← Chapters

အခန်း (၅၈၉-၅၉၁)

Vol. 40 Ch. 589-591

အခန်း (၅၈၉-၅၉၁)

Vol. 40 Ch. 589-591

အပိုင်း ၅၈၉ : ငါက ကပ်မဖားဘူး

ကျန်းချွမ်း ကြွားလုံးထုတ်နေသည်ကို မြင်သောအခါ ယဲ့ချန်းမှာ ပြောစရာစကားပင် မရှိတော့ချေ။

သို့သော် သူ ကြွားလုံးထုတ်သည့် အဆင့်က စင်စစ် ပရော်ဖက်ရှင်နယ်ဆန်သည်ကိုမူ ဝန်ခံရပေမည်။

ကျန်းချွမ်းက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"ငါ ယူလာတဲ့ လက်ဆောင်တွေကို အကုန်လုံးအတွက် ဝေပေးလိုက်"

အတွင်းရေးမှူးမလေးကလည်း သူ(မ)၏ ကျောပိုးအိတ်ကို အမြန်ဖွင့်ပြီး လက်ထဲရှိ အိတ်ကိုပါ ထပ်ဖွင့်လိုက်သည်။

"အားလုံးပဲ... ဒါတွေက ဥက္ကဋ္ဌကျန်း ယူလာပေးတဲ့ လက်ဆောင်တွေပါ"

အတွင်းရေးမှူးမလေးက ပြောပြောဆိုဆိုဖြင့် လက်ဆောင်များကို ဝေပေးလိုက်လေတော့သည်။

ယောကျ်ားလေး အတန်းဖော်တစ်ယောက်ချင်းစီက ရိုလက်စ်နာရီတစ်လုံးစီ ရကြပြီး မိန်းကလေးများအတွက်မူ စိန်လည်ဆွဲတစ်ကုံးစီ ဖြစ်၏။

သီးသန့်ခန်းထဲရှိ လူများအားလုံး မှင်တက်သွားကြသည်။

ယခင်လူများက သာမန်ဟန်ရေးပြရုံသက်သက်ဆိုလျှင် ဤသည်မှာ စင်စစ် အံ့မခန်းပင်။

သူက ပစ္စည်းတွေကို တန်းဝေပေးလိုက်တာလေ။ ဒါက သိပ်မိုက်လွန်းတယ်။

သီးသန့်ခန်းထဲရှိ လူများအားလုံး ပင့်သက်ရှိုက်လိုက်မိကြသည်။

စင်စစ် အထင်ကြီးချင်စရာ ကောင်းလွန်းလှသည်။

သူသည် ငွေကို ရေလိုသုံးနိုင်သူပင်။ ဘာစကားမှမပြောဘဲ လက်ဆောင်များ လိုက်ဝေပေးလိုက်ခြင်းမှာ လူတိုင်းရစေရမည်ဟူသော သဘောပင်။

"အံ့သြစရာပဲ။ ကျန်းချွမ်းက အရမ်းတွေမိုက်နေပြီဟေ့"

"ဥက္ကဋ္ဌကျန်းလို့ ခေါ်ထိုက်ပါပေတယ်။ အရမ်းသြဇာညောင်းတာပဲ"

ဤလက်ဆောင်တစ်ခုချင်းစီ၏ တန်ဖိုးက ယွမ်တစ်သောင်းအထက် ရှိ၏။

ဤသည်မှာ အံ့ဩဖွယ်ရာပင်။ စင်စစ်အံ့မခန်းပင်။

သူ့အနေနှင့် ကြွားလုံးထုတ်နေရန် မလိုပါချေ။ လက်ဆောင်ဗုံးကြဲလိုက်ရုံသာ။

ဤသည်မှာ စင်စစ်ကြီးကျယ်ခမ်းနားလွန်းလှသည်။

သီးသန့်ခန်းထဲရှိ အတန်းဖော်များအားလုံးလည်း မှင်တက်သွားကြသည်။

ကျန်းချွမ်းကမူ အလွန်ဂုဏ်ယူဝင့်ကြွားနေဟန်တူသည်။

ထိုအတန်းဖော်များ၏ အံ့ဩမှင်တက်နေသော မျက်နှာများကို မြင်ရသောအခါ သူ အလွန်ကျေနပ်သွားသည်။

ထို့နောက် အတွင်းရေးမှူးမလေးက ပြုံးလျက် ဆိုလာလေသည်။

"ကျွန်မတို့သူဌေးက ဒီတစ်ခေါက် ကျောင်းဆောင်ကို ပြန်လည်လှူဒါန်းပြီး အမိုက်စား ခေတ်အမီဆုံးဖြစ်အောင် ပြန်လည်တည်ဆောက်ပေးချင်တယ်လို့ ပြောပါတယ်။ ပြီးတော့ ရှင်တို့အားလုံးက သူ့ရဲ့ အတန်းဖော်တွေဖြစ်လို့ အားလုံးအတွက် လက်ဆောင်သေးသေးလေးတစ်ခု ပါလာခဲ့တာပါ။ ရှင်တို့ သဘောကျမယ်လို့ မျှော်လင့်ပါတယ်"

ဤအတွင်းရေးမှူးမလေးက ကျန်းချွမ်းအတွက် ကြွားလုံးထုတ်ရာတွင် စင်စစ်အသုံးဝင်သည်ဟု ဆိုရပေမည်။

ကျန်းချွမ်းက ဘာမှသိပ်မပြောသော်လည်း သူ့ပုံရိပ်က အလွန်ကြီးကျယ်ခမ်းနားနေပြီ ဖြစ်၏။

သူတစ်ပါးပစ္စည်း ယူထားသော ထိုအတန်းဖော်များမှာ တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေး၍ နှုတ်ဆက်ကြတော့သည်။

"သခင်လေး"

"ဥက္ကဋ္ဌကျန်းရဲ့ ကြီးမြတ်တဲ့နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ အခုလို တွေ့ရတာ အရမ်းဝမ်းသာပါတယ်"

"ဥက္ကဋ္ဌကျန်းက အရမ်းအလုပ်များပေမဲ့ အတန်းဖော်တွေ့ဆုံပွဲကို လာတက်တာ တကယ်လေးစားဖို့ကောင်းတာပဲနော်"

သီးသန့်ခန်းထဲရှိ လူတိုင်း ချက်ချင်းပင် ဖော်လံဖားများ ဖြစ်သွားကြတော့သည်။

ကျန်းချွမ်းမှာ အလွန် ဂုဏ်ယူဝင့်ကြွားနေဟန်တူသည်။ သူသည် ဤသီးသန့်ခန်း၏ ဗဟိုချက်ဖြစ်ပြီး ဤတွေ့ဆုံပွဲ၏ အဓိကဇာတ်ဆောင် ဖြစ်နေချေပြီ။

အစောက ကြွားလုံးထုတ်နေသူများပင် လက်ဆောင်များကတစ်ဆင့် ပြသလိုက်သည့် ကျန်းချွမ်း၏ ကြီးကျယ်ခမ်းနားမှုရှေ့မှောက်ဝယ် ငြိမ်ကျသွားသည်။

သေစမ်း... သူက ပစ္စည်းတွေကိုပါ ဝေပေးနေမှတော့ ဘယ်လိုလုပ် ကြွားလုံးထုတ်လို့ရတော့မလဲ။ တကယ်ယှဉ်လို့မရပါဘူး။

ကျန်းချွမ်း တိတ်တဆိတ် ကျေနပ်နေမိသည်။

မင်းတို့လို အရှုံးသမားတွေက ငါ့ရှေ့မှာ ဟန်ရေးလာပြချင်နေတယ်ပေါ့။ မင်းတို့မှာ အခွင့်အရေးရှိမယ်များ တကယ်ထင်နေတာလား။

သူ့အကြည့်များက ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ထိုခံစားချက်မှာ အပေါ်စီးက စီးမိုးကြည့်နေသည့်အလားပင်။ သို့သော် သူ့အပြုံးများက ချက်ချင်း ပျောက်ကွယ်သွားသည်။

အကြောင်းမှာ သူ ဂရုအစိုက်ဆုံးလူက သူ့ကို ကြည့်မနေဘဲ ယဲ့ချန်းနှင့် စကားစမြည်ပြောနေသောကြောင့်ပင်။

သောက်ကျိုးနည်း.... သူက လီရော့ချီအတွက် ဟန်ရေးပြနေခဲ့တာလေ။

ဒီလောက်အများကြီး ထုတ်ကြွားနေတာတောင် သူ(မ)က သူ့ကို လျစ်လျူရှုထားသတဲ့။

အရေးအကြီးဆုံးအချက်ကား ယခု လီရော့ချီမှာ ယခင်ကထက် ပိုလှနေခြင်းပင်။

အထူးသဖြင့် ရင့်ကျက်လာသော လီရော့ချီမှာ လူကို အသက်ရှူမှားသွားစေလောက်သည်အထိ လှပလွန်းသည်။

သူ ဆုံးဖြတ်ပြီးသွားပြီ။ လီရော့ချီကို သူ သေချာပေါက် ရအောင်ယူရမည်။ ဤကဲ့သို့သောအလှပဂေးလေးမှာ ကြွားလုံးထုတ်ဘုရင်ကျန်းချွမ်းနှင့်သာ ထိုက်တန်သည်။

သို့သော် သူ့ကို ဒေါသထွက်စေသည့်အရာမှာ လီရော့ချီ၏ ဘေးနားရှိ ယဲ့ချန်းပင်။

ယဲ့ချန်းမှာ စင်စစ် ချောမောလွန်းသည်။ ရုပ်ရည်ပိုင်းအရဆိုလျှင် ယဲ့ချန်းက သူ့ထက် အဆင့်များစွာ သာလွန်နေပေသည်။

သို့သော် အာဏာပိုင်းတွင်မူ...

ကျန်းချွမ်းလည်း ယုံကြည်မှုများ ပြန်လည်ရရှိလိုက်သည်။

ယဲ့ချန်းက အခြားအတန်းဖော်များနှင့် မတူပေ။

အခြားအတန်းဖော်များက သူ့ကို ကပ်ဖားနေကြသော်လည်း ယဲ့ချန်းမှာမူ လီရော့ချီနှင့် စကားပြောရန်သာ အာရုံရနေပေသည်။

သူတို့က အရှေ့ရှိ လက်ဆောင်များကိုပင် တစ်ချက်မကြည့်ကြပေ။

ကျန်းချွမ်း ဒေါသထွက်သွားလေသည်။

သောက်ကျိုးနည်း... ငါက အချမ်းသာဆုံးလေ။ နတ်ဘုရားမလေးရဲ့ဘေးမှာ ထိုင်နေရမယ့်လူက ငါ ပဲဖြစ်သင့်တာ။

ငါ့လက်ဆောင်ရှေ့မှာ ဒီလောက်တောင် တည်ငြိမ်နေရအောင် မင်းက ဘာကောင်မို့လို့လဲ။

မင်းက ဘာလို့ ငါ့ကို လာမဖားတာလဲ။

အတန်းထဲက အလှပဂေးလေးက ဘာလို့ မင်းနဲ့ စကားပြောနေရတာလဲ။

ကျန်းချွမ်းခမျာ ဒေါသထွက်လွန်းသဖြင့် အံတင်းတင်းကြိတ်ထားမိသည်။

သို့သော် ယဲ့ချန်းကို လူရှေ့တွင် မျက်နှာပျက်အောင်လုပ်မည်ဟု တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။

စားသောက်ပွဲ စတင်သည်နှင့် လူတိုင်းက ကျန်းချွမ်းကို ခွက်ချင်းတိုက်၍ နှုတ်ဆက်ကြသည်။

နောက်တစ်ကြိမ် ထပ်ဖားကြပြန်လေပြီ။

တချို့မိန်းကလေးများက ကျန်းချွမ်းကို ပွင့်ပွင့်လင်းလင်းပင် ဖွင့်ပြောကြသည်။

"ဥက္ကဋ္ဌကျန်း... ကျွန်မ ရှင့်ကို မူလတန်းကတည်းက စိတ်ဝင်စားနေခဲ့တာ။ ကျွန်မတို့ကြားမှာ အခွင့်အရေးရှိသေးလား"

ကျန်းချွမ်းက ဤသာမန်မိန်းကလေးများအပေါ် ဘာခံစားချက်မှ မရှိပေ။

သူ့မျက်လုံးများမှာ လီရော့ချီထံတွင်သာ ရှိနေသည်။

သို့သော် လီရော့ချီက ယဲ့ချန်းနှင့် ပျော်ရွှင်စွာ စကားပြောနေသဖြင့် သူ အလွန် ဒေါသထွက်ရသည်။

လူတိုင်းက သူ့ကို ခွက်ချင်းတိုက်၍ နှုတ်ဆက်နေကြသော်လည်း ယဲ့ချန်းကတော့ သူ့ကို အဖက်မလုပ်ဘဲ လီရော့ချီနှင့်သာ ဆက်စကားပြော၍ ရယ်မောပျော်ရွှင်နေသည်။

သူ ဒေါသအထွက်ဆုံးမှာ လီရော့ချီက ယဲ့ချန်းနှင့် စကားပြောရခြင်းကို အလွန်နှစ်သက်ဟန်တူပြီး ယဲ့ချန်း၏ စကားများကြောင့် ပျော်ရွှင်စွာ ရယ်မောနေခြင်းပင်။

ကျန်းချွမ်းတစ်ယောက် ဒေါသထွက်လွန်းသဖြင့် ရူးတော့မတတ်ပင်။

လီရော့ချီက ငါ့အပိုင်ပဲ။ သူ့ကို ငါ ပြန်ယူရမယ်။

စုံစမ်းမေးမြန်းကြည့်ပြီးနောက် ယဲ့ချန်းက တက္ကစီမောင်းနေကြောင်း သိလိုက်ရသည်။

သေလိုက်ပါတော့။ ဆင်းရဲတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ကများ ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့လေ။

ထိုအချိန်တွင် ရှီယုံးက ကျန်းချွမ်း၏အတွေးများကို ရိပ်မိသွားပုံရပြီး ပြုံးလိုက်၏။

"သခင်လေးကျန်း... ယဲ့ချန်းက ခင်ဗျားကို တော်တော်အထင်မကြီးတဲ့ပုံပဲနော်"

"ယဲ့ချန်း ဟုတ်လား"

ကျန်းချွမ်းက အေးစက်စက်နှာမှုတ်လိုက်သည်။

တစ်ယောက်ယောက် သူ့ကိုခေါ်လိုက်သည်ကို ကြားသဖြင့် ယဲ့ချန်းလည်း ပထမဆုံးအကြိမ်အဖြစ် ကျန်းချွမ်းကို သေချာလှမ်းကြည့်လိုက်သည်။

ရှီယုံးက ယဲ့ချန်းနှင့် လီရော့ချီ စကားပြောနေသည်ကို မြင်ကတည်းက မပျော်မရွှင်ဖြစ်နေသဖြင့် ကျန်းချွမ်းကိုအသုံးချ၍ ယဲ့ချန်းကို နှိပ်ကွပ်ရန် အခွင့်အရေး ယူလိုက်ခြင်းပင်။

"ယဲ့ချန်း.. မင်းက တော်တော်ရိုင်းတာပဲ။ ဥက္ကဋ္ဌကျန်းက မင်းကို ယွမ်တစ်သောင်းကျော်တန်တဲ့ လက်ဆောင်တွေ ပေးထားတာကို။ အနည်းဆုံးတော့ မင်း ကျေးဇူးတင်သင့်တာပေါ့။ မင်းက ခွက်ချင်းလည်း မတိုက်ဘူး။ နှုတ်လည်းမဆက်ဘူး။ တကယ်ရိုင်းလွန်းတယ်။ ဒါကြောင့်လည်း မင်းက တက္ကစီဒရိုင်ဘာအဆင့်ပဲ ရှိတာနေမှာပေါ့"

ယနေ့ သူ ကျန်းချွမ်းကို မကျော်နိုင်ကြောင်း ရှီယုံး သိသည်။

ကျန်းချွမ်းကို သေချာကပ်ဖားထားလိုက်ခြင်းက ပိုကောင်းပေမည်။ အနာဂတ်တွင် ကျန်းချွမ်းက သူ့စီးပွားရေးလုပ်ငန်းကို ကူညီပေးနိုင်ကောင်းပါရဲ့။

သူကိုယ်တိုင် လီရော့ချီကို မရနိုင်မှတော့ တက္ကစီဒရိုင်ဘာဖြစ်သည့် ယဲ့ချန်းနောက်လည်း အပါမခံနိုင်ပေ

ထို့ကြောင့် ရှီယုံးက အရည်အချင်းရှိသော ကပ်ဖားသူတစ်ဦးအဖြစ်နေရန် ဆုံးဖြတ်ချက်ချလိုက်သည်။

"တချို့လူတွေက သူများဆီက ပစ္စည်းတွေကို ယူထားပြီးတော့ သူတို့နဲ့ ထိုက်တန်တယ်လို့ ထင်နေကြတယ်။ အဲဒီလိုလူစားမျိုးတွေကို ဘယ်လိုခေါ်လဲ သိလား။ ကျေးဇူးကန်းတဲ့ မြေခွေးတွေလို့ ခေါ်တယ်"

ပြောပြောဆိုဆိုဖြင့် ရှီယုံးက ယဲ့ချန်းနှင့် လီရော့ချီကို တစ်ချက်ကြည့်လိုက်သည်။

ရှီယုံး၏စကားထဲရှိ ယဲ့ချန်းကို ရည်ရွယ်ထားသည့် လျှို့ဝှက်အဓိပ္ပာယ်ကို လီရော့ချီရိပ်မိသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

မည်သို့ပင်ဖြစ်စေ ယဲ့ချန်းသည် အစောက သူ(မ)နှင့် စကားပြောနေသဖြင့် ကျန်းချွမ်းကို လျစ်လျူရှုထားလေရာ သူ(မ)အနေနှင့်လည်း ယဲ့ချန်းအတွက် ဝင်ပြောပေးချင်သည်။

သို့သော် ယဲ့ချန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ငါက ဒီလက်ဆောင်ကို လက်ခံတယ်လို့ ဘယ်သူပြောလဲ။ ငါတို့ ဒီလက်ဆောင်နှစ်ခုကို မလိုချင်ဘူးလို့ အတွင်းရေးမှူးကို ပြောပြီးသားပါ"

ဘေးနားရှိ အတွင်းရေးမှူးမလေးက နေရခက်ဟန်ဖြင့် ပြောလိုက်သည်။

"ဟုတ်ပါတယ်။ ဒီလူကြီးမင်းနဲ့ မိန်းကလေးက လက်ဆောင်နှစ်ခုကို မယူဘူးလို့ ပြောပါတယ်။ ကျွန်မက ပြန်မသိမ်းရသေးတာပါ"

ယဲ့ချန်းက ဆိုချေသည်။

"လူတိုင်းက သူ့ဆီက ပစ္စည်းတွေယူထားကြတော့ ကျန်းချွမ်းကို ကပ်ဖားနေတာ ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမဲ့ မင်းတို့ဘာသာ ဖားတာနဲ့ပဲ ငါ့ကိုတော့ ဆွဲမထည့်နဲ့။ ဘာလို့လဲဆိုတော့ ငါက သူ့ဆီက ဘာမှယူမထားသလို ဒီအစားအသောက်အတွက်လည်း ကိုယ့်အိတ်ထဲက ပိုက်ဆံနဲ့ပဲ ကိုယ်စားတာမို့ ဘယ်သူ့ကိုမှ အကြွေးမတင်ဘူး။ ဒီတော့ ဘယ်သူ့ကိုမှလည်း ဖားစရာမလိုဘူး"

သူ့စကားများက နည်းပါးသော်လည်း အလွန် အစွမ်းထက်လှသည်။

ယဲ့ချန်း၏စကားများကြောင့် ရှီယုံး၏ မျက်နှာမှာ နီရဲသွားသည်။

ယဲ့ချန်း၏ စကားများက ရှင်းလင်းပြတ်သားလွန်းသည်။

မင်းတို့က သူ့ဆီက လက်ဆောင်တွေယူထားတော့ မင်းတို့လက်တွေက ချည်နှောင်ခံထားရပြီ။ ဒါပေမဲ့ ငါက ဘာမှလက်မခံထားဘူး။ ဒါကြောင့် မင်းတို့ဘာသာ ကပ်ဖားချင်တယ်ဆိုရင် ဒါက မင်းတို့ရဲ့ လွတ်လပ်ခွင့်ပဲ။ ဒါပေမဲ့ ငါကတော့ စိတ်မဝင်စားဘူး။

ယဲ့ချန်းက ဟန်ရေးပြရခြင်းကို မကြိုက်ပါဘဲ ပုံမှန်အားဖြင့် သိုသိုသိပ်သိပ် နေတတ်သော်လည်း ဤသည်မှာ မည်သူမဆို သူ့ကို လက်ညှိုးထိုးပိုင်ခွင့်ရှိသည်ဟု မဆိုလိုပေ။

ထို့ပြင် ယဲ့ချန်းသာ မောက်မာပြမည်ဆိုလျှင် မနာလိုခြင်းနတ်ဘုရားက လုပ်ဆောင်ရပေမည်။ ယဲ့ချန်းထက် ဘယ်သူကများ ပိုသြဇာလွှမ်းမိုးနိုင်မည်နည်း။

ယဲ့ချန်း ပတ်သက်ဆက်ဆံနေသူများမှာ ဟွားနိုင်ငံရှိ ထိပ်တန်းအချမ်းသာဆုံးပုဂ္ဂိုလ်များထဲတွင် ပါဝင်နေသည်ဖြစ်ရာ သူ့အပြုအမူကို ဤဒေသခံ သူဌေးပေါက်စများနှင့် ဘယ်ယှဉ်နိုင်မည်နည်း။

•••••••••••••••••••••••••••

အပိုင်း ၅၉၀ : သူတစ်ပါးပစ္စည်းယူထားရင် မျက်နှာငယ်ရပြီး သူများကျွေးတာ စားထားရင် နှုတ်ဆိတ်နေရတယ်

ယဲ့ချန်း၏ စကားများမှာ အားပါလှပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်။

ထိုနေရာရှိ လူအားလုံး မှင်တက်သွားကြသည်။

ယဲ့ချန်းထံမှ ရှင်းပြ၍မရသော ဩဇာအာဏာပါသည့် အငွေ့အသက်တစ်ခုကို သူတို့ ခံစားလိုက်ရသည်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ယဲ့ချန်းက သာမန် တက္ကစီဒရိုင်ဘာတစ်ယောက်ပဲ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီး ဒီလိုအရှိန်အဝါမျိုး ရှိနေရတာလဲ။

ဘေးတွင် ရပ်နေသော လီရော့ချီလည်း အံ့အားသင့်သွားသည်။

လက်ရှိ ယဲ့ချန်းက စင်စစ်ချောမောခန့်ညားနေပေသည်။

စားပွဲဝိုင်းတစ်ခုတည်းတွင် ထိုင်နေကြသော မူလတန်းကျောင်းနေဖက် အတန်းဖော်များပင် အံ့ဩသွားကြသည်။

အစောကပင် ယဲ့ချန်း တက္ကစီမောင်းသည်ဟု သိထားသဖြင့် မည်သူကမှ သူ့ကို ဂရုမစိုက်ခဲ့ကြပေ။

သို့သော် ယခုမူ ယဲ့ချန်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် လူတိုင်း အနည်းငယ်မူးနောက်နောက်ဖြစ်သွားသည်။

တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလို ဩဇာအာဏာမျိုး ရှိနိုင်မှာလဲ။

ယဲ့ချန်း၏စကားကို လူတိုင်း သဘောတူကြသည်။

မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်းက တစ်ဖက်လူ၏ လက်ဆောင်ကို လက်မခံထားသောကြောင့် သူ့အနေနှင့် အတန်းဖော်များကို ခွက်ချင်းတိုက်၍ နှုတ်ဆက်စရာ အကြောင်းမရှိသလို သူတို့ဘက်ကလည်း ကိုယ်ကျင့်တရားအရ သူ့ကို ဖိအားမပေးသင့်ပေ။

ယဲ့ချန်း၏ စကားများကြောင့် ရှီယုံး၏ မျက်နှာမှာ သုန်မှုန်သွားသည်။

ယဲ့ချန်း၏ စကားများက ထိရှလွန်းလှသဖြင့် သူ့မှာ ပြောစရာစကားပင် ဆွံ့အသွားရသည်။

သို့သော် ယဲ့ချန်းထံမှ ဆူပူကြိမ်းမောင်းခံလိုက်ရသဖြင့် မျက်နှာပျက်ရသည်ဟု ခံစားလိုက်ရလေရာ ရှီယုံးက အေးစက်ခက်ထန်စွာ ပြောလိုက်၏။

"ဟက်.. လက်ဆောင်ကိုလက်မခံရုံနဲ့ ဘာမှမဖြစ်ဘူးလို့ မင်းထင်နေတာလား။ တက္ကစီဒရိုင်ဘာဖြစ်တဲ့ မင်းက ဥက္ကဋ္ဌကျန်းနဲ့ယှဉ်ရင် ဘာကောင်မို့လို့လဲ။ အတန်းရဲအလှလေးက မင်းနဲ့တန်တယ်လို့များ ထင်နေတာလား။ သူနဲ့စကားပြောဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ"

ရှီယုံးက သူ့တွင် ငွေအနည်းငယ်ရှိသဖြင့် ယဲ့ချန်းကို ဖိနှိပ်နိုင်သည်ဟု ထင်နေချေသည်။

အတန်းထဲရှိ အလှလေးကိုလည်း ရှီယုံးက သူမရနိုင်လျှင်ပင် သူ(မ)မှာ ကျန်းချွမ်းနဲ့သာ ထိုက်တန်သည် မဟုတ်လော။ သူ(မ)က ယဲ့ချန်းအနားမှာ ဘာကြောင့် တဝဲလည်လည်ဖြစ်နေရသလဲ။

ထိုအချိန်တွင် ရှီယုံးခမျာ မျက်နှာလိုမျက်နှာရလုပ်တတ်သူတစ်ယောက်နှယ်။

ယဲ့ချန်းကို နင်းချနေချိန်မှာပင် သူသည် ကျန်းချွမ်းကို အသည်းအသန် ဖားယားနေခဲ့သည်။

လီရော့ချီကမူ အစကတည်းက ရှီယုံးကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု ထင်ခဲ့သော်လည်း ယခုမူ ဤလူက လုံးဝရွံရှာစရာကောင်းသည်ဟု ခံစားလိုက်ရသည်။

အတန်းဖော်တွေ့ဆုံပွဲဆိုသည်မှာ သံယောဇဉ်တိုးရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်သော်ငြား သကောင့်သားက ဤနေရာသို့ ကြွားလုံးထုတ်ရန် လာခဲ့ခြင်းပင်။

ယဲ့ချန်းက လှောင်ပြုံးပြုံးလိုက်၏။

"မင်းမှာ အသိတရားလေးတောင် မရှိဘူးလား။ ဒီမှာလာပြီး ကြွားလုံးထုတ်နေရအောင် ငါတို့အားလုံးက အတန်းဖော်တွေပဲလေ။ ဒီလိုကောက်ကျစ်ပြီး ဟန်ရေးပြနေတာက ဘာသဘောလဲ"

ဒေါသထွက်သွားသော ရှီယုံးကလည်း ပြန်ပက်ချေသည်။

"ယဲ့ချန်း... ဘာပဲပြောပြော ငါက နိုင်ငံခြားပြန် ကျောင်းသားတစ်ယောက်နော်။ တာ့မိုင်လုပ်ငန်းစုကို မင်းသိလား။ သူတို့က ငါ့ကို အလုပ်ခန့်ချင်နေကြတာ"

ယဲ့ချန်းက နှာမှုတ်လိုက်၏။

"တာ့မိုင်လုပ်ငန်းစုက အဲဒီလောက်တောင် အထင်ကြီးစရာကောင်းနေလို့လား။ သူတို့က နိုင်ငံထဲမှာ နာမည်ပျက်နေပြီဆိုတာ မင်းမသိဘူးလား။ မင်းလို ကပ်ဖားတတ်တဲ့ကောင်ကမှ အဲဒီလို အမှိုက်ကုမ္ပဏီမျိုးကို စိတ်ဝင်စားမှာပေါ့။ ငါထင်တာသာ မမှားဘူးဆိုရင် မင်းက သူတို့ဆီ မဝင်တာမဟုတ်ဘူး။ သူတို့က မင်းကို လက်တောင်မခံတာ ဖြစ်လိမ့်မယ်။ အဲဒီလိုအမှိုက်ကုမ္ပဏီကတောင် မင်းကို မလိုချင်ဘူးဆိုတော့ မင်းက ဘယ်လောက်တောင် အသုံးမကျတဲ့ကောင်များ ဖြစ်နေမလဲ"

ယဲ့ချန်းထံမှ ဆူပူခံလိုက်ရသဖြင့် ရှီယုံးခမျာ ဘာစကားမှ မပြောနိုင်တော့ဘဲ အရှက်ကွဲသွားခဲ့ပြီး အစတုန်းက ဟန်ရေးပြရန် စီစဉ်ထားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားရသည်။

သို့သော် မမျှော်လင့်ထားပါဘဲ လူအထင်ကြီးခံရမည့်အစား နှုတ်ဖြင့် ပြင်းပြင်းထန်ထန် ဖိနှိပ်ခံလိုက်ရသည်။

ထိုစဉ် ကျန်းချွမ်းကို ကပ်ဖားရန် ကြိုးစားနေသော မာယာများသည့် မိန်းကလေးတစ်ယောက်က ယခုအချိန် ဝင်ပါလိုက်လျှင် ကျန်းချွမ်း၏ မျက်နှာသာပေးမှုကို သေချာပေါက် ရရှိမည်ဟု တွေးလိုက်သည်။

ထို့ကြောင့် သူ(မ)က မတ်တတ်ထရပ်၍ ပြောလိုက်၏။

"ယဲ့ချန်း... နင်လွန်လွန်းနေပြီနော်။ ဥက္ကဋ္ဌကျန်းက ဥက္ကဋ္ဌတစ်ယောက်လေ။ နင်ကရော ဘာမို့လို့လဲ။ သာမန်တက္ကစီဒရိုင်ဘာလေးပဲကို။ နင့်ကိုယ်နင် ဥက္ကဋ္ဌကျန်းနဲ့ ယှဉ်နိုင်မယ်လို့ ဘာလို့ ထင်နေရတာလဲ"

ကျန်းချွမ်းက ခေါင်းညိတ်ပြပြီးနောက် ယဲ့ချန်းကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။

အစကတော့ သူသည် ဤနေရာတွင် ကြွားလုံးဘုရင် ဖြစ်ခဲ့သည်။

သို့သော် အတန်း၏ အလှလေးက ယဲ့ချန်းနှင့် ပျော်ရွှင်စွာ စကားပြောနေသည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း ဒေါသထွက်သွားခဲ့ရသည်။

အထူးသဖြင့် အစောပိုင်းတုန်းက ခနဲ့တဲ့တဲ့ စကားများတွင် ယဲ့ချန်းက ရှီယုံးကို ပစ်မှတ်ထားသလို ထင်ရသော်လည်း တကယ်တမ်းတွင် သူ့ကိုပါ စော်ကားနေခြင်းဖြစ်လေရာ အလွန် မကျေမနပ် ဖြစ်ရသည်။

ယဲ့ချန်းက ထိုမိန်းကလေးအတန်းဖော်၏ အမေးကို ကြားသောအခါ ခပ်ဖွဖွ ရယ်မောလိုက်၏။

"မင်းထင်တာ မှားနေပြီ။ မူလတန်းကျောင်းပြီးကတည်းက နှစ်တွေ ဒီလောက်ကြာသွားပေမဲ့ ငါက အေးဆေးထိုင်ပြီး စကားပြောလို့ရတဲ့လူတွေကိုပဲ သဘောကျတာ။ ငါ သူ့ကို သဘောမကျဘူးဆိုရင် ဘာလို့ အဖက်လုပ်ရမှာလဲ"

ယခုမူ ကျန်းချွမ်းမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ် ဖြစ်နေလေပြီ။

သူ အောင်မြင်လာကတည်းက သူသိသမျှလူတိုင်းမှာ သူ့ကို ကပ်ဖားခဲ့ကြသည်။

သို့သော် ယခုမူ ဤတက္ကစီဒရိုင်ဘာက သူ့ကို တကယ် အထင်သေးနေချေသည်။

ထို့ပြင် 'ငါက ဘာလို့ သူ့ကို အဖက်လုပ်ရမှာလဲ'ဟုပင် ပြောလိုက်သေးသည်။

ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"ငါနဲ့ သူငယ်ချင်းဖြစ်လို့ရတဲ့လူ နှစ်မျိုးပဲရှိတယ်။ ငါ့ထက်သာတဲ့လူနဲ့ ငါလေးစားရတဲ့လူတွေပဲ"

ထို့နောက် ယဲ့ချန်းက သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။

"ဥပမာအနေနဲ့ ရော့ချီကိုပဲ ကြည့်။သူက သာမန် ဝန်ထမ်းတစ်ယောက် ဖြစ်ပေမဲ့ စိတ်ထားကောင်းတယ်။ ငါသိသလောက်တော့ သူက ချို့တဲ့တဲ့ ကျောင်းသားဆယ်ယောက်ကျော်ကို ထောက်ပံ့ပေးနေပြီ။ ဒါကြောင့် ဒီလိုလူမျိုးက ငါ ခွက်ချင်းတိုက်ပြီး နှုတ်ဆက်တာနဲ့ ထိုက်တန်တယ်"

ယဲ့ချန်း၏ ချီးကျူးစကားကို ကြားသောအခါ လီရော့ချီခမျာ မျက်နှာတစ်ပြင်လုံး နီရဲသွားလေသည်။

လီရော့ချီနှင့် ခွက်ချင်းတိုက်ပြီးနောက် ယဲ့ချန်းက အခြားသူများကို ကြည့်လိုက်သည်။

"ကျန်တဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ဘယ်သူကမှ ငါ ခွက်ချင်းတိုက်ပြီး နှုတ်ဆက်ဖို့ အရည်အချင်း မပြည့်မီဘူး"

ယဲ့ချန်း၏ စကားများကို ကြားသောအခါ ထိုအတန်းဖော်များမှာ မျက်မှောင်ကြုတ်သွားကြပြီး အနည်းငယ် နေရခက်သွားသလို ခံစားလိုက်ကြရသည်။

ယဲ့ချန်းက ဆက်ပြောလိုက်သည်။

"ဒီထက်ပိုပြောရရင် မင်းတို့က ငါ့ကို ခွက်ချင်းတိုက်ပြီး နှုတ်ဆက်ချင်ရင်တောင် မင်းတို့မှာ အဲဒီလိုအရည်အချင်းမျိုး ရှိမှာမဟုတ်ဘူး"

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

ကြွားလုံးဘုရင်ကျန်းချွမ်းပင် မှင်တက်သွားချေသည်။

ရှီယုံးလည်း အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

မာယာများသည့် မိန်းကလေးများအားလုံးလည်း အကြောင်သားဖြစ်သွားကြသည်။

အခြားလူများလည်း ထိုနည်းတူပင် ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။

ဘုရားရေ...

တကယ့်ကြွားလုံးသခင်ကြီးက ဒီမှာရှိနေကြောင်း ယခုမှသာ သူတို့ သဘောပေါက်သွားကြတော့သည်။

ယဲ့ချန်းနှင့်ယှဉ်လိုက်လျှင် အခြားသူများ၏ ကြွားလုံးများက ယဲ့ချန်း၏အဆင့်နှင့် အဆပေါင်းများစွာ ကွာခြားလှသည်။

သို့သော် အတန်းထဲရှိ မိန်းကလေးများမှာ ယဲ့ချန်း၏ ပြုမူပုံကို ကြည့်ရင်း ရင်ခုန်သံများ မြန်ဆန်လာသည်။

အခြားသူများ ဟန်ရေးပြနေသည်နှင့် မတူပါဘဲ ယဲ့ချန်း၏ လုပ်ရပ်က လွှမ်းမိုးနိုင်စွမ်းနှင့် ယုံကြည်မှုအပြည့်ကို ထုတ်လွှတ်နေပေသည်။

ဤအရာကား အခြားသူများတွင် လုံးဝမရှိခဲ့ဖူးသော အရာပင်။

ကျန်းချွမ်း၏ အတွင်းရေးမှူးမလေးပင် ရင်ခုန်သံများ မြန်ဆန်လာကြောင်း ခံစားလိုက်ရသည်။

ကျန်းချွမ်းက ယဲ့ချန်း၏ စကားများကို ကြားသောအခါ ပထမတော့ အံ့အားသင့်သွားပြီးနောက် အသံထွက်အောင် အော်ရယ်လိုက်လေတော့သည်။

"ဟားဟား ယဲ့ချန်း.... မင်းက ကြွားလုံးထုတ်တတ်တာပဲ။ မင်းကိုယ်မင်း ဘယ်သူလို့များထင်နေလဲ။ သန်းကြွယ်သူဌေးကြီးလို့များ ထင်နေတာလား။ ငါတို့က မင်းကို ခွက်ချင်းတိုက်ဖို့ မတန်ဘူးတဲ့လား။ မင်းကိုယ်မင်း ဟုတ်လှပြီထင်နေတာလား"

အခြားအတန်းဖော်များလည်း သတိပြန်ဝင်လာကြသည်။

မာယာများသည့် မိန်းကလေးက လှောင်ပြုံးပြုံးလိုက်သည်။

"ဒီနေ့ခေတ်မှာ တက္ကစီဒရိုင်ဘာတွေတောင် ဒီလောက်ယုံကြည်မှုအပြည့်နဲ့ ကြွားလုံးထုတ်ရဲနေကြပြီပဲ"

"ဟုတ်ပါ့။ ငါတို့က သူ့ကို ခွက်ချင်းတိုက်ဖို့ မတန်ဘူးဆိုတော့ သူ့ကိုယ်သူ ဘာကောင်များ မှတ်နေလဲမသိဘူး"

ကျန်းချွမ်းက စားပွဲကို ရုတ်တရက်ဆောင့်ချပြီး ယဲ့ချန်းကို လက်ညှိုးထိုးပြလိုက်သည်။

"ယဲ့ချန်း... မင်း ငါ့ကို အထင်သေးတာလား။ ငါနဲ့ ခွက်ချင်းမတိုက်ဘူးပေါ့လေ ဟုတ်လား။ ဒါကို ငါ မှတ်ထားမယ်။ တစ်နေ့ကျရင် မင်းကို ဒူးထောက်ပြီး ငါနဲ့ခွက်ချင်းတိုက်ရအောင် လုပ်ပြမယ်"

ထိုသို့ပြောပြီးနောက် ကျန်းချွမ်းက ဒေါသတကြီး နှာမှုတ်လိုက်ပြီးနောက် သူ့အတွင်းရေးမှူးအား ပြောလိုက်လေသည်။

"ငွေရှင်းဖို့ စားပွဲထိုးကိုခေါ်လိုက်"

မည်သို့ပင်ဖြစ်စေ 'သူတစ်ပါးပစ္စည်း ယူထားလျှင် မျက်နှာငယ်ရပြီး သူများကျွေးတာ စားထားလျှင် နှုတ်ဆိတ်နေရသည်' ဟူသော ဆိုရိုးစကားကို မှတ်မိနေသည့်တိုင် ယဲ့ချန်းကမူ ဟင်းလျာများကို အားပါးတရစားသောက်ခဲ့သည်။

သို့သော် ထိုအချိန်မှာပင် စားပွဲထိုးက ပြောလာလေသည်။

"တောင်းပန်ပါတယ်။ ဘေလ်ရှင်းပြီးသွားပါပြီ"

"ဘာ"

စားပွဲထိုး၏ စကားကို ကြားသောအခါ ကျန်းချွမ်း အံ့အားသင့်သွားလေသည်။

"ဘယ်သူ ရှင်းသွားတာလဲ"

ကျန်းချွမ်းက မကျေမနပ်ဖြင့် မေးလိုက်သည်။

စားပွဲထိုးကလည်း ပြန်ဖြေသည်။

"ကျွန်တော်တို့ စားသောက်ဆိုင်က မယ်ရီယော့ဟိုတယ်ရဲ့ အခွဲတစ်ခုပါ။ စည်းမျဉ်းတွေအရ မယ်ရီယော့ဟိုတယ်ရဲ့ ပင်မရှယ်ယာရှင်တစ်ယောက်ယောက် ကျွန်တော်တို့ဆီမှာ လာစားတဲ့အခါတိုင်း ကျသင့်ငွေကို အမြဲအခမဲ့ထားဖို့ သတ်မှတ်ထားပါတယ်"

"မယ်ရီယော့လုပ်ငန်းစုရဲ့ အဓိကရှယ်ယာရှင် ဟုတ်လား"

လူတိုင်း အံ့အားသင့်သွားကြသည်။

မယ်ရီယော့လုပ်ငန်းစုမှာ ဟွားနိုင်ငံ၏ ထိပ်တန်း လုပ်ငန်းကြီးသုံးခုအနက် တစ်ခုဖြစ်၏။ ဤအတန်းဖော်များထဲမှာ ဤမျှအထင်ကြီးစရာကောင်းသူတစ်ယောက်များ ပါနေလေသလား။

ကျန်းချွမ်းလည်း မှင်တက်သွားပြီး နားမလည်နိုင်ဟန်ဖြင့် မေးလိုက်ပြန်သည်။

"အဓိကရှယ်ယာရှင် ဟုတ်လား။ အဓိကရှယ်ယာရှင်က ဘယ်သူလဲ"

စားပွဲထိုးက ယဲ့ချန်းကို အရိုအသေပေး၍ ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့... ကျွန်တော်တို့ဟိုတယ်ရဲ့ မူဝါဒအရ လူကြီးမင်းရဲ့ကျသင့်ငွေက အခမဲ့ပါခင်ဗျာ"

ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်ပင်။

"အင်း...ငါ နားလည်ပြီ"

ထိုအချိန်တွင်မူ ကျန်းချွမ်းလည်း ဆွံ့အမှင်တက်သွားရချေပြီ။

ယဲ့ချန်း ဘာကြောင့် ဤမျှအထိ ယုံကြည်မှုရှိနေရသလဲဆိုသည်ကို နောက်ဆုံးတော့ သူ နားလည်လိုက်သည်။

ထိုသို့ယုံကြည်မှုရှိနေရလောက်အောင်လည်း ခိုင်လုံသော အကြောင်းပြချက်များ သူ့တွင် ရှိပေသည်။

ထိုအချိန်တွင် အတန်းဖော်များအားလုံးမှာ မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။

သူတို့အထင်သေးခဲ့သော ယဲ့ချန်းသည် အမှန်တကယ်တွင် မယ်ရီယော့ဟိုတယ်၏ အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားချေ။

"ယဲ့ချန်း... တော်လိုက်တာကွာ။ မင်းက တက္ကစီဒရိုင်ဘာပါလို့ပြောပြီး ဒီလောက်ချမ်းသာတာတောင် သိုသိုသိပ်သိပ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး"

"ယဲ့ချန်းက သာမန်တက္ကစီဒရိုင်ဘာတော့ မဖြစ်နိုင်လောက်ဘူးလို့ ငါထင်သားပဲ"

စောစောက ယဲ့ချန်းကို လျစ်လျူရှုထားခဲ့ကြသော အတန်းဖော်များမှာ ယခုမူ အသိပြန်ဝင်လာကြပြီး ယဲ့ချန်းကို ကပ်ဖားကြလေတော့သည်။

ယဲ့ချန်းက သူတို့ကို ခပ်ဖွဖွပြုံးပြလိုက်၏။

"တကယ်လည်း ငါက တက္ကစီဒရိုင်ဘာပါပဲ။ တက္ကစီမောင်းတာက ငါ့ရဲ့အဓိကအလုပ်လေ။ လေကြောင်းလိုင်းတွေ စားသောက်ဆိုင်တွေလိုမျိုး တခြားလုပ်ငန်းတွေက ငါ့ရဲ့ဘေးပေါက်စီးပွားရေးအလုပ်တွေပေါ့"

လူတိုင်း : "..."

••••••••••••••••••••••

အပိုင်း ၅၉၁ : မိခင်ကျောင်းတော်ဆီသို့ ပြန်ရောက်လာခြင်း

လူတိုင်းက ယဲ့ချန်းအား ကပ်ဖားနေကြသည်ကို ကြည့်ရင်း ဘေးနားရှိ ကျန်းချွမ်းခမျာ ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်တော့မတတ်ပင်။

အတန်းဖော််များက တုံးအသူများ မဟုတ်ကြပေ။ မယ်ရီယော့ဟိုတယ်၏ ပင်မရှယ်ယာရှင်က ဘယ်လိုလုပ်ပြီး သာမန်တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နိုင်မည်နည်း။

ကျန်းချွမ်းမှာ သွေးအန်တော့မတတ် ဖြစ်နေလေပြီ။

သူ ကြွားလုံးထုတ်ရန် ကြိုးစားသမျှမှာ ယဲ့ချန်း၏လုပ်ရပ်အောက်မှာ လုံးလုံးလျားလျား ဖုံးလွှမ်းခံလိုက်ရပြီဟု သူ ခံစားလိုက်ရ၏။

အစောပိုင်းက ဘယ်သူမှ သူ့ကို ခွက်ချင်းတိုက်ဖို့ အရည်အချင်းမပြည့်မီဘူးဟု ယဲ့ချန်း ပြောခဲ့စဉ်က အတန်းဖော်များမှာ နောက်နေသည်ဟု ထင်ခဲ့ကြသည်။

ယခုမူ သူ့သရုပ်မှန် ပေါ်သွားချိန်ဝယ် ထိုဟာသမှာ တကယ့်အမှန်တရား ဖြစ်နေကြောင်း ရှင်းလင်းသွားသည်။

အထူးသဖြင့် သူသည် ယဲ့ချန်းကို ကျေးဇူးတင်လာစေချင်သောကြောင့် ငွေရှင်းပေးချင်ခဲ့သော်ငြား စားသောက်ဆိုင်က ယဲ့ချန်း၏အပိုင်ဖြစ်နေလေရာ ငွေရှင်းရန်ပင် မလိုလိုက်ချေ။

အဆုံးတွင်မူ အကြွေးတင်သွားသူက သူကိုယ်တိုင် ဖြစ်သွားချေသည်။

သို့ဖြစ်လေရာ ကျန်းချွမ်းအနေနှင့် ဒေါသမထွက်ဘဲ ဘယ်နေနိုင်မည်နည်း။

သူက ထမင်းတစ်နပ်လောက်များ မစားနိုင်လို့လား။

သို့သော် သူ ဘာမှမတတ်နိုင်ခဲ့ပေ။ သူ ဟန်ရေးပြရန် ဘိုကင်လုပ်ထားသော ဟိုတယ်က ယဲ့ချန်း၏မိသားစုပိုင် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုအချိန်တွင် အတန်းဖော်စွန်းယဲ့က ဆိုလေသည်။

"အားလုံး စားလို့သောက်လို့ ပြီးသလောက်ရှိပြီဆိုတော့ ကျောင်းကို သွားကြည့်ကြရအောင်"

ထိုစကားကိုကြားသောအခါ ကျန်းချွမ်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ဤသည်မှာ သူပြောရမည့် စကားပင်။ ယခုမူ တခြားသူက လက်ဦးသွားသည်။

သေစမ်း...

ယနေ့မူ သူ ထင်ပေါ်နိုင်ရန် အခွင့်အရေး လုံးဝမရခဲ့သဖြင့် စိတ်ပျက်စရာကောင်းလှသည်။

ထိုစဉ် ယဲ့ချန်းက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"ကောင်းပြီလေ။ အားလုံးပဲ သွားကြတာပေါ့"

ထို့နောက် လူတိုင်းက ယဲ့ချန်းနောက်က လိုက်သွားကြသည်။

ကျန်းချွမ်းခမျာ ပြောစရာစကားပင် မရှိတော့ချေ။

သောက်ကျိုးနည်း... သူက ယွမ်သိန်းချီတန်တဲ့ လက်ဆောင်တွေ ဝေပေးခဲ့တာတောင်မှ နောက်ဆုံးကျတော့ ယဲ့ချန်းကပဲ ခေါင်းဆောင် ဖြစ်သွားတယ်ပေါ့လေ။

မကြာခင်မှာပင် သီးသန့်ခန်းထဲရှိ လူတိုင်း ထွက်သွားကြပြီး ဒေါသထွက်နေသော ကျန်းချွမ်းနှင့် မျက်လုံးလေး ကလည်ကလည်ဖြစ်နေသော သူ့အတွင်းရေးမှူးမလေးသာ ကျန်ရစ်ခဲ့တော့သည်။

ကျန်းချွမ်းမှာ ရွေးချယ်စရာမရှိတော့သည့်အဆုံး အားလုံးနောက်သို့ လိုက်လာခဲ့ရသည်။

ထိုစဉ် ခမ်းနားထည်ဝါလှသော ဘန်ထလေကားတစ်စီးကို မြင်လိုက်ရသောအခါ ကျန်းချွမ်း၏ မျက်လုံးများမှာ အရောင်လက်သွားလေသည်။

ဒါက ဟန်ရေးပြဖို့ အခွင့်ကောင်းပဲ။

ကျန်းချွမ်းက လီရော့ချီထံသို့ လျှောက်သွားပြီး ပြုံးလိုက်လေသည်။

"ရော့ချီ... မင်း ကားမောင်းမလာဘူးမလား။ ကိုယ့်ရဲ့ ဘန်ထလေကားနဲ့ လိုက်ခဲ့ပါလား"

သူက လက်ထဲရှိ ဘန်ထလေကားသော့ကို ဝင့်ကြွားစွာ ဝေ့ယမ်းပြလိုက်သည်။

ထိုဇိမ်ခံဘန်ထလေကားကြီးကို မြင်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

ဝိုး... ဒီကားက ယွမ်သုံးလေးသန်းလောက် တန်မှာပဲ မဟုတ်လား။

ချမ်းသာသော သူဌေးသားပီပီ ကားကအစ အဆင့်အတန်းမြင့်လှပေသည်။

အတန်းဖော်များ၏ မြှောက်ပင့်ဖားယားမှုများအကြား ကျန်းချွမ်းမှာ ယုံကြည်မှု ပြန်လည်ရရှိလာပြီး မော်ကြွားလာပြန်သည်။

သို့သော် လီရော့ချီကမူ တုတ်တုတ်မျှမလှုပ်ပါဘဲ ပြန်ဖြေလိုက်၏။

"တောင်းပန်ပါတယ်။ ယဲ့ချန်းက အခုလေးတင် တက္ကစီခေါ်ထားပြီးပါပြီ"

"တက္ကစီ ဟုတ်လား။ ရော့ချီ.. မင်းလို အလှလေးက ဘယ်လိုလုပ်ပြီး တက္ကစီစီးလို့ဖြစ်မှာလဲ"

ထို့နောက် ကျန်းချွမ်းက သူ့ဘန်ထလေကားကို ပုတ်ပြလိုက်သည်။

"မင်းလို နတ်ဘုရားမလေးက ကိုယ့်ရဲ့ဘန်ထလေကားကိုပဲ စီးသင့်တာ"

ထိုစဉ် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူငယ်တစ်ယောက် လျှောက်လာချေသည်။

ယဲ့ချန်းကို မြင်သောအခါ သူ့မျက်လုံးအစုံကား တောက်ပသွားသည်။

"အစ်ကိုယဲ့... ဒီကို ဘာလာလုပ်တာလဲ"

သူ့ကိုမြင်သောအခါ ယဲ့ချန်း ခေတ္တမျှတန့်သွားသည်။

"ယန်ချွမ်း.. မင်းက ဒီကိုဘာလာလုပ်တာလဲ"

ယန်ချွမ်းက ရယ်မောလိုက်၏။

"ကျွန်တော် ဒီမှာ ဖြေရှင်းစရာကိစ္စလေးနည်းနည်းရှိနေလို့ပါ"

ပြောရင်းဆိုရင်း ယန်ချွမ်းက ကျန်းချွမ်းကို ပြုံးစစဖြင့် တစ်ချက်ကြည့်လိုက်သည်။

"မင်းရဲ့အစုတ်ပလုတ် ဘန်ထလေကားကို အစ်ကိုယဲ့ရှေ့မှာ ဘာလို့ လာကြွားနေတာလဲ။ အစ်ကိုယဲ့မှာ ဘယ်လိုကားမျိုးတွေရှိလဲဆိုတာ မင်းသိလား။ ယွမ်သန်းတစ်ရာကျော်တန်တဲ့ လိုင်ကန်နဲ့ ယွမ်သန်းခုနစ်ဆယ်ကျော်တန်တဲ့ ကူလီနန်တွေကို သွားကြည့်လိုက်ဦး။ မင်းရဲ့ကားစုတ်လေးကိုများ ဂုဏ်ယူရဲသေးတယ်"

လွန်ခဲ့သည့် စက္ကန့်ပိုင်းကအထိ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေခဲ့သော ကျန်းချွမ်းမှာ ယန်ချွမ်းကြောင့် ချက်ချင်း အရှက်ကွဲသွားရသည်။

အခြားအတန်းဖော်များလည်း မှင်တက်သွားလေသည်။

ဝိုး... ယွမ်သန်းတစ်ရာကျော်တန်တဲ့ လိုင်ကန် နဲ့ ကူလီနန်တဲ့လား။ ယဲ့ချန်းက တကယ်ပဲ အဲဒီလောက်တောင် ချမ်းသာနေတာလား။

ယန်ချွမ်းက ဆို၏။

"အစ်ကိုယဲ့ ကျွန်တော့်သူငယ်ချင်းက ကားယူလာတာမို့ အစ်ကို ကျွန်တော့်ရဲ့ လမ်ဘော်ဂီနီကို ခဏယူသုံးထားလိုက်လေ။ နည်းနည်း ဟောင်းနေပေမဲ့ အစ်ကို နောက်မှ မိုတုကို ပြန်မောင်းလာပေးပေါ့"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီလေ"

ယဲ့ချန်းလည်း လီရော့ချီကို ကားပေါ်တက်ရန် ဖိတ်ခေါ်လိုက်ပြီးနောက် မောင်းထွက်သွားချေသည်။

လူတိုင်း အံ့သြမှင်တက်သွားကြသည်။

ဝိုး... ယဲ့ချန်းက အထင်ကြီးလောက်စရာပဲ။

ယခုမူ ယဲ့ချန်းက သာမန်တက္ကစီဒရိုင်ဘာတစ်ယောက် လုံးဝမဖြစ်နိုင်ကြောင်း၊ သူသည် ကျန်းချွမ်းထက် မနိမ့်ကျသော အရေးပါသူတစ်ဦးဖြစ်ရမည်ဟု လူတိုင်း နားလည်သွားကြသည်။

သူ ဘယ်လောက် သိုသိုသိပ်သိပ်နေတတ်သလဲဆိုတာ ကြည့်စမ်းပါဦး။

လူတိုင်း သက်ပြင်းချ၍ ခေါင်းခါယမ်းလိုက်ကြပြီးနောက် ကိုယ့်ကားပေါ်ကိုယ်တက်၍ ထွက်ခွာသွားကြသည်။

ကျန်းချွမ်းခမျာ လူတိုင်း၏ ချန်ရစ်ခြင်းကို ခံလိုက်ရပြန်သဖြင့် အဆုံးမဲ့အထီးကျန်ဆန်မှုကို ခံစားလိုက်ရသည်။

နှစ်ပေါင်းများစွာကြာသည်အထိ ကျန်းချွမ်း ဘယ်သွားသွား ကြွားလုံးဘုရင်ဟုသာ သတ်မှတ်ခံခဲ့ရသည်။ သို့သော် ယနေ့မှာတော့ သူ့အနေနှင့် လူအထင်ကြီးအောင် လုပ်မပြနိုင်ခဲ့သည့်အတွက် စိတ်မသက်သာလှပေ။

သူ့ကြွားလုံးက နောက်တစ်ကြိမ်ကျရှုံးသွားပြန်သဖြင့် ဟိုတယ်ရှေ့တွင် သူနှင့် သူ့အတွင်းရေးမှူးသာ အထီးကျန်စွာ ကျန်ရစ်နေခဲ့သည်။

သို့သော် ကျန်းချွမ်းကမူ စိတ်ဓာတ်မကျသေးပေ။ ဤတစ်ခေါက် ကျောင်းရောက်လျှင်မူ လူတိုင်း သူ့ကိုအထင်ကြီးသွားစေရန် ယဲ့ချန်းထက် ပိုသာအောင်လုပ်ပြမည်ဟု သူ စီစဉ်ထားသည်။

ထိုနေရာကား ကြွားလုံးထုတ်ရမည့် နောက်ဆုံးစစ်မြေပြင်ဖြစ်၏။

ထိုအချိန်တွင် ကျောက်စိမ်းမြို့ မူလတန်းကျောင်းရှေ့၌ ကျောင်းအုပ်ကြီးဝူခမျာ ညှိုးနွမ်းနေသော မျက်နှာထားဖြင့် ရှိနေချေသည်။

ဤမြေနေရာမှာ သိမ်းဆည်းခံလိုက်ရပြီး ကျောင်းကိုလည်း အခြားကျောင်းများနှင့် ပေါင်းစည်းမည်ဖြစ်ကြောင်း သူ ယခုလေးတင် အကြောင်းကြားစာရထားသည်။

ဤသည်မှာ အိမ်နှင့်နီးသော ကျောင်းတွင် တက်ရောက်နေကြသည့် ကလေးငယ်များအနေနှင့် ကျောင်းရောက်ရန်အတွက် နာရီပေါင်းများစွာကြာအောင် ခရီးသွားရတော့မည်ဟူသော အဓိပ္ပာယ်ပင်။

"တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား"

ဆရာဆရာမများအားလုံးလည်း ချီတုံချတုံဖြစ်နေပေသည်။

ကျောင်းအုပ်ဝူက ခေါင်းယမ်းပြလိုက်၏။

"ဘာနည်းလမ်းမှ မရှိတော့ဘူး။ သဘောတူစာချုပ်က လက်မှတ်ထိုးပြီးသွားပြီမို့ မနက်ဖြန် စဖြိုတော့မှာ"

ထိုစဉ် အဝေးမှ ဇိမ်ခံကားတန်းကြီးတစ်တန်း ရောက်ချလာသည်။

ထိပ်ဆုံးတွင် တောက်ပြောင်လှသော လမ်ဘော်ဂီနီကားတစ်စီးက ဦးဆောင်လာပြီး အနောက်တွင် ဘီအမ်ဒဗလျူ၊ အော်ဒီ၊ မာစီတီးဘန့်ဇ်ကားများ လိုက်ပါလာကာ နောက်ဆုံးပိတ်အဖြစ် ဘန်ထလေကားတစ်စီး ပါဝင်လေသည်။

ဇိမ်ခံကားများကို မြင်သောအခါ ကျောင်းအုပ်ဝူမှာ မှင်တက်သွားချေသည်။

အဆောက်အအုံဖြိုတာက မနက်ဖြန်မှ မဟုတ်ဘူးလား။ ဒီလူတွေ ဘာလို့ ဒီလောက်အစောကြီး ရောက်လာတာလဲ။

ကားထဲတွင်မူ ကျန်းချွမ်းမှာ အလွန်ဒေါသထွက်နေပေသည်။

သူသည် ထိပ်ဆုံးကားအနေနှင့် ဝင်လာရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် သူ နောက်ကျသွားခဲ့သဖြင့် နောက်ဆုံးမှသာ ဝင်လာခဲ့ရပြန်သည်။

ဤမြေနေရာကို ဒေသခံအိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်က သဘာဝပန်းခြံတစ်ခုတည်ဆောက်ရန် ဝယ်ယူခဲ့ခြင်းပင်။

မြေဝယ်ယူသူလုပ်ငန်းရှင်က ဤကိစ္စကို သတင်းထုတ်ပြန်ရန် မီဒီယာများကို ဖိတ်ကြားထားခဲ့သည်။

ဇိမ်ခံကားများ ရောက်လာသည်ကို မြင်သောအခါ သတင်းထောက်များလည်း စိတ်ဝင်တစားဖြစ်သွားပြီး ကင်မရာများကို မြှောက်ကိုင်ထားလိုက်ကြသည်။

သတင်းထောက်အများကြီး ရှိနေသောကြောင့် ကျန်းချွမ်းကို ပို၍ပင်စိုးရိမ်သောကရောက်စေသည်။

ကြွားလုံးထုတ်ရန် နောက်ထပ် အခွင့်အရေးကောင်းတစ်ခုကို ယဲ့ချန်းက လုယူသွားခဲ့ပြန်လေပြီ။

ယဲ့ချန်း ကားပေါ်က ဆင်းလာသည်နှင့် ကင်မရာများနှင့် မီးရောင်များက သူထွက်လာချိန်တွင် သူ့ထံသို့ အာရုံစိုက်ထားကြသည်။

"တစ်ဆိတ်လောက်ပါ... ခင်ဗျားတို့က ဘယ်သူတွေလဲ"

ယဲ့ချန်းလည်း ကျောင်းအုပ်ဝူထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

"ကျောင်းအုပ်ဝူ... ကျွန်တော်က ယဲ့ချန်းပါ။ ကျွန်တော့်ကို မှတ်မိသေးလား"

ကျောင်းအုပ်ဝူက သူ့ကို တစ်ချက်ကြည့်လိုက်၏။

"မှတ်မိတာပေါ့။ အဲဒီတုန်းက မင်းက ကျောင်းမှာ အချောဆုံးပဲလေ။ ဆရာဆရာမတွေအားလုံးကလည်း မင်းကို သဘောကျကြတာ။ စတုတ္ထတန်းမှာ မင်း မိုတုကို ပြောင်းသွားတာမဟုတ်လား"

ယဲ့ချန်းက ခေါင်းညိတ်ပြ၏။

"ကျောင်းအုပ်ဝူ... ကျွန်တော်တို့ ပြန်ရောက်ပါပြီ"

ထိုအချိန်တွင် ကျန်းချွမ်းက လူအုပ်ကြားထဲမှ တိုးဝှေ့ထွက်လာသည်။

"ကျောင်းအုပ်ဝူ... ကျွန်တော့်ကိုရော မှတ်မိလား"

ကျောင်းအုပ်ဝူက ကျန်းချွမ်းကို ကြည့်ရင်း နဝေတိမ်တောင်ဖြင့် ခေါင်းယမ်းပြလိုက်သည်။

ကျန်းချွမ်းခမျာ နေရခက်ဟန်ဖြင့် ပြောလိုက်ရသည်။

"ကျွန်တော် ကျန်းချွမ်းပါ"

ထိုအခါမှသာ ကျောင်းအုပ်ဝူက မှတ်မိသွားသည်။

"သြော် မင်းက ချွမ်းဇီကိုး။ ဒါပေမဲ့ မင်းက အရင်နဲ့ သိပ်မတူတော့ဘူး။ အရင်က မင်းပါးစပ်အောက်မှာ မှဲ့တစ်လုံးရှိတယ်မဟုတ်လား။ ခွဲစိတ်ပြုပြင်ထားတာလား"

ကျန်းချွမ်းက ပြုံးရုံသာပြုံးနေပြီး ဘာမှ ပြန်မပြောပေ။

တကယ်တော့ သူဌေးသားတစ်ယောက် ဖြစ်လာကတည်းက သူ့ရုပ်ရည်သွင်ပြင်မှာ သူ၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုတစ်ခု ဖြစ်ခဲ့လေရာ ခွဲစိတ်ပြုပြင်ရန် ကိုရီးယားသို့ပင် သွားခဲ့ရသည်။

သို့သော် မမျှော်လင့်ထားပါဘဲ တွေ့တွေ့ချင်းမှာပင် ကျောင်းအုပ်ကြီးဝူက သူ့အတိတ်ကို ဖော်ကောင်လုပ်လိုက်လေသည်။

ထိုအခိုက် အခြားအတန်းဖော်များကိုပါ မြင်လိုက်ရသောအခါ ကျောင်းအုပ်ဝူမှာ အလွန် စိတ်လှုပ်ရှားသွားသည်။

ယခင်က ကျောင်းတွင် ကျောင်းအုပ်ဝူ တစ်ယောက်တည်းသာရှိခဲ့သဖြင့် ဤကျောင်းသားများအားလုံးကို သူကိုယ်တိုင် သင်ကြားပေးခဲ့သည်။

ကျောင်းအုပ်ဝူက တကယ်တော့ စေတနာ့ဝန်ထမ်းအဖြစ် စာသင်ပေးရန် ဤမြို့လေးသို့ ရောက်လာခဲ့သော မိုတုမြို့မှ တက္ကသိုလ်ဘွဲ့ရတစ်ဦးပင်။ သူ ဤနေရာတွင် နေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။

ယခုမူ သူသည် ကျောင်းအုပ်ဝူ ဖြစ်လာခဲ့ချေပြီ။

ယဲ့ချန်းက ကျောင်းအုပ်ဝူ၏ လက်ကို ဆုပ်ကိုင်၍ ပြောလိုက်သည်။

"ကျောင်းအုပ်ဝူ... ကျွန်တော်တို့အားလုံး ပြန်ရောက်လာကြပြီ"

ကျောင်းအုပ်ကြီး၏ အမူအရာမှာ အနည်းငယ် ညှိုးနွမ်းသွားသည်။

"ကောင်းတာပေါ့။ ပြန်ရောက်လာတာ ကောင်းတယ်။ ဒါပေမဲ့ မနက်ဖြန်ကျရင် ငါတို့ကျောင်းလေး အဖြိုခံရတော့မှာတော့ နှမြောစရာပဲ"

•••••••••••••••••••••••••••••••

All Chapters