← Chapters

ဆေးလုံးပင်လယ်၏ ကောင်းကင်ဘုံဆေးလုံး

Vol. 138 Ch. 1902

ဆေးလုံးပင်လယ်၏ ကောင်းကင်ဘုံဆေးလုံး

Vol. 138 Ch. 1902

ထိုအမျိုးသမီးလက်ထဲရှိ သံလိုက်အိမ်မြှောင်သည် ဝေဝါးလာ၏။ သူမက ၎င်းပေါ်သို့ အဆက်မပြတ် ချိပ်ဟန်များ နေရာချနေသည်။ ၎င်းမှာ အချိန် နောက်ပြန်ကာ ဝမ်လင်း အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲပြီး အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူများထဲမှ တစ်ယောက်ကို သိမ်းပိုက်လိုက်သည့် မြင်ကွင်းကို လှစ်ဟပြတော့မည့် ဖြစ်လာ၏။

သည်အခိုက်တွင် ဝမ်လင်း ရှိနေသော ကျင့်ကြံသူအုပ်စုက ထိုအမျိုးသမီးနှင့် ပေတစ်သောင်းလောက် ကွာနေသေး၏။ ဝမ်လင်း ပိုင်စိုးထားသော ကျင့်ကြံသူက ရှေ့သို့ ခြေလှမ်းကာ ကျင့်ကြံသူများကို ကျော်လာ၏။ သူတို့က သူ့ကို တုန်လှုပ်ခြင်း ကြီးစွာ ကြည့်ကုန်၏။ သူက ဒီအုပ်စု၏ ရှေ့ဆုံးမှ ကျင့်ကြံသူနောက် ရောက်လာသည်။

ရှေ့ဆုံးမှ ထိုကျင့်ကြံသူသည် သက်လတ်ပိုင်းအရွယ်ဖြင့် နိဗ္ဗာနလေဟာနယ်အဆင့်ရှိ တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက တစ်ခုခုကို သတိပြုမိဟန်ဖြင့် နောက်လှည့်ကြည့်လိုက်သည်။ ဝမ်လင်း ထိန်းချုပ်ထားသော ကျင့်ကြံသူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းကို လှစ်ဟဖော်ကာ သူ၏နှဖူးထက်မှ ထူးခြားသောအခိုးငွေ့ ထွက်လာပြီး အနှီသက်လတ်ပိုင်းလူ၏ မျက်လုံးများအတွင်းသို့ ဝင်ရောက်သည်။

အဖြစ်အပျက်များသည် မြန်လှ၏။ ထိုသို့ ဖြစ်သွားသည့်အခါ၌ ထိုသက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်သည် တုန်ယင်ကာ ရုန်းကန်မည့် အရိပ်အယောင် ပြသည်။ သို့သော် မကြာမီတွင် ထိုရုန်းကန်မှုက ပျောက်ကွယ်ကာ တည်ငြိမ်မှု အစားထိုးသည်။

သံလိုက်အိမ်မြှောင်ကို ကြည့်နေသော ထိုအမျိုးသမီးက တုန်ယင်သွား၏။ သူမ၏လက်ထဲရှိ သံလိုက်အိမ်မြှောင်သည် အပြင်းအထန် စတင် တုန်ခါလာသည်။ အစောပိုင်းက အဖြစ်အပျက် ပေါ်ထွက်လာတော့မည့် အခိုက်တွင် ဝမ်လင်း ထိန်းချုပ်ထားသော သက်လတ်ပိုင်းလူက ပေတစ်သောင်းအကွာကနေ တဟုန်ထိုး ဦးတည်လာသည်။

“ငါ အနက်ရောင်အရည်စက်တစ်စက်ကို တွေ့ခဲ့တယ်။ ဒါက ဘာလဲဆိုတာတော့ ငါ မသိဘူး…”

သက်လတ်ပိုင်းလူက ပေတစ်ထောင်ကျော် ပျံသန်းလာပြီးနောက် ရှတတအသံဖြင့် လှမ်းပြောသည်။ နေရာတွင် ထိုင်နေသော ကျင့်ကြံသူများက မျက်လုံးဖွင့်လာသည့်အခါ ထိုသက်လတ်ပိုင်းလူက အနက်ရောင်အရည်စက်ကို ထုတ်ယူပြီး ၎င်းကို ရှေ့သို့ ပစ်ပေးလိုက်သည်။

ထိုအနက်ရောင်အရည်စက် ပေါ်လာခိုက်တွင် အားကောင်းသော ရေအနှစ်သာရစွမ်းအား ပေါ်ထွက်လာသည်။ ထိုအမျိုးသမီးက သက်လတ်ပိုင်းလူ၏ အသံကို ကြားသည့်အခါ သူမက မော့ကြည့်လိုက်သဖြင့် အနက်ရောင်အရည်စက်ကို တွေ့မြင်သည်။

သူမ၏မျက်လုံးသူငယ်အိမ်  ရုတ်တရက် ကြုံ့သွားသည်။

“တစ်သောင်းသန့်စင်ခြင်းပျက်စီးခြင်းအရည်စက်…”  ထိုအမျိုးသမီး၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်သွားသည်။

ထိုတုန်လှုပ်သွားသည့်အခိုက်တွင် ဝမ်လင်း ထိန်းချုပ်ထားသော သက်လတ်ပိုင်းလူက နောက်ထပ် ပေထောင်ချီ ပျံသန်းလာခဲ့လေပြီ။ သူက ခုချိန်၌ ထိုအမျိုးသမီးနှင့် ပေထောင်ချီလောက်သာ ကွာတော့သည်။

သို့ပေမည့် သူ ပေတစ်ထောင်အတွင်း ဝင်ရောက်လာရုံ ရှိသေး အလံသုံးခုက လှိုင်းဂယက်များ ထကာ တဝီဝီမြည်ဟည်းသံ ကျယ်လောင်စွာ ထုတ်လွှတ်သည်။ တချိန်တည်းမှာ ထိုအမျိုးသမီးလက်ထဲရှိ သံလိုက်အိမ်မြှောင်ပေါ်၌ မြူအဖြစ် ပြောင်းလဲကာ သက်လတ်ပိုင်းလူ၏ နားထဲ ဝင်ရောက်ခဲ့သော ဝမ်လင်း၏ပုံရိပ်မြင်ကွင်းကို ရှင်းလင်းစွာ ပြသလာသည်။

“ရပ်လိုက်…” ထိုအမျိုးသမီး၏ စိတ်နှလုံးမှာ တုန်ယင်သွားကာ သူမက အလန့်တကြား အော်ဟစ်လိုက်၏။ သူမက နောက်ဆုတ်ရန် ဟန်ပြင်လိုက်သည်။ ကျောက်စိမ်းဖြူမျက်နှာဖြင့် လူငယ်ကလည်း ကြောက်ရွှံ့မှုတို့ ပြည့်သွားသည်။

“အနှစ်သာရ…ပြန့်ကြဲစေ…” ထိုအမျိုးသမီး အော်ဟစ်လိုက်သည့်အခိုက်တွင် ဝမ်လင်း ထိန်းချုပ်ထားသော သက်လတ်ပိုင်းလူက မာန်သွင်းအော်ဟစ်သည်။ သူ၏ခန္ဓာကိုယ်သည် ပျက်စီးကာ အခိုးအငွေ့အမျှင်တန်း ထွက်ပေါ်လာပြီး ဝမ်လင်းအဖြစ်သို့ ပြောင်းလဲသည်။

ဝမ်လင်း ပေါ်လာသည့်အခါ သူ ထိုအမျိုးသမီးထံ တောက်ထုတ်လိုက်သော အနက်ရောင်အရည်က ပေါက်ကွဲသွားသည်။ မင်ကဲ့သို့ အနက်ရောင်အရည်က မြန်ဆန်စွာ ပျံ့နှံ့ပြီး ပေတစ်သောင်းအတွင်းရှိ အရာအားလုံးမှာ နက်မှောင်လာသည်။

ကျင့်ကြံသူရာချီမှာ မည်သို့ ဖြစ်ပျက်သွားသည်ကို သတိပြုမိရုံ ရှိသေး နာကျင်ထိန်လန့်စွာ အော်ဟစ်လိုက်ရ၏။ သူတို့၏ခန္ဓာကိုယ်များသည် မြန်ဆန်စွာ ဆွေးမြေ့ကာ ချက်ခြင်း အနက်ရောင်အရည်အဖြစ်သို့ ပြောင်းလဲကုန်သည်။

ဝမ်လင်းနောက်မှ အစိမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူဒါဇင်ချီအုပ်စုသည်ပင် ထိုအနက်ရောင်အရည်ထံမှ အချိန်မီ မလွတ်မြောက်နိုင်ဘဲ အားလုံး သေဆုံးကုန်၏။

တချိန်တည်းမှာ ဝမ်လင်း၏နောက်မှ ဟိန်းအော်သံ ထွက်ပေါ်လာ၏။ ၎င်း၏ညာလက်ကို ဆုံးရှုံးထားသော ရီစီရုပ်သေးက အလံသုံးခုထံ တိုးဝင်လာချေပြီ။ ရီစီက အလံသုံးခုထဲမှ တစ်ခုကို ဖျက်စီးပစ်၏။ ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။ ထို့နောက် ၎င်းက ကျန်အလံနှစ်ခုထံ ဆက်လက် တိုးဝင်သည်။

အဖြစ်အပျက်အားလုံးမှာ တဒင်္ဂအတွင်းသာ။

ဝ၎င်း်လင်း ရှေ့သို့ ခြေလှမ်းကာ ချက်ခြင်း ပေတစ်ထောင်အကွာသို့ နီးကပ်လာ၏။ ထိုအမျိုးသမီးနှင့်လူငယ်က နောက်သို့ အသည်းအသန် ဆုတ်၏။ ထိုလူငယ်က ဝမ်လင်းကို သိရှိသွားကာ အလန့်တကြား ဖြစ်၏။ ထိုအမျိုးသမီးက သူမ၏လက်ကို သံလိုက်အိမ်မြှောင်ထံ တင်၍ ဒီအဖြစ်အပျက်ကို တခြားသူများထံ တင်ပြရန် ဟန်ပြင်သည်။

ဝမ်လင်းက သူ့ညာလက်ကို ရုတ်တရက်မြှောက်ကာ ထိုနှစ်ယောက်ထံ ညွှန်လိုက်၏။

“ရပ်တန့်ခြင်း…”

စကားတစ်ခွန်းဖြင့်ပင် မရေမတွက်နိုင်သော အမျှင်တန်းများ လောကတွင် ပြည့်လာကာ သူတို့နှစ်ယောက်ကို ဝန်းရံထွေးခြုံသည်။ သူတို့၏ခန္ဓာကိုယ်များ တုန်ယင်ကာ ဝမ်လင်းကြောင့် အလုံးစုံ ရပ်တန့်သွားရတော့သည်။

ထိုလူငယ်၏ ကြောက်ရွှံ့မှုပင် တောင့်တင်သွားပြီး အမျိုးသမီးဖြစ်သူ၏ လက်မှာလည်း သံလိုက်အိမ်မြှောင်နှင့် တစ်လက်မအကွာ လေထဲတွင် တန့်သွားရ၏။

ဝမ်လင်းက ချက်ခြင်း အနားရောက်လာကာ ထိုအမျိုးသမီးထံမှ သံလိုက်အိမ်မြှောင်ကို ယူလိုက်၏။ သူ့လက်ဝါးချက်ကလည်း မည်သည့်သနားညှာတာမှုမျှမရှိဘဲ ထိုအမျိုးသမီး၏နှဖူးထက် ကျရောက်သွားလေသည်။

ထိုအမျိုးသမီး၏ခန္ဓာကိုယ်သည် သွေးမြူအဖြစ်သို့ ပြောင်း၏။ သူမ၏မူလစိတ်ဝိညာဉ်သည်ပင် ခန္ဓာကိုယ်နှင့်အတူ လိုက်ပါ ပျက်စီးသည်။ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ လေပြင်းက သွေးမြူကို လူငယ်ထံ ဦးတည်သွားစေသည်။ ထိုလူငယ်မှာ သွေးမြူ၏ ဝန်းရံခြင်း ခံရပြီး ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်း၏။ သွေးအလင်း တောက်ပသွားသည်။ သွေးဓား ကပ်ပါလာကာ ထိုလူငယ်၏ ဦးခေါင်းကို ဖြတ်တောက်သွားသည်။

ထိုစဉ်မှာပင် ဒုတိယနှင့်တတိယအလံတို့မှာ ရီစီ၏ဘယ်လက်ဖြင့် ဖျက်စီးခြင်း ခံလိုက်ရကာ ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်သည်။

ပေတစ်သောင်းအတွင်းရှိ အနက်ရောင်အရည်က အရူးအမူး ပြန်ကြုံ့ကာ ဝမ်လင်း၏ရှေ့တွင် အနက်ရောင်သွေးစက်အဖြစ်သို့ ပြောင်းလဲ၏။ သူက ၎င်းကို သူ၏ခန္ဓာကိုယ်ထဲ ပြန်ဝါးမြိုလိုက်သည်။

အရာအားလုံး အဆုံးသပ်သွားလေပြီ။ ကျင့်ကြံသူရာချီ သေဆုံးကုန်သည်။ ထိုအမျိုးသမီးနှင့် ကျောက်ဟူသောလူငယ်တို့မှာလည်း သေဆုံးသွားပြီ ဖြစ်၏။ အလံသုံးခုသည်ပင် ဖျက်စီးခံလိုက်ရလေပြီ။

ဝမ်လင်း၏မျက်နှာသည် အနည်းငယ် ဖြူရောသွား၏။ သူက အရာအားလုံးကို မြန်မြန်ဆန်ဆန် လက်စသပ်ချင်ခဲ့၏။ သူက ရီစီရုပ်သေးကို ပြန်သိမ်းကာ ပင်လယ်ထံ ပြန်ပျောက်ကွယ်သွားတော့သည်။

ပင်လယ်ထဲ၌ ဝမ်လင်းက ရှေ့သို့ မြန်မြန်ဆန်ဆန် သွားနေ၏။ သူက သံလိုက်အိမ်မြှောင်ကို ကိုင်ကာ အတွင်းသို့ သူ့နတ်ဘုရားအာရုံအား ပို့လွှတ်လိုက်၏။ သူ၏မျက်လုံးထဲတွင် သွေးစင်းကြောင်းများ ပြည့်လာကာ သူ့အတားအဆီးအနှစ်သာရသည် တရှိန်ထိုး ဝင်ရောက်သည်။ သူက ထိုသံလိုက်အိမ်မြှောင်မှ နတ်ဘုရားအာရုံကို ပယ်ဖျက်ကာ သူ၏ကိုယ်ပိုင် ပြုလုပ်သည်။

တခြားတစ်ယောက်ယောက်သာ ဖြစ်ပါက သူတို့သည် ခုလိုမျိုး လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ဝမ်လင်းက အတားအဆီးအနှစ်သာရကို ပိုင်ဆိုင်သူ ဖြစ်၏။ ထို့ကြောင့် သူက ဤသို့ လုပ်နိုင်ပေသည်။

လက်ထဲရှိ သံလိုက်အိမ်မြှောင်ဖြင့် သူက ဆေးလုံးပင်လယ်အထက်မှ အတားအဆီးကို ထိန်းချုပ်နိုင်သည်။ ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်နေပြီး သူက ဆေးလုံးပင်လယ်တွင် သွားလာပြီး သံလိုက်အိမ်မြှောင်ကို ဂရုတစိုက် ကြည့်သည်။ သူက ဆေးလုံးပင်လယ်အတွင်း၌ အစိမ်းရောင်အစက် သုံးလေးငါးစက်ကို တွေ့မြင်သည်။ ယင်းတို့ထဲမှ တစ်စက်က အလွန်တောက်ပနေ၏။

ကျန်သည့်အစိမ်းရောင်အစက်များကတော့ ဆေးလုံးပင်လယ်အထက်တွင် ရှိနေကြသည်။ ကြည့်ရသည်မှာ လေဟာနယ်တိမ် ဆေးလုံးပင်လယ်ကို သန့်စင်နေချိန်၌ ပင်လယ်အတွင်း နေထိုင်ရခြင်းက မသက်မသာ ဖြစ်တာ သိသာပေသည်။

တလျှံလျှံတောက်ပနေသော အစိမ်းရောင်အစက်ကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာ၏။

“လေဟာနယ်တိမ်…မင်း အလှည့်ပဲ…”  ဝမ်လင်းသည် အတားအဆီးအနှစ်သာရနှင့် ပေါင်းစပ်ကာ ပျောက်ကွယ်သွား၏။ ထို့နောက် သူက ဆေးလုံးပင်လယ်၏ဗဟိုချက်တွင် ပြန်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ် ပြန်ပေါ်လာသည့်အခိုက်၌ သူက သူ့ပတ်လည်ရှိ ပင်လယ်သည် လည်ပတ်နေသည်ကို သတိပြုမိ၏။ ကျယ်လောင်စွာ မြည်ဟည်းသံတို့လည်း ပဲ့တင်ထပ်နေသည်။ သူက သူသည် ပင်လယ်နှင့်အတူ ဆွဲချခံရတော့မည့်ကဲ့သို့ ခံစားမိရသည်။

သံလိုက်အိမ်မြှောင်ကို ကြည့်ကာ ဝမ်လင်းက သူသည် လေဟာနယ်တိမ်နှင့် သိပ်မဝေးတော့သည်ကို တွေ့၏။ ဝမ်လင်းက နစ်မြုပ်ဆွဲချခံနေရသော သူ့ပတ်လည်ရှိ ပင်လယ်ကိုလည်း ကြည့်ရှုလိုက်၏။

“ငါ တာအိုစိတ်ဝိညာဉ်သန်းသုံးဆယ်ကို လက်လွှတ်ဖို့ မလိုတာတောင် ဖြစ်နိုင်တယ်…”

ဝမ်လင်းက စဉ်းစားနေ၏။ သူက ရှေ့သို့ ဆက်မသွားတော့ပေ။ ထိုအစား သူသည် ပင်လယ်ကြမ်းပြင်ထံ နစ်မြုပ်ကာ သူ့ကိုယ်သူ ကွယ်ဝှက်လိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းမှုများ ဆက်တိုက် ဖြစ်ပေါ်နေရင်း ကြောက်မက်ဖွယ်လှိုင်းများ ဆေးလုံးပင်လယ်အနှံ့ ဂယက်ထနေ၏။ ဝဲကတော့ရှစ်ခုသည် အနားစွန်းများ တလျှောက် လှည့်ပတ်နေလျက် ကိုးခုမြောက်ဝဲကတော့ကမူ ဆေးလုံးပင်လယ်၏ ဗဟိုချက်တွင် ရှိလေသည်။

ထိုဝဲကတော့က မြန်သထက်မြန်မြန် လည်ပတ်လာသည်။ မကြာမီ ဝဲကတော့ရှစ်ခုသည် ပင်လယ်ထက် စုဝေးကာ ဗဟိုချက်ရှိ ကိုးခုမြောက်ပင်လယ်နှင့်အတူ စတင် လှည့်ပတ်သည်။

ကိုးခုမြောက်ဝဲကတော့အတွင်းနက်ပိုင်း၌ လေဟာနယ်တိမ် ထိုင်နေ၏။ သူ့မျက်နှာမှာ အနည်းငယ် ဖြူရောနေသည်။ သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဆက်တိုက် ဖြစ်ပေါ်နေစေသည်။

“ဒီမှာ ကောင်းကင်ဘုံဆေးလုံး ကျရောက်တဲ့အချိန်အခါတုန်းက ဒီဆေးလုံးပင်လယ် ဖြစ်ပေါ်လာခဲ့တာလို့ ကောလဟာလ ဆိုကြတယ်။ ဒါပေမဲ့ အမှန်တော့ ၎င်းဟာ အပြည့်အဝ ကောင်းကင်ဘုံဆေးလုံးတစ်လုံး မဟုတ်ဘူး။ ဆေးလုံးတဝက်ပဲ ဖြစ်တယ်…”

လေဟာနယ်တိမ်၏မျက်လုံးက အရောင်တောက်လာ၏။ သူ့ညာလက်ကို သူ့ရှေ့ရှိ လေဟာနယ်ထံ ဆန့်ထုတ်လိုက်သည်။

“ဆေးလုံးပင်လယ်…သိပ်သည်းစေ…” ဘန်းခနဲ ပေါက်ကွဲမှုနှင့်အတူ ဝဲကတော့များသည် ပိုမိုမြန်ဆန်စွာ စတင်လည်ပတ်လာ၏။ ယင်းတို့က သိပ်သည်းလာနေလျက် ပင်လယ်၏ အရွယ်အစားသည် လျော့ကျလာကာ ကောင်းကင်ဘုံစွမ်းအင်အမျှင်တန်းများ ပျံ့လွင့်လာသည်။

ဆေးလုံးပင်လယ်က ချိုင့်ဝှမ်းတစ်ခုကဲ့သို့ ဖြစ်လာ၏။ ဗဟိုချက်၌ ရေများကို ဆွဲချနေသော ဧရာမဝဲကတော့တစ်ခု ရှိသည်။ ကောင်းကင်ထက်တွင် အစိမ်းရောင်ဝတ်စုံဖြင့် ကျင့်ကြံသူထောင်သောင်းချီက အောက်ဘက်သို့ ငုံ့ကြည့်ကြသည်။

သူတို့က လေဟာနယ်တိမ် တဝက်တပျက်ကောင်းကင်ဘုံဆေးလုံးကို သိပ်သည်းကာ ကောင်းကင်ဘုံနွားထီးကုန်းမြေ ပတ်လည်ရှိ အရံအတားကို ချိုးဖျက်မည်အား စောင့်ဆိုင်းနေကြသည်။

ဝမ်လင်းက ဝဲကတော့တွင်း၌ ပုန်းကွယ်နေ၏။ သူက လေဟာနယ်တိမ် ကောင်းကင်ဘုံဆေးလုံးကို သိပ်သည်းမည့် အချိန်ကို စောင့်ပြီးနောက်မှ အလစ်တိုက်ခိုက်မည် ဖြစ်၏။

အချိန် တဖြည်းဖြည်း ကုန်လာနေသည်။ လေဟာနယ်တိမ်သည် သူ့ပတ်ဝန်းကျင်ကို တစ်စက်လေးမျှ စောင့်ကြည့်မနေပေ။ ကောင်းကင်ထက်ရှိ ကျင့်ကြံသူထောင်သောင်းချီကလည်း လေဟာနယ်တိမ်ထံသို့သာ အာရုံရောက်နေ၏။ မည်သူကမျှ ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူတစ်ယောက်ယောက် ဒီဆေးလုံးပင်လယ်တွင် ရှိနေကြလိမ့်မည်ဟု မထင်ထားကြပေ။

သည်နေရာရှိ အတားအဆီးဖြင့်ဆို အတွင်း၌ ဖြစ်ပျက်နေသည့်အရာများအပေါ်၌လည်း စိတ်ပူပန်နေဖို့ မလိုပေ။

ထိုအခိုက်၌ မည်သူကမျှ အလံသုံးခု ဖျက်စီးခံရကာ သံလိုက်အိမ်မြှောင်မှာ ပိုင်ရှင်ပြောင်းသွားခဲ့ပြီကို မသိကြသေးပေ။ ဒီအခိုက်၌ သူတို့၏အကြည့်များက လေဟာနယ်တိမ်ထံသို့သာ ရောက်နေသည်။

တကယ်တော့ ခုချိန်၌ ပါရမီရှင်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သူ လေဟာနယ်တိမ်က ဒီဆေးလုံးပင်လယ်ကို ကောင်းကင်ဘုံဆေးလုံးအဖြစ် သန့်စင်နေသည်ကို စောင့်ကြည့်နေရခြင်းထက် ပိုအရေးကြီးတာ ရှိမနေပေ။

လေဟာနယ်တိမ်သည်ပင် ဝမ်လင်းက ထွက်သွားပြီးနောက် ပြန်လာလိမ့်မည်ဟု ထင်ထားမည် မဟုတ်ပါ။

သူက ကိုးခုမြောက်ဝဲကတော့အတွင်း၌ အလေးအနက်အမူအရာဖြင့် ရှိနေ၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေ၏။ ဝဲကတော့မှာ တုန်ဟည်းသွားသည်။ ထိုဝဲကတော့က မြန်ဆန်စွာ ကြုံ့လာချေသည်။

ဆေးလုံးပင်လယ်အတွင်းရှိ ပင်လယ်ရေများသည် ပေတစ်သန်းဝဲကတော့အဖြစ်သို့ သန့်စင်ခြင်း ခံရ၏။ ထိုမြင်ကွင်းက ကောင်းကင်ထက်ရှိ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများကို စိတ်လှုပ်တရှား ဖြစ်စေသည်။

လေဟာနယ်တိမ်က ပြုံးလိုက်၏။ သူက အသက်ဝဝရှိုက်သွင်းကာ မာန်သွင်းလိုက်ပြီး သူ၏ ကျင့်ကြံခြင်းကို ထုတ်ဖော်သည်။ သူ၏ကျင့်ကြံခြင်းက ထူးခြားလှ၏။ သည်အခိုက်တွင် သူ့ကျင့်ကြံမှုအဆင့် အတိအကျကို ပြောဖို့မှာ မဖြစ်နိုင်ပေ။ လူတစ်ယောက်က  မြင့်တက်လာသော ပြင်းထန်အားကောင်းသည့် ဓားစွမ်းအင်ကိုသာ ခံစားမိနိုင်မည် ဖြစ်သည်။

ဓားစိတ်ဆန္ဒတစ်ခုက ဒီဧရိယာတစ်ခုလုံးကို ခြုံလွှမ်းထားသည်။

“ဆရာဟာ ဆေးလုံးပင်လယ်ကနေ ကောင်းကင်ဘုံဆေးလုံးကို သန့်စင်ဖြစ်ပေါ်စေခွင့် ငါ့ကို ပြုခဲ့တယ်။ ငါ့ဂုဏ်သတင်းကိုလည်း တခြားပါရမီရှင်သုံးယောက်အထက် ရောက်စေအောင် ခွင့်ပြုခဲ့တာပဲ။ ဒီနောက်ပိုင်းကျရင် အရှေ့ပိုင်းကုန်းမြေရဲ့ နံပါတ်တစ်ပါရမီရှင်အဖြစ် ငါဟာ ဗဟိုကုန်းမြေရဲ့ အင်ပါယာမြို့တော်ကို သွားရောက်ပြီး ဘိုးဘေးကျောင်းဆောင်ထဲ ဝင်ရောက်ဖို့ အရည်အချင်းကို ရရှိပိုင်ဆိုင်လိမ့်မယ်…”

လူတစ်ယောက်သည် ကောင်းကင်ထက်မှ ငုံ့ကြည့်ပါက ပေသုံးသိန်းခန့် ဧရိယာမှာ ရေများဖြင့် ဖုံးလွှမ်းနေသည်ကို မြင်ရလိမ့်မည်။ ပင်လယ်ရေငြှိပင်များနှင့် ကျောက်ဆောင်ကျောက်တန်းများသည်ပင် လှစ်ဟပေါ်လာ၏။ ပင်လယ်ထဲရှိ သားရဲမျိုးစုံက ပေါက်ကွဲထွက်ကုန်၏။

All Chapters