← Chapters

လူကောင်းတစ်ယောက်

Vol. 6 Ch. 76

လူကောင်းတစ်ယောက်

Vol. 6 Ch. 76

ပထမဆုံး လူနေရပ်ကွက်တွင် ခန္ဓာကိုယ် အားနည်းသော ဆရာ ဆရာမများနှင့် ကျောင်းသားများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။ ကျန့်ဟွာချမ်းနှင့် သူ၏ အပေါင်းအပါများသည် ပထမဆုံး ရပ်ကွက်အား အလွယ်တကူပင် သိမ်းပိုက် နိုင်ခဲ့ကြလေသည်။ သူတို့သည် သတ်ဖြတ်ခြင်း သို့မဟုတ် လုယက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသေးသည်။

အစားအသောက်များအား အမြောက်အမြား လုယက် နိုင်ခဲ့ကြသော်လည်း ယင်းတို့ထဲတွင် အသားဟူ၍ လုံးဝနီးပါး မပါဝင်ခဲ့ချေ။ ကျန့်ဟွာချမ်းနှင့် သူ၏ အပေါင်းအပါများသည် နေ့စဉ်ရက်ဆက် လုယက်ရန် ထွက်နေကြသဖြင့် ခန္ဓာကိုယ် ခွန်အားများကို အများအပြား အသုံးပြုနေရခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ချဉ်စော်နံနေသော အသားများအား သူတို့၏ နေ့စဉ် အစားအစာ ထဲသို့ နေ့စဉ် ရောနှော စားသောက်ခဲ့ကြရလေသည်။

အစပိုင်းတွင် သူတို့သည် စိတ်ပိုင်းဆိုင်ရာအရ ၎င်းအား လက်မခံနိုင်ခဲ့ကြသည့်တိုင် အများအပြား စားသောက် ပြီးသွားကြသောအခါ ထုံပေပေ ဖြစ်သွားခဲ့ကြကာ တဖြည်းဖြည်းနှင့်ပင် အသားကျ သွားကြလေတော့သည်။ သာမန် အသား၏ အရသာမှာ မည်သို့ရှိသည်ကိုပင် တစ်ခဏမျှ သူတို့ မမှတ်မိနိုင်ကြတော့ချေ။

သူတို့၏ နေ့စဉ် အစားအသောက် အတွက် ပြဿနာ မရှိသော်လည်း ပိုမိုကောင်းမွန်သော ဘဝတစ်ခုအား ရရှိရန် အတွက် မည်သူက ဆန္ဒမရှိဘဲ နေလိမ့်မည်နည်း။

ကျန့်ဟွာချမ်းသည် သူ၏ ဖုန်းအား ထုတ်ယူလျှက် နောက်ထပ် စာတိုတစ်စောင် ပေးပို့လိုက်တော့သည်။

"မနက်ဖြန် အခြေအနေကို သွားကြည့်ပြီး ငါ့ကို အသိပေး ငါ့အတွက် ဗီဒီယိုပါ ရိုက်ခဲ့ မင်းပြောတာသာ အမှန်ဆိုရင် မင်း ငါတို့အဖွဲ့ထဲ ဝင်ဖို့ ငါ သဘောတူမယ်"

တစ်ဖက်လူမှ 'ကောင်းပါပြီ' ဟု အတိုချုံး၍သာ ပြန်လည် ဖြေကြားခဲ့သည်။

နံနက်စောစောအချိန်တွင် အဖွဲ့လိုက် စကားပြောခန်း ထဲရှိ လူများသည် မနေနိုင်မထိုင်နိုင် ဖြစ်လာခဲ့ကြကာ ရဲ့ရှင်းချန်အား စတင် တက်ခ် တွဲ၍ ခေါ်ကြလေတော့သည်။

"ရှောင်ရဲ့ မင်း မနေ့က အပြင်ထွက် သွားတယ်မလား ဒဏ်ရာများ ရခဲ့သေးလား အပြင်မှာ မလုံခြုံဘူးလို့ ငါ ကြားတယ်"

"ဟုတ်တယ် မင်း ပြန်လာတဲ့အချိန်ဆို မှောင်နေတော့မှာ သတိထားမှ ဖြစ်မယ်"

"မင်း နှစ်ခေါက်တောင် သွားလိုက်ပြန်လိုက် လုပ်ခဲ့တယ်လို့ ငါတို့ ကြားတယ် မင်း ပစ္စည်းတွေ အများကြီး သယ်လာနိုင်မှာ သေချာတယ် ဟားဟား"

ရဲ့ရှင်းချန်သည် ဟင်းချိုတစ်ဇွန်းအား ခပ်၍ သောက်လိုက်လေသည်။ သူသည် ခွန်အားများ ပိုမို ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရလေသည်။ ထို့နောက် ဖုန်းအား ထုတ်ယူလိုက်ကာ စာတိုများအား တစ်စောင်ပြီးတစ်စောင် ဖတ်ရှုလိုက်လေတော့သည်။ သီးသန့် ပေးပို့ထားသော စာတိုများလည်း အများအပြား ရှိနေသေးသည်။

ရဲ့ရှင်းချန် အောက်သို့ ဆွဲချလိုက်လေရာ ကျောက်ဟောင်၏ သီးသန့် ပေးပို့ထားသော စာတိုအား မြင်လိုက်ရတော့သည်။

"အပြင်မှာ မအေးချမ်းဘူး ညီလေးရဲ့ နောက်နောင် မင်း အပြင်ထွက်ချင်ရင် မနက်ပိုင်းပဲ ထွက်သင့်တယ် အနည်းဆုံးတော့ အလင်းရောင် ရှိတယ်လေ အမှောင်ထဲမှာတော့ မင်းကို အပြင်မထွက်စေချင်ဘူး မင်းကို အလွယ်တကူ လုပ်ကြံခံရနိုင်တယ်"

"ညီလေးရဲ့ မင်း ပြန်ရောက်နေပြီမလား အဆင်ပြေရဲ့လား လုံခြုံရဲ့လား ဒဏ်ရာရခဲ့သေးလား"

"ညီလေးရဲ့ မင်း ဘာလို့ ထပ်ထွက်သွားရတာလဲ ပစ္စည်းတချို့ ယူလာရုံနဲ့တင် လုံလောက်နေပါပြီ ညနက်သန်းခေါင်ကြီး အပြင်ထွက်တာ အရမ်း အန္တရာယ်များတယ်"

"မင်း ပြန်လာတာ ငါ ကြားလိုက်သလိုပဲ မင်းကို ငါ ကူညီပေးရမယ့် အရာတွေ ရှိလား အကူအညီလိုရင် ငါ့ကိုသာ ခေါ်လိုက်ပါ"

ဖန်သားပြင် အပြည့်ရှိနေသော ကျောက်ဟောင်၏ စာများအား ကြည့်ရင်း ရဲ့ရှင်းချန်၏ နှလုံးသားထဲတွင် နွေးထွေးသော လှိုင်းလုံးလေး တစ်ခု စီးဆင်းသွားသလို ခံစားလိုက်ရသည်။

"မနေ့ညက ကျွန်တော် အရမ်းပင်ပန်းနေလို့ ဖုန်းကို မကြည့်ဖြစ်လိုက်ဘူး အိမ်ပြန် ရောက်ရောက်ချင်း ရေချိုးပြီး ညစာစားပြီးတာနဲ့ အိပ်ရာဝင်သွားခဲ့တာ"

"အစ်ကို့ရဲ့ အကူအညီကို ကျွန်တော် လိုနေတယ် အခု အစ်ကို အဆင်ပြေရဲ့လား သူတို့ကို ကျွန်တော့်ဆီမှာ ထောက်ပံ့ရေးပစ္စည်းတွေ လာယူဖို့ အစ်ကို ပြောပေးလို့ရမလား"

"အစ်ကိုကျောက် အစ်ကိုကော ဘာတွေ လိုအပ်လဲ ဒီမှာ ရှိမရှိ ကျွန်တော် ရှာကြည့်ပေးမယ်"

တစ်ဖက်တွင်မူ ရဲ့ရှင်းချန်ထံမှ တစ်ညလုံး အကြောင်းပြန်စာ မရရှိသဖြင့် စိုးရိမ်ပူပန်နေသော ကျောက်ဟောင်သည် ရဲ့ရှင်းချန်ထံမှ စာတိုအား ရရှိလိုက်လေသည်။

"အားတယ် ငါ အားတယ် အခုချက်ချင်းလား ငါ အခုချက်ချင်း လာခဲ့မယ်"

သူ၏ ရင်ထဲရှိ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီး ကျဆင်း သွားလေတော့သည်။ ကျောက်ဟောင်သည် အေးခဲနေသော ပေါက်စီတစ်လုံးအား ပါးစပ်ထဲသို့ အမြန်ထိုးထည့်လိုက်ကာ ရဲ့ရှင်းချန်၏ အိမ်ဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့တော့သည်။

တံခါးဆီသို့ အပြေးအလွှား သွားပြီးနောက် ရဲ့ရှင်းချန်သည် အဝတ်အစားလဲရန် အောက်ထပ်သို့ ဖြည်းညင်းစွာ ဆင်းလာခဲ့ကာ အိမ်ထဲမှ ထွက်လာခဲ့လေသည်။ သူသည် အမွေးပွအင်္ကျီအချို့ ဝါဂွမ်းအင်္ကျီများ လက်အိတ်များ ဆိုင်ကယ်စီး ဦးထုပ်များနှင့် နှာခေါင်းစည်းများအား လင်းစစ်ကျားထံသို့ ပစ်ပေးလိုက်တော့သည်။

သူမ ဝတ်ဆင်ရန်အတွက် ကျည်ကာအင်္ကျီတစ်ထည်နှင့် ဓားထိုးခံ အင်္ကျီတစ်ထည်ကိုပင် လင်းစစ်ကျားအား ပေးလိုက်သေးသည်။ သူတို့နှစ်ဦး အဝတ်အစားများ အပြည့်အစုံ ဝတ်ဆင်ပြီး သွားကြသောအခါ ရဲ့ရှင်းချန်သည် နေရာလွတ် အတွင်းမှ ဂုန်နီအိတ်ကြီး နှစ်အိတ်အား ထုတ်ယူလိုက်ကာ ဝင်ပေါက်တွင် ချထားလိုက်တော့သည်။ ထို့နောက်မှသာ တံခါးအားဖွင့်၍ ထိုဂုန်နီအိတ်များကို အပြင်သို့ ဆွဲထုတ်လာခဲ့သည်။

တံခါးမှာ စက္ကန့် အနည်းငယ်မျှသာ ပွင့်လိုက် ပိတ်လိုက် ဖြစ်သွားသော်လည်း သူ့အား ဆီးကြိုနေသော နွေးထွေးမှုကြောင့် ကျောက်ဟောင်မှာ ကြက်သေသေ သွားခဲ့ရသည်။ သူ့အား ပို၍ အံ့သြသွားစေသည်မှာ ရဲ့ရှင်းချန် ဆွဲထုတ်လာသော ဂုန်နီအိတ်ကြီး နှစ်အိတ်ပင် ဖြစ်ချေသည်။

"ညီလေးရဲ့ မင်း မင်း တကယ်ပဲ ဒီလောက်ပစ္စည်းတွေ အများကြီး ရှာတွေ့ခဲ့တာလား"

ရဲ့ရှင်းချန်၏ ခြေရင်းတွင် ပေါ့ပေါ့ပါးပါး ချထားလိုက်သော ဂုန်နီအိတ် နှစ်အိတ်အား ကြည့်ရင်း ကျောက်ဟောင်၏ မျက်လုံးများတွင် အံ့သြမှုများနှင့် မယုံကြည်နိုင်မှုများ အပြည့်အဝ ဖုံးလွှမ်းသွားခဲ့တော့သည်။

ကျန်းရီ၏ အိမ်မှ ထောက်ပံ့ရေးပစ္စည်း အမြောက်အမြားအား သူ ယူဆောင်လာခဲ့ပြီး ဖြစ်သော်လည်း ၎င်းမှာ ရဲ့ရှင်းချန် နှစ်ခေါက်သွား၍ သယ်လာသော ပစ္စည်းများလောက် မများပြားချေ။ ထို့ပြင် သူသည် နာရီ အနည်းငယ်မျှသာ သွားလိုက်ပြန်လိုက် လုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အပြင်ဘက်တွင် နှင်းများ ကျဆင်းနေခဲ့သည်။ အကယ်၍ အခြား တစ်ယောက်ယောက်သာ အပြင်ထွက်ခဲ့မည်ဆိုလျှင် ပစ္စည်းများ အမြောက်အမြား သယ်လာရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။ တစ်ညလုံး လမ်းလျှောက်ခဲ့ကြလျှင်ပင် နေရာအား ရှာတွေ့ကာ အောင်မြင်စွာ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။

ရဲ့ရှင်းချန်သည် သူ၏ ခါးအား ကိုင်ထားဟန် ဆောင်လိုက်သည်။

"အပြင်မှာ ထောက်ပံ့ရေးပစ္စည်းတွေ ရှာရတာ တကယ်ကို ခက်ခဲတယ် ကျွန်တော် အပြင်ထွက်ထွက်ချင်း အနီးအနားမှာရှိတဲ့ စူပါမားကတ်တွေ ကုန်တိုက်တွေကို အပြေးအလွှား သွားခဲ့တယ် နောက်ဆုံးတော့ အထဲက ပစ္စည်းတွေ အားလုံး လုယက်ခံထားရတာ ကြာပြီ ဖြစ်နေတယ်"

"ဒါပေမဲ့ ကျွန်တော် လက်မလျှော့ခဲ့ပါဘူး အစ်ကိုတို့ ကျွန်တော့်ကို အိမ်မှာ စောင့်နေကြတယ်ဆိုတာ ကျွန်တော် သိနေခဲ့တယ်လေ လူတိုင်း ဗိုက်ဝဝ စားရအောင်လို့ ကျွန်တော် ထပ်ပြီး ထွက်ရှာခဲ့တယ်"

ရဲ့ရှင်းချန် ဖွဖွလေး ချောင်းဆိုးလိုက်လေရာ သူ၏ အသံမှာ ချက်ချင်းပင် အလွန်တရာ အားနည်းသွားတော့သည်။

"အဲဒီနောက်မှာ ကျွန်တော် နှင်းလျှောစီး ဆိုင်ကယ်ကို မောင်းပြီး လမ်းတွေ လမ်းကြားတွေ အများကြီးထဲမှာ လိုက်ရှာပြီးတော့မှ ဒီ ထောက်ပံ့ရေး ပစ္စည်းတွေကို နောက်ဆုံး စုဆောင်းနိုင်ခဲ့တာပါ"

"ကျွန်တော်သာ မြန်မြန် မပြေးနိုင်ခဲ့ရင် ကျွန်တော့် အသက်တောင် ပါသွားနိုင်တယ်။"

"ကျွန်တော့်ရဲ့ နှင်းလျှောစီးဆိုင်ကယ်က မျက်စိကျစရာ အရမ်း ကောင်းနေလို့လားတော့ မသိဘူး လူတစ်ယောက်က ကျွန်တော့် ဆိုင်ကယ်ကို လာလုဖို့ တကယ်ကို ကြိုးစားခဲ့တယ် လူတိုင်းအတွက် ကျွန်တော် ပင်ပင်ပန်းပန်း သယ်လာရတဲ့ အစားအသောက်တွေကိုပါ သူတို့က လုချင်နေခဲ့ကြတာ"

"ကံကောင်းလို့ ကျွန်တော် မြန်မြန် ပြေးနိုင်ခဲ့တာပေါ့ တစ်ဖက်လူရဲ့ ကျည်ဆန်က ကျွန်တော့်ရဲ့ ခြေသလုံးကိုပဲ ထိသွားတာလေ ကံကောင်းတာက ကျွန်တော့် ဒဏ်ရာကို ကုသပေးဖို့ ကျားကျား ရှိနေခဲ့လို့ပဲ ဒါမှမဟုတ်ရင် ဘာလုပ်ရမှန်းတောင် ကျွန်တော် သိမှာမဟုတ်ဘူး"

ရဲ့ရှင်းချန်၏ စကားများအား လင်းစစ်ကျား ကြားလိုက်ရချိန်တွင် သူမသည် အံ့သြတကြီးဖြင့် လှမ်းကြည့် လိုက်မိသည်။ နှာခေါင်းစည်း အောက်တွင် ကွယ်ဝှက်နေသည့် သူမ၏ မျက်လုံးများသည် ရဲ့ရှင်းချန်အား တိတ်တဆိတ် အကဲခတ် ကြည့်ရှုလိုက်လေသည်။ သူ၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ မှားယွင်းနေခြင်း မရှိကြောင်း သေချာသွား ပြီးနောက်မှသာ သူမသည် သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။

ရဲ့ရှင်းချန်သည် အိတ်ကြီး နှစ်အိတ်ကို ကျောက်ဟောင်ထံသို့ ကမ်းပေးလိုက်ပြီးနောက် အနောက်ဘက်သို့ ခြေဆွဲကာ ဆုတ်လိုက်လေသည်။ သူသည် ဖုန်းအား ထုတ်ယူလိုက်ပြီး အဖွဲ့ထဲရှိ လူတိုင်းအား ထောက်ပံ့ရေးပစ္စည်းများ လာရောက် ယူဆောင်ကြရန် ခေါ်လိုက်တော့သည်။

ရဲ့ရှင်းချန်၏ စကားများအား ကျောက်ဟောင် ကြားလိုက်ရသောအခါ သူ၏ ရင်ထဲတွင် ပိုမို၍ ကျေးဇူးတင်မဆုံး ဖြစ်လာခဲ့ရတော့သည်။ ရဲ့ရှင်းချန်အား သူ ကြည့်နေသော အကြည့်များတွင်ပင် မျက်ရည်များ ပြည့်လျှံနေခဲ့သည်။

ရဲ့ရှင်းချန်သည် အမှန်ပင် ကြီးမြတ်လှသည်ဟု သူ ခံစားလိုက်ရတော့သည်။ သူ့အပေါ် ဤမျှ ကောင်းမွန်စွာ ဆက်ဆံပေးနေခြင်းတွင် တစ်စုံတစ်ခုသော ရည်ရွယ်ချက် ရှိနေခဲ့လျှင်တောင်မှ သူသည် ရဲ့ရှင်းချန်အတွက် အလုပ်လုပ်ပေးရန် ဆန္ဒရှိနေခဲ့ပြီ ဖြစ်သည်။

‘ကြည့်စမ်းပါဦး ဘယ်လောက်တောင် ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်လေးလဲ’

ကျောက်ဟောင်သည် သူ့ကိုယ်သူ ပြန်မေးကြည့်လိုက်မိသည်။ အိမ်နီးချင်းများ၏ ထိုသို့ ဆက်ဆံခြင်းအား ခံခဲ့ရပြီးနောက် သူတို့အတွက် ထောက်ပံ့ရေးပစ္စည်းများ ရှာဖွေပေးရန် အသက်အား ပဓာနမထားဘဲ အပြင်ထွက်ခဲ့သော ရဲ့ရှင်းချန်ကဲ့သို့ သူ ဖြစ်နိုင်မည် မဟုတ်ပေ။ ရဲ့ရှင်းချန် ကိုယ်တိုင်မှာ စားဝတ်နေရေး အတွက် ပူပန်စရာ မလိုကြောင်းကိုလည်း လူတိုင်း သိထားသင့်ပေသည်။

"ညီလေးရဲ့ မင်း မင်း ဟူး ငါ တကယ်ကို ဘာပြောရမှန်းတောင် မသိတော့ပါဘူးကွာ"

မျက်စိထောင့်များမှ စီးကျလာသော မျက်ရည်များအား အတတ်နိုင်ဆုံး ထိန်းချုပ်ထားရင်း ကျောက်ဟောင်သည် သူ၏ မျက်တောင်များအား ပုတ်ခတ်ပုတ်ခတ် လုပ်နေလိုက်တော့သည်။

စာပို့ပြီးနောက်တွင် အိမ်နီးချင်းများ အားလုံး တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြလေသည်။ မကြာမီမှာပင် သူတို့အားလုံး ရဲ့ရှင်းချန်၏ တံခါးဝတွင် စုဝေး ရောက်ရှိ နေကြပြီ ဖြစ်သည်။

သူ၏ အိမ်ရှေ့တွင် ကိုယ်အား လုံခြုံစွာ ရစ်ပတ်ထားကြသော လူများအား ရဲ့ရှင်းချန် ကြည့်လိုက်မိသည်။ ထိုအကြည့်များမှာ လောဘရမ္မက် ကြီးမားနေခြင်း သို့မဟုတ် မကောင်းဆိုးဝါး ဆန်နေခြင်းများ ဖြစ်နေကြကာ ကျောက်ဟောင်၏ ဘေးရှိ ဂုန်နီအိတ်ကြီး နှစ်အိတ်ပေါ်သို့ ကျရောက် နေကြတော့သည်။

ထိုအိတ် ၂လုံး အထဲတွင် အစားအသောက်တွေ ရှိရမည် မဟုတ်လား။ ဤမျှလောက် များပြားလှတဲ့ အစားအသောက်များအား သူတို့ မမြင်ဖူးခဲ့ကြတာ အတော်ကြာပြီ ဖြစ်သည်။ ကျန်းရီ၏ အိမ်တွင် ပစ္စည်းများ အမြောက်အမြား သိုလှောင်ထားသည့်တိုင် ဤ ရပ်ကွက် တစ်ခုလုံး၏ လူဦးရေအတွက် မလုံလောက်ခဲ့ပါချေ။

အိမ်ထောင်စုတိုင်းမှ လူများသည် ကျန်းရီ၏ ပစ္စည်းများအား သွားရောက် လုယက်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ အများအပြား လုယက် နိုင်ခဲ့ကြသော်လည်း အလွန်ဆုံးမှ ပလတ်စတစ်အိတ်ကြီး နှစ်အိတ်စာခန့်သာ ရရှိခဲ့ကြလေသည်။

လွန်ခဲ့သော ရက်အနည်းငယ် အတွင်း မိသားစုဝင် များပြားသူများသည် သူတို့ လုယက် လာခဲ့ကြသော အစားအသောက် အများစုအား စားသုံးပြီး သွားကြပြီ ဖြစ်လေသည်။

All Chapters