← Chapters

အခန်း (၇၁၅-၇၁၆)

Vol. 55 Ch. 715-716

အခန်း (၇၁၅-၇၁၆)

Vol. 55 Ch. 715-716

အခန်း (၇၁၅) - အလတ်စား တည်နေရာကူးပြောင်းခြင်းအစီအရင်ပင်လျှင် နှစ်ဆတိုးသွားခြင်း

လူပုဘုရင်သည် သွမ့်ပေယန်နှင့် သူ၏အဖော်ကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ကောင်းပြီ၊ ငါတို့နိုင်ငံတော်ကို လာပြီး တိုင်းတာပေးဖို့အတွက် မင်းတို့ကို ကြိုဆိုပါတယ်။”

ထိုအခါ သွမ့်ပေယန်က လက်အုပ်ချီကာ နှုတ်ဆက်ရင်း ပြောလိုက်၏။

“အကယ်၍ ဝင်ခွင့်မပြုတဲ့ နေရာတွေရှိရင် အဲဒီနေရာရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံကို ပုံဆွဲပြီး ကျွန်တော်မျိုးတို့ဆီ လွှဲပေးလို့ ရပါတယ်။”

“အင်း... မင်းတို့ကို ကူညီဖို့ လူတွေ စီစဉ်ပေးလိုက်မယ်။”

ဘုရင်ကြီးက ပြန်ဖြေလိုက်သည်။

“အရှင်မင်းကြီးမှာ ကန့်ကွက်စရာ မရှိဘူးဆိုရင်တော့ မနက်ဖြန်ကစပြီး ကျွန်တော်မျိုးရဲ့လူတွေ မင်းကြီးတို့ မြို့တော်ကို သွားရောက် စစ်တမ်းကောက်ပါလိမ့်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ။ မနက်ဖြန်ကျရင် သူတို့ကို ငါကိုယ်တိုင် ပြန်ခေါ်သွားပေးမယ်။”

ဘုရင်ကြီးက ဆိုသည်။

ထို့နောက် ရှောင်းယီနှင့် အခြားသူများ အတူတူထိုင်၍ စကားစမြည် ပြောဆိုနေစဉ် အပြင်မှ အဖွဲ့တစ်ဖွဲ့ လမ်းလျှောက်ဝင်ရောက်လာ၏။

“ဒီဘားက ဘာလို့ အရင်နဲ့ မတူတော့တာလဲ။”

အသစ်ရောက်လာသူတစ်ဦးက အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။

ထိုအသံကို ကြားသည်နှင့် လူပုဘုရင်က ချက်ချင်းပင် လှမ်းဟောက်လိုက်၏။

“အသံကို လျှော့စမ်း။ ဒါက အများပြည်သူနဲ့ဆိုင်တဲ့ နေရာပဲ။ အဲဒီလို အော်ဟစ်နေတာက တခြားသူတွေရဲ့ ဝိုင်သောက်ချိန်ကို အနှောင့်အယှက် ဖြစ်စေတယ်ကွ။”

ထိုအဖွဲ့သည် လူပုဘုရင်ကို မြင်သောအခါ အနားသို့ အမြန်ပြေးလာပြီး ရိုသေစွာ မေးလိုက်ကြ၏။

“အရှင်မင်းကြီး။ မင်းကြီးက ဘာလို့ ဒီကို ရောက်နေတာလဲ။”

“မင်းတို့ လာနိုင်ရင် ငါကော ဘာလို့ မလာနိုင်ရမှာလဲ။”

ဘုရင်ကြီးက ပြန်ပက်လိုက်သည်။

“တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်လို့ ပြီးပြီလား။”

“ပြီးပါပြီ အရှင်မင်းကြီး။”

ယခု ရောက်လာသော အဖွဲ့မှာ တည်‌ေိရာကူးပြောင်းခြင်းအစီအရင်ကို တည်ဆောက်ခဲ့သည့် လူပုအင်ဂျင်နီယာများ ဖြစ်ကြ၏။

“မြန်လှချည်လား။”

ရှောင်းယီက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“မဆိုးပါဘူး။ ရှီခုန်းက သင်ယူတာ အရမ်းမြန်တယ်။ သူ့ရဲ့ အကူအညီကြောင့် အချိန်မီ ပြီးသွားတာပါ။”

အင်ဂျင်နီယာက ပြန်ပြောလာခဲ့သည်။

“လမ်းညွှန်ပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။”

ရှောင်ယီက ကျေးဇူးတင်စွာဖြင့် လက်ယှက်ကာ နှုတ်ဆက်လိုက်၏။ ထိုအင်ဂျင်နီယာသည်မူ လက်ကာပြရုံသာ လုပ်ပြလိုက်သည်။

ရှောင်းယီက ဆက်ပြောသည်။

“ပြီးသွားပြီဆိုတော့ ဒီမှာ ရက်အနည်းငယ်လောက် အနားယူကြပါဦး။ ခင်ဗျားတို့ ပင်ပန်းသွားကြပြီ။”

အင်ဂျင်နီယာက ခေါင်းငြိမ့်ပြပြီး ဘားကို လက်ညှိုးထိုးပြကာ မေးလိုက်၏။

“ဒီမှာ ဘာဖြစ်သွားတာလဲ။ လုံးဝကို ကွဲပြားခြားနားသွားသလိုပဲ။”

“တစ်ကြိမ် အဆင့်မြှင့်လိုက်လို့ နည်းနည်း ကြီးသွားတာပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုစဉ် လူပုဘုရင်က ဝင်ပြောလိုက်၏။

“အနားယူတာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ကျွန်းပိုင်ရှင်ရှောင်းက ငါတို့ကျွန်းကို တိုးချဲ့ပြီးတာနဲ့ မင်းတို့ ချက်ချင်းသွားပြီး တည်နေရာကူးပြောင်းခြင်းအစီအရင် ဆောက်ပေးရဦးမယ်နော်။”

“ပြဿနာ မရှိပါဘူး။”

အင်ဂျင်နီယာက သဘောတူလိုက်သည်။

“ဒူခန်း... သူတို့အတွက် ဝိုင်ကောင်းကောင်း နှစ်ပုံးလောက် ယူလာပေးလိုက်ပါဦး။”

ရှောင်းယီက ကောင်တာဘက်သို့ လှမ်းအော်ပြောလိုက်ပြီးနောက် ဘုရင်ကြီးကို ပြောလိုက်သည်။

“ကျွန်တော်မျိုး ရှီခုန်းနဲ့အတူ အဲဒီ အလတ်စား တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သွားကြည့်လိုက်ပါဦးမယ်။”

“သွားပါ၊ သွားပါ။”

လူပုအင်ဂျင်နီယာက ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် ရှီခုန်းနောက်သို့ လိုက်သွားပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ရောက်ရှိလာခဲ့သည်။

“ဘယ်လိုလဲ။”

ရှောင်းယီက မေးလိုက်၏။ ရှီခုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလာခဲ့သည်။

“ကျွန်းပိုင်ရှင် အခု ကျုပ် အသေးစား တည်နေရာကူးပြောင်းခြင်းအစီအရင်တွေကို တည်ဆောက်နိုင်ပြီ။ ဒါပေမဲ့ ဗဟိုချက်ကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးဘူး။ သူတို့က ဗဟိုချက်ကို အဆင်သင့် ယူလာပေးတာ။”

“မလောပါနဲ့။ ဘာပဲဖြစ်ဖြစ် သူတို့က အခု ငါတို့နဲ့ တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတာပဲ။ ဘယ်မှ ထွက်ပြေးလို့ မရပါဘူး။”

ရှောင်းယီက ပြုံးလျက် ဆိုလိုက်သည်။ ရှီခုန်းသည် ရှောင်းယီ ဆိုလိုသည်ကို နားမလည်ဘဲ ကြောင်ကြည့်နေ၏။ ရှောင်းယီသည် ကျွန်းရောင်းချသည့် ကိစ္စကို တိုးတိုးတိတ်တိတ် ရှင်းပြလိုက်ရာ ရှီခုန်း၏မျက်လုံးများ ဝင်းလက်သွားခဲ့သည်။

“အရမ်းကောင်းတယ်... နောက်တစ်ခါကျရင် သူတို့နိုင်ငံတော်ကို သွားပြီး ပညာတော်သင် လုပ်လို့ရပြီ။”

“အင်း။”

စကားပြောရင်း သူတို့နှစ်ဦးသည် အစီအရင်သို့ ရောက်ရှိသွားပြီး ရေသူမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေဆီသို့ တည်နေရာကူးပြောင်းလိုက်ကြသည်။

ရှေ့ရှိ အလတ်စား တည်‌နေရာကူးပြောင်းခြင်းအစီအရင်ကို မြင်သောအခါ ရှောင်းယီက တွေးလိုက်မိ၏။

“အခု ချင်းလုံကို တည်နေရာကူးပြောင်းပေးလို့ ရပြီ။”

ထိုအတွေး ဝင်လာသည်နှင့် စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။

“ရရှိသောအဆောက်အဦး- အလတ်စား တည်နေရာကူးပြောင်းခြင်းအစီအရင် ၁။”

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အဆောက်အဦး- အလတ်စား တည်နေရာကူးပြောင်းခြင်းအစီအရင် ၂။”

“ဤနေရာတွင် အလတ်စား တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု ရှိနှင့်ပြီးဖြစ်သောကြောင့် နှစ်ဆတိုးခြင်းမှ ရရှိလာသော အပိုတစ်ခုကို စနစ်၏ အာကာသထဲတွင် ထည့်သွင်းထားပါသည်။ ချထားရန် သင့်တော်သော နေရာကို ရွေးချယ်ပါ။”

“ဒါ... ဒါမျိုးလည်း ရတာလား။”

ရှောင်းယီ မှင်တက်သွား၏။ ရှောင်းယီ ရပ်လိုက်သည်ကို မြင်သောအခါ ရှီခုန်းက အလျင်အမြန် ရှေ့တိုးလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“ကျွန်းပိုင်ရှင် ဘာဖြစ်လို့လဲ။ အစီအရင်မှာ ပြဿနာ တစ်ခုခု ရှိလို့လား။”

ရှောင်းယီက လက်ကို အမြန်ဝေ့ယမ်းကာ ပြန်ဖြေလိုက်၏။

“ဘာမှမဟုတ်ပါဘူး၊ အဆင်ပြေပါတယ်... တခြားအကြောင်း စဉ်းစားနေလို့ စိတ်လွင့်သွားတာ။”

“ဪ... ကျွန်တော်က တစ်ခုခု မှားသွားပြီ ထင်လို့။”

ရှီခုန်းက ပြောလိုက်သည်။

ထိုစဉ် လင်းနီကျိသည်လည်း သူတို့နားသို့ လျှောက်လာပြီး နှုတ်ဆက်လိုက်၏။

“ကျွန်းပိုင်ရှင်ရှောင်း ကျုပ်တို့ရဲ့ ဘိုးဘေးနယ်မြေမှာ အလတ်စား တည်နေရာကူးပြောင်းခြင်းအစီအရင် ဆောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

“အားနာနေစရာ မလိုပါဘူး။ ဒါက ကျုပ်တို့အတွက်လည်း အဆင်ပြေပါတယ်။ ရှေ့တန်းက အစီအရင်က နည်းနည်း အန္တရာယ် များတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါ့အပြင် ကျုပ် ခေါ်လာချင်တဲ့ သတ္တဝါကြီးတစ်ကောင်လည်း ရှိတယ်လေ။ အဲဒါကြောင့် အလတ်စား အစီအရင်ကို မဖြစ်မနေ လိုအပ်တာပါ။”

“ဟင်”

လင်းနီကျိက စူးစမ်းစွာ ကြည့်လိုက်၏။

“ကျွန်းပိုင်ရှင်ရှောင်းက ဘာကို ခေါ်လာဖို့ စီစဉ်ထားလို့လဲ။”

“စိမ်းပြာနဂါးပါ။ နဂါးတွေက အင်အားကြီးမားတဲ့ သတ္တဝါတွေ ဖြစ်သလို ကျုပ်တို့ ရှားမင်းနိုင်ငံရဲ့ အထွတ်အမြတ်တိုတမ်လည်း ဖြစ်ပါတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“မင်းတို့ရဲ့ တိုတမ်ဆိုရင် ဘာလို့ ဒီကို ပို့မှာလဲ။”

လင်းနီကျိက နားမလည်နိုင်သေးပေ။

“ဘာလို့လဲဆိုတော့ ပေါ်လာတဲ့ နန်းတော်က ချင်းလုံနဲ့ ဆက်စပ်မှု ရှိနိုင်လို့ပါ။”

ရှောင်ယီက ဆို၏။

“ဘာ...။”

လင်းနီကျိ သူ့ကို ထိတိလန့်တကြား ကြည့်လိုက်သည်။

ရေသူမျိုးနွယ်စု၏ နယ်မြေမှာ ရှောင်းယီ၏ ကျွန်းနှင့် အလွန်ဝေးကွာလှ၏။ ဤနေရာမှ အရာတစ်ခုက ရှောင်းယီကျွန်းပေါ်က သတ္တဝါတစ်ကောင်နှင့် မည်သို့ပတ်သက်နိုင်မည်နည်း။

“သိပ်ပြီး အံ့သြမနေပါနဲ့။ ဒါက ကျုပ်ရဲ့ ခန့်မှန်းချက်ပဲ ရှိပါသေးတယ်။ သူရောက်လာရင် သိရမှာပါ။”

ရှောင်းယီက ဆက်ပြောသည်။

“ပြီးတော့ ချင်းလုံရဲ့ အစွမ်းနဲ့ဆိုရင် ဟိုပုစွန်စစ်သည်တွေ၊ ဂဏန်းဗိုလ်ချုပ်တွေက ဘာမှ ခြိမ်းခြောက်မှု မဖြစ်စေပါဘူး။”

လင်းနီကျိက ခေါင်းငြိမ့်ပြလိုက်သော်လည်း ယုံရခက်နေဆဲပင်။ ရှောင်းယီ ပို့ပေးထားသော အိမ်မွေးတိရစ္ဆာန်များမှာ SS အဆင့် ရှိပြီး အစွမ်းထက်သော လက်နက်ကိရိယာများ ဝတ်ဆင်ထားသော်လည်း ထိုပုစွန်စစ်သည်များကို အနိုင်တိုက်ရန် အတော်လေး အားစိုက်ခဲ့ရသည် မဟုတ်ပါလား။

ချင်းလုံက တကယ်ပဲ အဲဒီလောက် အစွမ်းထက်လို့လား။

လင်နီကျိ တွေးနေမိ၏။ ရှောင်းယီက သူ၏ အတွေးကို ရိပ်မိပြီး ပြောလိုက်သည်။

“ခင်ဗျားရဲ့ လူတွေကို ပြောထားလိုက်ဦး။ ခဏနေရင် သူတို့ ကြောက်မသွားအောင်လို့။”

“ကောင်းပါပြီ။”

ရှောင်းယီသည် အစီအရင်မှတစ်ဆင့် မိမိကျွန်းသို့ ပြန်သွားပြီး ကမ်းခြေသို့ သွားကာ ချင်းလုံကို ခေါ်ယူ၍ အလတ်စား တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။

ချင်းလုံသည် သူ၏ ခန္ဓာကိုယ်ကို ခွေလိပ်လိုက်၏။ နောက်ဆုံးတွင် သူ တည်နေရာကူးပြောင်းနိုင်လေပြီ။

ရှောင်းယီသည် ချင်းလုံနှင့်အတူ ရေသူဘိုးဘေးနယ်မြေသို့ ကူးပြောင်းလိုက်သည်။

ချင်းလုံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စူးစမ်းကြည့်ရှုနေသော ရေသူမျိုးနွယ်စုဝင်များမှာ တုန်လှုပ်ချောက်ချား ကုန်ကြ၏။

နဂါး၏ဘုန်းတန်ခိုးကြောင့် လူတိုင်း မြေကြီးပေါ်တွင် ဝပ်တွားသွားကြရပြီး လင်းနီကျိပင်လျှင် မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေလေသည်။

ထိုအရာကို မြင်သောအခါ ရှောင်းယီက မတတ်သာဘဲ ပြောလိုက်ရ၏။

“ချင်းလုံ... မင်းရဲ့အရှိန်အဝါကို လျှော့လိုက်ပါဦး။ ငါတို့ သူငယ်ချင်းတွေကို မခြောက်ပါနဲ့။”

ချင်းလုံက နှာမှုတ်လိုက်ပြီး သူ၏နဂါးအရှိန်အဝါကို ပြန်လည် ထိန်းချုပ်လိုက်သည်။

ထိုအခါမှ ရေသူမျိုးနွယ်စုဝင်များ စိတ်သက်သာရာရသွားပြီး အသက်ဝဝ ရှူနိုင်ကြတော့သည်။

“ကျွန်းပိုင်ရှင်ရှောင်း ဒါက မင်းတို့ ရှားနိုင်ငံရဲ့ တိုတမ်ဖြစ်တဲ့ စိမ်းပြာနဂါးလား။”

လင်းနီကျိက ဧရာမ သတ္တဝါကြီးကို ကြည့်ကာ တုန်ရင်နေသော အသံဖြင့် မေးလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်၏။

“ဟုတ်တယ်။ ရေထဲမှာဆိုရင် သူက အဆင့်တူတွေထဲမှာ ပြိုင်ဘက်ကင်းပဲ။”

လင်းနီကျိ လုံးဝ သဘောတူပါသည်။ စောစောက နဂါးအရှိန်အဝါကြောင့်ပင် သူ၏ တိုက်ခိုက်ရေးစွမ်းရည် ၇၀ ရာခိုင်နှုန်းခန့် ပျောက်ဆုံးသွားခဲ့ရသည်။ အမှန်တကယ်တိုက်မည်ဆိုလျှင် ယှဉ်နိုင်စရာ အကြောင်းမရှိပေ။

အခန်း (၇၁၆) - စိမ်းပြာနဂါး၊ ရေထဲတွင် အဆင့်တူများကြား ပြိုင်ဘက်ကင်းခြင်း

“ကောင်းပြီ သူ့ကို ရှေ့တန်းကို ခေါ်သွားပြီး အခြေအနေ ကြည့်ရအောင်။”

ရှောင်းယီက ပြောလိုက်၏။

လင်းနီကျိက ခေါင်းငြိမ့်ပြပြီး ရှောင်းယီစီးရန် ရွက်တိုင်ငါးတစ်ကောင် စီစဉ်ပေးရန် ပြင်လိုက်သည်။ ထထုအခါ ရှောင်းယီက လက်ကာပြရင်း ပြောလိုက်၏။

“ဒီနေ့တော့ မလိုတော့ပါဘူး။ ချင်လုံပေါ်ကနေပဲ လိုက်ခဲ့ပါမယ်။”

“အင်း။”

လင်းနီကျိလည်း အတင်းအကျပ် မတိုက်တွန်းတော့ပေ။

ရှောင်းယီသည် ရွက်တိုင်ငါးကိုစီးပြီး ရှေ့တန်းသို့ အရင်ရောက်သွားလျှင်ပင် နောက်ဆုံးတွင် ချင်းလုံကို စောင့်ရမည်ဖြစ်ရာ အတူတူသွားခြင်းက ပိုကောင်းပေသည်။

ဘိုးဘေးနယ်မြေမှ ထွက်ခွာလာပြီးနောက် ရှောင်းယီသည် ချင်းလုံ၏ဦးခေါင်းပေါ်တွင်ရပ်ကာ နဂါးဦးချိုများကို ကိုင်ထားလိုက်၏။ သူက လင်းနီကျိကို ကြည့်ကာ ‌မေးလိုက်သည်။

“အဆင်သင့်ဖြစ်ပြီလား။”

လင်းနီကျိသည် ခဏမျှ ကြောင်အသွားပြီးနောက် အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်၏။

“သွားကြစို့။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

ချင်းလုံသည် ချက်ချင်းပင် အစိမ်းရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ လျှပ်စီးကဲ့သို့ ပြေးထွက်သွားတော့၏။

“မြန်လှချည်လားဟ။”

လင်းနီကျိသည် အံ့ဩတုန်လှုပ်သွားပြီးနောက် သူ၏ အစွမ်းကုန်အမြန်နှုန်းဖြင့် အနောက်မှ လိုက်သွားတော့လေသည်။

သို့သော် သူ မည်မျှပင် ကြိုးစားပမ်းစား လိုက်နေပါစေ ချင်းလုံနှင့် သူ၏အကြား အကွာအဝေးမှာ ပို၍သာ ဝေးကွာသွားခဲ့၏။

လင်းနီကျိသည် ရေသူမျိုးနွယ်စု၏ အသေးစား တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ရောက်ရှိလာသောအခါ ရှောင်းယီမှာ ထိုနေရာတွင် စောင့်နေသည်မှာ ကြာလှပြီဖြစ်သည်။

“ချင်းလုံရဲ့ အမြန်နှုန်းက တကယ့်ကို ကြောက်စရာကောင်းလောက်အောင် မြန်တာပဲ။”

လင်းနီကျိက မှတ်ချက်ပေးလိုက်၏။

“ဒါက အခြေခံ လှုပ်ရှားမှုလောက်ပါပဲ။”

ရှောင်းယီက ပြုံးလျက် ဆိုလိုက်သည်။

“ကဲ... နဂါးနန်းတော်ထဲမှာ အကောင်ငယ်လေးတွေ အများကြီး ပေါ်လာသေးလားဆိုတာ သွားကြည့်ရအောင်။”

ရှောင်းယီသည် ချင်းလုံနှင့်အတူ ရှေ့သို့ ဆက်သွားရာ မကြာမီ S အဆင့် ပင်လယ်ဂဏန်းတစ်ကောင်နှင့် တွေ့လိုက်ရ၏။

ချင်လုံ အနားသို့ ကူးခတ်သွားသောအခါ ထိုပင်လယ်ဂဏန်းမှာ လှုပ်ပင်မလှုပ်ရဲဘဲ တစ်ကိုယ်လုံး ခွေလိပ်ကာ ငြိမ်သက်သွားတော့သည်။ ချင်းလုံသည် သူ၏ပါးစပ်ကိုဟကာ ထိုဂဏန်းကို တစ်လုပ်တည်းဖြင့် ဝါးမျိုလိုက်၏။

“ဒါက တကယ့်ကို ရိုးရှင်းလွန်းတာပဲ။”

လင်းနီကျိ မျက်လုံးပြူးကာ ပြောလိုက်သည်။

ရှောင်းယီက ခေါင်းငြိမ့်ပြီး ရှင်းပြလိုက်သည်။

“ဒီပုစွန်စစ်သည်တွေနဲ့ ဂဏန်းဗိုလ်ချုပ်တွေက နဂါးမျိုးနွယ်ရဲ့ လက်အောက်ခံတွေ ဖြစ်နေပုံရတယ်။ နဂါးရဲ့အရှိန်အဝါကို ခံစားရတာနဲ့ သူတို့မှာ မွေးရာပါ ကြောက်စိတ်တွေ ဝင်လာပြီး ခုခံလိုစိတ် ပျောက်ဆုံးသွားကြရတာပဲ။”

လင်းနီကျိက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ဒီနဂါးအရှိန်အဝါက SSS အဆင့် ရန်သူတွေအပေါ်မှာရော ထိရောက်မှုရှိပါ့မလား။”

“ဒီနေ့ သိရတော့မှာပါ။”

ရှောင်းယီက ထိုသို့ဆိုကာ ရှေ့သို့ ဆက်လက် ဦးဆောင်သွားခဲ့သည်။

လမ်းတွင် တွေ့သမျှ ပုစွန်စစ်သည်နှင့် ဂဏန်းဗိုလ်ချုပ်များ အားလုံးမှာ ချင်းလုံ၏ ဗိုက်ထဲသို့ ရောက်ကုန်ကြ၏။ မကြာမီတွင် သူတို့သည် SS အဆင့် အစောင့်အရှောက်ပြည်ကြီးငါးတစ်ကောင်နှင့် ဆုံလိုက်ရလေသည်။

“ဒီပြည်ကြီးငါးက ချင်းလုံနဲ့ အဆင့်တူပဲ။”

ရှောင်းယီက ရှေ့မှ ပြည်ကြီးငါးကို ညွှန်ပြလိုက်၏။

လင်းနီကျိသည် ပြည်ကြီးငါး၏ တုံ့ပြန်မှုကို အသေအချာ စောင့်ကြည့်နေလိုက်သည်။ ချင်းလုံ အရှိန်ဖြင့် ပြေးဝင်သွားသောအခါ ပြည်ကြီးငါးသည် ခဏမျှ ကြောင်အသွားပြီးနောက် တစ်ကိုယ်လုံး တုန်ယင်လာကာ မည်သည့်ခုခံမှုမှ မပြုလုပ်ရဲဘဲ ချင်းလုံ၏ စားသောက်ခြင်းကို ငြိမ်ခံလိုက်ရတော့၏။

“အဆင့်တူတွေထဲမှာ ပြိုင်ဘက်ကင်းပဲ။ တကယ့်ကို အစွမ်းထက်တာပဲ။”

လင်းနီကျိက တအံ့တသြ ပြောလိုက်သည်။

“ချင်းလုံသာ ရှိနေရင် ဒီပုစွန်စစ်သည်တွေက ကျုပ်တို့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ဘူး။”

ရှောင်းယီ ခေါင်းငြိမ့်လိုက်စဉ်မှာပင် ချင်းလုံထံမှ သတိပေးချက်တစ်ခု ရောက်ရှိလာခဲ့သည်။

“သတိထား အဆင့်မြင့် အစောင့်အရှောက်တစ်ကောင် လာနေတယ်။”

ရှောင်းယီသည် လင်းနီကျိကို ချက်ချင်း အနောက်သို့ ဆွဲထုတ်လိုက်၏။ လိုအပ်ပါက ထွက်ပြေးရလွယ်ကူအောင်ဖြစ်သည်။

“ဘာဖြစ်လို့လဲ။”

လင်းနီကျိက နားမလည်ဘဲ မေးလိုက်သည်။

“SSS အဆင့် အစောင့်အရှောက်တစ်ကောင် လာနေပြီလို့ ထင်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ရှောင်းယီ စကားဆုံးသည်နှင့် အဝေးမှ ဧရာမစိတ်ဝိဉာည်ခုန်းကောင်ကြီးတစ်ကောင် အရှိန်ဖြင့် ချဉ်းကပ်လာခဲ့သည်။

ချင်းလုံကို မြင်သောအခါ ထိုခုံးကောင်မှာ ချက်ချင်းပင် ရပ်တန့်သွား၏။

ချင်းလုံက ချက်ချင်း တိုက်ခိုက်လိုက်သော်လည်း ထိုခုံးကောင်သည် တုန်ယင်နေသည့်ကြားမှ ချင်းလုံ၏ တိုက်ကွက်တိုင်းကို ပိတ်ဆို့ထားနိုင်ခဲ့သည်။

ခုံးကောင်၏ အရွယ်အစားမှာ သေးငယ်သော်လည်း ၎င်း၏ ခံစစ်အင်အားမှာမူ ချင်းလုံထက် မနိမ့်ကျပေ။

ခဏကြာအောင် တိုက်ခိုက်ပြီးနောက် ချင်းလုံသည် ထိုကမာကောင်ကို မည်သို့မျှ မလုပ်နိုင်တော့ပေ။

“ကျွန်းပိုင်ရှင် ကျုပ် ဒီခုံးကောင်ကို မနိုင်ဘူး။ ဒါပေမဲ့ သူကလည်း ကျုပ်ကို အရင် စပြီး မတိုက်ခိုက်ဘူး။”

ချင်းလုံက သူ၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး အနောက်သို့ ဆုတ်ခွာလိုက်၏။ ခုံးကောင်သည်လည်း ရှိရင်းစွဲနေရာမှာသာ ရပ်နေပြီး လိုက်မတိုက်ခိုက်ခဲ့ပေ။

“နဂါးအရှိန်အဝါကြောင့် သူက အရင် စမတိုက်ရဲတာ ဖြစ်မယ်။ ဒါလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ငါတို့ ဘေးကင်းတာပေါ့။ ချင်းလုံ SSSအဆင့် ရောက်တဲ့အခါကျမှ နဂါးနန်းတော်ထဲ ဝင်ဖို့ ကြိုးစားကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။ လင်းနီကျိက သဘောတူဟန်ဖြင့် ခေါင်းငြိမ့်ပြီး ပြောလိုက်၏။

“ဒါဆိုရင်တော့ ကျုပ် စိတ်ပူစရာ မလိုတော့ဘဲ ကျုပ်တို့ ရေသူမျိုးနွယ်စုရဲ့ အိမ်ဂေဟာကို ပြန်လည် တည်ဆောက်နိုင်ပြီပေါ့။”

“အင်း”

ရှောင်းယီက ဆိုသည်။

“ချင်းလုံ... မင်းကို ဒီမှာပဲ ထားခဲ့မယ်။ ဟို SSS အဆင့် ပြိုင်ဘက်တွေနဲ့ တိုက်ခိုက်ပြီး မင်းကိုယ်မင်း တိုးတက်အောင် လုပ်ပါ။”

ချင်းဘုံက ခေါင်းငြိမ့်ပြီး ပြန်ဖြေလာခဲ့သည်။

“ကျုပ်လည်း ဒီမှာပဲ နေချင်ပါတယ်။ ဟိုဘက်ကနေ ကျုပ်ကို တစ်ယောက်ယောက်က ခေါ်နေသလို ခံစားရတယ်။ ဒါပေမဲ့ ခုံးကောင်ရဲ့ ပိတ်ဆို့မှုကို ကျုပ် မကျော်ဖြတ်နိုင်သေးဘူး။”

“အဲဒါက နဂါးနန်းတော်ပဲ ဖြစ်ရမယ်။ ဖြည်းဖြည်းချင်း လုပ်ပါ။ မကြာခင် မင်း ကျော်ဖြတ်နိုင်မှာပါ။”

ရှောင်းယီက အားပေးလိုက်၏။ ထို့နောက် ရှောင်းယီသည် လင်းနီကျိဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ခေါင်းဆောင်လင်း ချင်လုံက ဒီနေ့ကစပြီး ဒီမှာ ကင်းစောင့်နေလိမ့်မယ်။ တခြားတိရစ္ဆာန်တွေကိုတော့ ကျုပ် ပြန်ခေါ်သွားပါမယ်။ ပြဿနာတစ်ခုခု ရှိရင် လင်းရှားကို လွှတ်ပြီး ကျုပ်ကို အကြောင်းကြားလိုက်ပါ။”

“ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။”

“ကျေးဇူးတင်နေဖို့ မလိုပါဘူး။”

ရှောင်းယီက ပြုံးကာ ဆိုလိုက်သည်။

“ကဲ...ကျုပ် သူတို့ကို ပြန်ခေါ်သွားလိုက်ပါဦးမယ်။”

ရှောင်းယီ ဝမ်ချိုင်နှင့် အခြားသူများကို ခေါ်ဆောင်၍ တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲသို့ ဝင်သွားသည်ကို လင်းနီကျိက ဘေးမှ ရပ်၍ကြည့်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်းယီနှင့် ဝမ်ချိုင်တို့ မိမိတို့ကျွန်းပေါ်သို့ ပြန်ရောက်လာခဲ့ကြ၏။

ရေငုပ်ဝတ်စုံများကို ချွတ်ရင်း ရှောင်းယီက ပြောလိုက်သည်။

“မင်းတို့က ကုန်းနေသတ္တဝါတွေဆိုတော့ ရေအောက်မှာ အကြာကြီးနေရတာ စိတ်ညစ်ဖို့ ကောင်းမှာပဲ။ လေ့ကျင့်ဖို့အတွက် ရံဖန်ရံခါ သွားတာပဲ ကောင်းတယ်။”

“ဝုတ် ဝုတ်”

ဝမ်ချိုင်က အမြီးနန့်၍ ရှောင်းယီကို နှစ်ချက်ဟောင်ပြလိုက်၏။

“ကဲ... သွားကြတော့ သွားနားကြ။ တစ်ခုခုဆိုရင် ပြန်ခေါ်လိုက်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်ရှန်းသည် သူ၏သံတုတ်ကို ထမ်းကာ တောအုပ်ထဲသို့ ဝင်သွားပြီး သားရဲဘုရင်က နောက်မှ လိုက်သွား၏။ ဝမ်ချိုင်သည်မူ ဗီလာဘက်သို့ ပျော်ရွှင်စွာ ပြေးသွားတော့လေသည်။

ညစာစားချိန် ရောက်နေပြီဖြစ်ရာ ရှောင်းယီသည် လူပုဘုရင်ကို ဧည့်ခံရဦးမည်ဖြစ်သည်။ သူသည် အရေးကြီးသော ဖောက်သည်ဖြစ်သောကြောင့် လျစ်လျူရှု၍မရပေ။

ဤတစ်ကြိမ်တွင် ရှောင်းယီသည် ကျွန်းအသီးသီးမှ တာဝန်ခံများအားလုံးကို ခေါ်ယူ၍ ဘုရင်ကြီးနှင့်အတူ ညစာစားခဲ့ကြသည်။

“ဟိုမှာ ထိုင်နေတာ လူပုဘုရင့့်နိုင်ငံတော်ရဲ့ ဘုရင်ကြီး မဟုတ်လား။ သူက ဘာလို့ ဒီကျွန်းပေါ်ကို ရောက်နေတာလဲ။”

ကုန်းမြေပေါ်ရှိ မြို့တစ်မြို့မှ မှော်ဆရာတစ်ဦးက လူပုဘုရင်ကို ချက်ချင်းပင် မှတ်မိသွားခဲ့သည်။

လူပုဘုရင်ကလည်း အံ့သြစွာ မေးလိုက်၏။

“ကျွန်းပိုင်ရှင်ရှောင်း ဒါက ဘယ်လို အခြေအနေလဲ။ ဟိုလူတွေက ကုန်းမြေပေါ်က နတ်ဆရာတွေ မဟုတ်ဘူးလား။”

“ဟုတ်ပါတယ်။ အရင်က သူတို့က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုတော့ ကျုပ်နဲ့ စာချုပ်ချုပ်ထားပြီးပြီဆိုတော့ ကျုပ်တို့ရဲ့ လူတွေပါပဲ။”

ရှောင်းယီက ပြုံးကာ ရှင်းပြလိုက်သည်။

ရှောင်းယီက ထိုသူများကို စာချုပ်ချုပ်ထားပြီးဖြစ်ကြောင်း သိလိုက်ရသောအခါ လူပုဘုရင် စိတ်အေးသွားခဲ့၏။

“ကျွန်းပိုင်ရှင်ရှောင်းက တကယ့်ကို အံ့သြစရာပဲ။ ဒီလောက်များတဲ့ မြို့တွေကို ထိန်းချုပ်နိုင်ဖို့ဆိုတာ မလွယ်ကူလှဘူး။”

“အခွင့်အရေး ရတုန်းလေး လုပ်လိုက်တာပါ။”

ရှောင်းယီက ရယ်မောရင်း ခေါင်းခါပြလိုက်သည်။

“လူတိုင်းပဲ ခင်ဗျားတို့ထဲက တချို့က ကျုပ်ဘေးမှာ ထိုင်နေတဲ့သူကို သိကြပါလိမ့်မယ်။ တချို့ကလည်း မသိကြသေးဘူး။”

ရှောင်းယီက ဝိုင်ခွက်ကို မြှောက်လိုက်၏။

“မိတ်ဆက်ပေးပါရစေ။ ဒါကတော့ လူပုမျိုးနွယ်စုရဲ့ အမြင့်ဆုံးခေါင်းဆောင် လူပုဘုရင် ဖြစ်ပါတယ်။ ဒီနေ့ကစပြီး ယီရန်ပင်း မဟာမိတ်အဖွဲ့နဲ့ လူပုဘုရင့်နိုင်ငံတော်ဟာ ထာဝရ မဟာမိတ်တွေ ဖြစ်သွားပါပြီ။ ကျုပ်တို့ရဲ့ မဟာမိတ်အတွက် အားလုံးပဲ ခွက်ချင်းတိုက်လိုက်ကြရအောင်။”

အားလုံး ထရပ်ကြပြီး ဝိုင်ခွက်များကို မြှောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်ကြ၏။ လူပုဘုရင်က ပြုံးလျက် ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်ရှောင်းရဲ့ စရိုက်ကို ငါကိုယ်တော် တကယ် သဘောကျတယ်။ ဒီလို ထက်မြက်တဲ့ အရှင်သခင်နောက်ကို လိုက်နေရတဲ့ မင်းတို့ဟာ တကယ်ပဲ ကံကောင်းကြပါတယ်။”

“အရှင်မင်းကြီးက မြှောက်ပြောနေပြန်ပါပြီ။”

ရှောင်းယီက ရယ်မောရင်း ဆိုလိုက်သည်။

“ဒါတွေ ထားလိုက်ပါတော့။ သောက်ကြ၊ သောက်ကြ! ဒီညတော့ မမူးမချင်း မနားကြေးနော်။”

“ဟုတ်တယ်၊ မမူးမချင်းပဲ။”

လူပုဘုရင်က ဝိုင်ခွက်ကို မြှောက်ကာ ပျော်ရွှင်စွာ အော်ဟစ်လိုက်တော့သည်။

All Chapters