← Chapters

အခန်း (၇၃၃-၇၃၄)

Vol. 57 Ch. 733-734

အခန်း (၇၃၃-၇၃၄)

Vol. 57 Ch. 733-734

အခန်း ၇၃၃ - မြားတင်လှည်းများ ရောင်းချခြင်း၊ ဆေးရုံနှင့် ရထားလမ်းဖွင့်ပွဲ

“ဧရိယာအလိုက် တိုက်ခိုက်နိုင်တဲ့ လက်နက်မျိုးရှိရင် အရမ်းကောင်းမှာပဲ။ ဥပမာ မြားအများကြီး တစ်ပြိုင်နက်ပစ်နိုင်တဲ့ မြားပစ်စက်လိုဟာမျိုးပေါ့။ အဲဒါဆိုရင် ဟိုကောင်းကင်ကပျံနေတဲ့ သတ္တဝါအုပ်တွေကို တိုက်ခိုက်တဲ့နေရာမှာ တကယ့်ကို ထိရောက်လိမ့်မယ်။”

“အရင်တစ်ခေါက်က သူဌေးယီရန်ပင်း ရောင်းပေးဖူးသေးတယ်။ ဒါပေမဲ့ ဘယ်သူတွေဝယ်သွားလဲတော့ မသိဘူး။ သူဌေးသာ နောက်ထပ် ရောင်းပေးနိုင်ရင် တော်တော်ကောင်းမယ်။”

“ဟုတ်တယ်၊ သူဌေးယီရန်ပင်း ရှိလားဗျ။ ကျုပ်တို့ကို နောက်ထပ် ထပ်ရောင်းပေးပါဦး။”

ထိုအရာကိုမြင်သောအခါ ရှောင်းယီက ချက်ချင်းပြန်ဖြေလိုက်သည်။

“ပြဿနာမရှိပါဘူး။ S အဆင့် မြားပစ်စက်တွေကို အကန့်အသတ်မရှိ ရောင်းပေးပါမယ်။ တစ်ခုကို အုတ်မြစ်ကျောက် ၅၀ ပါ။”

“ဘာ...S အဆင့် မြားပစ်စက် ဟုတ်လား။ အရင်တစ်ခေါက်က အဆင့်က ဒီလောက်မမြင့်ဘူး။ အခုဟာက ပိုပြီး အစွမ်းထက်မှာ သေချာတယ်။”

“ဟုတ်တယ်...ရှိသမျှအကုန်ထုတ်ရောင်းပြီး အနည်းဆုံး နှစ်ခုလောက်တော့ ဝယ်ထားမှဖြစ်မယ်။ ပျံသန်းတဲ့ သတ္တဝါတွေအတွက် မသုံးရင်တောင် ဒေသခံတွေကို တိုက်တဲ့နေရာမှာ သုံးလို့ရတာပဲ။”

“ဟုတ်ပြီ၊ စကားတွေပြောမနေတော့ဘူး။ အုတ်မြစ်ကျောက် သွားရှာတော့မယ်။”

ရှောင်းယီသည် မြားပစ်စက်အချို့ကို ထုတ်လုပ်ပြီး ဂရုချက်ထဲတွင် တင်လိုက်ရာ လူအများက လုယက်ဝယ်ယူကြသဖြင့် ခဏအတွင်း ကုန်သွားတော့လေသည်။ ထို့ကြောင့် ရှောင်းယီသည် နောက်ထပ် ဆက်တိုက်ထုတ်လုပ်ပြီး တင်သွင်းပေးနေရ၏။

“ကျွန်းပိုင်ရှင် လူပုနိုင်ငံရဲ့ မြို့တော်အတွက် ဒီဇိုင်းပုံစံတွေ အကုန်ပြီးပါပြီ။ အရင်ကြည့်ချင်လား။”

မြားပစ်စက်များ ထုတ်လုပ်နေစဉ်မှာပင် ရှောင်းယီသည် သွမ့်ပေ့ယန်ထံမှ ဖုန်းမက်ဆေ့ခ်ျကို မြင်လိုက်ရသည်။

ရှောင်းယီ အချိန်ကိုကြည့်လိုက်သောအခလ ည ၁၁:၃၀ ရှိနေပြီဖြစ်သည်။ သူက ပြန်ဖြေလိုက်၏။

“ဒီလောက်မြန်မြန် ပြီးသွားပြီလား။ ကျုပ်ဖုန်းထဲကို အရင်ပို့ထားလိုက်ပါ။ ကျုပ် တစ်ချက်ကြည့်လိုက်မယ်။ မနက်ဖြန်မှပဲ လူပုဘုရင်ဆီသွားပြီး သူတို့ကို ပြပေးလိုက်မယ်။”

“ဟုတ်ကဲ့။”

မကြာမီ ရှောင်းယီ၏ဖုန်းမှ အသံမြည်လာခဲ့သည်။ မက်ဆေ့ခ်ျကို ဖွင့်ကြည့်လိုက်သောအခါ ဒီဇိုင်းပုံစံ အများအပြား ပါဝင်နေသည်ကို တွေ့လိုက်ရ၏။ သူသည် ကျွမ်းကျင်ပညာရှင်အဆင့် ပုံစံများကိုတော့ အသေးစိတ် မကြည့်တော့ပေ။

ရှောင်းယီသည် အကျဉ်းချုပ် မြေပုံအညွှန်းကို ဖွင့်ကြည့်လိုက်ရာ မြို့တော်၏တည်ဆောက်ပုံ မြင်ကွင်းတစ်ခု ဖုန်းထဲတွင် ပေါ်လာခဲ့သည်။ သို့သော် ဖုန်းမျက်နှာပြင်သည် သေးလွန်းသောကြောင့် အကြမ်းဖျင်းသာကြည့်ပြီး ဘေးသို့ ချထားလိုက်၏။

သူသည် မြားပစ်စက်အချို့ကို ထပ်မံထုတ်လုပ်ပြီး ဂရုချက်ထဲတွင် တင်ပေးကာ အနားယူလိုက်တော့သည်။

နောက်တစ်နေ့ နံနက်တွင် ရှောင်းယီသည် နိုးလာသည်နှင့် ချက်ချင်းပင် လက်မှတ်ထိုးဝင်လိုက်၏။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ဆေးရုံ (SSS အဆင့်) ၁။”

“ဟင် ဒီဆုက နည်းနည်းတော့ အပိုဖြစ်နေသလိုပဲ။”

ရှောင်းယီ တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

“ဆေးရုံ (SSS အဆင့်): အဆင့်မြင့် ကုသရေး ကိရိယာများနှင့် စက်ကိရိယာများ အစုံအလင် ပါဝင်သည်။ ခုတင် ၅၀,၀၀၀ ဆံ့ အလွန်ကြီးမားသော ဆေးရုံကြီးဖြစ်ပြီး ဌာနတစ်ခုစီတွင် အသိဉာဏ်ရှိ ရိုဘော့ တစ်ရုပ်စီ တာဝန်ယူထားသည်။”

ဤဆေးရုံ၏ မိတ်ဆက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ သဘောပေါက်သွား၏။ နာ့နာသည် တစ်ကိုယ်ရေသုံး အစုံရဆရာဝန်ဖြစ်ပြီး ဤဆေးရုံကမူ အများပြည်သူအတွက် ဖြစ်သည်။ မနေ့ကကဲ့သို့ ဗိုင်းရပ်စ် ကူးစက်မှုမျိုး ကြုံလာရပါက ဆေးရုံသည် နာ့နာထက် ပို၍ ထိရောက်မြန်ဆန်ပေလိမ့်မည်။

သို့သော် ရှောင်းယီက သံသယဖြင့် မေးလိုက်၏။

“ဌာနတစ်ခုမှာ ရိုဘော့တစ်ရုပ်တည်းလား။ သူတို့ ကိုင်တွယ်နိုင်ပါ့မလား။”

“အိမ်ရှင်အနေနဲ့ ဆေးဘက်ဆိုင်ရာ လူသားအရင်းအမြစ်တွေကို လေ့ကျင့်ပေးပြီး နေရာဖြည့်ပေးရပါမယ်။”

စနစ်က ပြန်ဖြေလိုက်သည်။

“ပေးမှတော့ တစ်ခါတည်း အပြည့်အစုံ ပေးလိုက်ပါတော့လား။”

ရှောင်းယီ မျက်လုံးလှန်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။

“ငါတို့ဆီမှာ ဆေးပညာသင်ပေးနိုင်တဲ့သူ မရှိဘူး ထင်တာပဲ။”

“ဌာနတစ်ခုစီက အသိဉာဏ်ရှိ ရိုဘော့တွေဆီမှာ သင်ယူနိုင်ပါတယ်။”

“နားလည်ပြီ”

ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး ကျွန်း၏တောင်ဘက်ရှိ မြေလွတ်တစ်ခုတွင် ဆေးရုံကို နေရာချလိုက်သည်။

ထို့နောက် ရှောင်းယီသည် အောက်ထပ်သို့ ဆင်းကာ နံနက်စာစားပြီး အပန်းဖြေစခန်းသို့ အပြေးအလွှား ထွက်လာခဲ့သည်။ အပန်းဖြေစခန်း၏ဟိုတယ်တွင် ကေဒါမှာ နံနက်စာစားနေ၏။ ရှောင်းယီသည် သူ့နားသို့လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ ကေဒါ။”

ကေဒါက ခေါင်းငြိမ့်ပြလိုက်သည်။

“မင်းတို့ကျွန်းက ဝိုင်တင် ကောင်းတာမဟုတ်ဘူး။ စားစရာတွေလည်း တကယ် ကောင်းတယ်။”

“ပထမဆုံး လာတုန်းက မသိခဲ့ဘူးလား။”

ရှောင်းယီက ပြုံးကာ ပြန်မေးလိုက်၏။

“ပထမတစ်ခေါက် လာတုန်းကတော့ ဝိုင်သောက်ဖို့ပဲ အာရုံရောက်နေတော့ စားစရာတွေကို သေသေချာချာ မမြည်းစမ်းမိလိုက်ဘူး။”

ကေဒါက ဆိုသည်။ ရှောင်းယီက ပြုံးလိုက်၏။

“ဒါဆိုရင် နောက်နောင် ညစာစားဖို့ ခဏခဏ လာခဲ့ပေါ့။”

“သေချာပေါက် လာမှာပါ။ ဒါနဲ့ ဒီမနက်စောစောစီးစီး ဘာကိစ္စရှိလို့လဲ။”

ကေဒါက မေးလိုက်သည်။

“အင်း လူပုနိုင်ငံမြို့တော်အတွက် ဒီဇိုင်းပုံစံတွေ ပြီးသွားပြီ။ မင်းတို့ရဲ့ အရှင်မင်းကြီးကို လာကြည့်ဖို့ ဖိတ်ချင်လို့ပါ။ ပြင်စရာရှိတာရှိရင် တစ်ခါတည်း ပြင်လို့ရအောင်လို့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အို... ငါမှတ်မိသလောက်ဆိုရင် မင်းတို့ မြေတိုင်းဖို့ သွားတာ နှစ်ရက်ပဲ ရှိသေးတယ် မဟုတ်ဘူးလား။ အခု ပုံစံတွေ ဆွဲပြီးသွားပြီလား။”

ကေဒါက အံ့အားသင့်စွာ မေးလိုက်သည်။

ကေဒါကိုယ်တိုင်က စက်မှုလုပ်ငန်းများကို တာဝန်ယူထားသူဖြစ်ရာ ဒီဇိုင်းတစ်ခုဆွဲရန် မည်မျှကြာတတ်သည်ကို သူသိထား၏။ မြို့တော်တစ်ခုလုံးကဲ့သို့ ကြီးမားသော စီမံကိန်းမျိုးဆိုလျှင် ပို၍ပင် ကြာသင့်သည်။

ရှောင်းယီက ပြုံးလိုက်၏။

“ငါတို့ဆီမှာ ကိရိယာတွေရှိတော့ အရှိန်က နည်းနည်း ပိုမြန်သွားတာပေါ့။”

“နည်းနည်း ပိုမြန်တာလား။ ဒါက နည်းနည်းတင် မဟုတ်တော့ဘူး။ အရှင်မင်းကြီးကို လိမ်ညာဖို့အတွက် ဖြစ်ကတတ်ဆန်း ပုံစံတွေ မလုပ်ထားဖို့ မျှော်လင့်တယ်။ အရှင်းမင်းကြီးက ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်မှု ပညာရပ်တွေမှာ တော်တော်လေး နှံ့စပ်တယ်နော်။”

ကေဒါက သတိပေးလိုက်သည်။

“စိတ်မပူပါနဲ့။ ဒါက မင်းတို့ရဲ့ မြို့တော်ကို တည်ဆောက်ဖို့ ပုံစံတွေပဲလေ။ ငါ မပေါ့ဆရဲပါဘူး။ နောက်ပြီး ငါ မင်းတို့နဲ့ ရေရှည် လက်တွဲသွားချင်သေးတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

“ကောင်းပြီ။ မင်း ဒီလိုပြောလာမှတော့ ငါပြန်သွားပြီး အရှင်မင်းကြီးကို အစီရင်ခံလိုက်မယ်။ သူ နေ့လယ်ဘက်လောက် ရောက်လာလိမ့်မယ်။”

ကေဒါက ဆိုသည်။

“ဒါဆို အကူအညီအတွက် ကျေးဇူးတင်ပါတယ်။”

ရှောင်းယီက လက်ယှက်ကာ ပြောလိုက်၏။

“ရပါတယ်၊ ငါတို့က သူငယ်ချင်းတွေပဲလေ။ ဒါပေမဲ့ မင်းရဲ့ ဒီဇိုင်းတွေက ဘုရင်ကြီးကို စိတ်မပျက်စေဖို့တော့ မျှော်လင့်မိတယ်။”

ကေဒါက အနည်းငယ် မယုံကြည်နိုင်သေးပုံ ပေါ်နေသည်။ ရှောင်ယီ ခေါင်းငြိမ့်ပြလိုက်ပြီး ကေဒါကို တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ပို့ဆောင်ပေးလိုက်၏။

ရထားလမ်းကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရန်အတွက် အန်ယွဲ့သည် နံနက် ၈ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို စီစဉ်ထားခဲ့သည်။ ကေဒါကို လိုက်ပို့ပြီးနောက် ရှောင်းယီသည် ဖွင့်ပွဲကျင်းပမည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

ယွမ်နွန် ၊ ကျန်းယွင်ထျန်းနှင့် အခြားသူများလည်း ရောက်နှင့်နေကြပြီဖြစ်သည်။ ရထားလမ်းဖွင့်ခြင်းမှာ အရေးကြီးသော ကိစ္စဖြစ်သဖြင့် လူတိုင်း လာရောက်ကြည့်ရှုကြခြင်းဖြစ်သည်။

အန်ယွဲ့သည် အမှာစကား ပြောကြားပြီး ရထားလမ်း၏ အခြေအနေကို မိတ်ဆက်ပေးလိုက်၏။ ထို့နောက် ရှောင်းယီ စင်ပေါ်သို့ တက်သွားခဲ့သည်။

“အားလုံးပဲ ရထားလမ်းဟာ အခုလောလောဆယ် ငါတို့ရဲ့ အရေးကြီးဆုံး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်တယ်။ အဲ့ဒါကြောင့် လူအင်အား၊ ပစ္စည်းအင်အား အများကြီးသုံးပြီး တည်ဆောက်ထားခဲ့တာပဲ။ လူတိုင်း ရထားစီးတဲ့အခါ စည်းကမ်းလိုက်နာပြီး ယဉ်ကျေးစွာ စီးနင်းကြဖို့ မျှော်လင့်ပါတယ်။ ယီရန်ပင်းမဟာမိတ် ရထားလမ်းကို တရားဝင် ဖွင့်လှစ်ကြောင်း ကြေညာလိုက်ပါတယ်။”

လာရောက်ကြည့်ရှုကြသော အသက်ရှင်ကျန်ရစ်သူများသည် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးအားပေးလိုက်ကြသော်လည်း ဒေသခံများမှာမူ အနည်းငယ် ငေးကြောင်နေခဲ့ကြသည်။

“ဒီနေ့ ဖွင့်ပွဲဖြစ်တဲ့အတွက် လူတိုင်း အတွေ့အကြုံရအောင် တက်စီးလို့ ရပါတယ်။”

အန်ယွဲ့က ဒေသခံများ၏ မျက်နှာကို ကြည့်ပြီး ဆက်ပြောလိုက်သည်။

“ဒီနေ့ တစ်ရက်တော့ အခမဲ့ စီးနိုင်တယ်။”

အခမဲ့ဖြစ်သဖြင့် လူတိုင်း တိုးဝှေ့တက်ရောက်ကြရာ ခဏအတွင်း ရထားမှာ လူပြည့်သွားတော့သည်။

ဝူး... ဝူး... ဝူး

ရေနွေးငွေ့သုံး ရထားကြီး စတင်ထွက်ခွာလိုက်၏။ ဘီးများ၏ သံလမ်းနှင့် ထိတွေ့သံနှင့်အတူ ရထားသည် တဖြည်းဖြည်း လျင်မြန်လာတော့သည်။

ပြင်ပရှုခင်းများ အနောက်သို့ လျင်မြန်စွာ ကျန်ရစ်ခဲ့သည်ကို ကြည့်ပြီး ဒေသခံများမှာ အံ့အားသင့်ကုန်ကြတော့သည်။

“အရမ်းမြန်တာပဲ။ ဒါကို ဘယ်လိုလုပ်ထားတာလဲ။”

“ဟုတ်ပါ့ မြင်းစီးတာထက် အများကြီး ပိုမြန်တယ်။”

“နောက်ဆိုရင် တခြားမြို့တွေကို သွားဖို့ မြင်းလှည်းတွေ၊ သင်္ဘောတွေ သုံးစရာ မလိုတော့ဘူးပေါ့။”

ဒေသခံ မြို့အများအပြားမှာ ရှောင်းယီ၏ ကျွန်းပေါ်တွင် တစ်ဆက်တည်း တည်ရှိနေကြသဖြင့် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သုံးစရာမလိုတော့ပေ။ ထိုသို့သွားလာခြင်း၌ အကွာအဝေးသည် မဝေးလှသဖြင့် စွမ်းအင်သလင်းကျောက်များကို ဖြုန်းတီးရာ ရောက်ပေသည်။ ထို့ကြောင့် အရင်က မြင်းလှည်းနှင့် သင်္ဘောများကို သုံးခဲ့ကြသော်လည်း အချိန်အလွန်ကုန်လှ၏။ ယခု ရထားပေါ်လာပြီဖြစ်ရာ အချိန်ကုန် အလွန်သက်သာသွားတော့မည်ဖြစ်သည်။

သို့သော် ရထားပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများအတွက်မူ ထူးခြားမှု မရှိလှပေ။ သူတို့သည် ယခင်က မြန်နှုန်းမြင့် ရထားများနှင့် လေယာဉ်များကို စီးခဲ့ကြသူများ ဖြစ်ရာ ဤရှေးဟောင်းရေနွေးငွေ့သုံး ရထားမှာ သူတို့အတွက် နှေးကွေးနေဆဲဖြစ်သည်။

သို့သော်ငြားလည်း အသက်ရှင်ကျန်ရစ်သူများမှာလည်း ပျော်ရွှင်နေခဲ့ကြ၏။ နောက်ဆုံးတော့ ခေတ်မီသော သယ်ယူပို့ဆောင်ရေးတစ်ခု ရှိလာပြီဖြစ်ရာ နှေးကွေးသော မြင်းလှည်းများပေါ်၌ ထိုင်နေစရာမလိုတော့ပေ။

အခန်း ၇၃၄ - လူပုဘုရင် ရောက်ရှိလာခြင်းနှင့် အံ့အားသင့်သွားသော လူပုများ

ရှောင်းယီသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရထားပေါ်မှဆင်းကာ မေးမြန်းလိုက်သည်။

“ဦးလေးအန်၊ ကျန်းယွီဆီက ကျောက်မီးသွေး ထောက်ပံ့မှုက အဆင်ပြေရဲ့လား။”

“ပြေပါတယ်။ လူပုတွေပေးတဲ့ တူးဖော်ရေးကိရိယာတွေကြောင့် သူတို့ရဲ့ အလုပ်လုပ်နှုန်းက အများကြီး မြန်လာတယ်။ ရထားခြောက်စီးစာအတွက် ထောက်ပံ့ပေးဖို့က အေးဆေးပါပဲ။”

အန်ယွဲ့က ပြန်ဖြေလိုက်သည်။ ကျန်းယွီ၏ မဟာမိတ်အဖွဲ့သည် မျောက်နက်နိုင်ငံ၏နယ်မြေထဲတွင် ရှိနေသော်လည်း ရှောင်းယီက သူ့ကျွန်းကို လာရောက်မပေါင်းစပ်ခိုင်းသေးပေ။ ကျွန်းချင်း ချိတ်ဆက်လိုက်လျှင်ပင် အရင်းအမြစ်များ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းကို မထိခိုက်သော်လည်း ရှောင်းယီက သူ့ကို ထိုနေရာတွင်ပင် ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ တည်နေရာကူးပြောင်းခြင်းအစီအရင် ရှိနေသဖြင့် ဆက်သွယ်ရေးက လွယ်ကူလှသည်။ ကျန်းယွီကို ထိုနိုင်ငံထဲတွင် ဆက်ထားခြင်းမှာ နယ်မြေတစ်ခုကို ကြိုတင်နေရာယူထားသကဲ့သို့ဖြစ်၏။

ထို့ပြင် ဒေသတစ်ခုနှင့်တစ်ခု အခွင့်အရေးများ မတူညီနိုင်ဟု ရှောင်းယီ ယုံကြည်သောကြောင့် ကျန်းယွီကို ထိုနေရာတွင်သာ ဆက်လက်ခြေကုပ်ယူခိုင်းထားခြင်းဖြစ်သည်။

ဒေသခံများထံမှ သိမ်းပိုက်ရယူပြီး ချိတ်ဆက်ထားသော ကျွန်းများမှာမူ အားလုံး ရှားနိုင်ငံ၏နယ်မြေအတွင်းရှိ ကျွန်းများသာ ဖြစ်သဖြင့် ရှောင်းယီက မဆိုင်းမတွပင် ချိတ်ဆက်ခဲ့ခြင်းဖြစ်၏။

“လူပုတွေရဲ့ စက်ကိရိယာတွေက တကယ်ကို အသုံးဝင်တာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် လူပုဘုရင် ရောက်လာပါပြီ။”

ထိုစဉ် ရှောင်းယီအနီးရှိ ကျန်းယွင်ထျန်းက ဖုန်းလက်ခံရရှိပြီးနောက် အစီရင်ခံလိုက်သည်။

“လောလှချည်လား။”

ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့၏။

“ကေဒါက နေ့လယ်လောက်မှ လာမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ တစ်ယောက်ယောက်ကို သူတို့ကို သွားကြိုခိုင်းထားလိုက်ပါ။ ပြီးရင် ဘားကို ခေါ်သွားလိုက်ချည်။ ဦးလေးအန်း... ဦးလေးက သွမ့်ပေယန်တို့ကို သွားပြောလိုက်ပါ။ ဒီဇိုင်းပုံစံတွေ အကုန်ယူပြီး ဘားကို လာခဲ့ဖို့။”

ပြောပြောဆိုဆိုဖြင့် ရှောင်းယီသည် အပန်းဖြေစခန်းဘက်သို့ လျှောက်သွားလိုက်သည်။ အန်းယွဲ့သည် သွမ့်ပေယန်တို့ကို သွားအကြောင်းကြားလိုက်ပြီး ကျန်းယွင်ထျန်းသည်မူ လူပုဘုရင်ကို ကြိုဆိုကာ အပန်းဖြေစခန်းသို့ ခေါ်ဆောင်လာရန် ယာဉ်တစ်စီး စီစဉ်ပေးလိုက်၏။

ရှောင်းယီ ဘားသို့ ရောက်သောအခါ လူပုဘုရင်အား အပေါ်ဆုံးထပ်ရှိ သီးသန့်ခန်းတွင် နေရာချပေးထားပြီးဖြစ်သည်။

“အရှငခမင်းကြီး ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ကောင်းကောင်းမွန်မွန် မကြိုဆိုနိုင်တာကို ခွင့်လွှတ်ပေးပါ။”

ရှောင်းယီက အခန်းထဲသို့ဝင်ကာ တောင်းပန်လိုက်၏။

“ရပါတယ် ရပါတယ်။ မင်းတို့ ဒီဇိုင်းပုံစံတွေကို ဒီလောက်မြန်မြန် ဆွဲပြီးသွားတယ်ဆိုလို့ ငါလည်း စူးစမ်းချင်စိတ်နဲ့ တန်းလာခဲ့တာ။”

လူပုဘုရင်က ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါနဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိသေးတယ်။”

ရှောင်းယီ မျက်ခုံးပင့်ကာ မေးလိုက်၏။

“ဘာများလဲ။”

“ဒါက ငါ ဒီမှာ တစ်ရက်နှစ်ရက်လောက် လာပြီး အပန်းဖြေချင်လို့ပေါ့ကွာ...။”

လူပုဘုရင်က အကျယ်ကြီး ရယ်မောကာ ပြောလိုက်သည်။ ရှောင်းယီလည်း ပြုံးလိုက်မိ၏။

“အရှင်မင်းကြီး အချိန်မရွေး လာရောက် အပန်းဖြေဖို့အတွက် ကြိုဆိုလျက်ပါပဲ။”

“ကဲ... အလုပ်ကိစ္စ အရင်စရအောင်။ မင်းတို့ဆွဲထားတဲ့ ပုံစံတွေ ယူလာခဲ့ပါဦး။”

လူပုဘုရင်က ဆိုသည်။

“လမ်းမှာရောက်နေပါပြီ။ ခဏနေရင် ရောက်လာပါလိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

လူပုဘုရင်က ခေါင်းငြိမ့်ပြီး သူ၏နောက်က လူများကို ညွှန်ပြကာ ပြောလိုက်၏။

“သူတို့တွေက ငါတို့နိုင်ငံရဲ့ အင်ဂျင်နီယာဌာနက လူတွေပဲ။ သူတို့အားလုံးက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတွေဆိုတော့ သူတို့ကို လိမ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးနော်။”

“စိတ်ချပါ အရှင်မင်းကြီး။ ကျွန်တော်မျိုး ပြောပြီးသားအတိုင်း ဒီဇိုင်းတွေ ပြီးတာနဲ့ အရှင်မင်းကြီးနဲ့ သေသေချာချာ ဆွေးနွေးမှာပါ။”

ရှောင်းယီက ပြောလိုက်သည်။ မကြာမီ အန်းယွဲ့သည် သွမ့်ပေယန်၊ ယင်ရွှမ်းတို့နှင့်အတူ ရောက်လာခဲ့သည်။သွမ့်ပေယန်တို့အပြင် ဒီဇိုင်းပုံစံများကို သယ်ဆောင်ရန် စစ်သားငါးဦးကိုပါ ခေါ်ဆောင်လာခဲ့သည်။

“အရှင်မင်းကြီး ဒီဇိုင်းပုံစံတွေ ယူလာပါပြီ။ ဘယ်လိုကြည့်ချင်ပါသလဲ။”

ရှောင်းယီက မေးလိုက်သည်။ လူပုဘုရင်က အနည်းငယ်စဉ်းစားလိုက်၏။

“အရင်ဆုံး မြို့တော်ရဲ့ မြေပုံညွှန်းကို အရင်ဖြန့်ပြလိုက်ပါ။”

သွမ့်ပေယန်တို့ဘေးတွင် စကားပြန်တစ်ဦး ပါလာသဖြင့် သူသည် အကြီးဆုံး ဒီဇိုင်းပုံစံကို ထုတ်ယူကာ စားပွဲပေါ်တွင် ဖြန့်ပြလိုက်သည်။

၎င်းတို့ ယူလာသော စက္ကူများကို မြင်လိုက်ရသောအခါ လူပုအင်ဂျင်နီယာများ အလွန်အံ့အားသင့်သွားခဲ့ကြသည်။ ဤမျှ အရည်အသွေးကောင်းသော စက္ကူမျိုးကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူတို့ အများစုသည် ပုံဆွဲရာတွင် သားရေစာရွက်များကိုသာ အသုံးပြုနေရဆဲဖြစ်သည်။

ပုံကို ဖြန့်လိုက်သောအခါ အားလုံး အံ့သြတုန်လှုပ်သွားကြ၏။ ဖုန်းမျက်နှာပြင် အသေးလေးတွင် ကြည့်ခဲ့ရသော ရှောင်းယီပင်လျှင် လူကိုယ်တိုင် အပြင်မှာ မြင်လိုက်ရသောအခါ တုန်လှုပ်မိသွားခဲ့သည်။

ဖုန်းမျက်နှာပြင်တွင် ကြည့်ရခြင်းနှင့် ကြီးမားသော စက္ကူဖြူပေါ်တွင် ရိုက်နှိပ်ထားခြင်းမှာ လုံးဝကွာခြားလှပေသည်။

ဤကြီးမားသောမြေပုံပေါ်တွင် မြို့တော်၏ အဆောက်အအုံအမျိုးမျိုးကို ရှင်းလင်းပြတ်သားစွာ မှတ်သားထားပြီး မျဉ်းကြောင်းများမှာ သေသပ်လှပကာ ပြင်ဆင်ထားသည့် အစအနပင် မတွေ့ရပေ။

လူပုနိုင်ငံတွင် ယခုအချိန်အထိ ဤမျှ အသေးစိတ်ကျသော မြို့တော်မြေပုံမျိုး မရှိသေးပေ။ သူတို့တွင် ရှိသည်မှာ ရိုးရှင်းသော ပုံကြမ်းများသာ ဖြစ်သည်။

“ကောင်းတယ်... တကယ့်ကို အံ့သြစရာပဲ။ ကျွန်းပိုင်ရှင်ရှောင်းရဲ့ ကျွန်းမှာ တကယ့်ကို အရည်အချင်းရှိတဲ့ လူတွေ အများကြီး ရှိနေတာပဲ။”

လူပုဘုရင်က ချီးကျူးလိုက်၏။

အခြားလူပုအင်ဂျင်နီယာများကလည်း ခေါင်းငြိမ့် ထောက်ခံလိုက်ကြသည်။ ဤကဲ့သို့ ပြီးပြည့်စုံသော မြေပုံတွင် သူတို့ အပြစ်ရှာစရာ တစ်ကွက်မှ မရှိပေ။

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”

ရှောင်းယီက ပြောလိုက်သည်

“ဒါပေမဲ့ ကျွန်တော်မျိုးတို့ ဒီဇိုင်းပညာရှင်တွေမှာ ပြင်ဆင်ချင်တဲ့ အကြံပြုချက်အချို့ ရှိပါတယ်။ အခု အရှင်မင်းကြီး ရှိနေတုန်း ပြောပြချင်ပါတယ်။ အပြောင်းအလဲလေးတွေ လုပ်ချင်သလားဆိုတာ ကြည့်ပေးပါဦး။”

“ပြောပါဦး။”

လူပုဘုရင်က ဆိုသည်။ ထိုအခါ သွမ့်ပေယန်က လက်ယှက်နှုတ်ဆက်ကာ ပြောလိုက်၏။

“ကျွန်တော်မျိုးမှာ အကြံပြုချက် အနည်းငယ် ရှိပါတယ်။ ဥပမာ မြို့ရိုးတွေကို နည်းနည်းပိုပြီး ကျယ်အောင် လုပ်သင့်ပါတယ်။ ဒါက မြို့ရိုးကို ပိုခိုင်ခံ့စေရုံတင်မကဘဲ မြို့ရိုးပေါ်က ကင်းသမားတွေအတွက်လည်း ပိုပြီး အဆင်ပြေစေမှာပါ။”

သွမ့်ပေယန်သည် လုံခြုံရေး၊ မီးဘေးကာကွယ်ရေးနှင့် ရေဆိုးထုတ်စနစ် စသည့် ကဏ္ဍပေါင်းစုံမှ အဆင့်မြင့် ခေတ်မီ အသိပညာများကို အခြေခံကာ တသီတတန်းကြီး ရှင်းပြလိုက်သည်။

လူပုအင်ဂျင်နီယာများမှာ ဤကဲ့သို့သော ခေတ်မီအသိပညာများကို မကြားဖူးကြပေ။ နားထောင်ပြီးနောက် ၎င်းတို့သည် သွမ့်ပေယန်၏ အရည်အချင်းမှာ အမှန်တကယ် အတိုင်းအဆမရှိ နက်ရှိုင်းလှသည်ဟုသာ ခံစားလိုက်ကြရလေသည်။

လူပုဘုရင်သည် သွမ့်ပေယန်၏ အကြံပြုချက်များကို ကြားလိုက်ရသောအခါ မျက်လုံးများ တောက်ပလာပြီး တစ်ခုချင်းစီကို သဘောတူခဲ့၏။

“ဒါဆိုရင် ဒီမြေပုံကို ကျွန်တော်မျိုး ပြန်ပြီး အနည်းငယ် ပြင်ဆင်လိုက်ပါမယ်။”

သွမ့်ပေယန်က ဆက်ပြောလိုက်သည်။

“နောက်တစ်ခုကတော့ အိမ်အမျိုးမျိုးရဲ့ ဒီဇိုင်းပုံစံတွေပါ။ ဒါကိုလည်း စိတ်ကြိုက် ယူကြည့်နိုင်ပါတယ်။”

ဘေးနားရှိ ယင်ရွှမ်းသည် ဒီဇိုင်းပုံစံအားလုံးကို ယူလာပေးရာ လူပုအင်ဂျင်နီယာများသည် တစ်ခုချင်းစီကို ကောက်ယူကာ ကြည့်ရှုကြတော့သည်။

“ဒီပုံစံတွေက တကယ့်ကို တိကျလွန်းတယ်။ ငါတို့နားမလည်တဲ့ သင်္ကေတတွေ အများကြီးပါပေမဲ့ အဆောက်အဦး တည်ဆောက်ပုံကတော့ လုံးဝ ပြဿနာမရှိဘူး။ ငါတို့ အခုရှိနေတဲ့ ပုံစံအတိုင်းပဲ။”

“ဟုတ်တယ်။ ငါပိုပြီး စူးစမ်းချင်တာက ဒီစက္ကူမျိုးကို ဘယ်လိုလုပ်တာလဲ ဆိုတာပဲ။ သားရေစာရွက်ထက် အများကြီး ပိုကောင်းတယ်။”

“သူတို့ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ဆွဲနိုင်တာရလဲ။ မြေတိုင်းတာကနေ ပုံဆွဲတာအထိ နှစ်ရက်တောင် မပြည့်သေးဘူးလေ။”

လူပုအင်ဂျင်နီယာများသည် ကြည့်ရင်း ဆွေးနွေးနေကြ၏။ လူပုဘုရင်က ပြုံးလိုက်သည်။

“ဆက်ကြည့်ဖို့ မလိုတော့ဘူးလို့ ငါထင်တယ်။ မင်းတို့မှာ ငါတို့ရဲ့ မြို့တော်ကို ကောင်းကောင်း တည်ဆောက်နိုင်စွမ်းရှိတယ်ဆိုတာ ငါ အပြည့်အဝ ယုံကြည်သွားပြီ။”

“ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”

ရှောင်းယီက ဝိုင်ခွက်ကို မြှောက်လိုက်သည်။ လူပုဘုရင်ကလည်း ဝိုင်ခွက်ကို မြှောက်ကာ တိုက်လိုက်သည်။

သို့သော်ငြားလည်း အင်ဂျင်နီယာများမှာမူ ပုံစံအားလုံးကို နှံ့နှံ့စပ်စပ် ကြည့်ရှုကြပြီး ပြဿနာမရှိကြောင်း အတည်ပြုပြီးမှသာ ရပ်တန့်လိုက်ကြ၏။

သူတို့ ရပ်လိုက်ချိန်တွင် ယင်ရွှမ်းသည် သွမ့်ပေယန်၏ အကြံပြုချက်များအရ ပြင်ဆင်ထားသည့် မြေပုံအသစ်ကြီးတစ်ခုကို ထပ်မံယူဆောင်လာခဲ့ပြန်သည်။

“ဒီလောက်မြန်မြန် ပြင်ဆင်ပြီးသွားပြီလား။”

လူပုဘုရင် မျက်လုံးပြူးသွား၏။ လူပုအင်ဂျင်နီယာများလည်း မယုံကြည်နိုင်စွာဖြင့် စုပြုံကြည့်ကြတော့သည်။

“ဟုတ်တယ်။ တကယ် ပြင်ဆင်ထားတာပဲ။”

လူပုအင်ဂျင်နီယာတစ်ဦးက အံ့သြစွာ ပြောလိုက်၏။

“ဒါကို ဘယ်လိုလုပ်လိုက်တာလဲဆိုတာ မေးလို့ရမလား။”

သွမ့်ပေယန်က ခေါင်းခါလိုက်သည်။

“ကျုပ်မှာ ဒီလိုစွမ်းရည် မရှိပါဘူး။ ကျွန်းပိုင်ရှင်ကြောင့်သာ ဒီလောက်မြန်မြန် ပြီးသွားတာပါ။”

“ကျွန်းပိုင်ရှင်ကြောင့် ဟုတ်လား။”

လူပုများအားလုံး ရှောင်းယီကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြ၏။ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကျုပ် ကံကောင်းပြီး အဆင့်မြင့်ပုံဆွဲစက်တစ်ခု ရထားလို့ပါ။”

“အဆင့်မြင့် ပုံဆွဲစက်လား။”

လူပုဘုရင်က စူးစမ်းစွာ မေးလိုက်သည်။

“ငါ ကြည့်လို့ရမလား။”

“ရတာပေါ့။”

ရှောင်ယီက ပြန်ဖြေလိုက်သည်။

“အမှန်တကယ် ကြိုဆိုပါတယ်။”

ထို့နောက် ရှောင်းယီသည် လူပုအဖွဲ့ကို ဦးဆောင်ကာ သွမ့်ပေယန်၏ ရုံးခန်းသို့ ခေါ်ဆောင်သွားပြီး ဟိုလိုဂရပ်ဖစ် အသိဉာဏ်ရှိ ပုံဆွဲကိရိယာကို ညွှန်ပြကာ ပြောလိုက်သည်။

“အဲ့ဒါပါပဲ။”

All Chapters