← Chapters

ရင်းနှီးမှု

Vol. 6 Ch. 81

ရင်းနှီးမှု

Vol. 6 Ch. 81

ရဲ့ရှင်းချန်သည် စကားပြောရင်း အိတ်ထဲသို့ လက်နှိုက်လိုက်တော့သည်။ တကယ်တမ်းတွင် သူသည် နေရာလွတ်ထဲမှ ဝီစီ ၁၄ လုံးအား ထုတ်ယူလိုက်ခြင်း ဖြစ်ကာ ကျောက်ဟောင်အား ကမ်းပေးလိုက်ခြင်း ဖြစ်သည်။

"အပြင်လူတွေ ရပ်ကွက်နားကို ချဉ်းကပ်လာတာ တွေ့တာနဲ့ လက်ထဲက ဝီစီကို မှုတ်လိုက်ကြ"

"ခဏနေရင် အစ်ကိုကျောက်ကို ငါ့ဆီကနေ အသံချဲ့စက် အချို့ လာယူခိုင်းလိုက်မယ် အဲဒီအခါကျရင် အသံချဲ့စက်တွေကို သုံးပြီး ရပ်ကွက်ထဲမှာ သတင်းလွှင့်လို့ ရပြီ"

"အခုကစပြီး မင်းတို့ထဲက ဘယ်သူမဆို ရန်သူတစ်ယောက်ကို သတ်နိုင်ရင် ရိက္ခာငါးပုံ ဆုချမယ် ဒီစည်းကမ်းက အခုကစပြီး အမြဲတမ်း အတည်ပဲ"

"အကယ်၍ မင်းတို့က ရန်သူ မသတ်နိုင်ခဲ့ရင်တောင် နေ့တိုင်း ကင်းလှည့် ပေးမယ်ဆိုရင် လူတစ်ယောက်ကို တစ်ရက် ရိက္ခာတစ်ပုံစီ ရမယ် ဒါပေမဲ့ အဲဒီရိက္ခာကတော့ ရန်သူသတ်နိုင်တဲ့သူတွေ စားလို့ကျန်တာကိုပဲ ရမှာပေါ့ ပြီးတော့ ရိက္ခာပမာဏကိုလည်း ငါ အာမမခံနိုင်ဘူး"

ရဲ့ရှင်းချန်သည် ပြောရင်းဆိုရင်း ကျောက်ဟောင် ရှိရာဘက်သို့ လှည့်ကြည့် လိုက်တော့သည်။

"ဒီကိစ္စကို အစ်ကိုကျောက်ပဲ စီစဉ်ပေးပါ အဖွဲ့တစ်ခုစီမှာ အဖွဲ့ခေါင်းဆောင် တစ်ယောက်စီ ရွေးရမယ် ပြီးရင် အစ်ကိုကျောက်ဆီကိုပဲ အမည်စာရင်း တင်လိုက်ကြ အစ်ကိုကျောက် အားတဲ့အခါကျရင် ကျွန်တော့် ဆီကို အသံချဲ့စက်တွေ လာယူလှည့်ဦး"

"ကောင်းပြီ"

ကျောက်ဟောင်မှ ချက်ချင်းပင် သဘောတူ လိုက်လေတော့သည်။

"ပြဿနာမရှိဘူး"

ရဲ့ရှင်းချန် စကားဆုံး သွားပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

"တစ်ယောက်ယောက်များ ကန့်ကွက်စရာ ရှိသေးလား မရှိရင်တော့ ဒီနေ့အတွက် ဒီလောက်ပဲ လူစုခွဲလို့ ရပြီ"

"နေဦး"

လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲံသည်။ လူအချို့မှာ ရဲ့ရှင်းချန်၏ စကားအား စဉ်းစားနေဆဲဖြစ်သော်လည်း အချို့မှာမူ ချက်ချင်း တုံ့ပြန်လာခဲ့ကြသည်။

"မင်းနဲ့ လင်းစစ်ကျားတို့ ကင်းမစောင့်ရတာကတော့ လက်ခံလို့ရပါတယ် မင်းက ငါတို့အားလုံးအတွက် ရိက္ခာတွေ ရှာပေးနေတာကိုး"

ထိုသူ၏ စကားကြောင့် လူအုပ်ကြီးမှာ နိုးကြားသွားကြပြီး ဖြစ်ကာ အောက်ဖက်ရှိ လူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် တုံ့ပြန် လာကြတော့သည်။

"ဟုတ်တယ် မင်းတို့ ကင်းမစောင့်ရတာက အဆင်ပြေပါတယ် ဒါပေမဲ့ ဘာလို့ ကျောက်ဟောင်ကပါ ကင်းမစောင့်ရတာလဲ"

"ကျောက်ဟောင်ကလည်း တိုက်ခိုက်ရေးမှာ အတော်တော်ပဲ မဟုတ်လား ဘာလို့ သူ့ကိုကျတော့ ကင်းမစောင့်ခိုင်းတာလဲ"

"ဟုတ်တယ် ဘာလို့ သူ့ကျတော့ အခွင့်ထူးခံ ဖြစ်နေရတာလဲ"

"အိုး အဲဒါကတော့ ငါက မင်းတို့အတွက် ရိက္ခာတွေ ထွက်ရှာပေးတာနဲ့ မင်းတို့ကို ကာကွယ်ပေးတာတွေက အစ်ကိုကျောက်ရဲ့ မျက်နှာကို ထောက်ထားလို့ပဲ"

ရဲ့ရှင်းချန်မှ အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။

"ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မင်းတို့ မကျေနပ်လို့လား ဒါမှမဟုတ် ငါ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ချင်တာလား"

"ကောင်းပြီ အဲဒီလိုဆိုရင်တော့ လက်ထဲက ရိက္ခာတွေကို ငါ့ဆီ ပြန်ပေးပြီး အခုချက်ချင်း ထွက်သွားလိုက်ကြ"

ရုတ်တရက် အောက်ဖက်ရှိ လူအုပ်ကြီးမှာ ထပ်မံ၍ ထိတ်လန့် သွားကြပြန်သည်။

"အဲ မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော်တို့ မကျေနပ်တာ မဟုတ်ပါဘူး သိချင်လို့ မေးကြည့်တာပါ"

"ဟုတ်ပါတယ် ဟုတ်ပါတယ် မေးကြည့်ရုံတင်ပါ ဘာလို့ အဲဒီလောက်ကြီး တုံ့ပြန်နေရတာလဲ"

"မမေးတော့ပါဘူး မမေးတော့ပါဘူး အစ်ကိုရှင်းချန် ပြောသမျှ အမှန်ပဲ"

ရဲ့ရှင်းချန်မှ နှာခေါင်းရှုံ့လိုက်ပြီးနောက် လက်ဝှေ့ယမ်း ပြလိုက်တော့သည်။

"ကောင်းပြီ အခု ထွက်သွားကြတော့ လုပ်စရာရှိတာ သွားလုပ်ကြ ငါ့အိမ်ရှေ့မှာ လာပြီး မျက်စိလာရှုပ်မနေကြနဲ့"

ရဲ့ရှင်းချန် ထပ်မံ၍ ဒေါသထွက်သွားမည်အား သူတို့ ကြောက်ရွံ့နေကြသဖြင့် ခွင့်ပြုချက် ရသည် နှင့်တစ်ပြိုင်နက် လူစုခွဲ သွားကြတော့သည်။

လူများအားလုံး ထွက်သွားသည်အား မြင်သောအခါ၊ ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား အိမ်ထဲသို့ ဆွဲခေါ်သွားပြီးနောက် ကျောက်ဟောင် အတွက် အသံချဲ့စက်များ ထုတ်ပေးရန် ပြင်ဆင်လိုက်လေသည်။

ဤအချိန်တွင် ကျောက်ဟောင် အတွက် ဆုလာဘ် အကြောင်းကို ရဲ့ရှင်းချန် မပြောခဲ့သည်အား မြင်လိုက်ရသဖြင့် လီအန်းရန်မှာ စိတ်မရှည် ဖြစ်လာတော့သည်။ သူမသည် ကျောက်ဟောင်၏ နောက်ကွယ်မှ ထွက်လာခဲ့ကာ အရှက်မဲ့စွာ မေးလိုက်လေတော့သည်။

"ဒီအိတ်ထဲမှာ ကျောက်ဟောင်အတွက် ဘာမှမပါဘူးလား"

"စောစောက ကျောက်ဟောင်က လူနှစ်ယောက်ကို သတ်ခဲ့တာလေ ဒါက ငါတို့အတွက် ဆုလာဘ် ရသင့်တယ်လို့ မဆိုလိုဘူးလား"

ရဲ့ရှင်းချန်သည် ခေါင်းအား လှည့်လျှက် လီအန်းရန်အား အေးစက်စွာ ကြည့်လိုက်လေသည်။ သူ၏မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိချေ။

ကျောက်ဟောင်သည် လီအန်းရန်မှ ဤကဲ့သို့ ရုတ်တရက် လုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူသည် အလွန်အမင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီးနောက် နှင်းထဲတွင်ပင် မြေမြှုပ် ပစ်ချင်စိတ် ပေါ်လာလေတော့သည်။

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ပါးစပ်ပိတ်ထားစမ်း"

သူသည် လက်အား ဆန့်တန်းကာ လီအန်းရန်ကို သူ၏ နောက်ဘက်သို့ ပြန်ဆွဲခေါ်လိုက်သည်။ သို့သော်လည်း လီအန်းရန်မှာမူ စကားမရပ်သေးချေ။

"ငါ့ရဲ့ ကျောက်ဟောင်က အများဆုံး အင်အားစိုက်ထုတ်ခဲ့တာ သိသာနေတာပဲလေ စောစောက တခြားသူတွေကိုတော့ ဆုတွေအများကြီး ပေးပြီးတော့ ဘာလို့ ငါတို့ကျတော့ ဘာမှမရရတာလဲ မင်းကလည်း လွန်လွန်း"

"ငါယူလာတဲ့ ပစ္စည်းတွေက ဒါတွေတင် မဟုတ်ဘူး အညံ့စားတွေကိုတော့ သူတို့ကို ဝေပေးလိုက်တာ အကောင်းစားတွေကိုတော့ ငါ သိမ်းထားသေးတယ်"

"အစ်ကိုကျောက် ဒီမှာ ခဏစောင့် နေဦး စောစောက လူတွေ အရမ်းများနေလို့ ငါ ထုတ်ပေးရတာ အဆင်မပြေလို့ အခု သူတို့ အားလုံး ပြန်ကုန်ကြပြီဆိုတော့ ငါ အိမ်ထဲဝင်ပြီး အစ်ကို အတွက် သွားယူပေးမယ်"

ထိုစကားအား ကြားလိုက်ရသောအခါ လီအန်းရန်သည် ချက်ချင်းပင် ပြုံးဖြဲဖြဲ ဖြစ်သွားတော့သည်။

"အို ကျွန်မ ပြောသားပဲ ရှင်းချန်က သဘောကောင်းပါတယ်လို့ ရှင်းချန်အတွက် ကြိုးကြိုးစားစား လုပ်ပေးပါလို့ ရှင်ကို ကျွန်မ ပြောခဲ့သားပဲ သူ ကျွန်မတို့ကို ဘယ်တော့မှ မျက်နှာမသာမပေးဘဲ မနေပါဘူးဆိုတာ"

"တော်စမ်း"

ကျောက်ဟောင်မှာ ရှက်လည်းရှက် ဒေါသလည်း ထွက်နေခဲ့သည်။

"ညီလေးရဲ့ မင်း ငါ့ကို ဘာမှ ထပ်ပေးစရာ မလိုပါဘူး ငါ တခြားသူတွေကို ဝေပေးဖို့ အသံချဲ့စက်တွေပဲ ပေးလိုက်ပါ မင်း ဒီမိန်းမရဲ့ ပေါက်ကရ စကားတွေကို နားမယောင်ပါနဲ့ ငါတို့မိသားစုမှာ ဘာမှမလိုပါဘူး မင်း ငါတို့ကို ကူညီပေး ထားတာတွေက အများကြီးပါပဲ"

"အို ကျောက်ဟောင် ရှင်ကလည်း ဘာတွေ လုပ်နေတာလဲ အဲဒီလို မပြောပါနဲ့ ညီအစ်ကို အရင်းတွေတောင် စာရင်းရှင်းရတာပဲလေ ဘာလို့ ရှင်က ဘာမှမလိုချင်ရတာလဲ ရှင်းချန် ဒီလူအ ရဲ့ စကားကို နားမယောင်နဲ့နော် ငါ လိုချင်တယ် ငါ လိုချင်တယ် ဘာပဲပေးပေး ငါ အကုန်ယူမယ် ရှင်းချန် ပေးသမျှ အကုန် ငါယူမှာပဲ"

"မင်းကတော့ မင်းကတော့"

ရဲ့ရှင်းချန်သည် ပြုံးရုံသာ ပြုံးပြီး မည်သည်ကိုမှ ပြန် မပြောလိုက်ပေ။ သူသည် လက်ဝှေ့ယမ်းကာ လီအန်းရန်အား ဆွဲခေါ်သွားသည့် ကျောက်ဟောင်ကိုသာ ကြည့်နေလိုက်တော့သည်။

"အစ်ကိုကျောက် ခဏလောက် စောင့်နေဦးနော် နောက် ၁၀ မိနစ်နေရင် လာယူလိုက်"

ကျောက်ဟောင်မှ လီအန်းရန်အား ဆွဲခေါ်သွားရင်းမှ ပြန်ဖြေလိုက်လေသည်။

"ကောင်းပြီလေ”

အိမ်ထဲသို့ ရောက်သောအခါ ရဲ့ရှင်းချန်သည် သူ၏ ထဲမှ အသံချဲ့စက် ၁၀ လုံးနှင့် ဝီစီတစ်ထုပ်အား အမြန် ထုတ်ယူလိုက်လေသည်။ တံခါးဝရှိ ကင်းသမားများ အတွက် အသံချဲ့စက် နှစ်လုံး လိုအပ်ပြီး ကင်းလှည့်သူ သုံးယောက် အတွက် တစ်ယောက် တစ်လုံးစီ လိုအပ်ကာ ကျန်သော အရာများကိုမူ အရန် ပစ္စည်းများ အဖြစ် ထားရှိမည် ဖြစ်သည်။ ဝီစီများလည်း ထိုနည်းတူပင် ဖြစ်သည်။

နောက်ဆုံးတွင် ရဲ့ရှင်းချန်သည် စီးကရက် နှစ်ဖာ ခရမ်းချဉ်သီး နှစ်လုံး ခေါက်ဆွဲခြောက် တစ်ဖာနှင့် ဝက်အူချောင်း တစ်ထုပ်အား ထုတ်ယူလိုက်ကာ တံခါးဝရှိ အိတ်အလွတ်ထဲသို့ ထည့်ထား ပေးလိုက်တော့သည်။

တံခါးအား ဂျက် ပိတ်ပြီးနောက် သူသည် ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများအား အသီးသီး ချွတ်လိုက်ပြီးနောက် အိမ်နေရင်းဝတ် အကျီ အား ပြန်လဲလှယ် ဝတ်ဆင် လိုက်လေတော့သည်။ ထို့နောက် ဖုန်းအား ယူကာ ကျောက်ဟောင်ထံသို့ မက်ဆေ့ချ် ပို့လိုက်တော့သည်။

အိမ်ထဲသို့ ဝင်လာသည်မှာ မိနစ် အနည်းငယ်သာ ရှိသေးသော်လည်း အဝတ်အစားများ ချွတ်လိုက်ချိန်တွင် သူသည် ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်သည်။ ရိက္ခာများ ဝေငှနေရသည်မှာ အချိန် အတော်ကြာ သွားသဖြင့် ယခုအခါ ထမင်းစားချိန်ပင် ရောက်နေလေပြီ ဖြစ်သည်။

"ကို ချွေးတွေ အရမ်းထွက်နေလို့ ရေအရင်ချိုးလိုက်ဦးမယ် ဒီနေ့ ထမင်းချက် မနေနဲ့တော့နော်"

ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ လက်အား ဆွဲလျှက် ဓာတ်လှေကားထဲသို့ တွန်းပို့လိုက်တေ့ာသည်။ လင်းစစ်ကျားအား ခြောက်လွှာသို့ ပို့ပေးပြီးနောက် ရဲ့ရှင်းချန်သည် တံခါးကို ပိတ်ကာ သူ၏ အခန်းသို့ ပြန်သွားလျှက် သက်သောင့်သက်သာ ရေချိုးလိုက်တော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ရဲ့ရှင်းချန်သည် ဆံပင်များအား သုတ်ရင်း အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။ သူ တံခါးဖွင့် လိုက်သောအခါ လင်းစစ်ကျားမှာလည်း ရေချိုးပြီးခါစ ဖြစ်ကာ ဧည့်ခန်းထဲတွင် ထိုင်လျှက် ဆံပင် အခြောက်ခံနေသည်ကို တွေ့လိုက်ရလေသည်။

ရဲ့ရှင်းချန်သည် စိတ်ကူးတစ်ခု ရသွားပြီး သူမ၏ နောက်ကွယ်သို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ ထို့နောက် ဆံပင် အခြောက်ခံစက်အား ယူကာ သူမ၏ ဆံပင်များကို အခြောက်ခံ ပေးလိုက်တော့သည်။

လင်းစစ်ကျားမှာ အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း နောက်ပိုင်းတွင် စိတ်အေးသွားရလေသည်။ သူမ၏ ရင်ထဲတွင်လည်း ကြည်နူးမှုများဖြင့် ချိုမြိန်နေတော့သည်။ ဤသည်မှာ ရဲ့ရှင်းချန်မှ သူမ၏ ဆံပင်အား ပထမဆုံးအကြိမ် အခြောက်ခံပေးခြင်း ဖြစ်သည်။

သူမ ဤနေရာတွင် ရှိနေသည်မှာ ကြာပြီ ဖြစ်သော်လည်း အစပိုင်းတွင် ရဲ့ရှင်းချန် ပြောခဲ့သည်များမှာ မည်သည့် အရာမှ ဖြစ်မလာခဲ့သေးပေ။ လင်းစစ်ကျားသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ရဲ့ရှင်းချန်နှင့် သူမအကြား အရင်းနှီးဆုံး လုပ်ရပ်မှာ လက်ကိုင်ခြင်းနှင့် ဖက်ခြင်းတို့သာ ရှိသေးသည်။

လင်းစစ်ကျား၏ ခန္ဓာကိုယ်မှ သင်းပျံ့သော ရနံ့လေး ထွက်ပေါ်နေခဲ့သည်။ ရဲ့ရှင်းချန်သည် သူမ၏ နောက်တွင် ရပ်နေရင်းမှ ဆံပင်များအား ဖွဖွလေး သုတ်ပေးနေသော သူ၏လက်များမှာ တဖြည်းဖြည်း အောက်သို့ နိမ့်ဆင်းသွားပြီး...

All Chapters