီ..."

"ဒီနေ့မတော်တဆမှုအကြောင်းပြောရရင် ငါမှားသွားတယ်..."

"မင်းတို့ကိုတောင်းပန်တယ်..."

"ကိစ္စတွေကိုဒီမှာပဲရပ်လိုက်တာပေါ့။ ဘယ်သူမှ နောက်တစ်ကြိမ်ပြန်အစမဖော်တော့ဘူး..."

သူက အတော်လေးအရှက်ရနေ၏။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ဂုဏ်ယူရသည့်တပည့်တစ်ယောက်က ဂိုဏ်း ၉ ဂိုဏ်းတပည့်ကိုတောင်းပန်ဖို့ ဖိအားပေးခံနေရ၏။

ယောက်ျားကောင်းတစ်ယောက်က ဘယ်အချိန်မှာရပ်ရမလဲသိ၏။

ယနေ့ကိစ္စကို အရင်ဘေးဖယ်ထားသော်လည်း နောက်ပိုင်း၌ သေချာပေါက် နှစ်ဆပြန်ပေးဆပ်ခိုင်းမည်ဖြစ်သည်။

"နှုတ်ဆက်ပါတယ်..."

ဤသို့ဖြင့် သူက ထွက်ခွာဖို့ပြင်လိုက်သည်။

ဂျန်ဖန်း ရှေ့ထွက်လာပြီး သူ့မျက်လုံး၌ အေးစက်သည့်အလင်းတန်းတွေ တောက်ပနေခဲ့သည်။

"တောင်းပန်တယ်?..."

"ဒီလောက်များတဲ့ ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေကို ဒဏ်ရာရအောင်လုပ်, သေအောင်လုပ်ပြီးမှ မင်းက တောင်းပန်ရုံနဲ့ ပြီးသွားချင်တာလား...."

"အဲ့လိုသတ္တိမျိုး မင်းကိုဘယ်သူပေးလိုက်တာလဲ..."

အစ၌...

ထိုကောင်တွေက တစ်ကိုယ်ကောင်းဆန်ပြီး သားရဲဘုရင်တွေကိုအထဲဝင်ခွင့်ပြုခဲ့သည်ဟုသာ ထင်ခဲ့သည်။

သူတို့ကို သင်ခန်းစာပေးလိုက်တာက လုံလောက်ပြီဖြစ်သည်။

မည်သူသိမည်နည်း။

သူပထမဆုံးမြင်လိုက်သည့်အရာက မြေပြင်အနှံ့ ဒဏ်ရာရသူတွေနှင့် အလောင်းတွေပင်။

ထို့ပြင် ဂိုဏ်း ၉ ဂိုဏ်းအမျိုးသမီးတစ်ယောက်ကိုလည်း စော်ကားဖို့ ပြင်နေသေးသည်။

ဤအရာက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တစ်ယောက် ဟုတ်သေးသည်လား။

အပြစ်ဒဏ်ပေးရုံဖြင့် လုံလောက်မည်လား။

ပိန်ပါးပါးလူငယ် တုန်လှုပ်သွားပြီး ဒေါသတကြီးအော်ပြောလိုက်သည်။

"တော်လောက်ပြီ..."

"ငါတောင်းပန်ပြီးတာကို မင်းက အတင်းတွန်းပို့နေတယ်..."

"ငါမင်းကို တကယ်ကြောက်တယ်လို့ ထင်နေတာလား..."

ဂျန်ဖန်း မည်သည့်နောက်ဆုတ်မည့်အရိပ်အယောင်မှမပြတာကိုမြင်သည့်အခါ..

သူကအံကြိတ်ပြီး မျက်လုံးတွေ၌ အစိမ်းရောင်အလင်းတန်း နောက်တစ်ကြိမ်လင်းလက်သွား၏။

ဤအရာက မျက်အိမ်နည်းစနစ်ပင်။

ရန်သူကို တစ်ခဏစိတ်လွတ်သွားစေနိုင်၏။

ကြာချိန်က ခဏလေးဆိုလျှင်တောင်...

ကျွမ်းကျင်သူတွေ၏တိုက်ပွဲ၌ ထိုအခိုက်အတန့်က အဆုံးအဖြတ်ဖြစ်သည်။

ကောင်းကောင်းသာအသုံးချတတ်လျှင် ရန်သူကိုသတ်ဖို့ လုံလောက်သည့်အချိန်ထုတ်ပေးနိုင်၏။

သို့ပေမယ့် ဤနည်းစနစ်မှာ မျက်လုံးကိုထိခိုက်စေပြီး တစ်နေ့လျှင်တစ်ကြိမ်သာအသုံးပြုနိုင်၏။

သူက အစောပိုင်း လီရှီချန်းအပေါ်အသုံးပြုပြီးရာ ယခု နောက်တစ်ကြိမ်သုံးဖို့ ပြင်းထန်သည့်နာကျင်မှုကို တောင့်ခံနေရ၏။

တစ်ချိန်တည်းမှာပဲ....

သူ့အင်္ကျီလက်ထဲမှ ဓားမြှောင်တစ်ခု ထွက်ပေါ်လာပြီး ဆိုးယုတ်သည့်အပြုံးတစ်ခု မျက်နှာပေါ်မှာ ပေါ်လာ၏။

တိုက်ခိုက်မှတော့ အဆုံးထိ တိုက်ခိုက်ရမည်ဖြစ်သည်။

ဂျန်ဖန်းမှိန်မောသွားသည့်တစ်ခဏ၌ သူ့နှလုံးသား ဓားမြှောင်ဖြင့် ထိုးဖောက်မည်ဖြစ်သည်။

ဝှစ်!

ချက်ချင်းပဲ အစိမ်းရောင်အလင်းတန်း ဂျန်ဖန်းမျက်လုံးထဲဝင်ရောက်သွားခဲ့သည်။

ဝိညာဥ်တိုက်ခိုက်မှုလား...

ဂျန်ဖန်း အတော်လေး သတိထားလိုက်၏။

သို့ပေမယ့် ဘာအကျိုးသက်ရောက်မှုမှ မရှိပုံပင်။

သူ့ဝိညာဥ်အား အနည်းငယ်သာ စပ်ဖျဥ်းဖျဥ်းဖြစ်သွားပြီး လုံးဝမထိခိုက်ပေ။

သို့ပေမယ့် ပိန်ပါးပါးလူငယ် နောက်မဆုတ်ပဲ ဓားမြှောင်ကိုကိုင်ပြီး သူ့နှလုံးကိုထိုးဖို့ကြိုးစားလိုက်၏။

ဂျန်ဖန်းမျက်လုံးတွေ အေးစက်သွား၏။

သူက ဓားမြောက်ပြီး ထိုးသွင်းလိုက်သည်။

အဝေးမှ....

ခရမ်းဓားအလင်းတန်း လူငယ်မျက်လုံးကို ထိုးဖောက်သွားခဲ့သည်။

"အား..."

ပိန်ပါးပါးလူငယ် နာကျင်စွာအော်ဟစ်လိုက်ရ၏။

သူ၏မဆက်မပြတ်သွေးစီးကျနေသည့်မျက်လုံးကိုအုပ်ပြီး မချိမဆံ့နာကျင်နေခဲ့သည်။

ဂျန်ဖန်းဓားနီးကပ်လာတာမြင်တော့...

အလျှင်အမြန်ပဲ သူ့အထောက်အထားကို ဖော်ပြလိုက်သည်။

"ရပ်, ရပ်... ငါက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်ပဲ..."

"မင်းငါ့ကို သတ်လို့မရဘူး..."

ပြောပြီးသည်နှင့်....

အလျှင်အမြန်ပဲ ခန်းမတံဆိပ်ပြားကို ထုတ်ပြလိုက်သည်။

"ဒါ ငါ့အထောက်အထားတံဆိပ်ပဲ...."

သို့ပေမယ့်...

သူထုတ်လိုက်သည်နှင့် ခရမ်းအလင်းလက်သွား၏။

သူ့လက်မောင်း အရင်းမှပြတ်သွားပြီး တံဆိပ်လက်ပြတ်နှင့်အတူ လွင့်ပျံသွားခဲ့သည်။

"ဘာအထောက်အထားတံဆိပ်လဲ..."

"ငါတော့ ဘာမှမမြင်ပါဘူး...."

ဂျန်ဖန်း အေးစက်စွာ ပြောလိုက်သည်။

"ငါကြားတာတော့ မင်းက ဓားပြဆို..."

ပိန်ပါးပါးလူငယ် ဒေါသထွက်သွား၏။

"မင်းဘယ်လိုတောင်..."

ဖျက်ခနဲအသံတစ်ခုနှင့်...

ခရမ်းရောင်အလင်းတစ်ခု သူ့မျက်လုံးထဲ ပေါ်လာ၏။

ထိုအခါ သူ့ခန္ဓာကိုယ်ရုတ်တရက် ပေါ့ပါးသွားပြီး အမြင်အာရုံ အထိန်းအကွပ်မဲ့စွာ ချာချာလည်လာခဲ့သည်။

သူက ကောင်းကင်ကြီး၊ နှင်းပြင်ကြီးတွေကိုမြင်နေရပြီး နောက်ဆုံး ခေါင်းပြတ်ခန္ဓာကိုယ်ကြီးကို မြင်လိုက်သည်။

ချက်ချင်းပဲ...

သူ့အမြင်အာရုံ အောက်ထိုးကျသွားပြီး အမှောင်ထုထဲ ထာဝရနစ်မြုပ်သွားခဲ့သည်။

ဂျန်ဖန်း ခရမ်းဓားမှသွေးသုတ်ပြီး ကောင်းကင်မိုးကြိုးကျောက်တုံးထဲပြန်ထည့်ထားလိုက်၏။

ဤအခိုက်အတန့်၌...

လန်ဖေးယန် အပြေးရောက်လာခဲ့သည်။

ဂျန်ဖန်း အနက်ဝတ်လူ၏ခေါင်းကိုဖြတ်လိုက်တာ အချိန်မှီမြင်လိုက်၏။

သူက တုန်လှုပ်စွာဖြင့်အော်ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, ဒါက ပြဿနာကြီးနိုင်တယ်နော်..."

ဤအရာက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တစ်ယောက်ဖြစ်၏။

သူတို့ကို ဒဏ်ရာရစေတာက ကိစ္စတစ်ခုဖြစ်ပြီး သတ်တာကတော့ လုံးဝခြားနားသွားပြီဖြစ်သည်။

သို့ပေမယ့်...

မြေပြင်ပေါ်ရှိ ဂိုဏ်း ၉ ဂိုဏ်း ဒဏ်ရာရသူတွေနှင့် အလောင်းတွေကိုမြင်သည့်အခါ သူမျက်နှာ အေးစက်သွား၏။

"ဒီခွေးမသားတွေ...."

"သေတာပဲကောင်းတယ်..."

သူက ချက်ချင်းပဲ ဂျန်ဖန်းဘာကြောင့်သတ်လဲဆိုတာ နားလည်သွားခဲ့သည်။

သူဆိုလျှင်လည်း သတ်မှာဖြစ်သည်။

ဂျန်ဖန်း ပြောလိုက်သည်။

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကလူတွေလာရင် အကြီးအကဲတွေ ကိုင်တွယ်လိမ့်မယ်...."

"ငါတို့စိတ်ပူစရာမလိုဘူး..."

လန်ဖေးယန် ဒေါသတကြီးပြောလိုက်သည်။

"သူတို့က လူများစွာကို ထိခိုက်သေကြေအောင်လုပ်ထားတာ။ အဲ့ခွေးအကြီးအကဲတွေ လာဖို့ မျက်နှာရှိသေးတာလား..."

"အခြားသူတွေဘယ်မှာလဲ..."

"ငါသူတို့ကို သွေးကြွေးပြန်ဆပ်ခိုင်းမယ်..."

ဂျန်ဖန်း ပြောလိုက်သည်။

"အလျှင်မလိုပါဘူး..."

"ဒဏ်ရာရတဲ့လူတွေအရင်စစ်ကြည့်ရအောင်, နောက်မှလက်စားလိုက်ချေကြတာပေါ့...."

ရှချောင်ကော ဒဏ်ရာရသည့်လူတွေကို ဂရုစိုက်နေပြီဖြစ်သည်။

သူတို့ဒဏ်ရာတွေက ပြင်းထန်၏။

သာန်မန်ကုသဆွေးက သက်ရောက်မှုရှိမည်မဟုတ်ပေ။

ရှချောင်ကောတွေဝေမနေပဲ ဂျန်ဖန်းပေးထားသည့် ပြန်လည်ရှင်သန်ခြင်းဆေးလုံးတွေကို တစ်ယောက်ပြီးတစ်ယောက် တိုက်လိုက်၏။

နောက်ဆုံး၌ လီရှီချန်းကိုထူပေးပြီး နောက်ဆုံးပြန်လည်ရှင်သန်ခြင်းဆေးလုံးကို တိုက်လိုက်သည်။

ထိုအခါ သူမဒဏ်ရာ မျက်စိဖြင့်မြင်နိုင်သည့်အရှိန်ဖြင့် အလျှင်အမြန် ပျောက်ကင်းလာခဲ့သည်။

"ကျေးဇူးတင်ပါတယ်, ဂျူနီယာညီမရှ..."

ရှီလီချန်း ကျေးဇူးတင်စွာပြောလိုက်သည်။

ထို့နောက်...

မနီးမဝေးမှ ဂျန်ဖန်းကိုမြင်သည့်အခါ သူမမျက်လုံးတွေတောက်ပသွားပြီး တယိမ်းတယိုင်ဖြင့်လျှောက်လာကာ သူ့ရင်ခွင်ထဲပစ်ဝင်လိုက်၏။

သူမက သူ့ကိုပွေ့ဖက်ပြီး မကျေမနပ်ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, နင်ရောက်လာလို့မဟုတ်ရင် ငါ စော်ကားခံရပြီးသေနေလောက်ပြီ... ဝါး..ဝါး...ဝါး...."

အာ...

ဂျန်ဖန်း ဆွံ့အသွား၏။

ဤအမျိုးသမီး ဘာလို့ သူ့ကိုဖက်ထားရသနည်း။

အထူးသဖြင့် ဤအချိန်၌ ရှချောင်ကောကြည့်နေခဲ့သည်။

သူမက အနည်းငယ်နှုတ်ခမ်းဆူပြီး တီးတိုးပြာလိုက်သည်။

"ပန်းတွေကြားကလူကြီးလူကောင်းလို့ခေါ်တာကို နင်က ခုထိငြင်းချင်တုန်း..."

လန်ဖေးယန် ရယ်ချင်စိတ်ကော စိတ်ဓာတ်ကျမှုကော ခံစားလိုက်ရ၏။

စိတ်ဓာတ်ကျတာက ဂျန်ဖန်တကယ်ပဲ အလှလေးတွေကြား၌ နာမည်ကြီး၏။

ရယ်ချင်တာက အပြောထက် အလုပ်က ပိုထိရောက်နေသောကြောင့်ဖြစ်သည်။

သူက တကယ်ပဲ နာမည်ပြောင်နှင့်ပိုလိုက်၏။

ဂျန်ဖန်းမျက်နှာမဲမှောင်သွား၏။

သူက လီရှီချန်းကို တစ်ခဏနှစ်သိမ့်ပြီး သူမဆီမှတိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

သူက တောင်ထိပ်မှာရပ်နေပြီး နယ်နိမိတ်တောင်တန်း၏အခြားတစ်ဖက်ကိုကြည့်နေခဲ့သည်။

နတ်ဆိုးသားရဲတွေ တောင်ကိုတက်ဖို့ကြိုးစားနေတာအား ခပ်ရေးရေးမြင်နေရ၏။

ဂိုဏ်း ၉ ဂိုဏ်းတပည့်များစွာ ခုခံဖို့ပြင်ဆင်နေကြ၏။

"ဒီနေရာမှာဖြစ်ခဲ့တဲ့ကံဆိုးမှုမျိုး ထပ်အဖြစ်မခံနိုင်တော့ဘူး..."

လူတစ်ယောက် သတိပြန်ရလာသည့်အခါ...

ဂျန်ဖန်း ရှချောင်ကော၊ လန်ဖေးယန်တို့နှင့်အတူ ပြတ်ပြတ်သားသားပဲ တောင်ပေါ်မှဆင်းသွား၏။

ဆင်ခြေလျောတစ်ခု၌...

ရှဲ့လျိုရူး အလေးအနက်ဖြစ်နေခဲ့သည်။

"သားရဲလှိုင်းက အတော်လေးအစွမ်းထက်တယ်...."

"ကံကောင်းစွာနဲ့ ကောင်းကင်သံစဥ်ဂိုဏ်းရဲ့ တပည့်ကြီးက ဒီမှာရှိနေတယ်..."

သူက ခြေချိတ်ထိုင်နေသည့် ဖုချောင်ဟွမ်ကို ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်။

သူ့ဒူးပေါ်၌ ရှေးဟောင်းဗျတ်စောင်းတစ်ခုရှိနေခဲ့သည်။

နူးမြစ်တုန်းကနှင့်ယှဥ်လျှင် ဖုချောင်ဟွမ် အတော်လေးပြောင်းလဲသွားပုံပင်။

ကျင့်ကြံရေး အမြုတေအဆင့် ၃ ကို ရောက်သွားရုံသာမက အသံလမ်းစဥ်နည်းစနစ်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။

အစောပိုင်းမျောက်သားရဲတွေကိုသတ်ရာ၌လည်း ဖုချောင်ဟွမ်၏ဗျတ်စောင်းက ၁၀ ကောင်ကျော်ကို ချက်ချင်းသတ်ခဲ့သည်။

ထိုအရာက ရှဲ့လျူရူးကို မနာလိုဖြစ်သွားစေ၏။

"မင်းဒီလိုဆက်ပြောနေရင် ငါထွက်သွားတော့မှာ...."

အိုယန်ဂျွန် တိမ်ဖောက်ကွဲရေးသံမဏိဘောလုံး ၂ လုံကို ကစားရင်း ရယ်ကာ ဆူပူလိုက်သည်။

ရှဲ့လျူရူး ရိုးတိုးရှန့်တန့်ပြုံးပြီး ပြောလိုက်သည်။

"စီနီယာအကိုအိုးရန် ငါ့ကိုမစပါနဲ့တော့..."

"မင်းက မကြာသေးခင်ရက်တွေက ရှေ့တန်းမှာ အကျိုးအမြတ်အများဆုံးတစ်ယောက်ပါ..."

"ငါ လူတိုင်းကို လျော့တွက်ရဲပေမယ့် စီနီယာအကိုကိုတော့ မလုပ်ရဲပါဘူး..."

သန့်စင်ခြင်းတစ်ထောင်ဂိုဏ်း လူငယ်သခင် အိုယန်ဂျွန်လည်း ရှေ့တန်းကိုပူပေါင်းလာ၏။

ထို့ပြင် နှိမ့်ချပေမယ့် သန့်စင်ခြင်းတစ်ထောင်ဂိုဏ်း၏ထိရောက်သည့် တိုက်ပွဲပုံစံကို ချက်ချင်းပြသခဲ့၏။

အမြုတေအဆင့် အစွမ်းထက်လျို့ဝှက်လက်နက်များစွာကို ဘာမှတန်ကြေးမရှိသလို သုံးစွဲခဲ့သည်။

သားရဲဘုရင်တစ်ကောင်ပေါ်လာတိုင်း လျို့ဝှက်လက်နက်တစ်ခုပစ်ပေါက်၏။

တစ်ခုနှင့်မလုံလောက်လျှင် နှစ်ခုပစ်ပေါက်၏။

ထပ်မလုံလောက်သေးလျှင် ထပ်ပစ်၏။

များစွာသောအစွမ်းထက်သားရဲများစွာ သူ၏လျို့ဝှက်လက်နက်တွေအောက်၌ သေခဲ့ရသည်။

ဤရက်အနည်းငယ်အတွင်း...

သူက သားရဲဘုရင် ၃၀ ကျော်ကိုသတ်ထားပြီးပြီဖြစ်ပြီး အပြတ်အသတ်ဦးဆောင်နေခဲ့သည်။

အိုယန်းဂျွန် ဖုချောင်ဟွမ်ကို မနာလိုစွာကြည့်လိုက်သည်။

"ဟာသတွေပြောနေပြန်ပြီ..."

"ငါ့လျို့ဝှက်လက်နက်တွေရဲ့သက်ရောက်မှုက စီနီယာဖုကို မယှဥ်နိုင်ပါဘူး..."

"ဒီနှစ်ရက်မှာ သူက ငါ့ကိုမှီလုနီးပါးပဲ..."

"သူ့အသံလှိုင်းတိုက်ခိုက်မှုက အဖွဲ့လိုက်တိုက်ပွဲတွေအတွက် အသင့်တော်ဆုံးပဲ..."

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေတောင် သူ့ကို မယှဥ်နိုင်လောက်ဘူး..."

ဖုချောင်ဟွမ် ဂုဏ်ယူမှုမရှိပဲ နှိမ့်ချစွာ ပြောလိုက်သည်။

"မင်းတို့နှစ်ယေက်က ကြင်နာလွန်းနေပါပြီ..."

"ငါ့ထက် ပိုအစွမ်းထက်တဲ့လူတွေ အများကြီးရှိပါတယ်..."

"ငါက ဒီလိုချီးကျူးမှုမျိုးနဲ့ မထိုက်တန်ပါဘူး..."

ထိုအခိုက်အတန့်၌...

သူ့ကျောရိုးတစ်လျောက်စိမ့်သွားစေမည့် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

"အို, လက်စသတ်တော့ ဒီနေရာကို စောင့်ကြပ်နေတာမင်းကိုး..."

ဖုချောင်ဟွမ် မယုံနိုင်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။

ထိုအခါ အိမ်မက်ဆိုးတစ်ခုကဲ့သို့ပုံရိပ်တစ်ခု သူ့မျက်ခွံထဲပေါ်လာခဲ့သည်။

အခန်း (၄၆၇)

ရတနာလဲလှယ်ခြင်း

"ဂျန်ဖန်း..."

ဖုချောင်ဟွမ် ထခုန်လိုက်ပြီး စိုက်ကြည့်လိုက်သည်။

သူ့အသက်ရူသံတွေက ဖရိုဖရဲဖြစ်နေ၏။

သူဘယ်တော့မှ မေ့လို့မရပေ။

ရာစုနှစ်တစ်ခုကြာ ဂိုဏ်း ၉ ဂိုဏ်းအသံလမ်းစဥ်ပါရမီရှင်အနေဖြင့် တိမ်စိမ်းဂိုဏ်းမှအမည်မသိတပည့်တစ်ယောက်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

နူးမြစ်၌ ကောင်းကင်သံစဥ်ဂိုဏ်း၏တပည့်ကြီးအနေဖြင့် စိတ်ဝိညာဥ်အမြစ်မရှိသည့်အမှိုက်ကောင်ဆီ၌ သနားစရာကောင်းစွာ ရှုံးနိမ့်ခဲ့သည်။

မဟာအကြီးအကဲတောင် ဖုချောင်ဟွမ်အသက်အတွက် ကိုယ်ပိုင်အသက်ရတနာနှင့် လဲလှယ်ခဲ့ရသည်။

ဤကဲ့သို့အရှက်ရမှုမျိုးက ဖုချောင်ဟွမ်အတွက် အိမ်မက်ဆိုးတစ်ခုလို ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့်နှစ်လလုံး သူမျက်လုံးမိတ်သည့်အချိန်တိုင်း မခံမရပ်နိုင်သည့်စော်ကားခံရသည့်မြင်ကွင်းတွေ မျက်လုံးထဲပေါ်ပေါ်လာ၏။

သို့ပေမဲ့ ထိုအရှက်ရမှုကပဲ သူ့ကို အံကြိတ်ပြီး ရှေ့ဆက်တိုးစေခဲ့တာဖြစ်သည်။ ယခုတော့ သူက အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ ကို ရောက်ရှိခဲ့ပြီဖြစ်သည်။

သူ၏အသံလမ်းစဥ်နည်းစနစ်လည်း ခုန်ပျံကျော်လွားတိုးတက်သွားပြီး ကျားနဂါးဟိန်းသံ၏ ပထမအကွက်ကို အောင်မြင်စွာနားလည်ခဲ့၏။

ဂိုဏ်းတစ်ခုလုံးလည်း တုန်လှုပ်ခဲ့ရသည်။

မြင့်မြတ်အကြီးအကဲအားလုံးလည်း တံခါးပိတ်ကျင့်ကြံရာမှထွက်ပြီး ဂုဏ်ပြုခဲ့ကြသည်။

သူ့ကိုယ်သူမေးကြည့်သည့်အခါမှာလည်း သူ့ခွန်အားက လန်ဖေးယန်၊ ဂျင်ကျောင်းမင်တို့နဲ့ တန်းတူဖြစ်လာတာကို သိလိုက်ရသည်။

ဂျန်ဖန်းအတွက်တော့....

နောက်မှာအများကြီးကျန်နေခဲ့လောက်ပြီပင်။

ယခု ဂျန်ဖန်ကိုနောက်တစ်ကြိမ်ပြန်တွေ့သည့်အခါ သူ့စိတ်ခံစားချက်တွေ ရောထွေးနေခဲ့သည်။

ဂျန်ဖန်းလှောင်ပြောင်လိုက်၏။

"ဘာလဲ, ရန်ငြိုးထားနေတုန်းလား..."

ဖုချောင်ဟွမ် တွေးထားခဲ့သည်။ သူ ဂျန်ဖန်းနှင့် နောက်တစ်ကြိမ်ပြန်တွေ့သည့်အခါ သူ၏အရှက်ရမှုကို ပြန်လက်စားချေမည်ဟုပင်။

သို့ပေမယ့် ယခု လူကိုယ်တိုင်မြင်လိုက်ရတော့...

သူက ဂိုဏ်း ၉ ဂိုဏ်းထိပ်တန်းပါရမီရှင်တွေဖြစ်သည့် လန်ဖေးယန်၊ ဂျင်ကျောင်းမင်တို့နှင့် အဆင့်တူဖြစ်နေပြီဖြစ်သည်။

သူ၏တိုက်ပွဲအောင်မြင်မှုတွေကလည်း အရှက်ရမှုတွေကို ဆေးကြောပြီးပြီးဖြစ်သည်။

သူ့ကိုယ်သူသက်သေပြဖို့ အားနည်းသည့်ပြိုင်ဘက်ကို စိန်ခေါ်ဖို့ မလိုပေ။

"ဒါတွေအားလုံးက အတိတ်မှာပါ..."

ဖုချောင်ဟွမ် ထူးမခြားနားစွာ ပြောလိုက်သည်။

"ပြီးတော့, ဒီနေ့ငါ့အောင်မြင်တွေက မင်းကျေးဇူးတွေလို့ပြောရမယ်...."

ဒီနေ့?...

ဂျန်ဖန်း ဖုချောင်ဟွမ်ကိုကြည့်ပြီး အနည်းငယ်အံ့အားသင့်သွား၏။

သူတို့၏အတိတ်ရန်ငြိုးတွေကိုမျက်မြင်တွေ့ဖူးသည့် ရှဲ့လျိုရှူး ကြင်နာစွာ သတိပေးလိုက်သည်။

"ဂျူနီယာညီလေးဂျန်, စီနီယာအကိုဖုက မကြာသေးခင်ကမှ ခွန်အားအကြီးအကျယ်တိုးတက်ထားတာ..."

"သူ့ကျင့်ကြံရေးက အခုဆို အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ကို ရောက်ပြီး ကောင်းကင်သံစဥ်ဂိုဏ်းရဲ့ ကျားနဂါးဟိန်းသံနည်းစနစ်ကိုလည်း တတ်မြောက်ထားပြီးပြီ..."

"မကြာသေးခင်ကလည်း မျောက်သားရဲတွေကိုသတ်ပြီး ကြီးမားတဲ့စွမ်းအားကိုပြသခဲ့သေးတယ်..."

ခဏရပ်ပြီးနောက် သူက ထပ်ပေါင်းပြောလိုက်သည်။

"စီနီယာအကိုဖု, ရန်ငြိုးတွေထားမနေပါနဲ့တော့...."

"ဂျူနီယာညီလေးဂျန်လည်း ရန်ငြိုတွေဘေးဖယ်ထားပြီး ရန်သူတွေသတ်ရာမှာ စီနီယာအကိုဖုကို ကူညီပေးပါ..."

"အင်အားပေါင်းလိုက်တာ မင်းအတွက်အကျိုးရှိပါတယ်..."

အို?...

ယခင်က ဖုန်ချောင်ဟွမ် အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ သာရှိသေး၏။

နှစ်လတည်းနှင့် သူက အဆင့် ၃ ကို ချိုးဖျက်သွားခဲ့သည်။

ထို့ပြင် ကျားနဂါးဟိန်းသံနည်းစနစ်ကိုလည်း နားလည်ခဲ့၏။

ဤတိုးတက်မှုက တကယ်ကို အံ့သြစရာပင်။

ကိစ္စတွေအဆင်ပြေစေဖို့ ရှဲ့လျိုရူးကြိုးပမ်းမှုအတွက်တော့...

ဂျန်ဖန်းပြုံးလိုက်သည်။

"စီနီယာအကိုရှဲ့, မင်းက ကြင်နာလွန်းနေပါပြီ..."

"အဲ့နေ့ကဖြစ်ခဲ့တဲ့ကိစ္စ အဲ့နေ့မှာပဲ ပြီးသွားခဲ့ပါပြီ။ ဘေးဖယ်ထားဖို့တွေဘာတွေ ပြောဖို့ မလိုပါဘူး..."

"ငါတို့အားလုံး သားရဲလှိုင်းကို အတူတူတိုက်ခိုက်ကြတာပေါ့..."

"သားရဲဘုရင်အရေအတွက်က အရမ်းကြီးမများဘူး။ ငါတို့သာပူးပေါင်းရင် ကိုင်တွယ်နိုင်သင့်တယ်...."

ဖုချောင်ဟွမ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

ဤကောင်က သူ၏ခွန်အားအလျှင်အမြန်တိုးတက်မှုကြောင့် လုံးဝ အံ့အားသင့်မသွားပေ။

အတိတ်ကကိစ္စတွေကို ဂရုမစိုက်ဘူးဟု အခိုင်အမာပြောနေသော်လည်း...

သူက ဂျန်ဖန်းမျက်နှာပေါ်၌ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုအချို့ကို မြင်ချင်သေး၏။

ဤအချိန်အတွင်း ဂျန်ဖန်းလည်း သိသိသာသာတိုးတက်ခဲ့သည်လား။

ထိုအတွေးက ခဏသာပေါ်လာပြီး ပြန်ပျောက်သွားခဲ့သည်။

သူ့တိုးတက်မှုက ဂိုဏ်း ၉ ဂိုဏ်းအတွင်းမှာတောင် အံ့ဖွယ်ဖြစ်ပြီး ယှဥ်နိုင်ဖို့ ခက်ခဲ၏။

ဂျန်ဖန်း အလွန်ဆုံးမှ အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ သာရှိရပေမည်။

ထိုအရာကိုနားလည်ပြီး သူက ခွန်အားကြီးသူတစ်ယောက်လေသံဖြင့် သင်တန်းပို့ချမှုစတင်တော့သည်။

"မင်းက ခုမှရှေ့တန်းကိုရောက်လာတာ။ ဒီကသားရဲဘုရင်တွေကို လျော့မတွက်နဲ့..."

"သူတို့ခွန်အားက အမြုတေ အဆင့် ၁ နဲ့ အဆင့် ၂ ကြားမှာရှိပြီး အရမ်းအစွမ်းထက်တယ်လို့တော့ ပြောမရဘူး..."

"ဒါပေမယ့် တိုက်ခိုက်ရေးကျွမ်းကျင်ကြတယ်..."

"ကြေးခွံနီရေနတ်ဆိုးနဂါးလေးတစ်ကောင်ထက် အများကြီးသာတယ်..."

သူက တမင်တကာ ဂျန်ဖန်းယခင်ကသတ်ခဲ့သည့် ကြေးခွံနီရေနတ်ဆိုးနဂါးအကြောင်းကို ထောက်ပြလိုက်သည်။

အဓိပ္ပာယ်အရ မင်းရဲ့အတိတ်အောင်မြင်မှုကြောင့် ယုံကြည်မှုမလွန်ကဲနဲ့ ဟူ၍ပင်။

ရှဲ့လျိုရှူး သူ့နှာခေါင်းကို ထိလိုက်သည်။

သူလည်း ဂျန်ဖန်း အနည်းငယ် မျက်ကန်းမောက်မာနေသည်ဟု ခံစားမိ၏။

လာမည့်သားရဲလှိုင်းက အကောင်ရေ ၃၀ ထက်မနည်းပေ။

သူတို့လေးယောက်နင့် အကောင်ရေ ၂၀ လောက်သတ်နိုင်လျှင်ကို ထူးချွန်သည့်အောင်မြင်မှုဟု ယူဆနိုင်၏။

အားလုံးသတ်ဖို့ကတော့ အတော်လေး ယုံကြည်မှုလွန်ကဲသွားပြီဖြစ်သည်။

ဝှစ်...

ဤအခိုက်အတန့်၌....

ပုံရိပ်နှစ်ခု ရောက်လာခဲ့သည်။

သူတို့က ရှချောင်ကောနှင့် လန်ဖေးယန်ပင်။

နှစ်ယောက်လုံး ပတ်ဝန်းကျင်ကိုစစ်ဆေးပြီး ပြောလိုက်သည်။

"ငါတို့ အဲ့ကောင်တွေရဲ့အရိပ်အယောင်တစ်ခုမှ မတွေ့ဘူး...."

သုံးယောက်လုံး ပိုက်စိတ်တိုက်ရှာပေမယ့် တစ်ခုမှ ရှာမတွေ့ခဲ့ပေ။

ဂျန်ဖန်း မအံ့သြပေ။

"သူတို့ ပုန်းနေတာပဲဖြစ်မယ်..."

"တောင်ထိပ်ကအခြေအနေကို အတုယူရမယ်..."

"ငါတို့သားရဲဘုရင်တွေကိုတိုက်ခိုက်တဲ့အခါ သူတို့ နောက်ကနေ လှုပ်ရှားလိမ့်မယ်...."

လန်ဖေးယန် ခေါင်းညိတ်လိုက်၏။

"ငါတို့ ဂျူနီယာညီလေးဂျန်ရဲ့ ဦးဆောင်မှုနောက်လိုက်မယ်...."

"အဲ့ကောင်တွေ မလာတာအကောင်းဆုံးပဲ။ မဟုတ်လို့ကတော့ ပြန်လမ်းမရှိအောင်လုပ်ပစ်မယ်..."

"ဂျူနီယာညီမရှ, စီနီယာအကိုလန်..."

ဖုချောင်ဟွမ် ချက်ချင်း ဝမ်းသာသွား၏။

သုံးယောက် ဘာတွေဆွေးနွေးနေလဲ မသိသော်လည်း ဤနှစ်ယောက်၏ရောက်ရှိလာမှုက သူ့ကိုဝမ်းသာသွားစေခဲ့သည်။

သူက ဂျန်ဖန်းကိုတစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးသူ၏ယုံကြည်မှုကို နားလည်သွားခဲ့သည်။

ထိုအရာက ဂျန်ဖန်ခွန်အား သိသိသာသာတိုးတက်လာ၍မဟုတ်ပေ။

ရှချောင်ကောနှင့် လန်ဖေးယန်တို့ရှိနေသောကြောင့်ပင်။

အထူးသဖြင့်ရှချောင်ကောပင်။

ဂိုဏ်း ၉ ဂိုဏ်း ရွယ်တူထဲ၌ ထိပ်တန်းတိုက်ရေးအဖွဲ့အနေဖြင့်....

သူမ၏ပူးပေါင်းမှုက သားရဲလှိုင်းကို အနိုင်ယူဖို့ လုံလောက်၏။

ရှချောင်ကောနှင့် လန်ဖေးယန် တပည့်ကြီးသုံးယောက်ကို ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် ဂျန်ဖန်းဘေးမှာ ရပ်လိုက်သည်။

သိသာစွာပင် သူ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်တာဖြစ်သည်။

ဤမြင်ကွင်းက အိုယန်ဂျွန်၏စူးရှသည့်အကြည့်တွေ၌ ဖမ်းမိသွားခဲ့သည်။

သူက စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။

"ဒီကဂျူနီယာညီလေးဂျန်က ဘယ်ဂိုဏ်းကများလဲ..."

"ငါ ဘာလို့ အရင်က တစ်ခါမှမကြားဖူးတာလဲ..."

သူ့စိတ်ထဲ၌ ဤကဲ့သို့ပါရမီရှင်တပည့်ကို အရင်ကတွေ့ဖူးသင့်၏။

ဘာကြောင့် အတော်လေးမရင်းနှီးနေရသနည်း။

ဂျန်ဖန်းလည်း အိုယန်ဂျွန်ကို သတိထားမိလိုက်၏။

ဤသန့်စင်ခြင်းတစ်ထောင်ဂိုဏ်းပါရမီရှင်က သူ့ကိုမမှတ်မိဖူးလား။

ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ပြီး ကျောရှိလွမ်းဆွတ်ခြင်းဆီးနှင်းဓားကို ပြသလိုက်သည်။

ဂျန်ဖန်း အပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။

"သခင်လေးအိုယန် ငါ့ကို ဒီလောက်မြန်မြန်မေ့သွားပြီလား..."

အိုယန်ဂျွန် လွမ်းဆွတ်ခြင်းဆီးနှင်းဓားကို သတိထားမိလိုက်၏။

ချက်ချင်းပဲ ရမ္မက်မြို့က ဆန်းကြယ်သည့်မျက်နှာဖုံးတပ်လူငယ်လေးကို အမှတ်ရလိုက်သည်။

စွန်ချောင်ဇောင်ကို အကွက်ရေအနည်းငယ်ဖြင့် အမောက်သိပ်သွားသူပင်။

နောက်ပိုင်း၌ ငွေတောင်ပံမိုးကြိုးသိမ်းငှက်ခြေသည်းဖြင့် သူကိုယ်တိုင်ထွင်းထုထားသည့် လွမ်းဆွတ်ခြင်းဆီးနှင်းဓားကို လဲလှယ်ခဲ့သည်။

"ဒီတော့, မင်းကိုး..."

"မင်းနာမည်က ဂျန်ဖန်းလား..."

အိုယန်ဂျွန် သူ့ပေါင်ကို ရိုက်လိုက်သည်။

"ငါမင်းကို ရှာနေတာ..."

"မင်းမှာ ငွေတောင်ပံမိုးကြိုးသိမ်းငှက် လက်သည်းတွေရှိသေးလား..."

"အဲ့ပစ္စည်းက အတော်လေးအသုံးဝင်တယ်..."

"မင်းမှာ ဘယ်လောက်ရှိလဲ, ငါအကုန်ယူမယ်..."

ငွေတောင်ပံမိုးကြိုးသိမ်းငှက်လက်သည်း၌ မိုးကြိုးစွမ်းရည်အနည်းငယ်ပါဝင်နေခဲ့သည်။

ထိုအရာကြောင့် သူ အဆင့်မြင့်မှော်ရတနာကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့သည်။

သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းအကြီးအကဲတွေက ထိုအရာအတွက်ချီးကျူးကြ၏။

မြင့်မြတ်အကြီးအကဲတွေတောင် ထွက်လာပြီး ချီးကျူးကြ၏။

ဂျန်ဖန်းရယ်လိုက်၏။

"အဲ့လောက်များတဲ့ ငွေတောင်ပံမိုးကြိုးသိမ်းငှက်တွေ ငါ ဘယ်ကသွားရှာရမှာလဲ..."

အိုယန်ဂျွန် အတော်လေး စိတ်ပျက်သွား၏။

"အာ, ငါက ပစ္စည်းကောင်းတွေအများကြီးပြင်ဆင်ထားတာ..."

ဂျန်ဖန်း အိုယန်ဂျွန်၏မှော်လက်နက်တွေအတွက် အတော်လေးကျေနပ်၏။

ထို့ပြင် အိုယန်ဂျွန်၌ အဆင့်မြင့်မှော်လက်နက်ပဲရှိတာ သူမယုံပေ။

သူက စဥ်းစားလိုက်၏။

"ငါမှာ ငွေတောင်ပံမိုးကြိုးသိမ်းငှက်လက်သည်းတော့ မရှိဘူး..."

"ဒါပေမယ့် လက်သည်းထက်ပိုအဆင့်မြင့်တာရှိတယ်...."

"မင်းမှာ တန်ဖိုးတူပစ္စည်းပါပါ့မလားတော့ မသေချာဘူး..."

ဓားသစ်တောအတွင်းကျင့်ကြံချိန်၌...

ကောင်းကင်ဝါးမျိုးကျား ဂျန်ဖန်းကို တိုက်ခိုက်ခဲ့ပြီး လက်သည်းတစ်ဖက် ပြတ်သွားခဲ့သည်။

နတ်ဆိုးအင်ပါယာလက်အောက်ရှိ မဟာသားရဲဘုရင်လေးယောက်ထဲမှ တစ်ယောက်အနေဖြင့်...

၎င်းလက်သည်းက အတော်လေးတန်ဖိုးရှိ၏။

အိုယန်ဂျွန် ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်သည်။

"ငါက ငွေတောင်ပံမိုးကြိုးသိမ်းငှက်လက်သည်းပဲ စိတ်ဝင်စားတာ..."

"အခြားပစ္စည်းတွေကို နေဝင်မြို့မှာ ရှာလို့ရတယ်။ ငါလိုချင်ရင် အချိန်အတော်ကြာတကည်းက လဲပြီးနေပြီ..."

ယခုချိန်က ခြားနားသွားပြီဖြစ်သည်။

စစ်ပွဲဖြစ်နေပြီဖြစ်၍...

ယခင်ရှားပါးသည့်နတ်ဆိုးသားရဲပစ္စည်းတွေက နေဝင်မြို့မှာ ပေါပေါပဲပဲ ရနေပြီဖြစ်သည်။

ဂရုတစိုက်သာရှာလျှင် အမြုတေအဆင့်၄ သားရဲဘုရင်ကုန်ကြမ်းတွေတောင် ရနိုင်တာဖြစ်သည်။

ဂျန်ဖန်းရှိပစ္စည်းတွေ၌ အကောင်းဆုံးမှ အမြုတေ အဆင့် ၁ အဆင့် ၂ သားရဲဘုရင်တွေဆီမှသာဖြစ်မည်ပင်။

နည်းနည်းသာ အသုံးဝင်၏။

ဂျန်ဖန်း အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။

"ဒါကိုလည်း စိတ်မဝင်စားဘူးလား..."

သူက ရင်ဘတ်ထဲမှ တစ်ခုခုနိုက်ချင်ယောင်ဆောင်ပြီး ကောင်းကင်မိုးကြိုးကျောက်တုံးထဲမှ ကျားလက်သည်းတစ်ခု ထုတ်ယူလိုက်သည်။

အိုယန်ဂျွန် ကြည့်တောင်မကြည့်ပဲ ငြင်းဆန်ဖို့ပြင်လိုက်၏။

"တောင်းပန်ပါတယ်...."

"ငါ... ဘုရားရေ..."

"အမြုတေအဆင့် ၉ သားရဲကုန်ကြမ်း...."

All Chapters