← Chapters

ဆုံးမပဲ့ပြင်ခြင်း

Vol. 6 Ch. 80

ဆုံးမပဲ့ပြင်ခြင်း

Vol. 6 Ch. 80

စွန်းမင်နှင့် ချူယောင်တို့သည် ရဲ့ရှင်းချန်၏ တိုက်ရိုက်အမေးအား ခံလိုက်ရသဖြင့် ကပျာကယာ ခေါင်းညိတ် ထောက်ခံကြ ကုန်တော့သည်။

"ဟုတ်တယ် အစ်ကိုက ဒေါက်တာလင်းကို အိမ်ပေါ် ခေါ်တင်ထားပြီးပြီလေ ဒါတောင် သူကတော့ အစ်ကိုက သူ့ကို လာခေါ်မှာပါဆိုပြီး ညီမတို့ကို နေ့တိုင်း လာကြွားနေတာလေ"

"ဒီလို အမှိုက်မက ရှင့်ကိုလည်း သူက ရှင် တစ်ယောက်တည်းကိုပဲ လက်ထပ်မှာပါလို့ လိမ်ထားတာ ဖြစ်မှာပေါ့ ဟက် သူ ကျွန်မရဲ့ ဝမ်းကွဲ မောင်လေး တုန်းကလည်း ဒီလိုပဲ ပြောခဲ့တာပဲ နောက်ဆုံးတော့ ကျွန်မမောင်လေးလဲ သူ့ကြောင့် သေသွားရတာ"

စွန်းမင်သည် နောက်ဘက် မှနေ၍ အံကြိတ်ကာ ပြောလိုက်လေသည်။ သူမသည် ချန်းရူအာအား အသေလဲ မုန်းတီးနေသူ တစ်ဦး ဖြစ်သည်။ အကယ်၍ ချန်းရူအာသာ မရှိခဲ့လျှင် သူမ၏မိသားစုမှ အမျိုးသားများမှာ တစ်ယောက်ပြီး တစ်ယောက် သေပွဲဝင်ကြရမည် မဟုတ်ပေ။

ထိုစကားများကြောင့် ချန်းရူအာ၏ ပုံရိပ်မှာ ချက်ချင်းပင် ထိုးဆင်း သွားလေတော့သည်။ သူမ၏ နောက်ကွယ်မှ လူအုပ်ကြီး၏ ဝေဖန်သံများမှာလည်း မသိမသာ ပိုမို၍ ကျယ်လောင်လာခဲ့တော့သည်။ ချန်းရူအာသည် လှည့်ကြည့်လျှက် စွန်းမင်နှင့် ချူယောင်တို့အား စူးစူးရဲရဲ စိုက်ကြည့်ပြီး အော်ဟစ် လိုက်တော့သည်။

"ပါးစပ်ပိတ်ထားကြစမ်း"

ထို့နောက် ရဲ့ရှင်းချန်ဘက်သို့ လှည့်ကာ သနားစဖွယ် အမူအရာဖြင့် ကြည့်လိုက်ပြန်လေသည်။

"အစ်ကိုရှင်းချန် အဲဒီလိုမဟုတ်ပါဘူး သူတို့ပြောတာတွေက အခြေအမြစ် မရှိတဲ့ စကားတွေပါ ရူအာ ပြောတာပဲ ယုံပေးပါ အစကတည်းက ညီမ လက်ထပ်ချင်တာ အစ်ကို တစ်ယောက်တည်းကိုပါ"

ရဲ့ရှင်းချန်သည် သူမ၏ ဟန်ဆောင်မျက်နှာအား ဂရုမစိုက်ဘဲ မျက်ခုံးပင့်လျှက် ဆက်ပြောလိုက်သည်။

"အရင်က ငါကပဲ အူကြောင်ကြောင်နိုင်ပြီး အရမ်း တုံးအခဲ့လို့ မင်းက ဘယ်လို လူစားမျိုးလဲဆိုတာ မသိခဲ့တာလေ တခြားသူတွေရဲ့ သတိပေး စကားကိုလည်း ငါ နားမထောင်ခဲ့ဘူး သူတို့က မင်း အဆင်ပြေနေတာကို မကြည့်ရက်လို့ မနာလိုဖြစ်ပြီး စွပ်စွဲနေကြတာလို့ပဲ ငါထင်ခဲ့တာ"

"တစ်ယောက်ယောက်က ငါ့ကို မင်းနဲ့ သူတို့ ပြောထားတဲ့ စကားတွေရယ် မင်းတို့ တည်းခိုခဲ့တဲ့ ဟိုတယ် မှတ်တမ်းတွေကို ပြလိုက်တဲ့ အချိန်အထိ ငါ မယုံခဲ့ဘူး"

ရဲ့ရှင်းချန်သည် လူအုပ်ကြီးအား တစ်ချက် ဝေ့ကြည့် လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ခွေလျှက် ရှိနေသော ချမ့်ကျုံးအား စိုက်ကြည့်လိုက်တော့သည်။

"ချမ့်ကျုံး မင်းပြောစမ်း ဒီလို သူဌေးသားတွေ အသိုင်းအဝိုင်းမှာ ဒီမိန်းကလေးအကြောင်း ဘယ်လိုပြောကြသလဲ ဆိုတာ သေချာ ရှင်းပြလိုက်အုန်း"

ချမ့်ကျုံး၏ နှာခေါင်းနှင့် မျက်နှာမှာ ထိုးကြိတ် ခံထားရသဖြင့် ဖူးရောင်နေသော်လည်း ပတ်တီးစများ ပဝါများအောက်တွင် မမြင်ရပေ။ သူသည် မြေပြင်ပေါ်တွင် ကွေးနေရင်းမှ အံကြိတ်လျှက် ဖြေလိုက်သည်။

"လူတိုင်းကတော့ သူက ဘယ်သူမဆို စီးလို့ရတဲ့ 'လိုင်းကား' တစ်စီးပဲလို့ ပြောကြတယ် တချို့ကလည်း ‘အပေါက်စုံသုံးလို့ရတဲ့ ပလပ်ခေါင်း’ တဲ့ ငါကြားတာတော့ သူက ရုရှန်ရူးလက် (Russian Roulette) ကစားပွဲတွေမှာလည်း ပုံမှန် ပါလေ့ရှိတယ်လို့ ကြားဖူးတယ် ငါကိုယ်တိုင်တော့ အဲဒီပွဲတွေကို မရောက်ဖူးသေးပေမဲ့လို့ပေါ့"

ချက်ချင်းဆိုသလိုပင် နောက်ဘက်မှ လှောင်ရယ်သံများမှာ ပို၍ ပို၍ ကျယ်လောင်လာခဲ့ကာ ဝေဖန်သံများမှာလည်း အုတ်အော် သောင်းနင်း ဖြစ်သွားလေတော့သည်။

"ဟားဟားဟား တကယ်ကြီးလား ကျင်းဟိုင် တက္ကသိုလ်ရဲ့ ကျောင်း အလှနတ်သမီးက တကယ်တော့ လိုင်းကားတစ်စီး ဖြစ်နေတာပေါ့"

"ငါသိသားပဲ သူ့ရဲ့ မြေခွေးမလို ပုံစံကို ကြည့်လိုက်လေ"

"ဟားဟား မင်း အရင်က သူ့ကို ကြိုက်ခဲ့တာ မဟုတ်လား အညစ်အကြေးတွေကို မင်းက သဘောကျလိမ့်မယ်လို့ ငါ မထင်ထားဘူး"

"အရှက်မရှိလိုက်တာ ရဲ့ရှင်းချန်ကပဲ သူ့ကို ပစ်သွားတာလို့ ငါ ထင်နေခဲ့တာ တကယ်တော့ သူတို့က တစ်ခါမှကို တွဲခဲ့တာ မဟုတ်ဘူးပဲ"

"ရွံစရာ မကောင်းဘူးလား ယောက်ျားတိုင်းကို သူကလွဲရင် ဘယ်သူ့ကိုမှ မယူဘူးလို့ လိုက်ပြောနေတာ ဒါက ငါးမွေးကန် အဆင့်တောင် မဟုတ်တော့ဘူး သမုဒ္ဒရာ ခုနစ်စင်း နဲ့ ပင်လယ်ရှစ်သွယ်လုံးကို သူကပဲ အုပ်ချုပ်နေတာများလား"

ကျင်းဟိုင်တက္ကသိုလ်မှ ကျောင်းသားများထံမှ ဆဲဆို ကဲ့ရဲ့သံများစွာ ထွက်ပေါ်လာခဲ့သည်။ ချန်းရူအာသည် ဒေါသကြောင့် မျက်လုံးများ နီမြန်းလာခဲ့ကာ လက်နှစ်ဖက်ဖြင့် နားအား ပိတ်ထားသော်လည်း ထိုအသံများကို တားဆီး၍ မရနိုင်ပေ။

"အား ဆက်မပြောကြနဲ့တော့ ဆက်မပြောကြနဲ့တော့ ငါ အဲဒီလို မဟုတ်ဘူး ငါ မလုပ်ခဲ့ဘူး"

သူမသည် စူးစူးဝါးဝါး အော်ဟစ်လျှက် လူအုပ်ထဲမှ ယိမ်းယိုင်ဟန်ဖြင့် ပြေးထွက် သွားလေတော့သည်။ ရဲ့ရှင်းချန်မှ အေးစက်စွာ ကြည့်လျှက် ပြုံးလိုက်မိသည်။ ထွက်ပြေးသွားသော ချန်းရူအာ၏ ကျောပြင်အား ကြည့်ရင်း သူမကို အလွယ်တကူ လွှတ်ပေးလိုက်မိသည်ဟု သူ ခံစားလိုက်ရလေသည်။

ထို့နောက် သူသည် လင်းစစ်ကျား အိတ်ထဲ မထည့်ရသေးသော အစားအစာများထဲမှ ပေါင်မုန့်တစ်လုံးအား ယူလျှက် ချမ့်ကျုံးထံသို့ ပစ်ပေး လိုက်တော့သည်။

"မင်းက အလိုက်သိသားပဲ ဒါ မင်းအတွက် ဆုလာဘ်ပဲ"

လူတစ်ယောက်အား လေ့ကျင့်ပေးခြင်းသည် ခွေးတစ်ကောင်ကို သင်ကြားပေးခြင်းနှင့် တူညီလေသည်။ ဆုပေးဒဏ်ပေး စနစ်သည် တချိန်တည်းမှာပင် တိကျပြတ်သားစွာ လုပ်ဆောင်ရမည် ဖြစ်သည်။

မြေပြင်ပေါ်ရှိ ချမ့်ကျုံးသည် ပေါင်မုန့်အား လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားလိုက်မိလေတော့သည်။ သူ၏ မျက်နှာတွင် ဝမ်းသာ အားရမှုများ ပြည့်နှက်သွားခဲ့ကာ ခန္ဓာကိုယ်မှ နာကျင်မှုများပင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရတော့သည်။

သူသည် မြေပြင်မှ ကမန်းကတမ်း ထရပ်ကာ ရဲ့ရှင်းချန်အား အကြိမ်ကြိမ် ဦးညွှတ် တောင်းပန်ရင်း ကျေးဇူးတင်စကား ပြောနေရှာသည်။ ဤရုတ်တရက် ရရှိလိုက်သော ဆုလာဘ်ကြောင့် ရဲ့ရှင်းချန်အပေါ် ထားရှိသော ချမ့်ကျုံး၏ အာဃာတများမှာ လေထဲတွင် အရည် ပျော်သွားတော့သည်။ သူသည် စောစောပိုင်းတွင် မိမိကိုယ်တိုင် မှားယွင်းခဲ့သည်ဟုပင် ထင်မှတ်သွားခဲ့ခြင်း ဖြစ်သည်။ အလုပ်မလုပ်ဘဲ အလကားစားရန် စိတ်ကူးမိခဲ့သည်မှာ သူ၏အမှားပင် ဖြစ်တော့သည်။

ဤအချိန်တွင် ဘေး၌ ရပ်နေသော ချူယောင်သည်လည်း အရှေ့သို့ တစ်လှမ်းတက်လာခဲ့သည်။

"အစ်ကိုရှင်းချန် ညီမရော ညီမအတွက်ကော ဘယ်မှာလဲ"

"ညီမ ညီမလည်း စောစောက အစ်ကို့ဘက်ကနေ ပြောပေးခဲ့တာပဲလေ ဘာလို့ သူ့ကျတော့ ရိက္ခာပေးပြီး ညီမကျတော့ မပေးရတာလဲ"

ရဲ့ရှင်းချန်မှ ချူယောင်အား မျက်စောင်းတစ်ချက် ထိုးလျှက် ကြည့်လိုက်သည်။

"အင်း မင်းက မရထိုက်ဘူး"

ချူယောင်သည် ချက်ချင်းပင် မှင်သက် သွားခဲ့လေတော့သည်။ ရဲ့ရှင်းချန်၏ စကားအဓိပ္ပာယ်အား သဘောပေါက် သွားသောအခါ သူမသည် ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။

"ဘာလို့လဲ ညီမ စောစောက ကောင်းကောင်း လုပ်ခဲ့တာပဲလေ ချန်းရူအာကိုလည်း ဆဲပေးခဲ့တာပဲ ဘာလို့ ချမ့်ကျုံးက ရိက္ခာရပြီး ညီမက မရရတာလဲ"

ရဲ့ရှင်းချန်မှ သူမအား တည်ငြိမ်စွာ ကြည့်လိုက်လေသည်။

"ချူယောင် မင်းက အရင်တုန်းက ချန်းရူအာရဲ့ အရင်းနှီးဆုံး သူငယ်ချင်း မဟုတ်လား"

"မင်းတို့နှစ်ယောက်က ညီအစ်မလို ခင်ကြတာ မဟုတ်ဘူးလား"

"အခု မင်းပြောနေတဲ့ စကားတွေကို မင်းကိုယ်တိုင် ပြန်နားထောင်ကြည့်ဦး"

"တခြားသူတွေက ချန်းရူအာကို ဆဲတာက လက်ခံလို့ရသေးတယ် ဒါပေမဲ့ သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ မင်းကပါ လိုက်ဆဲနေတာကတော့ တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ် နောက်ဆို ငါ့ဆီက ရိက္ခာတွေ ရသွားရင်ကော ငါပေးတာတွေက အမှိုက်တွေပါဆိုပြီး နောက်ကွယ်မှာ ပြန်အတင်းပြောဦးမှာလား"

"ဒါကြောင့် အဲဒီလိုဖြစ်လာမယ့် အလားအလာကို ငါ အခုကတည်းက အမြစ်ဖြတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ မင်းကို ရိက္ခာ မပေးသရွေ့တော့ ငါ့အကြောင်းကို မင်း မကောင်းပြောဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး"

"တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်ပါ ဘာလို့ ချန်းရူအာနဲ့ ပေါင်းခဲ့ရသလဲ ဆိုတာကိုပေါ့"

နောက်ကွယ်ရှိ လူများသည်လည်း ရဲ့ရှင်းချန်၏ စကားအား နားလည်သွားကြတော့သည်။ ရွံစရာကောင်းသော ချန်းရူအာနှင့် နှိုင်းယှဉ်လျှင် သူမနှင့် အလွန် ရင်းနှီးခဲ့ပါလျက် ယခုအခါ ချန်းရူအာအား ပြန်လည်၍ စွပ်စွဲနေသော ဤချူယောင်ဆိုသည့် မိန်းကလေးမှာ ပို၍ပင် ရွံရှာဖွယ် ကောင်းနေတော့သည်။

လီချန်နှင့် ဝမ်ဝေတို့သည်လည်း အလိုက်သိကြသည်။ သူတို့သည် ဤနေရာတွင် လူမြင် မတင့်တယ်တော့သော ချူယောင်အား ချက်ချင်းပင် မောင်းထုတ် ပစ်လိုက်ကြလေသည်။

ရိက္ခာများ ဝေငှပြီး နောက်တွင်မူ သူတို့အား အလုပ်တာဝန်များ ခွဲဝေ သတ်မှတ်ပေးရန် ရဲ့ရှင်းချန် သတိရလိုက်တော့သည်။ မည်သို့ပင်ဆိုစေ သူတို့ကို အလကား ကျွေးထား၍ မဖြစ်ပေ။

ရဲ့ရှင်းချန်သည် လက်ခုပ်တီးလျှက် ပြောလိုက်သည်။

"စောစောက ငါ တစ်ခု မေ့သွားလို့ ဘယ်သူမှ မပြန်ကြသေးနဲ့ဦး နောက်ထပ် ပြောမဲ့စကားက ပြင်ပကျူးကျော်သူတွေ ရန်ကနေ ဘယ်လိုကာကွယ်မလဲ ဆိုတာပဲ"

လီအန်းရန်သည် မျက်မှောင်ကြုတ်လိုက်ကာ လူအုပ်ထဲရှိ ကျောက်ဟောင်၏ နောက်ဘက်သို့ တိတ်တဆိတ် လျှောက်သွား လိုက်တေ့ာသည်။ သူမသည် ကျောက်ဟောင်၏ အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်ပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

"ဘာတွေ ဖြစ်နေတာလဲ ပစ္စည်းတွေအကုန် ဝေလိုက်ပြီလား အခု အလုပ်တွေ ခိုင်းတော့မယ်တဲ့ ဘာလို့ ငါတို့အတွက်ကျတော့ ဘာမှမပါရတာလဲ စောစောက သူ ငါတို့ နာမည်ကို မခေါ်ခဲ့ဘူးနော်"

ကျောက်ဟောင်သည် ဤကိစ္စအား စဉ်းစားမနေချင်ပေ။ အဘယ်ကြောင့်ဆိုသော် ရဲ့ရှင်းချန်သည် သူ့အား လုံလုံလောက်လောက် ကူညီပေးခဲ့ပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ဆုလာဘ် တစ်ပြားတစ်ချပ်မှ မရလျှင်ပင် သူသည် ရဲ့ရှင်းချန်အား အလကား ကူညီပေးရန် အသင့်ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ မိသားစုတွင်လည်း စားစရာ ရိက္ခာ မပြတ်လပ်ပါချေ။

"ပြဿနာ မရှာစမ်းနဲ့ ဘာတွေ အလောတကြီး ဖြစ်နေတာလဲ မင်းစားဖို့ ရိက္ခာတွေ ငါတို့မှာ မရှိလို့လား ညီလေးရဲ့ ဘာပြောမလဲဆိုတာ အရင် နားထောင်လိုက်ဦး"

ကျောက်ဟောင်၏ တိုးတိုးတိတ်တိတ် ဆူပူမှုအား ခံလိုက်ရသဖြင့် လီအန်းရန်မှာ မျက်နှာပျက်သွားခဲ့ကာ မကျေမနပ် ဖြစ်သွားရလေတော့သည်။

"ငါတို့ရပ်ကွက်မှာ အိမ်ထောင်စု အတိအကျ ၁၀၀ ကျန်သေးတယ် လင်းစစ်ကျား အစ်ကိုကျောက်နဲ့ ငါတို့ကို ဖယ်လိုက်ရင် အိမ်ထောင်စု ၉၈ စု ကျန်မယ် တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီ အိမ်ထောင်စု ၉၈ စု ကို ခုနစ်ရက်နဲ့ ခွဲလိုက်မယ် တစ်ရက်ကို အိမ်ထောင်စု ၁၄စုက လူတစ်ယောက်စီ ထွက်ပြီး ကင်းစောင့်ရမယ်"

"တစ်ရက်ကို ၂၄ နာရီပတ်လုံး စောင့်ရမှာ အိမ်ရှေ့ ဝင်ပေါက်မှာ လူရှစ်ယောက် ရှိမယ် နေ့ဆိုင်းနဲ့ ညဆိုင်း ခွဲလိုက်မယ် တစ်ဆိုင်းကို လူလေးယောက်စီပေါ့ ကျန်တဲ့ ခြောက်ယောက်ကလည်း နေ့ဆိုင်း ညဆိုင်းခွဲပြီး ရပ်ကွက်ထဲကို ကင်းလှည့်ရမယ်"

All Chapters