← Chapters

အခန်း (၃၂၁-၃၂၂)

Vol. 33 Ch. 321-322

အခန်း (၃၂၁-၃၂၂)

Vol. 33 Ch. 321-322

အခန်း ၃၂၁ - နှစ်စဉ်နှစ်တိုင်း ဘေးကင်းငြိမ်းချမ်းပါစေ

နှင်းတောထဲတွင် အကြိမ်ကြိမ် လဲကျပြီးနောက် ရှောင်မိုက သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ဖြင့် ဘာမှဖြစ်မည်မဟုတ်ဟု အစပိုင်းတွင် ထင်မှတ်ထားခဲ့ပေသည်။

ထို့အပြင် အခန်းထဲသို့ ပြန်ရောက်ပြီးနောက် သူ၏ မိခင်က သူ့ကို ရေနွေးနွေးလေးဖြင့် ရေချိုးပေးကာ အဝတ်အစားများပင် လဲလှယ်ပေးခဲ့သေး၏။ သို့သော် ရလဒ်က ဤသို့ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

နောက်တစ်နေ့ နံနက်ခင်းတွင် ရှောင်မို နိုးလာသောအခါ သူ ဖျားနေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရပေသည်။

ခုတင်ပေါ်တွင် လှဲလျောင်းရင်း ဤမွေးကင်းစ ခန္ဓာကိုယ်၏ ပထမဆုံး အဖျားရောဂါက ဤမျှ နေရခက်လိမ့်မည်ဟု ရှောင်မို မထင်မှတ်ထားခဲ့ဘဲ သူ၏ ခေါင်းများ မူးဝေကာ လွင့်မျောနေသကဲ့သို့ ခံစားနေရလေ၏။

"မိုအာ... ဘာဖြစ်လို့လဲ။"

ကျိုးရူရှီက သူမ၏ ကလေး ပါးပြင်များ နီရဲနေပြီး အပူရှိန်ကြောင့် မောဟိုက်နေသည်ကို မြင်သောအခါ လန့်ဖျပ်သွားခဲ့ပေသည်။ သူမက ရှောင်မို၏ နဖူးကို အလျင်အမြန် စမ်းကြည့်လိုက်လေ၏။

အထိအတွေ့နှင့်အတူ မည်မျှ ပူလောင်နေကြောင်း သူမ ရှင်းလင်းစွာ ခံစားလိုက်ရတော့သည်။

"ချွေ့ချွေ့... မိုအာ ဖျားနေတယ်၊ သမားတော်ကို မြန်မြန် သွားခေါ်ချေ။" ကျိုးရူရှီမှာ အလွန်တရာ စိုးရိမ်ပူပန်သွားပြီး ချွေ့ချွေ့ကို အလျင်အမြန် အော်ခေါ်လိုက်ပေသည်။

"ဟင်... သခင်လေး ဖျားနေတာလား။" ချွေ့ချွေ့မှာလည်း လန့်ဖျပ်သွားခဲ့လေ၏။ "သခင်မလေး... စိတ်မပူပါနဲ့၊ ဒီအစေခံ အခုချက်ချင်း သမားတော် သွားခေါ်လိုက်ပါ့မယ်။"

ထိုသို့ပြောပြီးနောက် ချွေ့ချွေ့က အပြင်သို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့ပေသည်။

"ငါ ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ..." ချွေ့ချွေ့ ထွက်သွားပြီးနောက် ကျိုးရူရှီမှာ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့လေ၏။

သို့သော် မကြာမီမှာပင် ကျိုးရူရှီက စိတ်ကို ငြိမ်သက်စေလိုက်ပြီး ရေနွေးတစ်ဇလုံကို လျင်မြန်စွာ ယူဆောင်လာကာ မျက်နှာသုတ်ပဝါကို ရေဆွတ်၍ သူမ၏ ကလေး၏ ခန္ဓာကိုယ်ကို သုတ်ပေးနေခဲ့ပေသည်။

အချိန်တွေ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသော်လည်း သမားတော်က ရောက်မလာသေးသောကြောင့် ကျိုးရူရှီမှာ အလွန်တရာ စိုးရိမ်ပူပန်နေခဲ့လေ၏။

အချိန်ကုန်နှေးလွန်းသည်ဟု သူမ တစ်ခါမှ မခံစားဖူးခဲ့ချေ။

အမွှေးတိုင် နှစ်တိုင်စာ အချိန်ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် သမားတော် ရောက်ရှိလာခဲ့ပေသည်။

"သခင်မလေး... စိုးရိမ်စရာ မလိုပါဘူး။ သခင်လေးက အအေးမိသွားတာပါ။ ဆေးတစ်ခွက် သောက်လိုက်ရင် ရပါပြီ။ တစ်နေ့ သုံးကြိမ် သောက်ရင် သက်သာသွားပါလိမ့်မယ်။"

ရှောင်မိုကို စမ်းသပ်ပြီးနောက် သမားတော်က ကျိုးရူရှီအား ပြောလိုက်လေ၏။

"ကျေးဇူးတင်ပါတယ် သမားတော်ကြီး။"

ကျိုးရူရှီက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူမ၏ အင်္ကျီလက်ထဲမှ ငွေစလေးတစ်ခုကို ထုတ်ယူကာ ဆုငွေအနည်းငယ် ပိုပေးလိုက်ပေသည်။

ယင်းကို လက်ခံရရှိပြီးနောက် သမားတော်က လျင်မြန်စွာ ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလေ၏။

အချိန်သိပ်မကြာလိုက်ခင်မှာပင် ရှောင်မိုမှာ မူးဝေဝေဖြစ်နေစဉ် သူ၏ ပါးစပ်ထဲသို့ ခါးသက်သော အရည်အချို့ စီးဆင်းလာသည်ကို ခံစားလိုက်ရပေသည်။ ရှောင်မိုက အလိုအလျောက် ထွေးထုတ်ချင်သွားသော်လည်း နောက်ဆုံးတွင်တော့ အောင့်ခံကာ မျိုချလိုက်လေ၏။

ထိုညနေခင်းတွင် ရှောင်မိုက ချွေးများ ထွက်လာပြီး များစွာ နေလို့ထိုင်လို့ ကောင်းသွားခဲ့ပေသည်။

"မိုအာ အဆင်ပြေသွားမှာပါ၊ မိုအာ မကြာခင် သက်သာလာတော့မှာပါ။ မေမေက မိုအာကို အမြဲတမ်း ကာကွယ်ပေးမှာပါ။"

မူးဝေဝေ အခြေအနေတွင် ရှောင်မိုက သူ၏ မိခင်၏ အသံကို ကြားလိုက်ရသော်လည်း မကြာမီမှာပင် သူက ဝေဝါးသော အိပ်မက်ထဲသို့ တစ်ဖန် ပြန်လည်နစ်မြုပ်သွားခဲ့လေတော့သည်။

နောက်တစ်နေ့ နံနက်ခင်းတွင် ရှောင်မို နိုးလာသောအခါ သူက လုံးဝ လန်းဆန်းတက်ကြွနေပြီး သူ၏ အဖျား ကျသွားပြီဖြစ်ကြောင်း ဖော်ပြနေခဲ့ပေသည်။

"မိုအာ... သားလေး နိုးပြီလား။"

သူ သတိဝင်လာသည်နှင့် တစ်ပြိုင်နက် ရှောင်မိုက သူ၏ မိခင်၏ အသံကို ကြားလိုက်ရလေ၏။

"မေမေ..."

ရှောင်မိုက နူးညံ့သောအသံလေးဖြင့် ခေါ်ဆိုလိုက်ပေသည်။

သူ၏ မိခင်၏ ချို့တဲ့နွမ်းနယ်နေသော မျက်နှာ၊ ထူထဲသော မျက်ကွင်းညိုများနှင့် ဖရိုဖရဲဖြစ်နေသော ဆံကေသာတို့ကို ကြည့်ရင်း...

သူ ဖျားကတည်းက သူ၏ မိခင်မှာ တစ်မှေးမျှပင် မအိပ်ခဲ့ရကြောင်း ရှောင်မို သိရှိလိုက်လေ၏။

"အင်းပါ အင်းပါ... မေမေ ဒီမှာ ရှိပါတယ်။"

ကျိုးရူရှီက ရှောင်မိုကို ပွေ့ချီလိုက်ပြီး သူ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပေသည်။

ထိုနေ့တွင် ရှောင်မိုက မြေပြင်ပေါ်၌ တစ်ဖန် ပြန်လည် လမ်းလျှောက်နိုင်ခဲ့ချေပြီ။

ဤခန္ဓာကိုယ်အသစ်က ကောင်းမွန်သည်ဟုသာ ဆိုရမည်ဖြစ်သည်။ မြန်မြန် ဖျားသလို မြန်မြန်လည်း ပြန်ကောင်းလာခဲ့ပေသည်။

ရှောင်မို ဖျားပြီး ဒုတိယမြောက်နေ့တွင် ရှောင်အိမ်တော်၏ ဒုတိယသခင်လေး၏ မွေးနေ့ ရောက်ရှိလာခဲ့လေ၏။

ရှောင်အိမ်တော်၏ ဒုတိယသခင်လေးဖြစ်သော ရှောင်ယီရှဲက ရှောင်အိမ်တော်၏ တရားဝင် ဇနီးမယားကြီးမှ မွေးဖွားလာခြင်းဖြစ်ပြီး ရှောင်မိုထက် တစ်နှစ်စောသည့်တိုင် သူတို့၏ မွေးနေ့များက နီးကပ်နေခဲ့ပေသည်။

ရှောင်ယီရှဲက သူ၏ ဒုတိယမြောက် မွေးနေ့ကိုသာ ကျင်းပခြင်း ဖြစ်သော်လည်း ရှောင်အိမ်တော် တစ်ခုလုံးကို အလွန်တရာ စည်ကားသိုက်မြိုက်စွာ အလှဆင်ထားပြီး ချင်တိုင်းပြည်မှ အဆင့်မြင့် အရာရှိကြီးများ၊ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဆွေမျိုးများနှင့် မိတ်ဆွေများစွာက သခင်လေး ရှောင်ယီရှဲကို ဂုဏ်ပြုရန် ရောက်ရှိလာခဲ့ကြလေ၏။

ပွဲတော်နေ့တွင် ကျိုးရူရှီက ရှောင်မိုကို ရှောင်အိမ်တော်၏ အရှေ့ဘက် ခြံဝင်းဆီသို့ ခေါ်ဆောင်သွားခဲ့ပေသည်။

ယင်းက ရှောင်မိုအတွက် သူ၏ မိခင်၏ ခြံဝင်းထဲမှ ပထမဆုံးအကြိမ် ထွက်ခွာဖူးခြင်းလည်း ဖြစ်ပေသည်။

ကျန်းပေမင်းသား၏ အိမ်တော်ဟူသော ဂုဏ်ပုဒ်နှင့် တကယ်ကို ထိုက်တန်သည်ဟုသာ ဆိုရမည်ဖြစ်သည်။ ကျန်းပေမင်းသား၏ အိမ်တော်က အလွန်တရာ ကြီးမားကျယ်ပြန့်လှပြီး တောင်တန်းများ၊ ရေပြင်များနှင့် ရေကန်များပင် ရှိနေသေးတော့၏။

ရှောင်မို၏ အမြင်တွင် ယင်း၏ ကြီးမားကျယ်ပြန့်မှုက သူ၏ ကိုယ်ပိုင် ဧကရာဇ်နန်းတော်ထက် အနည်းငယ်မျှသာ သေးငယ်လေ၏။

"မိုအာ... မေမေတို့ ဒီမှာ ထိုင်ကြမယ်နော်။ သားလေး စားချင်တာရှိရင် အားရပါးရ စားလိုက်။" ကျိုးရူရှီက ရှောင်မိုကို ထိုင်ခုံပေါ်တွင် ညင်သာစွာ ထိုင်စေပြီး သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပေသည်။

"အိုးဝူး..."

ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးပြူးပြူးကြီးများဖြင့် သွားလာလှုပ်ရှားနေသော လူများကို လိုက်လံကြည့်ရှုနေခဲ့လေ၏။

လူတိုင်းက ဒုတိယသခင်လေး ရှောင်ယီရှဲ၏ မွေးနေ့ကို ကျင်းပနေကြခြင်း ဖြစ်ပေသည်။

ရှောင်ယီရှဲ၏ ဝတ်စားဆင်ယင်မှုက အထူးတလည် ခမ်းနားထည်ဝါပြီး ထူးခြားလှပေသည်။

ချင်တိုင်းပြည်ရဲ့ဘုရင်ကပင် နန်းတော်ထဲမှနေ၍ လက်ဆောင်များနှင့် ဂုဏ်ပြုလွှာတစ်စောင်ကို ပေးပို့ခဲ့သေးတော့၏။

အခမ်းအနား ပြင်ဆင်မှုက တကယ်ကို ကြီးကျယ်ခမ်းနားလှပေသည်။

ကျိုးရူရှီက ခေါင်းလှည့်လိုက်ပြီး သူမ၏ မိုအာက စားပွဲပေါ်တွင် သူ၏ လက်သေးသေးလေးများဖြင့် ဆော့ကစားရင်း ဘယ်ညာ လိုက်လံကြည့်ရှုနေသည်ကို ကြည့်ကာ...

သူမ၏ ရင်ထဲတွင် အပြစ်မကင်းသည့် ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့ရလေ၏။

လက်ဆောင်ပေးအပ်သည့် အခမ်းအနား ပြီးဆုံးသွားပြီးနောက် ရှောင်အိမ်တော်မှ အစေခံမလေးများက ဟင်းပွဲများကို စတင် တည်ခင်းကြလေ၏။

ဤဟင်းပွဲများအားလုံးက ကုန်းသတ္တဝါနှင့် ရေသတ္တဝါများမှ ရရှိသော အဖိုးတန် ဟင်းလျာများဖြစ်ပြီး တစ်ပွဲမျှပင် တန်ဖိုးနည်းသည့် ဟင်းလျာ မပါဝင်ချေ။

ရှောင်မိုက အခြားသူများ၏ စကားပြောဆိုမှုများမှတစ်ဆင့် ချင်တိုင်းပြည်ရဲ့ဘုရင်က ဒုတိယသခင်လေး၏ မွေးနေ့အတွက် ဟင်းလျာများ ချက်ပြုတ်ပေးရန် နန်းတော်ထဲမှ နန်းတွင်းစားဖိုမှူးများကို ကျန်းပေမင်းသား၏ အိမ်တော်ဆီသို့ အထူးတလည် စေလွှတ်ပေးခဲ့ကြောင်းကိုပင် သိရှိခဲ့ရလေ၏။

ရက်အနည်းငယ် အကြာတွင် ကျရောက်မည့် သူ၏ ကိုယ်ပိုင် မွေးနေ့တွင်ရော ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော ပြင်ဆင်မှုမျိုး ရှိပါမည်လား။

သူ တွေးကြည့်စရာပင် မလိုချေ။ သေချာပေါက် ရှိလာမည် မဟုတ်ပေ။

ရှောင်အိမ်တော်က ယင်းကို လျစ်လျူရှုထားလိမ့်မည်သာ ဖြစ်လေ၏။

သို့သော် ရှောင်မိုက ယင်းကို ရင်ထဲတွင် သိပ်ပြီး အရေးတယူ မခံစားနေခဲ့ချေ။

ရှောင်အိမ်တော်၏ ဒုတိယသခင်လေး မွေးနေ့ပြီးနောက် တတိယမြောက်နေ့မှာ ရှောင်မို၏ မွေးနေ့ ဖြစ်ပေသည်။

အမှန်တကယ်ပင် ကိုယ်လုပ်တော်တစ်ဦး၏ သားဖြစ်သောကြောင့် မည်သူကမျှ ရှောင်မို၏ မွေးနေ့ကို အရေးတယူ ဂရုမစိုက်ခဲ့ကြချေ။

သို့သော် ထိုနေ့ နံနက်ခင်း ရှောင်မို နိုးလာသည်နှင့် တစ်ပြိုင်နက် သူ၏ မိခင်က သူ့ကို ပွဲလမ်းသဘင်များတွင် ဝတ်ဆင်လေ့ရှိသော အနီရောင် ဝတ်စုံလေးကို လဲလှယ်ဝတ်ဆင်ပေးခဲ့လေ၏။

ချွေ့ချွေ့က အနီရောင် မီးပုံးများနှင့် အနီရောင် ဖဲကြိုးများစွာကို ဝယ်ယူလာပြီး ခြံဝင်းကို အလှဆင်ခဲ့ပေသည်။

ချွေ့ချွေ့က အပြင်ဘက်မှ မုန့်များနှင့် သရေစာများစွာကို ဝယ်ယူလာခဲ့ရုံသာမက လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၊ ကြက်သား၊ ဘဲသား၊ ငါးနှင့် အသားများကိုပါ ဝယ်ယူလာခဲ့သေးတော့၏။

ရှောင်မိုက ခြံဝင်းထဲတွင် ထိုင်ကာ နှင်းလုံးလေးများနှင့် ဆော့ကစားရင်း သူ၏ မိခင်နှင့် အန်တီချွေ့တို့ အလုပ်ရှုပ်နေကြသည်ကို ကြည့်ရှုနေခဲ့လေ၏။

သူတို့၏ မျက်နှာထက်တွင် ပျော်ရွှင်သော အပြုံးများက အလှဆင်နေခဲ့ပေသည်။

ညနေခင်း ညဉ့်ယံသို့ ရောက်ရှိလာသောအခါ အနီရောင် မီးပုံးများကို တစ်လုံးပြီးတစ်လုံး ထွန်းညှိလိုက်ကြပြီး သူတို့၏ နွေးထွေးသော အနီရောင် အလင်းတန်းများက တောက်ပသော လရောင်နှင့် ရောနှောကာ ခြံဝင်းတစ်ခုလုံးကို လင်းထိန်နေစေတော့၏။

ကျိုးရူရှီနှင့် ချွေ့ချွေ့တို့က ပြင်ဆင်ချက်ပြုတ်ထားသော ဟင်းလျာများကို အိမ်ထဲသို့ ယူဆောင်လာခဲ့ကြပေသည်။

အစားအစာ၏ မွှေးရနံ့များက အခန်းတစ်ခုလုံး ပြည့်နှံ့သွားခဲ့လေ၏။

"မိုအာ..."

ကျိုးရူရှီက သူမ၏ ကလေးအရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ၏ လက်သေးသေးလေးကို ဆုပ်ကိုင်ကာ သူ၏ မျက်လုံးပြူးပြူးကြီးများကို ကြင်နာယုယစွာ စိုက်ကြည့်နေခဲ့လေ၏။

"မေမေက အသုံးမကျဘူး၊ မေမေက သားရဲ့ ဒုတိယအစ်ကိုလိုမျိုး စည်ကားသိုက်မြိုက်တဲ့ မွေးနေ့ပွဲကြီး မလုပ်ပေးနိုင်ဘူး၊ သားနဲ့အတူတူ အောင်ပွဲခံဖို့ လူတွေ အများကြီးလည်း မဖိတ်ခေါ်နိုင်ဘူး၊ တန်ဖိုးကြီးတဲ့ ဟင်းလျာတွေ ဝယ်ဖို့လည်း ငွေအများကြီး မရှိဘူး။ မေမေနဲ့ အန်တီချွေ့က သားရဲ့ မွေးနေ့ကို ဒီခြံဝင်းထဲမှာပဲ ကျင်းပပေးနိုင်တယ်။ သား မေမေ့ကို အပြစ်မတင်ဘူး မဟုတ်လား။"

ရှောင်မိုက သူ၏ ခေါင်းကို အားပါးတရ ခါယမ်းလိုက်ပြီး သူ၏ ကလေးသံလေးဖြင့် စကားလုံးတိုင်းကို ရှင်းလင်းပြတ်သားစွာ ပြောဆိုလိုက်လေ၏။ "မေမေ... ကြိုက်... စား..."

ကျိုးရူရှီက အနည်းငယ် မှင်တက်သွားပြီးနောက် သူမ၏ ကလေး ပြောဆိုနေသည်ကို လျင်မြန်စွာ နားလည်သွားခဲ့ပေသည်။ သူမ၏ မျက်ဝန်းများက တုန်ရီသွားပြီး သူမ၏ ကလေးကို တင်းကျပ်စွာ ဖက်တွယ်လိုက်လေ၏။ "မေမေလည်း မိုအာကို အရမ်းချစ်တယ်..."

"သခင်လေး၊ သခင်လေး... ဒါက သခင်လေးအတွက် ကျွန်မရဲ့ မွေးနေ့လက်ဆောင်ပါ၊ အထင်မသေးပါနဲ့နော်။" ချွေ့ချွေ့က ငွေလက်ကောက်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး ရှောင်မို၏ လက်ထဲသို့ ပျော်ရွှင်စွာ စွပ်ပေးလိုက်ပေသည်။

ထိုငွေလက်ကောက်ကို ကြည့်ရင်း ယင်းက အန်တီချွေ့ စုဆောင်းထားသော လစာငွေ အနည်းဆုံး နှစ်ဝက်စာ ကုန်ကျလိမ့်မည် ဖြစ်ကြောင်း ရှောင်မို သိရှိလိုက်လေ၏။

"အရမ်း... လှတယ်..." ရှောင်မိုက ပျော်ရွှင်သော အမူအရာကို ပြသလိုက်ပေသည်။

"ဟီးဟီး... သခင်လေး သဘောကျရင် ပြီးတာပါပဲ။" သခင်လေး ပျော်ရွှင်နေသည်ကို မြင်သောအခါ ချွေ့ချွေ့မှာ ပို၍ပင် ပျော်ရွှင်သွားခဲ့လေ၏။

"မိုအာ... ဒါက သားလေး တစ်နှစ်ပြည့်အတွက် မေမေ့ရဲ့ လက်ဆောင်ပါ။"

ကျိုးရူရှီက ရှောင်မို၏ လည်ပင်းတွင် ငြိမ်းချမ်းရေး ကျောက်စိမ်းဆွဲကြိုးပြားလေးတစ်ခုကို ဆွဲပေးလိုက်ပေသည်။

"အနာဂတ်မှာ သားလေး ဘယ်လို အောင်မြင်မှုတွေ ရလာမလဲဆိုတာ မေမေ ဂရုမစိုက်ပါဘူး။"

"မေမေက မိုအာကို... နှစ်စဉ်နှစ်တိုင်း ဘေးကင်းငြိမ်းချမ်းပါစေလို့ပဲ မျှော်လင့်ပါတယ်။"

အခန်း ၃၂၂ - ကလေး... မင်းနာမည် ဘယ်လိုခေါ်လဲ

မသိမသာဖြင့်ပင် ရှောင်မိုက အသက်သုံးနှစ်အရွယ်သို့ ရောက်ရှိလာခဲ့ချေပြီ။

ဤသုံးနှစ်တာကာလအတွင်း ရှောင်မို၏ နေ့ရက်များက သာမန်မျှသာ ဖြစ်သော်လည်း ဤငြိမ်းချမ်းသော နေ့ရက်များက အလွန်တရာ ပျော်ရွှင်ဖွယ်ကောင်းလှသည်ဟု သူ ခံစားခဲ့ရလေ၏။

ဘဝပေါင်းများစွာ ဖြတ်သန်းခဲ့ရသော်လည်း ဤသည်မှာ ရှောင်မိုအတွက် မိခင်မေတ္တာကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်ရာ သဘာဝကျကျပင် သူက ယင်းကို ပို၍ တန်ဖိုးထားမြတ်နိုးနေခဲ့ပေသည်။

ရှောင်အိမ်တော်အတွင်းရှိ ရှောင်မို၏ တည်ရှိမှုကမူ အလွန်တရာ နိမ့်ကျလှပေသည်။ အထူးသဖြင့် ရှောင်မင်းသား၏ အခြားကိုယ်လုပ်တော်များက ကလေးနှစ်ယောက် ထပ်မံမွေးဖွားပြီးနောက်တွင် ရှောင်မို၏ တည်ရှိမှုက သုညနီးပါးပင် ဖြစ်သွားခဲ့လေတော့သည်။

သို့သော် ရှောင်မို အသက်နှစ်နှစ်နှင့် ကိုးလအရွယ်သို့ ရောက်ရှိလာသောအခါ ရှောင်အိမ်တော်မှ အစေခံမလေးတစ်ဦးက သူ၏မိခင်ထံသို့ ရောက်ရှိလာခဲ့ပေသည်။

ချွေ့ချွေ့က ရှောင်မိုကို ပွေ့ချီကာ ခေါ်ဆောင်သွားခဲ့သောကြောင့် ထိုအစေခံမလေးက သူ၏မိခင်ကို မည်သို့ပြောဆိုခဲ့သည်ကို ရှောင်မို မသိခဲ့ချေ။

သူ ပြန်ရောက်လာချိန်တွင် သူ၏မိခင်က ခြံဝင်းထဲ၌ ငေးမောတွေဝေစွာ ထိုင်နေပြီး အနည်းငယ် စိတ်ပူပန်နေပုံရသည်ကိုသာ ရှောင်မို သိရှိခဲ့လေ၏။

သူ၏မိခင်နှင့် အန်တီချွေ့တို့၏ စကားပြောဆိုမှုများမှတစ်ဆင့်သာ ဘာတွေဖြစ်ပျက်ခဲ့သနည်း ဆိုသည်ကို ရှောင်မို သိရှိလိုက်ရပေသည်။

အမှန်တကယ်တော့ ရှောင်အိမ်တော်မှ ကလေးများအားလုံးသည် တရားဝင်ဇနီးမှ မွေးဖွားသည်ဖြစ်စေ၊ ကိုယ်လုပ်တော်မှ မွေးဖွားသည်ဖြစ်စေ အသက်သုံးနှစ်ပြည့်သည်နှင့် သိုင်းပညာကျင့်ကြံရန် ခေါ်ဆောင်သွားခြင်း ခံရမည်ဖြစ်လေသည်။

ထို့ကြောင့် ကိုယ်လုပ်တော်၏သားဖြစ်သော ရှောင်မိုလည်း သွားရောက်ရမည် ဖြစ်ပေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ တရားဝင်ဇနီးမှ မွေးဖွားလာသော သားများက သီးသန့် သိုင်းတာအို ကျွမ်းကျင်သူများထံမှ တစ်ဦးချင်း သင်ကြားပြသမှုများကို လက်ခံရရှိခြင်း ဖြစ်လေ၏။

သို့သော် ရှောင်မိုကဲ့သို့သော ကိုယ်လုပ်တော်၏သားများကမူ သာမန်ဆရာများ၏ သင်ကြားမှုကိုသာ ခံယူရပြီး ဂိုဏ်းတစ်ခုရှိ အပြင်စည်းတပည့်များ စုပေါင်းသင်ကြားမှုကို ခံယူရသည်နှင့် ဆင်တူလှပေသည်။

မည်သို့ပင်ဆိုစေ သာမန်မိသားစုများနှင့် နှိုင်းယှဉ်လိုက်လျှင် ဤသည်က အတော်လေး ကောင်းမွန်နေပြီ ဖြစ်လေတော့သည်။

ဆင်းရဲနွမ်းပါးသော မိသားစုများစွာမှာ သိုင်းပညာကျင့်ကြံရန် ဝေးစွ၊ သူတို့၏ တစ်သက်တာလုံး အခြေခံ စားဝတ်နေရေးအတွက်သာ ပူပန်နေကြရသည် မဟုတ်ပါလော။

သူ၏မိခင် စိတ်ပူပန်နေရခြင်း၏ အကြောင်းရင်းမှာ သိုင်းပညာလမ်းစဉ်က မွေးရာပါ ပင်ပန်းခက်ခဲလှပြီး သူမက သူ့ကို ဤမျှ ဒုက္ခမခံစေချင်သောကြောင့် ဖြစ်ပေသည်။

သို့သော် သူ၏မိခင်အနေဖြင့် မည်သို့ ငြင်းဆန်နိုင်မည်နည်း။

မိုအာ... ထိုနေ့ ညနေခင်းတွင် ကျိုးရူရှီက သူမ၏ကလေး၏ လက်သေးသေးလေးကို ဆုပ်ကိုင်ထားပြီး တုံ့ဆိုင်းနေသော အမူအရာဖြင့် ပြောလိုက်လေ၏။ “မေမေ သားကို ပြောစရာတစ်ခု ရှိတယ်...”

“မေမေ... ဘာများလဲဟင်“ ရှောင်မိုက မသိနားမလည်ဟန်ဆောင်ကာ သူ၏ မျက်လုံးပြူးပြူးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပေသည်။

“ဒီလိုပါ သားရယ်” ကျိုးရူရှီက သူမ၏ နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်လေ၏။ “မိုအာက အခု သုံးနှစ်ပြည့်သွားပြီဆိုတော့ မေမေတို့ရဲ့ ကျန်းပေမင်းသားအိမ်တော်က ကလေးတွေက သိုင်းပညာ ကျင့်ကြံရတော့မှာလေ။ အဲဒါကြောင့် နောက်ရက်အနည်းငယ်နေရင် မိုအာက လေ့ကျင့်ရေးကွင်းကို သွားပြီး သိုင်းကျင့်ရမယ်။ မိုအာ... သွားချင်ရဲ့လား”

“သိုင်းပညာကျင့်တယ်ဆိုတာ ဘာလဲ မေမေ” ရှောင်မိုက ခေါင်းလေးကို စောင်းကာ မေးလိုက်ပေသည်။

“သိုင်းပညာကျင့်တယ်ဆိုတာက... အရမ်း အစွမ်းထက်တဲ့ သိုင်းကွက်တွေကို လေ့ကျင့်ရတာပေါ့။ အဲဒီနောက်မှာ မိုအာက အရမ်း အစွမ်းထက်တဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်” ကျိုးရူရှီက ခဏမျှ စဉ်းစားပြီးနောက် ပြန်လည် ဖြေကြားလိုက်လေ၏။

“ဒါဆိုရင် မေမေ... သားက သိုင်းပညာ သွားကျင့်ချင်တယ်” ရှောင်မိုက အလေးအနက် ပြောလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်တောင့်တနေသော အရိပ်အယောင်များပင် ပေါ်လွင်နေခဲ့ပေသည်။

“ဒါပေမဲ့ မိုအာရယ်၊ သိုင်းပညာကျင့်ရတာ အရမ်း ပင်ပန်းတယ်နော်” ကျိုးရူရှီက မလိုလားစွာဖြင့် ပြောလိုက်လေ၏။

“ရပါတယ် မေမေ။ သားက မကြောက်ပါဘူး။ သားက အရမ်းအစွမ်းထက်တဲ့ လူတစ်ယောက် ဖြစ်လာပြီဆိုရင် မေမေ့ကို ကာကွယ်ပေးနိုင်မှာမို့ ဘယ်သူကမှ မေမေ့ကို အနိုင်ကျင့်နိုင်တော့မှာ မဟုတ်ဘူး”

သူမ၏ကလေး၏ စကားများကို ကြားသောအခါ ကျိုးရူရှီ၏ အမူအရာက အနည်းငယ် မှင်တက်သွားပြီး သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းလာခဲ့လေတော့သည်။ “အင်းပါ... ကောင်းပါပြီ။ ဒါဆိုရင် မေမေက မိုအာ ကြိုးကြိုးစားစား သိုင်းကျင့်တာကို စောင့်နေမယ်နော်။ အောင်မြင်မှုတွေ ရလာတဲ့အခါကျရင် မေမေ့ကို ကာကွယ်ပေးပေါ့”

ရှောင်မိုက ခေါင်းကို အားပါးတရ ညိတ်ပြလိုက်ပေသည်။ သား ကြိုးစားပါ့မယ်။

“မိုအာက လိမ္မာလိုက်တာ။ လာပါဦး မေမေ့ကို ဖက်ပါဦး”

ကျိုးရူရှီက သူမ၏ ကလေးကို ဖက်တွယ်လိုက်လေ၏။

“မေမေ... ငိုနေတာလား” ရှောင်မိုက မေးလိုက်ပေသည်။

မငိုပါဘူး။ ကျိုးရူရှီက မျက်ရည်များကို ခိုးသုတ်လိုက်လေ၏။

“မေမေ လိမ်နေတာပဲ။ မေမေ ငိုနေတာ သိသာကြီးကို”

“အရူးလေး“ ကျိုးရူရှီက တောက်ပစွာ ပြုံးလိုက်ပေသည်။ မေမေက ဝမ်းသာလို့ပါ...

ခုနစ်ရက် အကြာတွင် ကျိုးရူရှီက သူမ၏ကလေး၏ လက်ကို ဆွဲကာ ရှောင်အိမ်တော်၏ လေ့ကျင့်ရေးကွင်းဆီသို့ ရှောင်မိုကို ခေါ်ဆောင်သွားခဲ့လေ၏။

လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် သူနှင့် ရွယ်တူ ကလေးငယ်များစွာကို ရှောင်မို မြင်တွေ့လိုက်ရပေသည်။

သူတို့အထဲတွင် အသက်အကြီးဆုံးများမှာ ငါးနှစ်အရွယ်များ ဖြစ်ကြပြီး အငယ်ဆုံးများမှာ ရှောင်မိုကဲ့သို့ သုံးနှစ်အရွယ်များ ဖြစ်ကြလေ၏။

ငါးနှစ်အရွယ် ကလေးများအားလုံးမှာ ရှောင်အိမ်တော်၏ ဆွေမျိုးဝေးများ ဖြစ်ကြပြီး သုံးနှစ်အရွယ် ကလေးအများစုကမူ ဆွေမျိုးရင်းချာများ ဖြစ်ကြပေသည်။

ဆွေမျိုးဝေးများ၏ ကလေးများက အသက်ငါးနှစ်အရွယ်မှသာ သိုင်းပညာကို စတင်ကျင့်ကြံနိုင်ခွင့် ရှိပြီး ယင်းက ရှောင်အိမ်တော်အတွင်းရှိ ဆွေမျိုးရင်းချာများ၏ သာလွန်မှုကို သေချာစေခြင်း ဖြစ်လေတော့သည်။

ကျိုးရူရှီက ရှောင်အိမ်တော်မှ ဆရာဖြစ်သူကို မြင်သောအခါ လျင်မြန်စွာ လျှောက်သွားပြီး ဆရာဖြစ်သူနှင့် စကားအနည်းငယ် ပြောဆိုလိုက်ကာ ရွှေစသေးသေးလေး တစ်ခုကို ထုတ်ယူ၍ သူ့ထံသို့ တိတ်တဆိတ် ထည့်ပေးရန် ကြိုးစားလိုက်ပေသည်။

သို့သော် ဆရာဟွမ် အမည်ရှိသော ထိုဆရာက ရွှေစသေးသေးလေးကို နောက်သို့ ပြန်တွန်းပို့လိုက်သည်ကို ရှောင်မို မြင်တွေ့လိုက်ရလေ၏။ သူ၏မိခင်က မည်မျှပင် အတင်းအကျပ် ပေးနေစေကာမူ သူက လက်ခံရန် ငြင်းဆန်နေခဲ့ပေသည်။

သူက အနည်းငယ် ဒေါသထွက်နေပုံပင် ရသေးတော့၏။

နောက်ဆုံးတွင် သူ၏မိခင်က လက်လျှော့လိုက်ရုံသာ တတ်နိုင်တော့ချေ။

သို့သော် ရှောင်မိုမှာ အတော်လေး သိချင်စိတ် ပြင်းပြနေခဲ့ပေသည်။

ဆရာဟွမ်က တကယ်ပဲ အဲဒီလောက် စည်းကမ်းကြီးတာလား။

“မိုအာ... မေမေ ဒီမှာ သားနဲ့အတူတူ နေလို့မရဘူး၊ မေမေ အရင် ပြန်ရမယ်။ ယုနာရီ ရောက်တဲ့အခါကျရင် မေမေ သားကို လာကြိုမယ်နော်။ ကျိုးရူရှီက သူမ၏ ကလေးကို မလိုလားစွာ ကြည့်ရင်း ညွှန်ကြားချက်များစွာ ပေးနေခဲ့လေ၏။ ဆရာဟွမ်က တော်တော်လေး စည်းကမ်းကြီးတယ်။ သားက ဆရာဟွမ်ရဲ့ စကားကို သေချာနားထောင်ရမယ်၊ ဆရာဟွမ်ကို ဒေါသမထွက်စေနဲ့နော်၊ ကြားလား”

“ကြားပါတယ် မေမေ” ရှောင်မိုက အလေးအနက် ခေါင်းညိတ်လိုက်ပေသည်။

“ဒါဆိုရင် မေမေ အရင် သွားတော့မယ်နော်...” ကျိုးရူရှီက သူမ၏ကလေးနှင့်အတူ အချိန်အနည်းငယ် ထပ်မံ ဖြုန်းချင်သေးသော်လည်း အနီးနားရှိ ဆရာဟွမ်မှာ စိတ်မရှည်တော့သည့်ဟန် ရှိနေသည်ကို မြင်လိုက်ရလေ၏။

“တာ့တာ မေမေ။ သား လိမ္မာပါ့မယ်လို့ ကတိပေးပါတယ်”

“အင်းပါ... မိုအာက အလိမ္မာဆုံးလေးပါ”

ကျိုးရူရှီက ရှောင်မို၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး မတ်တတ်ရပ်ကာ လှမ်းထွက်သွားရင်း ခြေလှမ်းအနည်းငယ် လှမ်းတိုင်း နောက်သို့ လှည့်လှည့်ကြည့်နေခဲ့ပေသည်။

“ကဲ ငချွတ်လေးတွေ၊ ဒီကို လာကြစမ်း”

ကျိုးရူရှီ ထွက်သွားပြီးနောက် ဆရာဟွမ်က အကြိမ်အနည်းငယ် အော်ဟစ်လိုက်ပြီး အနီးနားရှိ ကလေးများအားလုံးကို အနီးသို့ ခေါ်ယူလိုက်လေ၏။

“ဒီနေ့ကစပြီး ငါက မင်းတို့ရဲ့ ဆရာပဲ။ မင်းတို့ ငါ့ကို ဆရာဟွမ် လို့ပဲ ခေါ်လို့ရတယ်။ ဒီမှာ ငါက မင်းတို့ရဲ့ နောက်ခံကို ဂရုမစိုက်ဘူး။ မင်းတို့အားလုံးမှာ အထောက်အထား တစ်ခုတည်းပဲ ရှိတယ်၊ အဲဒါက ငါ့တပည့် ဆိုတာပဲ။

“ငါက လှံသိုင်းပညာကို အထူးပြုကျင့်ကြံတယ်”

“ဒါပေမဲ့ လှံသိုင်းမကျင့်ခင်မှာ မင်းတို့က လက်သီးကို အရင် ကျင့်ရမယ်။

ငါက မင်းတို့ကို လက်သီးသိုင်းကွက်တွေ အရင် သင်ပေးမယ်။

အခု ချက်ချင်း။ လေ့ကျင့်ရေးကွင်းကို ပတ်ပြီး နှစ်ပတ် ပြေးကြစမ်း။

အဆင်သင့်ဖြစ်ပြီလား... ပြေး”

ဆရာဟွမ်၏ အမိန့်ပေးသံနှင့်အတူ အသက်ပိုကြီးသော ကလေးများက လေ့ကျင့်ရေးကွင်းကို ပတ်၍ ချက်ချင်း စတင်ပြေးလွှားကြလေ၏။

ကြောင်အသွားသော ကလေးငယ်များမှာလည်း ဆရာဟွမ်၏ ခြေကန်ချက် အနည်းငယ်ကို ခံလိုက်ရပြီးနောက် လျင်မြန်စွာ သတိဝင်လာကြကာ အလျင်အမြန် လိုက်ပါ ပြေးလွှားကြလေတော့သည်။

ပြေးပြီးနောက် သူတို့က ခြေတံများကို ဆန့်တန်းခြင်း၊ ခန္ဓာကိုယ်အလယ်ပိုင်းကို လေ့ကျင့်ခြင်းနှင့် သစ်ငုတ်တိုင် ရပ်တည်မှုဟန်ပန်စသော အခြေခံလေ့ကျင့်ခန်းများကို ဆက်လက် ပြုလုပ်ခဲ့ကြပေသည်။

ကလေးများစွာက လေ့ကျင့်နေစဉ်အတွင်း မြေပြင်ပေါ်၌ အကျယ်ကြီး အော်ဟစ်ငိုကြွေးလာကြသော်လည်း ဆူပူကြိမ်းမောင်းခံရပြီးနောက် သူတို့က ဆက်လက်၍သာ ကျင့်ကြံရုံသာ တတ်နိုင်ကြတော့၏။

ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် အသက်သုံးနှစ်သာ ရှိသေးသော ရှောင်မိုကမူ အသံတစ်သံမျှ မထွက်ခဲ့ဘဲ သူ၏ မြင်းထိုင် ထိုင်မှုက အခြားသူများထက်ပင် ပို၍ ခိုင်မာနေခဲ့လေ၏။

ရှောင်မို မည်မျှ ကောင်းမွန်စွာ စွမ်းဆောင်နိုင်သည်ကို မြင်သောအခါ ဆရာဟွမ်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ပေသည်။

“ဟေ့... မင်းလေး၊ ဒီကို လာခဲ့စမ်း” ဆရာဟွမ်က ရှောင်မိုကို လှမ်းအော်လိုက်လေ၏။

ရှောင်မိုက မတ်တတ်ရပ်လိုက်ပြီး ဆရာဟွမ်ရှိရာသို့ လျှောက်သွားလိုက်ပေသည်။

ဆရာဟွမ်က စကားတစ်ခွန်းမျှ မဆိုဘဲ ရှောင်မို၏ အဆစ်အမြစ်များနှင့် အရိုးများကို ဆုပ်ကိုင်လိုက်ကာ မပြတ်တမ်း ဆွဲဆန့်ပြီး လှည့်ချိုးလိုက်ရာ ရှောင်မို၏ အရိုးများမှာ တကျွတ်ကျွတ် မြည်သွားစေတော့၏။

ရှောင်မို၏ ပါရမီနှင့် အရိုးဖွဲ့စည်းပုံတို့ကို စစ်ဆေးပြီးနောက် ဆရာဟွမ်မှာ ပို၍ပင် အံ့အားသင့်သွားခဲ့ရပေသည်။

ဤနေရာတွင် ဤမျှ အလားအလာကောင်းသော ပါရမီရှင်တစ်ဦးကို တွေ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

“ကလေး... မင်းနာမည် ဘယ်လိုခေါ်လဲ” ဆရာဟွမ်က မေးလိုက်လေ၏။

“ရှောင်မိုလို့ခေါ်ပါတယ်” ရှောင်မိုက ပြန်ဖြေလိုက်ပေသည်။

ဆရာဟွမ်က သူ၏နာမည်ကို မှတ်သားလိုက်လေ၏။ “ရှောင်မို... မင်းက အသက်သုံးနှစ်ပဲ ရှိသေးပြီး ဘာမှ မသိသေးဘူး ဆိုပေမဲ့ သိုင်းပညာကျင့်တယ်ဆိုတာ ရည်မှန်းချက် ရှိရမယ်”

“ကျွန်တော့်မှာ ရည်မှန်းချက် ရှိတယ်” ရှောင်မိုက ပြန်ဖြေလိုက်ပေသည်။

“အိုး..” ဆရာဟွမ်က ပြုံးလိုက်လေ၏။ “ဒါဆို ကလေး... မင်းရဲ့ ရည်မှန်းချက်က ဘာလဲ”

“ကျွန်တော်က မေမေ့ကို ကာကွယ်ပေးချင်တယ်။ ပြီးတော့ ကျွန်တော်က စစ်သူကြီး တစ်ယောက်ဖြစ်လာအောင် လုပ်ပြီး မေမေ့ကို ဘဝကောင်းလေး ရစေချင်တယ်”

“မင်းအမေကို ကာကွယ်ပေးပြီး စစ်သူကြီး ဖြစ်ချင်တယ်ပေါ့။ ဆရာဟွမ်က ခဏမျှ မှင်တက်သွားပြီးနောက် အားပါးတရ ရယ်မောလိုက်လေတော့သည်။ ဟားဟားဟား...”

“အဲဒါက တကယ်ကို ကောင်းမွန်တဲ့ ရည်မှန်းချက်ပဲ။ ဒါပေမဲ့ ကလေး... ပါးစပ်ကနေ ပြောနေရုံနဲ့တင် အောင်မြင်နိုင်တဲ့ အရာမျိုးတော့ မဟုတ်ဘူး”

ဆရာဟွမ်က သူ၏လေ့ကျင့်မှုကို ဝင်ရောက်ရပ်တန့်လိုက်ပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ သူ့ကို ပြောလိုက်ပေသည်။ “လာစမ်း... အခု မင်းရဲ့ ခွန်အား အားလုံးကို သုံးပြီး ငါ့ကို လက်သီးနဲ့ ထိုးစမ်း”

ရှောင်မိုက မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး သူ ဘာလုပ်နေမှန်း မသိသော်လည်း ဆရာဟွမ် ညွှန်ကြားသည့်အတိုင်း သူ၏ ခွန်အား အပြည့်အဝကို အသုံးပြု၍ ဆရာဟွမ်ကို လက်သီးဖြင့် ထိုးချလိုက်လေ၏။

“အားပါပါ ထိုးစမ်း။

မင်း ထမင်းမစားထားဘူးလား။

ဒီလိုပုံစံနဲ့ဆိုရင် မင်းအမေကို ဘယ်လိုလုပ်ပြီး ကာကွယ်ပေးနိုင်မှာလဲ။

နောက်တစ်ခါ... ထိုးစမ်း။

စစ်သူကြီးဖြစ်ချင်ပြီး မင်းအမေကို ဘဝကောင်းလေး ရစေချင်တယ် ဟုတ်လား။ အဓိပ္ပာယ်မရှိတာ။ အားပိုထည့်စမ်း။

မဆိုးဘူးပဲ။

နောက်တစ်ခါ။

နောက်တစ်ခါ”

All Chapters