← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း ၂၂၃ - သူတို့အားလုံးက စီနီယာ အစ်ကိုကြီးတွေပဲ။

‘ဘာပဲဖြစ်ဖြစ် ပင်လယ်ကြမ်းပြင်မှာ သက်ရှိတွေ မရှိတာကြောင့် ပြိုကျချင်သလောက် ပြိုပါစေ။လုံးဝ ပြိုကျသွားပြီးရင်တော့ ပြန်ငြိမ်သွားမှာပါပဲ။’

ထိုသို့တွေးပြီး လုပေါင်က နက်နက်ကြီးကို ပုတ်လိုက်သည်။ နက်နက်ကြီးကလည်း လုပေါင်၏ အလိုကို နားလည်သဖြင့် ပင်လယ်မျက်နှာပြင်ဆီသို့ တိုက်ရိုက် ဦးတည်ကာ ကူးခတ်သွားတော့သည်။

သို့သော် သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက်။

တုန်ခါမှုများနှင့်အတူ အက်ကွဲကြောင်းကြီးနှင့် ကီလိုမီတာ အနည်းငယ်အကွာတွင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ပြိုကျသွားသည်။ ထိုချိုင့်ခွက်ကြီးထဲတွင် အလင်းရောင်ဖျော့ဖျော့လေး တစ်ခု အလင်းပြန်နေသည်။ အကယ်၍ သေချာကြည့်မည်ဆိုလျှင် ၎င်းမှာ ဧရာမ မျက်လုံးကြီး တစ်လုံး ဖြစ်နေသည်ကို မြင်တွေ့ရပေလိမ့်မည်။

ဟုတ်ပါသည်။ထွက်ခွာသွားပြီဖြစ်သော လုပေါင်ကတော့ ဤအရာများကို လုံးဝ မသိရှိနိုင်ပါ။

တစ်ချိန်တည်းမှာပင် တွင်းနက်ကြီးအတွင်း၌။

လင်းနို့ကြီးသည် အစကတော့ တွင်းနက်ထဲရှိ ဥက္ကာခဲ ၏ စွမ်းအင်များကို စုပ်ယူရင်း ငြိမ်ငြိမ်လေး ဝပ်နေရှာသည်။

ထို့နောက် အသံများနှင့်အတူ ချီလင်လေး ဖျက်ဆီးပစ်ခဲ့သော အတောင်ပံတစ်ဝက်မှာ ပြန်လည် ထွက်ပေါ်လာသည်။ ဤလင်းနို့ကြီးတွင် ကိုယ်အင်္ဂါ ပြန်လည်ဖြစ်ပေါ်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။

“ဒီနေရာက တကယ်ကောင်းတာပဲ။ အသားတွေ ပြန်တက်တာ အရမ်းမြန်တယ်။”

လင်းနို့ကြီးက အံ့သြဝမ်းသာသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။

ထိုစဉ် သူ၏ရှေ့တွင် မီးပုရွက်ဆိတ်နီ အုပ်စုကြီး ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဤမီးနီပုရွက်ဆိတ်များမှာ ဒုတိယအကြိမ်မျိုးဗီဇပြောင်းလဲထားသော အကောင်များ ဖြစ်ကြသည်။ သူတို့သည် တွင်းနက်ကြီးထဲသို့ ထူးဆန်းသော သတ္တဝါတစ်ကောင် ရောက်လာသည်ကို ခံစားမိသဖြင့် ဘာကောင်လဲဆိုသည်ကို လာကြည့်ကြခြင်း ဖြစ်သည်။

ထိုပုရွက်ဆိတ်များကို ကြည့်ရင်း ၎င်းတို့မှာ သာမန်ပုရွက်ဆိတ်များ မဟုတ်ကြောင်း လင်းနို့ကြီး သိလိုက်သည်။

ချက်ချင်းပင် လင်းနို့ကြီး၏ မျက်လုံးများ ဝင်းလက်သွားသည်။

ငါက ပထမအစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုကြီးကိုတော့ မနိုင်ဘူး။ဒါပေမဲ့ ဒီလို လက်ပါးစေ အုပ်စုတစ်စုကို အပိုင်သိမ်းရရင်လည်း မဆိုးပါဘူး။

ထိုသို့တွေးကာ လင်းနို့ကြီးက အတောင်ပံများကို ခတ်လိုက်ပြီး လေထဲသို့ ပျံတက်လိုက်သည်။ အတောင်ပံမှ အရိုးစူးများမှာလည်း ဖျတ်ခနဲ ထွက်ပေါ်လာသည်။

“ဟားဟားဟား... မင်းတို့ ငါ့ကို ကြောက်နေပြီလာ။ ကြောက်နေပြီလား။”

သူသည် လုပေါင်နှင့် စတင်တွေ့စဉ်ကကဲ့သို့ပင် ဝင့်ကြွားစွာ အော်ဟစ်လိုက်သည်။

‘သခင်က ဘာကောင်ကြီးကို ပြန်ခေါ်လာတာလဲ။’

နီနီလေးက ပုရွက်ဆိတ်အုပ်စုကြားတွင် ပျံသန်းရင်း လင်းနို့ကြီးကို ကြည့်ကာ တွေးနေမိသည်။ ထိုအချိန်တွင် လင်းနို့ကြီးက သူတို့ကို အညံ့ခံခိုင်းရန်အတွက် တည့်တည့်ကြီး ပြေးဝင်လာသည်။

“ကိုက်ပစ်ကြ။”

ချက်ချင်းပင် နီနီလေးက အမိန့်ပေးလိုက်သည်။

ဒုတိယအကြိမ် မျိုးဗီဇပြောင်း မီးနီပုရွက်ဆိတ် အုပ်စုကြီးမှာ လင်းနို့ကြီးပေါ်သို့ တိုက်ရိုက် ခုန်အုပ်လိုက်ကြတော့သည်။

“ဟားဟားဟား... အင် ဟေ့ ဘာလုပ်တာလဲ အဲ့ဒီနေရာကို မကိုက်နဲ့လေ... အဲ့ဒီကို မကိုက်နဲ့လို့ အား...”

ခဏအကြာတွင် လိုဏ်ဂူအတွင်း၌ လင်းနို့ကြီး၏ အသည်းအသန် အော်သံများနှင့် အကြောင်းမဲ့ တောင်းပန်သံများဖြင့် ပြည့်နှက်သွားတော့သည်။

မကြာမီမှာပင် လင်းနို့ကြီးမှာ ပုရွက်ဆိတ်ကိုက်ခံရသဖြင့် တစ်ကိုယ်လုံး အဖုအပိမ့်များဖြင့် မြေပြင်ပေါ်တွင် ဝပ်နေရရှာသည်။

နီနီလေးမှာ တွင်းနက်ထဲသို့ ဝင်ခွင့်ရသော ဝိညာဉ်သားရဲတိုင်းမှာ လုပေါင်၏ အနှိမ်ခံထားရသူများဖြစ်ကြောင်း သိသဖြင့် အဆိပ်ကို အကုန်မထုတ်ရန် တားထားခြင်း ဖြစ်သည်။ မဟုတ်လျှင် ဤပုရွက်ဆိတ်အုပ်စု၏ အဆိပ်မှာ လင်းနို့ကြီးကို သေလုမျောပါး ခံစားရစေရန် လုံလောက်လှသည်။

“ကြောက်ပါပြီ ကြောက်ပါပြီ စီနီယာအစ်ကိုကြီးတို့ရေ... ရပ်လိုက်ပါတော့ ခင်ဗျားတို့ အကုန်လုံးက ကျွန်တော့်ရဲ့ အစ်ကိုကြီးတွေပါ။”

လင်းနို့ကြီးမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်သော မျက်နှာဖြင့် မြေပေါ်တွင် ဝပ်နေရသည်။

သူသည် ချော်ရည်အူတိုင်၏ အဖော်သားရဲဖြစ်ပြီး မှတ်မှတ်ရရ အချိန်ကတည်းက ထိုချော်ရည်လိုဏ်ဂူထဲမှာသာ နေခဲ့ရခြင်း ဖြစ်သည်။ လုပေါင်မှာ ထိုနေရာသို့ ရောက်လာသော ပထမဆုံးလူ မဟုတ်ပါ။လွန်ခဲ့သော နှစ်ပေါင်း ရာချီက နဂါးကျားတောင်မှ လူများ မိစ္ဆာချုပ်နှောင်ရာစေတီကို ပြုပြင်ရန် သံမဏိဓာတ်စစ် လာတူးစဉ်ကလည်း သူနှင့် တွေ့ခဲ့ဖူးသည်။

သို့သော် မည်သူလာလာ သူ့ကို မနိုင်ခဲ့ကြပါ။

ထို့ကြောင့်လည်း သူသည် လူမြင်လျှင် ခြောက်လှန့်တတ်သော စရိုက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ယခုတော့ လုပေါင်နောက် လိုက်လာမှ ဘယ်သူ့ကိုမှ မနိုင်တော့ဘဲ ဤပုရွက်ဆိတ်လေးတွေကိုတောင် မယှဉ်နိုင်ဖြစ်နေရသည်ကို သူ မမျှော်လင့်ထားခဲ့ပါ။

လင်းနို့ကြီး အညံ့ခံသွားသည်ကို မြင်မှ နီနီလေးက အမိန့်ပေးကာ ပုရွက်ဆိတ်အုပ်စုကို ခေါ်ပြီး ထွက်သွားတော့သည်။

မကြာမီမှာပင် ကြွက်ဘုရင် နှစ်ကောင်ကလည်း ကြွက်အုပ်စုကို ခေါ်ပြီး ရောက်လာပြန်သည်။ သူတို့ကလည်း အဖော်သစ်က ဘာကောင်လဲဆိုသည်ကို လာကြည့်ကြခြင်း ဖြစ်သည်။

ဤလင်းနို့ကြီးမှာ လူနှင့်တူသော်လည်း တစ်ကိုယ်လုံး ပုံစံမှာ ကြွက်နှင့် ပိုတူနေသည် ထို့ကြောင့်လည်း လုပေါင်က ရုပ်ဆိုးသည်ဟု ထင်ခြင်း ဖြစ်သည်။

ယခုလည်း ကြွက်များကို မြင်သောအခါ လင်းနို့ကြီးက အသည်းအသန် ပြန်ပျံတက်လိုက်သည်။ ခန္ဓာကိုယ် ပြန်လည်ဖြစ်ပေါ်နိုင်စွမ်းကြောင့် အဖုအပိမ့်များမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“ဟားဟားဟား... ငါတို့က ဆွေမျိုးနီးစပ်တွေပဲ ကြည့်စမ်း... ငါ ပျံနိုင်တယ်ဟ။ မြန်မြန် ငါ့ကို အစ်ကိုကြီးလို့ ခေါ်ကြစမ်း။”

လင်းနို့ကြီးက ကြွက်ဘုရင်များကို ဝင့်ကြွားစွာ ပြောလိုက်သည်။

သို့သော် ကြွက်အုပ်စုထဲတွင် သူတို့ အလေးအနက်ဆုံး ထားသောအရာမှာ ခေါင်းဆောင်နေရာ ဖြစ်သည်။

“ကျွတ်”(ဒီကောင်က ဘာကောင်လဲ။)

“ကျွတ်”(ငါတို့ ခေါင်းဆောင် လုပ်ချင်တယ် ဟုတ်လား။ချကြဟေ့)

ချက်ချင်းပင် သွေးဆာမှုနှင့် ကျောက်သားအရေပြားစွမ်းရည်များ တက်နေသော ကြွက်အုပ်စုကြီးက ရှေ့သို့ ခုန်အုပ်လိုက်ကြပြန်သည်။

၎င်းတို့မှာ အမြင့်ကြီး မခုန်နိုင်သော်လည်း တစ်ကောင်ပေါ် တစ်ကောင်ဆင့်ကာ အားကိုးပြီး လင်းနို့ကြီးကို လှမ်းကိုက်ကြသည်။ လင်းနို့ကြီးမှာ သူ၏ အစွမ်းထက်လှသော အရိုးစူးများမှာ ဤကြွက်များ၏ အရေပြားကို ထိုးဖောက်ရန် အလွန် ခက်ခဲနေသည်ကို ထိတ်လန့်တကြား တွေ့လိုက်ရသည်။

“ကျွတ် ကျွတ် ကျွတ်”(ဒါပဲလား)

“ကျွတ် ကျွတ် ကျွတ်”(ဒီညီလေးကတော့ သုံးစားမရဘူး)

မကြာမီမှာပင် ကြွက်ဘုရင် နှစ်ကောင်၏ ဦးဆောင်မှုဖြင့် ကြွက်အုပ်စုမှာ ဆုတ်ခွာသွားကြသည်။ လင်းနို့ကြီးမှာမူ အကိုက်ခံရလွန်းသဖြင့် တစ်ကိုယ်လုံး အပေါက်အပြဲများဖြင့် မြေပေါ်တွင် ပြန်လဲကျသွားပြန်သည်။ သူ၏ လူနှင့်တူသော မျက်နှာပေါ်တွင် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်သော အမူအရာ ပေါ်နေရှာသည်။

“ဝု” (ဒါက ဘာကောင်ကြီးလဲ။)

“ဝု”(ကြည့်ရတာ ကြွက်နဲ့ တူတယ်။ဟိုကြွက်တွေရဲ့ ဆွေမျိုး ဖြစ်မှာပေါ့။)

ထိုစဉ် ဟေးမီ နှင့် ဒါပေါင်တို့ကလည်း ဆူညံသံကြားသဖြင့် လာကြည့်ကြသည်။

ပြန်လည်ဖြစ်ပေါ်နိုင်စွမ်း စွမ်းရည်ကြောင့် လင်းနို့ကြီးမှာ ပုံမှန် ပြန်ဖြစ်လာပြန်သည်။

‘တောက်... ဟိုပုရွက်ဆိတ်တွေနဲ့ ကြွက်တွေက လူများလို့ ငါ့ကို နိုင်တာ။ မင်းတို့ ခွေးနှစ်ကောင်ကပါ ငါ့ကို လာလှောင်ရဲတယ်ပေါ့။’

ဟေးမီတို့က ပွဲကြည့်သလို ကြည့်နေသည်ကို မြင်သောအခါ လင်းနို့ကြီး အလွန် မကျေမနပ် ဖြစ်သွားပြီး အတောင်ပံခတ်ကာ ပြန်ပျံတက်လိုက်သည်။

“အရိုးစူးများ”

သူက အော်ဟစ်လိုက်ပြီး အရိုးစူးများကို ထုတ်ကာ ဟေးမီတို့ဆီသို့ တည့်တည့် ပြေးဝင်သွားသည်။

“ဝု”(ဒီကောင် ဘာလုပ်ချင်တာလဲ)

“ဝု”(ရန်ဖြစ်ချင်ပုံရတယ်)

ဟေးမီနှင့်ဒါပေါင်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး လင်းနို့ကြီးကို စူးစိုက်ကြည့်လိုက်ကြသည်။

“ဝေါင်း”

ချက်ချင်းပင် ဒါပေါင်က ပါးစပ်ဟကာ အသံလှိုင်း တစ်ခု ထုတ်လွှတ်လိုက်ရာ လင်းနို့ကြီးမှာ လေထဲတွင် တောင့်ခဲသွားတော့သည်။ ထို့နောက် ဟေးမီကပါးစပ်ဟကာ နဂါးအသက်ရှူခြင်း မီးတောက်ကို မှုတ်ထုတ်လိုက်ရာ လင်းနို့ကြီးမှာ တစ်ကိုယ်လုံး မည်းတူးသွားတော့သည်။

သူသည် မီးဓာတ်အမျိုးအစား သားရဲဆိုးဖြစ်၍သာ တော်တော့သည်။မဟုတ်လျှင် ထိုနဂါးမီးအောက်တွင် အသက်ရှင်ပါ့မလားတောင် မသိနိုင်ပါ။

လင်းနို့ကြီး ပြုတ်ကျသွားသည်ကို မြင်သောအခါ ဟေးမီတို့က အထင်သေးသော အကြည့်ဖြင့် ကြည့်ပြီး ထွက်သွားကြတော့သည်။

“အစ်ကိုကြီးတို့... အားလုံးက အစ်ကိုကြီးတွေချည်းပဲ... ကြောက်ပါပြီ...”

လင်းနို့ကြီးမှာ မြေပေါ်တွင် ဝပ်ရင်း လုံးဝ အရှုံးပေးသွားရရှာသည်။

လုပေါင်ဆီမှာတော့ ပုရွက်ဆိတ်ကနေ ကြွက်ကြွက်ကနေ ခွေး... ဘယ်သူ့ကိုမှ သွားစနောက်လို့ မရပါလား...။ တွင်နက်ကြီးးထဲမှာ ဖြစ်နေလို့သာ တော်တော့သည် မဟုတ်လျှင် ဥက္ကာခဲရဲ့ စွမ်းအင်မရှိဘဲ သူ၏ ပြန်လည်ဖြစ်ပေါ်နိုင်စွမ်းကို ဤမျှအကြိမ်ရေ အများကြီး အသုံးမပြုနိုင်ပါ။

ထိုအတောအတွင်း လုပေါင်မှာ နက်နက်ကြီး၏ ဦးဆောင်မှုဖြင့် ကမ်းခြေသို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။တွင်နက်ကြီးထဲတွင် ဘာတွေဖြစ်ခဲ့သည်ကို သူ ဘာမှမသိပါ။ နက်နက်ကြီးကိုယတွင်းနက်ထဲ ပြန်ထည့်ပြီးနောက် လုလင်းဟွာအတွက် အကြောင်းပြချက် ဗီဒီယိုရိုက်ပေးရန်သာ သူ အလုပ်ရှုပ်နေသည်။

ဖုန်းလိုင်းပြန်ရသည်နှင့် လုလင်းဟွာက ငါးသန်းလွှဲထားကြောင်း အကြောင်းကြားစာ ရောက်လာခဲ့သည်။တဖက်လူက ငွေပေးရာတွင် ဤမျှ တက်ကြွနေမှတော့ သူကိုယ်တိုင်လည်း အလုပ်ကို တက်တက်ကြွကြွ လုပ်ပေးရပေလိမ့်မည်။

အခန်းး ၂၂၄ - အမြင့်ဆုံးတောင်ထိပ်တွင် လက်မှတ်ထိုးဝင်ခြင်း။

တွင်းနက်ကြီးအတွင်း၌။

နက်နက်ကြီးသည် လုပေါင်၏ ပြန်ခေါ်မှုကို ခံရပြီးနောက် အထဲသို့ ပြန်ရောက်လာရာ မြေပြင်ပေါ်တွင် ဝပ်လျက် မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေသော လင်းနို့ကြီးကို တွေ့လိုက်ရသည်။

“မင်း ဘာဖြစ်နေတာလဲ။”

နက်နက်ကြီးကနားမလည်သလို မေးလိုက်သည်။

ချက်ချင်းပင် လင်းနို့ကြီးမှာ ကုန်းရုန်းထလာပြီး အတောင်ပံများကို ဖြန့်ကာ နက်နက်ကြီးကို ပြေးဖက်တော့သည်။ သူက ငိုသံပါကြီးဖြင့်

“ဒုတိယအစ်ကိုကြီးက အကောင်းဆုံးပဲ ကျွန်တော့်ကို ဂရုစိုက်တတ်တာ ခင်ဗျားပဲ ရှိတယ်။ အခုကစပြီး ကျွန်တော် ခင်ဗျားနောက်ပဲ လိုက်တော့မယ်။”

နက်နက်ကြီး၏ မြွေမျက်လုံးများမှာ ဇဝေဇဝါဖြစ်သွားပြီး

“မင်းသဘောပဲလေ။ ငါတော့ နားတော့မယ်။”

ထိုနေရာမှာပင်ခွေပတ်ပြီး အိပ်ပျော်သွားတော့သည်။လင်းနို့ကြီးမှာလည်း နောက်တစ်ကြိမ် ထပ်ပြီး အနိုင်ကျင့်ခံရမည်ကို ကြောက်လန့်နေသကဲ့သို့ နက်နက်ကြီး၏ ကိုယ်ပေါ်တွင် တိတ်တဆိတ် ကပ်အိပ်နေရှာသည်။

သူကိုယ်တိုင် ရန်စပြီးမှ ပြန်မနိုင်တာကိုတော့ သူ သတိမထားမိပုံရပါသည်။

တစ်ဖက်တွင်မူ လုပေါင်သည် ဗီဒီယိုရိုက်ကူးခြင်း အလုပ် ပြီးဆုံးသွားပြီ ဖြစ်သည်။ သူက ပရိသတ်တွေကို ရှုခင်းကောင်းတွေ ပြချင်လွန်းလို့ စက်ပစ္စည်းတွေတောင် အပူလွန်ကဲပြီး ပျက်စီးသွားရပါတယ်ဆိုကာ သနားစဖွယ် အမူအရာဖြင့် ပြောဆိုခဲ့သည်။

လုလင်းဟွာ မျှော်လင့်ထားသည့်အတိုင်းပင် လုပေါင်၏ ဗီဒီယို ထွက်လာသည်နှင့် Ocean Live Stream၏ တရားဝင်အကောင့်အောက်မှ ဆဲဆိုနေသူများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

“ပေါင်ကြီးကတော့ အလန်းဆုံးပဲ။စက်ပစ္စည်းအတွက် စိတ်မပူနဲ့။ နောက်တစ်ခါ Live လွှင့်ရင် ရတနာမြေပုံ တွေ အများကြီး ပေးပြီး အားပေးမယ်။”

“မြေပုံတွေ ပေးမယ့် အစ်ကိုကြီးကတော့ ဒဏ္ဍာရီလာပဲ။ကျွန်တော့်မှာ ပိုက်ဆံ သိပ်မရှိတော့ အခု အခုနှစ်ဆယ်ပဲ အားပေးမယ်။”

“ဒီနေ့ ရှုခင်းက တကယ်လှတာ။ ကျွန်တော်လည်း ဆယ်ခု ပေးမယ်။”

လုပေါင်၏ ဗီဒီယိုအောက်တွင် ပထမဆုံး တက်လာသော မှတ်ချက်များမှာ Live လွှင့်စဉ်က အများဆုံး အားပေးခဲ့ကြသော Red Namesပိုင်ရှင်များ ဖြစ်ကြသည်။

လုလင်းဟွာမှာ လုပေါင် ဗီဒီယိုတင်ပြီး လူထုအမြင်ကို ပြောင်းလဲပေးမည့်အချိန်ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ ယခု လုပေါင်၏ မှတ်ချက်ကဏ္ဍကို ကြည့်ရင်း လုလင်းဟွာမှာ အားကျစိတ်ဖြင့် မျက်နှာကြီး နီနေတော့သည်။

“ကြည့်စမ်း... သူ့ကိုပဲ ကြည့်စမ်း။ သူက သူ့အကြောင်းပြချက်နဲ့သူ Live ပိတ်လိုက်တာတောင် လူတွေအများကြီးက သူ့ကို စိတ်ပူပေးနေကြပြီး ပစ္စည်းတွေ ပြန်ဝယ်နိုင်အောင် လက်ဆောင်တွေတောင် ပေးချင်နေကြသေးတယ်။ ငါတို့ကိုကျတော့ ဖန်သားပြင် မှောင်သွားတာနဲ့ တန်းပြီး အဆဲခံရတာပဲ။”

လုလင်းဟွာကအားကျမနာလိုဖြစ်စွာဖြင့် ညည်းညူလိုက်သည်။

မတတ်နိုင်ပါ။ပေါင်ကြီးက ဤမျှ အစွမ်းထက်နေမှတော့ ဘယ်သူက ဘာပြောရဲပါ့မလဲ။

ယခုအချိန်တွင် လုပေါင်သည် မိစ္ဆာချုပ်နှောင်ရာစေတီကို ပြုပြင်ရန် လိုအပ်သော ပစ္စည်း ၄ မျိုးအနက် ၃ မျိုးကို စုဆောင်းပြီးပြီဖြစ်ရာ အအေးလွန် ကြယ်မှုန်သဲတစ်မျိုးသာ ကျန်တော့သည်။

အိမ်ပြန်ရောက်ပြီး တစ်ညတာ အနားယူပြီးနောက် လုပေါင်သည် ထိုအလွန်အေးမြသော ကြယ်မှုန်သဲကို ဘယ်နေရာမှာ သွားရှာရမလဲဆိုသည်ကို အိမ်မှာ ထိုင်စဉ်းစားနေတော့သည်။

“အလွန်အေးမြတဲ့... ဆိုတော့ ငါ့ကို မြောက်ဝင်ရိုးစွန်းအထိ သွားခိုင်းနေတာတော့ မဟုတ်ပါဘူးနော်။”

လုပေါင်ကမေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက်သည်။

“ဒေါက် ဒေါက် ဒေါက်”

ထိုစဉ် သူ၏တံခါးကို ခေါပ်သံ ကြားလိုက်ရသည်။ ရိုင်းစိုင်းသော ထိုတံခါးခေါက်သံကို ကြားရုံနှင့် လုပေါင်မှာ မျက်နှာဝိုင်းလေး မှန်း ချက်ချင်း သိလိုက်သည်။ ခန့်မှန်းသည့်အတိုင်းပင် တံခါးဖွင့်လိုက်သောအခါ ကောင်မလေးမှာ ခပ်နောက်နောက် အပြုံးကြီးဖြင့် ရပ်နေသည်။

“ဘာဖြစ်လို့လဲ။”

သူမ၏ပုံစံကို ကြည့်ရုံနှင့် သတင်းကောင်း မဟုတ်မှန်း လုပေါင် သိသည်။

ခန့်မှန်းသည့်အတိုင်းပင် ညီမဖြစ်သူက ပြုံးစိစိဖြင့်

“အစ်ကို... အစ်ကို့ရဲ့ နွေရာသီကျောင်းပိတ်ရက်က ကုန်တော့မယ်နော်။ အဖေက လာသတိပေးခိုင်းလိုက်တာ။ အစ်ကို့ကျောင်းက ပြုပြင်ရေးလုပ်နေလို့ နောက်ကျသွားလို့ ကျောင်းဖွင့်ရက်က နှစ်လ နောက်ဆုတ်ထားတာလေ။ အခု နောက်အပတ်ဆို ကျောင်းဖွင့်ပြီ အချိန်မှန် အစီရင်ခံရမယ်တဲ့။ အစ်ကိုက အခုဆို တက္ကသိုလ် တတိယနှစ် ရောက်ပြီနော် အလုပ်တွေချည်း လုပ်နေပြီး ပညာရေးကို ပစ်ထားလို့ မရဘူး။”

လုပေါင်မှာ ထူးချွန်သော ကျောင်းသားတစ်ဦး ဖြစ်သော်လည်း စာသင်ရခြင်းကို အနည်းငယ်မျှ စိတ်မဝင်စားပါ။ သူက စာအုပ်ကို တစ်ချက် လှန်ကြည့်လိုက်ရုံနှင့် အမှတ်ပြည့် ရနိုင်သောသူ ဖြစ်သည်။ လုပေါင် ကျောင်းမတက်ချင်မှန်း သိသဖြင့် ညီမဖြစ်သူမှာ ဤသတင်းကို အားရပါးရ လာပြောခြင်း ဖြစ်သည်။

“နေဦး... ငါ့ရဲ့ အခုလက်ရှိ နာမည်ကျော်ကြားမှုနဲ့ ဝင်ငွေအရဆိုရင် ကျောင်းတက်ဖို့ တကယ်ကြီး လိုသေးလို့လား။”

လုပေါင်မျက်လုံးပြူးကာ ပြန်ပက်လိုက်သည်။

“ဟီးဟီး... အမေနဲ့ အဖေကတော့ ဘယ်လောက်ပဲ အောင်မြင်နေပါစေ ပညာရေးကိုတော့ ပစ်ထားလို့ မရဘူးလို့ ပြောတယ်။ အစ်ကို သိတယ်မလား အဲ့ဒီတုန်းက အဖေက...”

ထိုစဉ် မျက်နှာဝိုင်းလေးမှာ ခါးထောက်ကာ သူမ၏အမေ ကျန်းရွှယ်ချင်း၏ ပုံစံကို တုပပြီး စတင် ပွစိပွစိ ပြောတော့သည်။

လုပေါင်၏ အဖေ လုပိုင်ဟောက်မှာ ထိုစဉ်က မိသားစု အခက်အခဲကြောင့် တက္ကသိုလ် မပြီးခဲ့ဘဲ စီးပွားရေးလောကတွင် သူဌေးကြီးများ၏ လှောင်ပြောင်ခြင်းကို မကြာခဏ ခံခဲ့ရဖူးသည်။ ထို့ကြောင့် သူသည် ပညာရေးကို အလွန် အလေးထားသည်။ လုပေါင်သည် ကမ္ဘာ့အချမ်းသာဆုံး ဖြစ်နေပါစေ။ ဘွဲ့တော့ ရအောင် ယူရမည်ဟု ပြတ်ပြတ်သားသား ပြောထားပြီးသား ဖြစ်သည်။

“ကောင်းပြီ။ကောင်းပြီ... အချိန်မှန် သွားပါ့မယ်...”

လုပေါင်ကညီမဖြစ်သူ၏ ပွစိပွစိသံကို မခံနိုင်သဖြင့် လက်ဝေ့ယမ်းကာ စကားဖြတ်လိုက်သည်။

လုပေါင်၏ မတတ်သာသော ပုံစံကို ကြည့်ကာ မျက်နှာဝိုင်းလေးမှာ ကျေနပ်စွာဖြင့် လှည့်ထွက်သွားတော့သည်။

“ကျောင်းတက်ရမှာကတော့ တကယ် စိတ်ရှုပ်စရာပဲ။ ဒါက ငါ့ရဲ့ ရတနာရှာပုံတော် Live လွှင့်တာကို အနှောင့်အယှက် ဖြစ်မှာပေါ့။”

လုပေါင်စားပွဲမှာ ထိုင်ရင်း စဉ်းစားနေမိသည်။

ရုတ်တရက် သူ ချန်ချုံရှန်းကို သတိရသွားသည်။

“သူကစစ်တပ်က လူကြီးပဲကျောင်းကို ဖုန်းတစ်ချက်လောက် ဆက်ပေးခိုင်းရင် အဆင်ပြေမှာပဲ။’

ထိုသို့တွေးလိုက်မှလုပေါင် စိတ်သက်သာရာ ရသွားတော့သည်။

တရုတ်စစ်တပ်က အဆင့်မြင့် အရာရှိကြီးတစ်ယောက် လုပေါင်အတွက် ကျောင်းခွင့်တိုင်ပေးရမယ်ဆိုတာ သိသွားရင် ဘယ်လို မျက်နှာပေးမျိုး ဖြစ်သွားမလဲဆိုတာကိုတော့ သူ မစဉ်းစားမိပါ။

“တီ ကျပန်းတာဝန် စတင်ပါပြီ - အမြင့်ဆုံးတောင်ထိပ်တွင် လက်မှတ်ထိုးဝင်ခြင်း။”

လုပေါင် နောက်ထပ် ဘာလုပ်ရမလဲ စဉ်းစားနေစဉ်မှာပင် စနစ် ဆီမှ အကြောင်းကြားစာ ရောက်လာသည်။

“အမြင့်ဆုံးတောင်ထိပ် ဧဝရတ်တောင်လား။”

လုပေါင် မျက်တောင်ခတ်လိုက်သည်။

“ဘာလို့ဒီလိုအချိန်မှာ ဒီတာဝန်ကို ပေးရတာလဲ။”

သို့သော် မကြာမီမှာပင် လုပေါင် သဘောပေါက်သွားသည်။ ထိုအလွန်အေးမြသော ကြယ်မှုန်သဲဆိုသည်မှာလည်း အလွန်အေးမြ သည် မဟုတ်လား။အမြင့်ဆုံးတောင်ထိပ်ဆိုတာလည်း အလွန်အေးတာပဲလေ။

ချက်ချင်းပင် လုပေါင် အပြင်သို့ ပြေးထွက်သွားတော့သည်။

“အဖေ အစ်ကို့ကို ကြည့်ဦး သူ နောက်တစ်ခါ ပြေးထွက်သွားပြန်ပြီ။”

ဧည့်ခန်းတွင် တီဗွီကြည့်နေသော မျက်နှာဝိုင်းလေးက လုပေါင် ပြေးထွက်သွားသည်ကို မြင်သဖြင့် အော်ပြောလိုက်သည်။

လုပိုင်ဟောက် အခန်းထဲက ထွက်လာပြီး လုပေါင်၏ အသည်းအသန် ပုံစံကို ကြည့်ကာ

“ကျောင်းဖွင့်တော့မယ်အခုထိ ပြေးလွှားနေတုန်းပဲ။ မင်းက ကောင်းကင်ပေါ် တက်မလို့လား။”

“ဟုတ်တယ် ကျွန်တော် ကောင်းကင်ပေါ် တက်မလို့။”

လုပေါင်က ခေါင်းငြိမ့်ကာ ပြန်ထူးပြီး နောက်လှည့်မကြည့်ဘဲ ပြေးထွက်သွားတော့သည်။ အမြင့်ဆုံးတောင်ထိပ်ဆိုသည်မှာ ကောင်းကင်နှင့် အနီးဆုံးနေရာ ဖြစ်သဖြင့် ကောင်းကင်ပေါ် တက်သည် ဟု ပြောခြင်းမှာလည်း မမှားပါ။

လုပိုင်ဟောက်မှာ လျင်မြန်စွာ ထွက်ခွာသွားသော လုပေါင်၏ ကျောပြင်ကို ကြည့်ကာ ခါးသီးသော အပြုံးဖြင့် ခေါင်းခါရင်း ဘာပြောရမှန်း မသိတော့ပါ။

မျက်စိတစ်မှိတ်အတွင်းမှာပင် လုပေါင်သည် အမြင့်ဆုံးတောင်ထိပ်ရှိရာ ကုန်းပြင်မြင့်ဆီသို့ ပျံသန်းမည့် လေယာဉ်ပေါ်သို့ ရောက်နေပြီ ဖြစ်သည်။ ဤနေရာသို့ ပြန်ရောက်လာရခြင်းက လုပေါင်ကို အတိတ်ဟောင်းတွေကို သတိရစေသည်။

ပြီးခဲ့တဲ့တစ်ခေါက် လာတုန်းက သူ ဘာမှမသိခဲ့ပါ။ဤနှင်းဖုံးတောင်တန်းများပေါ်မှာပင် သူ ချင်းပိုင်လျဲ့ နှင့် စတင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အမြင့်ဆုံးတောင်ထိပ်ကို တက်ရတော့မည်ဟု မည်သူ ထင်ထားပါ့မလဲ။

မကြာမီ လေယာဉ်ပေါ်က ဆင်းပြီးနောက် လုပေါင်သည် ဧဝရတ်တောင်ခြေရှိ အခြေစိုက်စခန်း ဆီသို့ တက္ကစီဖြင့် တိုက်ရိုက် ဦးတည်သွားတော့သည်။

“လူငယ်လေး... မင်းက တောင်တက်ဝါသနာပါတာလား။”

တက္ကစီဒရိုင်ဘာကမောင်းနှင်ရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဟုတ်ကဲ့ ဒီတစ်ခါ တောင်တက်ဖို့ လာတာပါ။”

လုပေါင်ကအလေးအနက် ပြန်ဖြေသည်။

လုပေါင်တွင် မည်သည့်ပစ္စည်းမှ ပါမလာဘဲ ဧဝရတ်တောင်တက်မည်ဟု ပြောနေသည်ကို မြင်သောအခါ ဒရိုင်ဘာက မျက်လုံးလှန်ကြည့်လိုက်ပြီး ဆက်မပြောတော့ပါ။ သိသာပါသည်။ သူသည် လုပေါင်ကို လေကြီးနေသော လူတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

၎င်းမှာ လုပေါင် အလိုရှိသည့်အတိုင်းပင် ဖြစ်သည်။ စကားပြောစရာ မလိုတော့သဖြင့် သူသည် ပြတင်းပေါက်ကို မှီကာ ဤနေရာ၏ ထူးခြားသော အလှတရားများကို တိတ်တဆိတ် ငေးမောနေတော့သည်။

မကြာမီမှာပင် လုပေါင်သည် ဧဝရတ်တောင်ခြေရှိ အခြေစိုက်စခန်းသို့ ရောက်ရှိသွားသည်။

နွေရာသီ ဖြစ်သော်လည်း ဤနေရာရှိ လူအားလုံးမှာ မြင်ရသမျှ ထူထဲသော ဂွမ်းအကျီကြီးများကို ဝတ်ဆင်ထားကြသည်။

လုပေါင်ကတော့ နွေရာသီ ဝတ်စုံဖြစ်သော လက်တိုအကျီနှင့် ဘောင်းဘီတိုကိုသာ ဝတ်ထားသော်လည်း သူ၏ စွမ်းအင် ) ကြောင့် ဤနေရာဝေးစွ ရေခဲသေတ္တာထဲ ထည့်ထားလျှင်တောင် အအေးမိမှာ မဟုတ်ပါ။

လုပေါင် ကားပေါ်က ဆင်းသည်ကို မြင်သောအခါ ဒရိုင်ဘာက လုပေါင် အအေးပတ်ပြီး တုန်နေမည့်ပုံကို ကြည့်ချင်နေသေးသည်။ သို့သော် လုပေါင်မှာ ဆင်းလာပြီးနောက် တစ်ချက်ကလေးတောင် မတုန်ဘဲ ပုံမှန်အတိုင်းပင် ရှိနေသည်။

“လူငယ်လေး... မင်း မအေးဘူးလား။”

“မအေးပါဘူး။”

“ဘာနဲ့ အအေးခံနေတာလဲ။ ဘယ်လိုလုပ် မအေးနိုင်ရတာလဲ။”

“ကျွန်တော့်မှာ ရှိတဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ် ကို အားကိုးနေတာလေ။”

လုပေါင်က ခေါင်းငြိမ့်ကာ အလေးအနက် မျက်နှာထားဖြင့် ပြန်ပြောလိုက်တော့သည်။

All Chapters