← Chapters

အခန်း (၆၉၁-၆၉၂)

Vol. 53 Ch. 691-692

အခန်း (၆၉၁-၆၉၂)

Vol. 53 Ch. 691-692

အခန်း ၆၉၁ ကျည်ဆန်များ၏ဆင့်ကဲဖြစ်စဉ်နှင့် တည်နေရာကူးပြောင်းခြင်းအစီအရင်တည်ဆောက်ခြင်း

“ဟုတ်တယ်။ မီးသေနတ်တွေမှာ ဒီလိုအားနည်းချက်ရှိလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး။”

“သေနတ်ပြွန်ပျက်စီးမှုကြောင့် တို့လူတွေစိတ်ညစ်နေတဲ့အချိန်မှာ ပုံမှန်ပျော့တဲ့သတ္တုတစ်မျိုးဖြစ်တဲ့ ခဲကို တွေ့လိုက်ရတယ်။”

ထိုအမျိုးသားက ဆက်ပြောသည်။

“ခဲက အရမ်းပျော့ပျောင်းပြီး သေနတ်ပြွန်ကို မပျက်စီးစေဘူး။ ပြီးတော့ ပြုပြင်ရတာလည်း အရမ်းအဆင်ပြေတယ်။ ခင်ဗျား ပုံစံခွက်တွေကို ခင်ဗျားနဲ့အတူ သယ်ဆောင်သွားပြီး အချိန်ရတဲ့အခါ ကျည်ဆန်နည်းနည်းလောက် ပြုပြင်ကြည့်လို့ရတယ်။”

“ဒီတော့ ခဲကျည်ဆန်တွေက အရမ်းကောင်းတယ်ပေါ့။”

“ဒါဆို နောင်တစ်ချိန် သေနတ်တွေ အဆင့်မြင့်ပုံစံကို ဆင့်ကဲပြောင်းလဲလာတဲ့အခါ လူတိုင်း ဒီခဲကျည်ဆန်ကိုပဲ သုံးကြတော့မှာမဟုတ်ဘူးလား။ ညီအစ်ကို ခင်ဗျားတော့ ချမ်းသာတော့မှာပဲ။”

ထိုအခါ ထိုထင်ပေါ်ကျော်ကြားလာသည့် သိပ္ပံပညာရှင်က ဂရုထဲတွင် ဆက်ပြောလာခဲ့သည်။

“မဟုတ်ဘူး။ ခဲကျည်ဆန်တွေမှာလည်း အားနည်းချက်တွေရှိတယ်။ ပြောင်းရှင်းနေတဲ့ခဲဘောလုံးတွေက အရမ်းပျော့ပျောင်းလွန်းတော့ ခဲတွေက စေးကပ်ပြီး နောက်ကျည်ဆန်တစ်တောင့် ပစ်ခတ်မှုကို ထိခိုက်စေတယ်။ အဲ့ဒါကြောင့် ခဲကျည်ဆန်ကို သတ္တုအလွှာတစ်ခုနဲ့ ဖုံးအုပ်ထားဖို့ စဉ်းစားခဲ့ကြတယ်လေ။”

“ကြေးနီကို ပြောနေတာလား။”

တစ်စုံတစ်ယောက်က ကြားဖြတ်ကာ မေးလိုက်၏။

“ဟုတ်တယ်။ အစပိုင်းမှာ သတ္တုအမျိုးမျိုးကို စမ်းသပ်ခဲ့ကြတယ်။ ဒါပေမယ့် အားလုံးနဲ့နှိုင်းယှဥ်ရင် ကြေးနီက အကောင်းဆုံးပဲ။ အဲ့ဒါက ကြေးနီအခွံကျည်ဆန်ပဲ။ ဒါက နောက်ပိုင်း ကျုပ်တို့ မကြာခဏမြင်နေကြရတဲ့ ကြေးနီကျည်ဆန်အမျိုးအစားပဲ။”

ထိုအမျိုးသားက ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားလိုက်ရပြီးနောက် ရှောင်းယီတစ်ယောက် နှလုံးသားတစ်ခုလုံး လှုပ်ရှားသွားခဲ့၏။

“ဒါက ငါ အခုလောလောလတ်လတ် လက်မှတ်ထိုးဝင်ရာကနေရထားတဲ့ ကျည်ဆန်မဟုတ်ဘူးလား။ ခဲကျည်ဆန်တွေထက် ပိုပြီးအဆင့်မြင့်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး။ မဆိုးဘူး။ ဒါပေမယ့် ဒီလူက တကယ်ဗဟုသုတကြွယ်ဝတာပဲ။”

“ဒါဆို ကျုပ်လည်း ချမ်းသာတော့မယ်လို့ ဆိုလိုလိုက်တာမဟုတ်ဘူးလား။ ကျုပ်တို့မဟာမိတ်ထဲမှာ ကြေးနီသတ္တုတွင်းအသစ်တစ်ခု အသစ်ပြန်ပြီးဖြသ်ပေါ်နေတယ်။”

“အမှန်ပဲ။ နောင်တစ်ချိန်ကျရင် ချမ်းသာလာလိမ့်မယ်။ ဒါပေမယ့် အခုတော့ လူတိုင်းမှာ ကြေးနီအခွံကျည်ဆန် ထုတ်လုပ်နိုင်တဲ့နည်းပညာ မရှိသေးဘူး။ ဒီတော့ အခုချက်ချင်းကြီး ချမ်းသာလာမှာတော့မဟုတ်ဘူး။”

“ဒါလည်း အဆင်ပြေပါတယ်။ ကျုပ်တို့အနေနဲ့ အနာဂတ်ကို အမြဲတမ်း ကြိုမြင်နေရမယ်။ နောင်တစ်ချိန်ဖွံ့ဖြိုးတိုးတက်လာခဲ့ရင် အဆင်ပြေသွားမှာပါ။”

ထိုအချင်းအရာကို မြင်လိုက်ရပြီးနောက် ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး သီးသန့်ချန်နယ်ကို ပြောင်းလဲကာ ရှုံးတိထံသို့ သတင်းပို့လိုက်လေသည်။

“ရှုံးတိ တိုက်သစ်ကြီးပေါ်က ဒေသခံတွေမှာ ထူးဆန်းတဲ့ လှုပ်ရှားမှုမျိုးတွေ ရှိသေးလား။”

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ မရှိပါဘူး။”

ရှုံးတိက ပြန်ဖြေလာခဲ့သည်။

“အခု သူတို့က ကျုပ်တို့ ကျူးကျော်ဝင်ရောက်တာကို လုံးဝမတားဆီးတော့တဲ့ပုံပါပဲ။ ကျုပ်တို့ ရတနာသေတ္တာတွေဖွင့်ပြီးတော့မှ သူတို့က ကျုပ်တို့ကို တိုက်ခိုက်တယ်။”

“ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ။ အဆင်ပြေပါတယ်။ လူတိုင်းကို ဒေသခံတွေရဲ့ လျှို့ဝှက်တိုက်ခိုက်မှုတွေကို ပိုပြီးသတိထားခိုင်းလိုက်ပါ။”

ရှောင်းယီက ညွှန်ကြားလိုက်၏။

“ဟုတ်ကဲ့”

စကားပြောဆိုခြင်း ပြီးဆုံးပြီးနောက် ရှောင်းယီသည် အနည်းငယ်စဉ်းစားတွေးတောလိုက်ပြီး အလတ်စားတည်နေရာကူးပြောင်းခြင်းအစီအရင်သို့ အလျင်အမြန် လျှောက်သွားခဲ့သည်။

“ကျွန်းပိုင်ရှင် မင်္ဂလာမနက်ခင်းပါ။”

ရှောင်းယီကိုမြင်သောအခါ ရှီခုန်းက ချက်ချင်းနှုတ်ဆက်လိုက်၏။ အခြားလူပုအင်ဂျင်နီယာများသည်လည်း ရှောင်းယီအား တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်ကြသည်။ အဆုံးတွင် ဤကျွန်းပေါ်ရှိ ဝိုင်များမှာ အမှန်တကယ်ပင် အလွန်အရသာရှိလှပေ၏။

ဤအင်ဂျင်နီယာများအတွက် ကန့်သတ်ချက် လုံးဝမရှိပေ။ သူတို့လိုချင်သလောက် သောက်နိုင်ပေသည်။

ဤအရာသည် သူတို့ကို အလွန်ပျော်ရွှင်စေခဲ့ပြီး၏။ ထို့ကြောင့် ဤအလတ်စားတည်နေရာကူးပြောင်းခြင်းအစီအရင်တည်ဆောက်ရာတွင် အလွန်ပြင်းပြင်းထန်ထန် တာဝန်သိစွာဆောင်ရွက်ခဲ့ကြပြီး တစ်ချိန်တည်းမှာပင် ရှီခုန်းမေးသည့် မေးခွန်းတိုင်းနီးပါးကို ပြန်ဖြေပေးခဲ့ကြသည်။

“လူတိုင်း အလုပ်ကြိုးစားနေကြတာပဲ။ ဒီတည်နေရာကူးပြောင်းခြင်းအစီအရင်ပြီးဖို့ နောက်ထပ်ဘယ်နှစ်ရက်လောက်လိုသေးလဲ။”

ရှောင်းယီက မေးလိုက်၏။

“လက်ရှိတိုးတက်မှုအရတော့ နောက်ထပ်တစ်ရက်လောက်ကြာဦးမယ်။ ကျွန်းပိုင်ရှင် အလျင်လိုနေလို့လား။”

လူပုအင်ဂျင်နီယာတစ်ဦးက ပြန်ဖြေလာခဲ့သည်။

“မဟုတ်ပါဘူး။ စီမံကိန်းတိုးတက်မှုကို အာရုံစိုက်မိနေရုံပါ။”

ရှောင်းယီက ပြုံးရင်းပြန်ဖြေလိုက်၏။

“ကျုပ်တို့ အမြန်ဆုံးပြီးအောင် ဆောင်ရွက်ပေးပါ့မယ်။”

လုပူအင်ဂျင်နီယာက ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။”

ရှောင်းယီက လက်နှစ်ဖက်ကိုယှက်ကာ ကျေးဇူးတင်လိုက်သည်။

အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီသည် ဘေးနားရှိ အသေးစားတည်နေရာကူးပြောင်းခြင်းအစီအရင်သို့ လျှောက်သွားကာ ကောင်းမွန်သော ဝိုင်ပုလင်းအနည်းငယ်ကို ယူဆောင်ပြီး လူပုဘုရင့်နိုင်ငံသို့ တည်နေရာကူးပြောင်းသွားခဲ့သည်။

တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲမှ ထွက်လာပြီးနောက် ဘေးတစ်ဖက်ရှိ အစောင့်များက ရှောင်းယီအား ချက်ချင်းတားဆီးကာ မေးမြန်းလာ၏။

“မင်း ဘယ်သူ့နဲ့တွေ့ချင်လို့လဲ။”

“ကျုပ်နာမည်က ရှောင်းယီ၊ ကျုပ်က အပြင်လူပါ။ ကျုပ် ဒီနေ့ လော့စ်ကို လာလည်တာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

အစောင့်သည် သူ့ကို တကယ်ပင် ရှောင်းယီဟုခေါ်ဆိုကြောင်း ကြားသိလိုက်ရသောအခါ သူ၏မျက်လုံးများ ချက်ချင်းပင် တောက်ပသွားခဲ့၏။ လူပုဘုရင့်နိုင်ငံတွင် ယခုအခါ ရှောင်းယီ၏အမည်ကို မသိသူ မည်သူရှိသနည်း။

ယခုအခါ လူပုဘုရင့်နိုင်ငံ၏ ဝိုင်များအားလုံးကို ရှောင်းယီ၏ဝိုင်လုပ်ငန်းမှ အခြေခံအားဖြင့် သိမ်းပိုက်ထားခြင်းဖြစ်သည်။

“မင်းက အဲဒီအရက်ချက်တာ အရမ်းကောင်းတဲ့ ရှောင်းယီလား။”

အစောင့်က စိတ်လှုပ်ရှားစွာမေးလိုက်၏။

“ကျုပ်က အရက်မချက်တတ်ဘူး။ ဒါပေမယ့် ကျုပ်ရဲ့လက်အောက်မှာတော့ ပရော်ဖက်ရှင်နယ်အရက်ချက်သမားတွေရှိတယ်။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ကျုပ်တို့ အခုချက်ချင်း သခင်လော့စ်ကို အသိသွားပေးလိုက်ပါ့မယ်။ ခဏလေးစောင့်ပေးပါ။”

အစောင့်က ပြုံးကာ ပြောလိုက်၏။

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ဒီအသစ်ချက်ထားတဲ့ ဘီယာကို စမ်းကြည့်ပေးပါဦး။”

“ဒါဆို ကျုပ်တို့ ယဉ်ကျေးမနေတော့ဘူးနော်။”

အစောင့်တွေက သူ၏နှုတ်ခမ်းကို လျှာနှင့်သပ်ကာ ပြောလိုက်၏။

ထို့နောက် ရှောင်းယီသည် ဘီယာပုလင်းကြီးတစ်လုံးကို ထုတ်ယူလိုက်ပြီး သူတို့အတွက် လောင်းထည့်ပေးလိုက်သည်။ ထိုအစောင့်များသည် ခွက်များကို အသီးသီး ကောက်ယူလိုက်ကြပြီး တစ်ခါတည်း မော့သောက်လိုက်ကြကာ မြည်စမ်းပြီးနောက် ၎င်းတို့၏လျှာပေါ်၌ အယ်ကိုဟော၏အရသာများ စွဲကျန်‌နေခဲ့၏။

“ဒီနေ့က ဘာနေ့မို့လို့ သူငယ်ချင်းကြီးက ဒီကိုရောက်လာတာလဲ။”

ထိုစဉ် လော့စ်သည် သူတို့နားသို့ ရောက်ရှိလာခဲ့ပြီး မေးလိုက်သည်။

“မင်းကိုလာတွေ့တာ။ ပြီးတော့ နောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်း မင်းနဲ့စကားပြောချင်လို့။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

ထိုအခါ လော့စ်သည် ရှောင်းယီအား လူပုဘုရင့်နိုင်ငံ၏ ကုန်သွယ်ရေးနေရာဖက်သို့ ဆွဲခေါ်သွားခဲ့သည်။

“ထိုင်ဦး ဒီနေ့ မင်း ငါ့ကို ဘာတွေယူလာပြသလဲဆိုတာ ကြည့်ရအောင်။”

လော့စ်က ပျော်ရွှင်စွာ ပြောလိုက်၏။

ရှောင်းယီသည် သူယူလာသော အကောင်းစားဝိုင်ကို စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် လော့စ်သည် ထိုပုလင်းကို စိတ်လှုပ်ရှားစွာဖြင့် ဖွင့်လိုက်၏။

သူကိုယ်တိုင်အတွက် တစ်ခွက်လောင်းထည့်လိုက်ကာ ဂရုတစိုက်မြည်းစမ်းကြည့်ပြီးနောက် အချိန်အကြာကြီးနေမှ စကားပြန်စလိုက်သည်။

“မင်းရဲ့ကျွန်းက အရက်ချက်သမားတွေက တကယ်အံ့သြစရာကောင်းတာပဲကွ ဟေ။”

“တကယ်မဆိုးလှဘူး။”

ရှောင်းယီကလည်း ပြောလိုက်သည်။

“မင်းဆွေးနွေးပြောချင်တဲ့ စီးပွားရေးလုပ်ငန်းအကြောင်းပြောပါ။”

လော့စ်က သူ၏ဝိုင်ခွက်ကိုကိုင်ပြီး ပြောလိုက်သည်။

“ငါတို့ ဒီနေရာမှာလည်း အလတ်စားတည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်ဖို့လိုတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

ထိုစကားကိုကြားလိုက်ရသောအခါ လော့စ်သည် အနည်းငယ်မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“ဒီတစ်ခါလည်း အရင်တစ်ခေါက်ကလို မင်းတို့ကျွန်းရဲ့ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ကုန်သွယ်မှာလား။”

“သေချာတာပေါ့။ ဒါကိုတော့ ငါမျှော်လင့်ဆုံးပါပဲ။ ဒါပေမယ့် မင်းတို့နိုင်ငံက ဘယ်လိုသဘောရလဲမသိဘူး။”

ရှောင်းယီက မေးလိုက်သည်။

“ဒီတစ်ခါတော့ မဖြစ်နိုင်တော့မှာကိုပဲ ငါကြောက်မိတယ်။”

လော့စ်က ပြန်ဖြေလိုက်သည်။

ရှောင်းယီက သူ့ကိုအံ့အားသင့်စွာ ကြည့်လိုက်၏။

လော့စ်က ဆက်၍ရှင်းပြလိုက်သည်။

“ဒါ အမှန်ပဲ။ မြို့တွေ၊ နိုင်ငံတွေနဲ့ မင်းတို့ရဲ့ တိုက်ပွဲတွေကို ငါတို့ ရှင်းရှင်းလင်းလင်း နားလည်ထားတယ်။ ပင်လယ်ရေတွေက တဖြည်းဖြည်းတက်လာနေပြီး ဒီတိုက်ကြီးကို နစ်မြုပ်ပစ်နေတယ်ဆိုတာကိုလည်း သေချာသွားပြီ။”

ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး သူဆက်ပြောမည့်စကားများကို စောင့်နေလိုက်၏။

“အဲ့ဒါကြောင့် ငါတို့ရဲ့ဘုရင်က နိုင်ငံအတွင်းက အုတ်မြစ်ကျောက်တွေကို မလိုအပ်ဘဲ အပြင်ကို မလည်ပတ်သင့်ဘူး အမိန့်ထုတ်ပြန်လိုက်တယ်။ အပြင်လူတွေက ငါတို့နိုင်ငံဆီက ကုန်ပစ္စည်းတွေကို ဝယ်ယူချင်တယ်ဆိုရင် အုတ်မြစ်ကျောက်နဲ့ပဲ ဝယ်ယူရမယ်။”

လော့စ်က အကူညီမဲ့စွာ ပြောလိုက်သည်။

“ဒီအမိန့်ကို ရေးသားထုတ်ပြန်ပြီးပြီဆိုတော့ ငါလည်း လိုက်နာရမယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ ငါနားလည်ပါတယ်။ ဒါက လူ့သဘာဝပဲ။ နောက်ဆုံးတစ်ကြိမ် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”

“ဒါကို ထည့်ပြောမနေပါနဲ့။ ဒီတစ်ခါ မင်း တကယ် တည်‌နေရာကူးပြောင်းခြင်းအစီအရင် နောက်ထပ်တစ်ခုတည်ဆောက်မယ်ဆိုရင် တကယ်ပဲ အုတ်မြစ်ကျောက်နဲ့ ကုန်သွယ်ဖို့လိုလိမ့်မယ်။”

လော့စ်က ပြောလိုက်သည်။

ရှောင်းယီသည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ထရပ်ကာ ပြောလိုက်၏။

“ကောင်းပြီ ဒီမှာ ငါ စဉ်းစားဖို့လိုတယ်။”

“ဒါပေမယ့် ငါတို့ဘုရင်က ပြောခဲ့တယ်။ မင်းသာ အပြင်လူတစ်ယောက်ရဲ့ကျွန်းကို စွန့်လွှတ်ပေးနိုင်မယ်ဆိုရင် ငါတို့လူပုဘုရင့်နိုင်ငံက ကျွန်းတစ်ကျွန်းကို အုတ်မြစ်ကျောက်အများအပြားနဲ့ ဝယ်ယူနိုင်တယ်။”

လော့စ်၏စကားများက ထွက်ခွာတော့မည့် ရှောင်းယီ၏ခြေလှမ်းများကို ထပ်မံရပ်တန့်သွားစေခဲ့သည်။

“ဘာလဲ ကျွန်းတစ်ကျွန်းဝယ်ချင်တာလား။”

ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်သော်လည်း စဉ်းစားကြည့်ပါက နားလည်ရန်မခက်ခဲလှချေ။

လူပုဘုရင့်နိုင်ငံသည် ပင်လယ်ရေများ တဖြည်းဖြည်းတိုက်စားနေသော အချက်ကို သိရှိထားပြီဖြစ်သောကြောင့် ၎င်းတို့အတွက် ထွက်ပေါက်တစ်ခုထားရှိရန် လိုအပ်လာပြီဖြစ်၏။ လက်ရှိအခြေအနေအရ အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ကျွန်းကို ခူလက်ဝယ်ရရှိထားခြင်းသည်သာ အသင့်တော်ဆုံးဖြစ်ပုံရသည်။

သူတို့လက်ထဲတွင်ရှိနေသော အုတ်မြစ်ကျောက်ပမာဏမှာ အလွန်အမင်းများပြားလှသောကြောင့် ကျွန်းကို ၎င်းတို့နေထိုင်ရန်အတွက် လုံလောက်သော ဧရိယာအထိ မကြာမီချဲ့ထွင်နိုင်မည်ဖြစ်သည်။

“ဟုတ်တယ် ဒီတိုက်ကြီးက အချိန်အကြာကြီး မခံနိုင်တော့ဘူးလို့ ခန့်မှန်းရတော့ ငါတို့အနေနဲ့ စောစောစီစဉ်ထားရမယ်လေ။”

လော့စ်က ပြန်ဖြေ၏။

“ကောင်းပြီ။ ဒီကိစ္စကို မင်းကိုအကြောင်းမပြန်ခင် ငါတို့နောက်ထပ်ဆွေးနွေးဖို့လိုတယ်။”

ရှောင်းယီက သတိထားပြီး ပြန်ဖြေလိုက်သည်။

အခန်း ၆၉၂ - ကျွန်းများရောင်းဝယ်ခြင်း၊ တည်နေရာကူးပြောင်းခြင်းအစီအရင် ပြန်လည်တည်ဆောက်ဖို့ စောင့်ဆိုင်းရဦးမယ်

“ထုံးစံအတိုင်းပါပဲ။ ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဆွေးနွေးရမှာပေါ့။ မင်းဆီကသတင်းကောင်းကို ငါစောင့်နေမယ်။”

လော့စ်က ပြုံးကာ ပြန်ဖြေလိုက်၏။

ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီး လူပုဘုရင့်နိုင်ငံမှ ထွက်ခွာကာ သူ၏ကျွန်းသို့ ပြန်လာခဲ့သည်။

လူတိုင်း၏အလုပ်များကို နှောင့်နှေးမည်စိုးသောကြောင့် ရှောင်းယီသည် သူ၏မိုဘိုင်းဖုန်းထဲတွင် ဂရုတစ်ခုဖွဲ့ပြီး ထိုကိစ္စကို တိုက်ရိုက်ဆွေးနွေးလိုက်၏။

“ဒီနေ့ ငါ လုပူဘုရင့်နိုင်ငံကိုသွားခဲ့တယ်။ အလတ်စားတည်နေရာကူးပြောင်းခြင်းအစီအရင်နောက်တစ်ခု တည်ဆောက်ဖို့အဆိုပြုတဲ့အခါ သူတို့က အုတ်မြစ်ကျောက်နဲ့ ကုန်သွယ်ဖို့ တောင်းဆိုခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူတို့က ကျွန်းတစ်ကျွန်းဝယ်ယူချင်တဲ့ အကြောင်းလည်း ပြောခဲ့တယ်။ သူတို့ဘက်က ကျွန်းတစ်ကျွန်းဝယ်ယူတဲ့ ရည်ရွယ်ချက်အပေါ် လူတိုင်းရဲ့အတွေးအမြင်ကို မျှဝေကြပါဦး။”

ရှောင်းယီက ပြောလိုက်သည်။

“ငါ့ရဲ့အမြင်တော့ အဆင်ပြေပါတယ်။”

အန်ယွဲ့က ပထမဆုံး သူ၏အမြင်ကို ဖော်ပြလာခဲ့သည်။

“လက်ရှိမှာ ငါတို့အတွက် အပြင်ဘက်ကျွန်းတွေက အရမ်းများလွန်းနေတယ်။ အရည်အချင်းပြည့်ဝတဲ့သူတွေလည်း မလုံလောက်တော့ စီမံခန့်ခွဲတဲ့နေရာမှာ လိုက်မမှီနိုင်တော့ဘူး။ အရေးမကြီးတဲ့ ကျွန်းတစ်ကျွန်းလောက် ရောင်းလိုက်ရင် တကယ်ပဲ ငါတို့ရဲ့ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်တယ်။”

“ငါလည်း ပြဿနာတစ်ခုမှ မမြင်ဘူး။ လူပုလူမျိုးတွေက ရိုးသားဖြောင့်မတ်တယ်။ အခုငါတို့နဲ့ဆက်ဆံရေးကလည်း အတော်လေးကောင်းနေပြီ။ ကျွန်းသေးသေးလေးတစ်ကျွန်းလောက် ရောင်းလိုက်တာက ပြဿနာကြီးတစ်ခု မဖြစ်သင့်ဘူး။”

ကျန်းယွင်ထျန်းက ထောက်ခံလိုက်၏။

“ကျွန်းတစ်ကျွန်းရောင်းတာက အဆင်ပြေပေမယ့် အထူးထုတ်ကုန်တွေ ထွက်ပေါ်နေတဲ့ကျွန်း မဟုတ်ဖို့တော့ အရင်ဆုံး အတည်ပြုထားတာ အကောင်းဆုံးပဲ။”

ယွမ်နွန်က ပြောလိုက်သည်။

“ဒါပေမယ့် ဒီနေရာမှာ ဝိရောဓီဖြစ်နေတာတစ်ခုရှိတယ်။ အထူးထုတ်ကုန်တွေ ပေါ်၊မပေါ်သိရဖို့အတွက် ဧရိယာကို အရွယ်အစားတစ်ခုထိ ချဲ့ထွင်ဖို့လိုတယ်။ ဒါပေမယ့် ဧရိယာကို ချဲ့ထွင်ပြီးမှ လူပုဘုရင့်နိုင်ငံကို ရောင်းလိုက်နယ်ဆိုရင် ငါတို့အတွက် နစ်နာသွားလိမ့်မယ်။”

“ဒါက ပြဿနာကြီးတစ်ခု မဟုတ်ပါဘူး။ အချိန်ကျရင် စျေးနှုန်းအပြင် ကျွန်းဧရိယာနဲ့ညီမျှတဲ့ အုတ်မြစ်ကျောက်ပမာဏကို အပိုထပ်တောင်းလိုက်ရုံပဲ။”

ရှောင်းယီက ပြောလိုက်၏။

“ဘယ်သူမှ ကန့်ကွက်တဲ့သူမရှိဘူးဆိုရင် ဘယ်စျေးနှုန်းက သင့်တော်မယ်လို့ထင်လဲ။”

“ကုန်သွယ်ရေးအရာရှိတစ်ယောက်က ၂ ဘီလီယံကို စုစည်းနိုင်တယ်ဆိုတော့ ကျွန်းတစ်ကျွန်းရဲ့စျေးနှုန်းက အနည်းဆုံး ၁၀ဘီလီယံလောက်တော့ ရှိရမယ်။”

“အရမ်းမြင့်လွန်း‌မနေဘူးလား။ သူတို့သာ မတတ်နိုင်ဘူးရင် ဘာဖြစ်သွားမလဲ။ နှစ်ဦးဖက်ကြားက ဆက်ဆံရေးကို တင်းမာသွားစေမှာမဟုတ်ဘူးလား။”

“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါတဲ့ အသက်ရှင်ကျန်ရစ်သူတစ်ဦးရဲ့ကျွန်းလေ။ ဒီလို setup မျိုးက ၁၀ ဘီလီယံတန်တယ်လို့ ခံစားရတယ်။”

“၁၀ ဘီလီယံကို မေ့ထားလိုက်။ ၅ ဘီလီယံတည်းဆိုရင်တောင် အသက်ရှင်ကျန်ရစ်သူတွေက သူတို့ကျွန်းကို ရောင်းချင်နေကြမယ်လို့ ငါထင်တယ်။ ဟုတ်တယ်မလား။”

“အမှန်ပဲ။ ဒါပေမယ့် သူတို့မှာ ဒီလိုဆက်ဆံရေးမျိုး မရှိဘူး။”

“စီးပွားရေးက စီးပွားရေးပဲ။ ငါတို့အနေနဲ့ ပြိုင်ဘက်ရဲ့ အနိမ့်ဆုံးနယ်နိမိတ်ကို အမြဲတမ်းစမ်းသပ်ကြည့်သင့်တယ်။ ကျုပ်အမြင်ကတော့ ၂၀ ဘီလီယံလောက် တောင်းကြည့်လို့ရတယ်။”

“ဘီလီယံ ၂၀ ဆိုတာက အရမ်းချဲ့ကားလွန်းတယ်။ လူပုတွေက အရူးတွေ မဟုတ်ဘူး။ သူတို့ဘာသာသူတို့တောင် မဆန့်နိုင်တဲ့ ကျွန်းသေးသေးလေးတစ်ကျွန်းအတွက်နဲ့ သူတို့ရဲ့အုတ်မြစ်ကျောက်တွေအားလုံးကို သုံးမှာမဟုတ်ဘူး။”

ဆွေးနွေးမှုများကို ကြည့်ရှုရင်း ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ။ ဒါဆို ၁၀ ဘီလီယံလို့ သတ်မှတ်ပြီး နှစ်ဆအကျိုးသက်ရောက်မှုအတွင်းမှာ လဲလှယ်ကြတာပေါ့။”

ရှောင်းယီဆုံးဖြတ်ပြီးဖြစ်ကြောင်း မြင်လိုက်ရသောအခါ အခြားသူများသည် သူတို့၏ စျေးနှုန်းဆွေးနွေးခြင်းကို ရပ်တန့်လိုက်ကြ၏။

သို့သော် အန်ယွဲ့က ထပ်မံအကြံပြုလိုက်သည်။

“ငါတို့ရဲ့ ရည်မှန်းချက်က ၁၀ ဘီလီယံ ဖြစ်တဲ့အတွက် နည်းနည်းတော့ ပိုတောင်းသင့်တယ်။ ၁၂ ဘီလီယံလို့ ပြောလိုက်ပါ။”

“အင်း ကျုပ်နားလည်ပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ဆွေးနွေးမှုပြီးဆုံးပြီးနောက် ရှောင်းယီသည် ခူပုဘုရင့်နိုင်ငံသို့ ချက်ချင်းပင် ပြန်လည်၍ တည်နေရာကူးပြောင်းသွားခဲ့၏။ ရှောင်းယီ ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ လော့စ်က ချက်ချင်းပင် မေးလိုက်သည်။

“ရှောင်းယီ မင်းတို့ ဆုံးဖြတ်ချက်ချပြီးသွားပြီလား။”

“ဒါပေါ့။ ပထမဆုံးအနေနဲ့ ကျုပ်တို့ဘက်က ကျွန်းငယ်တစ်ကျွန်း ရောင်းပေးနိုင်တယ်။ ဒါပေမယ့် သီးသန့်စျေးနှုန်းကိုတော့ အဖွဲ့အတွင်းမှာ ဆွေးနွေးနေတုန်းပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သိပ်ကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မအလျင်လိုပါဘူး။ ပင်လယ်ရေက ငါတို့နဲ့ ဝေးနေသေးတယ်။”

လော့စ်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

“ငါတို့ဘက်က ကျွန်းတစ်ကျွန်းရောင်းပေးဖို့ သဘောတူပြီးပြီဆိုတော့ အလတ်စားတည်နေရာကူးပြောင်းခြင်းအစီအရင် နောက်တစ်ခုကို အရင်ဆုံးတည်ဆောက်ပေးနိုင်မလား။”

ရှောင်းယီက ပြောလိုက်၏။

“ဒါက ပြဿနာမဖြစ်သင့်ဘူး။ ငါ ဘုရင်မင်းမြတ်ဆီမှာ အခုချက်ချင်း လျှောက်ထားလိုက်မယ်။”

လော့စ်က ပြန်ဖြေလိုက်သည်။

“ကျေးဇူးတင်ပါတယ်။”

ရှောင်းယီက သူ၏လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်၏။

လော့စ်သည် သူကိုယ်တိုင် ဘုရင်ကြီးထံသို့ သွားရောက်တွေ့ဆုံနေစဉ်အတွင်း ရှောင်းယီအား လူပုဘုရင့်နိုင်ငံအနှံ့သို့ လိုက်လံပြသပေးရန် လက်အောက်ငယ်သားတစ်ဦးကို ရှာဖွေပေးခဲ့သည်။

လူပုနိုင်ငံ၏ လမ်းမများသည် ကြမ်းတမ်းခိုင်ခံ့သော စတိုင်မျိုးဖြစ်ပြီး အလွန်အမင်း သပ်ရပ်နေခြင်းမျိုး မဟုတ်သော်လည်း အမှိုက်သရိုက်များ စုပုံနေခြင်းမျိုးလည်း မရှိပေ။

လူပုများ၏ ဘဝမှာ ရိုးရှင်းလှ၏။ ကျား၊ မ မရွေး လက်ထဲတွင် တူတစ်လက်ကို ကိုင်ထားခြင်း သို့မဟုတ် ဝိုင်ခွက်တစ်ခွက်ကို ကိုင်ထားခြင်းသာ ဖြစ်သည်။

မကြာမီတွင် လော့စ်သည် ဘုရင်ကြီးနှင့်တွေ့ဆုံကာ ရှောင်းယီ၏ တောင်းဆိုချက်ကို တင်ပြလိုက်၏။

“သူက ကတိတည်လိမ့်မယ်လို့ မင်းထင်လား။”

ဘုရင်ကြီးက မေးလိုက်သည်။

လော့စ်က ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။

“ကျွန်တော်မျိုးရဲ့ အကဲခတ်ချက်အရဆိုရင်တော့ သူ ကတိတည်မှာပါ။”

ဘုရင်ကြီးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“သူပေးတဲ့ အရက်ကြောင့်တော့ မဟုတ်ပါဘူးနော်။”

လော့စ်က ရယ်မောကာ ခေါင်းခါလိုက်၏။

“သူက စီးပွားရေးသမားတစ်ယောက်ပါ။ သစ္စာရှိမှုက အခြေခံအကျဆုံးပဲလေ။ ကျွန်တော်မျိုးတို့ အရောင်းအဝယ် တစ်ခု၊နှစ်ခုပဲ လုပ်ဖူးသေးတယ်ဆိုပေမဲ့ သူ့ရဲ့ကုန်ပစ္စည်းတွေက အားလုံး ထိပ်တန်းအဆင့်တွေချည်းပဲ။ သူက အဆင့်နိမ့်ပစ္စည်းတွေ၊ ဒါမှမဟုတ် ပုံမှန်အဆင့်ပဲ ရှိတဲ့ဟာတာတွေကိုတောင် ရောနှောရောင်းချတာမျိုး တစ်ခါမှမလုပ်ဖူးဘူး။ ဒါက တိုက်ကြီးပေါ်က တခြားနိုင်ငံတွေ၊ တခြားမြို့တွေနဲ့ မတူတဲ့အချက်ပဲ။”

ဘုရင်ကြီးက ခေါင်းညိတ်လိုက်ကာ အမိန့်ပေးလိုက်သည်။

“ကောင်းပြီလေ။ ဒါဆိုရင် သူတို့အတွက် အလတ်စား တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု ထပ်ပြီးတည်ဆောက်ပေးလိုက်ပါ။”

“အမိန့်တော်အတိုင်းပါ။”

ရှောင်စယီ ရောင်းချခဲ့သော ပစ္စည်းများသည် သူ၏ခြံဝန်းထဲမှ ထွက်ရှိခြင်းဖြစ်ကြောင့် အရည်အသွေး အတက်အကျ အလွန်နည်းပါးနေခြင်းဖြစ်သည်ကိုမူ သူတို့ မသိရှိခဲ့ကြပေ။

ရှောင်းယီသည် အဆင့်နိမ့်ပစ္စည်းများကို မရောနှောခြင်း မဟုတ်ဘဲ ခြံဝန်းထဲမှ ထွက်ရှိသမျှ ပစ္စည်းအားလုံးသည် အရည်အသွေး တသမတ်တည်းဖြစ်ပြီး အကောင်းဆုံးများသာ ဖြစ်နေခြင်းပင်။

ရှောင်းယီသည် လူပုဘုရင့်နိုင်ငံရှိ အရက်ဆိုင်တစ်ခု၏ အငွေ့အသက်ကို ခံစားကြည့်နေလိုက်၏။ ထိုနေရာတွင် နေရာအနှံ့ ဆူညံသံများဖြင့်သာ ပြည့်နှက်နေပြီး တိတ်ဆိတ်ငြိမ်သက်မှုကို လုံးဝရှာမတွေ့နိုင်ပေ။

မကြာမီတွင် ရှောင်းယီနှင့်အတူ လိုက်ပါလာသော လူပုက ပြောလာခဲ့၏။

“ကျွန်းပိုင်ရှင်ရှောင်း ကျုပ်တို့ သခင်ကြီး ပြန်ရောက်ပါပြီ။”

“ကောင်းပြီ၊ ဒါဆို ပြန်ကြတာပေါ့။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ဦး ကုန်သွယ်ရေးစခန်းသို့ ပြန်ရောက်လာခဲ့ကြသည်။ ထိုအခါ လော့စ်သည် ဝမ်းသာအားရဖြင့် ပြောလာခဲ့၏။

“ငါတို့ ဘုရင်ကြီးက သဘောတူလိုက်ပြီ။ မင်းတို့အတွက် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အရင်တည်ဆောက်ပေးမယ်။ မင်းတို့ကျွန်းရဲ့ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပေးချေလို့ရတယ်။ ဒါပေမဲ့ အချိန်တန်ရင် ငါတို့ကို ကျွန်းရောင်းပေးမယ်ဆိုတဲ့ ကတိကိုတော့ တည်လိမ့်မယ်လို့ ဘုရင်ကြီးက မျှော်လင့်နေတယ်။”

“ဒါပေါ့။ ငါတို့ အရင်ဆုံး သဘောတူညီမှုစာလွှာမှာ လက်မှတ်ရေးထိုးထားလို့ရတယ်။”

ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်၏။

ထိုအခါ လော့စ်သည် သူ၏လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“အဲ့ဒီအပေါ်ယံစာချုပ်စာတမ်းတွေ ထားလိုက်စမ်းပါ။ မင်း ကတိတည်မယ်လို့ ငါ အခိုင်အမာ ယုံကြည်တယ်။”

“ကျေးဇူးတင်ပါတယ်။”

ရှောင်းယီသည် သူ၏လက်နှစ်ဖက်ကို စုယှက်ကာ ဂါရဝပြုရင်း ပြောလိုက်၏။

“ဒါဆိုရင် အဲဒီကိုသွားဖို့ အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ ထပ်ပြီး စီစဉ်ပေးဖို့ လိုမလား။”

ရှောင်းယီဟး၏စကားကိုကြားသောအခါ လော့စ်သည် မကျေမနပ်ဖြင့် ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“တည်နေရာကူးပြောင်းခြင်းအသီအရင်တွေ ဆောက်နိုင်တဲ့ အင်ဂျင်နီယာကို လမ်းဘေးက ဂေါ်ဖီထုပ်တွေလို အလွယ်တကူတွေ့နိုင်တယ်လို့ ထင်နေတာလားမင်းက။”

“အမ် အဲဒါ ဘာကိုဆိုလိုတာလဲ။”

ရှောင်ယီက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။

“အလတ်စား တည်နေရာကူးပြောင်းခြင်းအစီအရင်တွေကို ဆောက်နိုင်တဲ့ အင်ဂျင်နီယာတွေက မင်းရဲ့ကျွန်းပေါ်မှာ ရောက်နေပြီးသားလေ။ ငါ ဘာကိုဆိုလိုသလဲဆိုတာ မင်းသိရမှာပေါ့။”

လော့စ်က ပြန်ပြောလိုက်သည်။

“တစ်နည်းပြောရရင် နောက်တစ်ခု မဆောက်ခင်မှာ အခု ငါ့ရဲ့ကျွန်းပေါ်က အလတ်စား တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သူတို့ အရင်ပြီးအောင် စောင့်ရဦးမှာပေါ့ ဟုတ်လား။”

ရှောင်းယီက မေးလိုက်၏သည်။

“ဒါပေါ့၊ စောင့်ရုံပဲရှိတာပေါ့။”

ရှောငယီ အနည်းငယ် အားကိုးရာမဲ့သလို ခံစားလိုက်ရ၏။

“ဒါဆို အသေးစား တည်နေရာကူးပြောင်းခြင်းအစီအရင်တွေကျတော့ရော။”

“အဲဒါကို လုပ်နိုင်တဲ့သူတွေကတော့ နည်းနည်းပိုများပါတယ်။ ဒါပေမဲ့ ရှစ်ယောက်ပဲ ရှိသေးတာ။ အဲဒီရှစ်ယောက်ကလည်း အလတ်စား တာ်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်နေတဲ့ အင်ဂျင်နီယာကြီးတွေကို ကူညီပေးဖို့ လိုသေးတယ်လေ။”

လော့စ်က ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ ငါနားလည်ပြီ။ ဒါဆို အဲဒီအင်ဂျင်နီယာတွေကို နောက်မှ အကြောင်းကြားပေးဖို့ မင်းကို ဒုက္ခပေးရဦးမှာပဲ။”

ရှောင်းယီက ဆိုလိုက်သည်။

“အေး ငါ အခု မင်းနဲ့အတူ လိုက်ခဲ့မယ်။”

လော့စ်က ပြန်ပြောလိုက်သည်။။ထို့နောက် သူတို့နှစ်ဦး ရှောင်းယီ၏ကျွန်းသို့ အတူတူပြန်လာခဲ့ကြပြီး အင်ဂျင်နီယာ ကိုးဦးထံသို့ အလုပ်တာဝန်သစ်များ ထပ်မံပေးအပ်ခဲ့ကြသည်။

လော့စ်သည် လက်ရှိအလုပ်မပြီးဆုံးခင် နောက်အလုပ်တစ်ခု ထပ်ပေးလိုက်ခြင်းကြောင့် သူတို့ ငြိုငြင်ကြလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့၏။

သို့သော် သူ အံ့အားသင့်သွားခဲ့ရသည်မှာ လော့စ် ပေးအပ်လိုက်သော အလုပ်တာဝန်သစ်များကို ကြားလိုက်ရပြီးနောက် ထိုအင်ဂျင်နီယာများသည် ပို၍ပင် စိတ်လှုပ်ရှားကာ ပျော်ရွှင်သွားကြခြင်းပင်။

All Chapters