အခန်း (၄၆၈-၄၆၉)
Vol. 37 Ch. 468-469
အခန်း (၄၆၈)
စိတ်ဝိညာဥ်လက်နက် ငါးရောင်ခြယ်ယွမ်သံလိုက်တောင်
"ဘာ?..."
ရှိနေသည့်လူတိုင်း အိုယန်ဂျွန်စကားကြောင့် တုန်လှုပ်သွားကြသည်။
ဖုချောင်ဟွမ်လည်း အံ့အားသင့်သွား၏။
"ဂျူနီယာညီလေးအိုယန်, မင်းအမြင်မှားတာတော့ မဟုတ်ဘူးမလား..."
"အမြုတေအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်သားရဲက နတ်ဆိုးအင်ပါယာလက်အောက်က မဟာနတ်ဆိုးဘုရင်လေးယောက်ထဲက တစ်ယောက်မလား..."
ဤအဆင့်နတ်ဆိုးသားရဲက ဂိုဏ်း ၉ ဂိုဏ်းမှ အကြီးအကဲရှုချင်းယန်၏အဆင့်အတန်းနှင့်ညီမျှ၏။
တစ်စုံတစ်ယောက် သားရဲဘုရင်ကို ဒဏ်ရာရအောင်လုပ်ခဲ့တာက ယုံကြည်ဖို့ခက်ခဲလှ၏။
ထို့ပြင် ၎င်း၏လက်သည်းက ဘယ်လိုလုပ် တပည့်ငယ်လေးတစ်ယောက်လက်ထဲမှာ အဆုံးသတ်သွားရသနည်း။
အိုယန်ဂျွန် ဂျန်ဖန်းလက်ထဲမှ လက်သည်းကို ဂရုတစိုက်ယူလိုက်သည်။
သူက ထိုအရာကိုလက်ထဲကိုင်ထားပြီး အပေါ်အောက်စစ်ဆေးကြည့်ရာ စိတ်လှုပ်ရှားမှုတွေနှင့် ပြည့်နှက်သွား၏။
"မမှားဘူး, မမှားဘူး..."
"ဒီလိုသိပ်သည်းတဲ့နတ်ဆိုးစွမ်းအင်, အမြုတေအဆင့် ၉ ပြီးပြည့်စုံခြင်းနတ်ဆိုးဘုရင်မှာပဲ ရှိနိုင်မှာ...."
"ဂျူနီယာညီလေးဂျန်, မင်း ဒါကို တကယ်ရောင်းဖို့ဆန္ဒရှိတာလား...."
ဂျန်ဖန်း ပြန်ပြောလိုက်သည်။
"ဒါက စီနီယာအကိုအိုးယန် ဘာနဲ့ အလဲအလှယ်လုပ်မလဲဆိုတာအပေါ်မှာပဲ မူတည်တယ်...."
ကောင်းကင်ဝါးမျိုကျားလက်သည်းက သူ့အတွက်အများကြီးအသုံးမဝင်ပေ။
အိုယန်းဂျွန်ဆီမှ ပစ္စည်းကောင်းတစ်ခုခုနှင့်လဲလိုက်တာပိုကောင်း၏။
အိုယန်ဂျွန် ချက်ချင်းပဲ သူ့အိတ်ထုတ်ပြီး ဖွင့်ပေးလိုက်သည်။
"မင်းကြိုက်တာယူလိုက်..."
အထဲရှိလျို့ဝှက်လက်နက်တွေကြောင့် ရှဲ့လျိုရှူးနှင့် ဖုချောင်ဟွမ်တို့ မနာလိုဖြစ်သွားကြ၏။
ဤအရာက လက်ရှိသားရဲလှိုင်းအတွက် အတော်လေး သင့်တော်တာပဲဖြစ်သည်။
ဥပမာ တိမ်ဖောက်ခွဲရေးသံမဏိဘောလုံးတွေပင်။
၎င်းတို့၏ဖျက်ဆီးအားက ကြီးမားပြီး အသက်သွင်းဖို့လည်း စိတ်ဝိညာဥ်စွမ်းအင်အများကြီးမလိုပေ။
ထိုအရာတွေသာ အလုံအလောက်ရှိနေသ၍ သားရဲဘုရင်အများကြီးလာလျှင်တောင်သေဆုံးမှုနှင့်ပဲ အဆုံးသတ်သွားမည်ဖြစ်သည်။
ဤပစ္စည်းတွေက ကောင်းပေမယ့် လက်သည်းနှင့်လဲလှယ်ဖို့တော့ မလုံလောက်ပေ။
အိုယန်ဂျွန် ရှက်ရွံ့စွာပြုံးလိုက်သည်။
တစ်ခဏတွေဝေနေပြီးနောက် သူက ပြောလိုက်သည်။
"ဂျူနီယာညီလေးဂျန်, ခဏလိုက်ခဲ့ပေးပါ..."
သူက ရေးခဲဆူးချွန်တစ်ခုနောက်သွားလိုက်ပြီး ထူးဆန်းစွာစကားပြောလိုက်သည်။
ဂျန်ဖန်း နောက်မှလိုက်သွား၏။ ထိုအခါ အိုယန်ဂျွန် သူ့လည်ပင်းမှ လည်ဆွဲတစ်ခုအား ဂရုတစိုက်ချွတ်လိုက်တာ မြင်လိုက်၏။
ထို့နောက် ဂါထာအချို့ကို တိုးညှင်းစွာရွတ်လိုက်၏။
အဖြူရောင်အလင်းတန်းတစ်ခုလက်သွားပြီး လက်ဝါးအရွယ် ငါရောင်ခြယ်ကျောက်တုံးတစ်ခု သူ့လက်ထဲပေါ်လာခဲ့သည်။
၎င်းမှာ အလွန်အမင်းလေးလံလှပြီး ထုတ်ယူလိုက်သည်နှင့် အိုယန်ဂျွန်လက်ထဲမှာ မကိုင်ထားနိုင်တော့ပဲ ဒုန်းဆိုသည့်အသံတစ်ခုနှင့် မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။
မြေကြီးတုန်ခါသွားပြီး ဖုချောင်ဟွမ်နှင့် အခြားသူတွေဆီမှ စူးစမ်းသည့်အကြည့်တွေကို ဆွဲဆောင်သွားခဲ့သည်။
ဂျန်ဖန်း ကြောင်သွားပြီး ကုန်းကောက်လိုက်ရာ အနည်းငယ်ထိတ်လန့်သွား၏။
သူ့ခွန်အားနှင့်တောင် လက်နှစ်ဖက်သုံးမရ၏။
ထို့ပြင် အများကြီးအားစိုက်ထားရသည်။
ခဏကြာတော့ ဆက်မမနိုင်တော့ပဲ မြေပြင်ပေါ် လွတ်ချလိုက်သည်။
"ဒီကျောက်တုံးက ဘာပစ္စည်းလဲ။ အရမ်းလေးလွန်းတယ်..."
ဂျန်ဖန်း အံ့အားသင့်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သာမန်လက်သီးအရွယ်ကျောက်တုံးတစ်တုံးက သူ့အား တောင်အသေးစားတစ်ခုကဲ့သို့ ခံစားရစေ၏။
အိုယန်ဂျွန် သူ့ကိုထူးဆန်းသည့်အမူအရာဖြင့်ကြည့်ပြီး အံ့သြစွာပြောလိုက်သည်။
"ဂျူနီယာညီလေးဂျန်က တကယ်သန်တာပဲ..."
"ဒါကို အသာလေးလှုပ်အောင်လုပ်နိုင်တယ်..."
"ဒါက ကျောက်တုံးမဟုတ်ဘူး, တောင်တစ်လုံးပဲ..."
"ငါးရောင်ခြယ်ယွမ်သံလိုက်တောင်...."
တောင်?...
ဂျန်ဖန်း လက်ဝါးအရွယ်ကျောက်တုံးကိုကြည့်ပြီး စိတ်ရှုပ်သွား၏။
အိုအန်းဂျွန်ပြောလိုက်သည်။
"အခုတော့ အရမ်းသေးနေပေမယ့် အသက်သွင်းလိုက်ရင် ၁၀ ဇန်လောက်မြင့်တဲ့ တောင်တစ်လုံးဖြစ်လာလိမ့်မယ်...."
"ဒါကို လက်သီးအရွယ်ဖြစ်အောင် သန္ဓေသားအဆင့်ကျွမ်းကျင်သူက သန့်စင်ခဲ့တာ...."
ဟစ်....
ဂျန်ဖန်း အနည်းငယ်အံ့အားသင့်သွား၏။
သန္ဓေသားအဆင့်ကျွမ်းကျင်သူကိုယ်တိုင်သန့်စင်ထားသည့် မှော်ရတနာ?...
သူ့မျက်လုံးတွေ အနည်းငယ်ပူလောင်လာ၏။
"ဒီပစ္စည်းက ဘယ်အဆင့်ရှိလဲ...."
အိုယန်ဂျွန်အကြည့် အနည်းငယ်လှုပ်ရှားသွား၏။
"အဟမ်း..."
"အဆင့်လား...."
"ရန်သူတစ်ယောက်နဲ့တွေ့ရင် မင်းက ဒါကို စိတ်ဝိညာဥ်လက်နက်ဆိုပြီးခြောက်လို့ရတယ်...."
"တကယ်သုံးရင်တော့ အဆင့်မြင့်မှော်လက်နက်အဆင့်ပဲရှိတယ်...."
အာ...
ဤအရာက ဘယ်လိုအခြေအနေကြီးနည်း။
အိုယန်ဂျွန် ကို့ရို့ကားယားပြောလိုက်သည်။
"ရိုးရိုးသားသားပြောရရင် ငါရေောင်ခြယ်ယွမ်သံလိုက်တောင်က တကယ်ပဲ စိတ်ဝိညာဥ်အဆင့်လက်နက်ပါ...."
"ဒါပေမယ့် သူ့ကိုအသက်သွင်းဖို့အခြေအနေက ပြင်းထန်လွန်းတယ်..."
"သန္ဓေသားအဆင့်ရှိတဲ့ ဝိညာဥ်စွမ်းအားလိုအပ်တဲ့အပြင် အဆင့်မြင့်ဝိညာဥ်အတတ်တစ်ခုလည်းလိုအပ်တယ်..."
"လက်ရှိကောင်းကင်ဘုံစက်ယန္ဒယားခန်းမသခင်ကိုမပြောလိုသေးဘူး..."
"သူကိုယ်တိုင်လာပြီး ဒီစိတ်ဝိညာဥ်လက်နက်ကိုအသက်သွင်းရင်တောင် ကျရှုံးမှာပဲ...."
"ခန်းမသခင်ရဲ့ဝိညာဥ်စွမ်းအားက လုံလောက်ပေမယ့် သူ့ရဲ့ဝိညာဥ်အတတ်က လိုအပ်ချက်ကိုပြည့်မှီမှာမဟုတ်ဘူး...."
ထိုအရာကိုကြားသည့်အခါ...
ဂျန်ဖန်း နှလုံးသား မနေနိုင်ပဲ ခုန်ပေါက်သွား၏။
သူ၏ဝိညာဥ်စွမ်းအားက ခုချိန်ထိ သန္ဓေသားအဆင့်ကိုမရောက်သေးသော်လည်း အရမ်းကြီးမဝေးတော့ပေ။
ဝိညာဥ်အတတ်အတွက်တော့ ဂျန်ဖန်း ထိုက်ယင်ဝိညာဥ်ကျမ်းကိုလေ့ကျင့်ထားရာ လိုအပ်ချက်ကိုပြည့်မှီသင့်၏။
ဒါပေါ့, သူက ဤအရာကိုပြသမည်မဟုတ်ပေ။
ထိုအစား, အနည်းငယ်မကျေမနပ်မှုကိုပြလိုက်သည်။
"ဒါဆိုမင်းဆိုလိုတာ ဒါက အသုံးမဝင်တဲ့ စိတ်ဝိညာဥ်လက်နက်ပေါ့..."
အိုယန်ဂျွန် ကို့ရိုးကားယားပြောလိုက်သည်။
"အသုံးမဝင်တာတော့မဟုတ်ပါဘူး..."
"သူ့ရဲ့စွမ်းအားအပြည့်အဝထုတ်မရဘူးဆိုပေမယ့် မင်းလည်း သူ့ရဲ့လေးလံမှုကိုမြင်တာပဲ..."
"သေချာသုံးရင် အမြုတေအဆင့် ၅ ရန်သူကို သေတဲ့အထိ ဖိချေပစ်နိုင်ပါတယ်..."
"ပြီးတော့ မင်းလိုခွန်အားသန်မာတဲ့လူတွေအတွက် လိုအပ်တယ်နော်..."
"အခြားသူတွေအတွက်တော့ သူတို့လိုချင်ရင်တောင် သူတို့ဒါကိုမနိုင်မလားဆိုတာ ငါစဥ်းစားရအုန်းမှာ..."
ဂျန်ဖန်း နှလုံးသား ရူးသွပ်စွာ ခုန်ပေါက်နေပြီဖြစ်သည်။
ဘယ်လိုတောင် ကောင်းကင်မှကောင်းချီးပေးမှုနည်း။
ဤအရာက စိတ်ဝိညာဥ်လက်နက်တစ်ခု သူ့တံခါးရှေ့ကို အလကားလာပို့တာဖြစ်သည်။
သူက မျက်မှောင်ကြုတ်ပြီး တွေဝေပုံဖြင့် ရေရွတ်လိုက်သည်။
"နတ်ဆိုးဘုရင်ကုန်ကြမ်းကို လူဖိတဲ့ကျောက်တုံးတစ်တုံးနဲ့လဲတာ?..."
"နည်းနည်းရှုံးနေသလိုပဲ..."
အိုယန်ဂျွန် စိုးရိမ်စွာပြောလိုက်သည်။
"ဂျူနီယာညီလေးဂျန်, ဒါကို ငါမင်းအပေါ်အကြွေးတင်သွားပြီလို့ယူဆလိုက်..."
"ဒီတစ်ကြိမ်, ငါသားရဲတွေသတ်ဖို့လာခဲ့တာ။ ဂိုဏ်းက ငါမမျှော်လင့်ပဲသေသွားမှာကြောက်လို့ ငါ့ရတနာတွေယူထားလိုက်တယ်..."
"သတ်ဖြတ်ရေးနဲ့ ခုခံရေးလက်နက်အချို့ပဲ ပါလာတယ်..."
"ဒီငါးရောင်ခြယ်ယွမ်သံလိုက်တောင် တောင် ဧရာမဂိုဏ်းက အကြီးအကဲကဝယ်ချင်တယ်ဆိုလို့သွားပြရမှာ..."
"ငါက မင်းကိုပေးလိုက်တာ..."
"ငါ့မှာတကယ် အခြားတန်ဖိုးကြီးပစ္စည်းမရှိတော့ဘူး..."
ငါးရောင်ခြယ်ယွမ်သံလိုက်တောင်က သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းမှာ အသုံးမဝင်ပဲရှိနေခဲ့တာ ရာစုနှစ်ကြာခဲ့ပြီဖြစ်သည်။
ဂိုဏ်းက အချိန်တော်ကြာကတည်းက ၎င်းကို ရှင်းထုတ်ပစ်ချင်နေတာဖြစ်သည်။
၎င်းကိုအကြိမ်များစွာရောင်းဖို့ကြိုးစားခဲ့ပေမယ့် တစ်ယောက်မှစိတ်မဝင်စားကြပေ။
ဧရာမဂိုဏ်းဒုတိယအကြီးအကဲ ဖန်းရှင်ကုန်းမှသာ လဲလှယ်ဖို့ဆန္ဒရှိသည့်အတွက် ဂိုဏ်းက သူ့ကိုပို့ခိုင်းလိုက်တာဖြစ်သည်။
ဖန်းရှင်းကုန်းနှင့် ဈေးစကားဆွေးနွေးဖို့ပင်။
ယခု ဂျန်ဖန်း အဖိုးတန်နတ်ဆိုးသားရဲကုန်ကြမ်းနှင့် တန်ဖိုးပေးနေရာ အိုယန်ဂျွန်နှလုံးသား လှုပ်ရှားသွား၏။
ဤကဲ့သို့ပစ္စည်းကို ထိပ်တန်းအဆင့်မှော်လက်နက်နှင့် လဲနိုင်၏။
၎င်းမှာ ဂိုဏ်း ၉ ဂိုဏ်း၌ အဖိုးတန်ရတနာတစ်ခုဖြစ်ပြီး ဖန်းရှင်ကုန်းပေးမည့်ပစ္စည်းက ဤလက်သည်းနှင့် ဘယ်လိုမှယှဥ်နိုင်မည်မဟုတ်ပေ။
ဂျန်ဖန်း တစ်ခဏစဥ်းစားပြီး ပြောလိုက်သည်။
"ကောင်းပြီလေ..."
"မင်းရဲ့လွမ်းဆွတ်ခြင်းဆီးနှင်းဓားက ငါ့ကိုအများကြီးကူညီခဲ့တာစဥ်းစားပြီး ဒီလဲလှယ်မှုကို ယာယီသဘောတူလိုက်မယ်..."
"နောက်ကျရင်တော့ အဆင့်မြင့်မှော်လက်နက်တစ်ခုနှစ်ခု ပြန်ပေးရမယ်နော်..."
ဤအရာကိုကြားသည့်အခါ...
အိုယန်ဂျွန်ပျော်ရွင်သွားပြီး ချက်ချင်းပြောလိုက်သည်။
"ဂျူနီယာညီလေးဂျန်က ရိုးသားမှတော့ ငါဘယ်လိုလုပ် ကပ်စေးနှဲနိုင်မှာလဲ..."
"တစ်ခုနှစ်ခုမဟုတ်ဘူး..."
"နေဝင်မြို့ပြန်ရောက်ရင် ငါကိုယ်တိုင်အဆင့်မြင့်မှော်လက်နက်လုပ်ပေးမယ်..."
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
သူက သားရဲလက်သည်းကို အိုယန်ဂျွန်လက်ထဲထည့်ပေးလိုက်သည်။
ထို့နောက် ငါရောင်ခြယ်ယွမ်သံလိုက်တောင်ကို မလိုက်သည်။
ဤအရာကိုမြင်သည့်အခါ အိုယန်ဂျွန်ကြင်နာစွာပြောလိုက်သည်။
"ဂျူနီယာညီလေးဂျန်, ဒီပစ္စည်းကိုသယ်ပြီးသွားဖို့က လေးလွန်းတယ်...."
"မင်းငါ့ကိုယုံရင် ငါယာယီထိန်းသိမ်းထားပေမယ်လေ..."
"ဒီတစ်ကြိမ်အပြင်ထွက်လာတော့ ဂိုဏ်းက ငါ့ကို သံလိုက်တောင်ထည့်ဖို့ အသေးစားသိုလှောင်ရတနာပေးလိုက်တယ်..."
ဂျန်ဖန်း မနာလိုမှုကိုပြလိုက်သည်။
"ငါအထင် အဲ့လည်ဆွဲက သိုလှောင်ရတနာထင်တယ်..."
အိုယန်ဂျွန် ဂုဏ်ယူစွာပြောလိုက်သည်။
"ဒါကို ငါးရောင်ခြယ်ယွမ်သံလိုက်တောင်နဲ့အတူ ငါတို့ဘိုးဘေးရှာတွေ့ခဲ့တာ..."
"နေရာလွတ်က လက်သီးဆုပ်လောက်ပဲကျယ်ပေမယ့် ဂိုဏ်း ၉ ဂိုဏ်းမှာ ငါတို့သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းမှာပဲ သိုလှောင်ရတနာရှိတာလေ..."
ခဏရပ်ပြီ...
သူက ပြောလိုက်သည်။
"လာ, ငါ့လည်ဆွဲထဲထည့်လိုက်..."
ဂျန်ဖန်း ပြောလိုက်သည်။
"မင်းကိုဒုက္ခပေးဖို့မလိုပါဘူး။ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းရှိပါတယ်..."
ပြောပြီးနောက် သံလိုက်တောင်ကို ရင်ဘတ်နားမနည်းမယူလိုက်၏။
ထို့နောက် လက်တွေကိုဖြေလျော့လိုက်ပြီး အသက်ရူလိုက်သည်။
ဂျန်ဖန်း၏ဘာမှမရှိသည့်လက်နှင့် ရင်ဘတ်ကိုကြည့်ပြီး...
အိုယန်ဂျွန် မျက်တောင်ခတ်လိုက်သည်။
သူက တုံ့ပြန်ဖို့ အချိန်အနည်းငယ်ယူလိုက်ရ၏။
"မင်းမှာ သိုလှောင်..."
အခန်း (၄၆၉)
စိတ်မကောင်းပါဘူး၊ ငါ့အသံလမ်းစဥ်တိုးတက်သွားပြီ
အိုးယန်ဂျွန် မပြောနိုင်ခင် ဂျန်ဖန်းသူ့ကိုတားလိုက်၏။
သူက လျို့ဝှက်ဆန်းကြယ်စွာပြုံးပြလိုက်သည်။
"စီနီယာအကိုအိုးယန် ဒါကို လျို့ဝှက်ထားပေးပါ..."
အိုယန်ဂျွန် အလျှင်အမြန်ပဲ သူ့ပါးစပ်ကိုကာလိုက်၏။
သူ့မျက်လုံးတွေ၌ အံ့အားသင့်မှုတွေပြည့်နှက်နေပြီး ဂျန်ဖန်းကိုပထမဆုံးအကြိမ်တွေ့ရသကဲ့သို့ အပေါ်အောက်ကြည့်နေခဲ့သည်။
"ကြည့်ရတာ ငါမင်းကိုလျော့တွက်မိပုံပဲ..."
"မင်းမှာ သိုလှောင်လက်စွပ်တောင်ရှိတာ မယုံနိုင်ဘူး..."
ဂျန်ဖန်း ပြောလိုက်သည်။
"နည်းနည်းကံကောင်းသွားတာပါ..."
နည်းနည်းကံကောင်းသွားတာ?
အိုယန်ဂျွန် တစ်စုံတစ်ယောက်ကို ရိုက်ချင်သွား၏။
သူက ချဥ်ငံစွာပြောလိုက်သည်။
"ဘယ်လောက်ကျယ်လဲ...."
ဂျန်ဖန်း သာမန်အတိုင်းပြောလိုက်သည်။
"သိပ်မကျယ်ပါဘူး, မင်းဟာလောက်ပါပဲ..."
ဤအရာကိုကြားသည့်အခါ အိုယန်ဂျွန် အနည်းငယ်သက်သာသွား၏။
သို့ပေမယ့် မနာလိုစွာ သက်ပြင်းချလိုက်ဆဲဖြစ်သည်။
"ဂျူနီယာညီလေးဂျန်ကံက တကယ်ကို မယုံနိုင်စရာပဲ..."
ဤအခိုက်အတန့်၌, နယ်နိမိတ်တောင်တန်း အနည်းငယ်တုန်ခါလာခဲ့သည်။
နှစ်ယောက်လုံးအမူအရာပြောင်းလဲသွား၏။
သူတို့က ချက်ချင်းပဲပြန်သွားလိုက်ကြသည်။
ငုံ့ကြည့်လိုက်သည့်အခါ ခြေ ၈ ချောင်းနှင့် ပင့်ကူကဲ့သို့သားရဲအုပ်စု ရေခဲကဲ့သို့ချောမွတ်သည့်တောင်ကို တက်လာတာမြင်လိုက်ကြ၏။
၎င်းတို့၏အရှိန်က အစောပိုင်းမျောက်သားရဲတွေထက်တောင် ပိုမြန်၏။
ဖုချောင်ဟွမ် ဂျန်ဖန်းကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ဂျူနီယာညီလေးဂျန်...."
"မင်းရဲ့ဗျတ်စောင်းယူလာခဲ့လား..."
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
"ယူခဲ့တယ်, ဘာလို့လဲ..."
ဖုချောင်ဟွမ်ဆံပင်ရှည်လွင့်ပျံနေပြီး ချည်းကပ်လာသည့်ပင့်ကူနတ်ဆိုးသားရဲတွေကို ညွှန်ပြကာ ပြောလိုက်သည်။
"အဲ့နေ့က စိတ်ဝိညာဥ်သားရဲဂိုဏ်း ခန်းမထဲမှာ မင်းရဲ့ ကျားနဂါးဟိန်းသံနည်းစနစ်က ငါ့ကို မှင်သက်စေခဲ့တယ်..."
"ဒီနေ့ နောက်တစ်ကြိမ် အတူတူထပ်တီးလိုက်ရအောင်..."
"ဘယ်သူသာလဲကြည့်ကြတာပေါ့, ဘယ်လိုလဲ..."
ဂျန်ဖန်း ယှဥ်ပြိုင်ဖို့ စိတ်မဝင်စားပေ။
သို့ပေမယ့် ဤပင့်ကူတွေက အရွယ်အစားအမျိုးမျိုးရှိ၏။
အမြုတေအဆင့် ၁ သုံးဆယ်ကျော်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် မရေမတွက်နိုင်ရှိကာ စုစုပေါင်း တစ်ရာလောက် အသာလေးရှိ၏။
၎င်းကို တတ်နိုင်သမျှမြန်မြန်သတ်ပြီး နယ်နိမိတ်တောင်တန်းကို ကျော်ဖြတ်ခွင့်ပြုလို့မဖြစ်ပေ။
အထိရောက်ဆုံးနည်းလမ်းက တကယ်ပဲ အသံလှိုင်းတိုက်ခိုက်မှုဖြစ်၏။
"ယှဥ်ပြိုင်ဖို့မလိုပါဘူး, အကောင်းဆုံးလုပ်ကြတာပေါ့..."
ဤသို့ပြောပြိး သူက ရေခဲဆူးချွန်နောက်ပြန်သွားလိုက်သည်။
ခဏကြာတော့ လက်ထဲမှာ အဖြူရောင်ရှေးဟောင်းဗျတ်စောင်းကိုင်ပြီး ပြန်ရောက်လာခဲ့သည်။
အခြားသူတွေ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ဂျန်ဖန်း ဘယ်အချိန်က ရေခဲဆူးချွန်နောက်မှာ ဗျတ်စောင်းတစ်လက်ဖွက်ထားလိုက်သနည်း။
အိုယန်ဂျွန်တစ်ယောက်သာ မျက်နှာပေါ်၌ တုန်လှုပ်မှုတွေရှိနေခဲ့သည်။
သူက ဤဗျတ်စောင်းဘယ်ကပေါ်လာလဲဆိုတာ သဘာဝအတိုင်းသိ၏။
သူက ရယ်ချင်သွားပြီး စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
"ဂျူနီယာညီလေးဂျန်, ဒါက မင်းပြောတဲ့သိပ်မကျယ်ဘူးဆိုတာပေါ့...."
ထိုအရာက ဗျတ်စောင်းတစ်ခုလုံးထည့်ထားနိုင်၏။
သူလည်ဆွဲထက် အဆပေါင်းဒါဇင်နဲ့ချီ ပိုကျယ်တာပဲဖြစ်သည်။
ထို့ပြင် သိသာစွာပဲ ထိုနေရာလွတ်က ဗျတ်စောင်းတစ်ခုထက်ပိုဆန့်၏။
ဂျန်ဖန်း သူ့နှာခေါင်းကိုထိပြီး ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။
"စီနီယာအကိုအိုးယန်, နတ်ဆိုးသားရဲတွေလာနေပြီ..."
"အာရုံစိုက်ပါ..."
အိုယန်ဂျွန်တကယ်ပဲ ထိုကောင်ကို လက်သီးနှင့်ထိုးချင်၏။
သို့ပေမယ့် နတ်ဆိုးသားရဲတွေ ရောက်လာပြီဖြစ်ရာ နောက်မှစကားပြောရမည်ပင်။
သူက ချက်ချင်းပဲ တိမ်ဖောက်ခွဲရေးသံမဏိဘောလုံးထုတ်ကာ အသင့်ပြင်ထားလိုက်သည်။
ရှချောင်ကောနှင့် လန်ဖေးယန်တို့လည်း အသင့်အနေအထား ပြင်လိုက်သည်။
ဖုချောင်ဟွမ် သူ့လက်တွေကို ဗျတ်စောင်းကြိုးပေါ်တင်လိုက်ပြီး အချိန်မရွေးတီးခတ်ဖို့ အသင့်ဖြစ်နေခဲ့သည်။
သားရဲဘုရင်သုံးဆယ်ကျော်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲ ရာချီ...
ဤအရာက ခံစစ်ကျိုးပဲ့ချိန်ကတည်းက အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်၏။
ရှဲ့လျိုရူး အလေးအနက်ပြောလိုက်သည်။
"ငါတို့ သားရဲဘုရင်တွေကို ဖြစ်နိုင်သမျှမြန်မြန်သတ်ရမယ်..."
"ဒါမှ တောင်ထိပ်ရဲ့ဒုတိယခံစစ်မှာ ဖိအားနည်းသွားမှာ..."
ဖုချောင်ဟွမ်ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့, ဒီမှာ ကျွမ်းကျင်သူအများကြီးရှိနေတာပဲ, သားရဲဘုရင်အများကြီးလွတ်မှာမဟုတ်ပါဘူး..."
ဤအခိုက်အတန့်၌ ဂိုဏ်း ၉ ဂိုဏ်း အသန်မာဆုံးပါရမီရှင်တွေ စုဝေးနေခဲ့သည်။
ဂျင်ကျောင်းမင်နှင့် ရွယ်ဝမ်ချောင်မှလွဲပြီး လူတိုင်းရှိ၏။
"ဂျူနီယာညီလေးဂျန်, အဆင်သင့်ပဲလား..."
ဖုချောင်ဟွမ် ဂျန်ဖန်းကို အာရုံစိုက်လိုက်၏။
"ပြဿနာမရှိဘူး..."
ဂျန်ဖန်းပြောပြီး ဗျောင်းကို မြေပြင်ပေါ်လက်တစ်ဖက်ဖြင့် ဒေါလိုက်စိုက်လိုက်သည်။
ဖုချောင်ဟွမ် အနည်းငယ်ခေါင်းညိတ်လိုက်၏။
တူညီသည့်အသံလှိုင်းနည်းစနစ်...
ပိုအားနည်းသည့်မည်သူမဆို အရှက်ရမည်ဖြစ်သည်။
ဝေါ....
ရေခဲမျက်နှာပြင် ပိုမိုကြမ်းတမ်းစွာ တုန်ခါလာခဲ့သည်။
နောက်ဆုံး ပင့်ကူသားရဲတွေ အောင်မြင်စွာ ဆင်ခြေလျှောပေါ် တက်နိုင်ခဲ့သည်။
ဆင်ခြေလျှော ၎င်းတို့နှင့်ပြည့်နှက်သွားပြီး တပ်ဖြန့်လိုက်ကြသည်။
၎င်းတို့ကို အကုန်သတ်ဖို့က မဖြစ်နိုင်သလိုပင်။
သူတို့က အဆင့် ၁ သားရဲဘုရင်တွေအပေါ်၌သာ အာရုံစိုက်ဖို့ တတ်နိုင်တော့၏။
"တိုက်ခိုက်ကြ..."
ရှဲ့လျိုရှူး ဦးဆောင်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။
အမည်မသိပန်းရောင်အဆိပ်မြူ ရှေ့ဆုံးရှိသားရဲဘုရင်ကို ထိမှန်သွားခဲ့သည်။
ပင့်ကူသားရဲဘုရင်ချက်ချင်းပဲ ထိန်းမရသိမ်းမရဖြစ်သွားပြီး အခြားပင့်ကူတွေကိုတိုက်ခိုက်တော့၏။
သို့ပေမယ့် အခြားပင့်ကူတွေပေါင်းပြီး ၎င်းကို ချက်ချင်းသတ်ပစ်လိုက်သည်။
ပထမဆုံးသားရဲဘုရင်သေဆု့းသွားခဲ့သည်။
ရှဲ့လျိုရှူး ဂုဏ်ယူသည့်အမူအရာပြသလာ၏။
အိုယန်ဂျွန် နောက်ကျကျန်မနေချင်၍ တိမ်ဖောက်ခွဲရေးသံမဏိဘောလုံးတွေကို တန်ဖိုးမရှိသကဲ့သို့ ပစ်လွတ်လိုက်၏။
ဘန်း! ဘန်း! ဘန်း!
ဆက်တိုက်ဖြစ်သည့် ပေါက်ကွဲသံတွေ ထွက်ပေါ်လာခဲ့သည်။
ပင့်ကူသားရဲတွေ တစ်ကောင်ပြီးတစ်ကောင် ရှောင်တိမ်းလိုက်ကြသည်။
သို့ပေမယ့် အခြေခံတည်ဆောက်ခြင်းပင့်ကူသားရဲ ၅ ကောင် ၆ ကောင်လောက် မလွတ်မြောက်နိုင်ပဲ နေရာတင်ပေါက်ကွဲသွားခဲ့သည်။
"နှစ်ဆကွ..."
အိုအန်ဂျွန် ဂုဏ်ယူစွာ ပြောလိုက်သည်။
လန်ဖေးယန်လည်း သူ၏ဓားရှည်ဖြင့် အထက်ရှဆုံးဓားနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
ဓားချီဖြတ်သန်းသွားပြီး အေးစက်စက်အလင်းတန်းတစ်ခု တောက်ပသွား၏။
ချက်ချင်းပဲ သားရဲဘုရင်သုံးကောင် နေရာတင်သေသွားခဲ့သည်။
"သုံးကောင်..."
လန်ဖေးယန် ခပ်ဖွဖွပြုံးလိုက်၏။
ထို့နောက် ရှချောင်ကောလှုပ်ရှားလိုက်၏။
သူမမည်သည့်နည်းစနစ်သုံးလဲ မရှင်းလင်းပေမယ့် အဝေးမှလက်ဝါးရိုက်ချက်တစ်ခုထုတ်ဖော်လိုက်၏။
ထိုအခါ ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်တွေ အလျှင်အမြန်စုဝေးလာပြီး ကြီးမားသည့်လက်ဝါးကြီးတစ်ခု ဖြစ်တည်လာကာ ကြမ်းတမ်းစွာပြေးထွက်သွားခဲ့သည်။
လက်ဝါးရာဖြတ်သွားသည့်နေရာတိုင်း အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲဖြစ်ဖြစ် သားရဲဘုရင်အဆင့်ပဲဖြစ်ဖြစ် အားလုံး သွေးမြူအဖြစ်ပြောင်းသွားကြသည်။
ရှိနေသည့်လူတိုင်း ကြောင်သွားကြ၏။
လန်ဖေးယန် ပင့်သက်ရှိုက်လိုက်သည်။
"မြေကမ္ဘာအဆင့်မြင့် နည်းစနစ်..."
"ဂျူနီယာညီမရှ, ဘယ်...ဘယ်အချိန်က မင်း ဒါကိုသင်လိုက်တာလဲ..."
တောင်ကြားထဲ၌ ရှချောင်ကော ဤအကွက်ကို အသုံးခဲ့ပေ။
ဂျန်ဖန်းလည်း အနည်းငယ်အံ့အားသင့်နေ၏။
ပထမလှုပ်ရှားမှုနည်းစနစ်ဖြစ်ပြီး ယခု အဆင့်မြင့်လက်ဝါးနည်းစနစ်ပင်။
ဤနည်းစနစ်သစ်တွေက ဘယ်ကမှန်းမသိပေါ်ထွက်လာသလိုပင်။
ကြည့်ရတာ အမြုတေအဆင့် ၅ ချိုးဖျက်ပြီးနောက် ရှချောင်ကော ရုတ်တရက် နည်းစနစ်အသစ်တွေကို ကျွမ်းကျင်လာပုံပင်။
သူမ၌ ဖုံးကွယ်ထားသည့်လျို့ဝှက်ချက်များစွာ ရှိနေပုံပင်။
ဖုချောင်ဟွမ် ချီးကျူးလိုက်၏။
"ဂိုဏ်း ၉ ဂိုဏ်း နံပါတ် ၁ ပါရမီရှင်ဆိုတဲ့အတိုင်းပဲ ချက်ချင်း သားရဲဘုရင်ငါးကောင် နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲဒါဇင်ကြီးကို သတ်လိုက်တယ်..."
"အခု, ဂျန်ဖန်းနဲ့ ငါ့အလှည့်ပဲ..."
လူတိုင်း သူတို့နှစ်ယောက်ကို ကြည့်လိုက်ကြသည်။
သူတို့လည်း သိချင်နေ၏။
တူညီသည့်နည်းစနစ်၌ ဘယ်သူ့စွမ်းအားက ပိုသာမလဲဆိုတာပင်။
ဖုချောင်ဟွမ်မျက်လုံးတွေ ထက်ရှသွားပြီး ဗျတ်စောင်းကြိုးတွေကို ကြမ်းတမ်းစွာတီးခတ်လိုက်၏။
ဤတိုက်ခိုက်မှုက နတ်ဆိုးးသားရဲတွေအတွက်တင်မဟုတ်ပဲ သူ၏အတိတ်အရှက်ရမှုတွေအတွက်လည်းပါနေခဲ့သည်။
ယနေ့တိုက်ပွဲနှင့် သူ့၌ အတွင်းစိတ်နတ်ဆိုး နောက်ထပ်ရှိတော့မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူက ဂျန်ဖန်းကို လုံးဝဖိနှိပ်လိုက်ပြီဖြစ်သောကြောင့်ပင်။
ယခုမှစ၍ အလင်းလှေက ထောင်ထိပ်တစ်သောင်းကို ဖြတ်သွားတော့မည်ဖြစ်သည်။
ဗျတ်စောင်းသံ ကျားတစ်ရာတောင်ပေါ်မှပြေးဆင်းလာသကဲ့သို့ ထွက်ပေါ်လာပြီး တစ်ခါတစ်ရံနီးသွားလိုက် တစ်ခါတစ်ရံ ဝေးသွားလိုက်ပင်။
၎င်းက ပြင်ထန်သည့်ဖိနှိပ်မှုကို ပေးစွမ်းနေခဲ့သည်။
ထို့စဥ် ဤအရာက ဂျန်ဖန်းသူ့ကိုနင်းခြေခဲ့သည့် အသံလှိုင်းဖြစ်၏။
ယခု...
သူလည်းတီးခတ်နိုင်နေပြီဖြစ်သည်။
ထို့ပြင် သူ၏လက်ရှိခွန်အားနှင့် ထိုအချိန်က ဂျန်ဖန်းထုတ်လွတ်ခဲ့သည့် စွမ်းအားထက် အများကြီးပိုသာနေမည်ဖြစ်သည်။
သို့ပေမယ့်...
လူတိုင်း ကျားတွေ၏ဖိနှိပ်မှုမြင်ကွင်းကြောင့် အံ့အားသင့်နေစဥ်...
ရုတ်တရက်...
ကိုးကောင်းကင်ကိုတုန်လှုပ်သွားစေသည့် နဂါးဟိန်းသံတစ်ခုထွက်ပေါ်လာ ကျားတစ်ရာဟိန်းသံကို လုံးဝဖိနှိပ်လိုက်၏။
လူတိုင်းမြင်လိုက်ကြရ၏။
ထူးဆန်းသည့်နဂါးတစ်ကောင် တိမ်တွေထဲသို့ ဟိန်းဟောက်လိုက်သည်။
၎င်းဟိန်းသံက ပင်လယ်လှိုင်းလုံးတွေကို ဖြစ်ပေါ်စေပြီး ကောင်းကင်တွေကို တုန်လှုပ်သွားစေခဲ့သည်။
ထို့နောက်ချက်ချင်းပဲ...
ဟိန်းဟောက်သံက ကြောက်မက်ဖွယ်အသံလှိုင်းအဖြစ်ပြောင်းကာ တောင်တန်းတွေကိုခြေမွပြီး ကျောက်တုံးတွေကို ခွဲခြေကာ အရပ်မျက်နှာအသီးသီးပျံ့နှံ့သွားစေခဲ့သည်။
ဘန်း! ဘန်း! ဘန်း!
အသံလှိုင်းဖြတ်သွားသည့်နေရာတိုင်း...
အခြေခံတည်ဆောက်ခြင်းပင့်ကူသားရဲတွေ ချက်ချင်း သွေးမြူအဖြစ်ပေါက်ကွဲသွားကြ၏။
သားရဲဘုရင်တွေလည်း လွင့်ပျံပေါက်ကွဲကုန်ပြီး သွေးတွေနေရာအနှံ့ဖြန်းပက်ကုန်၏။
ထို့ပြင် ဂျန်ဖန်းဗျတ်စောင်းသံက ဆက်လက်တီးခတ်နေခဲ့သည်။
သိပ်သည်းလွမ်းမိုးနိုင်စွမ်းရှိသည့်အသံလှိုင်းတိုက်ခိုက်မှုက တိုက်ပွဲကွင်းပြင်ရှိ နတ်ဆိုးသားရဲအားလုံးဆီ ပျံ့နှံံသွား၏။
အကြိမ်များစွာတီးခတ်ပြီးနောက်...
အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲအားလုံး သေသွားကြသည်။
သားရဲဘုရင်အများစုလည်း နေရာတင်သေသွားကြ၏။
နောက်ဆုတ်သွားသည့် ၅ ကောင် ၆ ကောင်လောက်သာ လွတ်မြောက်သွား၏။
သို့ပေမယ့် ၎င်းလည်း ဒဏ်ရာတွေပြည့်နှက်နေပြီး အရေပြားနှင့်အသာတွေ စုတ်ပြဲနေခဲ့သည်။
အလျှင်အမြန်ပဲ ပြန်ဆုတ်ကြတော့၏။
တပ်!
ဂျန်ဖန်း ဗျတ်စောင်းကြိုးတွေကို ဖိချလိုက်၏။
မြင်ကွင်းက သုဿန်တစ်စပြင်အလား တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း ဂျန်ဖန်းကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေကြပြီး သစ္ဆေသရဲတစ်ကောင်ကို မြင်နေရသလိုပင်။