← Chapters

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အပိုင်း ၅၉၅ : အံ့အားသင့်စရာ

ယဲ့ချန်းနှင့် စုရှောင်မေ့ကို ကြည့်ရုံဖြင့် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ကြောင်း သိသာလှသည်။

စုရှောင်မေ့က သာမန်တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်သာ ဖြစ်သော်လည်း သူ(မ)၏နောက်တွင် ယဲ့ချန်းက အခိုင်အမာ ရပ်တည်ပေးထားသည်။

လုမုန့်က စုရှောင်မေ့ကို အနိုင်ကျင့်ခြင်းမှာ ယဲ့ချန်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် အတူတူပင်။

ယဲ့ချန်းက ဤကိစ္စကို သည်အတိုင်း ဘယ်လိုလုပ် လွှတ်ထားနိုင်မည်နည်း။

"မစ္စတာယဲ့... ဒါက ရှင့်ရဲ့ အဆင့်မြင့်အိပ်ခန်းသော့ကတ်ပါ။ အချိန်မရွေးအနားယူနိုင်ပါတယ်။ ကျွန်မမှာ လုပ်စရာလေးတွေ ရှိနေသေးလို့ပါ"

"ကောင်းပါပြီ"

ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် စုရွှယ်မှာ ရုတ်တရက်ရပ်တန့်၍ မေးလိုက်သည်။

"မစ္စတာယဲ့.. ဒီည ဂုဏ်ပြုညစာစားပွဲကို တက်မှာလား"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော့်အတွက် နေရာလေးတစ်ခုတော့ ချန်ထားပေးပါဦး။ အချိန်ရရင် လာခဲ့မယ်"

"ဟုတ်ကဲ့ပါ။ ဒါဆိုရင် ကျွန်မ မျှော်နေပါ့မယ်"

စုရွှယ်ခမျာ အနည်းငယ်စိုးရိမ်ပူပန်သွားသည်။ ယဲ့ချန်းက ယနေ့ည ဂုဏ်ပြုညစာစားပွဲကို လာမှာတဲ့လား။

ယဲ့ချန်း ပြဿနာလာရှာတော့မည်ဟု သူ(မ) ခံစားမိသည်။

သို့သော် ယဲ့ချန်းသာ တကယ်ပြဿနာရှာချင်လျှင် သူ(မ)လည်း မတတ်နိုင်ပေ။

လုမုန့်... လုမုန့်... ဒီတစ်ခါတော့ ရှင် တကယ်ပဲ မထိသင့်တဲ့သူကို သွားထိမိပြီ။

ယဲ့ချန်း မတ်တတ်ရပ်လိုက်စဉ် သူ့မျက်လုံးထဲဝယ် အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ငါ့ကောင်မလေးကို ဘယ်သူကများ အမြတ်ထုတ်ချင်နေတာလဲဆိုတာ သိချင်သေးတယ်"

ဂုဏ်ပြုညစာစားပွဲကို ညနေ၇နာရီ ၃၀မိနစ်တွင် တရားဝင်စတင်ခဲ့သည်။

ဤတစ်ကြိမ်တွင် သုန်းယွီက အကုန်အကျခံပြီး ကြယ်ငါးပွင့်ဟိုတယ်တစ်ခုကို ငှားရမ်းထားသည်။

ပွဲကျင်းပရာနေရာတစ်ခုလုံးမှာ ရွှေလင်းယုန်ဆုပေးပွဲ အခမ်းအနားကြီးတစ်ခုအလား ခမ်းနားစွာ ပြင်ဆင်ထားသည်။

ယဲ့ချန်းကမူ သူ့နေရာတွင် ထိုင်၍ ဝိုင်သောက်နေသည်။

အနီးအနားရှိ အခြားအင်တာနက်ဆယ်လီများက ယဲ့ချန်းကို အားကျစွာ ကြည့်နေကြသည်။

"သူ ထောက်ပံ့ပေးနေတဲ့ စုရှောင်မေ့ဆိုတဲ့ အင်တာနက်ဆယ်လီမလေးက သာမန်ပဲတဲ့။ သီချင်းဆိုတတ်တယ်။ ကောင်လေးတွေကို မြူဆွယ်တဲ့နေရာမှာလည်း မတော်ဘူး။ သူက လှရုံသက်သက်ပဲ"

"ဟူး... ဒီလိုဩဇာညောင်းတဲ့ သူဌေးသားတစ်ယောက်နဲ့ တွေ့ရတာ သူ တော်တော်ကံကောင်းတာပဲ"

"ဟုတ်တယ်နော်။ သူက ချောလည်းချောတယ်။ ချမ်းလည်း ချမ်းသာတယ်။ ပြီးပြည့်စုံတဲ့ ယောကျ်ားတစ်ယောက်ရဲ့ စံပြပုံစံပဲ"

အခြားအမျိုးသမီးအင်တာနက်ဆယ်လီအချို့ကလည်း ယဲ့ချန်းကို လာရောက်နှုတ်ဆက်ရန် ကြိုးစားကြသော်ငြား ယဲ့ချန်းကမူ သူတို့ကို လုံးဝ ဂရုမစိုက်ပေ။

ထိုအမျိုးသမီးအင်တာနက်ဆယ်လီများမှာ အလိုက်တသိဖြင့် ပြန်သွားကြသည်။

စွန်းယွဲ့က ယဲ့ချန်းကို ကြည့်လိုက်ချိန်ဝယ် သူ(မ)၏ မျက်လုံးထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

သူ(မ)သည် ယခင်တုန်းက ယဲ့ချန်းကို ပြစ်မှားမိခဲ့သည့်အတွက် နောင်တရနေသည်။

အကယ်၍ သူ(မ)သာ ယဲ့ချန်းနှင့် အစကတည်းက အနည်းငယ်ရင်းနှီးအောင် နေခဲ့မည်ဆိုပါက ယခုအချိန်တွင် သူ့ဘေး၌ ထိုင်နေရသူမှာ သူ(မ) ဖြစ်နေနိုင်ပေသည်။

ယဲ့ချန်း၏ဖုန်းက ရုတ်တရက် မြည်လာသည်။

စုရှောင်မေ့က ဝေ့ရွှင်းကတစ်ဆင့် စာတိုတစ်စောင် ပို့လိုက်ခြင်းပင်။

"ကြည့်ပါဦး.. ဒီမှာ အရသာရှိတဲ့ အချိုပွဲတွေ အများကြီးပဲ။ ပြီးတော့ ကနေတဲ့ အချောအလှလေးတွေလည်း အများကြီးပဲ။ ရှင် ကျွန်မကို အားကျနေပြီလား"

ယဲ့ချန်းက ခပ်ဟဟရယ်မောလိုက်၏။

"တကယ်တော့ မင်း မက်ကာရွန်လေးတွေကို မြည်းကြည့်သင့်တယ်။ အဲဒါတွေက အကောင်းဆုံးပဲ။ ကနေတဲ့ အဲဒီအချောအလှလေးတွေက မင်းလောက် တစ်ယောက်မှ မလှပါဘူးကွာ"

စုရှောင်မေ့ခမျာ ယဲ့ချန်း၏ပြန်စာကို မြင်သောအခါ အံ့အားသင့်သွားသည်။

"ရှင် ဘယ်မှာလဲ။ ရှင်လည်း ပွဲထဲမှာ ရောက်နေတာတော့ မဟုတ်ပါဘူးနော်"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ခန့်မှန်းကြည့်လေ"

စုရှောင်မေ့လည်း ဝေ့ရွှင်းမှ ချက်ချင်း ဗီဒီယိုကောခေါ်လိုက်သည်။

"ယဲ့ချန်း... ရှင် ဘယ်မှာလဲ"

"ကိုယ် အရှေ့ဆုံးတန်းက ဗီအိုင်ပီနေရာမှာ ရှိတယ်"

စုရှောင်မေ့က ဖုန်းချလိုက်ပြီးနောက် ရှေ့ဆုံးတန်းရှိ ချောမောခံ့ညားသော အမျိုးသားတစ်ယောက်ကို တကယ်မြင်လိုက်ရသည်။

ယဲ့ချန်းကို မြင်သောအခါ စုရှောင်မေ့မှာ မိသားစုဝင်တစ်ယောက်ကို တွေ့လိုက်ရသလို ခံစားလိုက်ရသဖြင့် အမြန်ပြေးသွားလေသည်။

ယနေ့ စုရှောင်မေ့သည် အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး မင်းသမီးလေးတစ်ပါးအလား အလွန်လှပနေသည်။

အခြားအင်တာနက်ဆယ်လီများနှင့် ယှဉ်လျှင် စုရှောင်မေ့မှာ ရုပ်ဆိုးဆိုးဘဲပေါက်လေးများကြားရှိ ငန်းဖြူလေးတစ်ကောင်အလား ကြော့မော့လှပနေချေသည်။

တကယ်တော့ အင်တာနက်ဆယ်လီအများစုမှာ သိပ်ဆွဲဆောင်မှုမရှိကြဘဲ မိတ်ကပ်လိမ်းရာတွင်သာ တော်ကြခြင်းပင်။

စုရှောင်မေ့လည်း ယဲ့ချန်းထံသို့ ပြေးသွားပြီး ဘာမှမစဉ်းစားတော့ဘဲ သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။

"လူဆိုးကောင် လူဆိုးကောင်... ကျွန်မ ရှင့်ကို အရမ်းလွမ်းနေတာ"

ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။

"ကိုယ်တို့ မတွေ့ရတာ ရက်ပိုင်းလောက်ပဲ ရှိသေးတာလေ။ အဲဒီလောက်တောင် စိတ်လှုပ်ရှားနေဖို့ လိုလို့လား"

"ဟွန့်... ရက်ပိုင်းဆိုတာကို ရှင်က အချိန်တိုလေးလို့ ထင်နေတာလား"

"မဟုတ်ပါဘူး။ ကိုယ် မိုတုကို ပြန်ရောက်ရောက်ချင်း မင်းဆီကို လာခဲ့တာပါ"

စုရှောင်မေ့က ယဲ့ချန်းကို ပွေ့ဖက်ထားပြီး ပန်းလေးတစ်ပွင့်နှယ် ပျော်ရွှင်နေသည်။

ဘေးနားရှိ လူတိုင်းကတော့ သူတို့ကို အားကျနေကြသည်။

ယဲ့ချန်းအပေါ် စိတ်ဝင်စားခဲ့ကြသော အင်တာနက်ဆယ်လီများမှာမူ သက်ပြင်းသာ ချလိုက်ရတော့သည်။

"ဪ... အိပ်မက်ထဲက မင်းသားလေးမှာ ကောင်မလေးရှိနေပြီပဲ။ လက်လျှော့ရတော့မှာပေါ့"

အစကတော့ သူတို့ ဤမင်းသားလေးလို လူစားမျိုးကို ဘယ်လိုဆွဲဆောင်ရမလဲဟု စဉ်းစားနေခဲ့ကြသည်။

မထင်မှတ်ပါဘဲ သူတို့ ဘာမှမလုပ်ရသေးခင်မှာပင် ဤမင်းသားလေးကို တစ်စုံတစ်ယောက်က ပိုင်ဆိုင်ထားပြီးလေပြီ။

ပတ်ဝန်းကျင်ရှိ အကြည့်များကို ခံစားမိသောအခါ စုရှောင်မေ့လည်း ယဲ့ချန်းကို လွှတ်ပေးလိုက်သည်။

ထိုအခါမှသာ သူ(မ)သည် ခန်းမတစ်ခုလုံး၏ အာရုံစိုက်ရာ ဗဟိုချက်ဖြစ်နေကြောင်း သတိထားမိသွားသည်။

စုရှောင်မေ့၏ မျက်နှာကား အနည်းငယ် နီရဲသွားသည်။

ထိုအချိန်တွင် ဂီတသံများ စတင်ထွက်ပေါ်လာသည်။

ယဲ့ချန်းက ဗီအိုင်ပီနေရာတွင် ထိုင်နေသဖြင့် စုရှောင်မေ့က လျှာတစ်လစ်ထုတ်လျက် ပြောလိုက်သည်။

"ယဲ့ချန်း... ကျွန်မ ရိုးရိုးနေရာကိုပဲ သွားတော့မယ်။ ဒီနေရာက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တွေအတွက်လေ"

ယဲ့ချန်းက အသာခေါင်းယမ်းလိုက်သည်။

"ကိစ္စမရှိပါဘူး။ မင်း ကိုယ်နဲ့အတူ ဒီမှာထိုင်လို့ရတယ်"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက စုရွှယ်ကို ဖုန်းခေါ်လိုက်သည်။

"ဥက္ကဋ္ဌစု... ကျွန်တော့်သူငယ်ချင်းအတွက် နေရာလေးတစ်ခု စီစဉ်ပေးလို့ရမလား။ ကျွန်တော့်ဘေးမှာ ထိုင်ခိုင်းလိုက်ချင်လို့ပါ"

ယဲ့ချန်း၏ တောင်းဆိုမှုကို ကြားသောအခါ စုရွှယ်လည်း ဘယ်လိုလုပ် ငြင်းနိုင်မည်နည်း။

"ဥက္ကဋ္ဌယဲ့... ရပါတယ်။ ကျွန်မ အခုချက်ချင်း စီစဉ်ပေးပါ့မယ်"

ယဲ့ချန်းက ဖုန်းချလိုက်ပြီးနောက် ပြုံးစစဖြင့် ပြောလိုက်၏။

"ကဲ...အခု မင်း ကိုယ့်ဘေးမှာ သက်သောင့်သက်သာ ထိုင်လို့ရပြီ"

စုရှောင်မေ့ အံ့အားသင့်သွားသည်။

"ရှင် ဒီလောက်အထိ ဩဇာညောင်းလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။ လူတိုင်းက ရှင့်ကို အရမ်းရိုသေကြတာပဲ"

ယဲ့ချန်းက ညင်သာစွာ ပြုံးလိုက်၏။

"အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ မင်း မေ့နေပြီလား။ မင်းယောကျ်ားက အရာရာကို စွမ်းဆောင်နိုင်တဲ့သူလေ"

"ဟွန့် ကြွားလိုက်တာ"

စုရှောင်မေ့မှာ မျက်နှာလေး နီရဲသွားသော်လည်း စိတ်ထဲတွင်မူ အလွန်ပျော်ရွှင်နေမိသည်။

ထိုအချိန်တွင် သုန်းယွီ၏ ခေါင်းဆောင်ပိုင်းများ ဝင်ရောက်လာကြသည်။

ထိုအထဲရှိ အမျိုးသားတစ်ယောက်ကို မြင်သောအခါ စုရှောင်မေ့၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

ထိုလူမှာ အသက်လေးဆယ်ခန့်ရှိပြီး ထိပ်ပြောင်ပြီး ကောက်ကျစ်သော မျက်လုံးမျိုးရှိ၏။ သူ့အကြည့်များက အင်တာနက်ဆယ်လီများအပေါ်တွင် ဝေ့ဝဲနေလေရာ လူကောင်းတစ်ယောက် မဟုတ်ကြောင်း ပေါ်လွင်လှသည်။

ယဲ့ချန်းက စုရှောင်မေ့၏ အကြည့်ကို သတိထားမိသဖြင့် မေးလိုက်သည်။

"အဲဒီလူက လုမုန့်လား"

စုရှောင်မေ့ကလည်း ခေါင်းညိတ်ပြလိုက်၏။

"သူက ပြဿနာကောင်ကြီးလေ။ စာချုပ်ကိစ္စ ဆွေးနွေးတုန်းက သူ့မျက်လုံးတွေက ကျွန်မဆီကနေ ခွာကိုမခွာဘူး"

လုမုန့်မှာမူ ယနေ့ စာချုပ်ချုပ်ဆိုရာတွင် အလွန်တက်ကြွနေသည်။ သူ့အနေနှင့် အချောအလှများကို ပိုင်ဆိုင်ခွင့်ရပြီဖြစ်ရာ တစ်ပတ်လုံးအတွက် အစီအစဉ်များပင် ဆွဲထားပြီးဖြစ်၏။

တစ်ခုတည်းသော စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စမှာ ထိပ်တန်းအချောအလှတစ်ယောက်ကို လက်လွှတ်လိုက်ရခြင်းပင်။

သို့သော် သူ့ကို စော်ကားဝံ့သူ မည်သူမဆို သုန်းယွီတွင် အနာဂတ်ရှိမည်မဟုတ်ပေ။

ထိုအချိန်တွင် စွန်းယွဲ့က လုမုန့်ထံသို့ စိတ်အားထက်သန်စွာ ပြေးသွားချေသည်။

"ဥက္ကဋ္ဌလု... ကျွန်မ ရှင့်ကို အရက်တစ်ခွက်လောက် တိုက်ပါရစေ"

လုမုန့်က သူ(မ) တစ်ချက်ပင်မကြည့်ဘဲ ချောမောလှပသော အခြားအမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူများနှင့်သာ စကားပြောနေခဲ့သည်။

ဒေါသထွက်နေသော စွန်းယွဲ့၏မျက်နှာကား နီရဲသွားသည်။

ထိုအချိန်တွင် အခမ်းအနားမှူးက ပွဲစတင်ကြောင်း ကြေညာလိုက်သဖြင့် လုမုန့်ခမျာ အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူများကို အင်တင်တင်ဖြင့် ထားရစ်ခဲ့ပြီး သူ့နေရာသို့ ပြန်သွားရလေသည်။

ယဲ့ချန်း၏မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ဒီကောင်က လူတွေရှေ့မှာတောင် ဒီလောက် ရဲတင်းတယ်ဆိုတော့ ကုမ္ပဏီမှာ သူ့ရာထူးက မနိမ့်တာ သေချာတယ်။

ပါတီပွဲကို ခေါင်းဆောင်များ၏ မိန့်ခွန်းများဖြင့် စတင်ခဲ့သည်။

မိန့်ခွန်းများကို နားထောင်ရခြင်းမှာ ပျင်းရိစရာအကောင်းဆုံးဖြစ်၏။ မိန့်ခွန်းတိုင်းကလည်း သုန်းယွီသည် ပြီးခဲ့သည့်နှစ်များအတွင်း မည်မျှတိုးတက်လာခဲ့ကြောင်းများသာ။

ထိုစဉ် ဥက္ကဋ္ဌထျန်းကွေ့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလာလေသည်။

"ဒီနေ့ ကျွန်တော့်မှာ လူတိုင်းအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ ဒီနေ့မှာပဲ အဓိကလုပ်ငန်းရှင်တစ်ယောက်က ကျွန်တော်တို့ကုမ္ပဏီရဲ့ ရှယ်ယာ၃၀ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပါတယ်။ ဒီလို ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ သုန်းယွီတိုက်ရိုက်ထုတ်လွှင့်ရေးဟာ အမြင့်ဆုံး အဆင့်အတန်းတစ်ခုကို သေချာပေါက် ရောက်တော့မှာပါ"

ဤသတင်းကို ကြားသောအခါ လူတိုင်း အလွန် စိတ်လှုပ်ရှားသွားဟန်ပင်။

မိန့်ခွန်းပြီးဆုံးသွားသည့်နောက် လုမုန့်က စင်ပေါ်တက်ပြီး မိန့်ခွန်းပြောပြန်သည်။

သူသည် ကုမ္ပဏီအတွက် သူလုပ်ဆောင်ခဲ့သည့် ကြီးမားလှသော ပံ့ပိုးကူညီမှုများအကြောင်း ဆက်တိုက်ပြောနေလေရာ တိုက်ရိုက်ထုတ်လွှင့်သူများပင် အိပ်ပျော်လုနီးပါး ဖြစ်သွားကြသည်။

ဆယ်မိနစ်အကြာတွင် လုမုန့်၏မိန့်ခွန်း ပြီးဆုံးသွားပြီး ဖျော်ဖြေရေးနှင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် အစီအစဉ်များကို စတင်ခဲ့သည်။

ပွဲ၏လေထုမှာ တစ်ဖန်သက်ဝင်လှုပ်ရှားလာသည်။

စုရှောင်မေ့က ရယ်မောလိုက်၏။

"ယဲ့ချန်း... ကျွန်မ ရှင့်အတွက် ရေခဲမုန့်သွားယူပေးမယ်"

ယဲ့ချန်းကလည်း ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူများ အဝိုင်းခံနေရသော လုမုန့်မှာ စုရှောင်မေ့ကို ရုတ်တရက်သတိထားမိသွားပြီး မျက်လုံးများ အရောင်လက်သွားလေသည်။

••••••••••••••••••••••••••••••

အပိုင်း ၅၉၆ : မက်မွန်ပွင့်နီရောင်စုံ

လုမုန့်သည် ထိုအမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူများနှင့် မကြာခဏဆိုသလို ပတ်သက်လေ့ရှိသဖြင့် သာမန်ရုပ်ရည်ရှိသော မိန်းကလေးများက သူ့ကို မဆွဲဆောင်နိုင်တော့ပေ။

အပြစ်ကင်းစင်ဟန်တူသည့် စုရှောင်မေ့ကို မြင်လိုက်ရသောအခါ သူ(မ)ကို ချက်ချင်းစိတ်ဝင်စားသွားသည်။

ပြီးခဲ့သည့်တစ်ခေါက် စာချုပ်ကိစ္စ ဆွေးနွေးစဉ်ကလည်း သူ စုရှောင်မေ့နှင့် တွေ့ဆုံခဲ့သော်ငြား ဤမိန်းကလေးက သူ့အလိုကို လိုက်လျောခြင်းမရှိပေ။

ယခုတစ်ကြိမ်တွင်မူ သူ(မ)နှင့် ထပ်ဆုံရပြန်လေပြီ။ စုရှောင်မေ့ကို သူက ဘယ်လိုလုပ် အလွတ်ပေးနိုင်မည်နည်း။

မကြာသေးခင်က သူသည် စွန်းယွဲ့နှင့် ပျော်ပါးနေခဲ့သော်လည်း အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် သူ(မ)ကို ရိုးအီသွားသည်။

သို့ဖြစ်၍ စုရှောင်မေ့သည် လုမုန့်၏ ပစ်မှတ်အသစ် ဖြစ်လာခဲ့သည်။

စုရှောင်မေ့၏ လစာကို လျှော့ချလိုက်ခြင်းမှာ တကယ်တော့ သူ့အစီအစဉ်၏ ပထမခြေလှမ်းမျှသာ။

မူလက စုရှောင်မေ့အနေနှင့် သူ့ကို လာရောက်တောင်းပန်လိမ့်မည်ဟု လုမုန့် ထင်ထားသော်လည်း ဤမိန်းကလေးကမူ ဘာတုံ့ပြန်မှုမှ မရှိပေ။

သူ(မ) ဂရုမစိုက်ဟန်ပင် ပေါ်နေချေသည်။

အခြားအမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်သာဆိုလျှင် သူ့ကို အရှုံးပေးပြီးလောက်ပြီ ဖြစ်၏။

သို့သော် မြှူဆွယ်ဖြားယောင်းရာတွင် ကျွမ်းကျင်သူပီပီ သူ့အစီအစဉ်ကို စတင်အကောင်အထည်ဖော်လေတော့သည်။

သူလည်း မတ်တတ်ထရပ်လိုက်ပြီး အားရပါးရပြုံးရယ်ရင်း စုရှောင်မေ့ထံသို့ လျှောက်သွားလိုက်သည်။

လုမုန့်သည် တန်ဖိုးကြီးဝတ်စုံများကို ဝတ်ဆင်ထားသော်လည်း သူ့ခန္ဓာကိုယ်မှာ အလွန်ဝဖြိုးလှသည်။

သူ့ပုံစံမှာ ဝက်ကြီးတစ်ကောင်နှင့်တူနေလေရာ အလွန်ကြည့်ရဆိုးလှသည်။

စုရှောင်မေ့က ရေခဲမုန့်ခပ်ယူနေစဉ် လုမုန့် လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ်မျက်မှောင်ကြုတ်မိသည်။

လုမုန့်က လုံးဝဂရုမစိုက်ဘဲ ရွှင်လန်းစွာ ပြုံးရယ်လျက် စုရှောင်မေ့ထံသို့ လျှောက်သွားသည်။

“မိန်းကလေးစု...ကကြရအောင်လေ”

စုရှောင်မေ့က လုမုန့်ကို တစ်ချက်ကြည့်၍ မျက်မှောင်ကြုတ်လိုက်၏။

"ဆောရီးပါ။ ကျွန်မ စိတ်မဝင်စားဘူး”

စုရှောင်မေ့ထံမှ အငြင်းခံလိုက်ရပြီးနောက် လုမုန့်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

လုမုန့်သည် ဤအင်တာနက်ဆယ်လီများ၏ ဘဝကို အဆုံးအဖြတ်ပေးနိုင်သည့် လုပ်ပိုင်ခွင့်အာဏာ ရှိသည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ နာမည်ကြီးစေချင်သူက နာမည်ကြီးလာမည်သာ။

အကယ်၍ လူတစ်ယောက်ကို သူ အမြင်မကြည်လျှင် ထိုလူ မည်မျှပင် အရည်အချင်းရှိစေကာမူ အောင်မြင်လာမည် မဟုတ်ပေ။

ဤစုရှောင်မေ့က သူ့ကို လူပုံအလယ်တွင် အရှက်ခွဲရဲပေသည်။

လုမုန့်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“ရှောင်မေ့... မင်းရဲစာချုပ်ကို Sအဆင့်မတိုးချင်တော့ဘူးလား”

စုရှောင်မေ့က လုမုန့်ကို တစ်ချက်ကြည့်လိုက်သည်။

"တကယ်လို့ Aအဆင့်စာချုပ်ရဖို့ ရှင်နဲ့အတူ ကပေးရမယ်ဆိုရင်တော့ ထားလိုက်ပါတော့”

လုမုန့် အံ့အားသင့်သွားချေသည်။ ဤမျှခေါင်းမာသော မိန်းကလေးမျိုးနှင့် ကြုံဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။

သို့သော် စုရှောင်မေ့ဘက်က ငြင်းဆန်လေလေ လုမုန့်က ပို၍စိတ်လှုပ်ရှားလာလေလေပင်။

သူသည် ဤကဲ့သို့ခက်ခဲသော စိန်ခေါ်မှုမျိုးကို သဘောကျသူ ဖြစ်၏။

သို့မှသာ သူ(မ)ကို သိမ်းပိုက်ရသည်မှာ ပိုအဓိပ္ပာယ်ရှိပေမည်။

လုမုန့်က ဆို၏။

"ရှောင်မေ့... ဒါက မင်းအတွက် အခွင့်အရေးတစ်ခုပဲ။ ကကြမယ်။ ပြီးရင် အခန်းထဲမှာ သွားနားကြမယ်လေ။ သုန်းယွီတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းမှာ မင်းကို အကျော်ကြားဆုံး အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက် ဖြစ်လာစေရမယ်လို့ ငါ ကတိပေးတယ်”

ဤသည်မှာ လုမုန့်၏ အလတ်တန်းစား အကောင်းဆုံးလှည့်ကွက်ပင်။

ပုံမှန်ဆိုလျှင် ဤအကောင်းဆုံးလှည့်ကွက်ကို သုံးလိုက်ပြီဆိုပါက ဘယ်အင်တာနက်ဆယ်လီကမှ ငြင်းဆန်နိုင်မည် မဟုတ်ပေ။

အကြောင်းမှာ အကျော်ကြားဆုံး အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူတစ်ဦး ဖြစ်လာခြင်းမှာ ငွေကြေးအများအပြား ရရှိနိုင်သည်ဟု အဓိပ္ပာယ်ရသောကြောင့် မိန်းကလေးအများစုမှာ ထိုကဲ့သို့သော သွေးဆောင်ဖြားယောင်းမှုအောက်တွင် မိမိကိုယ်ကို အဆုံးရှုံးခံ၍ သဘောတူတတ်ကြသည်။

စုရှောင်မေ့ ငြင်းဆန်ရန် ပြင်လိုက်စဉ် လူရိပ်တစ်ခု ချဉ်းကပ်လာသည်။

ရောက်လာသူမှာ ယဲ့ချန်းပင်။

ယဲ့ချန်းက လုမုန့်၏ကော်လံကို ဆုပ်ကိုင်ပြီး စကားတစ်ခွန်းမျှမဆိုဘဲ လက်မြှောက်လိုက်သည်။

"ဖြောင်း"

ကျယ်လောင်လှသော ပါးရိုက်သံကြီးတစ်သံ ထွက်ပေါ်လာသည်။

"မင်း သေချင်နေတာလား"

ကျယ်လောင်လှသော ပါးရိုက်သံကြောင့် ခန်းမတစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။

အစတုန်းက ခန်းမကြီးမှာ သီချင်းသံများနှင့် အကအခုန်များဖြင့် ပြည့်နှက်နေပြီး အလွန်ဆူညံနေချေသည်။

ဤပါးရိုက်သံတစ်ချက်က ခန်းမတစ်ခုလုံးကို ချက်ချင်း ငြိမ်သက်သွားစေခဲ့သည်။

လူတိုင်းလည်း အခင်းဖြစ်ပွားရာအရပ်သို့ လှည့်ကြည့်လိုက်ကြသည်။

ယဲ့ချန်းက လုမုန့်ကို အေးစက်ခက်ထန်စွာ ကြည့်လိုက်၏။ သူအကြည့်များတွင် အေးစက်မာကျောမှုများ တဖိတ်ဖိတ်လက်နေလေသည်။

လုမုန့်ခမျာ အပြင်းအထန် အရိုက်ခံလိုက်ရသဖြင့် တွေဝေမိန်းမောသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားချေသည်။

ထို့ပြင် ယဲ့ချန်းရိုက်လိုက်သော သူ့ပါးပြင်တစ်ဖက်မှာ မျက်စိဖြင့်မြင်နိုင်လောက်အောင် လျင်မြန်စွာ ရောင်ကိုင်းလာသည်။ လုမုန့်၏ ခန္ဓာကိုယ်မှာ အစကတည်းက ဝက်တစ်ကောင်နှင့် တူနေသည်ဖြစ်ရာ ယခုအခါတွင်မူ ပို၍ပင် တူသွားတော့သည်။

ခန်းမကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။

လူတိုင်းက ယဲ့ချန်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေကြသည်။

ဒီလူငယ်လေးက ရူးနေတာလား။

လုမုန့်က သုန်းယွီ၏ ဒုဥက္ကဋ္ဌဖြစ်သည်။ ယဲ့ချန်းက သူ့ကို တကယ်ပါးရိုက်လိုက်ပေသည်။

ထို့ပြင် ဒုဥက္ကဋ္ဌတစ်ယောက်တွင် ကြီးမားလှသော လုပ်ပိုင်ခွင့်အာဏာ ရှိသည်။

ဤနေရာရှိ အင်တာနက်ဆယ်လီအားလုံးမှာ သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် သူ့ကို မှီခိုနေကြရသည်။

ဒုဥက္ကဋ္ဌ၏ စကားတစ်ခွန်းကပင် သူတို့၏ အနာဂတ်ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည်။

ယဲ့ချန်းက အကျိုးအကြောင်းမစဉ်းစားပါဘဲ ဒုဥက္ကဋ္ဌကို ပါးရိုက်လိုက်ခြင်းမှာ ပေါက်ကွဲလောက်စရာ သတင်းတစ်ခုပင်။

ယဲ့ချန်း၏ အကြည့်မှာ အလွန်အေးစက်နေပြီး မျက်လုံးထဲတွင် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေချေသည်။

"သူက တက္ကစီဒရိုင်ဘာအစ်ကိုကြီးနော်"

"အာ... သုန်းယွီက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးပဲ"

"သူက စုရှောင်မေ့ရဲ့အစ်ကိုတဲ့။ ခုနက လုမုန့်က မပြောသင့်တာ တစ်ခုခုကို ပြောလိုက်တဲ့ပုံပဲ"

"ဒါကြောင့် သူက စုရှောင်မေ့ဘက်က ရပ်တည်ပေးနေတာကိုး"

...

ယခုအချိန်တွင် လူအများက ယဲ့ချန်း မည်သူဖြစ်ကြောင်း မှတ်မိသွားကြလေပြီ။

လူအုပ်ကြားထဲတွင် တိုးတိုးတိတ်တိတ် စကားပြောသံများ ထွက်ပေါ်လာသည်။ ယဲ့ချန်းက လုမုန့်ကို ပါးရိုက်လိုက်သည်ကို မြင်သောအခါ အများစုမှာ တိတ်တဆိတ် ကျေနပ်အားရနေကြသည်။

လုမုန့်ထံမှ အနိုင်ကျင့်ခံခဲ့ရသော အမျိုးသမီးအင်တာနက်ဆယ်လီများမှာ တိတ်တဆိတ် လက်ခုပ်တီးနေကြသည်။

သို့သော် မိန်းကလေးအများစုကမူ စုရှောင်မေ့ကို ပိုအားကျနေကြသည်။

သူ့အစ်ကို ဘယ်လောက်တောင် မိုက်သလဲဆိုတာ ကြည့်လိုက်စမ်းပါဦး။ သုန်းယွီက အဆင့်မြင့်အရာရှိကိုတောင် ရိုက်ရဲသတဲ့လေ။

အချောအလှလေးတစ်ယောက်အတွက် ဒေါသထွက်ပေးရတာက အရမ်းမိုက်တာပဲ...

ယဲ့ချန်းသည် လုမုန့်၏ လုပ်ရပ်များအကြောင်း ကြားသိထားပြီးဖြစ်၍ သူ့အပေါ် သေချာပေါက် ညှာတာနေမည် မဟုတ်ပေ။ ယခုမူ တစ်ဖက်လူက သူ့ကောင်မလေးကို ပေါ်တင် ရိသဲ့သဲ့လုပ်နေသဖြင့် သေလမ်းရှာနေခြင်းဖြစ်လေရာ ယဲ့ချန်းက သူ့ကို အလွတ်ပေးမည် မဟုတ်ချေ။

သူ့အနားရှိ မိန်းကလေးများနှင့် ပတ်သက်လာလျှင် ယဲ့ချန်း၏ မူဝါဒမှာ သူတို့ကိုထိလျှင် သေမည်ဟူ၍သာ။

သူသည် လုမုန့်ကို အမြင်မကြည်ဖြစ်နေသည်မှာ ကြာလှချေပြီ။

ထို့ပြင် ယခုအခါ သူသည် သုန်းယွီ၏ အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်နေသဖြင့် ဤလူကို ဖယ်ရှားပစ်ရပေမည်။

“မင်းက ဘာကောင်မို့လို့ ငါ့ကို ရိုက်ရဲတာလဲကွ”

လုမုန့်က သူ့မျက်နှာကို အုပ်ကိုင်ရင်း ယဲ့ချန်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

သူ့ခေါင်းထဲတွင် အူဝေသွားသလို ခံစားရပြီး မျက်နှာလည်း ပူထူနေတော့သည်။

လုမုန့်က ကုမ္ပဏီတွင် ထောင်လွှားဝင့်ကြွားစွာ နေလေ့ရှိသူဖြစ်ရာ ဤကဲ့သို့သော အရှက်ခွဲမှုမျိုးကို တစ်ခါမှ မကြုံဖူးချေ။

သူသည် ကုမ္ပဏီတွင် အမြဲသောင်းကျန်းနေတတ်ပြီး ပြိုင်ဘက်ကင်းဖြစ်ခဲ့သော်လည်း ယခုမူ လူအများကြီးရှေ့တွင် ပါးရိုက်ခံလိုက်ရချေပြီ။

ယဲ့ချန်းက စကားတစ်ခွန်းမျှ မဆိုဘဲ လက်မြှောက်လိုက်ပြန်သည်။

"ဖြန်း"

ဒုတိယမြောက် ပါးရိုက်ချက်က လုမုန့်၏ မျက်နှာပေါ်သို့ ကျရောက်သွားပြန်သည်။

"မင်း..."

လုမုန့်မှာ ရူးတော့မတတ် ဖြစ်သွားသည်။

ယဲ့ချန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

“ငါက ဘာဖြစ်လဲ။ မင်းပဲ ထပ်အရိုက်ခံချင်နေတာမလား"

ထိုအချိန်တွင် ထိုနေရာရှိ လူအားလုံး ဆွံ့အသွားကြသည်။

ကြမ်းလိုက်တာ...

သုန်းယွီ၏ နှစ်ပတ်လည်အစည်းအဝေးတွင် သုန်းယွီ၏ ဒုဥက္ကဋ္ဌကို ပါးရိုက်လိုက်ခြင်းပင်။

လုမုန့်မှာ ပါးနှစ်ချက်ဆက်တိုက် အရိုက်ခံလိုက်ရသဖြင့် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားသည်။

ထိုမျှမကသေးပေ။

ယဲ့ချန်းက အလျှော့မပေးဘဲ လုမုန့်ကို စကားပြောခွင့်ပင် မပေးချေ။

ဖြန်း ဖြန်း ဖြန်း...

နောက်ထပ် ပါးရိုက်ချက်အနည်းငယ် ဆက်တိုက်ထွက်ပေါ်လာပြီးနောက် လုမုန့်၏ မျက်နှာကား လုံးဝရောင်ကိုင်းသွားပြီး နှုတ်ခမ်းထောင့်စွန်မှ သွေးများပင် ထွက်လာချေသည်။

အစကတော့ လုမုန့်လည်း မာနတစ်ခွဲသားဖြင့် တုံ့ပြန်ချင်ခဲ့သော်လည်း သူ ပါးစပ်ဟလိုက်သည်နှင့် ပါးရိုက်ချက်က ကျရောက်လာလေရာ သူ ဘယ်လိုလုပ် စကားပြောရဲတော့မည်နည်း။

လုမုန့်က ယဲ့ချန်းကို အဆိပ်ပြင်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ လုံခြုံရေးများ ရောက်လာချိန်တွင် ဤကောင်လေး သေချာပေါက်ဒုက္ခရောက်စေရမည်ဟုလည်း ဆုံးဖြတ်ချက်ချထားပြီးဖြစ်၏။

ယဲ့ချန်းကမူ လုံးဝဂရုမစိုက်ပေ။ သူ့ကောင်မလေးကို ထိရဲမှတော့ "မက်မွန်ပွင့်နီရောင်စုံ "ဆိုတာ ဘာအဓိပ္ပာယ်ဖြစ်ကြောင်း သူ သိအောင် သင်ခန်းစာပေးရပေမည်။

နောက်ထပ်အကြိမ်အနည်းငယ်ခန့် ပါးရိုက်ပြီးနောက် ယဲ့ချန်းက ပြောလိုက်လေသည်။

“မင်း ငါ့ကို စိုက်ကြည့်နေတာ သဘောမတူဘူးဆိုတဲ့ အဓိပ္ပာယ်လား”

ထိုအချိန်တွင် လူတိုင်း ယဲ့ချန်း၏အရှိန်အဝါကြောင့် ထိတ်လန့်သွားကြသည်။

မာနကြီးခြင်း၊ ကြီးစိုးလွှမ်းမိုးခြင်း၊ အချောအလှလေးတစ်ဦးအတွက် ဒေါသထွက်ခြင်းတို့ပင်။

ယခုအချိန်တွင် ယဲ့ချန်းသည် ထိုနေရာရှိ မိန်းကလေးအားလုံးကို ညို့ယူဖမ်းစားထားလေပြီ။

သူ့ကောင်မလေးအတွက်ဆိုလျှင် သုန်းယွီ၏ အရာရှိများကိုပင် ရိုက်ရဲသည်မှာ အံ့ဖွယ်ကောင်းလှသည်။

ယဲ့ချန်း ရပ်သွားသည်ကို မြင်သောအခါ လုမုန့်က နောက်ဆုံးတွင် တုံ့ပြန်လိုက်၏။

“မင်းတို့တွေ ဘာရပ်ကြည့်နေကြတာလဲ။ ဒီခွေးကောင်ကို ဖမ်းထားကြစမ်း။ သူ့ကို ငါ ကျိုးကန်းသွားအောင် လုပ်ပစ်မယ်”

ထိုလူတစ်သိုက်ခမျာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူမှ မလှုပ်ရဲကြပေ။

လုမုန့်က အံတင်းတင်းကြိတ်လိုက်သည်။

“ဒီနေ့ ဒီကောင်သာ ကျိုးကန်းမသွားဘူးဆိုရင် မင်းတို့တွေအားလုံးကို အပြီးတိုင် ဘန်းပစ်မယ်ဆိုတာ မှတ်ထားလိုက်”

လုမုန့်၏ စကားကို ကြားသောအခါ ထိုနေရာရှိ အင်တာနက်ဆယ်လီများအားလုံး မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားကြသည်။

•••••••••••••••••••••••••••••••

အပိုင်း ၅၉၇ : သူဘယ်သူလဲဆိုတာ မင်းသိလား

သူတို့ဝင်ငွေရဖို့အတွက် လုမုန့်က အရေးကြီးလှသည်။

အကယ်၍ သူတို့သာ လုမုန့်ကို အပြစ်ပြုမိပါက သုန်းယွီရှိ သူတို့၏အလုပ်အကိုင်လမ်းကြောင်း အဆုံးသတ်သွားပေလိမ့်မည်။

သို့သော် ဤလူများမှာ ယဲ့ချန်းကိုလည်း အနည်းငယ် ကြောက်ရွံ့နေကြသည်။

ယဲ့ချန်းက သန်းပေါင်းများစွာကို ပေါ့ပေါ့ပါးပါး လက်ဆောင်ပေးနိုင်သည့် လူကုံထံတစ်ယောက်ဖြစ်လေရာ သူ့တွင် အရင်းအမြစ်များနှင့် အဆက်အသွယ်များလည်း ရှိနေမည်မဟုတ်လော။

လုမုန့်က အွန်လိုင်းဆယ်လီများကို အော်ဟစ်လိုက်သည်။

"ဒီကောင့်ကို ဖြုတ်ချပေးနိုင်တဲ့သူ ဘယ်သူ့ကိုမဆို ငါ ထိပ်တန်းဆယ်လီဖြစ်အောင် လုပ်ပေးမယ်"

ထိုအချိန်တွင် လူတချို့က လှုပ်ရှားရန် စိတ်အားထက်သန်နေကြပြီဖြစ်၏။

ယဲ့ချန်းကမူ လုမုန့်၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

"သေလိုက်လေ။ မင်းက အော်ရဲသေးတာလား"

ယဲ့ချန်းက စိတ်အားထက်သန်နေကြသော ထိုအွန်လိုင်းဆယ်လီများကို ကြည့်လိုက်ချိန်ဝယ် သူ့မျက်လုံးများမှာ အေးစက်ခက်ထန်သွားသည်။

"ဘယ်သူလှုပ်ရဲလဲ ကြည့်ရသေးတာပေါ့"

ယဲ့ချန်း စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ထိုနေရာတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားသည်။ အွန်လိုင်းဆယ်လီများမှာ ကြက်သေသေသွားကြသည်။

အစတုန်းက သူတို့ လှုပ်ရှားချင်ခဲ့သော်လည်း ယဲ့ချန်းကို မြင်သောအခါ အားလုံး ထိတ်လန့်သွားကြသည်။

မလှမ်းမကမ်းတွင်မူ စုရွှယ်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။

သူ(မ) ရှေ့တက်ချင်နေသော လုံခြုံရေးအစောင့်များကို တားဆီးလိုက်သည်။

စုရွှယ်သည် ဤနှစ်ပတ်လည်အစည်းအဝေး၏ တာဝန်ခံဖြစ်ပြီး အခြေအနေကို ချက်ချင်းတားဆီးသင့်သော်လည်း ငြိမ်သက်စွာ ရပ်နေခဲ့သည်။

အဓိကအကြောင်းအရင်းမှာ ယဲ့ချန်း၏ အကဲခတ်ရခက်သော စရိုက်ကြောင့်ပင်။

စုရွှယ်ကတော့ ယဲ့ချန်းကို အပြစ်ပြုမည့်အစား လုမုန့်ကိုသာ အပြစ်ပြုလိုက်တော့မည်။

ယဲ့ချန်းတွင် မှီခိုအားထားစရာတစ်ခုခု သေချာပေါက် ရှိရပေမည်။ ထို့ကြောင့်သာ သူ့အနေနှင့် ဤမျှ မဆင်မခြင်ပြုမူနိုင်ခြင်းဖြစ်မည်ဟု သူ(မ) ခံစားမိသည်။

ယဲ့ချန်းက လှောင်ပြုံးပြုံးလိုက်၏။

"မင်းက လူခေါ်ရဲသေးတယ်ပေါ့"

ထိုသို့ပြောရင်း သူက နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။

လုမုန့်မှာ ရူးမတတ်ဖြစ်သွားပြီး ဘာမှဂရုမစိုက်တော့ဘဲ ရှေ့တက်လာချေသည်။

"ငါ မင်းကို သတ်မယ်"

ထိုသို့ပြောလျက် လုမုန့်သည် အရူးတစ်ယောက်အလား ယဲ့ချန်းထံသို့ ပြေးဝင်လာသည်။

ကံဆိုးချင်တော့ သူ့ခန္ဓာကိုယ်မှာ တောင့်တင်းသန်မာသည်ဆိုသော်ငြား အိရွဲနေသော အဆီများသာ ဖြစ်၏။

သူ့ခန္ဓာကိုယ်မှာ အရက်နှင့် မိန်းမများကြောင့် လှိုက်စားခံထားရသည်မှာ ကြာလှလေပြီ။

ယဲ့ချန်းက လုမုန့်၏ ဗိုက်ကို ကန်ထည့်လိုက်သည်။

လုမုန့်ခမျာ အနောက်သို့ လေးငါးလှမ်းခန့် ယိုင်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားကာ ဗိုက်ကိုဖိကိုင်ရင်း နာကျင်စွာ ညည်းတွားနေတော့သည်။

ထိုအချိန်တွင် စုရွှယ်ကလည်း အခွင့်အရေးကို အမိအရဆုပ်ကိုင်၍ လျှောက်လာခဲ့သည်။

"မစ္စတာယဲ့... ရှင်လည်း လူကိုရိုက်ပြီး ဒေါသဖြေပြီးပြီပဲ။ ဒီအတိုင်းဆက်သွားရင် လူသတ်မှုဖြစ်လိမ့်မယ်"

ထိုစကားကို ကြားသောအခါ ယဲ့ချန်းမှာ သူ့လက်ကို ပြန်ရုပ်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။

"ဒီတစ်ခါတော့ မင်းကို ချမ်းသာပေးလိုက်မယ်။ နောက်တစ်ခါဆိုရင်တော့ ငါ ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။

လုမုန့်သည် သုန်းယွီ၏ ဒုဥက္ကဋ္ဌတစ်ယောက် ဖြစ်သော်လည်း ယဲ့ချန်းက သူ့ကို ရိုက်နှက်ခဲ့သည့်အပြင် စုရွှယ်ကလည်း ယဲ့ချန်းဘက်က ရပ်တည်ပေးနေဟန်တူသည်။

"စုရွှယ်... မင်း ဒါ ဘာအဓိပ္ပာယ်လဲ။ ဥက္ကဋ္ဌကို တိုင်ပြီး မင်းကိုအလုပ်ဖြုတ်ပစ်မယ်ဆိုတာ ယုံလား"

လုမုန့်မှာ ရူးတော့မတတ်ပင်။

ဒါက ဘာသဘောလဲ။ ကိုယ့်နယ်မြေမှာ အထုအထောင်းခံနေရတာကိုပဲ သူနဲ့ထိုက်တန်တယ်လို့ ထင်နေကြတာလား။

ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ခန်းမထဲသို့ ဝင်လာပြီး ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

လုမုန့်တစ်ယောက် ရစရာမရှိအောင် အရိုက်ခံထားရသည်ကို မြင်သောအခါ သုန်းယွီ၏သူဌေး ထျန်းကွေ့က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

ထျန်းကွေ့ကို မြင်သောအခါ လုမုန့်လည်း ဆွေမျိုးရင်းချာတစ်ယောက်ကို တွေ့လိုက်ရသည့်အလား ပြေးသွားချေသည်။

"ဥက္ကဋ္ဌထျန်း...ကျွန်တော့်ဘက်က ရပ်တည်ပေးရမယ်နော်။ ဒီကောင်က အကျိုးအကြောင်းမရှိဘဲ ကျွန်တော့်ကို ရိုက်တယ်။ ကျွန်တော့်မျက်နှာကို ကြည့်ပါဦး။ မြန်မြန် ရဲခေါ်ပြီး သူ့ကို ဖမ်းခိုင်းလိုက်ပါ"

အဲဒီလိုမျိုး တကယ်ဖြစ်နိုင်ပါ့မလား။

ထျန်းကွေ့က မျက်မှောင်ကြုတ်၍ ယဲ့ချန်းကို ကြည့်လိုက်သည်။

ရုတ်ခြည်းပင် ထျန်းကွေ့ အံ့အားသင့်သွားလေသည်။ ဤလူငယ်လေးကို ဘာကြောင့် ဒီလောက် ရင်းနှီးနေရသလဲ။

"မစ္စတာယဲ့လား"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဥက္ကဋ္ဌထျန်း... ဒါ ကျွန်တော်တို့ကုမ္ပဏီလား။ သူ့လိုလူစားမျိုးက အဆင့်မြင့်အရာရှိဖြစ်နိုင်လို့လား"

လုမုန့်က ယဲ့ချန်းကို လက်ညှိုးထိုး၍ ဆဲဆိုလိုက်သည်။

"ဟေ့ကောင်... မင်း ဥက္ကဋ္ဌထျန်းကို ဘယ်လိုတောင်ပြောရဲတာလဲ။ မင်းကိုယ်မင်း ဘာကောင်များ မှတ်နေလဲ"

"ပါးစပ်ပိတ်ထားစမ်း"

ထျန်းကွေ့က ဆူပူကြိမ်းမောင်းလိုက်သည်။

"သူဘယ်သူလဲဆိုတာ မင်းသိလား။ မစ္စတာယဲ့က ငါတို့သုန်းယွီရဲ့ အဓိကရှယ်ယာရှင်ပဲ။ ရှယ်ယာ၃၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ အကြီးဆုံးရှယ်ယာရှင်ကွ"

ထျန်းကွေ့၏ စကားကို ကြားသောအခါ လုမုန့်၏ မျက်နှာကား ချက်ချင်းပြောင်းလဲသွားသည်။

ယဲ့ချန်းက လုမုန့်ကို လှောင်ပြောင်လေဟန် အကြည့်ဖြင့် ကြည့်လိုက်၏။

"မင်းကို ငါ ဘာလို့ ပါးရိုက်တာလဲဆိုတာ အခု မင်း သိပြီမလား။ ငါတို့ကုမ္ပဏီမှာ မင်းလိုအမှိုက်ကောင်မျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ထျန်းကွေ့အား ပြောလိုက်သည်။

"ဥက္ကဋ္ဌထျန်း... အကြီးဆုံးရှယ်ယာရှင်တစ်ယောက်အနေနဲ့ ကျွန်တော် ဒုဥက္ကဋ္ဌတစ်ယောက်ကို အလုပ်ဖြုတ်လို့ရနိုင်မလား"

ထျန်းကွေ့လည်း အမြန် ခေါင်းညိတ်ပြလိုက်သည်။

သူသည် ယဲ့ချန်း၏ သရုပ်မှန်ကို သိထားသည်မှာ ကြာလှချေပြီ။

ယဲ့ချန်းသည် သုန်းယွီတွင် ရှယ်ယာ၃၀ရာခိုင်နှုန်းပိုင်ဆိုင်ထားရုံသာမက အခြားခြောက်ခြားဖွယ်ရာ နောက်ခံအဆင့်အတန်းများလည်း ရှိသေးကြောင်း ထျန်းကွေ့ သိထားသည်။

သူ့လို လူစားမျိုးမှာ အပြစ်ပြု၍ မရနိုင်သော လူတစ်ယောက်ပင်။

ယဲ့ချန်းက လုမုန့်ကို အေးစက်စက် ကြည့်လိုက်သည်။

"လုမုန့် မင်းကို အလုပ်ထုတ်လိုက်ပြီ"

ယဲ့ချန်း၏ စကားကို ကြားသောအခါ လုမုန့်၏ မျက်နှာမှာ ဖြူရော်သွားသည်။

သုန်ယွီတိုက်ရိုက်ထုတ်လွှင့်ရေးတွင် သူ့ရာထူးအဆင့်အတန်းဖြင့် အရာရာကို ကြိုးကိုင်ခြယ်လှယ်နိုင်ခဲ့သည်။

ဤအဆင့်အတန်းသာ မရှိပါက သူသည် ဘာမှမဟုတ်တော့ပေ။

"မစ္စတာယဲ့..ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

ယဲ့ချန်းက လုမုန့်ကို အေးစက်စက် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

"မင်းကို ခွင့်လွှတ်ရမယ် ဟုတ်လား။ မင်းက တန်လို့လား"

ထိုသို့ပြောပြီးသည်နှင့် ယဲ့ချန်းက စုရွှယ်အား ပြောလိုက်၏။

"ဥက္ကဋ္ဌစု.... လုံခြုံရေးတွေကို သူ့ကို အပြင်ဆွဲထုတ်သွားခိုင်းလိုက်ပါ"

စုရွှယ်က ခေါင်းညိတ်ပြပြီးနောက် လုံခြုံရေးများကို ပြောလိုက်လေသည်။

"သူ့ကို ဟိုတယ်အပြင်ဘက် ချက်ချင်းဆွဲထုတ်သွားကြ"

လုမုန့်အား လုံခြုံရေးအစောင့်လေးယောက်က ဝက်သေတစ်ကောင်အလား ဟိုတယ်အပြင်ဘက်သို့ လွှင့်ပစ်လိုက်ကြသည်။

ဆောင်းဦးလေအေးအေးလေး တိုက်ခတ်လာချိန်ဝယ် လုမုန့်မှာ အလွန်တရာ နောင်တရနေမိသည်။

ယဲ့ချန်းသည် သုန်းယွီတိုက်ရိုက်ထုတ်လွှင့်ရေး၏ အဓိကရှယ်ယာရှင်ကြီး ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ချေ။

အကယ်၍သာ ကြိုသိခဲ့ပါက စုရှောင်မေ့ကို လုံးဝရန်စရဲမည် မဟုတ်ပေ။

ထိုအချိန်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်နေတော့သည်။

ယဲ့ချန်းကိုကြည့်နေသော လူတိုင်း၏ အကြည့်များမှာ အံ့ဩလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

ယဲ့ချန်းက သုန်းယွီတိုက်ရိုက်ထုတ်လွှင့်ရေး၏ ရှယ်ယာ၃၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် အဓိကရှယ်ယာရှင်ကြီး ဖြစ်နေပေသည်။ ထို့ကြောင့်လည်း သူက ငွေအမြောက်အများကို ပေါ့ပေါ့ပါးပါး သုံးနိုင်ခြင်းပင်။

ယဲ့ချန်းက အားလုံးကို အနည်းငယ် ပြုံးပြလိုက်၏။

"ကဲ အားလုံးပဲ...စားစရာရှိတာစား သောက်စရာရှိတာ သောက်ကြပါ"

လုမုန့် အလုပ်ပြုတ်သွားသဖြင့် တိုက်ရိုက်ထုတ်လွှင့်သူများအားလုံးမှာ တကယ်တော့ စိတ်ထဲတွင် အလွန်ဝမ်းသာနေကြသည်။

ဤလူမှာ အကျင့်ပျက်ခြစားရုံသာမက နှာဘူးလည်းကျသူဖြစ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်သူများမှာ ဖွင့်မပြောရဲခဲ့ကြပေ။

ထိုအချိန်တွင် ခန်းမထဲ၌ မိုးကြိုးပစ်ချလိုက်သည့်အလား ကျယ်လောင်လှသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။

ဤလက်ခုပ်သံများမှာ တိုက်ရိုက်ထုတ်လွှင့်သူများ၏ ရင်ထဲမှ လာခြင်းပင်။

မျက်နှာပျက်နေသည့် တစ်ဦးတည်းသောသူမှာ စွန်းယွဲ့ပင်။

သူ(မ)သည် လုမုန့်ကို အမိဖမ်းပြီး သူ(မ)ရှာဖွေထားသမျှ ငွေကြေးအားလုံးကိုပင် သူ့ထံ လက်ဆောင်ပေးခဲ့ပြီးဖြစ်၏။

စွန်းယွဲ့လည်း ဤနှစ်သစ်တွင် အကြီးအကျယ် အမြတ်ထုတ်ရန် စီစဉ်ထားခဲ့သော်ငြား ယခုမူ သူ(မ)၏ အစီအစဉ်များအားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့ရလေပြီ။

ယဲ့ချန်းက နှစ်ပတ်လည်အစည်းအဝေးတွင် အကြာကြီး မနေတော့ဘဲ စုရှောင်မေ့နှင့်အတူ ဟိုတယ်မှ ထွက်လာခဲ့သည်။

စုရှောင်မေ့က ရယ်မောလိုက်၏။

"ဟားဟား... အပြင်ဘက်က ပိုလတ်ဆတ်တာပဲ"

ယဲ့ချန်းက နောက်ပြောင်လေဟန် အပြုံးဖြင့် ပြုံးလိုက်သည်။

"မင်းရဲ့ဒေါသတွေ ပြေပျောက်သွားအောင် ကိုယ်ကူညီပေးခဲ့တာဆိုတော့ မင်း ကိုယ့်ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ"

စုရှောင်မေ့၏ မျက်နှာလေးမှာ နီရဲသွားသည်။

"ရှင်က ဘယ်လိုကျေးဇူးဆပ်စေချင်လို့လဲ"

ယဲ့ချန်းက ညစ်ကျယ်ကျယ်ရယ်မောလိုက်လေတာ့သည်။

"တစ်ညလုံး ကျေးဇူးဆပ်ရမှာပေါ့"

...

နောက်တစ်နေ့တွင် ယဲ့ချန်း အိပ်ရာထလာသည်။

စုရှောင်မေ့ကမူ ပျင်းရိသော ကြောင်လေးတစ်ကောင်အလား အိပ်ရာထဲတွင် လဲလျောင်းနေဆဲပင်။

ထိုအချိန်တွင် စုရှောင်မေ့၏ဖုန်းက မြည်လာသည်။

စုရွှယ်က ဖုန်းခေါ်လာသည်။

"ရှောင်မေ့... အစ်မရွှယ်ပါ။ ညီမလေးရဲ့စာချုပ်ကို Sအဆင့်အထိ တိုးမြှင့်ပေးလိုက်ပြီ။ လက်မှတ်လာထိုးလှည့်ပါ"

အဖြစ်အပျက်ကို သေချာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သောကြောင့် စုရွှယ်သည်လည်း ရာထူးတစ်ဆင့် တိုးမြှင့်ခံခဲ့ရသည်။ သူ(မ)၏ ရာထူးအသစ်ဖြင့် ပထမဆုံးဆောင်ရွက်သည့် လုပ်ငန်းစဉ်မှာ စုရှောင်မေ့၏ စာချုပ်ကို အဆင့်မြှင့်တင်ပေးခြင်းပင်။

ယဲ့ချန်း၏ကောင်မလေးကို ဂရုတစိုက် စောင့်ရှောက်ပေးရမည် ဖြစ်၏။

တက္ကစီမောင်းလာပြီးနောက် သုန်းယွီတိုက်ရိုက်ထုတ်လွှင့်ရေး အဆောက်အအုံဝင်ပေါက်သို့ ရောက်လာခဲ့သည်။

စုရှောင်မေ့သည် ယဲ့ချန်းကို ချိုမြိန်သော အနမ်းတစ်ပွင့် ပေးလိုက်ပြီးနောက် ကြယ်ငါးပွင့်အဆင့် သတ်မှတ်ချက်တစ်ခုလည်း ချက်ချင်းပေးလိုက်သည်။

"တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ စတုတ္ထမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းလိုက်တဲ့အတွက် ဟန်ထျန်ရုပ်ရှင်မြို့တော်ရဲ့ ရှယ်ယာ၄၀ ရာခိုင်နှုန်းကို ရရှိပါတယ်"

ယဲ့ချန်းက တက္ကစီကို ဆက်လက်မောင်းနှင်လာခဲ့လေရာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ကားပေါ်သို့ တက်လာခဲ့သည်။

နောက်ထပ်ကြယ်တစ်ပွင့်ရရုံဖြင့် အလုပ်အကိုင်အသစ်တစ်ခုကို ဖွင့်နိုင်တော့မည်ဖြစ်ရာ

ဆက်ကြိုးစားရပေမည်။

ထိုအချိန်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ကားပေါ်သို့ တက်လာသည်။

ကားပေါ်ရောက်ပြီးနောက် ထိုဒါရိုက်တာက ယဲ့ချန်းကို မြင်သောအခါ ခဏမျှ မှင်တက်သွားသည်။

"ကောင်လေး... မင်းက အရမ်းချောတာပဲ"

•••••••••••••••••••••••••••

All Chapters