← Chapters

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

李 和轩:

အပိုင်း ၆၁၆ - ရှင်းမုန့်ရုံ၏အံ့သြမှု၊ ဒေါသထွက်နေသည့် ရှန်းမင်းမောင်

"အဲ့ဒါကို ဆရာကြီးက ကျွန်မကို ပေးထားတာ.."

ချိုင်လင်းအာက ဂုဏ်ယူနေသည့် မျက်နှာဖြင့်ပြောသည်။

ရှင်းမုန့်ရုံမှာ အံ့သြသွား၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို လူတစ်ယောက်အား ပေးအပ်နိုင်သည်လား။

"ဒါက ဘာမှမဟုတ်ပါဘူး..."

လီရွှမ်က ခေါင်းကို အသာရမ်းသည်။ လက်ကိုဝှေ့ရမ်းလိုက်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားတို့ကို ဆွဲယူကာ နိယာမဆေးလုံးအဖြစ် ဖန်တီး၏။ ပြီးနောက် စားပွဲပေါ်သို့ တင်လိုက်သည်။

ထူးမခြားနားစွာ ပြော၏။

"လိုချင်ရင် ယူလို့ရတယ်.."

ရှင်းမုန့်ရုံမှာ စကားပြောရန်ပင် ဆွံ့အသွား၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို အသာဆွဲယူပြီး ဆေးလုံးအဖြစ် ပြုလုပ်လိုက်လေသည်။ ဤသည်မှာ မည်ကဲ့သို့သော နည်းလမ်းဖြစ်သနည်း။

"ကျွန်မ.. ဘာအကျိုးပြုမှုမှ မရှိဘဲ ဆုတစ်ခုကို အလကား လက်မခံရဲပါဘူး.."

ရှင်းမုန့်ရုံက အံ့သြမှုတို့ကိုဖိနှိပ့်ကာ လေးစားစွာဖြင့်ပြော၏။

လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွားသည်။ ရှင်းမုန့်ရုံတွင် ခိုင်မာသည့် စိတ်အခြေအနေရှိ၏။ သို့ပေမယ့် သူမ၏နံဘေးရှိ ချိုင်လင်းအာကတော့ ခြားနားသည်။ စားပွဲပေါ်ရှိ နိယာမဆေးလုံးကို တွေ့ရပြီးနောက် မျက်တောင်မခက်ဘဲ အကြည့်လွှဲခြင်းပင် မရှိပေ။

"ဒီကို ရောက်လာတယ် ဆိုကတည်းက ကံတရားကြောင့်ပဲ... အရမ်းကြီး နှိမ့်ချမနေပါနဲ့.."

လီရွှမ်က အပြုံးတစ်ခုဖြင့် ပြော၏။

"အဲ့လိုဆိုရင်လည်း ကျေးဇူးတင်ပါတယ် အကြီးအကဲ..."

ရှင်းမုန့်ရုံက ခဏတာစဉ်းစားပြီးနောက် နိယာမဆေးလုံးများထဲမှ နှစ်လုံးကိုယူကာ ပြောသည်။

"နှစ်လုံးလောက်ဆိုရင် ရပါပြီ.."

လီရွှမ်က ခေါင်းငြိမ့်သည်။ လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် နိယာမဆေးလုံးများကို စုလင်းရှုံဆီသို့ ပေးလိုက်၏။ သူ၏တပည့်အား ဂရုတစိုက်ဖြင့် လေ့လာစေမည် ဖြစ်သည်။

ချိုင်လင်းအာ၏ မျက်နှာက စိတ်ပျက်သွား၏။

"လောဘကြီးတာက မကောင်းဘူး.."

လီရွှမ်က အပြုံးတစ်ခုဖြင့် ပြော၏။

"ချိုင်လင်းအာ လောဘကြီးသွားပါတယ်..."

ချိုင်လင်းအာက အရှက်ရစွာဖြင့် ခေါင်းငုံ့သွားသည်။

ရှင်းမုန့်ရုံက ခဏတာစဉ်းစားပြီးနောက် လေးစားစွာပြော၏။

"ကျွန်မရဲ့ သိုင်းပညာကျင့်ကြံမှု အတွက်ရော ညွှန်ကြားချက်အချို့ ပေးလို့ရမလား မသိဘူး အကြီးအကဲ.."

သူမသည် စိတ်ဝိဉာဉ်နယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်ကာ ဆက်လက်မြင့်တက်ရန်အတွက် အလွန်ခက်ခဲလှ၏။ သို့ရာတွင် နိယာမဆေးလုံးနှင့်ဆိုပါက နောက်ထပ်တစ်ဆင့်သို့ ပိုမိုနီးကပ်သွားမည် ဖြစ်သည်။

လီရွှမ်က အသာပြုံးကာ ပြောသည်။

"အိမ်မက်တစ်ခုက အိမ်မက်တစ်ခုဖြစ်တယ်... အိမ်မက်တစ်ခုက အိမ်မက်တစ်ခုမဟုတ်ဘူး... အိမ်မက်က အစစ်အမှန်ပဲ။ အစစ်အမှန်က အိမ်မက်ပဲ... အဲ့ဒါက ပုံရိပ်ယောင်တစ်ခုလိုပဲ။ ဒါပေမယ့် စစ်မှန်တယ်... အဲ့ဒါကအိမ်မက်လား အစစ်အမှန်လား..."

နက်ရှိုင်းကာ လျှို့ဝှက်ဆန်းကြယ်သည့် ညွှန်ကြားချက်များအပြီးတွင် လီရွှမ်က နောက်ဆုံးတွင် အတွေးနက်ကာ ပဟေဠိဖြစ်နေသည့် ရှင်းမုန့်ရုံကို ကြည့်ကာပြော၏။

"အဲ့ဒီ့ထဲမှာရှိတဲ့ ဆန်းကြယ်မှုတွေကို နားလည်သဘောပေါက်ပြီဆိုရင် ကိုယ်ကိုယ်တိုင်ရဲ့ လမ်းကြောင်းကို ထုစစ်ပြီး နင်ကျင့်ကြံတဲ့ သိုင်းပညာရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်လိမ့်မယ်.."

"အဲ့ဒီ့အချိန်မှာ နင့်ကိုယ်နင် သက်ဆိုင်ရာ လမ်းစဉ်တစ်ခုရဲ့ တည်ထောင်သူဘိုးဘေးအဖြစ် မှတ်ယူနိုင်လာလိမ့်မယ်.."

လီရွှမ်သည် ရှင်းမုန့်ရုံအနေနှင့် လုပ်ဆောင်နိုင်မည်လားဟူသည်ကို ဂရုစိုက်ခြင်း မရှိပေ။ လုပ်ဆောင်နိုင်ပါက သူ၏ ညွှန်ကြားချက်အပေါ် လုံးဝ ကျေးဇူးတင်ရမည်ဖြစ်၏။ လုပ်ဆောင်နိုင်ခြင်းမရှိပါက သူမ၏ အသိအမြင်တို့သည် ကောင်းမွန်ခြင်းမရှိဘဲ ကြီးမားသည့်အခွင့်အရေးကို လွှဲချော်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် အရှုံးမရှိပေ။ ဤသည်မှာ ကြီးမြတ်သည့် အသွင်အပြင်ကို ပြသခြင်းသာဖြစ်၏။

သို့ပေမယ့် သူ၏နက်နဲသည့် ညွှန်ကြားချက်များသည် အခြေအမြစ်မရှိသည် မဟုတ်ပါ။ သီအိုရီဆိုင်ရာ အချက်အလက်အချို့ ပါဝင်နေ၏။

ရှင်းမုန့်ရုံမှာ ကြီးစွာ အံ့သြသွားသည်။ သူမသည် ပိုမိုစဉ်းစားလေလေ အကြီးအကဲ၏ ညွှန်ကြားချက်အပေါ် ပိုမိုဆန်းကြယ်လှသည်ဟု ခံစားရလေရှိ၏။

ကြည့်ရသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အဆုံးစွန်သော အမှန်တရားတို့ ပါဝင်နေသည့်ဟန် ရသည်။

၎င်းကို အမှန်တကယ် နားလည်သဘောပေါက်နိုင်ပါက သူမ၏ ကိုယ်ပိုင်သိုင်းပညာကို အမှန်တကယ် ဖန်တီးနိုင်မှာ ဖြစ်သည်။

"ကျွန်မကျင့်ကြံတဲ့ သိုင်းပညာက... ထိုက်မြှောင်ဒီဗိုင်းအတတ်ပါ... ရှေးခေတ်အခါထဲက ယခုအချိန်အထိ အဲ့ဒါကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်တဲ့သူ အရမ်းကိုနည်းပါးတယ်။ ထိုက်မြှောင်ဂိုဏ်းရဲ့ ပြီးခဲ့တဲ့နှစ်ပေါင်း ၁သိန်းအတွင်းမှာ ကျွန်မက တစ်ဦးတည်းသောအောင်မြင်သူပဲ..."

'အကြီးအကဲရဲ့ ညွှန်ကြားချက်ကိုသာ နားလည်နိုင်မယ်ဆိုရင် ထိုက်မြှောင်ဒီဗိုင်းအတတ်ကို ကျော်လွန်ပြီး အဲ့ဒါနဲ့နှိုင်းယှဉ်နိုင်တဲ့ သို့မဟုတ် ပိုပြီးစွမ်းအားကြီးတဲ့ သိုင်းပညာလမ်းစဉ်တစ်ခုကို ဖန်တီးနိုင်မှာ..'

ရှင်းမုန့်ရုံက ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူမ၏ ထိုက်မြှောင်ဂိုဏ်းတွင် ထူးကဲသည့် ရာထူးကို ရရှိထားခြင်းမှာ ထိုက်မြှောင်ဒီဗိုင်းအတတ်အား ကျင့်ကြံမှု၌ အောင်မြင်ခဲ့ခြင်းကြောင့် ဖြစ်၏။ ဤသည်မှာ အံ့ဖွယ်သိုင်းပညာတစ်ခု ဖြစ်သည်။

ထိုကဲ့သို့တွေးမိပြီးနောက် ရှင်းမုန့်ရုံက မတ်တတ်ရပ်ကာ လေးစားစွာဦးညွှတ်သည်။

"ရှင်းမုန့်ရုံက အကြီးအကဲရဲ့ ညွှန်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်.."

"အင်း.."

လီရွှမ်က ခေါင်းငြိမ့်သည်။ သူမသည် ရန်သူတစ်ယောက်မဟုတ်ဘဲ သူကဲ့သို့ ပညာရှိတစ်ပါးကို ကြုံတွေ့နိုင်ခဲ့ရာ အခွင့်အရေးအချို့ကို ရရှိသည်မှာ ပုံမှန်သာဖြစ်သည်။

ထို့အပြင် သုယွီယင်းသည် ရှင်းမုန့်ရုံ၏ မျိုးဆက်ဖြစ်၏။ ဤသည်က အနည်းငယ် ဆက်နွယ်နေပါသည်။

ရှင်းမုန့်ရုံသည် ရွှီယန်၏ ဆရာဖြစ်သူမှာ အမှန်တကယ်ကို မြင့်မြတ်သည့် လူတစ်ယောက်ဖြစ်ကြောင်းအား နားလည်သွား၏။ သွေးစိတ်ဝိဉာဉ်ကလေးငယ် မဟုတ်ပေ။ ထို့ကြောင့် နှုတ်ဆက်စကားပြောပြီးနောက် အချိန်အကြာကြီးမနေဘဲ နိယာမဆေးလုံးတို့ကို ယူဆောင်ကာ ထွက်ခွာသွားသည်။

သူမသည် ထိုက်မြှောင်ဂိုဏ်းဆီသို့ ပြန်ကာ အကြီးအကဲ၏ ညွှန်ကြားချက်များကို လေ့လာသုံးသပ်မည် ဖြစ်၏။

ရှင်းမုန့်ရုံ ထွက်ခွာသွားပြီးနောက် ချိုင်လင်းအာလည်း နေရာရှာကာ နိယာမဆေးလုံးကို လေ့လာပြီး သန့်စင်သည်။

ကျစ်ယွင်သည် စုလင်းရှုံနှင့်တွေ့ဆုံပြီး စကားများစွာပြောခဲ့၏။ စုလင်းရှုံက သူမကို ယွဲ့အာနှင့် မိတ်ဆက်ပေးပြီးနောက် အမျိုးသမီးသုံးယောက် အတူတူစုစည်းကာ ရင်းနှီးလာခဲ့သည်။

စုလင်းရှုံသည် ဒန်ဆေးလုံးများကို ဆက်လက်သန့်စင်ခဲ့၏။ သို့ပေမယ့် သူမ၏ဘေးတွင် ကူညီရန် နောက်ထပ်လူတစ်ယောက် ရောက်ရှိလာခဲ့သည်။ ဤသည်မှာ ကျစ်ယွင် ဖြစ်၏။

ဆရာဖြစ်သူကို အရိုအသေပေးပြီးနောက် မုန့်ချုံလည်း စိတ်ဝိဉာဉ်နယ်မြေရှိ သူ၏ စွန့်စားခန်းများကို မျှဝေပြောပြသည်။ သူ၏ အတွေးအမြင်များနှင့် ရရှိလာသည့် သိုင်းပညာများလည်း အပါအဝင်ဖြစ်၏။

ချန်ချင်းစံအိမ်၏ အပြင်ဘက်တွင် လူငယ်တစ်ယောက် လျှောက်ဝင်လာ၏။ သူ၏ ပေါ်ပေါက်လာမှုက အစကတန်းစီနေသည့် သိုင်းသမားများကို လမ်းဖယ်ပေးရစေသည်။

"ရှန်းမင်းမောင်က ဒန်ဆေးအင်မော်တယ်ကို လာရောက်တွေ့ဆုံပါတယ်.."

ရှီအာက လူငယ်ကို ခေါင်မော့ကြည့်သည်။ ထိုလူငယ်သည် ခရမ်းရောင်ဝတ်စုံနှင့် အလွန်တင့်တယ်၏။ တော်ဝင်ဆန်သည့် အငွေ့အသက်တို့ ပြည့်နက်နေကာ သူ၏ မည်သည်ကိုမှ ဂရုမစိုက်သည့် အသွင်အပြင်က နက်ရှိုင်းသည့် ယုံကြည်ချက်နှင့် မောက်မာမှုတို့ကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်ခြင်း မရှိအောင် ဖြစ်စေသည်။

ဤသည်မှာ ကျိုးတော်ဝင်မိသားစု၏ ပါရမီရှင်တစ်ဦးဖြစ်သည်။ တစ်ဖက်လူ၏ နောက်ခံမှာ နိမ့်ပါးခြင်း မရှိပေမယ့် ကျိုးတော်ဝင်မိသားစု၏ မင်းသား သို့မဟုတ် ဘုရင်တစ်ပါးပင် ဖြစ်နိုင်ပေမယ့် ရှီအာမှာ ဂရုစိုက်ခြင်း မရှိပေ။

ဘာပဲဖြစ်ဖြစ် ယခုအချိန်၌ စုလင်းရှုံသည် အလုပ်ရှုပ်နေ၏။ ဘယ်လိုလုပ်ပြီး လာရောက်တွေ့ဆုံရန် အချိန်ရှိမည်နည်း။

"ဒီနေ့မှာ စံအိမ်သခင် မအားဘူး... ကျေးဇူးပြုပြီး နောက်တစ်နေ့မှ ပြန်လာခဲ့ပါ.."

ရှန်းမင်းမောင်မှာ အနည်းငယ် ဒေါသထွက်သွားသည်။ ခရမ်းရောင်ဘုရင်၏ မျိုးဆက်တစ်ယောက်ဖြစ်ကာ ကျိုးတော်ဝင်မိသားစု၏ တော်ဝင်မျိုးဆက်ကိုးခုမှ တစ်ခု၏ မင်းသားတစ်ပါးဖြစ်သည့်အလျောက် သူသည် အရိုက်အရာကို ဆက်ခံနိုင်မည့် အလားအလာ ကြီးမားစွာ ရှိ၏။ သို့ပေမယ့် ယခုမျှပေါ့တန်စွာ ဆက်ဆံခြင်းခံရသည်လား။

သို့ရာတွင် သူသည် နေရာတွင် စိတ်လွတ်သွားခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် ချန်ချင်းစံအိမ်သည် သာမန်နေရာမဟုတ်ပါ။ ထို့ကြောင့် ထပ်မံပြောကြား၏။

"ကျေးဇူးပြုပြီး ကျိုးနိုင်ငံရဲ့ ခရမ်းရောင်ဘုရင်စံအိမ်က ဆက်ခံသူမင်းသား လာရောက်လည်ပတ်တယ်လို့ အကြောင်းကြားပေးပါ.."

ရှန်းမင်းမောင်မှာ အလွန် ဒေါသထွက်နေသည်။ သူသည် ဘယ်တုန်းကမှ ယခုကဲ့သို့ နှိမ့်ချစွာ နေခဲ့ဖူးခြင်း မရှိပေ။

"ငါပြောခဲ့သလိုပဲ... သူမမအားဘူး... မင်းဘာသာမင်း ခရမ်းရောင်ဘုရင်စံအိမ်ရဲ့ ဆက်ခံသူမင်းသားပဲ ဖြစ်ဖြစ် ကျိုးနိုင်ငံရဲ့ ဧကရာဇ်ပဲဖြစ်ဖြစ် တွေ့မှာမဟုတ်ဘူး.."

ရှီအာက မျက်စံလှည့်ကာ ဆက်လက်ပြောသည်။

"နောက်တစ်ယောက်.."

အပိုင်း ၆၁၇ - ရှင်းမုန့်ရုံ၏အံ့သြမှု၊ ဒေါသထွက်နေသည့် ရှန်းမင်းမောင်(၂)

ရှန်းမင်းမောင်၏မျက်နှာက ချက်ချင်းပင် အရှက်ရသွားပြီး သူ၏နောက်ရှိ သိုင်းသမားများမှာ ကြောက်ရွံ့စွာဖြင့် အလျှင်အမြန် ဆုတ်ခွာသွားရသည်။ ရှေ့သို့တက်ရဲခြင်း မရှိတော့ပေ။

သူတို့သည် လုံးဝ အံ့သြနေကြ၏။ ချန်ချင်းစံအိမ်၏ ကြီးကြပ်သူသည် အလွန်မောက်မာပြီး ကျိုးဧကရာဇ်ကိုယ်တိုင်လာလျှင်ပင် ဒန်ဆေးအင်မော်တယ်က ထွက်ခွာတွေ့ဆုံမည်မဟုတ်ဟု ဆိုနေ၏။

ဤသည်မှာ ကျိုးနိုင်ငံ၏ ပိုင်နက်အတွင်း၌ ဖြစ်သည်။ သူတို့သည် ကျိုးနိုင်ငံ တော်ဝင်မိသားစု၏ အမျက်ဒေါသကို မကြောက်ကြပေဘူးလား။

"ရမ်းကားလိုက်တာ.."

ရှန်းမင်းမောင်၏ ဘေးတွင်ရပ်နေသည့် လူလတ်ပိုင်းလူကြီးက ဒေါသတကြီးဖြင့် အော်သည်။

"မင်းလို ချန်ချင်းစံအိမ်ရဲ့ လက်အောက်ငယ်သားလေးတစ်ယောက်က အရမ်းတွေ မောက်မာရဲနေတယ်ပေါ့... ငါတို့ ကျိုးဧကရာဇ်ကိုတောင် မလေးမစားပြုရဲတယ်။ တော်တော်သတ္တိကောင်းနေတာလား.."

"ဘုန်း.."

အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက်၏ အရှိန်အဝါက ထွက်ပေါ်လာပြီး ရှီအာဆီသို့ ဖိနှိပ့်လာခဲ့သည်။

"အုန်း..."

ရှီအာ၏ရှေ့တွင် အလင်းရောင်လှိုင်းတစ်ခု ထွက်ပေါ်လာ၏။ ပြီးနောက် ခရမ်းရောင်မိုးကြိုးများ ရေဝဲလာခဲ့သည်။

ဤသည်မှာ ချန်ချင်းစံအိမ် မိုးပျံသင်္ဘော၏ အကာအကွယ်အခင်းအကျင်းကို အသက်သွင်းလိုက်ခြင်း ဖြစ်၏။

ချန်ချင်းစံအိမ်၏ မိုးပျံသင်္ဘောအခင်းအကျင်းကို ဖန်းဟောင်က စီမံထားခြင်းဖြစ်ပေမယ့် လီရွှမ်ကလည်း ၎င်း၏စွမ်းအားကို မြှင့်တင်ထားခဲ့သည်။

ရှင်းမုန့်ရုံပင်လျှင် အခင်းအကျင်းကို ထောက်ပံ့ရန် စိတ်ဝိဉာဉ်ပုံဆောင်ခဲတို့ ကုန်ခမ်းအောင် တိုက်ခိုက်နိုင်ခြင်း မရှိပါက ချိုးဖျက်နိုင်မည် မဟုတ်ပေ။

ရှီအာမှာ ဂရုမစိုက်စွာရှိနေပြီး တစ်ဖက်လူ၏ ဒေါသပေါက်ကွဲမှုအတွက် စိတ်ထဲထားမနေပါ။ အဲ့ဒီ့အစား ပြော၏။

"ငါက အမှန်ကိုပြောနေတာ... ဒီနေ့မှာ ကျိုးဧကရာဇ်လာရင်တောင် ဘယ်သူမှ သူ့ကို လာထွက်တွေမှာ မဟုတ်ဘူး... ဒီနေရာမှာ ပြဿနာရှာနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတယ်ဆိုရင် ကြိုးစားကြည့်လို့ရတယ်.."

ဒီအချိန်၌ ရှီအာသည် နောက်ဆုံးတွင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ အရသာအချို့ကို တွေ့ဆုံခံစားနိုင်ပြီ ဖြစ်၏။

ဥပမာအားဖြင့် ရွှီယန်ကို လူတိုင်းက အရိုင်းဆန်သည်ဟု ပြောကြသည်။ သို့ပေမယ့် သူ့တွင် အရိုင်းဆိုင်ရန် ခွန်အားရှိသည်ဟု လူတိုင်း အသိအမှတ်ပြုကြ၏။

'ဒါဆိုရင်... ဘယ်အရာကိုမှ ဂရုမစိုက်ရတာကလည်း တကယ့်ကို စိတ်ကို သစ်လွင်လန်းဆန်းစေတာပဲ..'

ရှီအာက သက်ပြင်းချသည်။

ရှန်းမင်းမောင်နှင့် သူ၏အစောင့်တို့သည် ခရမ်းရောင်မိုးကြိုးလှိုင်းတို့ကို ကြည့်ကာ မျက်လုံးများက ကျဉ်းမြောင်းသွား၏။

ပြောကြသည်မှာ ချန်ချင်းစံအိမ်သည် ဒီဗိုင်းကိရိယာတစ်ခုဖြစ်သည်ဟု ဆို၏။ ယနေ့တွင် အမှန်တကယ်ကို သက်သေပြခဲ့သည်။

"မရိုင်းနဲ့.."

ရှန်းမင်းမောင်က မျက်မှောင်ကျုံ့သွားပြီး သူ၏အစောင့်ကို သတိပေးစွာပြော၏။

"ဟုတ်ကဲ့ပါမင်းသား.."

အစောင့်က ချက်ချင်းပင် အရှိန်အဝါကို ရုတ်သိမ်းလိုက်၏။

"ဒန်ဆေးနတ်သမီးက ဒီနေ့မှာ ဧည့်သည်မတွေ့ဘူး ဆိုမှတော့... နောက်နေ့မှပဲ လာတော့မယ်.."

ရှန်း‌မင်း‌မင်းမောင်က အပြုံးတစ်ခုဖြင့် ဦးညွှတ်စွာပြော၏။

"မနက်ဖြန်လား... မနက်ဖြန်လာလည်း အသုံးမဝင်ဘူး... ဘယ်ဧည့်သည်ကိုမှ မတွေ့ဘူး.."

ရှီအာက ခံစားချက်မဲ့စွာဖြင့် ပြောသည်။

ရှန်းမင်းမောင်၏ နှလုံးသားထဲတွင် ဒေါသလှိုင်းတို့ ထွက်ပေါ်လာ၏။ သို့ပေမယ့် သူသည် ပေါက်ကွဲခြင်းမရှိပေ။ အဲ့ဒီ့အစား မေး၏။

"အဲ့ဒါဆိုရင် ဒန်ဆေးနတ်သမီးက ဘယ်အချိန်မှအားပြီး ဧည့်သည်ကို လက်ခံတွေ့ဆုံနိုင်မလဲ မသိဘူး.."

"ငါက ဘယ်လိုလုပ်ပြီးတော့ သိမှာလဲ... ဒီကိစ္စက ငါဆုံးဖြတ်နိုင်တဲ့အရာ မဟုတ်ဘူး.."

ရှီအာက မျက်စံလှည့်သည်။

သူ၏အသွင်က ရှန်းမင်းမောင်၏ ထိန်းသိမ်းထားသည့် အိန္ဒြေတို့ကို ပျက်စီးလုနီးပါး ဖြစ်သွားစေ၏။ မဲမှောင်သော မျက်နှာဖြင့် နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။

"ဒီနေ့မှာ ငါ့ရဲ့စိတ်အခြေအနေ မကောင်းဘူး... ချန်ချင်းစံအိမ်က ဘယ်လူနာကိုမှ ကုမပေးတော့ဘူး.."

ရှီအာက မပျော်ရွှင်သော မျက်နှာဖြင့် အခင်းအကျင်းကို ချက်ချင်းအသက်သွင်းကာ လူနာတံခါးကို ပိတ်လိုက်သည်။ ထို့နောက် ထွက်ခွာသွား၏။

သို့ပေမယ့် နှလုံးသားထဲတွင် အလွန်ကျေနပ်စွာ ခံစားနေရသည်။

"ငါက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပေမယ့်... စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်ရဲ့ ပျော်ရွှင်မှုမျိုးကို ခံစားနိုင်တယ်.."

ရှန်းမင်းမောင်၏ အဖြစ်အပျက်သည် ကိစ္စငယ်တစ်ခုသာ ဖြစ်၏။ မည်သူမှ စိတ်ထဲထားခြင်း မရှိပေ။ ရှီအာပြောခဲ့သလိုပင် ဧကရာဇ်ကျိုးလာလျှင်ပင် စုလင်းရှုံကို တွေ့ဆုံနိုင်မည် မဟုတ်ပေ။

ရှန်းမင်းမောင်၏ မောင်းထုတ်ခြင်း ခံခဲ့ရသည်ဟူသည့်သတင်းသည် ကြယ်ငယ်ကန်တစ်လျှောက် ပျံ့နှံ့သွားပြီး ကျိုးနိုင်ငံရှိ သိုင်းလောကမှ လူတိုင်းသည် ခရမ်းရောင်ဘုရင်စံအိမ်မှ ထိုမင်းသားက ဒီစော်ကားမှုကို ငြိမ်ခံနေမည်လားဟု စောင့်ကြည့်နေကြသည်။

တစ်ရက်ကြာအပြီးတွင် ရှန်းမင်းမောင်သည် ထပ်မံရောက်ရှိလာပြန်၏။ ဒီတစ်ကြိမ်တွင် လူနာလက်ခံနေသူမှာ မုန့်ရှူရှူဖြစ်သည်။ ရှီအာမှာ ကိုယ့်ဘာသာ သွားရောက်ကျင့်ကြံနေ၏။

"သကျိုး ခရမ်းရောင်ဘုရင်ရဲ့ ဆက်ခံသူမင်းသား ရှန်းမင်းမောင် ဒန်ဆေးနတ်သမီးဆီကို လာရောက်တွေ့ဆုံပါတယ်.."

သူကပြောလိုက်ရင်းနှင့် သေတ္တာတစ်ခုကို လက်ကမ်းပေးသည်။

"ဒါက ကျွန်တော့်ရဲ့ စိတ်ရင်းလေးပါ... လက်ခံပေးဖို့မျှော်လင့်ပါတယ်.."

မုန့်ရှူရှူက သေတ္တာကိုဖွင့်ကာ တစ်ချက်ကြည့်သည်။

အတွင်းထဲတွင် ဒီဗိုင်းစိတ်ဝိဉာဉ်ဆေးပင်တစ်ခု ရှိနေ၏။ သို့ရာတွင် သူသည် ဒီဗိုင်းစိတ်ဝိဉာဉ်ဆေးပင်များစွာတို့ကို တွေ့မြင်ပြီးဖြစ်ရာ အထူးအဖိုးတန်သည်ဟု ခံစားရခြင်း မရှိပေ။

"စံအိမ်သခင်က ဒီနေ့မှာ ဒန်ဆေးသန့်စင်ပြီးတော့ အလုပ်ရှုပ်နေတယ်... ဧည့်သည်တွေ့ဖို့ အချိန်မရှိဘူး.."

သူကပြောရင်းနှင့် စိတ်ဝိဉာဉ်ဆေးပင်ကိုယူကာ ပုလင်းငယ်တစ်ခုကို ထုတ်လိုက်သည်။ ထိုကဲ့သို့သော ပုလင်းငယ်တွင် ဒန်ဆေးလုံးတစ်လုံးကိုသာ ဝင်ဆံ့နိုင်၏။

"ဒါက ပြန်လည်သစ်လွင်ခြင်း ဆေးလုံးပဲ... ဒဏ်ရာကုသတဲ့ ဆေးတစ်မျိုးလည်း ဖြစ်တယ်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် အခြေခံကို ထိခိုက်ထားရင်တောင် ပြန်လည်ကောင်းမွန်နိုင်တယ်။ မင်းရဲ့ ကောင်းမွန်တဲ့စိတ်ရင်းကြောင့် နိမ့်ကျတဲ့စျေးနှုန်းနဲ့ ရောင်းပေးလိုက်မယ်.."

ဒီဗိုင်းစိတ်ဝိဉာဉ်ဆေးပင်တစ်ပင်နှင့် သစ်လွင်ခြင်းဆေးတစ်လုံးကို ဝယ်ယူနိုင်လေသည်။ ဤသည်မှာ ကျိုးနိုင်ငံ၏ တော်ဝင်မိသားစုကို ကြီးစွာ မျက်နှာသာပေးထားခြင်း ဖြစ်၏။

ဤသည်မှာ မုန့်ရှူရှူ၏ အတွေးဖြစ်သည်။ သို့ပေမယ့် ရှန်းမင်းမောင်မှာတော့ ထိုကဲ့သို့ တွေးမိခြင်းမရှိပေ။ သူ၏နှလုံးသားထဲရှိ မကျေနပ်မှုတို့သည် စီးထွက်လာတော့မည် ဖြစ်၏။

သူသည် ခရမ်းရောင်ဘုရင်၏ ဆက်ခံသူဖြစ်ကာ ကျိုးတော်ဝင်မိသားစု၏ ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သွားရောက်သည့်နေရာတိုင်းတွင် မည်သူက ကြီးအကျယ်ခမ်းနားစွာ မကြိုဆိုဘဲ နေကြလို့နည်း။ ရလဒ်အနေနှင့် ယခုအချိန်၌ ထပ်မံအထင်သေးခြင်း ခံခဲ့ရလေပြန်သည်။

"ဒန်ဆေးနတ်သမီးက... ဘယ်အချိန်ကျမှ ဧည့်သည်တွေ့ဖို့ အချိန်ရှိမှာလည်း မသိဘူး.."

ရှန်းမင်းမောင်က အသက်ကို နက်ရှိုင်းစွာရှူပြီး နှလုံးသားထဲရှိ ဒေါသတို့ကို တည်ငြိမ်စေပြီးနောက် မေး၏။

"ဒါကတော့ ပြောရခက်တယ်.."

မုန့်ရှူရှူက ခဏတာစဉ်းစားပြီးနောက် ပြောသည်။

"စံအိမ်သခင်က... ဒန်ဆေးပညာအပေါ်မှာ သုတေသနပြုလုပ်ပြီး အချိန်ပိုတဲ့အခါမှပဲ ဧည့်သည်ကို လက်ခံတွေ့ဆုံမှာ။ ဒီအချိန်အတွင်းမှာ သူမကို ဘယ်သူမှသွားပြီး နှောက်ယှက်လို့မရဘူး.."

ဒန်ဆေးနတ်သမီးသည် ဒန်ဆေးပညာကို သုတေသနပြုကာ အလုပ်ရှုပ်နေချိန်၌ ဧည့်သည်များကို လက်ခံခြင်းမရှိသည်မှာ နားလည်လို့ရပါသည်။ ဤနည်းအားဖြင့် ရှန်းမင်းမောင်၏ ဒေါသတို့သည် ပြန်လည်ငြိမ်ကျလာပြီး မေးခွန်းတစ်ခုကို မေး၏။

"အဲ့ဒါဆိုရင်... သူမ ဘယ်အချိန်ကျမှ တံခါးပိတ်နေရာကနေ ထွက်ခွာမှာလည်း မသိဘူး.."

"ငါက ဘယ်လိုလုပ်ပြီးသိမှာလဲ... မင်းနေ့တိုင်းလာပြီးတော့ မေးကြည့်လို့ရတယ်။ သူမနဲ့ တွေ့ဆုံနိုင်မှာလား မတွေ့ဆုံနိုင်ဘူးလားကတော့ ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်.."

မုန့်ရှူရှူက စိတ်မရှည်စွာဖြင့် ပြောသည်။

"ဒါဆိုလည်း... မနက်ဖြန်ကျရင် ပြန်လာခဲ့ပါမယ်.."

ရှန်းမင်းမောင်မှာ ရွေးချယ်စရာမရှိဘဲ ထွက်ခွာသွားရ၏။

နောက်တစ်နေ့တွင် ရှန်းမင်းမောင်ပြန်လာခဲ့၏။ ဒီတစ်ကြိမ်၌ သူသည် ကျိုးယင်နှင့် တွေ့ဆုံလေသည်။

"ကျွန်တော်..."

"ငါတို့တွေ ဧည့်သည်လက်မခံဘူး.."

သူ၏ စကားမဆုံးခင်တွင် ကျိုးယင်က ကြားဖြတ်စွာပြော၏။

ရှန်းမင်းမောင်၏မျက်နှာက အနီရောင်ပြောင်းသွားသည်။ သူ၏နဖူးမှ သွေးကြောများထောင်ထလာပြီး ဒေါသတို့ ပေါက်ကွဲတော့မည် ဖြစ်၏။

ထိုအချိန်၌ ရွှီယန်က ပြန်လာခဲ့သည်။ ချန်ချင်းစံအိမ်အတွင်းသို့ တစ်ခါတည်းလျှောက်ဝင်သွား၏။ ထိုပုံကိုတွေ့ရပြီးနောက် နောက်ဆုံးတွင် ရှန်းမင်းမောင်၏ သည်းခံနိုင်ခြင်း မရှိတော့ပေ။

"သူက ဘာလို့ဝင်လို့ရတာလဲ... ငါလို မင်းသားတစ်ပါးကျတော့ အပြင်မှာစောင့်နေရတယ်။ ဒါက ချန်ချင်းစံအိမ်ရဲ့ ငါတို့ကျိုးနိုင်ငံ တော်ဝင်မိသားစုအပေါ် နှိမ့်ချစွာဆက်ဆံတဲ့ပုံစံလား.."

ဤသည်မှာ သည်းခံနိုင်စရာမရှိသည့် စော်ကားမှုဖြစ်သည်။

ရွှီယန်က ခေါင်းကိုလှည့်ကာ နောက်သို့ကြည့်သည်။

ဤသည်မှာ ကျိုးတော်ဝင်မိသားစု၏ ပါရမီရှင်တစ်ယောက်လေလား။ တစ်ဖက်လူသည် အားနည်းခြင်း မရှိပေ။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီတစ်မျှင်ကို စုစည်း ပြီးဖြစ်၏။

သို့ရာတွင် သူ့အတွက် ထိုမျှရှိသော ခွန်အားအဆင့်သည် လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လို့ရ၏။ ထို့ကြောင့် လက်မြှောက်ရန်ပင် စိတ်ဝင်စားခြင်းမရှိဘဲ ခေါင်းပြန်လှည့်ကာ ထွက်ခွာသွားသည်။

ရှန်းမင်းမောင်မှာ အလွန်ဒေါသထွက်နေ၏။ ဤသည်မှာ မည်ကဲ့သို့သော အကြည့်ဖြစ်သနည်း။ အထင်သေးကာ မထိမဲ့မြင်နိုင်လှသည်။

"မင်းတို့ ချန်ချင်းစံအိမ်က... ကျိုးနိုင်ငံရဲ့ ပိုင်နက်ထဲမှာရောက်နေတာ။ ဒါပေမယ့် အရမ်းမောက်မာပြီး ကျိုးတော်ဝင်မိသားစုကို အထင်သေးရဲတယ်ပေါ့... မင်းတို့ကိုယ်မင်းတို့ တကယ်ပဲ..."

ရှန်းမင်းမောင်မှာ အိန္ဒြေသိက္ခာရှိသည့် အသွင်အပြင်တို့ ပျောက်ဆုံးသွား၏။

ထို့နောက် ချန်ချင်းစံအိမ်မှ နတ်သမီးတစ်ပါးကဲ့သို့ လှပသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်လာပြီး ခုနကဝင်သွားသည့်လူကို လာရောက်တွေ့ဆုံ၏။

"စီနီယာအစ်ကို... ပြန်လာပြီလား.."

ပြီးနောက် သူသည် နောက်ထပ်လှပသည့် မိန်းကလေးတစ်ဦး စိတ်လှုပ်ရှားစွာဖြင့် ထိုလူဆီသို့ ပြေးလာကြောင်းကို တွေ့လိုက်ရသည်။

ထို့နောက် ခရမ်းရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု သူ၏မြင်ကွင်းရှေ့တွင် ပေါ်လာ၏။ ဤသည်မှာ ကျစ်ယွင် ဖြစ်သည်။

ချင်ဘုရင်စံအိမ်၏ မင်းသမီးကျစ်ယွင်သည် နိမ့်ကျသောဒေသမှလာသည့် အဆင့်နိမ့် မိန်းကလေးတစ်ဦးဖြစ်၏။

"ကျစ်ယွင်လား... သူမက ချင်ဘုရင်စံအိမ်ရဲ့ မင်းသမီးတစ်ပါးဆိုပေမယ့် ငါတို့ ကျိုးတော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်ကို မဆက်ခံထားဘူး။ မင်းတို့တွေ နိမ့်ကျတဲ့ဒေသကလာတဲ့ အမျိုးသမီးတစ်ယောက်ကို ချန်ချင်းစံအိမ်ကို ဝင်ခွင့်ပြုပြီး ငါ့ကိုတော့ ငြင်းဆန်ခဲ့တယ်။ ငါကကျိုးတော်ဝင်မိသားစုရဲ့ ပါရမီရှင် မင်းသားပဲ။ မင်းတို့ချန်ချင်းစံအိမ်က တကယ့်ကို မောက်မာလွန်းတယ်.."

"ဒါက ငါတို့တော်ဝင်မိသားစုအပေါ် မလေးမစားပြုတာပဲ... ငါ့ရဲ့ ခရမ်းရောင်ဘုရင် မျိုးဆက်ကို စော်ကားတာပဲ.."

ဒီအချိန်၌ ရှန်းမင်းမောင်သည် ဒေါသတို့ဖြင့် လုံးဝပြည့်နက်နေပြီး သားရဲတစ်ကောင်ကဲ့သို့ အော်၏။

ချန်ချင်းစံအိမ်အတွင်းတွင် ရွှီယန်ပြန်လာပြီးနောက် စုလင်းရှုံတို့အုပ်စုက ပျော်ရွှင်စွာဖြင့် သူ့ကို လာရောက်တွေ့ဆုံသည်။ သို့ရာတွင် စံအိမ်အပြင်ဘက်မှ ဒေါသတကြီးအော်သံတစ်ခုကို ကြားလိုက်ရ၏။

ကျစ်ယွင်က ခေါင်းမော့ကြည့်ကာ ပဟေဠိဖြစ်သွားသည်။

"သူကဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ.."

"နင်သူ့ကို သိလို့လား.."

စုလင်းရှုံက ပဟေဠိဖြစ်စွာဖြင့် မေးသည်။

"သူက သကျိုးရဲ့ ခရမ်းရောင်ဘုရင် မျိုးဆက်က မင်းသားတစ်ပါးပဲ။ ငါတို့ ချင်ဘုရင်စံအိမ်နဲ့ ဆက်ဆံရေးမကောင်းဘူး။ သူက အရမ်းမောက်မာပြီး မကြာခဏ ငါ့ရဲ့နောက်ကွယ်မှာ မကောင်းပြောတတ်တယ်။ ငါ့လိုမျိုးနိမ့်ကျတဲ့ဒေသက လူတွေက ကျိုးတော်ဝင်မိသားစုနဲ့ မထိုက်တန်ဘူးဆိုပြီးတော့လည်း ပြောလေ့ရှိတယ်။ အဲ့ဒါက ကျိုးနိုင်ငံကို သိက္ခာကျစေကို ချင်ဘုရင်က အားလုံးကိုနိမ့်ကျအောင်လုပ်နေတယ်... အစရှိသဖြင့် ပုတ်ခတ်လေ့ရှိတယ်.."

ကျစ်ယွင်၏မျက်နှာက မကျေနပ်ဘူးလို့ဖြင့် ပြည့်နက်နေ၏။

"ငါသိပြီ... သူ့ကိုစိတ်ထဲမထားနဲ့... အဲ့ဒီ့မှာ သူ့ဘာသာ အော်နေပလေ့စေ.."

စုလင်းရှုံမှာ နောက်ဆုံးတွင် နားလည်သွား၏။ ကျိုးယင်ကို ပြန်ခေါ်ကာ အခင်းအကျင်းကို တစ်ခါတည်းအသက်သွင်းလိုက်သည်။

ထို့နောက် သူမသည် သူငယ်ချင်းများနှင့်အတူ တွေ့ဆုံစကားပြောပွဲကို သွားရောက်လုပ်ဆောင်၏။ အသံလှိုင်းကိုပင် ပိတ်ဆို့ခဲ့လေသည်။

"ဘုန်း.."

ရှန်းမင်းမောင်မှာ ဒေါသတို့ဖြင့် ပြည့်နက်နေပြီး သူ၏ အစောင့်များနှင့်အတူ ချန်ချင်းစံအိမ်၏ မိုးပျံသင်္ဘောကို တိုက်ခိုက်မှုပြု၏။

စုလင်းရှုံက ဂရုစိုက်ခြင်းမရှိပေ။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ ချန်ချင်းစံအိမ်၏ မိုးပျံသင်္ဘောကို တစ်ယောက်ယောက်က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တာမဟုတ်ပါ။

အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် အရင်ကစမ်းကြည့်ခဲ့ဘူး၏။ ရှန်းမင်းမောင်က တိုက်ခိုက်မှုပြုလိုက်သည်နှင့် သင်္ဘော၏ အကာအကွယ်အခင်းအကျင်းက အသက်ဝင်လာခဲ့သည်။ ခရမ်းရောင်မိုးကြိုးလှိုင်းများက သူတို့ဆီသို့ ပြေးဝင်သွား၏။

"မကောင်းတော့ဘူး.."

ရှန်းမင်းမောင်၏ အစောင့်တစ်ယောက်မှာ ထိတ်လန့်သွားပြီး ရှေ့သို့တက်ရင်းက ပြောသည်။

"အရှင်မင်းသား...ဆုတ်.."

"ဘုန်း.."

သူသည် ခွန်အားအပြည့်ကိုအသုံးပြုပြီး ခရမ်းရောင်မိုးကြိုးကို ကာလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် အနက်ရောင်မီးခိုးတို့ စတင်ထွက်ပေါ်လာ၏။

ရှန်းမင်းမောင်၏မျက်နှာက ကြီးစွာပြောင်းလဲသွားသည်။ သူသည် နောက်သို့အရူးအမူး ဆုတ်ခွာရင်းကအော်၏။

"ချန်ချင်းစံအိမ်က တကယ့်ကိုရဲတင်းတာပဲ... ငါတို့ကျိုးနိုင်ငံကို ထိပါးရဲတယ်.."

"ဘုန်း.."

နောက်ထပ် မိုးကြိုးတစ်ခု သူတို့ဆီသို့ ပေါက်ကွဲထွက်လာခဲ့၏။ အစောင့်ကအော်လိုက်ပြီးနောက် ခွန်အားအားလုံးကို အသုံးပြုကာ တန်ပြန်တိုက်ခိုက်သည်။ သို့ပေမယ့် သူသည် မိုးကြိုးဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရဆဲရှိ၏။

ကြယ်ငယ်ကန်တစ်ခုလုံးသည် တုန်ခါနေပြီး သိုင်းသမားအားလုံးတို့ကို ထိတ်လန့်သွားစေသည်။ ချန်ချင်းစံအိမ်သည် ခရမ်းရောင်ဘုရင်မျိုးဆက်၏ မင်းသားတစ်ပါးကို တိုက်ခိုက်ရဲသည်လား။ ဤသည်မှာ ကျိုးနိုင်ငံ၏ တော်ဝင်မိသားစုကို ထိပါးခြင်းဖြစ်သည်။

အထူးသဖြင့် ကျိုးနိုင်ငံ၏ မြေပေါ်တွင်ဖြစ်၏။ မည်သူက သည်းခံနိုင်မည်နည်း။

ရှန်းမင်းမောင်မှာလည်း ထိတ်လန့်နေပါသည်။ သူသည် တစ်ဖက်လူက သူ၏နောက်ခံကို လျစ်လျူရှု့ပြီး တစ်ခါတည်း သတ်ဖြတ်ရန် ကြိုးစားမည်ဟု ထင်မထားခဲ့ပေ။ အလျှင်အမြန် ထွက်ပြေးရ၏။ နောက်ကျပါက အသတ်ခံရမည်ကို ကြောက်ရွံ့နေပါသည်။

အပိုင်း ၆၁၈ - ကောင်းကင်အရှင်၊ မိုးပြာရောင်ပင်လယ်လှောင်ချိုင့်

ကြယ်ငယ်ကန်သည် ဆူညံပွတ်လော ရိုက်သွား၏။ ကျိုးတော်ဝင်မိသားစုရှိ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦးကို ချန်ချင်းစံအိမ်က သတ်ဖြတ်ခဲ့လေသည်။

ထို့အပြင် ကျိုးမင်းဆက်၏ ပါရမီရှင်တစ်ယောက်ဖြစ်သည့် ခရမ်းရောင်ဘုရင်(ကျစ်ဝမ်)၏ မျိုးဆက်မှာလည်း တူညီသည့်ကံတရားနှင့် တွေ့ဆုံလုနီးပါး ဖြစ်သွားခဲ့သည်။ အသည်းအသန် ထွက်ပြေးခဲ့ရ၏။

ထိုသတင်းကို ကြားရပြီးနောက် ကျိုးနိုင်ငံရှိ အင်အားစုများ အားလုံးတို့သည် ကြီးစွာအံ့သြသွားကြသည်။

ဤသည်မှာ ကျိုးနိုင်ငံ၏ တော်ဝင်မိသားစုကို စိန်ခေါ်မှုတစ်ခု ဖြစ်၏။ ချန်ချင်းစံအိမ်သည် အမှန်တကယ်ကို ရဲတင်းလွန်းလှသည်။ သူတို့သည် ကျိုးတော်ဝင်မိသားစု၏ လက်တုံ့ပြန်မှုကို ခံနိုင်ရည်ရှိမည်ဟု လုံးဝယုံကြည်ချက်ရှိနေသည်လား။

အစက ချန်ချင်းစံအိမ်သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည့် သို့မဟုတ် ဆေးကုသရန် ပြင်ဆင်နေသည့် သိုင်းသမားများသည် ချက်ချင်းပင် ထိတ်လန့်သွားကြပြီး ဆက်လက်သွားရောက်ရဲခြင်း မရှိတော့ပေ။

အားလုံးတို့သည် အခြေအနေ၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာမှုကို အနီးကပ်စောင့်ကြည့်နေကြ၏။ သို့ပေမယ့် ထိုဆူညံမှု အားလုံးတို့ကို စုလင်းရှုံအပါအဝင် ရွှီယန် မုန့်ချုံတို့ အားလုံးသည် လုံးဝလျစ်လျူရှု့ထား၏။

ဘာပဲဖြစ်ဖြစ် ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်ထားသည့် လူတစ်ဦးသေဆုံးရုံသာ ရှိသည်။

ထိုကဲ့သို့သော ခွန်အားအဆင့်နှင့် သိုင်းသမားမျိုးကို မသတ်ဖြတ်ဖူးတာ မဟုတ်ပေ။

ကျစ်ယွင်က စိုးရိမ်စွာဖြင့် ပြောသည်။

"ကျိုးတော်ဝင်မိသားစုက အမှန်တကယ်ကို စွမ်းအားကြီးတယ်... ပြဿနာတစ်ခုခုများ ပေါ်လာလောက်မလား.."

သို့ပေမယ့် သူမသည် အနည်းငယ်စိုးရိမ်မိပေမယ့် မည်သည့်အန္တရာယ်ရှိမည်ဟုတော့ ခံစားရခြင်းမရှိပေ။ အဲ့ဒီ့အစား ပြဿနာအချို့ ပေါ်လာမည်ဟုသာ တွေးမိ၏။

"ဒါက ကိစ္စသေးလေးပါ... သူက အရင်တိုက်ခိုက်ခဲ့တာ...ငါတို့ကပြန်ပြီးတော့ မတိုက်ခိုက်ရဘူးလား.."

စုလင်းရှုံက အသာပြောသည်။

"အမှန်ပဲ... ကျိုးတော်ဝင်မိသားစုက အရှုံးကို လက်မခံနိုင်ဘူးဆိုရင် ငါသူတို့ရဲ့ တော်ဝင်ထနန်းတော်ရှေ့ကိုသွားပြီးတော့ တံခါးပိတ်စိန်ခေါ်မယ်... အညံ့ခံတဲ့အထိ တိုက်ခိုက်မယ်.."

ရွှီယန်က သဘောတူစွာ ခေါင်းငြိမ့်သည်။ ကျစ်ယွင်မှာ အံ့သြသွား၏။ ရွှီယန်၏ သိုင်းတစ်ထောင်ခန်းမ၏ တံခါးဝတွင် ပိတ်ဆို့ခဲ့သည့်အကြောင်းကို ရုတ်တရက် အမှတ်ရလိုက်သည်။

ယခုအချိန်၌ နှစ်အနည်းငယ်ကြာပြီးဖြစ်ရာ သူ၏ခွန်အားသည် ရှင်းလင်းစွာပင် ပိုမိုကာပင် အံ့သြစရာကောင်းလာမည် ဖြစ်၏။

ချန်ချင်းစံအိမ်သည် တက်ကြွလှုပ်ရှားနေပြီး ရွှီယန်က သချွမ်၌ သူ၏အတွေ့အကြုံများကို ပြန်ပြောင်းပြောပြသည်။ သိုင်းတစ်ထောင်ခန်းမမှ အကြီးအကဲကို သတ်ဖြတ်ခဲ့ပုံတို့ အပါအဝင်ဖြစ်၏။ သူသည် သိုင်းတစ်ထောင်ခန်းမဆီမှ အကြွင်းမဲ့ရေခဲဆေဘာနှင့် နောက်ထပ်ဒီဗိုင်းကိရိယာတစ်ခုတို့ကို ထုတ်လိုက်သည်။ မုန့်ချုံကို ပေး၏။

"ဂျူနီယာညီ... ဒီဆေဘာကို သင့်တော်တယ်လို့ မင်းထင်လား.."

မုန့်ချုံက အလေးချိန်ကို ချိန်ဆပြီးနောက်ပြော၏။

"ဆေဘာက ကြည့်ရတာ တော်တော်လေးလှတယ်။ ဒါပေမယ့် ဂျူနီယာညီလေး ထုလုပ်ပေးထားတဲ့ဟာကိုပဲ ပိုပြီးတော့သဘောကျတယ်။ ဒါပေမယ့် ဒါတွေကိုလည်း အသုံးပြုလို့ရသေးတယ်။ ကျွန်တော် ဆေဘာအခင်းအကျင်းတစ်ခုကို လေ့လာပြီးတော့ ပြုလုပ်ဖို့စဉ်းစားထားတယ်.."

ရွှီယန်၏ ဓားအခင်းအကျင်းအကြောင်းကို ကြားရပြီးနောက် မုန့်ချုံလည်းပဲ သူ၏ကိုယ်ပိုင် ဆေဘာအခင်းအကျင်းကို ဖန်တီးရန် စိတ်ဝင်စားလာခဲ့၏။

ချန်ချင်းစံအိမ်မှာ ပြောစကားများစွာဖြင့် ဝိုင်းဖွဲ့ကာ စားသောက်နေကြသည်။ ထိုအချိန်၌ သိုင်းတစ်ထောင်ခန်းမတောင်၏ထိပ်တွင် သိုင်းတစ်ထောင်အရှင်သခင်နှင့် အခြားအကြီးအကဲများမှာ ညှို့မှိုင်းစွာရှိနေ၏။

ရွှီယန်သည် အတွင်းဘက်နယ်မြေမှ လာခဲ့သည်လား။ မုန့်ချုံလည်းပဲ အတွင်းဘက်နယ်မြေကလေလား။ ဆိုလိုသည်မှာ ရွှီယန်နှင့် မုန့်ချုံတို့၏နောက်တွင် သွေးနတ်ဆိုးရှိနေသည်လား။

သွေးနတ်ဆိုး၏ ကပ်ဘေးသည် စိတ်ဝိဉာဉ်ဂိုဏ်းများအတွက် ဆူးချွန်တစ်ခုကဲ့သို့ရှိ၏။ သူသည်သုံးကြိမ်တိုင်အောင် ကျရှုံးကာ သုံးကြိမ်တိုင်အောင် မြင့်တက်ခဲ့သည်။

သတ်ဖြတ်၍ မရနိုင်သကဲ့သို့ရှိ၏။ သွေးနတ်ဆိုးသာ အမှန်တကယ် ပြန်လာပါက ပိုမိုကာပင် ကြောက်စရာကောင်းလာမှာ အသေအချာဖြစ်သည်။

ယခုအချိန်၌ ကိုယ့်ကိုယ်ကိုယ်မည်ကဲ့သို့ ဖုံးကွယ်နေရမည်အား သိရှိပြီးဖြစ်ကာ လှုပ်ရှားမှုမပြုခင်တွင် ကောင်းမွန်စီမံပြီး မကောင်းဆိုးဝါးဆန်သည့် တပည့်များကို ပျိုးထောင်ခဲ့လေသည်။

"အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေ စုစည်းသင့်တယ်... လိင်ယွင်တောင်စံအိမ်၊ ယွီလင့်စံအိမ်၊ ထိုက်မြှောင်ဂိုဏ်းနဲ့ ကျိုးနိုင်ငံရဲ့ ရှန်းမိသားစုကို အရေးကြီးကိစ္စ ဆွေးနွေးဖို့ရှိတယ်လို့ အကြောင်းကြားလိုက်.."

သိုင်းတစ်ထောင်အရှင်သခင်က အေးစက်နေသည့် မျက်နှာဖြင့်ပြောသည်။

"ဟုတ်ကဲ့ပါ.."

ဆေဘာသခင်အကြီးအကဲဆီမှ မည်သည့်သတင်းအချက်အလက်မှမရတာ အချိန်အချို့ကြာပြီးပါပြီ။ သူသည် အနည်းငယ် မသက်မသာခံစားနေရ၏။

ဖြစ်နိုင်သည်မှာ တစ်ခုခု ဖြစ်ပွားခဲ့သည်လား။

ရွှီယန်သည် သူ့ကိုသတ်လိုက်လေပြီလား။ သို့မဟုတ် ရွှီယန်၏နောက်ကွယ်ရှိ တစ်ယောက်ယောက်က သူ့ကိုသတ်လိုက်သည်လား။

ဆေဘာသခင်အကြီးအကဲသာ ကျဆုံးသွားပါက သိုင်းတစ်ထောင်အရှင်သခင်အနေနှင့် ရွှီယန်၏ နောက်ကွယ်မှလူများ၏ လက်ချက်ဟုသာ ဖြစ်မည်ဟု တွေးမိလိုက်သည်။

ရွှီယန်မှာမူ နှစ်အနည်းငယ်အတွင်းတွင် ဆေဘာသခင်အကြီးအကဲကို သတ်ဖြတ်နိုင်မည့် စွမ်းအားတို့အား ပိုင်ဆိုင်လာမည်မှာ ဖြစ်နိုင်ခြေမရှိပေ။

လင်းနယ်မြေရှိ နေရာတစ်ခုတွင် တိမ်များ၏အထက်၌ သိုင်းတစ်ထောင်အရှင်သခင်သည် သူနှင့်အတူ လူတစ်ယောက်ကိုခေါ်လာခဲ့၏။

လိင်ယွင်တောင်စံအိမ်သခင်၊ ယွီလင့်စံအိမ်သခင်၊ ထိုက်မြှောင်ဂိုဏ်းချုပ်နှင့် ကျိုးတော်ဝင်မိသားစုမှ ကိုယ်စားလှယ် ခရမ်းရောင်ဘုရင်တို့ စုဝေးလာကြသည်။

"ငါတို့ကိုဒီကိုခေါ်လိုက်တာ ဘာကိစ္စရှိလို့လဲ.."

လိင်ယွင်တောင်စံစံအိမ်သခင်က နက်ရှိုင်းသည့်အသံဖြင့်မေး၏။

"ပါရမီရှင်များအကြားတိုက်ပွဲကိစ္စက စည်းမျဉ်းတွေအတိုင်းပဲ ဆက်သွားလိမ့်မယ်။ ငါတို့ထိုက်မြှောင်ဂိုဏ်းက အဲ့ဒီ့စည်းမျဉ်းတွေကို ချိုးဖျက်မယ့် ဘယ်ကိစ္စကိုမှ ထောက်ခံပေးမှာမဟုတ်ဘူး.."

ထိုက်မြှောက်ဂိုဏ်းချုပ်က နက်ရှိုင်းသည့်အသံဖြင့်ပြော၏။ ပါရမီရှင်များအကြားတိုက်ပွဲကိစ္စသည် ထိုက်မြှောင်ဂိုဏ်းအတွက် ရှင်းမုန့်ရုံကိုယ်တိုင်က ဆုံးဖြတ်ချက်ချပြီးဖြစ်ရာ ပြောင်းလဲရန်မဖြစ်နိုင်ပေ။

"အဲ့ကိစ္စမဟုတ်ဘူး..."

သိုင်းတစ်ထောင်အရှင်သခင်က လေးနက်စွာပြောသည်။

"ငါသွေးနတ်ဆိုးပြန်လာပြီလို့ သံသယဝင်မိတယ်.."

ထိုစကားကိုကြားလိုက်ရသည်နှင့် တည်ရှိနေကြသည့် လူအားလုံး၏မျက်နှာများက ပြောင်းလဲသွားကြသည်။

"အဲ့ကိစ္စက မင်းသေချာရဲ့လား.."

ကျစ်ဝမ်က အံ့သြစွာမေး၏။

"သွေးနတ်ဆိုး သေချာပေါက် ပြန်လာမှာမဟုတ်ဘူး...ငါ့ရဲ့ဆရာဦးလေးက သူ့ကိုသတ်ခဲ့ပြီးပြီ.."

ထိုက်မြှောင်ဂိုဏ်းချုပ်က အေးစက်စွာပြောသည်။ သိုင်းတစ်ထောင်အရှင်သခင်ကို ကြည့်၏။

"ရှင့်မှာဘာသက်သေရှိလို့လဲ.."

"အဲ့ဒီ့လူက လင်းယွီဂိတ်တံခါး နောက်ဆုံးအကြိမ်ဖွင့်လှစ်တုန်းက အတွင်းဘက်နယ်မြေကနေ ရောက်လာခဲ့တာ။ ငါတို့ရရှိတဲ့ အချက်အလက်တွေအရဆိုရင် ရွှီယန်က အတွင်းဘက်နယ်မြေကပဲ။ မုန့်ချုံကလည်း အတွင်းဘက်နယ်မြေကပဲ။ သူတို့က သိုင်းညီအစ်ကိုတွေလည်း ဖြစ်ကြတယ်.."

သိုင်းတစ်ထောင်ခန်းမသခင်က တစ်ထောင်ခန်းမသခင်က ဘုရင်ကျစ်ယွင်ကို ဆွဲယူရင်းက ပြောသည်။ ယွီလင့်စံအိမ်သခင်နှင့် ကျစ်ဝမ်တို့က ဘုရင်ကျစ်ယွင်ကိုကြည့်ပြီး နက်ရှိုင်းစွာမေးသည်။

"အမှန်ပဲလား.."

ဘုရင်ကျစ်ယွင်မှာ ကြောက်ရွံ့စွာဖြင့် ဖြူရော်သွားပြီး တုန်ခါနေ၏။ ယခုအချိန်၌ ဒီအခြေအနေအထိ ရောက်လာပြီဖြစ်ရာ ဆက်လက်ဖုံးကွယ်နိုင်ခြင်း မရှိတော့ပေ။

"ရွှီယန်က တကယ်ပဲ အတွင်းဘက်နယ်မြေက လာခဲ့တာပါ... မုန့်ချုံလည်း အတူတူပဲ။ ပြီးတော့ သူတို့က တူညီတဲ့နောက်ခံရှိတဲ့ ပါရမီရှင်တွေဖြစ်တယ်။ ဘယ်တုန်းကမှလည်း အရှုံးမရှိခဲ့ဖူးဘူး... သူတို့ရဲ့ဆရာက အရမ်းကိုလျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားတဲ့လူတစ်ယောက်ဖြစ်တယ်.."

သိုင်းတစ်ထောင်အရှင်သခင်က ပြော၏။

"အတွင်းဘက်နယ်မြေက နိမ့်ကျတဲ့နေရာတစ်ခုပဲ... ဒါကိုမင်းတို့ငါတို့ အားလုံးသိကြတယ်။ အဲ့ဒီ့ကိုထွက်ပြေးသွားတဲ့ သွေးနတ်ဆိုးကလွဲပြီး အခြား ဘယ်လိုစွမ်းအားကြီးပုဂ္ဂိုလ်မျိုး ရှိနေနိုင်ဦးမှာလဲ... ရွှီယန်ရဲ့ နောက်ခံလူက သေချာပေါက် သွေးနတ်ဆိုးဖြစ်တယ်ဆိုတာ သံသယဝင်စရာမရှိဘူး.."

ယွီလင့်စံအိမ်သခင်နှင့် ကျစ်ဝမ်တို့က အလွန်ညှို့မှိုင်းသည့် မျက်နှာများဖြင့် ခေါင်းငြိမ့်ကျသည်။ သွေးနတ်ဆိုးမှလွဲ၍ အတွင်းဘက်နယ်မြေတွင် မည်သည့်စွမ်းအားကြီးကြီးပုဂ္ဂိုလ် ပေါ်ပေါက်လာနိုင်လို့နည်း။

"မဖြစ်နိုင်ဘူး... သွေးနတ်ဆိုးက သေးဆုံးပြီးနေပြီ... ငါ့ရဲ့ဆရာအဒေါ်က သူ့ကိုသေချာပေါက် မြှုပ်နှံခဲ့တာ။ ရွှီယန်နဲ့ မုန့်ချုံတို့ အတွင်းဘက်နယ်မြေကဖြစ်တဲ့ ကိစ္စကိုတော့ ငါ့ဆရာအဒေါ် သိပြီးနေပြီ... အဲ့ကိစ္စကို စုံလည်းစုံစမ်းပြီးသွားပြီ။ သူတို့က သေချာပေါက် သွေးနတ်ဆိုးနဲ့ မသက်ဆိုင်ဘူး.."

ထိုက်မြှောင်ဂိုဏ်းချုပ်က ခေါင်းကိုရမ်းသည်။ လိင်ယွင်တောင်သခင်က ပါးစပ်ကိုဟကာ ပြော၏။

"ငါတို့ လိင်ယွင်တောင်စံအိမ်က ချန်ချင်းစံအိမ်နဲ့ အဆက်အဆံအချို့ရှိတယ်... ငါလည်း ဒန်ဆေးအိမ်မော်တယ်နဲ့ ဆေးကုသပြီး အဲ့ဒီ့လူကိုတွေ့ခဲ့ဖူးတယ်.."

"ထိုက်မြှောင်ဂိုဏ်းချုပ် ပြောတဲ့စကားကို ငါသဘောတူတယ်... သူက သွေးနတ်ဆိုးမဟုတ်ဘူး။ အဲ့ဒီ့အစား... ကောင်းကင်အရှင်တစ်ယောက်ပဲ.."

သူ၏စကားဆုံးချိန်၌ လိင်ယွင်တောင်စံအိမ်သခင်၏ အသံက တိုးညှင်းသွားခဲ့သည်။

"ကောင်းကင်အရှင်ရဲ့ ရည်ရွယ်ချက်က ငါတို့တွေသွားပြီးတော့ မေးမြန်းနိုင်တဲ့ကိစ္စ မဟုတ်ဘူး... ငါတို့ လိင်ယွင်တောင်စံအိမ်က ဒီကိစ္စမှာ ပါဝင်မှာမဟုတ်ဘူး.."

ထိုစကားကိုကြားရပြီးနောက် အခြားလူများ၏ မျက်နှာများက ပြောင်းလဲသွားကြသည်။ အံ့သြစွာအသံပြု၏။

"ဒီကိစ္စက အမှန်ပဲလား.."

"၉၀%သေချာတယ်.."

လိင်ယွင်တောင်စံစံအိမ်သခင်က လေးနက်စွာပြောသည်။

"အဲ့ဒါဆိုရင် တကယ်ပဲ သွေးနတ်ဆိုးမဟုတ်ဘူးပေါ့.."

All Chapters