← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

​အခန်း ၂၁၁- နဂါးကျားတောင်ပေါ်မှ မိစ္ဆာဖမ်းပွဲ။

​"အို... နတ်ဆရာကြီး ဘာတွေပြောနေတာလဲဗျာ။ ကျွန်တော်တို့က မိတ်ဟောင်းဆွေဟောင်းတွေပဲဟာ အခုလိုပြောတော့ ကျွန်တော် တော်တော်လေး အားနာသွားရပြီ။"

​လုပေါင်သည် ဖြောင့်မတ်မှန်ကန်သော မျက်နှာထားဖြင့် ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ သူ မည်ကဲ့သို့သော အကျိုးအမြတ်များ ညှစ်ထုတ်နိုင်မလဲဆိုသည်ကို စိတ်ထဲမှ တွက်ချက်နေပြီဖြစ်သည်။

​"ဒါက လိုအပ်ပါတယ်။ သူငယ်ချင်းလေး လု ငြင်းမနေပါနဲ့တော့။"

နတ်ဆရာကြီးက ကြင်နာတတ်ပြီး သဘောကောင်းသော မျက်နှာထားဖြင့် ရယ်မောကာ ပြောလိုက်သည်။

​ထိုအခါမှ လုပေါင်က ဟန်ဆောင်မနေတော့ဘဲ နတ်ဆရာကြီး၏ အကူအညီတောင်းခံမှုကို လွယ်လွယ်ကူကူပင် လက်ခံလိုက်လေသည်။

ထိုအချိန်မှသာ လုပေါင်သည် မှောင်မည်းနေသော Live လွှင့်ကွက်အတွင်းရှိ ပရိသတ်များကို သတိရသွားပြီး Live ဗီဒီယိုကို အမြန်ပြန်ဖွင့်လိုက်သည်။

​"အဲ့ဒီ နည်းပညာရှင်က ဘယ်လိုဖြစ်တာလဲ ငါ့ Live က ဘာလို့ မှောင်သွားတာလဲ။ဒီတစ်ခါတော့ မင်းကို ငါ ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါ ထပ်မဖြစ်စေနဲ့။"

Live ပြန်ပွင့်လာသည်နှင့် တစ်ပြိုင်နက် လုပေါင်သည် ဖြောင့်မတ်လှပါသည်ဆိုသော မျက်နှာပေးဖြင့် သရုပ်ဆောင်တော့သည်။

​သို့သော်လည်း သူတို့၏ ရတနာနတ်ဘုရား မှာ ကိုယ်ကျင့်တရား မည်မျှခေါင်းပါးသည်ကို သိရှိထားကြသော ပရိသတ်များကမူ သူ၏စကားကို တစ်ဝက်သာ ယုံကြည်ကြသည်။ မကြာမီပင် နည်းပညာရှင်တစ်ဦး၏ မှတ်ချက်တစ်ခုက စခရင်ပေါ်တွင် ပေါ်လာသည်။

​"ကျွန်တော့်ရဲ့ နည်းပညာရှင် လုပ်ဖော်ကိုင်ဖက်က ဒီစကားကို ပါးလိုက်တာပါ။ အဲ့ဒီအချိန်တုန်းက တကယ်လို့သာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာ တစ်ခုတည်းရှိခဲ့ရင် သူ့တစ်မိသားစုလုံး သေပါစေလို့ သူက ကျိန်ဆိုထားပါတယ်။ ဒါကြောင့် စကားပြောရင် ဆင်ခြင်ပေးပါ Streamer။"

​ဤမှတ်ချက်ကို မြင်သောအခါ ပရိသတ်များမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

​"ရတနာနတ်ဘုရား... မင်းရဲ့ မသမာတဲ့ အကြံတွေကို ရပ်လိုက်ပါတော့ ပလက်ဖောင်းက နည်းပညာရှင်တောင် မခံနိုင်တော့ဘူး။"

​"အဲ့ဒီ နည်းပညာရှင်ကတော့ တကယ် သနားစရာပဲ ဘာမှမလုပ်ဘဲ အပြစ်တင်ခံနေရတယ်။"

​လုပေါင်သည် အခြေအနေမဟန်တော့မှန်းသိသဖြင့် ဝန်ခံလိုက်ရသည်။

"အဟမ်း ညီအစ်ကိုတို့ ကျွန်တော်နဲ့ နတ်ဆရာကြီးတို့က နဂါးကျားတောင် ရှုခင်းသာနယ်မြေရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစိတ် ဆွေးနွေးခဲ့ကြတာပါ။ တောင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်တွေအတွက် နဂါးကျားတောင်မှာ Live လွှင့်ပေးဖို့ နတ်ဆရာကြီးက ကျွန်တော့်ကို အထူးတောင်းဆိုခဲ့တာပါ။"

​ပရိသတ်များက နောက်ပြောင်နေကြသော်လည်း လုပေါင်၏ နဂါးကျားတောင် Live အစီအစဉ်ကို တကယ်ပင် မျှော်လင့်နေကြသည်။ လုပေါင်သည် အခွင့်အရေးကို အရယူကာ Live ခေါင်းစဉ်ကို ပြောင်းလိုက်သည်။

"နဂါးကျားတောင်ပေါ်မှ မိစ္ဆာဖမ်းပွဲ ငကြောက်များ မကြည့်ရ။"

​နတ်ဆရာကြီးမှာ နဂါးကျားတောင်ကို စောင့်ရှောက်ရန် လိုအပ်သောကြောင့် သူ၏တပည့်တစ်ဦးကို လုပေါင်အား မြေအောက်မိစ္ဆာချုပ်နှောင်ရာစေတီသို့ လမ်းပြရန် စေလွှတ်လိုက်သည်။

လမ်းခရီးတွင် လုပေါင်က ပရိသတ်များနှင့် စတင်စကားပြောသည်။

"နဂါးကျားတောင်မှာ မိစ္ဆာဖမ်းမယ် ဝူးဟူး... ဒါက တကယ်ကို ပွဲကြီးပွဲကောင်းပဲ။"

​နေရာသို့ ရောက်ခါနီးတွင် လုပေါင်က ပရိသတ်များကို သတိပေးကာ Live ဗီဒီယိုကို ခဏ ပြန်ပိတ်လိုက်သည်။ စေတီတော်၏ အဝင်ပေါက်မှာ သာမန်တောင်ကုန်းတစ်ခုတွင် တည်ရှိသည်။ လမ်းပြဖြစ်သူ တာအိုတပည့်က လုပေါင်ကို ဂူဝသို့ ခေါ်ဆောင်လာပြီးနောက် အလျင်အမြန်ပင် ပြန်လည်ထွက်ခွာသွားတော့သည်။တောင်ပေါ်မှ တာအိုဘုန်းကြီးများပင် ဤနေရာကို အနည်းငယ် ကြောက်လန့်နေကြပုံရသည်။

​တာအိုဘုန်းကြီး ထွက်သွားပြီးမှသာ လုပေါင်က Live ဗီဒီယိုကို ပြန်ဖွင့်လိုက်သည်။

သူ့ရှေ့တွင် ရှိနေသော မှောင်မည်းနေသော ဂူကြီးကို ကြည့်ပြီး လုပေါင်လည်း အကြောင်းရင်းမရှိဘဲ တုန်လှုပ်သွားသည်။ဤဂူအတွင်းမှ ထွက်ပေါ်လာသော ယင်ချီ မှာ အမှန်တကယ်ပင် လေးလံလွန်းလှသည်။

​"စပြီနော်။"

လုပေါင်သည် ပရိသတ်များကို ကြိုတင်သတိပေးထားပြီး အန္တရာယ်တစ်ခုခုရှိလာပါက Special Effectsများဟု ထင်စေရန် အကွက်ချလိုက်သည်။

​လုပေါင်သည် သူ၏ရင်ခွင်ထဲမှ ချီလင်လေး ကို မြေပြင်ပေါ်သို့ ချပေးလိုက်ပြီး ချော့မော့လိုက်သည်။

"လိမ္မာတယ် ငါ့သားလေး အရှေ့ကနေ သွားပြီး လမ်းကြည့်ပေး။"

​ချီလင်လေးက ရှေ့မှဦးဆောင်သွားသောအခါ လုပေါင်၏ သတ္တိများ ချက်ချင်းတိုးလာပြီး ဂူအတွင်းသို့ ခန့်ခန့်ညားညား လျှောက်လှမ်းဝင်သွားလေသည်။

​ဂူအတွင်းသို့ ဝင်ပြီးနောက် လုပေါင်သည် အောက်သို့ အဆက်မပြတ် ဆင်းသွားသော လှေကားထစ်များကို တွေ့လိုက်ရသည်။ ၎င်းက ကြောက်စရာကောင်းလှသည်။လူအများစုမှာ အောက်သို့ဆင်းရန် သတ္တိရှိကြမည်မဟုတ်ပေ။

​သို့သော်လည်း စနစ် ၏ တာဝန်ကို ပြီးမြောက်ရန်အတွက် လုပေါင်သည် စိတ်ကိုတင်းထားပြီး ဆင်းသွားရတော့မည်။မိမိကိုယ်ကို သတ္တိရှိစေရန်အတွက် လုပေါင်က ချီလင်လေးကို စတင်လိမ်လည်တော့သည်။

"လိမ္မာတယ် ငါ့သားလေး မင်းရဲ့ ကိုယ်တွင်းအပူတက်တဲ့ရောဂါက မကုရတာ ကြာပြီ။ အရှေ့ကို မီးလေး နည်းနည်းလောက် မှုတ်ထုတ်ကြည့်လိုက် မင်းရဲ့ အခြေအနေကို စစ်ဆေးပေးမလို့။"

​ချီလင်လေးမှာ ဘာမှမသိဘဲ အရှေ့သို့ ချီလင်မီးတောက် တစ်ခုကို မှုတ်ထုတ်လိုက်သည်။ ၎င်းက ရှေ့ရှိလမ်းကို ချက်ချင်းပင် လင်းထိန်သွားစေပြီး ထူးဆန်းသော တာအိုစာတန်းများ ရေးထွင်းထားသည့် လှေကားထစ်များကို မြင်တွေ့လိုက်ရသည်။

​ဤနည်းဖြင့် လုပေါင်သည် ချီလင်လေးကို လမ်းတစ်လျှောက်လုံး မီးအိမ်အဖြစ် အသုံးချပြီး အောက်သို့ ဆင်းလာခဲ့သည်။ မီတာ ၁၀၀ ခန့် ဆင်းပြီးနောက်တွင်မူ လှေကားထစ်များမှာ အဆုံးသတ်သွားလေတော့သည်။

​လုပေါင်၏ စိတ်ဓာတ်များလည်း ချက်ချင်း နိုးကြားတက်ကြွလာတော့သည်။

အခန်း ၂၁၂ - ဟေး ဟေး ဟေး... အိမ်မှာ မှင်စာတွေ ရှိကြလား။

မကြာမီမှာပင် ခန့်ညားထည်ဝါလှသော စေတီတော်ကြီးတစ်ဆူ လုပေါင်၏ မျက်စိရှေ့မှောက်တွင် ပေါ်လာတော့သည်။

ထိုစေတီမှာ ရှေးဟောင်းလက်ရာဖြစ်ပြီး ဘောလုံးကွင်းတစ်ကွင်းစာခန့် ကျယ်ဝန်းကာ တစ်ကိုယ်လုံးတွင် တာအိုဂါထာမန္တန်များ ဖုံးလွှမ်းနေသည်။ စေတီ၏ အထွတ်တွင်မူ မက်မွန်သားဓားတစ်လက်ကိုပင် ချိတ်ဆွဲထားလေသည်။

လုပေါင်က ကြည့်လိုက်ရုံနှင့် ဤအရာမှာ မိစ္ဆာချုပ်နှောင်ရာစေတီ ဖြစ်ကြောင်း တန်းသိလိုက်သည်။

“ညီအစ်ကိုတို့... မိစ္ဆာဖမ်းပွဲ Live စပြီနော်။”

လုပေါင်က Live ထဲမှ ပရိသတ်များကို အော်ပြောလိုက်တော့သည်။

မြေအောက်တွင် ဤကဲ့သို့ စေတီတော်ကြီး ရှိနေသည်ကို မြင်လိုက်ရသောအခါ ပရိသတ်များအားလုံး မှင်သက်သွားကြသည်။

“ဟား... မြေအောက်မှာ ဒီလောက်ကြီးတဲ့ စေတီကို ဘယ်လိုများ ဆောက်ထားတာလဲ တကယ့် စီမံကိန်းကြီးပဲ။”

“ကြည့်ရတာ တကယ် ကြောက်စရာကြီးပဲမိစ္ဆာတွေ တကယ်ရှိတာလား။”

လုပေါင်သည် မိစ္ဆာချုပ်နှောင်ရာစေတီ၏ အရှေ့သို့ လျှောက်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် ပရိသတ်များ လုံးဝမထင်မှတ်ထားသော အပြုအမူတစ်ခုကို လုပ်ဆောင်လိုက်သည်။

လုပေါင်သည် စေတီ၏ တံခါးကို လက်သီးဖြင့် အချက်အတော်ကြာ ထုရိုက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“ဟေး ဟေး ဟေး... အိမ်မှာ မှင်စာတွေ ရှိကြလား။”

လုပေါင်၏ လုပ်ရပ်ကြောင့် ပရိသတ်များမှာ ရယ်မောကုန်ကြသည်။သို့သော် မကြာမီမှာပင် ပရိသတ်အားလုံး ရယ်သံများ ရပ်တန့်သွားကြရသည်။

အကြောင်းမှာ လုပေါင် တံခါးခေါက်ပြီးနောက် ပတ်ဝန်းကျင်ရှိ အမှောင်ထုထဲမှ တုံ့ပြန်သံတစ်ခု တကယ်ပင် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

“ဒီမြေအောက်ကမ္ဘာထဲကို လူသားတစ်ယောက် ခြေမချဝံ့တာ ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ မင်းကတော့ ပထမဆုံးပဲ ဟေ့ကောင်လေး။”

ထိုအသံကို ကြားလိုက်ရသောအခါ လုပေါင်၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

‘ဒီလိုမှပေါ့... မဟုတ်ရင် ပျင်းစရာကြီး ဖြစ်နေမှာ။’

သို့သော် Live ကြည့်နေသော ပရိသတ်များမှာမူ အလွန်အမင်း ထိတ်လန့်သွားကြသည်။

“ဘုရား... ဘုရား... ဘေးကင်းပါစေ ဘာမှ လာမလုပ်ပါနဲ့။”

“ပေါင်ကြီးရာ... ဘာလို့ သွားခေါက်ရတာလဲ အခုတော့ ပြဿနာ တကယ်တက်ပြီ။”

Live ထဲမှ ပရိသတ်များနှင့်မတူဘဲ လုပေါင်မှာမူ ပတ်ဝန်းကျင်မှ လှုပ်ရှားသံများကို ကြားရသောအခါ စိတ်လှုပ်ရှားမှုကြောင့် အပြုံးကြီးက ပိုမိုကျယ်ပြန့်လာသည်။

သူသည် ချီလင်လေးကို ကောက်ချီကာ အဆောင်လက်ဖွဲ့တစ်ခုလို အသုံးချပြီး ပတ်ဝန်းကျင်ကို အော်ဟစ်လိုက်သည်။

“ဘယ်မှာလဲ ငါ့ရဲ့ ကလေးလေးတို့ ဘယ်လို မိစ္ဆာမျိုးလဲဆိုတာ သခင်လေးပေါင် ကို ပြစမ်းပါဦး။”

လုပေါင်၏ မောက်မာသော စကားများကြောင့် အမှောင်ထုထဲမှ ပုံရိပ်အချို့ ထွက်ပေါ်လာသည်။

ထို့နောက် လုပေါင်သည် ပုံစံအမျိုးမျိုးရှိသော မိစ္ဆာအချို့ကို မြင်လိုက်ရသည်။

ကြေးနီရောင် ကိုယ်ထည်ရှိသော ကြံ့မိစ္ဆာ တစ်ကောင်မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ခြေတံရှည် ကရိန်းမိစ္ဆာ တစ်ကောင်မှာလည်း လူစကား ပြောလိုက်သည်။

“လူသားအသွေးအသားကို မမြည်းစမ်းရတာ ကြာပြီ။ ဒီနေ့တော့ အဝစားရတော့မယ်။”

“ဝူးဟူး... ညီအစ်ကိုတို့ ဒီ Special Effects တွေ ဘယ်လိုလဲ။”

လုပေါင်က ပရိသတ်များကို လိမ်ညာလိုက်သည်။

ပြောပြီးသည်နှင့် လုပေါင်သည် ချီလင်လေးကို ပုတ်လိုက်သည်။ အားအင်များ စုဆောင်းထားသော ချီလင်လေးမှာ ပါးဖောင်းသွားအောင် လေမှုတ်လိုက်ပြီး ချီလင်မီးတောက် အမြောက်အမြားကို တိုက်ရိုက်မှုတ်ထုတ်လိုက်တော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားသည်။ ထိုအခါမှသာ မိစ္ဆာများမှာ လုပေါင်၏ ရင်ခွင်ထဲရှိ နတ်သားရဲ ချီလင် ကို သတိထားမိပြီး ထိတ်လန့်သွားကြသည်။

“ညီအစ်ကိုတို့... အခု ကျွန်တော်တို့ Ocean Live ပလက်ဖောင်းက အသစ်ထုတ်လိုက်တဲ့ ခုန်ပေါက်နေတဲ့ ဒစ္စကို Special Effect ကို ပြပါမယ်။”

လုပေါင်က နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။

ထို့နောက် လုပေါင်သည် ချီလင်လေးကို မီးမှုတ်စက်သဖွယ် အသုံးပြုကာ မိစ္ဆာများ ရပ်နေသော မြေပြင်ကို စတင်ရှို့တော့သည်။

အလွန်မြင့်မားသော အပူချိန်ကြောင့် မြေပြင်မှာ ချက်ချင်း ပူပြင်းလာသဖြင့် မိစ္ဆာများမှာ မတ်တပ်မရပ်နိုင်တော့ဘဲ အပူဒဏ်သက်သာစေရန် တစ်ယောက်ပြီးတစ်ယောက် ခုန်ပေါက်နေကြရသည်။

လုပေါင်ကလည်း အားမနေဘဲ ဖုန်းထဲမှ ဒစ္စကိုသီချင်းတစ်ပုဒ်ကို ရှာဖွေပြီး ဖွင့်လိုက်သည်။

“857, 857, 857”

မြူးကြွသော သီချင်းသံနှင့်အတူ ထူးဆန်းသော မိစ္ဆာကြီးများမှာ တကယ်ပင် ဒစ္စကို ကနေသကဲ့သို့ ဖြစ်နေတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော ပရိသတ်များမှာ ရယ်မောမဆုံး ဖြစ်နေကြသည်။

“ပေါင်ကြီး... မင်းတော့ တကယ်ကို မိုက်တယ်။”

“ဒါက Special Effect လား အစစ်လားဆိုတာ ငါ ပိုပိုပြီး ဝေခွဲမရတော့ဘူး။”

လုပေါင်မှာမူ ထိုအရာများကို ဂရုမစိုက်နိုင်ပါ။ ဤမိစ္ဆာများကို မဖြေရှင်းနိုင်လျှင် သူ၏တာဝန်မှာ ပြီးမြောက်မည် မဟုတ်ပေ။

သူသည် မိစ္ဆာများ အာရုံပျံ့လွင့်နေစဉ် ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးဖြင့် တိုက်ခိုက်လိုက်တော့သည်။

ပထမဆုံး ရွေးချယ်လိုက်သည့်ပစ်မှတ်မှာ ခန္ဓာကိုယ်တစ်ခုလုံး သတ္တုရောင် တောက်ပနေသော ကြံ့မိစ္ဆာ ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် လုပေါင် တွက်ချက်မှု မှားသွားသည်။ သူ၏ လက်သီးမှာ ကြံ့မိစ္ဆာ၏ ကိုယ်ပေါ်သို့ ရိုက်မိသောအခါ သံပြားကြီးကို ထုလိုက်ရသကဲ့သို့ မာကျောလှသည်။

“ချီလင်လေး... ဒီကောင့်ကို အရည်ပျော်အောင် လုပ်ပေး။”

လက်သီးတစ်ချက်နှင့် အရှက်ကွဲသွားသော လုပေါင်မှာ စိတ်တိုတိုဖြင့် အော်ပြောလိုက်ပြီး လူကြီးလူကောင်းဆန်ဆန် တိုက်ခိုက်ရမည့် စည်းကမ်းများကို ဘေးဖယ်ထားလိုက်တော့သည်။

All Chapters