← Chapters

အခန်း (၁၁၀၃-၁၁၀၄)

Vol. 92 Ch. 1103-1104

အခန်း (၁၁၀၃-၁၁၀၄)

Vol. 92 Ch. 1103-1104

အခန်း ၁၁၀၃ -

ကောင်းကင်ဘယ်လောက်မြင့်လဲ မသိနိုင်တဲ့ လူမိုက်တစ်ယောက် ... ။

မြောက်ပိုင်းအမှောင်ဒေသမှ ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြသည်။

“ မင်းက သူတို့ပြောနေတဲ့ နန်းတော်သခင်လား ဒီကောင်တွေက ငါတို့ကို တွေ့ရင် မင်းကသတ်လိမ့်မယ်လို့ ...

... ကြုံးဝါးနေကြတယ် ... ဒါပေမဲ့ ကြည့်ရတာတော့ မင်းမှာ ဘာမှထူးထူးခြားခြား မရှိပါဘူး။ ”

အဆုံးတွင် မြွေပွေးအရေခွံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သည်းမခံနိုင်တော့ဘဲ လှောင်ပြောင်ပြောကြားလာသည်။

“ ဟားဟားဟား ... ။ ”

အခြားသော အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦးသည်လည်း ရယ်မောလျက်၊

“ မိတ်ဆွေတို့ ... ဒီကောင်လေး ဘာတတ်လဲဆိုတာ ငါအရင်ဆုံးစမ်းကြည့်မယ် ငါ့စကားအတိုင်း သူ့ခေါင်းကိုလိမ်ချိုးပြမယ်။ ”

-ဟု ပြောကြားလာ၏။

သည့်နောက် လူအုပ်အတွင်းမှ လှမ်းထွက်လာကာ စုရီနှင့် စကားပြောရန် ပြင်လိုက်သည်။

သို့သော် စုရီပုံရိပ်သည် သူ့မြင်ကွင်းထဲမှ ရုတ်ချည်းပျောက်ကွယ်သွား၏။ ပြန်ပေါ်ချိန်၌ အရိုးကျိုးသံနှင့်အတူ သူ့ခေါင်းကြီးစောင်းကျ သွားလေသည်။

တစ်ဆက်တည်းမှာပင် သွေးစက်လက်ကျနေသော ဦးခေါင်းတစ်ခုကို ကိုင်လျက်ဖြင့် စုရီတစ်ယောက်လေထုအလယ် ပျံဝဲနေတော့၏။

အသွင်အပြင်အရ နုနယ်နေသော်လည်း သူကိုင်ထားသော ထိုဦးခေါင်းပြတ်ကြီးကြောင့် ကြောက်မက်ဖွယ်ကောင်းကြောင်း ထင်ရှားချေပြီ။

တစ်လောကလုံး တိတ်ဆိတ်သွားသည်။ မြောက်ပိုင်းအမှောင်ဒေသမှ ကျင့်ကြံသူများမှာ မျက်နှာပေါ်ရှိ အပြုံးများမှာ အေးခဲသွားပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။

“ အမှန်အတိုင်းပြောရရင်... မင်းတို့ရဲ့ ပါးစပ်တွေသာ စည်းကမ်းရှိခဲ့ရင် ဒီနေ့တိုက်ပွဲကို ငါဝင်ပါမိမှာ မဟုတ်ဘူး ... ။ ”

“ မင်း ... ။ ”

မြွေပွေးအရေခွံ ဝတ်ဆင်ထားသော အမျိုးသားသည် တစ်ခုခုပြောရန် ပြင်လိုက်စဉ် စုရီမှလက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ‘ဘန်း’ခနဲ ပေါက်ကွဲပျောက်ကွယ်သွားတော့၏။

“ ပြေး ... ။ ”

ကျန်ရှိသူများမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။ စုရီမှ သက်ပြင်းချကာ လက်ဝှေ့ယမ်းလိုက်၏။

“ ဝှစ် ... ။ ”

“ အား ... ။ ”

“ ..... ။ ”

ကောင်းကင်မှ ဓားမိုးများ ရွာချလာပြီး လူတိုင်းခြေလှမ်းတစ်လှမ်း မလှမ်းနိုင်မီမှာပင် သေဆုံးကုန်တော့သည်။

အဖျက်စွမ်းအင်များ ပြန့်ကားသွားကာ သွေးများနေရာအနှံ့ပက်ဖြန်းလျက် အမှုန်အဖြစ် ပြောင်းလဲပျောက်ကွယ်ကုန်၏။

“ ဒီအတိုင်းပြီးသွားတာလား။ ”

အရှေ့ဘက်ရွှမ်ဒေသမှ လူသုံးယောက်မှ တိတ်ဆိတ်သွားပြီးနောက် သတိပြန်ဝင်လာချိန် စုရီပုံရိပ်မှာ အဝေးသို့ ရောက်ရှိသွားပြီဖြစ်၏။

သုံးဦးသား ထိုပုံရိပ်ထံ ငေးမောလျက် နားမလည်နိုင်တော့ချေ။ သူတို့သုံးယောက်သည် တစ်ဖက်လူနှင့် အဆင့်တူဖြစ်သော်လည်း ခွန်အားအရာ၌ ပုရွက်ဆိတ်များသဖွယ်ပင်။

နာရီဝက်အကြာတွင် စုရီသည် တောင်တန်းကြီးတစ်ရှေ့၌ ပေါ်လာလေသည်။ ဤသည်မှာ မိုးပြာနဂါးတောင်တန်းဖြစ်၏။

တတိယတိုက်ပွဲကွင်း၏ အကြီးမားဆုံး အခွင့်အလမ်းဖြစ်သော နတ်ဝိညာဉ်အဆင့် မူလ စွမ်းအားများ တည်ရှိရာအရပ်ပေပင်။

စုရီက တောင်တန်းအတွင်းသို့ ဝင်လိုက်သည်နှင့် သန့်စင်လွန်းလှသောတာအို ကျက်သရေများ လွှမ်းခြုံလာသည်။

သို့သော် များကြာမီ ဖျက်ဆီးလိုသော မိုးကြိုးအရှိန်အဝါများသည်လည်း ဒီရေအလား တိုးဝင်လာ၏။ ထို့ကြောင့် စုရီက မော့ကြည့် လိုက်တော့သည်။ တောင်တန်းအတွင်း၌ မိုးကြိုး တိမ်တိုက်များ ပြည့်နှက်နေ၏။

တောင်ထိပ်အဆုံးတွင် ချောက်ကမ်းပါးတစ်ခုရှိနေခဲ့ပြီး အနက်ရောင် ကျောက်တိုင်ကြီးတစ်ခု ကောင်းကင်ပေါ် ထိုးတက်နေ၏။

ဤသည်မှာ တာအိုကျောက်တိုင်ပေပင်။ ထိုကျောက်စာတိုင်တွင် နာမည်ရေးထိုးနိုင်မှသာ ဒုတိယတိုက်ပွဲကွင်းသို့ တက်လှမ်းနိုင်၏၏။

လူတစ်ထောင်တွင် အနည်းငယ်မျှသာ ထိုသို့သော အရည်အချင်းမျိုး ရှိနိုင်သည်။ စုရီက ချောက်ကမ်းပါးအတွင်း လှမ်းဝင်လိုက်သည်။

ယင်းသည် ချောက်ကမ်းပါးဟု ခေါ်သော်လည်း တောင်ကြားလွင်ပြင်တစ်ခုသာ ဖြစ်၏။

မြေပြင်ပေါ်ရှိ မီးလောင်ကျင်းများတွင် မိုးကြိုး၏ဖျက်ဆီးခြင်း စွမ်းအားများနှင့်အတူ သန့်စင်သောနတ်ဝိညာဉ်အဆင့် မူလစွမ်းအားများ ကိန်းဝပ်နေသည်။

“ ရပ်စမ်း ... ။ ”

ရုတ်တရက် အဘိုးအိုတစ်ဦး၏ အေးစက်သောဟန့်တားသံ ထွက်ပေါ်လာသည်။ မီးလောင်ကျင်းတစ်ခု၏ ဘေးတွင် လူ(၁၀)ဦး ထက်မနည်း တရားထိုင်နေကြသည်။

ဤသည်မှာ တောင်ပိုင်းမီးလျှံဒေသမှ ကျင့်ကြံသူများဖြစ်သည်။ ထိုမျှမက အခြားသော နေရာများတွင်လည်း မြောက်ပိုင်းအမှောင် ဒေသနှင့် အနောက်ပိုင်းနှင်းဒေသမှ ကျင့်ကြံသူများလည်း ရှိနေ၏။

သူတို့အားလုံးသည် အသန့်စင်ဆုံး နေရာဖြစ်သည့် နတ်ဝိညာဉ် မူလစွမ်းအားများ တည်ရှိရာ တွင်းပေါက်ကြီးများကို သိမ်းယူထားကြသည်။

ထိုသူများအတွင်း အရှေ့ဘက်ရွှမ်ဒေသမှ ကျင့်ကြံသူတစ်ဦးတစ်ယောက်မျှ မပါဝင်ချေ။ စုရီခမျာ ထိုမြင်ကွင်းကြောင့် အနည်းငယ် သံသယဝင်လာသည်။

ဤမတိုင်မီ အရှေ့ဘက်ရွှမ်ဒေသမှ အစွမ်းထက်သောကျင့်ကြံသူများကို သူသတ်ပစ် မိခဲ့ချေသည်။ ထို့ကြောင့် အ‌ရှေ့ဘက်ရွှမ်ဒေသ အနေဖြင့် နိမ့်ကျသွားခြင်းဖြစ်နိုင်၏။

ဥပမာအားဖြင့် တံငါသည်၊ ပန်းချီဆရာ၊ ထိုက်ရီတာအိုဂိုဏ်းချုပ်၊ ကောင်းကင်ဘုံကိုးပါး နန်းတော်သခင်၊ ဖုန့်သခင်ငယ် စသည်တို့သည် မည်သူမျှ အားနည်းသူများမဟုတ်ချေ။

ထိုအတွေးက သူ့ကိုချက်ချင်းပင် ကူကယ်ရာမဲ့သွားစေကာ ခေါင်းရမ်းလျက် ဆက်လျှောက်လာခဲ့သည်။

“ ဟမ့် ... ကောင်လေး ... မင်းကိုရပ်ခိုင်းနေတာ မကြားဘူးလား။ ”

တောင်ပိုင်းမီးဒေသမှ ခရမ်းရောင်ဝတ် အဘိုးအိုက အေးစက်စွာ ဟိန်းဟောက်လာ၏။ အဝေးမှ အခြားသော အင်အားစုအသီးသီး သည်လည်း စုရီထံ မော့ကြည့်လာကြသည်။

ဤနေရာသို့ တစ်ယောက်တည်း လာရောက်ဝံ့သည်မှာ ရူးမိုက်ခြင်းဖြစ်သည်။ မည်သူမဆို ထိုအမှုကို ပြုဝံ့မည်မဟုတ်ချေ။

စုရီက ဂရုမစိုက်ဘဲ လက်နှစ်ဖက်ကို နောက်ပို့လိုက်ကာ၊

“ စကားမများနဲ့ ငါ့ကို လာတိုက်။ ”

-ဟု ဖိတ်ခေါ်လိုက်သည်။

ခရမ်းရောင်ဝတ် အဘိုးအိုခမျာ မျက်ခုံးပင့်လျက် အနည်းငယ်သံသယဝင်လာပြီး မျက်နှာအမူအရာပြောင်းသွား၏။

“ မိတ်ဆွေ ... မင်း နားလည်မှု လွဲနေပုံရတယ် ဒီနေရာကို ငါတို့တောင်ပိုင်းမီး ဒေသက သိမ်းယူထားတာမို့ ကျူးကျော်ဝံ့ရင် မင်းငါတို့နဲ့ရန်သူဖြစ်သွားလိမ့်မယ်။ ”

စုရီက ပြုံးလိုက်သည်။ ဆိုလိုသည်မှာ တစ်ဖက်လူသည် အခြားနတ်ဝိညာဉ်အဆင့် မိုးကြိုးမူလတွင်းများကို ‌ရွေးချယ်ခွင့်ရှိသည်ဟု သွယ်ဝိုက်ပြောကြားနေခြင်းပေပင်။

ထို့ကြောင့် မြောက်ပိုင်းအမှောင်ဒေသနှင့် အနောက်ပိုင်းနှင်းဒေသမှ ကျင့်ကြံသူများထံ ဝေ့ကြည့်လိုက်ကာ၊

“ မင်းတို့အားလုံးလည်း ဒီသဘောပဲလား။ ”

-ဟု မေးမြန်းလိုက်တော့၏။

လူတိုင်း မှင်တတ်သွားကြသည်။ တောင်ပိုင်းမီးလျှံဒေသမှ ကျွမ်းကျင်သူများ၏ ရန်လိုမှုကိုခံနေရစဉ်မှာပင် စုရီက မြောက်ပိုင်း အမှောင်ဒေသနှင့် အနောက်ပိုင်းနှင်းဒေသ တို့ကိုပါ ပစ်မှတ်ထားနေ၏။

“ ငါတို့ရဲ့သဘောထားက ရိုးရိုးလေးပဲ မသေချင်ရင် ငါတို့နဲ့လာမရှုပ်တာ မင်းအတွက် အကောင်းဆုံးပါပဲ။ ”

အနောက်ဘက်နှင်းလွင်ပြင်မှ ဆံပင်ခရမ်းရောင်နှင့်လူငယ်က အေးစက်စွာ တုန့်ပြန်လာသည်။

တစ်ဖက်တွင် မြောက်ပိုင်းအမှောင်ဒေသ၏ ဝတ်စုံဖြူအမျိုးသားတစ်ဦးမှလည်း ပြုံးလျက် စုရီက လက်ပြကာ၊

“ ထွက်သွား ... ။ ”

-ဟု မောင်းထုတ်လာသည်။ သူ့စကားအဆုံးတွင် ရယ်မောသံများဆူညံစွာ ထွက်ပေါ်လာတော့၏။

“ ဟား ဟား ဟား ... ။ ”

“ အရှေ့ဘက် ရွှမ်ဒေသရဲ့ ကလေးတစ်ယောက်က ငါတို့ရဲ့သဘောထားကို လာမေးနေတာလား ... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။ ”

“ သူက ဒီပထမတိုက်ပွဲကွင်းမှာ အကျိုးအကြောင်းဆင်ခြင်ဖို့အတွက် ပြောချင် နေပုံရတယ် ဟားဟားဟား။ ”

ချက်ချင်း တောင်ကြားလွင်ပြင်တစ်ခုလုံး ရယ်မောသံများဖြင့် ဆူညံသွားပြီး ပျော်ရွှင်စရာ အငွေ့အသက်များ ဖုံးလွှမ်းသွားလေသည်။

တောင်ပိုင်းမီးလျှံနယ်ပယ်မှ ကျွမ်းကျင်သူများသည်ပင် လိုက်ပါရယ်မောကုန် တော့၏။ ဤလူငယ်သည် ကောင်းကင်နှင့် မြေကြီး မည်မျှမြင့်သည်ကို သိပုံမရချေ။

“ ငါကတော့ မင်းတို့နဲ့ မတူဘူး။ ”

တစ်ဖက်တွင် စုရီမှာမူ သူတို့ကို ဂရုမစိုက်တော့ဘဲ တောင်ကြားလွင်ပြင်သို့ လျှောက်လှမ်းလာလေသည်။ ထို့နောက် စုရီက လူတိုင်းထံဝေ့ကြည့်လိုက်ကာ၊

“ အခုကစပြီး ... ဒီနေရာကို ငါတစ်ယောက်တည်း သိမ်းပိုက်လိုက်ပြီ မကျေနပ်တဲ့သူရှိရင် ငါ့ဆီလာခဲ့။ ”

-ဟု ဖိတ်ခေါ်လိုက်၏။

ရယ်မောသံများ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး စုရီကိုအရူးတစ်ယောက် အလား ပြန်ကြည့်ကုန်ကြသည်။

ဤလူငယ်သည် အရူးမဟုတ်သော် ထိုကဲ့သို့သောစကားမျိုး မည်သို့ပြောဝံ့သနည်း။ တစ်ယောက်တည်းဖြင့် သူတို့ကဲ့သို့အင်အားစု (၃)ခုကို လျစ်လျူရှုဝံ့သည်လော။

“ ဒီကောင်လေးက ငါတို့သူ့ကို ကြောက်တယ်လို့ တကယ်ထင်နေတာလား။ ”

အနောက်ဘက် နှင်းဒေသမှ အဘိုးအိုတစ်ဦးက လှောင်ပြုံးဖြင့် စကားဆို၏။ စုရီက သူ့ထံ လှမ်းကြည့်လိုက်ပြီး၊

“ ဒါဆိုရင် မင်းနဲ့ပဲ အရင်စရအောင်။ ”

-ဟု အတည်ပြုလိုက်သည်။

“ ရွှပ် ... ။ ”

လေထုအလယ် ဓားအလင်းတစ်လက် ဖျတ်ခနဲပေါ်လာပြီး ထိုအဘိုးအို၏ မျက်ခုံးနှစ်ခု အလယ်သို့ ထိုးဖောက်သွားတော့၏။

“ စွပ် ... ။ ”

သွေးများဖြာကျလျက် အဘိုးအိုခမျာ နောက်သို့ ပက်လက်လန် လဲကျသွားလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားကာ လူတိုင်း၏ အပြုံးများ အေးခဲသွားကုန်၏။

“ မင်း ... သေချင်နေတာပဲ။ ”

“ သူ့ကို သတ် ... ။ ”

လူတစ်စုက သတိဝင်လာပြီး ဝုန်းခနဲ ထရပ်လာကြသည်။ သူတို့သည် ထိုအဘိုးအို၏ အပေါင်းအပါများဖြစ်ပြီး (၁၀)ဦးထက် မနည်းလှချေ။

နတ်ဝိညာဉ်အဆင့် လက်နက်များကို ထုတ်ကာ တဟုန်ထိုး တိုက်ခိုက်လိုက်တော့၏။ ထိုမြင်ကွင်းကြောင့် စုရီမှ လှောင်ပြုံး ပြုံးသည်။

“ ပုရွက်ဆိတ်တွေက သစ်ပင်ကို လှုပ်ချင်နေတာပဲ။ ”

စုရီက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ တောင်ကြားလွင်ပြင်တစ်ခုလုံး တုန်ခါသွားပြီး တောက်ပသော ဓားအလင်းများ ချက်ချင်း ပြေးထွက်သွား၏။

“ မလုပ်နဲ့ ... ။ ”

ရုတ်တရက် နတ်ဝိညာဉ်အဆင့် (၁၀)ဦးကျော်သည် လေထုအလယ် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရကာ အော်ဟစ်လိုက်ကြသည်။

“ မြန်မြန် ... ခုခံကာကွယ်ရေး ရတနာတွေကိုသုံးပါ။ ”

သို့သော် ဓားအလင်းဖြတ်သန်းရာ လမ်းတလျှောက် ကောက်ပဲသီးနှံများအလား လူအများအသတ်ခံလိုက်ရတော့၏။

“ ဘန်း ... ဘန်း ... ။ ”

ရတနာများနှင့် ခုခံကာကွယ်ရေး ချပ်ဝတ်များသည်လည်း ဓားစွမ်းအင်အောက်၌ ကြေမွသွားခဲ့သည်။

သွေးမြူများ တောင်ကြားတစ်ခုလုံး ပြည့်နှက်သွားပြီး မျက်စိတစ်မှိတ်အတွင်း အနောက်ဘက်နှင်းဒေသမှ အင်အားစုတစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခြင်း ခံလိုက်ရ၏။

ဤသွေးစွန်းသော မြင်ကွင်းကြောင့် လူတိုင်း၏ကျောရိုးထဲသို့ အေးစိမ့်လွန်းသည့် ခံစားချက်များဝင်ရောက်လာချေပြီ။

“ ချွင် ... ချွင် ... ။ ”

မည်သူမျှ ဆက်မထိုင်နိုင်တော့ဘဲ လက်နက်များကိုယ်စီဖြင့် အသင့်ပြင်လိုက်ကြ တော့သည်။ စုရီကိုကြည့်သည့် မျက်ဝန်းများ သည်လည်း ပြောင်းလဲသွားကုန်၏။

တစ်ဖက်လူသည် ကောင်းကင်နှင့် မြေကြီးမည်မျှမြင်သည်ကို မသိသောလူငယ် မဟုတ်ချေ။ ကြောက်မက်ဖွယ်ကောင်းသော သွေးဘီလူးတစ်ကောင်ပေပင်။

***

အခန်း ၁၁၀၄ –

မိုးပြာနဂါးတောင်ကြားကို တစ်ယောက်တည်း သိမ်းယူခြင်း ... ။

“ မိတ်ဆွေလေး ... မင်းရဲ့ အစွမ်းသတ္တိနဲ့ဆိုရင် အဲဒီလွတ်သွားတဲ့နေရာကို မင်းပိုင်ပါတယ် ... ငါတို့ကြားမှာတိုက်စရာ မလိုတော့ပါဘူး။ ”

အဘိုးအိုတစ်ဦးက ညှိနှိုင်းရန် ကြိုးစားလိုက်သည်။ စုရီမှာမူ သူ့ကိုဂရုမစိုက်ဘဲ မြောက်ပိုင်းအမှောင်ဒေသမှ အဖြူဝတ် အမျိုးသားထံ ကြည့်လိုက်၏။

အဖြူဝတ်အမျိုးသားခမျာ ထိုအကြည့်ကြောင့် ခန္ဓာကိုယ်တောင့်တင်း အေးစက်သွားပြီး၊

“ ငါက မျက်ကန်းတစ်ယောက်မို့ မိတ်ဆွေလေးကို ပြစ်မှားမိတာပါ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်... ။ ”

-ဟု ချက်ချင်းတောင်းပန်လေသည်။

“ ရွှပ် ... ။ ”

“ ဘန်း ... ။ ”

သို့သော် စုရီသည် သူ့ကိုလွှတ်ပေးရန် ဆန္ဒမရှိသဖြင့် ဓားအလင်းနှင့်တောက်ချပစ်၏။ အဖြူဝတ်လူခမျာ နေရာမှာတင် ပေါက်ကွဲပြီး သွေးစများ ဘေးရှိအပေါင်းအပါများပေါ်သို့ လွင့်စင်ပေကျံသွားသည်။

“ မင်းရဲ့ အသက်နဲ့ပေးဆပ်ပြီး တောင်းပန်တာ အကောင်းဆုံးပါပဲ။ ”

စုရီမှ တုန့်ပြန်လျက် အခြားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးထံသို့ လှည့်ကြည့်လိုက်ကာ၊

“ မင်းရော ... အခု ငါက ရယ်စရာကောင်းတယ်လို့ ထင်နေတုန်းပဲလား။ ”

-ဟု မေးမြန်းလိုက်တော့၏။ မေးခွန်းထုတ်ခံရသည့် ထိုအမျိုးသားခမျာ မျက်နှာဖြူလျော်သွားပြီး၊

“ ငါတို့ ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲ မင်းသိလား။ ”

-ဟု ခြိမ်းခြောက်စကားဆိုရန် ပြင်၏။

“ ဝှစ် ... ။ ”

သို့သော် စုရီမှ လက်ဝှေ့ယမ်းလိုက်ရာ ထိုလူနှင့်အတူ သူ့ဘေးရှိ လူ(၇)ဦးစလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

စုရီအတွက် နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကိုသတ်ခြင်းသည် ကြက်ကလေး ငှက်ကလေး သတ်ရသကဲ့သို့ လွယ်ကူချေပြီ။ ယင်းက လူတိုင်းကို တုန်လှုပ်စေ၏။

“ မြန်မြန် ပြေး။ ”

တစ်စုံတစ်ဦးက အော်ဟစ်လျက် ကောင်းကင်ပေါ်ပျံတက်ရန် ကြိုးစားလိုက်၏။ သို့သော် ဓားရောင်ဝါက သူကိုလွှမ်းမိုးသွားပြီး ချက်ချင်းပင် အစအနပျောက်သွားစေသည်။

“ မကြောက်နဲ့ ... ငါက လူသတ်ဖို့ လာတာမဟုတ်ဘူး ... ငါ့ကိုရိုင်းစိုင်းခဲ့တဲ့သူတွေ သတ်ပြီးရင် ကျန်တဲ့သူတွေကို အသက်ရှင်ခွင့် ပေးမှာပါ။ ”

စုရီက ကျန်ရှိနေသူများကို နှစ်သိမ့်လိုက်သည်။ သို့တိုင် အငွေ့အသက်မှာ အသက်ရှုကျပ်လောက်အောင် ဖိအားများ ပေးစွမ်းနေ၏။

“ သူ့ကို အသေသတ်။ ”

“ ရွှပ် ... ။ ”

“ ဘုန်း ... ။ ”

အဘိုးအိုတစ်ဦးက အော်ဟစ်ကာ ပြေးဝင်တိုက်ခိုက်တော့၏။ သို့သော် စုရီ၏ လက်သီးချက်အောက်တွင် သွေးမြူအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

ဤနေရာသို့ လာဝံ့သူများသည် သက်ဆိုင်ရာဒေသများ၌ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများဖြစ်၏။

သို့သော် စုရီရှေ့တွင်မူ အသတ်ခံရန် စောင့်ဆိုင်းနေသည့် သိုးသူငယ်များအလား အားနည်းနေကြချေပြီ။

“ မင်းလည်း ပါသေးတယ် ... ဒီတိုက်ပွဲကွင်းမှာ အကျိုးအကြောင်းဆင်ခြင်ဖို့ မလိုဘူးဆိုတဲ့ မင်းရဲ့စကားအတိုင်း ... ။ ”

“ သခင်လေး ငါ ... ။ ”

စုရီက ငွေရောင်ဝတ်စုံနှင့် အမျိုးသားထံ လှည့်ကြည့်ကာပြောလိုက်၏။ အကြည့်ခံရသည့် အမျိုးသားမှ ချက်ချင်းတောင်းပန်ရန် ကြိုးစားလာလေသည်။

“ ဝှစ် ... ။ ”

သို့သော် ဓားအလင်းတစ်လက်သည် သူ့စကားကို မစောင့်တော့ဘဲ တစ်ချက်တည်း ခေါင်းပြတ်သွားစေတော့၏။

“ မင်းစကားအတိုင်း ဒီတိုက်ပွဲကွင်းမှာ အကျိုးအကြောင်းပြောလို့ မရဘူးဆိုမှတော့ ဘာလို့အသနားခံနေရတာလဲ။ ”

စကားဆုံးသည်နှင့် တောင်ကြား လွင်ပြင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။ ကျန်ရှိနေသူများမှာ ထွက်ပြေးရန် မဝံ့သလို တိုက်ခိုက်ရန်လည်း သတ္တိမရှိတော့ချေ။

ထိုစဉ် စုရီက အမျိုးသားတစ်ဦးကို လှည့်ကြည့်လာပြန်၏။ အဆိုပါအမျိုးသားခမျာ ကြောက်လန့်သွားပြီး၊

“ မိတ်ဆွေလေး ... ငါ ငါဘာမှ မပြောခဲ့ပါဘူး မင်း အမှတ်မှားနေတာလား။ ”

-ဟု ချက်ချင်းရှင်းပြသည်။

“ ဒါပေမယ့် ... မင်းရယ်သံက ငါ့နားထဲမှာ အဆိုးဆုံးပဲ။ ”

“ ရွှပ် ... ။ ”

စကားဆုံးသည်နှင့် အမျိုးသားမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားလေသည်။ အဆုံး၌ စုရီက လူတိုင်းထံ ဝေ့ကြည့်ကာ၊

“ အခု ... ငါဒီနေရာကို သိမ်းပိုက်လိုက်ပြီ မင်းတို့ထဲက ဘယ်သူ ကန့်ကွက်ချင်သေးလဲ။ ”

-ဟု မေးမြန်းတော့၏။ မည်သူမျှ စုရီအကြည့်နှင့် ရင်ဆိုင်ဝံ့ခြင်းမရှိတော့ဘဲ ခေါင်းငုံ့ကုန်ကြသည်။

“ ကန့်ကွက်သူ မရှိရင် ... ထွက်သွားကြတော့။ ”

စကားဆုံးသည်နှင့် စုရီက လူတိုင်းကိုလျစ်လျူရှုကာ တောင်ကြားထံသို့ လျှောက်လှမ်းသွားပြီး ထိုင်ချလိုက်သည်။

ကျန်ရှိသော လူအများသည် မယုံနိုင်သည့်အလား ငြိမ်သက်နေသော်လည်း စုရီမှကျင့်ကြံခြင်း စတင်နေသည်ကို မြင်သော အခါတွင် သတိဝင်လာကုန်ပြီး လျင်မြန်စွာ ထွက်ခွာလိုက်ကြတော့၏။

“ မင်းတို့တွေ အကူအညီသွားခေါ်လို့ ရပါတယ် ဒါပေမဲ့ ... အဲ့ဒီအချိန်ကျရင်တော့ ငါသဘောကောင်းနေမှာ မဟုတ်ဘူး။ ”

သို့တိုင်စုရီအသံက သူတို့နားထဲ ကပ်ပါလာသေးသည်။ ထိုသို့သွေးစွန်းနေသော သတ်ဖြတ်မှုသတင်းသည် တတိယတိုက်ပွဲကွင်း အနှံ့ မိနစ်ပိုင်းအတွင်း လှုပ်ခတ်သွားတော့၏။

အရှေ့ဘက်ရွှမ်ဒေသမှ လူငယ်တစ်ဦးသည် ဒိုမိန်းသုံးခုလုံးမှ ကျွမ်းကျင်သူများကိုသတ်ကာ မိုးပြာနဂါးတောင်ကြားထံ သိမ်းပိုက်ထားချေပြီ။

“ အရှေ့ဘက်ရွှမ်ဒေသမှာ ဒီလောက် အစွမ်းထက်တဲ့ တစ်စုံတစ်ဦး ရှိနေတာလား။ ”

ထိုသတင်းကြောင့် သူတော်စင်ပိုင်နင်က အံ့အားသင့်သွားသည်။ သူမသည် ရရှိထားသော သတင်းများအရ အခြေအနေမှာ ယုံနိုင်ဖွယ် မရှိချေ။

“ ငါ့အမိန့်ကို အမြန်ဆုံးဖြန့်ပါ ... လက်အောက်ခံအားလုံး မိုးပြာနဂါးတောင်ကို (၁၅)မိနစ်အတွင်း သွားရောက်ကြမယ်။ ”

နာရီအနည်းငယ် ကြာပြီးနောက် သူတော်စင်ပိုင်နင်သည် မိုးပြာနဂါးတောင်တန်း အထက် လေထုအလယ်တွင် ရပ်တန့်ကာ အတွင်းသို့ လှမ်းကြည့်လိုက်သည်။

တောင်တန်း၏ အနက်ရှိုင်းဆုံးတွင် မြူနှင့်မိုးကြိုးများဖုံးလွှမ်းနေသဖြင့် မြင်ကွင်းကို ရှင်းလင်းစွာ မမြင်ရချေ။

သို့သော် ထိုအရပ်ကို ​အရှေ့ဘက်ရွှမ်ဒေသထံမှ လူငယ်တစ်ဦးက သိမ်းပိုက်ထားသည်။

“ သူ့နာမည် ဘယ်သူလဲသိရပြီလား။ ”

သူတော်စင်ပိုင်နင်က လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။ သူမနှင့်အတူ နတ်ဝိညာဉ် အဆင့် ကျွမ်းကျင်သူအမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း(၂၀)ကျော် ပါရှိသည်။

“ မသိရသေးပါဘူး သူတော်စင်ပိုင်။ ”

သူမ ညာဘက်မှ အဖိုးအိုတစ်ဦးက ထိတ်လန့်တုန်လှုပ်နေသော အသွင်အပြင်နှင့် လှမ်းတက်ကာပြန်ဖြေသည်။

“ ဒါပေမယ့် အဲ့ဒီလူငယ်က အရမ်းကြောက်ဖို့ကောင်းပါတယ် နတ်ဝိညာဉ် အထွတ်အထိပ်အဆင့် ခုနစ်ယောက်ကို လက်ဝှေ့ယမ်းပြီး ပြာကျသွားစေတယ်။ ”

သူတော်စင်ပိုင်နင်တစ်ယောက် မျက်မှောင်ကြုတ်သွား၏။ တတိယတိုက်ပွဲကွင်း အဓိက အခွင့်အလမ်းကို တစ်ယောက်တည်း သိမ်းပိုက်ဝံ့သည်မှာ သမိုင်းတလျှောက် မကြုံဖူးသောဖြစ်ရပ်ပေပင်။

“ သူတော်စင်ပိုင် ဘာဆက်လုပ်ကြမလဲ။ ”

ထိုအဖိုးအိုမှပင် မဝံ့မရဲ မေးမြန်းလာ၏။

“ အလျင်မလိုနဲ့ သူက ငါတို့လူတွေကို သတ်ရုံတင်မကဘူး ကျန်တဲ့ဒေသအသီးသီးရဲ့ အဖွဲ့ဝင်တွေကိုလည်း သတ်ပစ်တယ် ဘယ်သူမှ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ”

ထိုစဉ် အဝေးထံမှ တောက်ပသော အလင်းတန်းများ လျင်မြန်စွာပျံသန်းလာနေ သည်ကို မြင်လိုက်ရ၏။

ဤသည်မှာ မြောက်ပိုင်း အမှောင်ဒေသမှ နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ(၂၀)ကျော်ခန့် ရှိချေပြီ။

အဖွဲ့ကိုဦးဆောင်သူသည် လူသန်ကြီးတစ်ဦးဖြစ်ကာ မိုးကြိုးလျှပ်စီးများ ရစ်ပတ်နေသော ကြေးတူကြီးတစ်လက် ထမ်းထား၏။ အမည်မှာ စုန့်ယွင်ရှန်းပေပင်။

“ သူတော်စင်ပိုင် ... မင်းလည်း အဲဒီအရှေ့ဘက်ရွှမ်ဒေသက ရူးသွပ်နေတဲ့ လူရမ်းကားကြောင့် ရောက်လာတာလား။ ”

စုန့်ယွင်ရှန်းက ပိုင်နင်ကိုမြင်ချိန်၌ ပြုံးကာမေးမြန်လိုက်လေသည်။

“ ဟုတ်တယ်။ ”

ပိုင်နင်က ခေါင်းညိတ်ပြလိုက်၏။ သူမတို့နှစ်ဦးစလုံးသည် သက်ဆိုင်ရာဒိုမိန်းများ၌ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများဖြစ်ကြသဖြင့် တစ်ဦးကိုတစ်ဦး သိရှိထားသည်။

“ ဒါဆို ငါတို့ပူးပေါင်းလို့ရတယ်။ ”

စုန့်ယွင်ရှန်းက အကြံပြုသည်။ ပိုင်နင်မှ နှုတ်ဆိတ်နေ၏။ ငြင်းဆန်ခြင်း လက်ခံခြင်းမျိုး မှရိသေးချေ။

များမကြာမီ အခြားသော အင်အားစုများလည်း ရောက်ရှိလာပြီး စုစုပေါင်း နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ (၁၀၀)နီးပါး စုစည်းမိလာတော့သည်။

ဤပမာဏသည် တတိယတိုက်ပွဲကွင်း တစ်ခုလုံးကို အုပ်စိုးနိုင်ရန် လုံလောက်သော အင်အားများပေပင်။

“ ဟမ့် ... နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ(၁၀၀)နီးပါး စုစည်းပြီးတော့ အရှေ့ဘက်ရွှမ်ဒေသရဲ့ ကောင်လေး တစ်ယောက်ကို ...

... ရင်ဆိုင်ဖို့ ကြိုးစားနေတဲ့ သတင်းသာ အပြင်ကိုပေါက်ကြားသွားရင် ... ဘယ်လောက် ရှက်စရာကောင်းလိုက်မလဲ။ ”

လူအုပ်အတွင်းမှ သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လူအများကိုဝေ့ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ ဒီလူက တကယ်ပဲ သွေးဆာနေတဲ့ လူသတ်သမားတစ်ယောက်ပဲ ငါတို့ဒီလောက် သတိထားတာ အကောင်းဆုံးပါ။ ”

အခြားတစ်ဦးက ရှက်ရွံ့မှုကို သက်သာစေရန်ပြောကြားလိုက်၏။ သူတို့နှစ်ဦး စကားစမြည်ပြောကြားနေစဉ် ခေါင်းဆောင် ခြောက်ယောက်သည် သဘောတူညီချက် တစ်ခုရရှိသွားခဲ့လေသည်။

ယင်းအစီအစဉ်အရ ပိုင်နင်သည် စုရီနှင့်တွေ့ဆုံညှိနှိုင်းရန် တောင်ကြားအတွင်းသို့ ဝင်ရောက်သွားတော့၏။

များမကြာခင် တောင်ကြားအလယ်၌ တရားထိုင်နေသော စုရီကို မြင်လိုက်ရသည်။ အသွင်အပြင်အရတည်ငြိမ်ပြီး ကောလဟာလ ကဲ့သို့ ကြောက်မက်ဖွယ် လူသတ်သမား တစ်ဦးနှင့်ပင် မတူချေ။

“ အနောက်ဘက် နှင်းဒေသရဲ့ ထျန်းကျီဝိညာဉ်တောင်အမွေခံ ပိုင်နင်က ... တာအိုမိတ်ဆွေကို နှုတ်ဆက်ပါတယ်။ ”

ပိုင်နင်က လေထုအလယ် ရပ်တန့်ပြီး ဦးစွာမိတ်ဆက်စကား ပြောကြားလိုက်သည်။ စုရီက မျက်လုံးဖွင့်ကာ ကြည့်လာတော့၏။

ထိုမျက်ဝန်းများသည် မည်သည့် အငွေ့အသက်မျှမပါဘဲ ကြည်လင်နေချေပြီ။ သို့သော် ယင်းသည်ပင် ပိုင်နင်ကို အသက်ရှူ ရပ်မတတ်ဖိအားများ ခံစားလိုက်ရ၏။

( ဘယ်လောက် ကြောက်စရာ ကောင်းလိုက်လဲ။)

“ ဘာကိစ္စလဲ ... ။ ”

စုရီက မေးမြန်းသည်။

“ အခု ဒီတောင်တန်းအပြင်မှာ ဒေသအသီးသီးရဲ့ အင်အားစုပေါင်း (၆)စုက ကျွမ်းကျင်သူ(၁၀၀)ကျော် စောင့်နေပါတယ် ...

... မိတ်ဆွေကသာ ငါတို့တွေကို ဝင်ခွင့်ပေးမယ်ဆိုရင် ... အရင်ကမင်းလုပ်ခဲ့သမျှ ကိစ္စတွေကို မေ့ပစ်လိုက်လို့ ရပါတယ်။ ”

ပိုင်နင်က တိုက်ရိုက်ပြောကြားလိုက်သည်။

“ မလုပ်ရင်ရော ... ။ ”

စုရီက မျက်ခုံးပင့်ကာ ထပ်မေး၏။ ပိုင်နင်ခမျာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက်၊

“ တကယ်လို့ မိတ်ဆွေက အလျှော့မပေးဘူးဆိုရင် ... ဒီနေ့ ဒီနေရာမှာ ငြိမ်ချမ်းစွာကျင့်ကြံဖို့ မလွယ်တော့ဘူးဆိုတာ သတိပေးချင်ပါတယ်။ ”

“ ကောင်းပြီ ဒါဆိုဆက်လုပ်ပါ ... ဒါပေမယ့်ငါမင်းကို သတိတော့ပေးလိုက်မယ် မသေချင်ရင် ငါ့ကိုလာမရှုပ်နဲ့ မင်းအတွက်ရော အပြင်က လူတွေအတွက်ပါ အကျုံးဝင်တယ်။ ”

ထို့နောက် စုရီက စကားမဆိုတော့ဘဲ မျက်ဝန်းများပြန်မှိတ်လျက် တရားထိုင်တော့၏။ ပိုင်နင်သာလျှင် မျက်နှာ အမူအရာ အမျိုးမျိုး ပြောင်းလဲပြီး ကျန်ရစ်နေခဲ့သည်။

အဆုံးတွင် လက်ထဲရှိ လျှို့ဝှက် တံဆိပ်တစ်ခုကို တင်းတင်းဆုပ်ကိုင်လျက် ချီတုံချတုံနှင့် စုရီထံငေးကြည့်နေ၏။

( ဒီကောင်အရမ်း မောက်မာတယ်။ )

များမကြာမီ ဆုံးဖြတ်ချက်ချဟန်ဖြင့် ထိုတံဆိပ်ကို စုရီရှေ့သို့ပစ်လွှင့်လျက် မည်သည့် စကားမျှမဆိုဘဲ လှည့်ထွက်လာခဲ့တော့သည်။

ယနေ့အတွက် တန်ဖိုးကြီးသော လောင်းကြေးတစ်ခုဖြင့် သူမစွန့်စားလိုက်ချေပြီ။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် သူမ ကြားခဲ့သော ကောလဟလများကဲ့သို့ ကြောက်စရာ မကောင်းချေ။

***

All Chapters