အခန်း (၇၁၇-၇၁၈)
Vol. 55 Ch. 717-718
အခန်း (၇၁၇) - အရောင်းအဝယ်လုပ်ငန်းမှ ၅၀ ဘီလီယံရရှိခြင်းနှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ လုပ်ဆောင်ချက်အသစ်
လူပုများသည် အမှတ်တကယ်ကို သောက်နိုင်ကြသည်ဆိုတာ ဝန်ခံရပေမည်။ ထိုအထဲမှာမှ လူပုဘုရင်မှာ အသောက်နိုင်ဆုံးပင်။
သူတို့၏သောက်စားပွဲသည် ည ၁၀ နာရီကျော်မှ ပြီးဆုံးသွားခဲ့၏။
ရှောင်းယီပင်လျှင် အနည်းငယ် မူးနောက်နောက် ဖြစ်နေသဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်ကာ မျက်လုံးမှိတ်၍ အနားယူနေမိသည်။
ထိုစဉ် တံခါးဝမှ ခြေသံများ ကြားလိုက်ရပြီးနောက် တစ်စုံတစ်ယောက်က သူ၏နောက်သို့ ရောက်လာကာ သူ၏ နားထင်များကို နူးညံ့စွာ နှိပ်နယ်ပေးလာ၏။
“ဘာလို့ ဒီလောက်တောင် အများကြီး သောက်လာရတာလဲ။”
အန်းရန်က တိုးတိုးလေး ဗျစ်တောက်ဗျစ်တောက် ပြောရှာသည်။
ရှောင်းယီက မျက်လုံးမှိတ်ထားရင်းဖြင့် ခပ်နွမ်းနွမ်းလေး ပြုံးလိုက်ကာ ပြောလိုက်၏။
“လူပုဘုရင့်နိုင်ငံတော်နဲ့ ငါတို့ နောက်ဆုံးလုပ်တဲ့ အရောင်းအဝယ်တွေက အဆင်ပြေခဲ့သလို အထင်ကြီးစရာလည်း ဖြစ်ခဲ့တယ်။ သူတို့က ငွေအသုံးကြမ်းတဲ့ ဖောက်သည်ကြီးတွေလေ။ သူတို့ကို စိတ်ကျေနပ်အောင် ထားရမှာပေါ့။”
“နောက်တစ်ခါကျရင် အဖေ့ကိုပဲ လွှဲပေးလိုက်ပါလား။”
အန်းရန်က အကြံပြုလိုက်သည်။
“ဦးလေးအန်းသာ မင်း သူ့ကို ဒီလို ရောင်းစားလိုက်တာ သိရင် သူ့ရဲ့ သမီးလေးကတော့ သူ့ကို ဒုက္ခပေးနေပြီလို့ ပြောတော့မှာပဲ။”
ရှောင်းယီက နောက်ပြောင်လိုက်၏။
“အနည်းဆုံးတော့ ဝန်ထုတ်ဝန်ပိုး မျှသွားတာပေါ့။”
အန်းရန်က ပြန်ပြောသည်။ ရှောင်းယီ မျက်လုံးဖွင့်လိုက်၏။
“အဆင်ပြေပါတယ်။ ငါတို့ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုက တိုးတက်နေပြီဆိုတော့ အများကြီး သောက်ထားရင်တောင် အမူးက မြန်မြန် ပြေပါတယ်။”
သူ နိုးလာသည်ကို မြင်သောအခါ အန်းရန်က ပြောလိုက်၏။
“ငါ လက်ဖက်ရည် သွားဖျော်ပေးမယ်။”
ရှောင်းယီ ခေါင်းငြိမ့်ပြပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်လိုက်ရာ အဖွဲ့လိုက် စကားပြောခန်းမှာ ဆူညံနေဆဲ ဖြစ်သည်။
“ဒီနေ့က ရက်ပေါင်း ၇၀ ပြည့်ပြီ။ ဒီနေ့ကုန်ရင် အသိပေးချက်အသစ် ထပ်ပေါ်လာဦးမလား မသိဘူး။”
“နောက်ဆုံး အပ်ဒိတ်ဖြစ်ခဲ့တာတောင် တော်တော်ကြာနေပြီနော်။”
“ဟုတ်တယ်။ ဒါပေမဲ့ ဒီနေ့လည်း အရင်လိုပဲ ဖြစ်မှာပါ။”
“ထူးခြားတာ ဘာမှ ပါမှာမဟုတ်ပါဘူး။ ပုံမှန်အတိုင်းပဲ ဖြစ်မှာပါ။”
“သူဌေးရဲ့ အပန်းဖြေစခန်းက ဒီနေ့ ပိတ်ထားတာ နှမြောစရာပဲ။ ကျုပ်က ဒီတစ်ပတ်လုံး အဲဒီမှာ နှပ်နေမလို့ ကြံထားတာ။”
“သူတို့က အဆင့်မြှင့်နေတာလို့ ပြောထားတယ်မလား။ အဆင့်မြှင့်ပြီးရင် ပိုကောင်းလာမှာပါ။ ကျုပ်တော့ စာရင်းသွင်းထားပြီးပြီ။ မနက်ဖြန်ကျရင် သွားကြည့်မယ်။”
“ကျုပ်ကတော့ ဝေခွဲမရဖြစ်နေလို့ နေရာမရလိုက်ဘူး။ ဒါပေမဲ့ တစ်နေ့ကို နေရာ ၈၀၀ တောင် ရှိတာဆိုတော့ အေးဆေးပါပဲ။”
စကားပြောနေကြရင်း အချိန်များ ကုန်လွန်သွား၏။ သန်းခေါင်ယံ မတိုင်မီတွင် ရှောင်းယီသည် အပူပေးကိရိယာများ ရောင်းချမှုမှ ရရှိသော အုတ်မြစ်ကျောက်များကို သိမ်းဆည်းလိုက်သည်။
“လဲလှယ်မှု အောင်မြင်ပါသည်။ ရရှိသော အုတ်မြစ်ကျောက် ၂၆,၀၀၀,၀၀၀။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အုတ်မြစ်ကျောက် ၅၂,၀၀၀,၀၀၀။”
အရင်က ရှိနှင့်ပြီးသား ၄၄၈ သန်းနှင့် ပေါင်းလိုက်သောအခါ စုစုပေါင်း အုတ်မြစ်ကျောက် သန်း ၅၀၀ အတိအကျ ဖြစ်သွား၏။
ကျွန်းတစ်ကျွန်းလုံး ရောင်းရသည်နှင့် နှိုင်းယှဉ်လျှင် နည်းပါးသော်လည်း ဤပမာဏမှာ မဆိုးလှပေ။
၎င်းတို့ကို သိမ်းဆည်းပြီးသည်နှင့် နာရီလက်တံမှာ သန်းခေါင်ယံသို့ ကျော်လွန်သွားခဲ့သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အလင်းတစ်ချက်လက်သွားပြီး ရွေးချယ်စရာအသစ်တစ်ခု ထွက်ပေါ်လာ၏။
ကျွန်းရွှေ့ပြောင်းခြင်း။
ရှောင်းယီ၏ အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“ကျွန်းရွှေ့ပြောင်းခြင်း- သင်၏ကျွန်းကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းနိုင်ပြီး အခြားသော အုတ်မြစ်ကျောက်ကျွန်းများနှင့် ပေါင်းစပ်နိုင်သည်။
သတိပေးချက်- သင်သည် တစ်ကြိမ်သာ ရွှေ့ပြောင်းခွင့် ရှိသည်။ အကယ်၍ ပေါင်းစပ်ပြီးနောက် ကျွန်းတွင် ကမ်းခြေမရှိတော့ပါက ထောက်ပံ့ရေးသေတ္တာများပေါ်လာတော့မည် မဟုတ်ပါ။ မဟာမိတ်များနှင့် မတူသည်မှာ ပေါင်းစပ်ထားသော ကျွန်းများသည် တစ်ကျွန်းနှင့်တစ်ကျွန်း တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ ပေါင်းစပ်ခြင်း စတင်ပြီးပါက နောက်ပြန်ဆုတ်၍ မရနိုင်ပါ။”
သို့သော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပထမစာတစ်ကြောင်းကိုသာ ပြသထားပြီး ကျန်သတိပေးချက်များကိုမူ ပြသထားခြင်း မရှိပေ။ ဤသည်မှာ အသက်ရှင်ကျန်ရစ်သူများအတွက် နောက်ထပ် ထောင်ချောက်တစ်ခုပင်ဖြစ်၏။
ယီထျန်း အဖွဲ့လိုက်စကားပြောခန်းမှာ ထပ်မံ၍ ပေါက်ကွဲသွားပြန်သည်။
“ဟာ... ဒါက တကယ့်ကို နတ်ဘုရားကပေးတဲ့ ရွေးချယ်စရာပဲ။ အခုတော့ ငါတို့တွေ တစ်စုတစ်ဝေးတည်း နေလို့ရပြီဟေ့။”
“ဟုတ်တယ်၊ စနစ်က ငါတို့တွေ အထီးကျန်နေမှာ စိုးလို့ ထင်တယ်။”
“ဒါပေမဲ့ ဒါက ‘မဟာမိတ်’ လုပ်ဆောင်ချက်နဲ့ ထပ်မနေဘူးလား။”
“မတူပါဘူး။ မဟာမိတ်ကျွန်းတွေက ဝေးနေသေးတာလေ။ အခုက ပေါင်းစပ်လိုက်ရင် တစ်သားတည်း ကပ်သွားမှာ။”
“အတိအကျပဲ။ ငါတို့တော့ စပြီး ပေါင်းစပ်နေပြီ။”
ထိုစာများကို မြင်လိုက်ဪသောအခါ ရှောင်းယီက အလျင်အမြန်စာရိုက်လိုက်၏။
“နေကြဦး။ ဇွတ်မပေါင်းကြနဲ့ဦး။”
“ဘာဖြစ်လို့လဲ။ ပေါင်းစပ်တာက ဘာပြဿနာရှိလို့လဲ။”
ပေါင်းစပ်ရန် စတင်နေသူများမှာ ကျောချမ်းသွားကြ၏။
“သူဌေး... ဘာတွေ့လိုက်ရလို့လဲ။ ပြောပြပါဦး။”
အားလုံးက ဝိုင်းမေးကြတော့သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှောင်းယီက စာရေးတင်လိုက်သည်။
“ပထမအချက်၊ ရွှေ့ပြောင်းခွင့်က တစ်ကြိမ်ပဲ ရမယ်။ ဒုတိယအချက်၊ ကမ်းခြေမရှိရင် ထောက်ပံ့ရေးသေတ္တာတွေ ပေါ်လာမှာမဟုတ်တော့ဘူး။ တတိယအချက်ကတော့ ပေါင်းစပ်ပြီးရင် ပြန်ခွဲလို့ မရဘူး။”
သူသည် ကျွန်းအချင်းချင်း တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည့် အချက်ကိုတော့ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားလိုက်၏။ သူတို့ကို နောက်မှသာ သိပါစေတော့၊ လောလောဆယ် ငြိမ်းငြိမ်းချမ်းချမ်း ရှိနေတာက ပိုကောင်းသည်။
အဓိကအချက်မှာ သေတ္တာများဖြစ်သည်။ သေတ္တာများမရှိပါက ကျွန်း၏ကြီးထွားမှုက ရပ်တန့်သွားပေလိမ့်မည်။ နေ့စဉ်ရရှိနေသော အုတ်မြစ်ကျောက် ပမာဏမှာလည်း နည်းပါးသွားပေလိမ့်မည်။
အသက်ရှင်ကျန်ရစ်သူ တစ်ဦးလျှင် ပျမ်းမျှ တစ်နေ့ ခြောက်တုံးခန့်သာ ရသော်လည်း လူပေါင်း နှစ်သိန်း၊ သုံးသိန်းဆိုလျှင် ပမာဏမှာ အလွန်များပြားလှ၏။
ယခုအချိန်တွင် အခြားသော အုတ်မြစ်ကျောက် ရရှိနိုင်သည့် လမ်းကြောင်းများမှာ မည်သည့်အချိန်တွင် ပျောက်ကွယ်သွားမည် မသိနိုင်ရာ ထောက်ပံ့ရေးသေတ္တာမှာ အခြေခံအုတ်မြစ်ဖြစ်သဖြင့် မည်သည့်အခါမျှ အဆက်အသွယ် အပြတ်မခံနိုင်ပေ။
“ဘာ...ကမ်းခြေမရှိရင် သေတ္တာတွေ ပေါ်မလာတော့ဘူးလား။ သွားပြီ... ကျုပ်တို့တော့ စိတ်လိုက်မာန်ပါ လုပ်လိုက်မိပြီ။”
“တောက် ကျုပ်တို့ မဟာမိတ်အဖွဲ့က လက်အောက်ခံကျွန်းတွေ အကုန်လုံးကို ပင်မကျွန်းနဲ့ လာပေါင်းလိုက်တာ။ အခုတော့ ပတ်ပတ်လည်မှာ ကမ်းခြေ တစ်ကွက်မှ မကျန်တော့ဘူး။”
“ပြန်ဖျက်လို့လည်း မရဘူးတဲ့...။ အလောတကြီး လုပ်မိတာက ကျိန်စာသင့်သလို ဖြစ်သွားပြီ။”
“ကျုပ်ကတော့ ကံကောင်းလို့ တစ်ခုပဲ ပေါင်းရသေးတယ်။ ဒီကိစ္စကို သေသေချာချာ စီစဉ်ရမယ်ထင်တယ်။”
“ဒီကျွန်းအထိမ်းအမှတ်ကျောက်ကလည်း အသေးစိတ်ကို ဘာလို့ ဖုံးထားရတာလဲ။ ဒါ သက်သက်မဲ့ လုပ်တာပဲ။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ငါတို့ကို ဒုက္ခပေးတာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာ။ ငါကတော့ ကျင့်သားရနေပြီမို့လို့ တဇွတ်ထိုးမလုပ်ခဲ့တာ။”
စကားပြောခန်းထဲတွင် ညည်းတွားသံများ ပြည့်နှက်နေသော်လည်း ရှောင်းယီအတွက်မူ ဤလုပ်ဆောင်ချက်မှာ နတ်ဘုရားထံမှ လက်ဆောင်ပင် ဖြစ်သည်။
သူ၏ လက်အောက်တွင် ကုန်းမြေအသစ်မှ ဖမ်းဆီးရမိထားသူ ၄၀ ကျော်မှာ ရှားနိုင်ငံနယ်မြေအနှံ့တွင် ပြန့်ကျဲနေ၏။ တည်နေရာကူးပြောင်းခြင်းအစီအရင်များ ရှိသော်လည်း စီမံခန့်ခွဲရသည်မှာ ခေါင်းခဲစရာ ကောင်းလှသည်။
ပိုဆိုးသည်မှာ ထိုတည်နေကာကူးပြောင်းခြင်းအစီအရင်များမှာ စွမ်းအင်သလင်းကျောက် များကို အဆက်မပြတ် လောင်ကျွမ်းနေသဖြင့် ကုန်ကျစရိတ်မှာ အလွန်ကြီးမားလှ၏။
အားလုံးက ထိုအချက်ကို သဘောတူညီစွာဖြင့် ခေါင်းငြိမ့်လိုက်ကြတော့သည်။
အခန်း (၇၁၈) - ကျွန်းရွှေ့ပြောင်းရေးအစီအစဉ်နှင့် အစိတ်အပိုင်းထုတ်လုပ်ရေးစက်ကိရိယာ
“အခြေအနေက ဒီလိုဆိုမှတော့ ဝေခွဲမနေတော့ဘဲ ကျွန်းတွေကို တိုက်ရိုက်ပဲ ရွှေ့လိုက်ကြရအောင်။”
ဒူခန်းက ပြောလိုက်သည်။
“သေသေချာချာတော့ စီစဉ်ရဦးမယ်။ လောလောဆယ် မဟာမိတ် လက်အောက်ခံကျွန်း ၈ ကျွန်းအပြင် အပြင်မှာ မဟာမိတ်အဖွဲ့ ၄၆ ဖွဲ့၊ စုစုပေါင်း ကျွန်း ၄၁၄ ကျွန်း ရှိသေးတယ်။ မျောက်နက်နိုင်ငံရဲ့ ကျန်းယွီမဟာမိတ်အဖွဲ့ကိုတော့ ထည့်မတွက်ထားဘူး။”
အန်းယွဲ့က ဆိုသည်။
“ဒီလောက်များတဲ့ ကျွန်းတွေကိုသာ လာကပ်လိုက်ရင် ဒီပင်မကျွန်းရဲ့ ကမ်းခြေက အများကြီး တိုတောင်းသွားလိမ့်မယ်လို့ ခန့်မှန်းရတယ်။”၏
ရှောင်းယီက သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်၏။ အကြောင်းမှာ ကုန်းမြေအသစ်မှ မြို့များတွင် အုတ်မြစ်ကျောက် အမြောက်အမြား ရှိနေသောကြောင့် ဖြစ်သည်။ သူတို့သည် အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းများကို သိမ်းပိုက်ပြီးနောက် ဘဏ္ဍာတိုက်ထဲရှိ အုတ်မြစ်ကျောက်များကို သုံး၍ ကျွန်းဧရိယာကို ချဲ့ထွင်ထားကြခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုကျွန်းအားလုံးကို ရှောင်းယီ၏ကျွန်းတွင် လာရောက်ပေါင်းစပ်ပါက ရှောင်းယီကျွန်း၏ ကမ်းခြေမှာ တိုသွားမည်မှာ သေချာသော်လည်း လုံးဝပျောက်ကွယ်သွားရန်တော့ မရှိပေ။
“မှော်ဆရာတွေ ထိန်းချုပ်ထားတဲ့ ကျွန်းတွေကို ပေါင်းစပ်တာက ပြဿနာမရှိပေမဲ့ ငါတို့ အသက်ရှင်ကျန်ရစ်သူတွေကတော့ အဲဒီလို လုပ်လို့မရဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ လူတိုင်းရဲ့ ကျွန်းတွေက အနာဂတ်မှာ ဖြည်းဖြည်းချင်း ထပ်ချဲ့ရဦးမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကြားမှာ နေရာလွတ်လေးတွေ ချန်ထားသင့်တယ်။”
“ဟုတ်ပါတယ်။ ပြီးတော့ အခု ကျုပ်တို့ရှိနေတဲ့ ပင်မကျွန်းကလည်း ဆက်ပြီး ချဲ့ထွင်နေဦးမှာပဲ။ အနားချင်း အရမ်းကပ်နေရင် တစ်နေ့ကျရင် တစ်ကျွန်းနဲ့တစ်ကျွန်း ထိစပ်သွားလိမ့်မယ်။”
အန်းယွဲ့က ထောက်ပြလိုက်၏။
“မဟာမိတ် စည်းမျဉ်းတွေလိုမျိုး ကျွန်းနှစ်ခုကြားမှာ ပုံသေ အကွာအဝေးတစ်ခု ထိန်းထားနိုင်ရင် သိပ်ကောင်းမှာပဲ။”
ကျန်းယွင်ထျန်းက ဆိုသည်။
“ဒါဆိုရင် ကျွန်းတွေ ထိစပ်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး။”
ကျန်းယွင်ထျန်း၏ စကားကို ကြားသောအခါ ရှောင်းယီက စိတ်ထဲမှ ချက်ချင်း မေးမြန်းလိုက်သည်။
“စနစ်... တကယ်လို့ ငါက တခြားကျွန်းတွေကို မဟာမိတ် လက်အောက်ခံကျွန်းတွေရဲ့ အပြင်ဘက်အဝိုင်းမှာ လာကပ်ထားရင် ငါ့ကျွန်းရဲ့ ဧရိယာကို ချဲ့တဲ့အခါ သူတို့ကို အပြင်ဘက်ကို တွန်းထုတ်သွားမှာလား။”
“ဟုတ်ကဲ့။ ပေါင်းစပ်ခြင်း ပြီးဆုံးသွားပြီဆိုရင် ဒါကို တစ်ခုတည်းသော အစိတ်အပိုင်းအဖြစ် သတ်မှတ်လိုက်ပါလိမ့်မယ်။”
စနစ်က ပြန်ဖြေလာခဲ့သည်။
ရှောင်းယီသည် လူတိုင်း မျက်မှောင်ကျုံ့၍ စဉ်းစားနေကြသည်ကို မြင်သောအခါ ပြောလိုက်၏။
“ဒီလို လုပ်ကြရအောင်၊ ခင်ဗျားတို့ မှော်ဆရာတွေ သိမ်းပိုက်ထားတဲ့ ကျွန်းတွေရဲ့ ဧရိယာက အတည်ဖြစ်နေပြီဆိုတော့ အဲဒါတွေကို ကျုပ်ရဲ့ကျွန်းမှာ တိုက်ရိုက် လာကပ်လိုက်။ ကမ်းခြေ ကျန်နေဖို့ပဲ သတိထားရမယ်။”
“အကုန်လုံးလား။”
အန်းယွဲ့က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်၏။
“ဟုတ်တယ်။ ကမ်းခြေက ခဏတဖြုတ် တိုသွားရုံပဲ ရှိမှာပါ။ ပျောက်သွားမှာ မဟုတ်ဘူး။ ပြီးတော့ ဒေသခံတွေ သိမ်းထားတဲ့ကျွန်းတွေက တိုက်ခိုက်သိမ်းပိုက်ခြင်းနဲ့ပဲ အုတ်မြစ်ကျောက်တွေ ရနိုင်တာ။ သူတို့ကျွန်းတွေက ထပ်မကြီးလာတော့ဘူး။ ဒါပေမဲ့ ကျုပ်တို့ကျွန်းကတော့ ဆက်ပြီး ကြီးလာမှာဆိုတော့ ကမ်းခြေကိစ္စ စိုးရိမ်စရာ မလိုပါဘူး။”
ဒေသခံများသည် ထောက်ပံ့ရေးသေတ္တာ သို့မဟုတ် ရတနာသေတ္တာများ ပေါ်လာခြင်းကို မကြုံရသဖြင့် အရောင်းအဝယ်နှင့် တိုက်ခိုက်ခြင်းမှသာ အုတ်မြစ်ကျောက်များ ရရှိနိုင်သည်။ ယခုအခါ ကုန်းမြေကြီးပေါ်မှ အင်အားစုများမှာ သူတို့နှင့် အုတ်မြစ်ကျောက် အရောင်းအဝယ် မလုပ်ကြတော့သလို ရှောင်းယီထံ လက်နက်ချပြီးနောက် အသက်ရှင်ကျန်ရစ်သူများကိုလည်း သွားရောက်မတိုက်ခိုက်နိုင်တော့သဖြင့် သူတို့၏ကျွန်းဧရိယာမှာ ပုံသေနီးပါး ဖြစ်နေ၏။
အန်းယွဲ့က ခေါင်းငြိမ့်လိုက်သည်။ ရှောင်းယီက ဆက်ပြောသည်။
“ပြီးတော့ အသက်ရှင်ကျန်ရစ်သူတွေ ထိန်းချုပ်ထားတဲ့ ကျန်တဲ့ကျွန်းတွေကိုတော့ အပြင်ဘက်က မဟာမိတ် လက်အောက်ခံကျွန်းတွေနဲ့ တိုက်ရိုက် ပေါင်းစပ်လိုက်မယ်။ အပြင်ဘက်ခြမ်းမှာပဲ ပေါင်းရမယ်နော် နားလည်လား။”
အန်းယွဲ့နှင့် အခြားသူများ အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီ၏ဆိုလိုရင်းကို နားလည်သွားခဲ့ကြသည်။
“ဆိုလိုတာက ပေါင်းစပ်ပြီးသွားရင်လည်း မဟာမိတ်အဖွဲ့တွေကြားက ပုံသေအကွာအဝေး စည်းမျဉ်းကို သုံးလို့ရမယ်။ ပင်မကျွန်းရဲ့ဧရိယာကို တိုးချဲ့တဲ့အခါ သူတို့ကို အပြင်ဘက်ကို ဆက်ပြီး တွန်းထုတ်သွားမယ်ပေါ့ ဟုတ်လား။”
ကျန်းယွင်ထျန်းက မေးလိုက်၏။
“ဟုတ်တယ်။ ဒါပေမဲ့ ပေါင်းစပ်တာကို အပြင်ဘက်မှာပဲ ထားရမယ်။ ငါတို့နဲ့ နီးတဲ့ဘက်မှာ ထားမိရင် ကျွန်းတိုးချဲ့တဲ့အခါ စောစောစီးစီး ထိစပ်ကုန်လိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ အန်းယွဲ့က အနည်းငယ် စဉ်းစားပြီးနောက် အကြံပေးလိုက်သည်။
“ကျွန်းပိုင်ရှင် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းကိုတောင် အကန့်အသတ်မရှိ တိုးချဲ့လို့မဖြစ်ဘူးလို့ ကျုပ် အကြံပြုချင်ပါတယ်။ ရည်မှန်းချက် ဧရိယာတစ်ခု သတ်မှတ်ထားတာ အကောင်းဆုံးပါပဲ။ အဲဒီ ဧရိယာ ပြည့်သွားရင် ထပ်မချဲ့တော့ဘဲ ရသမျှ အုတ်မြစ်ကျောက်တွေကို ပင်မကျွန်း တိုစချဲ့တဲ့နေရာမှာပဲ သုံးကြတာပေါ့။”
ရှောင်းယီသည် စဉ်းစားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါဆို ရည်မှန်းချက် ဧရိယာကို စတုရန်းကီလိုမီတာ ၄၀,၀၀၀ လို့ သတ်မှတ်လိုက်ကြတာပေါ့။”
“ဒါ နည်းနည်း မများဘူးလား။”
ယွမ်နွန်က မျက်မှောင်ကျုံ့လိုက်၏။
“အရင်ကမ္ဘာက ငါတို့နိုင်ငံရဲ့ ထိုင်ဝမ်ကျွန်းတောင် စတုရန်းကီလိုမီတာ ၄၀,၀၀၀ မရှိဘူး။”
“ဒီကမ္ဘာမှာ ကျုပ်တို့ကိုယ်စားပြုတဲ့ ရှားနိုင်ငံက အရင်က နယ်မြေထက် ပိုကြီးရမယ်လေ။ အဲ့ဒါကြောင့် ၄၀,၀၀၀ ပဲ ထားလိုက်ရအောင်။”
ရှောင်းယီက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ဟုတ်ကဲ့။”
အားလုံးက တုံ့ပြန်လိုက်ကြ၏။
“ဦးလေးအန်း... ဒီကိစ္စကို တခြားကျွန်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး ကျွန်းရွှေ့ပြောင်းရေး အစီအစဉ်ကို နောက်ဆုံး ပုံကြမ်း ချပေးပါဦး။”
ရှောင်းယီက မှာကြားလိုက်သည်။
ရှောင်းယီ နာရီကြည့်လိုက်ရာ မနက် ၁ နာရီ ထိုးနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
“ကဲ... အားလုံးပဲ ပြန်ပြီးအနားယူကြတော့။”
ရှောင်းယီ အိပ်ခန်းထဲ ပြန်ရောက်သောအခါ ချက်ချင်းပင် လက်မှတ်ထိုးဝင်လိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အသိဉာဏ်မြင့် အစိတ်အပိုင်း ထုတ်လုပ်ရေး စက်ကိရိယာ (SSS အဆင့်) ၁။”
“အသိဉာဏ်မြင့် အစိတ်အပိုင်း ထုတ်လုပ်ရေး စက်ကိရိယာ (SSS အဆင့်) :သင်လိုအပ်သော အစိတ်အပိုင်း၏ လိုအပ်ချက်များကို ပုံဆွဲပေးပြီး သက်ဆိုင်ရာ ကုန်ကြမ်းများကို ထည့်ပေးပါက ၎င်းသည် အလိုအလျောက် ထုတ်လုပ်ပေးနိုင်သည်။”
ဤဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီ ကြောင်အသွား၏။
“အစိတ်အပိုင်း ထုတ်လုပ်တာလား။ အခုလောလောဆယ် သိပ်အသုံးမဝင်သေးသလိုပဲ။”
ထိုသို့ တွေးရင်း ရှောင်းယီ ကုတင်ပေါ် လှဲချလိုက်သည်။ စောစောက ဝိုင်အများကြီး သောက်ထားသည့်အပြင် အရေးပေါ် အစည်းအဝေးပါ လုပ်လိုက်ရသဖြင့် သူ အနည်းငယ်ပင်ပန်းနေခဲ့၏။
နောက်တစ်နေ့မနက် ၈ နာရီအထိ သူ အိပ်ပျော်သွားခဲ့သည်။ နိုးလာပြီးနောက် မျက်နှာသစ်ရင်း ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်မှ သတင်းအချက်အလက်များကို စစ်ဆေးလိုက်သည်။
“ကျုပ်ရဲ့ကျွန်းမှာ ကမ်းခြေ မရှိတော့ပေမဲ့ ကျွန်းတွေ ပေါင်းလိုက်ရတာက တော်တော်မိုက်တယ်။ ဧရိယာ အများကြီး ပိုကျယ်သွားတာတင် မကဘူး တစ်ယောက်နဲ့တစ်ယောက် သွားလာရတာလည်း ပိုလွယ်သွားပြီ။”
“ဟုတ်တယ်! ဒါပေမဲ့ သတိထားမိလား။ ပေါင်းစပ်ခြင်း ပြီးသွားတာနဲ့ မူလ မဟာမိတ်အဖွဲ့ကနေ အလိုအလျောက် ထွက်သွားသလို ဖြစ်သွားတာကို။”
“သတိထားမိတယ်။ ပေါင်းစပ်တာနဲ့ မဟာမိတ် စည်းမျဉ်းက အတူတူ မရှိနိုင်ဘူး ထင်တယ်။”
“မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ကျွန်းကို ပင်မကျွန်းနဲ့ ကီလိုမီတာ တစ်ရာအတွင်း မဟုတ်တဲ့ တခြားနေရာကို ရွှေ့မယ်ဆိုရင်တော့ မဟာမိတ်အဖွဲ့ထဲကနေ ထွက်စရာ မလိုဘူး။”
“ဪ... အဲလိုလား။ မင်း စမ်းကြည့်ပြီးပြီလား။”
“မဟုတ်ပါဘူး။ ကျုပ်က သူတို့နဲ့ အတူတူ မနေချင်တော့လို့ ခပ်ဝေးဝေးမှာပဲ သွားနေလိုက်တာ။”
ထိုအရာကို မြင်သောအခါ ရှောင်းယီသည် အချင်းချင်း နီးကပ်လွန်းခြင်းမှာ အမှန်တကယ်ပင် မကောင်းလှကြောင်း ခံစားလိုက်ရ၏။ အကွာအဝေး နီးကပ်လေ ပွတ်တိုက်မှုများလေ ဖြစ်သည်။
ယခင်က မဟာမိတ်များကြား ကီလိုမီတာတစ်ရာ ကွာဝေးစဉ်ကပင် ပွတ်တိုက်မှုများ ရှိခဲ့ရာ အနားချင်း ထိစပ်နေပါက ပြောနေစရာပင် မလိုတော့ပေ။ ထို့ကြောင့် အကွာအဝေး ရှိခြင်းကသာ အလှတရားကို ဖန်တီးပေးခြင်းဖြစ်သည်။
ရှောင်းယီ မျက်နှာသစ်ပြီးနောက် အောက်ထပ်သို့ ဆင်း၍ မနက်စာစားလိုက်၏။ အန်းယွဲ့မှာ ထမင်းစားပွဲတွင် ထိုင်နေနှင့်ပြီ ဖြစ်သည်။
“ကျွန်းပိုင်ရှင်၊ မင်္ဂလာမနက်ခင်းပါ။”
အန်းယွဲ့က နှုတ်ဆက်လိုက်သည်။
“ဦးလေးအန်း မင်္ဂလာပါ။ မနေ့ညက တော်တော် နောက်ကျမှ အိပ်ရတာကို ဘာလို့ စောစော ထလာတာလဲ။”
ရှောင်းယီက မေးလိုက်၏။
“သူ လုံးဝ မအိပ်ရသေးဘူးလေ။”
အန်းရန်က မတတ်သာသလို ဝင်ပြောလိုက်သည်။
“ဟင်... ဘာလို့လဲ။”
ရှောင်းယီ မေးပြီးမှ ချက်ချင်းပင် နားလည်သွား၏။
“ဦးလေးအန်း အဲဒီကိစ္စက အဲလောက်ကြီး လောစရာမလိုဘူး။”
အန်းယွဲ့က ပြုံးလိုက်၏။
“ငါ့ရဲ့ အခု ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ဆိုရင် တစ်ညတစ်လေ မအိပ်တာက ဘာမှမဖြစ်ပါဘူး။ မနေ့က အဲဒီကျွန်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးပြီ။ သူတို့မှာ ဘာမှ ကန့်ကွက်စရာ မရှိဘူး။ ကျွန်းပိုင်ရှင်ရဲ့ ညွှန်ကြားချက်အတိုင်းပဲ လုပ်ပါ့မယ်။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။ အန်းယွဲ့က ဆက်ပြော၏။
“သူတို့ရဲ့ ဧရိယာနဲ့ ငါတို့ကျွန်းရဲ့ အခု အခြေအနေပေါ် မူတည်ပြီး ငါ ပုံကြမ်းတစ်ခု ဆွဲထားတယ်။ ကြည့်လိုက်ပါဦး။ အဆင်ပြေရင် ဒီအတိုင်းပဲ ရွှေ့ပြောင်းကြတာပေါ့။”
အန်းယွဲ့သည် ဘေးမှ ပုံကြမ်းတစ်ခုကို ထုတ်ယူ၍ ရှောင်းယီအား ကမ်းပေးလိုက်သည်။
ရှောင်းယီသည် ပုံကြမ်းကို ကြည့်လိုက်ရာ ဒေသခံများ သိမ်းပိုက်ထားသော ကျွန်းများကို ရှောင်းယီကျွန်း၏ ပတ်ပတ်လည်တွင် ညီညီညာညာ ဖြန့်ခွဲထားပြီး ဆိပ်ကမ်းနှင့် အပန်းဖြေစခန်းရှိရာ နေရာများကိုလည်း ရှောင်ကွင်းထားသည်ကို တွေ့လိုက်ရသည်။ အစီအစဉ်မှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှ၏။
“ကောင်းပြီ ဒီမြေပုံအတိုင်းပဲ ရွှေ့ပြောင်းကြတာပေါ့။ ဒါပေမဲ့ ဒီနေ့တော့ ဦးလေးကို တစ်ရက် အားလပ်ရက် ပေးမယ်။ အလုပ်မလုပ်ရဘူး။ အနားပဲ ယူရမယ်။ ရန်ရန် ဦးလေးကို စောင့်ကြည့်ဖို့ မင်းတာဝန်ယူလိုက်။”
ရှောင်းယီက ပုံကြမ်းကို သိမ်းရင်း ပြောလိုက်လေသည်။