ပစ်မှတ်ထားခံရခြင်း
Vol. 6 Ch. 75
လင်းစစ်ကျားသည် တစ်နေ့တခြား အိမ်ရှင်မ တစ်ယောက်နှင့် ပိုပို၍ တူလာခဲ့လေရာ ၎င်းသည် ရဲ့ရှင်းချန်အား အနည်းငယ် ဝမ်းသာပီတိ ဖြစ်စေခဲ့သည်။ ဤသည်မှာ လင်းစစ်ကျားမှ သူ၏ နှလုံးသား အောက်ခြေ မှနေ၍ သူ့အပေါ် တဖြည်းဖြည်း မှီခိုလာပြီ ဖြစ်ကြောင်း အဓိပ္ပာယ် သက်ရောက် နေသဖြင့် ရဲ့ရှင်းချန် အလွန် ကျေနပ်မိခြင်းလည်း ဖြစ်သည်။
သူသည် လင်းစစ်ကျား၏ လက်အား ဆွဲကိုင်ကာ ထမင်းစားပွဲဆီသို့ လျှောက်သွားခဲ့လေသည်။ လင်းစစ်ကျားသည် မျက်နှာလေး နီရဲလျက် ရဲ့ရှင်းချန်၏ အနောက်မှ လိုက်ပါလာခဲ့ ပြီးနောက်တွင် သူ၏ဘေးတွင်ပင် ဝင်ထိုင်လိုက်တော့သည်။
ထမင်းဝိုင်းတွင် ဟင်းသုံးပွဲနှင့် ဟင်းချိုတစ်ခွက် ပါဝင်လေရာ ခမ်းနားကြီးကျယ်သော အစားအသောက်မျိုး မဟုတ်သော်လည်း မိသားစု အငွေ့အသက် အပြည့်အဝ ပါဝင်နေပေသည်။
"မနက်ဖြန် ကိုယ် အိပ်ရာနိုးတာနဲ့ လူတိုင်းကို စုဝေးခိုင်းပြီး သူတို့ကို ထောက်ပံ့ရေး ပစ္စည်းတချို့ ဝေပေးရမယ် မင်းကော ဘာတွေများ လိုအပ်သေးလဲ"
လင်းစစ်ကျားမှ ခဏမျှ စဉ်းစားလိုက် ပြီးနောက် ရုတ်တရက် မျက်နှာလေး ထပ်နီလာခဲ့ပြန်လေသည်။
"အင်း ဘရာစီယာရယ် အတွင်းခံရယ် ပြီးတော့ ဟိုလေ အင်း အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်တွေကော ရှိလားဟင်"
ရဲ့ရှင်းချန် တစ်ခဏမျှ ဆွံ့အ သွားပြီးနောက် သူ၏ မျက်နှာမှာ ရုတ်တရက် ပူထူသွားခဲ့ရတော့သည်။။ ဟုတ်ပေသည်။ လင်းစစ်ကျားသည် အမျိုးသမီး တစ်ယောက် ဖြစ်ပေရာ သူမ၏ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်အရ သူ့ထက် အနည်းငယ် ကွာခြားလှပေသည်။ ဤအချက်အား သူ မေ့လျော့နေခဲ့မိခြင်း ဖြစ်သည်။
"ကောင်းပါပြီ ညစာစားပြီးရင် ကိုယ် ရှာကြည့်ပေးပါ့မယ်"
ပထမဆုံးနေ့တွင် ရဲ့ရှင်းချန် ပေးခဲ့သော အတွင်းခံ အသစ်နှင့် ညအိပ်ဝတ်စုံတို့မှလွဲ၍ လင်းစစ်ကျားအတွက် အခြားသော အဝတ်အစားများ လိုအပ်လိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။ ယခု လင်းစစ်ကျား ပြောလိုက်မှသာလျှင် လင်းစစ်ကျားသည် သူမ ယူဆောင် လာခဲ့သော အဝတ်အစားများကိုသာ ဝတ်ဆင်နေခဲ့ကြောင်းကို သူ သတိရ သွားလေတော့သည်။
ညစာစားချိန်မှာ လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့လေတော့သည်။ လင်းစစ်ကျားသည် ပန်းကန်များအား သိမ်းဆည်းလျှက် မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။ ရဲ့ရှင်းချန်သည် သူ၏ စိတ်အာရုံအား အသုံးပြု၍ နေရာလွတ် ထဲတွင် စတင်၍ ရှာဖွေ နေလိုက်တော့သည်။
သူမတွင် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက် ရှိသော်လည်း သူမ မည်သည့် အရွယ်အစား ဝတ်ဆင်သည်အား ရဲ့ရှင်းချန် မခန့်မှန်းတတ်ချေ။ ထို့ကြောင့် သူသည် နေရာလွတ် ထဲမှ အမျိုးသမီး ညအိပ်ဝတ်စုံ အထည် နှစ်ဆယ် နှင့်တကွ၊ ဘောင်းဘီတို ဘောင်းဘီပွနှင့် အားကစားဘောင်းဘီ အမျိုးအစား စုံလင်စွာအား ရိုးရှင်းစွာပင် ထုတ်ယူ လိုက်တော့သည်။
သူသည် အနက်ရောင် အဖြူရောင် ပန်းရောင် ဇာသား အစင်းကျား စသည့် အမျိုးသမီး အတွင်းခံ အမျိုးအစား စုံလင်စွာကို အများအပြား ထုတ်ယူလိုက်သည်။ ဘရာယာများအတွက်မူ....
"ကျားကျား မင်းရဲ့ ရင်သားအရွယ်အစားက ဘယ်လောက်လဲ"
ရဲ့ရှင်းချန်သည် ခေါင်းမော့လျှက် မီးဖိုချောင်ထဲရှိ လင်းစစ်ကျားအား လှမ်းအော် မေးလိုက်တော့သည်။ သူမသည် သူ့အား ကျောပေးလျက် ပန်းကန်ဆေးစက်ထဲသို့ ပန်းကန်များနှင့် တူများအား ထည့်သွင်းနေခြင်း ဖြစ်သည်။ သူမသည် အတန်ကြာမျှ ရပ်တန့် သွားပြီး နောက်မှ စကားပြန် ပြောလိုက်သည်။
"၃၄ ဒီ ပါ"
သူတို့နှစ်ဦးစလုံး၏ မျက်နှာများမှာ မီးဟုန်းဟုန်း တောက်မတတ် ပူထူသွားကြ ကုန်တော့သည်။ ရဲ့ရှင်းချန်သည် ဒီဇိုင်း အမျိုးမျိုးရှိသော အတွင်းခံများအား ထုတ်ယူလိုက်ကာ ထိုင်ခုံပေါ်တွင် တင်ထားပေးလိုက်သည်။
ထို့နောက်တွင် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်များ ယခင်က ရဲ့ရှင်းချန်တွင် ချစ်သူရည်းစား သိပ်များများစားစား မရှိခဲ့ဖူးချေ။ သူ၏ နေရာလွတ် ထဲတွင် ပစ္စည်းများအား သိမ်းဆည်းခဲ့စဉ်တွင် ဤအရအား တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသုံးပြုရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့မိချေ။
ကံကောင်းထောက်မစွာဖြင့် သူ အပြင်သို့ သွားခဲ့ပြီးပြီ ဖြစ်သည်။ သူသွားခဲ့သော စူပါမားကတ်တွင် ထိုပစ္စည်းများ တော်တော်များများ ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုစူပါမားကတ်၏ ဂိုဒေါင်ထဲတွင်ပင် တော်တော်များများ ရှိနေသေးသည်။
မည်သည့်အမျိုးအစားကို သုံးရမည်မှန်း မသိသဖြင့် ရဲ့ရှင်းချန်သည် တစ်မျိုးလျှင် အထုပ်နှစ်ထုပ်စီ ထုတ်ယူလျှက် လင်းစစ်ကျား၏ အဝတ်အစားများနှင့်အတူ ရောနှော ထားလိုက်တော့သည်။
"ဒီမှာ အားလုံး ထားခဲ့တယ်နော် ရှောင်ဟေးကိုလည်း မင်းနဲ့အတူ ထားခဲ့မယ် ကိုယ် အပေါ်ထပ်ကို အရင် တက်သွားနှင့်တော့မယ်"
ယနေ့တွင် ရဲ့ရှင်းချန်သည် အခန်းထဲသို့ ထူးခြားစွာ စောစောစီးစီး ပြန်သွားခဲ့သည်။ လင်းစစ်ကျားမှာ မျက်နှာလေး ရဲတွတ်နေခဲ့ကာ သူ့အား ဆက်နေရန် မတားရဲခဲ့ပေ။
သူ ချွေးများထွက်နေခဲ့ကာ အပြင်သွားခဲ့စဉ်တွင် ထွက်ခဲ့သော ချွေးများမှာ ခြောက်သွေ့သွားခဲ့ပြီ ဖြစ်သည်။ ယခု ပြန်ရောက် လာချိန်တွင်လည်း သူသည် ထပ်မံ၍ ချွေးထွက်နေပြန်လေသည်။ အစာစား ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်မှာ စေးကပ်နေခဲ့ကာ သက်တောင့်သက်သာ မရှိလှပေ။
ရဲ့ရှင်းချန်သည် ရေချိုးကန်ထဲတွင် လှဲလျောင်းနေရင်း နောင် အနာဂတ်တွင် မည်သို့လုပ်ရမည်ကို စတင် စဉ်းစားနေမိတော့သည်။ ဤသည်မှာ ကပ်ဘေးကြီး၏ အစပိုင်းမျှသာ ရှိသေးသည်။ အပြင်သို့ ထွက်ခဲ့သော ပထမဆုံးနေ့တွင်ပင် သူ အမှန်တကယ် ဒဏ်ရာရရှိကာ ပြန်လာခဲ့ရခြင်း ဖြစ်သည်။
ဤဒဏ်ရာမှာ အသက်အန္တရာယ် မစိုးရိမ်ရသည့် အပြင် သိပ်လည်း မပြင်းထန်လှချေ။ သာမန် ပွန်းပဲ့ဒဏ်ရာလေးသာ ဖြစ်သော်လည်း ယင်းမှာ သူ၏ လျင်မြန်သော တုံ့ပြန်မှုနှင့် ကျည်ကာအင်္ကျီ အချို့ကြောင့်သာလျှင် ဖြစ်ပေသည်။
ထို့အပြင် သူ အပြင်သို့ ခဏလေး ထွက်သွားရုံဖြင့် နှင်းလျှောစီးပြား တစ်ခု ကျိုးပဲ့သွားခဲ့ရလေသည်။ ၎င်းမှာ ကြီးမားလှသော ဆုံးရှုံးမှုကြီး တစ်ခုပင် ဖြစ်သည်။
တစ်ညတည်းနှင့် အပြင်သို့ နှစ်ခေါက် ထွက်ခဲ့ပြီးနောက် ရဲ့ရှင်းချန် အလွန်အမင်း ပင်ပန်း နွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ သူသည် နေရာလွတ် ထဲမှ ပြန်လည် သယ်ဆောင်လာသည့် ပစ္စည်းများကိုပင် ခွဲခြားစီစစ်ချိန် မရလိုက်ဘဲ အိပ်မောကျ သွားတော့သည်။ ထိုညသည် အိပ်မက်ကင်းမဲ့သော ညတစ်ည ဖြစ်ခဲ့လေသည်။
မနက်ခင်း အိပ်ရာမှ နိုးထလာပြီးနောက် အောက်ထပ်သို့ ဆင်းလာသောအခါ လင်းစစ်ကျားသည် နံနက်စာ ပြင်ဆင်နေဆဲ ရှိသေးသည်။ အငွေ့ တထောင်းထောင်း ထနေသော ဖက်ထုပ်ဟင်းချို နှစ်ပန်းကန်နှင့် ကြာဆံကြော် တစ်ပန်းကန်တို့အား တွေ့လိုက်ရလေသည်။
"ကျွန်မတို့ နောက်ကျရင် သူတို့ကို ထောက်ပံ့ရေး ပစ္စည်းတွေ သွားဝေကြမှာလားဟင်”
လင်းစစ်ကျား၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်အဝ ဖုံးလွှမ်းနေခဲ့သည်။ သူမသည် နိုးနိုးချင်း ရဲ့ရှင်းချန် အပြင်သို့ ထပ်မံ၍ ထွက်သွားမည်ကိုလည်း စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
"မလောပါနဲ့ သူတို့ လာမယ့်အချိန်ကို ကိုယ်တို့ စောင့်ကြတာပေါ့"
ရဲ့ရှင်းချန် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ မနေ့ညတွ၍် သူ အကြိမ် အနည်းငယ် သွားလိုက် ပြန်လိုက် လုပ်နေခဲ့စဉ်တွင် အဖွဲ့စကားပြောခန်း အတွင်း၌ အလွန် စည်ကားနေခဲ့ခြင်း ဖြစ်သည်။ လူတိုင်းသည် သူတို့အတွက် ပစ္စည်းများ ပိုမို ရရှိနိုင်စေရန် အတွက် ရဲ့ရှင်းချန်မှ နောက်ထပ် အကြိမ် အနည်းငယ် သွားလိုက် ပြန်လိုက် လုပ်ပေးမည့်အချိန်ကို စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်သည်။
ရဲ့ရှင်းချန် အပြင်သို့ နှစ်ခေါက်သာ ထွက်ခဲ့ပြီး နောက်ထပ် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ကြောင်း ကြားသိရပြီး နောက်မှသာလျှင် လူတိုင်းသည် စိတ်မပါ့တပါဖြင့် အိပ်ရာဝင်သွားကြခြင်း ဖြစ်သည်။
အိမ်နီးချင်းများသာ စောင့်မျှော်နေကြခြင်း မဟုတ်ပေ။ ကျန့်ဟွာချမ်းနှင့် သူ၏ အပေါင်းအပါများသည်ပင်လျှင် ရဲ့ရှင်းချန်၏ နှင်းလျှောစီးဆိုင်ကယ် အသံအား အဝေးမှနေ၍ ကြားနေခဲ့ရခြင်း ဖြစ်သည်။
အပြင်ဘက်တွင် တိတ်ဆိတ် ငြိမ်သက်နေပြီး လမ်းမများပေါ်တွင်လည်း လူသူကင်းမဲ့နေကာ ထူထဲလှသော နှင်းအလွှာကြီးများ ဖုံးလွှမ်းနေခဲ့သည်။ မည်သည့်အသံမဆို အဆမတန် ကျယ်လောင်စွာ ထွက်ပေါ်လာမည်သာ ဖြစ်လေသည်။
သူတို့ အချင်းချင်း စကားပြောဆိုနေကြစဉ် ကျန့်ဟွာချမ်းသည်လည်း သူကြားခဲ့ရသော ကျယ်လောင်သည့် ဆူညံသံမှာ အမှန်တကယ်ပင် သူ၏ ညီအစ်ကို အချို့အား သတ်ဖြတ်ခဲ့သော ရဲ့ရှင်းချန်ထံမှ ဖြစ်ကြောင်း သိရှိသွားခဲ့ရတော့သည်။
"မင်း ပြောတာ သူ အစားအသောက်တွေ သယ်လာတယ်ဆိုတာ ဟုတ်လား သေချာ မြင်လိုက်ရတာ သေချာရဲ့လား"
"ငါ သေချာကို မြင်လိုက်ရတာ သူ အပြင်ကို နှစ်ခေါက်တောင် ထွက်သွားတာဆိုတော့ ပစ္စည်းတွေ အများကြီး သယ်လာလောက်တယ်"
တစ်ဖက်လူမှ ပေးပို့လာသော ဗီဒီယိုအား ကျန့်ဟွာချမ်း ကြည့်လိုက်မိသည်။ မြင်ကွင်းမှာ မှုန်မှိုင်းနေခဲ့လေသည်။ ပြတင်းပေါက်ရှေ့မှ ဖြတ်ပြေး သွားသော သူမှာ နှင်းလျှောစီးဆိုင်ကယ်အား မောင်းနှင်နေသည့် ရဲ့ရှင်းချန် ကိုယ်တိုင်ပင် ဖြစ်နေလေသည်။
သူ၏ အနောက်တွင်ရှိသည့် လူအချို့သည်လည်း ပြုံတိုးလာကြကာ သေးငယ်သော ဖန်သားပြင်ပေါ်ရှိ ဖျတ်ခနဲ ဖြတ်ပြေးသွားသော အရာအား စိုက်ကြည့်နေကြကုန်လေသည်။
"ဒါ ဒါကို ငါ အရင်က မြင်ဖူးတယ် ငါ့ဇာတိမှာ တစ်ယောက်ယောက် မောင်းနေတာ ငါ မြင်ဖူးတယ်ကွ"
"သူ့ဆီမှာ ဘာလို့ ဒီအရာ ရှိနေရတာလဲ ငါထင်တာတော့ အဲဒါကို မော်တော်ဆိုင်ကယ်လို့ ခေါ်တာ ထင်တယ်"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် နှင်းလျှောစီးဆိုင်ကယ်တွေလေ ဒါပေမဲ့ ဒီနေရာက တောင်ပိုင်း မဟုတ်ဘူးလား တော်တော်လေး ရှားပါးတာပဲဟေ့"
"ဒီပစ္စည်းက မြောက်ပိုင်းမှာပဲ ရှိမယ်လို့ ငါ ထင်ထားခဲ့တာ"
ကျန့်ဟွာချမ်း၏ အလုပ်သမားများသည် နေရာဒေသ အနှံ့အပြားမှ လာရောက်ကြ သူများ ဖြစ်ကြကာ မြောက်ပိုင်းမှ လာသူများလည်း ရှိနေသည်မှာ အသေအချာပင် ဖြစ်ပေသည်။
"ဒီပစ္စည်းက နှင်းထဲမှာ ပြေးနိုင်တယ် တော်တော်လေး အသုံးဝင်တယ်ကွ"
"တကယ်လား ဒီလိုပစ္စည်းမျိုး ရှိတယ်ပေါ့လေ ငါ မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ"
ကျန့်ဟွာချမ်းသည် အသားတစ်ဖတ်အား ကိုက်ဖြတ်လိုက်ရင်း ပြောလိုက်လေသည်။
"ဘယ်သူက ဂရုစိုက်နေမှာလဲ ငါ ဒီ နှင်းလျှောစီးဆိုင်ကယ်ကို လိုချင်တယ် ငါတို့ဆီမှာသာ ဒီဆိုင်ကယ် ရှိရင် ဒီ ချဉ်စော်နံနေတဲ့ အသားတွေကို ဒီမှာ ထိုင်စားနေစရာ လိုသေးလို့လား ငါတို့ နောက်ပိုင်း ကောင်းကောင်းမွန်မွန် စားရလိမ့်မယ်"
သူတို့သည် ဒုက္ခများစွာကို ခံစားခဲ့ကြရခြင်း ဖြစ်သည်။ ပထမပိုင်းတွင် ဤ ယာယီနေအိမ်၌ ပိတ်မိနေစဉ်တွင် သူတို့၌ စားစရာ များများစားစား မရှိခဲ့ကြချေ။ ဝတ်ဆင်စရာ အဝတ်အစားများပင် များများစားစား မရှိခဲ့ကြချေ။
အကြောင်းရင်းမှာ သူတို့၏ ညီအစ်ကိုများသည် အသက်မရှင်နိုင်ဘဲ တစ်ယောက်ပြီး တစ်ယောက် အေးခဲ သေဆုံး သွားခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့နောက်မှသာ သူတို့သည် သေဆုံးသွားကြသော လူများထံမှ အဝတ်အစားများအား ချွတ်ယူလိုက်ကာ ဝတ်ဆင်ခဲ့ကြရခြင်း ဖြစ်သည်။
ထိုအချိန်တွင် ကုန်ဈေးနှုန်းများမှာ မိုးထိအောင် မြင့်တက်နေခဲ့ပြီ ြဖစ်သည်။ သူတို့သည် တစ်ရက်လျှင် ယွမ်ငွေ အနည်းငယ်မျှဖြင့် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြရသည်။ ခေါက်ဆွဲခြောက် တစ်ထုပ်နှင့် လဲလှယ်ရန် အတွက် တစ်လ နှစ်လခန့် ပင်ပန်းဆင်းရဲစွာ ရှာဖွေထားသော ငွေများအား သူတို့ မသုံးရက်ခဲ့ကြချေ။
ဤအဆောက်အအုံသည် အဆောက်အအုံသစ် တစ်ခု ဖြစ်သည်။ အဆောက်အအုံမှာ အလုံးစုံ တည်ဆောက် ပြီးစီးခြင်း မရှိသေးပေ။ အိမ်ငှားများ ရှိရန်ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်လေသည်။
နောက်ဆုံးတွင် သူတို့သည် အလွန်အမင်း ဆာလောင်လာသဖြင့် ဆက်လက် မခံနိုင်ကြတော့ချေ။ ထို့ကြောင့် အေးခဲ သေဆုံးသွားကြသော သူတို့၏ ညီအစ်ကိုများကိုသာ စားသုံးရန် အကြံရခဲ့ကြကာ ထိုနည်းဖြင့်ပင် အသက်ရှင် ကျန်ရစ်ခဲ့ကြခြင်း ဖြစ်သည်။
တစ်ခုရှိလျှင် နှစ်ခုဆိုတာ ရှိလာစမြဲပင် ဖြစ်ချေသည်။ သူတို့သည် လူသားကိုပင် စားခဲ့ကြဖူးပြီ ဖြစ်ရာ သဘာဝကျကျပင် အတင့်ရဲ လာကြလေတော့သည်။
လူသားကိုပင် စားခဲ့ဖူးလေပြီ ဖြစ်ရာ လုယက်ရန် ဆိုသည်မှာ မည်မျှ ခက်ခဲတော့မည်နည်း။ အဆိုးဆုံးအနေဖြင့် ထိုလူများမှ စကား နားမထောင်လျှင် သတ်၍ စားပစ်လိုက်ရုံပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နှင်းမုန်တိုင်းကြီးသည် အချိန် အတော်ကြာအောင် ကျဆင်း နေခဲ့သော်လည်း ရပ်တန့်သွားမည့် အရိပ်အယောင် လုံးဝ မပြသေးချေ။ ထို့ကြောင့် သူတို့သည် ပတ်ဝန်းကျင်ရှိ လူနေရပ်ကွက်များအား စတင် တိုက်ခိုက်ခဲ့ကြတော့သည်။ ရဲ့ရှင်းချန်တို့၏ အိမ်ရာဝင်းသည် သူတို့ တိုက်ခိုက်ခဲ့သော ဒုတိယမြောက် အိမ်ရာဝင်း ဖြစ်လေသည်။