အခန်း (၇၂၇-၇၂၈)
Vol. 56 Ch. 727-728
အခန်း ၇၂၇ - ကေဒါ၏ စုံစမ်းမေးမြန်းမှုနှင့် ဆေးဝါးရောင်းချရမှု အခြေအနေ
“တကယ့်ကို အသေးစိတ် ဂရုစိုက်ပေးထားတာပဲ။”
ရှောင်းယီက ပြောလိုက်ပြီးနောက် ကျန်းယွင်ထျန်းကို အန်းယွဲ့ထံ စေလွှတ်ကာ အသုံးပြုနည်းကို သင်ယူရန်အတွက် လူအများအပြား စီစဉ်ခိုင်းလိုက်သည်။
သင်ယူသူ များပြားပါက တစ်ဦးတစ်ယောက်က မေ့လျော့သွားလျှင်ပင် အချင်းချင်း ပြန်လည် သတိပေးနိုင်မည်ဖြစ်သည်။
“မှတ်ထားပါ။ သင်ပြီးတာနဲ့ ချက်ချင်း လက်တွေ့ လေ့ကျင့်ရမယ်။ သင်တုန်း တတ်ပြီး တကယ် သုံးတဲ့အခါကျမှ အလွဲလွဲအချော်ချော် ဖြစ်နေတာမျိုးကို ငါ မမြင်ချင်ဘူး။”
ရှောင်းယီက မှာကြားလိုက်၏။
ကျန်းယွင်ထျန်းကို မှာကြားပြီးနောက် ရှောင်းယီသည် ကေဒါကို အပန်းဖြေစခန်းဘက်သို့ ခေါ်ဆောင်သွားပြီး ငှက်မွေးအနွေးထည်တစ်ထည် လဲလှယ်ပေးလိုက်သည်။
“သူငယ်ချင်း... ငါ ပြောရဦးမယ်။ မင်းတို့ကျွန်းက ဒီအနွေးထည်က တကယ်ကို နွေးလွန်းတယ်။”
ကေဒါက ဆိုသည်။
“ဟိုကောင် လော့စ်ဆိုရင် ငါ့ရှေ့မှာ ကြွားနေတာ တော်တော်ကြာပြီ။”
“ပြီးခဲ့တဲ့တစ်ခေါက်က ငါ အလျင်လိုသွားလို့ မင်းအတွက် တစ်ထည် ယူလာပေးဖို့ မေ့သွားတာ...။”
ရှောင်းယီက ပြောလိုက်သည်။ ေကဒါက လက်ကာပြရင်း ရှောင်းယီ၏ စကားကို ဖြတ်ပြောလိုက်၏။
“သူငယ်ချင်းတွေကြားမှာ ဒီလောက်ထိ အားနာနေစရာ မလိုပါဘူး။ အခုလည်း ငါကိုယ်တိုင် လာယူတာပဲ မဟုတ်ဘူးလား။”
ရှောင်းယီက ရယ်မောလိုက်မိသည်။
“ဒါပေါ့ နောင်ကျရင်လည်း ဘာလိုလို လာသာယူလိုက်။”
ရှောင်းယီက သူ့ကို အပန်းဖြေစခန်းသို့ ခေါ်လာသောအခါ ကေဒါသည် မျက်စိရှေ့မှ မြင်ကွင်းများကို ကြည့်ကာ မှင်တက်သွားခဲ့သည်။
“မင်း ဒါတွေကို အကုန်ဖြိုပစ်ပြီး အသစ် ပြန်ဆောက်လိုက်တာလား။”
ကေဒါက အံ့သြတုန်လှုပ်စွာ မေးလိုက်၏။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိတယ်လေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ကေဒါက ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်သားပဲ။ အဲဒါ မပါဘဲနဲ့တော့ ဒီလောက်များတဲ့ အဆောက်အဦးတွေကို တစ်ရက်၊ နှစ်ရက်အတွင်း အပြီးဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆိုတာ တကယ့်ကို အံ့သြစရာကောင်းတဲ့ အရာပဲ။ ငါတို့ သုံးလို့မရတာပဲ တကယ်နှမြောဖို့ကောင်းတယ်။”
“ငါ သုံးလို့ရနေတာပဲလေ။ အတူတူပါပဲ။”
ရှောင်းယီက ဆိုသည်။
“မှန်တယ်။ သူငယ်ချင်းတစ်ယောက် သုံးလို့ရတာက ငါတို့ သုံးလို့ရတာနဲ့ အတူတူပါပဲ။”
ကေဒါက ပြုံးလျက် ပြောလိုက်၏။ သူတို့နှစ်ဦးသည် ရယ်ရင်းမောရင်းဖြင့် ဘားထဲသို့ လျှောက်ဝင်သွားပြီး သီးသန့်ခန်းတစ်ခု ယူလိုက်ကြသည်။
“ကုန်းမကြီးက ရေအောက် ရောက်တော့မယ်လို့ ငါ ကြားတယ် ဟုတ်လား။”
ထိုင်လိုက်သည်နှင့် ကေဒါက မေးလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်ပြလိုက်၏။
“မင်းတို့ရဲ့ အရှင်မင်းကြီးက ဒီအကြောင်း မပြောပြဘူးလား။”
ကေဒါက ခေါင်းခါယမ်းကာ ပြန်ဖြေလိုက်သည်။
“ဘာအကြောင်းကြားစာမှ မရသေးဘူး။ ငါက လော့စ်ရဲ့ ပါးစပ်ထဲကနေ ကြားလိုက်တာ။ မင်းတို့ကျွန်းနဲ့ ငါတို့ကျွန်းက ဘာကွာလို့လဲ။”
“မင်းတို့ကျွန်းနဲ့ အတူတူပဲလို့ မှတ်လိုက်လို့ ရပါတယ်။ ထူးခြားတာကတော့ အရင်းအမြစ်တွေ အသစ်ပြန်ဖြစ်တာပါပဲ။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“အရင်းအမြစ်တွေ အသစ်ပြန်ဖြစ်တာလား။ အဲ့ဒါဆို အရင်းအမြစ်တွေ အကန့်အသတ်မရှိ ရနေမှာပေါ့ ဟုတ်လား။”
ကေဒါက သံသယဖြင့် မေးလိုက်သည်။
“အဲလိုတော့လည်း မဟုတ်ဘူး။ ကျွန်းတစ်ခုတည်းမှာ အရင်းအမြစ်တွေ အကုန်လုံး အသစ်ဖြစ်လာမှာ မဟုတ်သလို အချိန်လည်း ပေးရတယ်။ မင်းတို့ ကုန်းမကြီးပေါ်မှာ သတ္တုကြောတွေ ဖြစ်ပေါ်ဖို့ အချိန်အကြာကြီး ယူရသလိုမျိုးပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်၏။ ကေဒါက ခေါင်းညိတ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် ခြုံကြည့်ရင်တော့ အုတ်မြစ်ကျောက်ကျွန်းက ပိုကောင်းတာပါပဲ။”
“အဲ့ဒါကြောင့်လည်း မင်းတို့က ဈေးကြီးပေးပြီး ကျွန်းကို ဝယ်ကြတာ မဟုတ်ဘူးလား။”
ရှောင်းယီက ပြုံး၍ ဆိုလိုက်သည်။
“ငါတို့ရဲ့ လက်ရှိ မြို့တော်လိုမျိုး တည်ဆောက်ပေးမယ်ဆိုတာ တကယ်လား။”
ကေဒါက မေးလိုက်သည်။
“ဒါပေါ့။ ငါတို့ရဲ့ မြေတိုင်းအဖွဲ့တွေ မနေ့ကတည်းက ရောက်နေပြီ မဟုတ်ဘူးလား။”
ရှောင်းယီက ပြန်ဖြေလိုက်၏။
“ဒါပေမဲ့ ကွာခြားချက်တော့ ရှိနိုင်တယ်။”
“ဘာတွေ ကွာမှာလဲ။”
ကေဒါက စပ်စုလိုက်သည်။
“ဆောက်လုပ်ရေး ပစ္စည်းတွေ ကွာမှာပါ။ ငါတို့ သုံးတဲ့ ပစ္စည်းတွေက ပိုခိုင်ခံ့ပြီး ပိုပြီးတောင့်တင်းတယ်လေ။”
ရှောင်းယီက ဖြေလိုက်သည်။ ကေဒါ အံ့သြသွားခဲ့သည်။
“ငါတို့ အဆောက်အဦးတွေထက် ပိုခိုင်တယ်ဆိုတာ မင်း သေချာလို့လား။”
“အချိန်တန်ရင် မင်း သိလာပါလိမ့်မယ်။ ဒါပေမဲ့ ဒါက မင်းတို့ဘက်က ပေးမယ့် သတ္တုတွင်းသုံး ပစ္စည်းတွေအပေါ်မှာလည်း မူတည်သေးတယ်။ မဟုတ်ရင်တော့ ဆောက်လုပ်ရေး အချိန်က အများကြီး ကြာသွားလိမ့်မယ် “
ရှောင်းယီက ပြောလိုက်၏။
“ဒါဆိုရင်တော့ ငါ တကယ်ကို မျှော်လင့်နေမိမှာပဲ။”
ကေဒါက ပြန်ပြောလိုက်သည်။
“ဒီနေ့တော့ မင်း ဒီမှာပဲ အနားယူပြီး အပန်းဖြေလိုက်ဦး။ လမ်းပြတစ်ယောက် ငါ စီစဉ်ပေးခဲ့မယ်။ ငါ့မှာ လုပ်စရာလေးတွေ ရှိသေးလို့။”
ရှောင်းယီသည် ကေဒါနှင့် ဝိုင်တစ်ခွက် အတူသောက်ပြီးနောက် ပြောလိုက်သည်။
“ကောင်းပြီ။ မင်း အလုပ်သွားလုပ်လိုက်ပါ။ ငါ့ဘာသာငါ အဆင်ပြေပါတယ်။”
ကေဒါက ဆိုသည်။က ဆိုသည်။
သူ့အတွက် ဘာသာပြန်တစ်ဦးနှင့် လမ်းပြတစ်ဦး စီစဉ်ပေးပြီးနောက် ရှောင်းယီသည် ဗီလာသို့ ပြန်လာခဲ့လိုက်၏။
“ကျွန်းပိုင်ရှင်... မနေ့က ကျွန်းတော်တော်များများမှာ တောရိုင်းတိရစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုကို ကြုံခဲ့ရပါတယ်။ အခြေခံ ခန့်မှန်းချက်အရတော့ နှင်းကျပြီးနောက် အစာရေစာ ရှားပါးလာလို့ အဲဒီ တိရစ္ဆာန်တွေက လူတွေကို တိုက်ခိုက်တာ ဖြစ်နိုင်တယ်။”
ရှောင်းယီကို မြင်သည်နှင့် ဆုဝမ်က သတင်းပို့လိုက်သည်။ ရှောင်းယီ မျက်မှောင်ကျုံ့မိသွား၏။
“ကမ္ဘာ့စည်းမျဉ်းတွေက ဘာဂိမ်း ထပ်ကစားနေပြန်ပြီလဲ မသိဘူး။ အစ်ကိုကျန်းကို သတိပေးထားလိုက်ဦး။ တောထဲမှာ အသစ်ပေါ်လာတဲ့ တိရစ္ဆာန်တွေကို သေသေချာချာ စောင့်ကြည့်ဖို့။”
“ဟုတ်ကဲ့။”
ဆုဝမ်က တုံ့ပြန်လိုက်သည်။
ယခင်က တိရစ္ဆာန်များ သောင်းကျန်းမှုမှာ နေထိုင်စရာ နေရာ မလုံလောက်ခြင်းကြောင့် လူသားများ၏ ဧရိယာသို့ ကျူးကျော်လာခြင်း ဖြစ်သည်။ သို့သော် ယခုတစ်ခေါက် အကြောင်းပြချက်မှာ မတူတော့ပေ။
မနှစ်က ဆောင်းရာသီတွင် လူတိုင်း၏ ကျွန်းများမှာ သေးငယ်သဖြင့် တိရစ္ဆာန် အများအပြား အသစ်ပေါ်မလာခဲ့ပေ။ ယခုမူ လူတိုင်း၏ ကျွန်းဧရိယာမှာ ကြီးမားလာပြီး တောအုပ်များလည်း ကျယ်ဝန်းလာသဖြင့် စည်းမျဉ်းများအရ တောရိုင်းတိရစ္ဆာန်များ သဘာဝအလျောက် ပိုမိုထွက်ပေါ်လာခြင်းဖြစ်နိုင်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့သို့ ပြန်ရောက်သောအခါ ဂရုထဲရှိလူများမှာ တိရစ္ဆာန်များကြောင့် ဒဏ်ရာရခဲ့သည့်အကြောင်း ညည်းညူနေကြသည်ကို တွေ့လိုက်ရလေသည်။
“သေစမ်း... မနေ့ညက ငါတို့ မဟာမိတ်အဖွဲ့ထဲက ဒေသခံ အစောင့် ၁၂ ယောက် ဒဏ်ရာရသွားတယ်။”
“ကျုပ်တို့ဆီမှာ ပိုတောင်ဆိုးသေးတယ်။၂၁ ယောက်တောင်။ ကံကောင်းလို့ အခု အပူချိန်က နိမ့်နေလို့ အနာမရင်းတာ။ မဟုတ်ရင်တော့ ဒုက္ခပဲ။”
“ဒုက္ခဖြစ်မယ်မှန်း သိရင် ဘာလို့ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်မထားရမှာလဲ။”
ဆေးရောင်းသူ စွန်းယောင်သည် အချိန်ကိုက် ပေါ်လာပြီး သူ၏ဆေးများကို ကြော်ငြာပြန်၏။
“ကျုပ်ဆီမှာ ဆေးမျိုးစုံ ရှိပါတယ်။ ခေါင်းကိုက်၊ ဖျားနာ၊ ချောင်းဆိုး၊ ပန်းနာရင်ကြပ်၊ အညောင်းအညာနဲ့ ဒဏ်ရာအနာတရတွေအတွက် အကုန်ရပါတယ်။”
“ဆေးအတုရောင်းတဲ့ကောင်... မင်း ပျောက်နေတာ ကြာပြီပဲ။ ဒီလောက် တိုင်းရင်းဆေး ကုန်ကြမ်းတွေ အများကြီး ရထားလိမ့်မယ်လို့ မထင်ထားမိဘူး။”
“ဘုရားသခင်က ကျုပ်ကို ထမင်းကျွေးထားလေ။ ကျုပ်ကျွန်းမှာ အသစ်ဖြစ်လာသမျှ အရာအားလုံးက တိုင်းရင်းဆေး ကုန်ကြမ်းတွေချည်းပဲ။ အဲ့ဒါကြောင့် အမျိုးအစား စုံတယ်။ ဘယ်လိုလဲ။ ဆေးနည်းနည်းလောက် ယူဦးမလား။”
စွန်းယောင်က ပြန်ဖြေလိုက်သည်။
“ငါမှ မဖျားတာ ဘာလို့ ဝယ်ရမှာလဲ။”
“ကျုပ်ဆီမှာ ကျန်းမာရေးအတွက် အားဆေးတွေလည်း ရှိပါတယ်။ ဖျားနေရင် ကု၊ မဖျားခင် ကြိုတင်ကာကွယ်ပေါ့။”
စွန်းယောင်မှာ ကျန်းမာရေး ထုတ်ကုန်ရောင်းသူနှင့် ပိုပိုတူလာခဲ့၏။
“ချီးဘဲ... ဆေးအတုရောင်းတဲ့ကောင် မင်း အရောင်းဝန်ထမ်းမလုပ်တာက မင်းရဲ့ အရည်အချင်းတွေ တကယ်နှမြောဖို့ကောင်းတယ်။”
“ငါက တကယ့် ဆရာဝန်ပါနော်။”
စွန်းယောင်က ချက်ချင်း တုံ့ပြန်လိုက်သည်။
“အဟက်... အဖွဲ့ထဲက လူတွေကို မေးကြည့်လိုက်။ မင်းကို ဆရာဝန်လို့ ဘယ်သူက ထင်လို့လဲ။”
“နောက်ပြောင်မနေနဲ့တော့။ ဆေးရောင်းတဲ့သူ... ငါ့ဆီမှာ တကယ် ဆေးလိုနေတယ်။ မင်းဆီကို မက်ဆေ့ခ်ျ ပို့ထားတယ်။ ဆေးနည်းနည်းလောက် ကူညီပါဦး။”
“ကောင်းပါပြီ။ ဒါပေမဲ့ ကျုပ်ကတော့ လူနာကို ကိုယ်တိုင် ကြည့်ပေးတာ အကောင်းဆုံးလို့ အကြံပြုချင်တယ်။ ခင်ဗျား ပြောတာကိုပဲ နားထောင်ပြီး ဆေးပေးရတာက သိပ်ပြီး တိကျမှု မရှိဘူး။”
စွန်းယောင်က ချက်ချင်း ပြန်ဖြေလိုက်၏။
“ကြည့်ပေးမှာလား။ မင်းရဲ့ကျွန်းကို လာရမှာလား။”
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး... ကျုပ် အပန်းဖြေစခန်း နားမှာ ဆေးခန်းလေး တစ်ခု ဖွင့်ဖို့ ရှိပါတယ်။ အားလုံးကို ကြိုဆိုပါတယ်။”
စွန်းယောင်က ဆိုသည်။
“လခွမ်း... ငါက အပန်းဖြေစခန်း ရောက်မှ ဖျားရမှာလားကွ။”
“ဒါပေါ့ မဖျားရင် ဆေးခန်း သွားစရာ မလိုဘူးလေ။”
စွန်းယောင်က ချက်ချင်း ပြန်ဖြေလိုက်၏။
“သေးစမ်း... မင်းရဲ့ အဖြေကို ငါ ဘာမှ ပြန်မပြောနိုင်တော့ဘူး။”
“ကျုပ် ထင်တာကတော့ ဒါလည်း အဆင်ပြေပါတယ်။ ဆရာဝန်လည်း ပြလို့ရသလို၊ အားလပ်ရက်မှာ အနားယူလို့လည်း ရတာပေါ့။ အပန်းဖြေစခန်း လက်မှတ်ဖိုးကိုပဲ ပြသခလို့ သဘောထားလိုက်ပေါ့။”
အခန်း ၇၂၈ - တစ်ခုခုတော့ မှားနေပြီ၊ အန်းယွဲ့ အအေးမိခြင်းနှင့် ဗိုင်းရပ်စ်
အဖွဲ့အတွင်း ဆွေးနွေးမှုများကို ကြည့်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် စွန်းယောင်ဆီသို့ သီးသန့်စာပို့ကာ မေးမြန်းလိုက်၏။
“စွန်းယောင်... မင်းဆီကနေ လူတွေ ဘယ်လိုဆေးမျိုးတွေ ဝယ်နေကြတာလဲ။”
“ကျွန်းပိုင်ရှင်ကို သတင်းပို့ပါတယ်။ သူတို့ ပြောပြတဲ့ လက္ခဏာတွေအရဆိုရင် အကုန်လုံးက အအေးမိတာ၊ ဖျားတာနဲ့ ချောင်းဆိုးတာတွေချည်းပါပဲ။”
စွန်းယောင်က ပြန်ဖြေလိုက်သည်။
“ကျုပ်က လူနာကို ကိုယ်တိုင် မမြင်ရတော့ အစပိုင်းမှာတော့ သူတို့တွေ အအေးမိသွားကြတာလို့ပဲ ယူဆလိုက်မိတယ်။”
ရှောင်းယီ ခေါင်းညိတ်ပြသော်လည်း ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့၏။
အအေးမိတာ ဟုတ်လား။
ယခုဆိုရင် ကျွန်းတိုင်းတွင် လီယန်ထုတ်လုပ်ထားသည့် ငှက်မွေးအနွေးထည်များ ရှိနေပြီဖြစ်သလို အနွေးထည် မရှိလျှင်ပင် အပူပေးစက်များ ရှိနေကြသည်ချည်းပင်။ ဘယ်လိုလုပ်ပြီး အအေးမိနိုင်မည်နည်း။
ထို့အပြင် ဒေသခံများဆိုသည်မှာ သားရေခွံများသာဝတ်ပြီး ဆောင်းရာသီများစွာကို ဖြတ်သန်းလာခဲ့ကြသူများဖြစ်၏။ အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းပေါ်ရောက်မှ အဘယ်ကြောင့် အအေးမိရသနည်း။
“တစ်ခုခုတော့ မှားနေပြီ။”
ရှောင်းယီသည် တစ်စုံတစ်ခုကို ရိပ်မိလိုက်သော်လည်း ဘာမှားနေသလဲဆိုသည်ကို ချက်ချင်း မသိနိုင်ခဲ့ပေ။
ထိုစဉ် အန်းယွဲ့သည် အပြင်မှ လျှောက်ဝင်လာပြီး နှာတရှုံ့ရှုံ့လုပ်ကာ ပြောလိုက်သည်။
“ဒီနေ့ တကယ် အေးတာပဲ။”
ပြောပြောဆိုဆိုနှင့် အန်းယွဲ့သည် သူ၏ အနွေးထည်ကို ချွတ်ကာ ဘေးရှိ အင်္ကျီချိတ်တွင် ချိတ်လိုက်၏။
ဟတ်ချိုး
ထိုစဉ် ဘေးနားတွင်ရှိသော အန်းရန်က လျှောက်လာပြီး မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“အဖေ... အအေးမိနေတာလား။”
“မဖြစ်နိုင်ပါဘူး။ အိမ်ထဲမှာ အဲကွန်းရော အပူပေးစက်ရော ရှိတာပဲ။ အပြင်ထွက်ရင်လည်း အနွေးထည် ဝတ်တာပဲ။ အအေးမိစရာ အကြောင်းမရှိပါဘူး။”
အန်းယွဲ့က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“နှာတစ်ခါ ချေလိုက်ရုံပါပဲ။ တစ်ယောက်ယောက်က ငါ့အကြောင်း ပြောနေလို့ နေမှာပေါ့။”
ဟတ်ချိုး ဟတ်ချိုး
စကားမဆုံးသေးမီမှာပင် အန်းယွဲ့သည် ဆက်တိုက် နှစ်ခါ ထပ်ချေလိုက်ပြန်သည်။
အိပ်ခန်းထဲတွင် ရှိနေသော ရှောင်းယီသည်လည်း နှာချေသံကို ကြားလိုက်ရသဖြင့် ချက်ချင်း ထွက်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“ဦးလေးအန်း... အခုတလော အရမ်းပင်ပန်းနေလို့လား။”
အန်းယွဲ့သည် တစ်ရှူးဖြင့် နှာခေါင်းကို ပွတ်ကာ ဗလုံးဗထွေးအသံဖြင့် ပြန်ဖြေလိုက်သည်။
“ငါလုပ်တဲ့ အလုပ်က ပင်ပန်းစရာမှ မရှိတာ။ ဒါ့အပြင် ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း အဆင့် A ရောက်နေပြီပဲ။ ကိုယ်ခံအားက အဲလောက် မညံ့ပါဘူး။ တစ်ခုခုကြောင့် ယားယံသွားလို့ နေမှာပါ။”
“ဗီလာထဲမှာ အသစ် ထပ်ထည့်ထားတာ ဘာမှ မရှိပါဘူး။”
အန်းရန်က ပြန်ပြောလိုက်၏။
အန်းယွဲ့သည် သူ၏နှာခေါင်းကို သုတ်ပြီးကာမှ နှာရည်များ ပြန်ထွက်လာပြီး နောက်ထပ် အကြိမ်အနည်းငယ် ထပ်ချေလိုက်ရပြန်သည်။
“ကဲ... အဖေ အအေးမိနေတာ သေချာနေပါပြီ။ သမီး ရေနွေး သွားခပ်ပေးမယ်။”
အန်းရန်သည် ရေခွက်ကို ကောက်ကိုင်ရင်း တိးတိုးလေး ရေရွတ်လိုက်၏။
“ဒါက ဘက်တီးရီးယားကြောင့်လား၊ ဗိုင်းရပ်စ်ကြောင့်လား မသိဘူး။”
အန်းရန်၏စကားက ရှောင်းယီကို အတွေးတစ်ခု ရသွားစေပြီး ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်း စဉ်းစားမိသွားစေခဲ့သည်။ သူက ပြောလိုက်၏။
“နာ့နာကို ခေါ်ပြီး ဦးလေးအန်းကို ကြည့်ခိုင်းလိုက်။”
“သာမန် အအေးမိတာလေးကို နာ့နာအထိ ခေါ်စရာ မလိုပါဘူး။”
ရှောင်းယီက အပိုတွေ လုပ်နေသည်ဟု အန်းယွဲ့ ခံစားလိုက်ရသည်။
“မဟုတ်ဘူး။ ဒါပ ကမ္ဘာ့စည်းမျဉ်းတွေက ကျုပ်တို့ အသက်ရှင်ကျန်ရစ်သူတွေကို ပေးတဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုလို့ ကျုပ် ခံစားနေရတယ်။”
ရှောင်းယီက လေးလေးနက်နက် ပြောလိုက်သည်။
အန်းယွဲ့သည် ခဏမျှ မှင်တက်သွားပြီးမှ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့၏။
“မင်း ဆိုလိုတာက...”
“အရင်ဆုံး စစ်ဆေးကြည့်ရအောင်။ ပြီးမှ ရလဒ်ပေါ် မူတည်ပြီး ပြောကြတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ မကြာမီ နာ့နာ ရောက်ရှိလာခဲ့ပြီး အန်းယွဲ့ကို အသေးစိတ် စစ်ဆေးကြည့်လိုက်သည်။
“ကျွန်းပိုင်ရှင်... ဦးလေးအန်းမှာ လူသားရဲ့ အသက်ရှူလမ်းကြောင်းစနစ်ကို ကျူးကျော်ဖျက်ဆီးတဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ဒီဗိုင်းရပ်စ်ကို ဒီနေ့ မနက် ၃ နာရီလောက်က မဟာမိတ်အဖွဲ့ရဲ့ အနောက်ဘက်ကျွန်းက ဒဏ်ရာရတဲ့ လူတွေဆီမှာလည်း ကျွန်မ တွေ့ခဲ့ပါတယ်။ သူတို့ သတ်ခဲ့တဲ့ တောရိုင်းတိရစ္ဆာန် အလောင်းတွေကို ခွဲခြမ်းစိတ်ဖြာချက်အရ ဒီဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေဆီကနေ ပါလာတာ ဖြစ်နိုင်ပါတယ်။”
နာ့နာက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
“မနက် ၃ နာရီကတည်းက သိတာကို ငါ့ကို ဘာလို့ အကြောင်းမကြားတာလဲ။”
ရှောင်းယီက ချက်ချင်း မေးခွန်းထုတ်လိုက်၏။နာ့နာ၏ စနစ်တစ်ခုလုံး ခေတ္တမျှ ရပ်တန့်သွားသလို ဖြစ်သွားပြီးမှ ပြန်ဖြေလိုက်သည်။
“ဒီလို အသေးအဖွဲရောဂါလေးကို ကျွန်းပိုင်ရှင်ကို အကြောင်းကြားဖို့ မလိုအပ်ဘူးလို့ ယူဆမိလို့ပါ။”
“အသေးအဖွဲရောဂါလေး ဟုတ်လား။”
ရှောင်းယီ စကားမဆိုနိုင် ဖြစ်သွား၏။
“ဒါက ကူးစက်တတ်တယ်ဆိုတာ မင်း သိသင့်တယ်။”
“ဟုတ်ကဲ့။ ဒီဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေ၊ အနီးကပ် ထိတွေ့မှုတွေနဲ့ လေထုထဲကတစ်ဆင့် အဓိက ကူးစက်တာပါ။ ဒါပေမဲ့ ကူးစက်ခံရပြီးပြီးချင်း ချက်ချင်း သေဆုံးတာမျိုး မဟုတ်ရင်တော့ ကုသလို့ ရပါတယ်။ ပြဿနာကြီး မဟုတ်ပါဘူး။”
နာ့နာက ပြန်ဖြေလိုက်သည်။ ရှောင်းယီ လုံးဝ စကားမပြောနိုင်တော့ပေ။ သူ သက်ပြင်းသာ ချလိုက်မိ၏။
“ဦးလေးအန်းကို အရင်ကုပေးလိုက်ပါ။ အန်းရန်... မင်း အပန်းဖြေစခန်းက လူတွေအားလုံးကို သွားအကြောင်းကြားလိုက်။ ရောဂါလက္ခဏာပြတဲ့သူ ရှိရင် ချက်ချင်း သီးသန့်ခွဲထားလိုက်ပါ။ အန်တီလီ လုပ်ထားတဲ့ နှာခေါင်းစည်းတွေ အကုန်ထုတ်ပြီး လူတိုင်းကို တပ်ခိုင်းထားလိုက်။”
“ဟုတ်ကဲ့”
အန်းရန်သည်လည်း အခြေအနေ၏ အရေးကြီးပုံကို သိသဖြင့် ဖုန်းကိုင်ကာ အပန်းဖြေစခန်းသို့ ပြေးသွားရင်း လိုအပ်သည်များကို ဖုန်းဆက်မှာကြားလိုက်တော့သည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ချက်ချင်းပြန်သွားပြီး ယိထျန်းဂရာထဲတွင် ပြောလိုက်၏။
“လူတိုင်းပဲ သတိထားကြပါ။ မနေ့က တိရစ္ဆာန်တွေကြောင့် ဒဏ်ရာရတဲ့သူတွေကို အချိန်မီ သီးသန့်ခွဲထားကြပါ။ သူတို့တွေက အဲဒီတိရစ္ဆာန်တွေဆီကနေ ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အဲ့ဒါက တခြားသူတွေကိုပါ ကူးစက်နိုင်ပါတယ်။”
သူ ထိုသို့ပြောပြီးနောက် ဂရုအတွင်းရှိ စာတိုများမှာ စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွား၏။
“ဟမ်... သူဌေး ပြောတာက ဘာကို ဆိုလိုတာလဲ။”
“မင်း နားမလည်ဘူးလား။ ဗိုင်းရပ်စ်ရှိနေတယ်တဲ့။ ဒဏ်ရာရတဲ့သူတွေကို အမြန် သီးသန့်ခွဲထားလိုက်တော့။”
“ဘာလို့ ဗိုင်းရပ်စ် ရှိနေရတာလဲ။ အရင်က အားလုံး အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။”
“ကျုပ်တို့တော့ အချိန်မမီတော့ဘူး။ ကျုပ်တို့ကျွန်းက လူတော်တော်များများမှာ ဖျားတာနဲ့ ချောင်းဆိုးတဲ့ လက္ခဏာတွေ ပြနေပြီ။ ဘာလုပ်ရမလဲ။”
“လူတိုင်းပဲ စိတ်မပူကြပါနဲ့ဦး။ ပထမဆုံး လုပ်ရမှာက လက္ခဏာပြတဲ့သူတွေကို သီးသန့်ခွဲထားဖို့ပဲ။ အားလုံးရဲ့ လက်ရှိကြံ့ခိုင်မှုအရ ဗိုင်းရပ်စ်ကို အချိန်အတိုင်းအတာတစ်ခုအထိတော့ တောင့်ခံနိုင်ပါလိမ့်မယ်။”
ရှောင်းယီက အားပေးလိုက်သည်။
“ဒါက ကမ္ဘာ့စည်းမျဉ်းတွေက ထပ်ပြီး ဖန်တီးလိုက်တဲ့အရာပဲ ဖြစ်ရမယ်။”
“ဖြစ်နိုင်ခြေ အများဆုံးပါပဲ။ အစကတော့ ကမ္ဘာ့စည်းမျဉ်းတွေက ကျုပ်တို့ကို ဆောင်းရာသီမှာ အပျင်းပြေအောင် တိရစ္ဆာန်တွေ လွှတ်ပေးတယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့တွေ ဆေးရောင်းသူဆီက ဖျားနာ၊ ချောင်းဆိုးဆေးတွေ ဝယ်နေကြတာ ကြားတော့ ကျုပ် တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရတယ်။ ကျုပ်ရဲ့ကျွန်းပေါ်က အအေးမိတဲ့သူတွေကို စစ်ဆေးကြည့်လိုက်တော့ လူသား အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရတာ အမှန်ပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“တောက်... တည်တည်ငြိမ်ငြိမ်ကို မနေရဘူး။”
“ဒီဗိုင်းရပ်စ်က ငါတို့ကို ဒုက္ခပေးဖို့ ကမ္ဘာ့စည်းမျဉ်းတွေက တမင် ဖန်တီးလိုက်တာလို့ ဆိုလိုတာလား။”
“အမှန်ပဲ။ ဒါကို ကာကွယ်ဖို့ဆိုတာ တကယ်ကို မလွယ်ဘူး။ ဒီကမ္ဘာကြီးက အရမ်း ရက်စက်လွန်းတယ်။ ကျုပ်တို့ကို တိုက်ခိုက်ဖို့ ဗိုင်းရပ်စ်ကို သုံးလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။”
“ကံကောင်းလို့ သူဌေးက အချိန်မီ ရှာတွေ့သွားတာ။ မဟုတ်ရင် ဒါကို ကျုပ်တို့ သိတဲ့အချိန်ကျရင် ကျွန်းပေါ်က လူတိုင်း ကူးစက်ခံရပြီးလောက်ပြီ။”
“ဟူး... အခု ဘာလုပ်ကြမလဲ။ ကျုပ်တို့ကျွန်းက ဒေသခံထက်ဝက်ကျော်လောက် လဲနေကြပြီ။ ကျန်တဲ့သူတွေလည်း ကူးစက်ခံထားရလောက်ပြီ။ လက္ခဏာ မပြသေးတာပဲ ရှိမှာ။”
“စိတ်မပူပါနဲ့။ သူဌေးမှာ ဖြေရှင်းနည်း ရှိလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ စောင့်ကြည့်ကြတာပေါ့။”
ရှောင်းယီသည် ဂရုထဲတွင် သတိပေးလိုက်ပြီးနောက် ပြည်ပ အင်အားစုများသည်လည်း ထိုသတင်းကို ချက်ချင်းပင် ရရှိသွားခဲ့ကြသည်။
“သာမန် အအေးမိ ဗိုင်းရပ်စ်လေးပါပဲ။ ဘာကြောက်စရာ ရှိလို့လဲ။”
“ဟုတ်ပါ့ ယိထျန်းဂရုထဲက လူတွေ ထိတ်လန့်နေတာ ကြည့်ဦး။ ဗိုင်းရပ်စ်အတွက် သီးသန့်ဆေး မရှိတာပဲ။ ကိုယ့်ကိုယ်ခံအားနဲ့ကိုယ် ဖြတ်ကျော်လိုက်ရင် ရတာပဲ မဟုတ်ဘူးလား။”
“ပြောရရင်တော့ ရှားနိုင်ငံက လူတွေရဲ့ ကြံ့ခိုင်မှုက သိပ်ပျော့လွန်းတယ်။ ယီရန်ပင်းရှိနေတော့ရော ဘာထူးမှာလဲ။”
“မှန်တယ်။ ငါတို့လို သန်မာထွားကြိုင်းတဲ့သူတွေနဲ့ မတူဘူး။ ငါတို့က ကိုယ့်ကိုယ်ခံအားနဲ့တင် အေးအေးဆေးဆေး ကျော်ဖြတ်နိုင်တယ်။”
“ဟားဟား... ငါတို့တွေ မကြာခင်မှာ အုပ်စုလိုက် ကိုယ်ခံအားစနစ် ရလာလိမ့်မယ်လို့တောင် ယုံကြည်သေးတယ်။”