← Chapters

အခန်း (၇၁၁-၇၁၂)

Vol. 55 Ch. 711-712

အခန်း (၇၁၁-၇၁၂)

Vol. 55 Ch. 711-712

အခန်း (၇၁၁) - လူတိုင်း အံ့အားသင့်ကုန်ကြခြင်း၊ ရှောင်းယီ ပြောခဲ့သည်မှာ အမှန်တရားလော

ဘား၏ အပေါ်ဆုံးထပ်သို့ ရောက်သောအခါ အခန်းထဲတွင် စားပွဲအနည်းငယ်ရှိရုံသာမက အပြင်ဘက် ဝရန်တာတွင်လည်း နေကာထီးများ တပ်ဆင်ထားသည့် စားပွဲဝိုင်းများစွာ ရှိနေ၏။

ဒူခန်းသည် အပေါ်ဆုံးထပ် လက်ရန်းဆီသို့ လျှောက်သွားပြီး အဝေးသို့ ငေးကြည့်လိုက်သည်။

ဤနေရာမှကြည့်လျှင် ဘားသည် ကမ်းခြေနှင့် တော်တော်လေး ဝေးနေပြီဖြစ်သည်။ ဒူခန်း၏ အရှေ့ညာဘက်တွင် ကြီးမားသော ဖျော်ဖြေရေး ကစားကွင်း ဧရိယာတစ်ခုရှိနေသည်။

အကြီးမားဆုံး အရာများမှာ ရိုလာကိုစတာ၊ ချားရဟတ်နှင့် Drop Tower တို့ ဖြစ်ကြသည်။ ဒူခန်းသည် ခေါင်းကိုခါယမ်းရင်း တီးတိုး ရေရွတ်လိုက်မိ၏။

“စိတ်ညစ်လိုက်တာ... ဒါတွေက ငါဆို လုံးဝ မကစားရဲတဲ့ အရာတွေပဲ။”

ဘားနှင့် ကပ်လျက်ရှိသော ဧည့်ခန်းများသည် ယခုအခါ ဟိုတယ်တစ်ခု ဖြစ်သွားပြီဖြစ်ပြီး ၎င်းသည် အပန်းဖြေစခန်းတစ်ခုလုံးတွင် အမြင့်ဆုံး အဆောက်အဦး ဖြစ်လာခဲ့သည်။

ဟိုတယ်အပြင် ဆယ်ထပ်ပါသော စီးပွားရေး အဆောက်အဦးတစ်ခုလည်း တိုးလာခဲ့သော်လည်း မည်သည့်လုပ်ငန်းရှင်မှ မပြောင်းရွှေ့လာကြသေးပေ။ ရှောင်းယီ၏ ကျွန်း မည်မျှပင် မြန်မြန်ဆန်ဆန် တိုးတက်နေပါစေဦးတော့ ဤမျှအစောကြီး စီးပွားရေးသမားများ ပေါ်ထွက်လာရန်မှာ မဖြစ်နိုင်သေးပေ။

လောလောဆယ်တွင် အရောင်းအဝယ် အများစုမှာ ကျွန်းများမှ တိုက်ရိုက်ရောင်းချခြင်းသာ ဖြစ်ပြီး တစ်ဦးချင်း သို့မဟုတ် အဖွဲ့ငယ် အရောင်းအဝယ်သမားများမှာ အလွန်ပင် ရှားပါးနေဆဲ ဖြစ်သည်။

ထိုအချိန်တွင် ရှောင်းယီသည်လည်း အဆိုပါ စီးပွားရေး အဆောက်အအုံထဲသို့ ရောက်ရှိလာခဲ့သည်။ အတွင်းတွင် ဆိုင်ခန်း အမျိုးမျိုးရှိသော်လည်း အားလုံးမှာ ဗလာဖြစ်နေ၏။

“ကျွန်းပေါ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ နေရာတွေ အများကြီး ကျန်သေးတာပဲ။”

ရှောင်းယီက သူ့ဘာသာ တွေးလိုက်မိ၏။

တစ်ဖက်တွင်လည်း အန်းယွဲ့သည် အပန်းဖြေစခန်း၏ အဆင့်မြှင့်တင်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက် စွန်းကုထောင်တို့နှင့်အတူ ပြန်ရောက်လာကြသည်။

“သောက်ကျိုးနည်း... ဒါက အဲ့လောက်တောင် ကြီးသွားတာလား။ ကျွန်းပိုင်ရှင်ကတော့ တကယ့်ကို အံ့သြစရာပဲ။”

လူတိုင်းသည် လုံးဝ ပြောင်းလဲသွားသော အပန်းဖြေစခန်းကို ကြည့်ပြီး မှင်တက်နေကြ၏။

အန်းယွဲ့သည်လည်း အလွန်ပင် တုန်လှုပ်သွားခဲ့သည်။ ထို့နောက် သူက လူတိုင်းကို လှမ်းခေါ်လိုက်၏။

“သွားကြည့်ကြစို့။ ကျွန်းပိုင်ရှင်က အထဲမှာ ရှိနေလောက်တယ်။ ငါတို့တော့ အလုပ်တွေ တော်တော် များတော့မှာပဲ။”

“ဟုတ်ကဲ့။”

အားလုံးက ပြိုင်တူ ပြန်ထူးလိုက်ကြပြီး အပန်းဖြေစခန်းထဲသို့ အတူတူ လျှောက်ဝင်သွားခဲ့ကြသည်။

မြေကွက်လပ်ပေါ်ရှိ ကြီးမားသော ဖျော်ဖြေရေး ကိရိယာများသည် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။ ရှောင်းယီသည် အဝေးမှ လျှောက်လာပြီး သူတို့၏ အံ့သြနေသော မျက်နှာများကို မြင်လိုက်ရသောအခါ ပြုံးကာ ပြောလိုက်သည်။

“အခု ဟိုတယ်အခန်းတွေ လုံလောက်သွားပြီ။ မင်းတို့စိတ်ကြိုက် အခန်းတွေ ရွေးထားကြ။ ဦးလေးအန်း... လက်ခံကောင်တာမှာ စာရင်းသွင်းဖို့ လူတစ်ယောက် စီစဉ်လိုက်ပါဦး။”

“ဟုတ်ကဲ့။”

အန်းယွဲ့က ပြန်ဖြေပြီးနောက် ဖုန်းဖြင့် ဆက်သွယ်ကာ ထိုကိစ္စကို စီစဉ်လိုက်၏။

“ဟိုဘက်မှာလည်း စီးပွားရေး အဆောက်အဦးတစ်ခုရှိတယ်။ ပလာဇာက ဆိုင်ခန်းတွေကို အဲဒီ အဆောက်အဦးထဲ ရွှေ့ခိုင်းလိုက်လို့ ရတယ်။”

ရှောင်းယီက ဆက်ပြောသည်။

“ဟုတ်ကဲ့။”

“ကျန်တာတွေကိုတော့ မင်းတို့ဘာသာပဲ စီမံလိုက်တော့။”

ရှောင်းယီက ထိုသို့ပြောပြီးနောက် အပန်းဖြေစခန်းမှ လှည့်ထွက်သွားခဲ့သည်။

“ဘာလို့ ကျွန်းပိုင်ရှင်က စိတ်မကြည်သလို ဖြစ်နေရတာလဲ။”

စွန်းကုထောင်က နားမလည်နိုင်စွာ မေးလိုက်၏။

“ဒီလောက် အဆင့်မြင့်တဲ့ အဆောက်အဦးတွေ ရထားတာတောင် မပျော်သေးဘူးလား။ ကျွန်းပိုင်ရှင်ရဲ့ စံနှုန်းက အရမ်းမြင့်တာပဲ။”

စွန်းယောင်ကလည်း အလားတူပင် ဇဝေဇဝါ ဖြစ်နေခဲ့သည်။

“ဒါပေါ့။ ငါသာ ဒီလို အဆောက်အဦးတွေ ရရင် အိပ်ပျော်နေရင်းတောင် ပြုံးနေမိမှာပဲ။ ကျွန်းပိုင်ရှင်က တကယ်ပဲ စိတ်ညစ်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။”

ချူရှန်းက ခံစားချက်ပါပါ မှတ်ချက်ပေးလိုက်၏။

အန်းယွဲ့သည်လည်း အကြောင်းရင်းကို မသိပေ။ သူက ခေါင်းခါယမ်းရင်းသာ ပြောလိုက်နိုင်သည်။

“ကျွန်းပိုင်ရှင်မှာ တခြား စဉ်းစားစရာ ကိစ္စတွေ ရှိနေလို့ ဖြစ်မှာပါ။ ငါတို့ ဒီက အလုပ်တွေကို သေသေချာချာ လုပ်ကြရအောင်။ သူ့ကို အပန်းဖြေစခန်းအတွက် ထပ်ပြီး စိတ်မပူစေနဲ့တော့။”

“ဟုတ်ကဲ့။”

အားလုံးက တုံ့ပြန်လိုက်ကြ၏။

ရှောင်းယီသည် ကျွန်း၏ အတွင်းပိုင်းဆီသို့ လျှောက်သွားခဲ့သည်။ ဆုလာဘ်နှစ်ဆရသောနေ့သည် ပျော်ရွှင်စရာ ကောင်းသင့်သော်လည်း သူ့အတွက်မူ လုံးဝ မပျော်နိုင် ဖြစ်နေ၏။

လူပုဘုရင်နှင့် လော့စ်တို့သည် လူပုဘုရင့်နိုင်ငံတော်သို့ ပြန်ရောက်သွားပြီးနောက် အခြေအနေများကို ဆွေးနွေးရန် ချက်ချင်း အစည်းအဝေး ခေါ်ယူလိုက်သည်။

“အခု ငါတို့ ကြီးမားတဲ့ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရပြီ။ ငါတို့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တွေကို သိမ်းပိုက်လို့ မရဘူး။ ဆိုလိုတာက ငါတို့ နိုင်ငံတော်ကို အုတ်မြစ်ကျောက်ကျွန်းတွေပေါ်ကို ရွှေ့ပြောင်းလို့ မရဘူး။ အခု ပင်လယ်ရေတက်နေတဲ့ နှုန်းအရဆိုရင် ငါတို့မှာ အချိန် နှစ်လတောင် မကျန်တော့ဘူးလို့ ခန့်မှန်းရတယ်။”

လူပုဘုရင်က စတင် ပြောကြားလိုက်သည်။

“ဟာ... အဲဒါဆိုရင်တော့ တကယ်ကို ဒုက္ခရောက်ပြီ။ ကျွန်တော်မျိုးတို့က ဘာလို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို သိမ်းပိုက်လို့ မရတာလဲ။”

“ရှောင်းယီ ပြောပုံအရဆိုရင် ဒီကျွန်းအထိမ်းအမှတ်ကျောက်တွေက အပြင်လူတွေနဲ့ ဒေသခံလူသားတွေ အတွက်ပဲ သီးသန့် ပြင်ဆင်ထားတာတဲ့။ ငါတို့က သိမ်းပိုက်လို့ မရဘူး။”

လော့စ်က ရှင်းပြလိုက်သည်။

“ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ။ သင်္ဘောကြီးတစ်စင်း တည်ဆောက်ရမှာလား။ တစ်နိုင်ငံလုံးကို သင်္ဘောပေါ် တင်ထားရတော့မှာလား။”

“ဒါကတော့ လုံးဝ မဖြစ်နိုင်ဘူး။ သင်္ဘောသာ တစ်ခုခု ဖြစ်သွားရင် ပင်လယ်အလယ်မှာ ဘယ်လို ပြန်ပြင်မလဲ။”

“ဟုတ်တယ်။ မုန်တိုင်းတွေ လှိုင်းလုံးကြီးတာတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှိပါ့မလဲ။ ကျုပ်တို့ထဲမှာ ပင်လယ်ထဲ သင်္ဘောလွှင့်ဖူးတဲ့ အတွေ့အကြုံရှိတဲ့သူ တစ်ယောက်မှ မရှိဘူးလေ။”

ထိုအချိန်တွင် ကေဒါက ဝင်ပြောလာခဲ့၏။

“တကယ်တော့ ကျုပ်တို့ ပထမဆုံး လုပ်ရမှာက ရှောင်းယီ ပြောတာ အမှန်လား ဆိုတာကို အရင်ဆုံး အတည်ပြုဖို့ပဲ။”

လူတိုင်းက ဆွေးနွေးနေသည်ကို ချက်ချင်းပင် ရပ်တန့်လိုက်ပြီး ခေါင်းငြိမ့်လိုက်ကြသည်။

“ရှောင်းယီ ပြောတာ အမှန်ဆိုရင်တော့ ဒီဆွေးနွေးမှုတွေက အဓိပ္ပာယ် ရှိတယ်။ ဒါပေမဲ့ သူက ငါတို့ကို လိမ်နေတာဆိုရင်ကော။” ဟု

ကေဒါကက ဆက်ပြော၏။

ကေဒါနှင့် လော့စ်တို့ နှစ်ယောက်လုံးသည် ရှောင်းယီကို သူငယ်ချင်းဟု ခေါ်ကြသော်လည်း သူတို့သည် ရှောင်းယီကို အပြည့်အဝတော့ မယုံကြည်ကြသေးပေ။

ရှောင်းယီသည် အပြင်လူတစ်ယောက် ဖြစ်နေ၏။ လူပုမျာစသည် ရိုးသားကြသော်လည်း မိုက်မဲကြသူများ မဟုတ်ချေ။ သူတို့သည် အပြင်လူတစ်ယောက်ကို အခြေအနေမသိဘဲ အကြွင်းမဲ့ ယုံကြည်ရန်မှာ မဖြစ်နိုင်ပေ။

“ဒါဆိုရင် ကျန်တဲ့ ကုန်သည်တွေဆီ ဆက်သွယ်ပြီး အခြေအနေ ဘယ်လိုလဲဆိုတာ ငါ သွားစုံစမ်းကြည့်လိုက်မယ်။”

လော့စ်က ဆိုသည်။

“အင်း... လော့စ် မင်း အရင်ဆုံး ရှောင်းယီ ပြောတာ အမှန် ဟုတ်၊မဟုတ် အတည်ပြုကြည့်လိုက်ဦး။”

လူပုဘုရင်က သဘောတူလိုက်၏။

လော့စ်သည် ကမ်းလှမ်းထားသည့် အခြား ကုန်းမြေအင်အားစုများကို ချက်ချင်းပင် ဆက်သွယ်လိုက်ပြီး သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အရင် သိမ်းပိုက်ကြည့်ချင်သည်ဟု ပြောလိုက်သည်။

“မရဘူး။ အရင် ငွေပေးချေပြီးမှ ကျောက်တိုင်ကို သွားသိမ်းပိုက်လို့ ရမယ်။”

အခြား အင်အားစု အားလုံးဆီမှ ထိုတုံ့ပြန်မှုမျိုးကိုသာ ရရှိခဲ့သည်။

လူပုဘုရင်သည် စားပွဲကို ဒေါသတကြီး ရိုက်ချလိုက်၏။

“ဒီလူတွေက ငါတို့နဲ့ စီးပွားရေး လုပ်ချင်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ ရှောင်းယီကို ကြည့်စမ်း။ သူကမှ အပြင်လူတစ်ယောက်နဲ့ တူသေးတယ်။”

ရှောင်းယီသာ အခြားအင်အားစုများ၏ တုံ့ပြန်မှုကို သိခဲ့ပါက ရယ်မောရင်း ထိုသို့ပြောပေလိမ့်မည်။

‘ငါ့ရဲ့ ပြိုင်ဘက်တွေက ညံ့ဖျင်းလွန်းလို့ ငါပဲ ကံကောင်းသွားတာပဲ။’

လော့စ်က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

“အရှင်မင်းကြီး ဒီအင်အားစုတွေနဲ့ သဘောတူညီမှုတစ်ခု လုပ်ကြည့်ရင်ကော။ စမ်းသပ်ဖို့အတွက် အုတ်မြစ်ကျောက်တစ်သောင်းကို စရန်ငွေ အနေနဲ့ ပေးမယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်လို့ ရရင် ကျန်တဲ့ ငွေတွေကို အပြည့်ပေးချေမယ်။ သိမ်းပိုက်လို့ မရရင်တော့ စရန်ငွေကို အပြည့် ပြန်ပေးရမယ်။”

“အင်း... အခုလောလောဆယ်တော့ ဒီနည်းလမ်းပဲ ရှိတော့တယ်။”

လူပုဘုရင်က သက်ပြင်းရှည်ကြီး ချရင်း ပြောလိုက်သည်။

“ဟုတ်ကဲ့”

လော့စ် ပထမဆုံး သွားတွေ့သည့်သူမှာ Frost ဆီးနှင်းသစ်ရွက်မြို့တော်ဖြစ်သည်။ သူ ဆီးနှင်းသစ်ရွက်မှော်ဆရာနှင့် စကားပြောဆိုပြီးနောက် စရန်ငွေ အုတ်မြစ်ကျောက် နှစ်သောင်း ပေးပြီးမှသာ လော့စ်ကို စမ်းသပ်ခွင့် ပြုခဲ့၏။

လော့စ်တွင် အခြား ရွေးချယ်စရာ မရှိသဖြင့် အုတ်မြစ်ကျောက် နှစ်သောင်းကို အရင်ပေးလိုက်ပြီး တစ်ဖက်လူ၏နောက်သို့လိုက်ကာ ကျွန်းတစ်ခုသို့ တည်နေရာကူးပြောင်းလိုက်သည်။

လော့စ် ရောက်သွားသောအခါ ကျွန်းပေါ်ရှိ စစ်သားအားလုံးက သူတို့၏ လက်နက်များဖြင့် လော့စ်ကို ဝိုင်းထားကြ၏။

“ဒါက ဘာအဓိပ္ပာယ်လဲ။”

လော့စ်က မဲမှောင်နေသောအမူအရာဖြင့် မေးလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ လုံခြုံရေးအတွက် စိတ်ချရအောင်လို့ပါ။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက ပြုံးကာ ပြန်ဖြေလာခဲ့သည်။

“ဟွမ့်”

လော့စ်က နှာခေါင်းရှုံ့လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်၏။ ဆီးနှင်းသစ်ရွက်မှော်ဆရာက ပြုံးကာ ဆက်ပြောလိုက်သည်။

“ကျောက်တိုင်ကို လက်နဲ့ ထိလိုက်ရုံပဲ။”

လော့စ်သည် ရှေ့သို့ လှမ်းသွားပြီး လက်ကို ဆန့်ထုတ်လိုက်၏။ ဆီးနှင်းသစ်ရွက်မှော်ဆရာက ဆက်ပြောလိုက်သည်။

“သခင်လော့စ် ကျုပခတို့က တကယ့်ကို ရိုးရိုးသားသားနဲ့ ကမ်းလှမ်းတာပါ။ ကျုပ် သိသလောက်ဆိုရင် တခြား အင်အားစုတွေရဲ့ ကမ်းလှမ်းချက်တွေက အုတ်မြစ်ကျောက် ဘီလီယံ ၃၀ ကျော်တွေချည်းပဲ။ ကျုပ်က ၂၅ ဘီလီယံပဲ တောင်းခဲ့တာ။ ဒါက တကယ့်ကို ဈေးကောင်းပဲ။”

လော့စ်သည် သူ၏ စကားများကို လုံးဝနားထောင်မနေဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသာ အာရုံစိုက် ကြည့်နေခဲ့သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဘာတုံ့ပြန်မှုမှ မရှိဘူး။”

လော့စ်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

‌ဆီးနှင်းသစ်ရွက်မှော်ဆရာ ကျွန်းပေါ်တွင် ရှိနေ၍ သိမ်းပိုက်၍ မရတာဆိုလျှင်တောင် သိမ်းပိုက်၍မရကြောင်း စာသားမျိုး ပေါ်လာသင့်သည်။ သို့သော် အခုမူ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။

“စကားပြောတာ ရပ်လိုက်တော့။ ငါ ဒီကျောက်တိုင်ကို သိမ်းပိုက်လို့ မရဘူး။”

လော့စ်သည် အနားတွင် တဝီဝီလုပ်နေသော ဆီးနှင်းသစ်ရွက်မှော်ဆရာကို ကြားဖြတ်ကာ ပြောလိုက်၏။

ဆီးနှင်းသစ်ရွက်မှော်ဆရာ၏ မျက်နှာမှာ ချက်ချင်းပင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

အခန်း (၇၁၂) - လူပုများ၏ ဆုံးဖြတ်ချက်နှင့် ဘုရင်ကြီး၏ အလည်အပတ်ခရီး

“ခင်ဗျား ဘာကို ဆိုလိုတာလဲ။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက လော့စ်ကို နားမလည်နိုင်စွာ မေးလိုက်သည်။

လော့စ်က သူ့ကို တစ်ချက်ကြည့်ပြီး ပြန်ပြောလိုက်၏။

“ငါ ပြောတဲ့အတိုင်းပဲလေ။ အကြောင်းပြချက် တစ်ခုခုကြောင့် ငါ ဒီကျောက်တိုင်ကို သိမ်းပိုက်လို့ မရဘူး။ မင်း တစ်ခုခု လုပ်ထားတာမဟုတ်ရင် ဒီကျောက်တိုင်က ပျက်နေတာပဲ ဖြစ်ရမယ်။”

“မဖြစ်နိုင်တာ။”

ဆီးနှင်းသစ်ရွက်မှော်ဆရာသည် ချက်ချင်းပင် ရှေ့တိုးလာပြီး ကျောက်တိုင်ကို အချိန်ခဏကြာအောင် စစ်ဆေးကိုင်တွယ်ပြီးနောက် ပြောလိုက်သည်။

“ကြည့်ကြည့် ကျုပ် အကောင်းအတိုင်း သုံးလို့ရနေတာပဲ။ ဒါက ပျက်နေတာ မဟုတ်ဘူး။”

လော့စ်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။

“ဒါပေမဲ့ ငါ ထိလိုက်တဲ့အချိန်မှာ ဘာတုံ့ပြန်မှုမှ မရှိတာကို မင်းလည်း မြင်သားပဲ။ ငါက ဒီကျောက်တိုင်ကို ထိန်းချုပ်လို့ရနေတာမှ မဟုတ်တာ။”

ဆီးနှင်းသစ်ရွက်မှော်ဆရာ မျက်မှောင်ကျုံ့သွားခဲ့သည်။ အမှန်စင်စစ် ဤကိစ္စသည် အုတ်မြစ်ကျောက် ၂၅ ဘီလီယံတန်သော အရောင်းအဝယ်ဖြစ်သဖြင့် သူ အဆုံးရှုံးမခံလိုပေ။

ဆီးနှင်းသစ်ရွက်မှော်ဆရာ၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ လော့စ်က အကြံတစ်ခုရသွားပြီး ပြောလိုက်၏။

“ငါ့အထင် တခြားတစ်ခုမှာ ထပ်စမ်းကြည့်သင့်တယ်။”

ဆီးနှင်းသစ်ရွက်မှော်ဆရာသည် ဝေခွဲမရဖြစ်နေသော်လည်း လော့စ်နှင့်အတူ နောက်ထပ်ကျွန်းတစ်ခုသို့ ရောက်သွားခဲ့သည်။ သို့သော် ရလဒ်မှာ ထင်ရှား၏။ မည်သည့်တုံ့ပြန်မှုမှ မရှိသေးပေ။

လော့စ်၏ တောင်းဆိုချက်အရ သူတို့သည် နောက်ထပ် နှစ်ခုကို ထပ်မံစမ်းသပ်ခဲ့သော်လည်း ထူးခြားမလာခဲ့ပေ။

“ကဲ... ထားလိုက်ပါတော့။ တခြားနည်းလမ်းတွေပဲ စဉ်းစားရတော့မယ်။”

လော့စ်က သက်ပြင်းချရင်း ပြောလိုက်၏။

“ဒါဆိုရင် ငါ့ရဲ့ စရန်ငွေကို ပြန်ပေးတော့။”

“ဟမ့်...ငါ မင်းကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ အများကြီး လိုက်ပြခဲ့ရတာ အချိန်ကုန် လူပင်ပန်းတယ်။ အပြည့်ပြန်ပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ တစ်ဝက်ပဲ ပြန်ပေးမယ်။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက အေးစက်စက် ပြောလိုက်သည်။

“မင်း...”

လော့စ်သည် ‌ဆီးနှင်းသစ်ရွက်မှော်ဆရာကို လက်ညှိုးထိုးရင်း အော်ဟစ်လိုက်၏။

“ငါက ဘာဖြစ်လဲ။ ငါပြောတာ မှားလို့လား။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက ဆိုသည်။

“မင်း မပြန်ချင်ရင်လည်း ဒီမှာပဲ နေခဲ့လို့ရတယ်။”

“ဆီးနှင်းသစ်ရွက်မြို့တော်က ဒီလိုကိုး။ မင်းကို ငါ မှတ်ထားမယ်။”

လော့စ်က ထိုသို့ပြောကာ တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ လှည့်ထွက်သွားပြီး လူပုဘုရင့်နိုင်ငံတော်သို့ ပြန်သွားခဲ့သည်။

“အရှင်မင်းကြီး... ရှောင်းယီ ပြောခဲ့တာ လိမ်ညာတာ မဟုတ်ကြောင်း ကျွန်တော်မျိုး အတည်ပြုခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဆီးနှင်းသစ်ရွက်မြို့တော်က အုတ်မြစ်ကျောက်တစ်သောင်းကို ဖြတ်သိမ်းလိုက်ပြီး ပြန်မပေးခဲ့ပါဘူး။”

လော့စ်က သတင်းပို့လိုက်၏။

“အတင့်ရဲလှချည်လား။ ငါတို့ လူပုဘုရင့်နိုင်ငံတော်က သူတို့ကို မတိုက်ခိုက်ရဲဘူးလို့ တကယ်ထင်နေတာလား။”

ဘုရင်ကြီးက ဒေါသတကြီး ပြောလိုက်သည်။

“အရှင်မင်းကြီး စိတ်လျှော့ပါ။ အချိန်တွေက ပြောင်းလဲသွားပါပြီ။ သူတို့ရဲ့ အခြေစိုက်စခန်းတွေက အုတ်မြစ်ကျောက်ကျွန်းတွေပေါ်ကို ရောက်ကုန်ပြီဆိုတော့ သူတို့က ဘာမှ ဂရုမစိုက်တော့တာပါဘူး။ ကျွန်တော်မျိုးတို့ ပင်လယ်ကို ဖြတ်ပြီး သူတို့ကို သွားမတိုက်နိုင်တာကို သူတို့ သိနေကြတယ်။”

လော့စ်က အကြံပေးလိုက်သည်။

“ဟူး... ရှောင်းယီနဲ့ ဆက်ဆံရတာကမှ ပိုပြီး စိတ်ချမ်းသာဖို့ ကောင်းသေးတယ်။”

ဘုရင်ကြီးက သက်ပြင်းချရင်း ပြောလိုက်၏။

“ဒါဆိုရင် နောက်ထပ် ဘာဆက်လုပ်ကြမလဲ။ လူတိုင်းကို ခေါ်ပြီး ဆွေးနွေးရမလား။”

လော့စ်က မေးလိုက်သည်။ ဘုရင်ကြီးက ခေါင်းခါလိုက်၏။

“မလိုတော့ဘူး။ ငါ သေသေချာချာ စဉ်းစားပြီးပြီ။ ကုန်းပေါ်မှာပဲ နေလာတဲ့ ငါတို့အတွက် သင်္ဘောကြီးတွေ တည်ဆောက်တာက မသင့်တော်ဘူး။ ပြီးတော့ ဟိုကုန်းမြေပေါ်က လူတွေရဲ့ မျက်နှာကိုလည်း ငါ တော်တော်လေး မမြင်ချင်တော့ဘူး။ အဲ့ဒါကြောင့် ငါတို့မှာ နည်းလမ်းတစ်ခုပဲ ကျန်တော့တယ်။”

“ရှောင်းယီနဲ့ ပူးပေါင်းဖို့လား။”

လော့စ်က ဘုရင်ကြီး၏စကားကို ဆက်လိုက်သည်။ ဘုရင်ကြီးက ခေါင်းငြိမ့်ပြလိုက်၏။ လော့စ်ကလည်း ခေါင်းငြိမ့်ရင်း ဆက်မေးလိုက်သည်။

“ဒါဆို အခုပဲ ရှောင်းယီဆီ သွားပြီး စကားပြောကြမလား။”

“သွားကြစို့ ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်။ ရှောင်းယီရဲ့ ကျွန်းကိုလည်း တစ်ခါတည်း ကြည့်ချင်တယ်။”

ဘုရင်ကြီးက ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် အုတ်မြစ်ကျောက် ၁၀ ဘီလီယံ ဆုံးရှုံးသွားမှုအတွက် နောင်တရနေတုန်းမှာပင် သူ၏ဖုန်းမှ အသံမြည်လာခဲ့သည်။

“ကျွန်းပိုင်ရှင် လူပုဘုရင့်နိုင်ငံတော်က လော့စ် ရောက်နေပါတယ်။”

ကျန်းယွင်ထျန်း ဖုန်းဖြေပြီးနောက် ပြောပြလိုက်၏။

“သူနဲ့အတူ ထူးခြားတဲ့ ပုံစံရှိတဲ့ လူတစ်ယောက်လည်း ပါလာတယ်။”

ရှောင်းယီသည် အနည်းငယ် ကြောင်အသွားပြီးနောက် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ငါ အခုချက်ချင်း လာခဲ့မယ်။”

ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ အလျင်အမြန်သွားလိုက်ရာ သားမွှေးဝတ်စုံ အထူကြီးများ ဝတ်ဆင်ထားသော လော့စ်နှင့် လူပုဘုရင်ကြီးကို တွေ့လိုက်ရလေသည်။

“အရှင်မင်းကြီး ကိုယ်တိုင် ကြွလာလိမ့်မယ်လို့ မထင်ထားမိဘူး။ ကြိုဆိုဖို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။”

ရှောင်းယီက အလျင်အမြန် နှုတ်ဆက်လိုက်၏။

“အားနာစရာ မလိုပါဘူး။ အပြင်မှာ အရမ်းအေးနေတာဆိုတော့ အရင်ဆုံး ဘားကို သွားကြရအောင်။”

လော့စ်က ပြောလိုက်သည်။ ရှောင်းယီလည်း ခေါင်းငြိမ့်ပြလိုက်၏။

ထိုစဉ် အဝေးမှ ကားတစ်စင်း မောင်းနှင်လာခဲ့သည်။ ကားကိုယ်ထည်ပေါ်တွင် “အပန်းဖြေဟိုတယ်” ဟူသော စာတန်းတစ်ခုပါရှိသည်။

အန်းယွဲ့သည် ဟိုတယ်နှင့် ရင်းနှီးအောင် လေ့လာနေရင်း ကားဂိုဒေါင်ထဲတွင် ကားအချို့ ရပ်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လော့စ် ပြန်ရောက်လာကြောင်း သိလိုက်ရသောအခါ ရှောင်းယီက အန်းယွဲ့ကို ချက်ချင်း ဖုန်းဆက်ပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်သို့ ကားလွှတ်ကာ ကြိုခိုင်းလိုက်ခြင်း ဖြစ်၏။ ဤသည်မှာ လူပုဘုရင့့်နိုင်ငံတော်အား မိမိ၏အင်အားကို ပြသရာလည်း ရောက်ပေသည်။

အရှိန်ဖြင့် မောင်းနှင်လာသော သတ္တုသေတ္တာကြီး (ကား) ကို မြင်သောအခါ လူပုဘုရင်၏မျက်လုံးများမှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

ကားရပ်သွားသည်နှင့် လေ့ကျင့်ထားသော ဝန်ထမ်းတစ်ဦးသည် ချက်ချင်းဆင်းလာပြီး ရှောင်းယီတို့အတွက် တံခါးဖွင့်ပေးလိုက်၏။ တကယ့်ကို ပရော်ဖက်ရှင်နယ် ဆန်လှသည်။

ကားထဲ ရောက်သောအခါ ကားအတွင်းခန်းမှာ အလွန်ကျယ်ဝန်းပြီး လက်ဖက်ရည်သောက်နိုင်သည့် စားပွဲငယ်လေးပင် ပါဝင်သည်ကို ရှောင်းယီ တွေ့လိုက်ရ၏။

‘အဆင့်မြင့် ဟိုတယ်တွေရဲ့ ကြိုဆိုရေး ဝန်ဆောင်မှုက တကယ်ကို ဇိမ်ကျတာပဲ။’

ရှောင်းယီ စိတ်ထဲမှ တွေးလိုက်မိသည်။

ရှောင်းယီသည် သူ၏အနွေးထည်ကို ချွတ်လိုက်ပြီး စူးစမ်းနေသော ဘုရင်ကြီးနှင့် လော့စ်ကို ကြည့်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီး ဒီထဲမှာ အပူချိန်က မနိမ့်ဘူးဆိုတော့ ဝတ်ရုံကို ချွတ်ထားလို့ ရပါတယ်။”

လော့စ်က ဘုရင်ကြီး၏ သားမွှေးဝတ်ရုံကို ချွတ်ပေးလိုက်၏။

ရှောင်းယီသည် သူတို့အတွက် လက်ဖက်ရည် ငှဲ့ပေးရင်း ပြောလိုက်သည်။

“နွေးသွားအောင် လက်ဖက်ရည်ပူပူလေး သောက်လိုက်ပါဦး။”

ဘုရင်ကြီးက လက်ဖက်ရည်ခွက်ကို ကိုင်ရင်း မေးလိုက်၏။

“ဒါက ဘယ်လိုလုပ်ထားတာလဲ။”

ရှောင်းယီက ပုခုံးတွန့်ပြရင်း ပြန်ဖြေလိုက်သည်။

“ဒါကို ကားလို့ ခေါ်ပါတယ်။ ဒီထဲမှာ စက်မှုဆိုင်ရာ ဗဟုသုတတွေ အများကြီး ပါဝင်တယ်။ ကျွန်တော်မျိုးလည်း ရှင်းအောင် မပြောပြတတ်ဘူး။ ဒါတွေအားလုံးက ကျွန်းအထိမ်းအမှတ်ကျောက်တိုက်ကနေ ထုတ်လုပ်ထားတာလေ။ ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိုး အနေနဲ့တော့ အကြမ်းဖျင်း မိတ်ဆက်ပေးနိုင်ပါတယ်။”

ဘုရင်ကြီးနှင့် လော့စ်တို့က ခေါင်းငြိမ့်လိုက်ကြသဖြင့် ရှောင်းယီသည် ကားနှင့် ပတ်သက်သည့် အခြေခံ ဗဟုသုတများကို ရှင်းပြလိုက်၏။ သူတို့သည် နားထောင်ရင်း အံ့သြနေကြပြီး ကြားထဲတွင် မေးခွန်းများစွာ မေးခဲ့ကြသည်။ ရှောင်းယီသည် ယေဘုယျ သဘောတရားများကိုသာ ဖြေကြားနိုင်ခဲ့၏။

“ဒီဟာရဲ့ တကယ့် အလုပ်လုပ်ပုံ အသေးစိတ်ကိုတော့ နောက်မှ ကျွမ်းကျင်သူတွေနဲ့ ရှင်းပြခိုင်းလိုက်ပါ့မယ်။ ကဲ...ကျုပ်တို့ရောက်ပြီ။ အပြင်ထွက်ဖို့ အနွေးထည်တွေ ပြန်ဝတ်ကြရအောင်။”

လူပုဘုရင်နှင့် လော့စ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် အနွေးထည် ပြန်ဝတ်ကာ ရှောင်းယီနောက်မှလိုက်၍ ကားပေါ်က ဆင်းလိုက်ကြသည်။

ကားတံခါး ဖွင့်လိုက်သည်နှင့် အေးစက်သော လေထုက ရိုက်ခတ်လာသဖြင့် ဘုရင်ကြီးသည် သူ၏ ဝတ်ရုံကို ပိုမိုလုံခြုံအောင် ဆွဲပတ်လိုက်ရ၏။

“ဒီနှစ် ဆောင်းရာသီက တော်တော်လေး အေးတာပဲ။”

ဘုရင်ကြီးက တီးတိုးလေး ရေရွတ်လိုက်သည်။

ရှောင်းယီက အန်းယွဲ့၏ နားနားသို့ ကပ်၍ စကားအချို့ ပြောလိုက်ရာ အန်းယွဲ့က ခေါင်းငြိမ့်ပြီး ထွက်သွားခဲ့၏။

လူတိုင်း ဘားထဲသို့ ရောက်သွားသောအခါ အေးစက်သော လေများကို အပြင်တွင် ထားရစ်ခဲ့ကြသည်။

“ဒီထဲမှာ ဘယ်လိုဖြစ်လို့ ဒီလောက် နွေးနေရတာလဲ။ ဘယ်လို မီးဖိုမျိုး သုံးထားတာလဲ။”

ဘုရင်ကြီးက မမေးဘဲ မနေနိုင် ဖြစ်သွားခဲ့၏။

“ကျွန်တော်မျိုးတို့ ဒီမှာ မီးဖို မသုံးပါဘူး။ အဲကွန်းလို့ခေါ်တဲ့ ကိရိယာကို သုံးပြီး အခန်းအပူချိန်ကို ထိန်းညှိထားတာပါ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

စကားပြောရင်း သူတို့ကို ဓာတ်လှေကားထဲသို့ ခေါ်ဆောင်သွားပြီး အပေါ်ဆုံးထပ်ရှိ သီးသန့်အခန်းသို့ ရောက်ရှိလာခဲ့သည်။ ဒူခန်းက ဝိုင်နှင့် သစ်သီးများကို လာချပေး၏။

ရှောင်းယီသည် သူ၏ အနွေးထည်ကိုချွတ်၍ ဘေးရှိ ချိတ်တွင် ချိတ်လိုက်ရာ ဘုရင်ကြီးနှင့် လော့စ်တို့လည်း လိုက်လုပ်လိုက်ကြသည်။

ထိုင်လိုက်သောအခါမှ လော့စ်က စကားစလိုက်၏။

“ရှောင်းယီ မင်းရဲ့ ဘားက အရင်နဲ့ မတူတော့သလိုပဲ။”

“အဆင့်မြှင့်ထားလို့ပါ။ ဘားတင် မဟုတ်ဘူး။ တခြား ကိရိယာတွေ အားလုံးကိုပါ အဆင့်မြှင့်ထားတယ်။ အချိန်ရရင် လာပြီး အနားယူလို့ ရပါတယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“အင်း... အရင်ကထက် ပိုပြီး အဆင့်မြင့်သွားတာတော့ သိသာတယ်။”

လော့စ်က ဆို၏။ ရှောင်းယီက ခေါင်းငြိမ့်ရင်း စတင် မေးမြန်းလိုက်သည်။

“အရှင်မင်းကြီး ဒီနေ့ ဒီကို ကြွလာရတဲ့ အကြောင်းရင်းလေး သိပါရစေ။”

All Chapters