← Chapters

ရန်တိုက်ပေးခြင်း

Vol. 6 Ch. 82

ရန်တိုက်ပေးခြင်း

Vol. 6 Ch. 82

ကိုယ်လက်လှုပ်ရှားမှု တစ်ခု ပြီးဆုံးသွား ပြီးနောက် ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား ရင်ခွင်ထဲ ထည့်လျှက် ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ နေရာလွတ် ထဲမှ ထုတ်ယူထားသော အစားအစာ အမျိုးမျိုးအား စားသောက် ကြလေတော့သည်။ ရဲ့ရှင်းချန်သည် စိတ်ကြည်လင် နေသဖြင့် ဝိုင်နီ တစ်ပုလင်းကိုပင် ဖောက်လိုက်သေးသည်။

လင်းစစ်ကျား ရောက်ရှိလာချိန်ကတည်းမှ ရဲ့ရှင်းချန်သည် နေရာလွတ် ထဲတွင် သိုလှောင်ထားသော အစားအစာများအား သိပ်မစားဖြစ်ခဲ့ချေ။ ယခုအခါ ပြန်စားရသောအခါ စားသောက်ဆိုင်ကြီး တစ်ခုသို့ ရောက်နေသကဲ့သို့ သူ ခံစားလိုက်ရတော့သည်။

စားသောက် ပြီးနောက် ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ ပခုံးအား ညင်သာစွာ ပုတ်ကာ ကျန်ရှိနေသော အစားအစာများအား ရေခဲသေတ္တာထဲသို့ ထည့်ခိုင်းလိုက်တော့သည်။ မည်သို့ပင်ဆိုစေ သူ၏ထံတွင် ရိက္ခာများ ပေါများနေသော်လည်း သူသည် ဖြုန်းတီးတတ်သော လူစားမျိုး မဟုတ်ပေ။

လင်းစစ်ကျား မီးဖိုချောင်ထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ရဲ့ရှင်းချန်သည် ခြောက်လွှာရှိ ဧည့်ခန်းအား ပိတ်လျှက် သူ၏အခန်းသို့ ပြန်လာခဲ့တော့သည်။ သူသည် ပစ္စည်းများစွာကို ယူဆောင် လာခဲ့သော်လည်း ယခုအချိန်အထိ သေချာ မစစ်ဆေးရသေးချေ။

ရိက္ခာများ ဝေငှစဉ်တွင် ပေါ့ပေါ့တန်တန် ဖယ်ထုတ် ပစ်ခဲ့သော အမှိုက်အိတ်ကြီး နှစ်အိတ်နှင့် ဂိုဒေါင်ထဲမှ နေရာလွတ်ထဲသို့ ထည့်လာခဲ့သော အလောင်းအချို့မှလွဲ၍ ကျန်ရှိနေသော အရာများအား ရဲ့ရှင်းချန် မစီစစ်ရသေးချေ။

ရဲစခန်းမှ ယူဆောင် လာခဲ့သော ပစ္စည်းများမှာ အလွန်များပြားလှပေသည်။ ကျည်ဆန် သေတ္တာ ဒါဇင်ဝက်ခန့်အား မြင်လိုက် ရသောအခါ ရဲ့ရှင်းချန်၏ မျက်လုံးများမှာ အရောင်လက် သွားတော့သည်။

ရိုက်တုတ်များနှင့် ပစ္စတို အမျိုးမျိုးလည်း ရှိနေသေးသည်။ ရဲ့ရှင်းချန်သည် လက်နက်ပုံ ကြီးထဲမှ စနိုက်ပါ ရိုင်ဖယ် နှစ်လက်ကိုပင် ရှာဖွေ တွေ့ရှိခဲ့သေးသည်။ စနိုက်ပါ ရိုင်ဖယ်အား လက်ထဲတွင် ကိုင်ထားရင်း ရဲ့ရှင်းချန်မှာ မချချင်လောက်အောင် ဖြစ်သွားရလေတော့သည်။

ဤသည်မှာ အခြားလက်နက်များထက် များစွာ ပိုမို အသုံးဝင်လှပေသည်။ ပစ္စတိုထက်ပင် ပို၍ အဆင်ပြေစေဦးမည် ဖြစ်သည်။ ရဲ့ရှင်းချန်သည် ချက်ချင်းပင် ထဲမှ စနိုက်ပါ ရိုင်ဖယ် တစ်လက်အား ထုတ်ယူလိုက်ကာ ပြတင်းပေါက်နားသို့ ယူသွားလိုက်တော့သည်

သူသည် မှန်ပြောင်းထဲ မှတစ်ဆင့် ကြည့်လိုက်လေရာ မီတာ ၅၀ အကွာရှိ ဗီလာတစ်ခုအား မြင်လိုက်ရသည်။ ရေခဲလွှာပါးလေး ဖုံးလွှမ်းနေသော ပြတင်းမှန် မှတစ်ဆင့် အတွင်းဘက်ရှိ အခြေအနေကိုပင် သူ မြင်နိုင်လေသည်။

ရဲ့ရှင်းချန်မှာ အလွန်အမင်း ဝမ်းသာ သွားခဲ့ရလေသည်။ သူသည် အမြဲတမ်း အခြားသူများ၏ အမြင်အောက်တွင် ရှိမနေချင်ပေ။ ထိုသို့ရှိနေခြင်းမှာ အလွန်အန္တရာယ် များလှပေသည်။ ယခင်တွင် သေနတ်ဖြင့် အပစ်ခံခဲ့ရဖူးသော အတွေ့အကြုံကြောင့် နောက်တစ်ကြိမ်တွင် ပိုမိုကျွမ်းကျင်သော သေနတ်သမားနှင့် ထိပ်တိုက် တွေ့ရမည်ကိုလည်း ရဲ့ရှင်းချန် အလွန်အမင်း ထိတ်လန့်နေမိသည်။

ဤအချက်အား စဉ်းစားမိသောအခါ ရဲ့ရှင်းချန်သည် အခြားအရာတစ်ခုအား သတိရလိုက် ပြန်တော့သည်။ သူ့တွင် ကျည်ကာအင်္ကျီသာရှိပြီး ကျည်ကာ ဘောင်းဘီ မရှိသေးပေ။

ကျည်ကာအင်္ကျီအား အသုံးပြုပြီးနောက် ခြေထောက်နှင့် လက်မောင်းများကို ကာကွယ်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်သော်လည်း လှုပ်ရှား သွားလာရာတွင် အဆင်မပြေနိုင်ချေ။

ရဲ့ရှင်းချန်သည် မျက်လုံးများအား ဝေ့ဝိုက်စဉ်းစားလိုက်ပြီးနောက် စနိုက်ပါ ရိုင်ဖယ်အား နေရာလွတ် ထဲသို့ ပြန်ထည့်လိုက်လေသည်။ ထို့နောက် ထရပ်လျှက် အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။

သူ တံခါးအား ဖွင့်လိုက်သောအခါ လင်းစစ်ကျားမှာ သူမ၏ အခန်းသို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။ သူမသည် ကုတင်ပေါ်တွင် လိမ္မာပါးနပ်စွာ ထိုင်နေပြီး ရဲ့ရှင်းချန် ပေးထားသော စာအုပ်အား ဖတ်နေလေသည်။

"ဘာလို့ ဆင်းလာတာလဲ"

လင်းစစ်ကျားသည် နံရံတွင် ချိတ်ထားသော နာရီအား မော့ကြည့် လိုက်တော့သည်။ ည ၁၀ နာရီ ၂ မိနစ် ရှိနေပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဤအချိန်တွင် ရဲ့ရှင်းချန်မှာ သူ၏ အခန်းသို့ ပြန်သွားလေ့ ရှိပေသည်။

"မင်း အဝတ်အစားတွေ ပြင်ချုပ်တတ်လား မနက်ဖြန် အားရင် ငါ့အဝတ်အစားအချို့ကို ပြင်ချုပ်ပေးပါဦး"

သူသည် သူ၏ နေရာလွတ်ထဲမှ ကျည်ကာအင်္ကျီ သုံးထည်အား ထုတ်ယူလိုက်တော့သည်။ ထိုအထဲတွင် ကျည်ဆန် ထိမှန်ထားသော အင်္ကျီလည်း ပါဝင်လေသည်။ ထို့နောက် လင်းစစ်ကျား၏ ကုတင်ဘေးရှိ ဆိုဖာပေါ်တွင် တင်ပေးလိုက်လေသည်။

"ဒီ သုံးထည်လုံးကို ဖြုတ်ပြီးတော့ ငါ့အတွက် ဘောင်းဘီ တစ်ထည်အဖြစ် ပြောင်းချုပ်ပေးပါဦး ပြီးသွားရင် ငါ့ကို လာပြောနော်"

ရဲ့ရှင်းချန်သည် သူ၏အခန်းသို့ ပြန်သွားလိုက်ကာ စနိုက်ပါ ရိုင်ဖယ်အား ထုတ်ယူ၍ စမ်းသပ်ကြည့် နေလိုက်တော့သည်။

သူသည် ယခင်တွင် ဤလက်နက်မျိုးအား တစ်ခါမှ မသုံးဖူးသဖြင့် မည်သို့ အသုံးပြုရမည်ကိုပင် မသိပေ။ ကံကောင်းထောက်မစွာဖြင့် သူသည် ယခင်က အချက်အလက်များစွာအား ကူးယူထားခဲ့သဖြင့် ထိုအထဲတွင် စနိုက်ပါ ရိုင်ဖယ်ကို မှန်ကန်စွာ အသုံးပြုနည်း သင်ခန်းစာလည်း ပါရှိနေလေသည်။

ကျည်ဆန်များကို ဖြည့်သွင်း ပြီးနောက် ရဲ့ရှင်းချန်သည် မှန်ပြောင်း၏ အကူအညီဖြင့် ပြတင်းပေါက် မှတစ်ဆင့် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်တော့သည်။

သူသည် ရပ်ကွက်၏ အစွန်အဖျားတွင် နေထိုင်သူ ဖြစ်သည်။ အကယ်၍ ရပ်ကွက်ထဲမှ ထွက်ခွာချင်ပါက ဘယ်ကွေ့ ညာကွေ့ လုပ်ရမည် ဖြစ်သော်လည်း မျဉ်းဖြောင့်အတိုင်းဆိုလျှင်တော့ သိပ်မဝေးလှချေ။ ရဲ့ရှင်းချန်သည် အခြား ပြတင်းပေါက် တစ်ခုသို့ ပြောင်းလိုက်ပြီးနောက် ရပ်ကွက် အပြင်ဘက်ရှိ ရှုခင်းများကို ကြည့်လိုက်လေသည်။

အဆပေါင်းများစွာ ချဲ့ထားသော နှင်းရှုခင်းအား ကြည့်ရင်း ရဲ့ရှင်းချန်မှာ စူးစမ်းလိုစိတ် ပြင်းပြနေမိသည်။ ထိုစဉ်မှာပင် အဝေးမှ အမည်းစက်လေး အချို့သည် သူ့ထံသို့ ဦးတည်ကာ ချဉ်းကပ်လာသည်အား ရုတ်တရက် တွေ့လိုက်ရတော့သည်။

"ဟင် ဘာလို့ ရပ်ကွက်ထဲကို မဝင်ဘဲ ငါ့ဆီကို တန်းတန်းမတ်မတ် လာနေကြတာလဲ"

အခြားသူများမှာ ဤရပ်ကွက်၏ လုံခြုံရေး အစီအမံများမှာ အလွန် ကောင်းမွန်လှသဖြင့် ရပ်ကွက် ဝင်ပေါက်မှသာ ဝင်လာလေ့ ရှိကြသည်။ ရပ်ကွက်၏ တံတိုင်းများမှာ သုံးလွှာအမြင့်ခန့်အထိ မြင့်မားလှသဖြင့် သူခိုးများ တက်ရန် ခဲယဉ်းလှပေသည်။

သို့သော်လည်း ယခုအခါ နှင်းများမှာ ဒုတိယထပ်၏ တစ်ဝက်ခန့်အထိ မြင့်တက်နေပြီ ဖြစ်၏။ ထို့ကြောင့် ကိရိယာအချို့၏ အကူအညီဖြင့် တံတိုင်းအား ကျော်ဖြတ်ကာ ရပ်ကွက်ထဲသို့ ဝင်ရောက်ရန်မှာ လွယ်ကူလှပေသည်။

"ဒီနေရာမှာပါ ကင်းစောင့်ဖို့ လူတစ်ယောက် ထားရတော့မယ် ထင်တယ်"

ကျောက်ဟောင်သည် အတော်လေး နောက်ကျမှ ရောက်လာခဲ့သည်။ လီအန်းရန်သည် အိမ်သို့ ပြန်ရောက်သောအခါ ဒေါသထွက်နေသော ကျောက်ဟောင်၏ ဆူပူကြိမ်းမောင်းခြင်းအား ခံလိုက်ရတော့သည်။ ကျောက်ဟောင် ရောက်လာချိန်တွင် တံခါးဝရှိ ပစ္စည်းများမှာ ခဲနေပြီ ဖြစ်သည်။

ကျောက်ဟောင်သည် အိတ်အား ဖွင့်ကြည့်လိုက်လေရာ မျက်လုံးများ ပြူးကျယ် သွားရလေတော့သည်။ သူ၏ မျက်လုံးများတွင် မျက်ရည်များပင် ဝဲလာရသည်။

"ဒီမှာ ဒီမှာ ရိက္ခာတွေ အများကြီးပဲ ညီလေးရဲ့က တကယ်ကို တကယ်ကိုပဲ"

ကျောက်ဟောင်သည် စိုးရိမ်တကြီးဖြင့် ရဲ့ရှင်းချန်၏ တံခါးရှေ့တွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေမိသည်။ ရဲ့ရှင်းချန်သည် အပြင်သို့ ထွက်ကာ အန္တရာယ်များကြားတွင် ပင်ပင်ပန်းပန်း ရှာဖွေခဲ့ရသည်အား သူ စဉ်းစားနေမိလေသည်။ ထိုသို့ ပင်ပန်းခံ ရှာဖွေလာသော ရိက္ခာများအား သူ့အား ဤမျှအထိ ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သူသည် ဖုန်းအား အမြန်ယူကာ ရဲ့ရှင်းချန်ထံသို့ ဆက်သွယ်လိုက်သည်။

"ဟယ်လို ညီလေးရဲ့ မင်း မအိပ်သေးဘူး မဟုတ်လား ငါ ငါ တကယ်ပဲ ဒီလောက်အထိ မလိုပါဘူးကွာ"

"ရှက်စရာမရှိပါဘူး အစ်ကိုကျောက်ရယ် ကျွန်တော် ပေးထားတာတွေကို ယူထားလိုက်ပါ"

ရဲ့ရှင်းချန်သည် သေနတ်ပြောင်းအား မှန်ပြောင်း မှတစ်ဆင့် အောက်သို့ နှိမ့်လိုက်ပြီး ကျောက်ဟောင်၏ ခေါင်းသို့ ချိန်ရွယ် လိုက်တော့သည်။ မှန်ပြောင်း၏ အကူအညီဖြင့် ရဲ့ရှင်းချန်သည် ကျောက်ဟောင် ဆောင်းထားသော ဦးထုပ်မှ အမျှင်လေးများကိုပင် မြင်နေရသည်။ သူသည် ခေါင်းအား စောင်းလျှက် ဖုန်းကို လက်ချောင်းများ ကြားတွင် ညှပ်ထားရင်းဖြင့် သေနတ်အား လက်ဟန်ပြ စမ်းသပ်နေလိုက်တော့သည်။ ကျောက်ဟောင်၏ အသံမှာ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

"စောစောက လီအန်းရန် ပြောခဲ့တာတွေကို စိတ်ထဲ မထားပါနဲ့ဦး ငါ အိမ်ပြန်ရောက်တာနဲ့ သူ့ကို ဆုံးမလိုက်ပါပြီ သူက အဲဒီလိုပဲ အိမ်မှာဆိုရင် နေ့တိုင်းကို ပါးစပ်က မနားတမ်း ပြောနေတတ်တာ"

ရဲ့ရှင်းချန်သည် လက်ထဲမှ စနိုက်ပါ ရိုင်ဖယ်အား ဆက်လက် ကစားနေဆဲ ဖြစ်သည်။ သူသည် မျက်လွှာအား ချလျှက် ခပ်ပါးပါး ပြုံးလိုက်မိသည်။

"အစ်ကိုကျောက်ကလည်း ဘာတွေ ပြောနေတာလဲ ကျွန်တော်က မိန်းကလေး တစ်ယောက်နဲ့ ဘာလို့ အခဲမကျေ ဖြစ်နေရမှာလဲ"

"ကျွန်တော်က အဲဒီလို စိတ်ထား ကျဉ်းမြောင်းတဲ့ လူစားမျိုး မဟုတ်ပါဘူး ဒါပေမဲ့ အစ်ကိုကျောက် ငါ မေးသင့်မမေးသင့် မသိတဲ့ ကိစ္စတစ်ခုတော့ ရှိတယ်"

"အစ်ကိုက တခြားသူရဲ့ ကလေးကို တကယ်ကြီး ပြုစုပျိုးထောင် ပေးတော့မှာလား"

ရဲ့ရှင်းချန်၏ စကားလုံးများတွင် စုံစမ်းလိုသော အရိပ်အယောင်များ ပါဝင်နေသော်လည်း ပေါ့ပေါ့ပါးပါး မေးလိုက်သော မေးခွန်းတစ်ခုသာ ဖြစ်ပုံရသည်။ သူသည် ထို့သို့ ဖြစ်စေရန် တမင်တကာ လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ သူသည် လီအန်းရန်အား အမှန်ပင် မနှစ်သက်ပေ။

ရဲ့ရှင်းချန်သည် လီအန်းရန်မှာ မြင်ရသလောက် မရိုးရှင်းကြောင်း သဘာဝကျကျပင် သိရှိထားလေသည်။ သို့သော်လည်း သူမမှာ လူကောင်း တစ်ယောက် မဟုတ်ကြောင်း ကျောက်ဟောင်အား သွားပြောပါမူ မည်သည့် အကျိုးကျေးဇူးမှ ရှိလိမ့်မည် မဟုတ်ချေ။ ထိုသို့ ပြောမည့်အစား ကျောက်ဟောင်နှင့် သူ၏ ဆက်ဆံရေးကိုသာ ပျက်ပြားစေလိမ့်မည် ဖြစ်သည်။

ရဲ့ရှင်းချန်သည် မိုက်မဲသူ မဟုတ်ပေ။ အကယ်၍ သူသည် ရန်တိုက် ပေးချင်လျှင်ပင် တစ်စစချင်းသာ လုပ်ဆောင်ရမည် ဖြစ်သည်။ ကျောက်ဟောင်မှ ရယ်မောရင်း ရဲ့ရှင်းချန်အား ပြန်ဖြေလိုက်သည်။

"ဟေး ညီလေးရဲ့ မင်းကလည်း ဘာတွေ ပြောနေတာလဲ အခုလို အချိန်မျိုးမှာ မင်းရဲ့ အစ်မလီလို မိန်းကလေးမျိုးကို ရထားတာကပဲ ငါ့အတွက် တော်တော် ကံကောင်းနေပါပြီ"

ရဲ့ရှင်းချန်မှ ပြုံးလျှက် ခေါင်းခါလိုက်လေသည်။

"အင်း အစ်ကိုကျောက် ပြောတာလည်း မှန်ပါတယ် အစ်မလီက တကယ်ကို ကောင်းမွန်တဲ့သူပါ ရုပ်ရည်လည်း လှပတယ် ကလေးမွေးဖူးတဲ့ အမျိုးသမီး တစ်ယောက်လို့တောင် မထင်ရဘူး"

"သိပ်ပြီးတော့ စိတ်ထဲ မထားပါနဲ့ဦး ကျွန်တော်က တခြား ရည်ရွယ်ချက် မရှိပါဘူး အစ်ကို့ကိုယ် အစ်ကို အထင်သေး လွန်းနေတယ်လို့ပဲ ကျွန်တော် ခံစားမိလို့ပါ"

"အခုလို အချိန်မျိုးမှာ အစ်ကို့လို တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ အမျိုးသား တစ်ယောက်က အရမ်းကို တန်ဖိုးရှိပါတယ် ကြည့်စမ်းပါဦး ဘယ်လို အမျိုးသမီးကမှ အစ်ကို့ကို စိတ်မဝင်စားဘဲ နေမှာလဲ"

"အစ်ကို ယုံချင်မှ ယုံလိမ့်မယ် အခုလို အချိန်မှာ အစ်ကို့လို လူမျိုးဆိုရင် မိန်းကလေးတွေ အများကြီးက အစ်ကို့ဆီကို အတင်းတိုးဝှေ့ လာကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်"

All Chapters