← Chapters

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အပိုင်း ၆၁၉ - ကောင်းကင်အရှင်၊ မိုးပြာရောင်ပင်လယ်လှောင်ချိုင့်(၂)

သိုင်းတစ်ထောင်အရှင်သခင်၏ မျက်နှာက မယုံကြည်နိုင်စွာ ဖြစ်သွားသည်။

"ဒီဗိုင်းတံတားရဲ့ ဖွင့်လှစ်မှုက အချိန်နီးကပ်နေပြီ... တကယ်ပဲ ကောင်းကင်အရှင်တစ်ယောက်ဆိုရင် ငါတို့အားလုံး သတိကြီးကြီးထားသင့်တယ်။ ကောင်းကင်အရှင်တစ်ယောက်ရဲ့ အမျက်ဒေါသကို ဘယ်သူမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး.."

ထိုက်မြှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်က နောက်သို့လှည့်ကာ ထွက်ခွာသွား၏။

"သွေးနတ်ဆိုးက သေသွားပြီဆိုတာ သံသယဝင်စရာမရှိဘူး... ကောင်းကင်အရှင်ကတော့... သတိနဲ့ဆက်ဆံတာကောင်းလိမ့်မယ်.."

ကျစ်ဝမ်က ခဏတာတုံ့ဆိုင်းနေပြီနောက် ပြော၏။ ထို့နောက် သူလည်းပဲ ထွက်ခွာသွားသည်။ ဤသည်မှာ စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှု့ကာ အတွင်းဘက်နယ်မြေနှင့် လင်းနယ်မြေတို့တွင် လှည့်လည်သွားလာနိုင်သည့် ကောင်းကင်အရှင်တစ်ပါးသာ ဖြစ်ပါက ထိုကောင်းကင်အရှင်၏ စွမ်းအားနှင့် နောက်ခံတို့သည် သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။

"ဒီကိစ္စကို ဆက်ပြီးတော့ မဆွေးနွေးတော့ဘူး.."

ယွီလင့်စံအိမ်သခင်ကလည်း နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ သိုင်းတစ်ထောင်အရှင်သခင်၏ မျက်နှာက အရောင်အမျိုးမျိုး ပြောင်းလဲနေသည်။

သူသည် လက်မလျှော့ချင်ပေမယ့် ဧကရာဇ်ကျစ်ယွင်ကိုသာ သယ်ဆောင်ပြီး ဆုတ်ခွာခဲ့ရ၏။ လမ်းတစ်ဝက်တွင် ကျစ်ယွင်ကို အသာပစ်ချကာ သိုင်းတစ်ထောင်ခန်းမဆီသို့ မဲမှောင်သည့် မျက်နှာဖြင့်ပြန်ခဲ့သည်။

သို့ရာတွင် တစ်ဝက်တစ်ပြက်၌ ရပ်တန့်သွားပြီး နောက်သို့ ခေါင်းလှည့်ကြည့်သည်။ ကျစ်ယွင်၏ ကြောက်ရွံ့နေသည့် အကြည့်များအောက်တွင် လက်ကိုဝှေ့ရမ်းကာ လုံးဝ သုတ်သင်ပစ်လိုက်သည်။

မည်သည့်အကြွင်းအကျန်မှ ကျန်ရစ်ခြင်း မရှိပေ။ ဧကရာဇ်ကျစ်ယွင်ကို သတ်ဖြတ်ပြီးနောက် သိုင်းတစ်ထောင်ခန်းမ အရှင်သခင်သည် သူ၏ဂိုဏ်းဆီသို့ ပြန်လာခဲ့၏။ အကြီးအကဲများက သူ့ကို ဝိုင်းဝန်းကာမေးသည်။

"ဒီကိစ္စက သွေးနတ်ဆိုးနဲ့ ဘာ့မှမဆိုင်ဘူး... အဲ့ဒီ့အစား..."

သိုင်းတစ်ထောင်အရှင်သခင်က တစ်ဖက်လူသည် ကောင်းကင်အရှင်ဖြစ်နိုင်သည် ဖြစ်ကြောင်းကို ပြောပြ၏။ ဤသည်က အကြီးအကဲများကို အံ့သြသွားစေသည်။

"ကောင်းကင်အရှင်... သူသာတကယ်ပဲ ကောင်းကင်အရှင်တစ်ယောက်ဆိုရင် အတွင်းဘက်နယ်မြေကို ဘာသွားလုပ်တာလဲ... ပြီးတော့ ရွှီယန်ကလည်း အတွင်းဘက်နယ်မြေကပဲ... သူ့မှာ အဲ့ဒီ့နေရာနဲ့ အဆက်အသွယ်တစ်ခုခု ရှိနေတာလား။ ကျွန်တော်တို့တွေ..."

အကြီးအကဲတစ်ယောက်က ကောက်ကျစ်သည့်လေသံဖြင့်ပြော၏။

"... ဟုတ်တယ်... ငါလည်း အဲ့ဒါကိုပဲ စဉ်းစားနေတာ.."

သိုင်းတစ်ထောင်အရှင်သခင်က ခေါင်းငြိမ့်သည်။

"ဒီကိစ္စကို ဘယ်သူမှ ပေါက်ကြားလို့မဖြစ်ဘူး... မင်းတို့နှစ်ယောက် လင်းယွီဂိတ်တံခါးကို တိတ်တဆိတ်ဖွင့်လှစ်ပြီး အတွင်းဘက်နယ်မြေကိုဝင်ကြ.."

သူသည် အကြီးအကဲနှစ်ယောက်တို့အား တာဝန်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ ခန်းမအရှင်.."

အကြီးအကဲ နှစ်ယောက်က ခေါင်းငြိမ့်သည်။

"ထန်းကျင်းယန်နဲ့ ပတ်သက်ပြီးရော ဘယ်လိုလုပ်ကြမလဲ.."

အကြီးအကဲတစ်ယောက်က နက်ရှိုင်းသည့်အသံဖြင့်မေးသည်။

"သူမကိုသတ်လိုက်.."

တစ်ယောက်က ဖြေ၏။

"သူမကို ထားထားလိုက်ဦး... အသုံးဝင်လောက်သေးတယ်.."

သိုင်းတစ်ထောင်အရှင်သခင်က ခဏတာတုံ့ဆိုင်းနေပြီးနောက်ပြော၏။ ထို့နောက် သူသည် အတွင်းဘက်နယ်မြေသို့ စေလွှတ်လိုက်သည့် အကြီးအကဲနှစ်ယောက်တို့ကို ညွှန်ကြားကာပြောသည်။

"မှတ်ထားကြ... မင်းတို့ အဲ့ဒီ့ကိုသွားတာ တိုက်ခိုက်သတ်ဖြတ်ဖို့မဟုတ်ဘူး... ငါတို့က သူ့ရဲ့အားနည်းချက်ကို သွားရှာရုံပဲ။ အားနည်းချက်ကိုတွေ့ပြီးတာနဲ့ တစ်နေ့မှာအသုံးဝင်လာလိမ့်မယ်.."

"ငါတို့မှာသာ ရွှီယန်ရဲ့ အားနည်းချက် ရှိမယ်ဆိုရင် သူ့ဘာသာ ဘယ်လောက်ပဲ မကောင်းဆိုးဝါးဆန်ဆန်.. ဘယ်လောက်ပဲ သန်မာလာလာ ငါတို့အတွက် ပိုကောင်းပါတာပဲ ရှိမယ်.."

အကြီးအကဲနှစ်ယောက်က ပြုံးသည်။

"ခန်းမအရှင်ရဲ့ စကားတွေက တကယ့်ကို မှန်ကန်ပါတယ်.."

ထို့နောက် သိုင်းတစ်ထောင်ခန်းမ အရှင်သခင်သည် ထန်းကျင်းယန်နှင့် သူမ၏ နောက်လိုက်တို့ကို ဆင့်ခေါ်လိုက်၏။

သူမတို့ ခန်းမအတွင်းသို့ ဝင်ရောက်လာသည်နှင့် သိုင်းတစ်ထောင်အရှင်သခင်က လက်ကိုဝှေ့ရမ်းလိုက်သည်။ ထန်းကျင်းယန်၏ အစေခံမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး အစအနပဲ မကျန်ရစ်တော့ပေ။

ထန်းကျင်းယန်၏ မျက်နှာက ချက်ချင်းပင် စက္ကူရွက်တစ်ရွက်ကဲ့သို့ ဖြူရော်သွား၏။ သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုတို့ ပြည့်နက်နေပြီး မြေပြင်ပေါ်သို့ အမြန်ဒူးထောက်သည်။

"စိတ်ချပါ... ငါနင့်ကို မသတ်ဘူး.."

သိုင်းတစ်ထောင်အရှင်သခင်က တည်ငြိမ်စွာ ပြောသည်။

"ဒီကကိစ္စတွေကို ဘယ်သူ့ကိုမှ စကားတစ်ခွန်းမှ ပေါက်ကြားလို့မရဘူး... တကယ်လို့ ပေါက်ကြားမယ်ဆိုရင် နင်နဲ့ရွှေရှင်းနန်းတော်နှစ်ခုလုံး ပြာအဖြစ် ပြောင်းလဲသွားရလိမ့်မယ်.."

"ဟုတ်ကဲ့ပါ.. ဟုတ်ကဲ့ပါ.."

ထန်းကျင်းယန်က အရူးအမူး ခေါင်းငြိမ့်သည်။

"ဒါဆိုကောင်းပြီ... ရွှေရှင်းနန်းတော်က သိုင်းတစ်ထောင်ခန်းမရဲ့ လက်အောက်ကို ခိုလှုံရမယ်... ပြန်ပြီးတော့ ငါ့ရဲ့အမိန့်ကိုစောင့်နေ.."

သိုင်းတစ်ထောင်အရှင်သခင်က တစ်ထောင်အရှင်သခင်က လက်ကိုဝှေ့ရမ်းစွာ ပြောသည်။

"ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ် ခန်းမအရှင်.."

ထန်းကျင်းယန်မှာ ဝမ်းသာသွား၏။ နောက်ခံအဖြစ် သိုင်းတစ်ထောင်ခန်းမရှိနေရာ ရွှေရှင်းနန်းတော်ကို မည်သူက ထိပါးရဲတော့မည်နည်း။

ချန်ချင်းစံအိမ်မှ စုလင်းရှုံ၏ ကိစ္စအတွက်တော့ သူမအနေနှင့် မေးမြန်းခြင်း မရှိပေ။ သိုင်းတစ်ထောင်အရှင်သခင်၏ သဘောထားကို ကြည့်ရသည်မှာ ထိုကိစ္စသည် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ လျှို့ဝှက်ချက်နှင့် ပါဝင်ပတ်သက်နေတာ သေချာ၏။

ကျိုးနိုင်ငံ၏ အင်ပါရီယာမြို့တော်တွင် ကျစ်ဝမ်က ဒီခရီးစဉ်၏ အရေးကိစ္စများကို ဧကရာဇ်အား တင်ပြသည်။ သူသည် နန်းတော်ဆီသို့ ပြန်ရောက်ပြီးနောက် ရှန်းမင်းမောင်၏ သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့သည့်အကြောင်းကို ချက်ချင်းပင် ကြားသိလိုက်ရသည်။

အစောင့်များဆိုလျှင် နေရာမှာတင် သေဆုံးခဲ့ရ၏။ ရှန်းမင်းမောင်မှာ ဆိုးရွားသည့်အခြေအနေဖြင့် ထွက်ပြေးခဲ့ရသည်။

"အဖေ... သူတို့က ကျွန်တော်တို့ ကျိုးနိုင်ငံတော်ဝင်မိသားစုကို ရန်စနေတာပဲ... ဒါက ကျွန်တော်တို့ ကျစ်ဝမ်မျိုးဆက်ကို ထိပါးတာပဲ... ကျိုးနိုင်ငံရဲ့ စွမ်းအားကိုသုံးပြီး တစ်ခါတည်း တိုက်ခိုက်သုတ်သင်ပြစ်လိုက်မလား.."

ရှန်းမင်းမောင်၏ မျက်လုံးများက နီရဲနေပြီး မကျေနပ်စွာဖြင့် ပြော၏။

"ဘယ်သူတွေ မို့လို့လဲ.."

ကျစ်ဝမ်က နက်ရှိုင်းသည့်အသံဖြင့် မေးသည်။

"ချန်ချင်းစံအိမ်ပဲ.."

ရှန်းမင်းမောင်က အံကိုကြိတ်၏။

"ကောင်းတယ် ကောင်းတယ်... ချန်ချင်းစံအိမ်က ငါတို့ကို... ဘာ... မင်းပြောလိုက်တာ ချန်ချင်းစံအိမ်လား.."

ခရမ်းရောင်ဘုရင်မှာ ဒေါသတကြီးဖြင့် အမိန့်ပေးတော့မည့်အချိန်၌ ရုတ်တရက် ထိတ်လန့်သွားပြီး နက်ရှိုင်းသည့်အသံဖြင့် မေးသည်။

"ဟုတ်ပါတယ် အဖေ.."

ရှန်းမင်းမောင်က ခေါင်းငြိမ့်၏။

ခရမ်းရောင်ဘုရင်မှာ တိတ်ဆိတ်သွားသည်။ ချန်ချင်းစံအိမ်၏ နောက်ကွယ်တွင် ရှိနေသည်မှာ ကောင်းကင်အရှင်တစ်ပါး ဖြစ်ပုံပေါ်၏။ ဤသည်မှာ သူဆုံးဖြတ်နိုင်သည့်အရာ မဟုတ်တော့ပေ။

"ချန်ချင်းစံအိမ်နဲ့ ပတ်သက်တဲ့ကိစ္စကို ဧကရာဇ်ကပဲ အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်... ဒီကိစ္စက ငါတို့ခရမ်းရောင်ဘုရင်မျိုးဆက်က ဝင်ပါလို့ရတဲ့အရာ မဟုတ်ဘူး... မင်းစိတ်လိုက်မာန်ပါ မလုပ်နဲ့။ မဟုတ်ရင် ငါတို့ မျိုးဆက်တစ်ခုလုံး အန္တရာယ်ကျရောက်လိမ့်မယ်.."

ဘာပဲဖြစ်ဖြစ် ဤသည်မှာ ကောင်းကင်အရှင်တစ်ပါးနှင့် သက်ဆိုင်နေသည့် ကိစ္စရပ်ဖြစ်၏။ သူဆုံးဖြတ်ချက်ချနိုင်သည့် အမိန့်အာဏာအောက်တွင် မရှိပေ။ ထို့ကြောင့် လေးနက်သောမျက်နှာဖြင့် ရှန်းမင်းမောင်ကို ပြော၏။

"အဖေ... ဖြစ်နိုင်တာက..."

ရှန်းမင်းမောင်မှာ အံ့သြသွားသည်။ ချန်ချင်းစံအိမ်၏ နောက်ခံသည် ယခုမျှနက်ရှိုင်းလှသည်လား။ သူသည် ကြီးမားသည့် ပြဿနာအတွင်းသို့ ကျရောက်ခဲ့သည်လား။

"လုံလောက်ပြီ... ဒီကိစ္စကို ဧကရာဇ်ဆီ ငါတင်ပြလိုက်မယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုစောင့်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို နားစွင့်နေ..."

နောက်ဆုံးတွင် ခရမ်းရောင်ဧကရာဇ်က သူ၏သားကို ညှို့မှိုင်းစွာကြည့်ရင်းက ပြော၏။

"လိုအပ်မယ်ဆိုရင် တောင်းပန်မှုတောင် ပြုကောင်းပြုရလိမ့်မယ်.."

ရှန်းမင်းမောင်၏ မျက်နှာက ကြီးစွာ ပြောင်းလဲသွား၏။

ရှန်းမင်းမောင်ကို ခရမ်းရောင်ဘုရင်စံအိမ်မှ ထွက်ခွာမှုမပြုရန် သတိပေးပြီးနောက် ခရမ်းရောင်ဘုရင်သည် အင်ပါရီယာနန်းတော်ဆီသို့ သွားရောက်ကာ ဧကရာဇ်ကို အခြေအနေအား သတင်းပို့သည်။

ကျိုးနိုင်ငံ၏ လက်တုံ့ပြန်မှုဟူသည် ရောက်ရှိလာခြင်း မရှိပေ။ ကြည့်ရသည်မှာ ကျိုးနိုင်ငံ၏ တော်ဝင်မိသားစုသည် ချန်ချင်းစံအိမ်၌ သေဆုံးသွားခဲ့သည့် အဆင့်လွန်ပုဂ္ဂိုလ်တစ်ဦး၏ကိစ္စကို လုံးဝ သတိမထားမိဟန်ပင် ရသည်။

ခရမ်းရောင်ဘုရင် ကိုယ်တိုင်ပင်လျှင် တိတ်ဆိတ်စွာ ရှိနေ၏။ ဤသည်က ကျိုးနိုင်ငံရှိ အဖွဲ့အစည်းများနှင့် သိုင်းသမားများစွာတို့ အကြားတွင် တင်းကြပ်သည့် လေထုကို ဖြစ်ပေါ်လာစေခဲ့သည်။

ချန်ချင်းစံအိမ်၏ နောက်ခံသည် ရိုးရှင်းခြင်း မရှိပေ။ ကျိုးနိုင်ငံ၏ တော်ဝင်မိသားစုပင်လျှင် မိမိ၏ လက်အောက်ငယ်သားတို့ သေဆုံးမှုအတွက် တန်ပြန်တိုက်ခိုက်ခဲ့ခြင်း မရှိပါ။

"ငါမင်းကို ပြောသားပဲ... ဒန်ဆေးအင်မော်တယ်ရဲ့ ဆေးပညာက အရမ်းကိုအံ့သြဖို့ကောင်းပြီး လူတိုင်းကမက်မောနေကြတာ။ စိတ်ဝိဉာဉ်ဂိုဏ်းတွေထဲမှာ ဘယ်သူက မလိုချင်တာရှိလို့လဲ... ဒီချန်ချင်းစံအိမ်က သာမန်မဟုတ်လို့သာ.."

"မင်းပြောတာမှန်တယ်... လင်းနယ်မြေက အခြားအဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေက ဒီအတိုင်းနေရင်တောင် နာမည်ကျော်ကြားတဲ့ သိုင်းတစ်ထောင်ခန်းမကတော့ သေချာပေါက် ဒီအခွင့်အရေးကို အလုအယက် ပြေးယူကြမှာပဲ... သူတို့တွေ လှုပ်ရှားမှုပြုပြီးတာ ကြာပြီးဖြစ်လိမ့်မယ်။ ဒါပေမယ့် ချန်ချင်းစံအိမ်ကတော့ အေးအေးချမ်းချမ်းပဲ ရှိနေနိုင်တယ်။ ဒါက သူတို့မှာ ဘယ်လောက်အထိ ယုံကြည်ချက်ကြီးမားလဲဆိုတာကို ရှင်းလင်းစွာပြသခဲ့ပြီးပြီ.."

"ချန်ချင်းစံအိမ်ကြီး တစ်ခုလုံးကိုက ဒီဗိုင်းကိရိယာတစ်ခုပဲ... အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေအကြားမှာ ဒီလိုအံ့ဖွယ်ကောင်းတဲ့ ဒီဗိုင်းကိရိယာမျိုးကို ဘယ်သူကပိုင်ဆိုင်ထားလို့လဲ.."

ကျိုးနိုင်ငံရှိ သိုင်းသမားများက အချင်းချင်းဆွေးနွေးကြ၏။ အချို့အင်အားစုနှင့် သိုင်းသမားများက အခြေအနေကို စောင့်ကြည့်နေရာမှ ချန်ချင်းစံအိမ်ဆီသို့သွားရောက်ကာ ဒန်ဆေးလုံးများကို ဝယ်ယူခြင်းနှင့် ဆေးကုသမှုတို့အား ဆက်လက်လုပ်ဆောင်လာကြသည်။ ချန်ချင်းစံအိမ်သည် ထပ်မံ စည်ကားလာခဲ့ပြန်၏။

ရက်အနည်းငယ်ကြာပြီးနောက် ပြန်လည်ဆုံတွေ့ချိန်တွင် လီရွှမ်က အခွင့်အရေးကိုယူပြီး ရွှီယန်ကို ညွှန်ကြားချက်ပေးသည်။ ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်၏ ကျင့်စဉ်နှင့်ပတ်သက်ပြီး ပိုမိုအသေးစိတ်ကျကာ ရှင်းလင်းသည့် သင်ကြားမှုတို့ကို လုပ်ဆောင်ခဲ့၏။

သူသည် တာအိုသဘောတရားများ အကြောင်းကိုလည်း ပြောပြကာ နောက်ဆက်တွဲကျင့်စဉ်နှင့် သက်ဆိုင်သည့် ကိစ္စများအတွက် အခြေခံချသည်။

နောက်ဆုံးတွင် ဒီဗိုင်းစာရွက်တစ်ခုကို ကိုယ်တိုင်ပြုလုပ်ပြီး ထိုပေါ်တွင် တာအိုသဘောတရား များစွာတို့ကို ရေးဆွဲကာ ရွှီယန်ကို လေ့လာရန်ပေးလိုက်သည်။

ဤသည်မှာ တာအို၏ သဘောတရားများကို နားလည်မှုရရန် အခြေခံချပေးခြင်း ဖြစ်၏။ ဘာပဲဖြစ်ဖြစ် တာအိုသဘောတရားများသည် နက်ရှိုင်းစွာ လျှို့ဝှက်ဆန်းကြယ်သည်။

သင်္ကေတအနည်းငယ်ကို ရေးထွင်းခြင်းကပင် သေးငယ်သည့် ကိစ္စတစ်ခု မဟုတ်ပေ။ သာမန်ပစ္စည်းနှင့် အသုံးပြုလို့ မရပါ။

ထို့ကြောင့် လီရွှမ်သည် တာအိုသဘောတရား သင်္ကေတတို့ကို မပျက်စီးပဲ ရေးဆွဲနိုင်စေ၏။ ဒီဗိုင်းစာရွက်အား ကိုယ်တိုင်ဖန်တီးခဲ့၏။

"မူလဒီဗိုင်းအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကိုရောက်ဖို့ ခြေလှမ်းတစ်ဝက်ပဲလိုတော့တယ်... အခြေခံကိုစုစည်းပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ချိုးဖျက်ရမယ်။ အကိုရှဲ့က ယွင်ထန်းမိုးပြာရောင်ပင်လယ်မြို့ကို သွားတာတဲ့။ ငါသူ့ကို ကျင့်စဉ်တွေ သွားပို့ရဦးမယ်.."

ရွှီယန်က သူ၏ နောက်ထပ်ပန်းတိုင်ကို စဉ်းစားသည်။

"ပြောကြတာက... မိုးပြာရောင်ပင်လယ်မှာ ဒီဗိုင်းပစ္စည်းတွေ အများကြီးရှိတယ်တဲ့။ ငါသာရှာဖွေနိုင်မယ်ဆိုရင် အခြေခံကို စုစည်းတာက အများကြီးပိုပြီး ရိုးရှင်းသွားမှာ... ပြီးရင် ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲရဲ့ နောက်ဆုံးတိုက်ပွဲမတိုင်ခင် ပြန်လာရမယ်.."

ဒီပြန်လာမှုအပြီးတွင် ရွှီယန်သည် အကြာကြီးနေမည်မဟုတ်သည်ကို လီရွှမ်သိ၏။ လင်းနယ်မြေတွင် နှစ်ပေါင်းများစွာ လှည့်လည်ခဲ့ပြီး သိုင်းပညာတွင် လျှင်မြန်စွာ မြင့်တက်မှုတို့ ဖြစ်ပွားခဲ့ပြီးနောက် ရွှီယန်သည် နေရာတနေရာတည်းတွင် အထိုင်ချကာ ဆက်လက်ကျင့်ကြံလိုမည် မဟုတ်လောက်ပါ။

လင်းနယ်မြေတွင် ဒေသ၁၈ခုတို့ ရှိ၏။ ရွှီယန်အနေနှင့် ခြေချခြင်းမပြုရသေးသည့် ဒေသများစွာ ရှိသေးပေမယ့် သူသည် မိုးပြာရောင်ပင်လယ်သို့သာ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအတွက် သူ့တွင် ရည်ရွယ်ချက်နှစ်ခု ရှိ၏။ တစ်ခုမှာ ရှဲ့လင်ဖုန်းကို ရှာဖွေပြီး ဒီဗိုင်းဆန္ဒအဆင့်၏ အထက်ရှိ အဆင့်များ၏ ကျင့်စဉ်တို့ကို လွှဲပြောင်းပေးရန် ဖြစ်သည်။

နောက်တစ်ခုမှာ မိုးပြာရောင်ပင်လယ်မှ ဒီဗိုင်းပစ္စည်းတို့ကိုရှာဖွေပြီး သူ၏အခြေခံကို ပျိုးထောင်ကာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်မည်ဖြစ်သည်။

"ချိုင်လင်းအာက မိုးပြာရောင်ပင်လယ်ကပဲ... သူမကို မေးချင်တာရှိရင် သွားမေးလို့ရတယ်.."

လီရွှမ်က ခေါင်းငြိမ့်ကာ ပြောသည်။ ချိုင်လင်းအာမှာ ယခုအချိန်၌ အသုံးဝင်လာခဲ့၏။ သူမသည် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်မှဖြစ်ပြီး သူမ၏ ခွန်အားအဆင့်နှင့် မျိုးနွယ်အတွင်းတွင် မြင့်မားသည့်ရာထူးအား ပိုင်ဆိုင်ထားမှာ သေချာပါသည်။

"ဆရာ... ကျွန်တော်နားလည်ပါပြီ.."

ရွှီယန်သည် မိုးပြာရောင်ပင်လယ်ဆီသို့ ထွက်ခွာရန် အလွန် စိတ်အားထက်သန်နေ၏။ ထို့ကြောင့် ချိုင်လင်းအာဆီသို့ ချက်ချင်းပင် သွားရောက်ကာ မိုးပြာရောင်ပင်လယ်အကြောင်းကို မေးမြန်းသည်။

"မိုးပြာရောင်ပင်လယ်က အရမ်းကျယ်ပြောတယ်... ကျွန်းတွေလည်း အများကြီးရှိတယ်... လက်ရှိအချိန်မှာ အဲ့ဒါကို ကျွန်မတို့ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်နဲ့ ယွင်ထန်းမြို့က ပူးပေါင်းပြီးတော့ အုပ်ချုပ်ကြတယ်။ မိုးပြာရောင်ပင်လယ်က စိတ်ဝိဉာဉ်ပစ္စည်းတွေနဲ့ ပြည့်နှက်နေတယ်။ ပြောကြတာက ဒီဗိုင်းပစ္စည်းတွေတောင် ရှိတယ်တဲ့.."

"မိုးပြာရောင်ပင်လယ်ရဲ့ နာမည်အကျော်ကြားဆုံး ဒီဗိုင်းပစ္စည်းက မိုးပြာရောင်ပင်လယ် ဒီဗိုင်းပုလဲပဲ... ပြောကြတာက အဲ့ဒါကို ယွင်ထန်းမြို့ရဲ့ မြို့သခင်က သူ့ရဲ့ခေါင်းမှာ အဆင်တန်ဆာအဖြစ် အသုံးပြုတယ်တဲ့။ အဲ့ဒီ့ ဒီဗိုင်းပုလဲမှာ ဆန်းကြယ်တဲ့ ဂုဏ်သတ္တိတွေ ပိုင်ဆိုင်ထားပြီး ဒီဗိုင်းဝိဉာဉ်ကို အားဖြည့်ပြီး သန်မာလာစေတယ်... သိုင်းပညာအပေါ် နားလည်နိုင်မှုကိုလည်း မြှင့်တင်ပေးတယ်.."

"ဒါပေမယ့် အဲ့ဒီ့ပစ္စည်းက ကျွန်မဟာ မဟုတ်တော့ ပြောစကားတွေက အမှန်လားဆိုတာကို မသေချာဘူး.."

ချိုင်လင်းအာက သူမသိရှိသည့် အရာအားလုံးတို့ကို ဝေမျှပေးသည်။ မိုးပြာရောင်ပင်လယ်နှင့် ပတ်သက်ပြီး အသေးစိတ်သည့် ရှင်းပြမှုတို့ကို ထောက်ပံ့ပေး၏။

"မိုးပြာရောင်ပင်လယ်ငရဲချိုင့်က အန္တရာယ်များတဲ့ နေရာတစ်ခုပဲ... ပြောကြတာက ဒီဗိုင်းပစ္စည်းတွေက အဲ့ဒီ့နေရာကနေ ထုတ်လွှတ်တာတဲ့။ ကျွန်မ အဲ့ဒါကို အဝေးကနေ ကြည့်ခဲ့ဖူးတယ်။ ဒါပေမယ့် အန္တရာယ်များလို့ အထဲတော့မဝင်ခဲ့ဘူး.."

"အခြားနေရာတွေမှာ ဒီဗိုင်းပစ္စည်း ရှိလားမရှိလားတော့ အသေအချာ မပြောနိုင်ဘူး။ ဒါပေမယ့် လှောင်ချိုင့်ထဲမှာတော့ ဒီဗိုင်းပစ္စည်းတွေ ရှိမယ်ဆိုတာ ၉၀%သေချာတယ်.."

"ဒါပေမယ့် အဲ့ဒီ့နေရာနဲ့ ဝေးဝေးနေဖို့အတွက် ကျွန်မအကြံပေးတယ်... အဲ့ဒါက တကယ့်ကို သေခြင်းနေရာတစ်ခုပဲ။ ကျွန်မတို့ စိတ်ဝိဉာဉ်မျိုးနွယ်တွေက ပင်လယ်ထဲမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်ပေမယ့် လှောင်ချိုင့်ထဲကိုတော့ မသွားရဲကြဘူး..."

ရွှီယန်က ခေါင်းငြိမ့်သည်။ မိုးပြာရောင်ပင်လယ်လှောင်ချိုင့်ကို မှတ်သားထားလိုက်၏။ ထိုနေရာတွင် ဒီဗိုင်းပစ္စည်းများရှိနေရန် မြင့်မားသည့် ဖြစ်နိုင်ခြေရှိသည်။

ချိုင်လင်းအာပြောသည့် အန္တရာယ်များမှာတော့ ရွှီယန်အနေနှင့် ပေါ့လျော့စွာ လျစ်လျူရှု့ထားမည် မဟုတ်ပေ။ သို့ပေမယ့် သူသည် လင်းနယ်မြေမှ အခြားသိုင်းသမားများနှင့် ခြားနား၏။ ပိုမိုထူးကဲသည့် နည်းလမ်းများရှိပါသည်။

သူ၏အစစ်အမှန်ခန္ဓာကို ဝင်ရောက်စေခြင်း မပြုဘဲ ဒီဗိုင်းခန္ဓာဖြင့် ဝင်ရောက်လို့လည်းရ၏။ အန္တရာယ်တို့ ရှိလာပါက ဒီဗိုင်းအနှစ်သာရအချို့သာ ကုန်ဆုံးပြီး မည်သည့်ကြီးမားသည့် ထိခိုက်မှုမှ ဖြစ်မည်မဟုတ်ပေ။

အပိုင်း ၆၂၀ - မဖျက်စီးနိုင်သော‌ နေကြယ်ခန္ဓာ၊ လင်းယွီဂိတ်တံခါး၏ ပျောက်ကွယ်သွားမှု

မိုးပြာရောင်ပင်လယ်တွင် သေခြင်းလှောင်ချိုင့်မှာလွဲ၍ အခြားအန္တရာယ်များသည့် နေရာအချို့လည်း ရှိသေး၏။ သို့ပေမယ့် ၎င်းတို့သည် သေခြင်းလှောင်ချိုင့်နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ပေ။ ထို့ကြောင့် ဒီဗိုင်းပစ္စည်းများ ရှိနေနိုင်သည့် ဖြစ်နိုင်ချေမှာ ကြီးစွာလျော့နည်းသွား၏။

"မိုးပြာရောင်ပင်လယ် လောင်ချိုင့်ကလွဲပြီး ဒီဗိုင်းပစ္စည်းတွေ ရှိနေတယ်လို့ပြောတဲ့ အခြားနေရာတွေလည်း ရှိတယ်။ ဒါပေမယ့် ရှာဖွေဖို့ အရမ်းခက်ခဲတယ်။ ပြောကြတာက မိုးပြာရောင်ဒီဗိုင်းပုလဲလည်း အဲ့ဒီ့နေရာကလာတာပဲတဲ့.."

ချိုင်လင်းအာက ခဏတာစဉ်းစားပြီးနောက် ပြော၏။

"မိုးပြာရောင်ပင်လယ် အမှောင်လှောင်ချိုင့်က မိုးပြာရောင်ပင်လယ်ရဲ့ အထူးသီးသန့်နေရာတစ်ခုပဲ။ အန္တရာယ်အရာမှာ တကယ်ပဲများပြားတယ်။ ဘာလို့လဲဆိုတော့ အထဲကိုဝင်ပြီးရင် လမ်းပျောက်နိုင်မယ့် ဖြစ်နိုင်ချေများလို့ပဲ.."

"အထူးသဖြင့် လူသားတွေအတွက် အန္တရာယ်က ပိုပြီးတော့ကြီးမားတယ်။ အထဲထဲမှာ ပိတ်မိနေလိမ့်မယ်.."

ချိုင်လင်းအာ၏ ရှင်းပြမှုအရ မိုးပြာရောင်ပင်လယ်အမှောင်လှောင်ချိုင့်သည် အလွန်နက်ရှိုင်းသည့် လောင်ချိုင့်တစ်ခု မဟုတ်ပါ။

ယခုကဲ့သို့ အမည်တွင်ခြင်းမှာ ၎င်းတွင်မှင်နက်ကဲ့သို့ မဲနက်ကာ လှောင်ချိုင့်ကဲ့သို့ရှိသည့် နေရာတစ်ခု ရှိသောကြောင့် ဖြစ်သည်။

ဝင်ရောက်ပြီးသည်နှင့် လူတစ်ယောက်၏ မြင်ကွင်းတို့ကို ဝေဝါးသွားစေရုံမက ဒီဗိုင်းဝိဉာဉ်၏ ရှာဖွေနိုင်သည့် အတိုင်းအတာကိုပင် သိသာစွာ လျော့ကျသွားစေသည်။

"အဲ့ဒီ့အမှောင်လှောင်ချိုင့်ရဲ့ ဝိသေသတွေကြောင့် ဒီဗိုင်းဝိဉာဉ်တစ်ခု ရှိနေရင်တောင်မှ ရှာတွေ့ဖို့ မလွယ်ဘူး။ ကံတရားအပေါ်ပဲ လုံးဝ မူတည်နေတယ်။ ဒါ့ကြောင့်မလို့ အရမ်းကြီးနက်နက်ရှိုင်းရှိုင်း မဝင်သွားဖို့ မှတ်ထား။ မဟုတ်ရင် လမ်းပျောက်သွားလိမ့်မယ်.."

"ကိုယ့်ကိုယ်ကိုယ် အပေါ်ဘက်ကို တက်နေတယ်လို့ ထင်ရပေမယ့် တကယ့်တကယ်မှာ ပင်လယ်အောက်ကို မြှုပ်သွားတာလည်း ဖြစ်နိုင်တယ်။ အခြားနေရာတစ်ခုကို မျောပါသွားတာလည်း ဖြစ်နိုင်တယ်.."

"ပြီးတော့ အမှောင်လှောင်ချိုင့်ထဲမှာ အထူးသက်ရှိအချို့ရှိပြီး ဝင်ရောက်သူတွေကို တိုက်ခိုက်တယ်လို့လည်း ပြောတယ်။ အများစုက အရမ်းကြီးသန်မာခြင်း မရှိပေမယ့် နက်ရှိုင်းတဲ့နေရာတွေမှာ စွမ်းအားကြီးတဲ့တည်ရှိမှုတွေ ရှိနေနိုင်တယ်.."

ချိုင်လင်းအာက လေးနက်စွာပြောသည်။

ရွှီယန်က ခေါင်းငြိမ့်၏။ ထိုနေရာများကို မှတ်သားပြီး မိုးပြာရောင်ပင်လယ်သို့ ရောက်ရှိပြီးပါက တစ်ခုချင်းစီ သွားရောက်ရှာဖွေရန် စီစဉ်ထားသည်။

"မိုးပြာရောင်စိတ်ဝိဉာဉ်မျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက်ဆီကနေ ငါတစ်ကြိမ် ကြားခဲ့ဖူးတယ်။ အမှောင်လှောင်ချိုင့်က ရှေးဟောင်းတိုက်ပွဲပြင်တစ်ခုရဲ့ အကြွင်းအကျန်လို့ သံသယရှိရတယ်တဲ့။ အဲ့ဒါကြောင့်မလို့ အရမ်းထူးခြားနေတာ.."

ချိုင်လင်းအာက နောက်ဆုံးတွင် ထပ်ပေါင်းပြောသည်။ ပြီးနောက် သေးငယ်ကာ အရောင်ပြန်သည့် ပင်လယ်ကြေးခွံတစ်ခုနှင့် အခွံငယ်တစ်ခုကို ထုတ်ယူသည်။

အခွံအတွင်းတွင် ထွင်းထားသည့် သင်္ကေတများရှိပြီး အလယ်တွင် ချိုင်လင်းဟူသည့် စကားလုံးကို ရေးထားသည်။

"ဒါက ငါ့ရဲ့တံဆိပ်ပြားပဲ... လိုအပ်ရင် ဒါကိုသုံးပြီး ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ဆီကနေ အကူအညီ ရယူလို့ရတယ်။ လမ်းပျောက်တာတွေ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်ဘယ်နေရာမှာ ရှိတယ်ဆိုတာကို သိချင်တာတွေ ရှိတဲ့အခါ ဒီပင်လယ်ကြေးခွံကို ခွဲလိုက်လို့ရတယ်.."

"အနီးအနားမှာ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်တွေ ရှိမယ်ဆိုရင် သူတို့တွေ အသံလာရာနောက်ကို လိုက်ပြီးတော့ ရှင့်ကို လမ်းညွှန်ပေးလိမ့်မယ်.."

ရွှီယန်က ပင်လယ်ကြေးခွံနှင့် ကြေးခွံတို့ကိုယူကာ ကျေးဇူးတင်စကားပြော၏။

"ကျေးဇူးပါ.."

"ကိစ္စမရှိဘူး.."

ချိုင်လင်းအာက အပြုံးဖြင့် ဖြေကြားသည်။ ဒီပစ္စည်းများသည် ဆရာကြီးဆီမှ သူမရရှိခဲ့သည့် အကျိုးအမြတ်များနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။ ပြောပလောက်ခြင်းပင် မရှိပါ။

ရွှီယန်သည် လင်းနယ်မြေဆီသို့ ခရီးလမ်းကို ထပ်မံထွက်ခဲ့ပြန်၏။ ဒီတစ်ကြိမ်တွင် သူသည် မိုးပြာရောင်ပင်လယ်ရှိ ရှဲ့လင်ဖုန်းကို သွားရှာမည် ဖြစ်သည်။ ပြီးနောက် မိုးပြာရောင်ပင်လယ်မှ ဒီဗိုင်းပစ္စည်းကိုလည်း ရှာဖွေမည်ဖြစ်၏။

မုန့်ချုံက ခေါင်းကိုကုပ်သည်။

"ကျွန်တော်လည်း အခြားဒေသတွေကို သွားရောက်လည်ပတ်ပြီးရင် မိုးပြာရောင်ပင်လယ်ဆီကို သွားကောင်းသွားလိမ့်မယ်.."

စုလင်းရှုံကလည်း စိတ်ကူးတစ်ခု ရလာ၏။ သူမသည် ချန်ချင်းစံအိမ်ကို မိုးပြာရောင်ပင်လယ်ဆီသို့ ရွေ့လျားသွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

မိုးပျံသင်္ဘောသည် လေပေါ်သို့ မြင့်တက်သွားပြီး ကျိုးနိုင်ငံ၏ မြို့တော်ဆီသို့ ဦးတည်သွားသည်။ ကျိုးနိုင်ငံ၏ တော်ဝင်မိသားစုသည် မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်ခဲ့ခြင်း မရှိပေ။

ဆိုလိုသည်မှာ သူတို့သည် ကိုယ့်ကိုယ်ကိုယ် မှားယွင်းသည်ဟု သိရှိပြီး လက်စားချေရန် ရည်ရွယ်ချက်မရှိဟုဖြစ်၏။

လီရွှမ်သည် စံအိမ်ထဲတွင် ထိုင်နေပြီး သူ၏ဘေးတွင် မုန့်ချုံသာ ရှိနေပါသည်။ ဒီအချိန်သည် မပျက်စီးနိုင်သည့် ရွှေခန္ဓာ၏ နောက်ရှိကျင့်စဉ်ကို လက်ဆင့်ကမ်းပေးရမည့် အချိန်ဖြစ်၏။ သူသည် ခန္ဓာကိုယ်ကျင့်ကြံမှုအတွက် နောက်ဆက်တွဲကျင့်စဉ်တို့ကို ဖန်တီးပြီးဖြစ်သည်။

"ဆရာ.."

မုန့်ချုံက လေးစားစွာဖြင့် အရိုအသေပေးသည်။

"မပျက်စီးနိုင်တဲ့ ရွှေခန္ဓာမှာ မင်းဉာဏ်အလင်းတွေ ရရှိခဲ့ပြီးပြီ... ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှုအတွက် ဆက်လက်ပြီးတော့ ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာကို အတွေးအမြင်တွေဘာတွေရော ရှိလား.."

လီရွှမ်က ခေါင်းငြိမ့်ကာ မေးသည်။

"ဆရာ... ကျွန်တော်က ဉာဏ်မကောင်းပါဘူး... မပျက်စီးနိုင်တဲ့ရွှေခန္ဓာရဲ့ နောက်ဆက်တွဲကျင့်စဉ်နဲ့ ပတ်သက်ပြီး ဘာတွေးဆမှုမှ မရှိပါဘူး.."

မုန့်ချုံက ခေါင်းကိုကုပ်ကာ ဖြေ၏။

"ဒီနေ့မှာ... မင်းရဲ့ဆရာ မပျက်စီးနိုင်တဲ့ရွှေခန္ဓာရဲ့ အထက်ကကျင့်စဉ်ကို မင်းကိုလက်ဆင့်ကမ်းပေးမယ်.."

လီရွှမ်က ခေါင်းငြိမ့်သည်။ တစ်ဖက်လူ၏ ဖြေကြားမှုအတွက် အံ့သြမှုမရှိပါ။ မုန့်ချုံသာ ခန္ဓာကိုယ်ကျင့်ကြံမှုသိုင်းပညာအတွက် နောက်ဆက်တွဲကျင့်စဉ်တို့ကို ကိုယ့်ဘာသာခံစားနိုင်ပြီး ကျင့်ကြံနိုင်မည်ဆိုပါက သူ့အနေနှင့် ဖန်တီးရန် လိုအပ်ဦးမည်လား။

"ကျေးဇူးတင်ပါတယ် ဆရာ.."

မုန့်ချုံက ချက်ချင်းပင် ဝမ်းသာသွားသည်။ မပျက်စီးနိုင်သည့်ရွှေခန္ဓာသည် လုံလောက်စွာ စွမ်းအားကြီးနေပြီ ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းစနစ်၏ ကြမ်းတမ်းမှုကို ပြည့်စုံစွာ ပြသပြီးဖြစ်သည်။

သူ၏လက်ရှိခွန်အားနှင့် မတ်တပ်ရပ်နေလျှင်တောင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ကျင့်ကြံထားသည့် သိုင်းသမားများတိုက်ခိုက်လျှင် မည်သည့်ဒဏ်ရာမှ ရမည်မဟုတ်ပေ။ ဒီဗိုင်းကိရိယာတစ်ခုကိုထုတ်ကာ တိုက်ခိုက်လျှင်တောင် အသေးစားဒဏ်ရာမျှသာ ရရှိမှာဖြစ်၏။

မုန့်ချုံသည် သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ဒီဗိုင်းကိရိယာတစ်ခုဖြင့် နှိုင်းယှဉ်နိုင်လောက်အောင်ပင် ကြံ့ခိုင်ပြီးဖြစ်သည်ဟု သံသယဝင်မိသည်။

လီရွှမ်က လေးနက်သွားပြီး ဖြေးညင်းစွာပြောသည်။

"မပျက်စီးနိုင်တဲ့ ရွှေခန္ဓာရဲ့အထက်မှာ မပျက်စီးနိုင်တဲ့ နေကြယ်ခန္ဓာရှိတယ်... သွေးကြောမှတ် တစ်ခုချင်းစီတိုင်းမှာ ကြယ်တစ်လုံးရှိတယ်။ ကြယ်တွေက နေကိုဝန်းရံပြီး သူတို့ရဲ့ ကိုယ်ပိုင်နိယာမတွေလည်း ရှိတယ်။ မပျက်စီးနိုင်တဲ့ နေကြယ်ခန္ဓာရဲ့ ပထမအလွှာက ကြယ်တာရာစုစည်းမှုတစ်ခုလို ဖြစ်နေလိမ့်မယ်။ ခန္ဓာကိုယ်ကနေဖြစ်ပြီး နေကို ကြယ်တွေက ဝန်းရံထားမယ်..."

မပျက်စီးနိုင်သော ရွှေခန္ဓာ၏ နောက်ဆက်တွဲကျင့်စဉ်မှာ မပျက်စီးနိုင်သည့် နေကြယ်ခန္ဓာဖြစ်သည်။ လီရွှမ်သည် အကြိမ်ကြိမ် စဉ်းစားတွေးခေါ်ပြီးနောက် နောက်ဆုံးတွင် အတည်ပြုပြီး ဖြစ်၏။

သူသည် ခန္ဓာကိုယ်ကျင့်ကြံမှုအတွက် လားရာကို အခြေခံချမှတ်ပြီး ရွှေခန္ဓာ၏ သွေးကြောမှတ်များသည် တစ်ခုချင်းစီတိုင်းမှာ ကြယ်တစ်လုံးကဲ့သို့ ဖြစ်လာခဲ့သည်။

ကြယ်တစ်ခုတိုင်းတွင် ဆန်းကြယ်မှုတစ်ခုကို သယ်ဆောင်ထား၏။ သို့မဟုတ် ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်ခုကို သယ်ဆောင်ထား၏။

မပျက်စီးနိုင်သော ရွှေခန္ဓာကဲ့သို့ပင် မပျက်စီးနိုင်သော နေကြယ်ခန္ဓာတွင်လည်း အဆင့်သုံးခု ရှိသည်။ ပထမအဆင့်သည် ဒီဗိုင်းအသွင်အဆင့်နှင့် တူညီ၏။

ခန္ဓာကိုယ်က နေဖြစ်ကာ ကြယ်များက ဝန်းရံပြီး ထိုကြယ်များသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမနှင့် ဆက်သွယ်ထားသည့် သွေးကြောမှတ်ကြယ်များဖြစ်သည်။

ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်အား ဆက်လက်စွမ်းအားကြီးမားနေကာ ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ယောက်၏ သက်ဆိုင်ရာဂုဏ်သတင်းကို ထိန်းသိမ်းထားရန် လီရွှမ်သည် ထိုအတွက် အချိန်များစွာ အကုန်ကျခံကာ စဉ်းစားခဲ့၏။

သို့ပေမယ့် ယခုအချိန်၌ မပျက်စီးနိုင်သည့် နေကြယ်ခန္ဓာ နှစ်ဆင့်ကိုသာ ဖန်တီးနိုင်သေးသည်။ တတိယအဆင့်မှာ ဆက်လက်ပြည့်စုံအောင် လုပ်ကာ ပုံသွင်းရန် လိုအပ်သေး၏။

မုန့်ချုံမှာ အလွန် စိတ်လှုပ်ရှားနေပါသည်။ ဆရာဖြစ်သူ၏ ပြောပြချက်ကို နားထောင်ရုံနှင့် မပျက်စီးနိုင်သော နေကြယ်ခန္ဓာ၏ စွမ်းအားနှင့် ကြီးစိုးမှုကို မြင်ယောင်လာခဲ့သည်။

အတွေးတစ်ချက်နှင့် ရွှေခန္ဓာက နေတစ်ခုဖြစ်လာကာ ကြယ်များကဝန်းရံနေပြီး ဒီဗိုင်းစွမ်းအားမှာ ထည်ဝါလှမှာ ဖြစ်သည်။ ကြယ်တစ်ခုချင်းစီတိုင်းသည် ဆန်းကြယ်မှုတစ်ခု... ဒီဗိုင်းစွမ်းအားတစ်ခု ဖြစ်နေမည်ဖြစ်၏။

"ဆရာမင်းကို ပထမအဆင့်ကို လက်ဆင့်ကမ်းပေးမယ်... သေသေချာချာမှတ်ထား..."

လီရွှမ်က မပျက်စီးနိုင်သော နေကြယ်ခန္ဓာ၏ ပထမအဆင့်ကို မုန့်ချုံအား သင်ကြားပေးသည်။ ထိုအဆင့်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမသင်္ကေတများ ပေါင်းထည့်ထားခြင်းတို့ ရှိပြီး ဤသည်က ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ထိန်းချုပ်ရသည်မှာ ပိုမိုလွယ်ကူလာစေမှာ ဖြစ်သည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမနှင့် သွေးကြောမှတ်ကြယ်တို့ကို ကျင့်ကြံလာနိုင်မှာ ဖြစ်၏။

李 和轩:

အပိုင်း ၆၂၁ - မဖျက်စီးနိုင်သော‌ နေကြယ်ခန္ဓာ၊ လင်းယွီဂိတ်တံခါး၏ ပျောက်ကွယ်သွားမှု(၂)

လီရွှမ်သည် မုန့်ချုံ၏ ကျင့်ကြံမှုအတွက် ညွှန်ကြားချက်ပေးရင်းက တာအိုရွှေစာအုပ်က ရရှိလာသည့် အချက်အလက်များကို ကြည့်လိုက်သည်။

မပျက်စီးနိုင်သောနေကြယ်ခန္ဓာ (အဆင့်၁)

ပြည့်စုံမှု - အလယ်အလတ်၏အထက်

အဆင့်များအကြား ဆက်သွယ်မှု - မြင့်မားသည်

ဉာဏ်အလင်းပွင့်ရန်ခက်ခဲမှု - မြင့်မားသည်

ကျင့်ကြံရန်ခက်ခဲမှု - မြင့်မားသည်

ကျင့်စဉ်၏ ပြည့်စုံမှုကို အလယ်အလတ်၏အထက်သို့ ဖြစ်နိုင်သမျှ ရောက်ရှိရန် ထိန်းသိမ်းထားနိုင်၏။ အဆင့်များအကြား ဆက်သွယ်မှုမှာ များစွာတိုးတက်လာခဲ့သည်။

လီရွှမ်သည် မပျက်စီးနိုင်သောနေကြယ်ခန္ဓာကို တစ်ကြိမ်ရှင်းပြပြီးနောက် မုန့်ချုံအား နှံ့စပ်စွာ မှတ်မိမှုရှိစေရန် နောက်ထပ်တစ်ကြိမ် ထပ်မံပြောကြားသည်။

မုန့်ချုံသည် အားတက်သရောဖြင့် နားထောင်နေပြီး ကျင့်စဉ်ကို ပြည့်စုံစွာမှတ်သား၏။ မည်သည့်အချက်အလက်၊ စကားလုံး သို့မဟုတ် အဓိပ္ပာယ်ကိုမျှ လွဲချော်သွားစေခြင်း မရှိပေ။

ကျင့်စဉ်၏ ပထမအဆင့်ကို မုန့်ချုံပြည့်စုံစွာ ဆင်ခြင်ပြီးသည့်အချိန်၌ လီရွှမ်က ဒုတိယအဆင့်ကို စတင်လက်ဆင့်ကမ်းပေးသည်။

မပျက်စီးနိုင်သောနေကြယ်ခန္ဓာ (အဆင့်၂)

ကျင့်စဉ်၏ပြည့်စုံမှု - အလယ်အလတ်၏အထက်

အဆင့်များအကြား ဆက်သွယ်မှု - အလယ်အလတ်၏ အထက်

ဉာဏ်အလင်းပွင့်ရန်ခက်ခဲမှု - မြင့်မားသည်

ကျင့်ကြံရန်ခက်ခဲမှု - မြင့်မားသည်

မပျက်စီးနိုင်သောနေကြယ်ခန္ဓာ၏ ဒုတိယအဆင့်အတွက် အဆင့်များအကြား ဆက်သွယ်မှုကိုလည်း လီရွှမ်သည် အချိန်များစွာအသုံးပြုပြီး အလယ်အလတ်၏ အထက်သို့ မြှင့်တင်ခဲ့ရသည်။

သို့ပေမယ့် ဤသည်မှာ လုံလောက်စွာ ကောင်းမွန်နေပြီးဖြစ်၏။ မုန့်ချုံသာ မပျက်စီးနိုင်သော နေကြယ်ခန္ဓာ၏ ပထမအဆင့်ကို ဉာဏ်အလင်းပွင့်မှုရရှိပါက ဒုတိယအဆင့်ကိုလည်း နားလည်လာနိုင်မှာ ဖြစ်သည်။

အဆင့်များအကြားဆက်သွယ်မှုမှာ အလယ်အလတ်၏ အထက်သို့ရောက်ရာ သူ့အနေနှင့် အချိန်အနည်းငယ်ပိုမိုယူကာ လေ့လာရမည်သာရှိ၏။

တူညီစွာပင် လီရွှမ်သည် ဒုတိယအဆင့်ကိုလည်း နှစ်ကြိမ်တိုင်အောင် ရှင်းပြပြီး အဓိကအချက်အလက်နှင့် အသေးစိတ်များကို တိကျစွာ ဖော်ပြပေးသည်။ ထိုအခါ မုန့်ချုံအနေနှင့် ပြည့်စုံစွာမှတ်မိပြီး နားလည်နိုင်မှာဖြစ်၏။

"အခုတော့ မပျက်စီးနိုင်တဲ့ နေကြယ်ခန္ဓာရဲ့ ဒုတိယအဆင့်အထိပဲ သင်ပေးထားမယ်။ တကယ်လို့ မင်း ပထမအဆင့်ကို ဉာဏ်အလင်းပွင့်မှု ရလာပြီးပြီဆိုရင် တတိယအဆင့်ကို ဆက်ပြီးတော့ သင်ကြားပေးမယ်။ အဲ့ဒါဆိုရင် မှတ်ရတာ ပိုလွယ်သွားလိမ့်မယ်.."

ကျင့်စဉ်၏ ဒုတိယအဆင့်ကို သင်ကြားပေးပြီးနောက် လီရွှမ်က လက်ကိုဝှေ့ရမ်းကာ ပြောသည်။

"ဟုတ်ကဲ့ပါဆရာ.."

မုန့်ချုံက လေးစားစွာ ဦးညွှတ်၏။ ထို့နောက် တည်ငြိမ်သည့် နေရာတစ်ခုကိုရှာကာ ဂရုတစိုက် ဆင်ခြင်သုံးသပ်မည် ဖြစ်သည်။

ကျင့်စဉ်ကို ပြည့်စုံစွာ မှတ်မိအောင်အတည်ပြုပြီး သူ့ကိုယ်သူ မည်သည်မှ လွဲချော်ခြင်း မရှိကြောင်းအား သေချာအောင် လုပ်မည်ဖြစ်၏။

ချန်ချင်းစံအိမ်၏ မိုးပျံသင်္ဘောသည် ကျိုးနိုင်ငံမြို့တော်၏ အပြင်ဘက်ရှိ မြေကွက်လပ်တစ်ခုတွင် သက်ဆင်းပြီး ဖြစ်၏။ စံအိမ်တစ်ခု ထွက်ပေါ်လာပြီး ချန်ချင်းစံအိမ်ဟူသည့် ဆိုင်းဘုတ်မှာ အလွန်ထင်ပေါ်နေတော့သည်။

"ချန်ချင်းစံအိမ် ရောက်လာပြီ.."

ကျိုးနိုင်ငံ၏ မြို့တော်အတွင်းတွင် မရေမတွက်နိုင်သော သိုင်းသမားများသည် ကျိုးနိုင်ငံ၏ ဆက်လက်လှုပ်ရှားမှုကို စောင့်စားနေကြ၏။

ယခုအချိန်၌ ချန်ချင်းစံအိမ်သည် မြို့တော်၏အပြင်ဘက်၌ ရောက်ရှိနေပြီး ဖြစ်၏။ သူတို့သည် ကျိုးတော်ဝင်မိသားစု၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးကို ကြယ်ငယ်ကန်၌ မကြာသေးခင်က သတ်ဖြတ်ခဲ့လေသည်။

ယခုအချိန်၌ မြို့တော်၏အပြင်ဘက်တွင် လာရောက်ရပ်တန့်၏။ ကြည့်ရသည်မှာ မည်ကဲ့သို့ပင် ဆိုစေကာမူ ရန်လာစသည်ဟု ထင်စရာရှိပါသည်။

လူတိုင်းသည် ချန်ချင်းစံအိမ်ကို နေရာတိုင်းသို့ လှည့်လည်သွားလာနေကြောင်းအား သိရှိပြီးဖြစ်ကာ ဒီနေရာသည် တိုက်ဆိုင်စွာဖြင့် သူတို့၏လားရာ ဖြစ်နိုင်ပုံပေါ်ပေမယ့် ကြယ်ငယ်ကန်ရှိ ပြဿနာအပြီးတွင် မြို့တော်ဆီသို့ ရုတ်တရက် ရောက်ရှိလာမှုက သံသယဝင်စရာ ကောင်းနေဆဲ ဖြစ်သည်။

သူတို့သည် တမင် ရန်စနေသည်လား။

ဤသည်က ချန်ချင်းစံအိမ် ဖွင့်လှစ်ခဲ့ပေမယ့် မည်သည့်သိုင်းသမားမှ လာရောက်ကုသရဲခြင်းမရှိအောင် ဖြစ်နေစေသည်။ ထို့ကြောင့် ပုံမှန်မဆန်စွာ ခြောက်ကပ်နေ၏။ လူတိုင်းသည် ကျိုးနိုင်ငံတော်ဝင်မိသားစု၏ သဘောထားကို စောင့်ကြည့်နေကြသည်။

"ကျိုးနိုင်ငံရဲ့ မြို့တော်ကလူတွေက ဘာဖြစ်တာလဲ... ဒဏ်ရာရထားတဲ့ သိုင်းသမား မရှိလို့လား.. ဒါမှမဟုတ် ဒန်ဆေးလုံးတွေကို စိတ်မဝင်စားလို့လား.."

ရှီအာက ပဟေဠိဖြစ်စွာ ပြောသည်။

"ကြည့်ရတာ လူတိုင်းက ကျိုးတော်ဝင်မိသားစုရဲ့ တုံ့ပြန်မှုကို စောင့်စားနေတာဖြစ်လိမ့်မယ်.."

မုန့်ရှူရှူက ရယ်သံစွက်ကာ ပြော၏။

"ကျစ်ယွင်... ကျိုးနိုင်ငံရဲ့ မြို့တော်မှာ စိတ်ဝင်စားစရာ ဘာတွေများရှိလဲ.."

စုလင်းရှုံက သိလိုစွာမေးသည်။

"ရှိမှာပေါ့.."

ကျစ်ယွင်က မရေရာစွာပြော၏။

"တော်ဝင်မိသားစုကလူတွေနဲ့ ငါတော့ မရင်းနှီးဘူး... သူတို့ကို သွားပြီးတော့ ကပ်ဖားရပ်ဖားလုပ်ဖို့လည်း စိတ်မဝင်စားဘူး။ အဲ့ဒါကြောင့်မလို့ အချိန်အများစုမှာ ကျင့်ကြံပြီးပဲနေခဲ့တယ်.."

"ဒါပေမယ့် ငါ့ရဲ့မွေးစားအဖေက ငါ့အပေါ်ကို အရမ်းကောင်းတယ်။ အစ်ကိုတော်ကတော့ ယွင်ထန်းမြို့ကိုသွားတယ်။ မွေးစားအဖေ သူ့ကိုဘာလို့ အဲ့ဒီကို ပို့လိုက်လဲလို့ ငါလည်းမသိဘူး.."

"ငါသိပြီ.."

စုလင်းရှုံက ခဏတာစဉ်းစားပြီးနောက် ဆက်လက်ပြောသည်။

"မနက်ဖြန်ကျရင် မြို့တော်ကိုသွားပြီးတော့ ရှုခင်းလေးဘာလေးကြည့်တာပေါ့... ဘာပဲဖြစ်ဖြစ် ဒါကလင်းနယ်မြေမှာ စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ တစ်ခုတည်းသော နိုင်ငံပဲ။ သကျိုးရဲ့မြို့တော် ဘယ်လောက်အထိ စည်ကားလဲဆိုတာကို ငါကြည့်ချင်သေးတယ်.."

"သခင်မလေး... ကျိုးနိုင်ငံရဲ့ မြို့တော်ကို ဝင်ရောက်တာ ပြဿနာမများလောက်ဘူးလား.."

ကျိုးယင်က စိုးရိမ်စွာမေးသည်။

"ဘာပြဿနာရှိနိုင်မှာလဲ... ကျွန်မ ပြဿနာကိုမကြောက်ဘူး... ကျိုးနိုင်ငံရဲ့ ရှန်းမိသားစုက သေချင်နေတယ်ဆိုရင် လာပလေ့စေ။ ဒီမှာဆရာရှိနေတာ ဘာမှ စိုးရိမ်စရာမရှိဘူး.."

စုလင်းရှုံက ဂရုမစိုက်စွာ ပြောသည်။

ကျိုးယင်လည်း ပြန်လည်စဉ်းစားပြီးနောက် ဤသည်မှာ ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ခံစားရ၏။ ချန်ချင်းစံအိမ်အတွက် မလိုအပ်ဆုံးမှာ ပြဿနာများကို ကြောက်ရွံ့နေမှု ဖြစ်သည်။

"ဒါက သကျိုးရဲ့မြို့တော်ပဲ... လင်းနယ်မြေရဲ့ နံပါတ်တစ်တော်ဝင်မြို့တော်လည်း ဖြစ်တယ်... အခု ရောက်လာပြီးပြီဆိုတော့ ဘာလို့သွားပြီးတော့ နည်းနည်းပါးပါး မကြည့်ရှု့မှာလဲ.."

လီရွှမ်က သကျိုး၏မြို့တော်ကိုကြည့်ကာ လမ်းလျှောက်ထွက်ရန် စိတ်ဝင်စားသွားသည်။

"ကျိုးနိုင်ငံရဲ့ တော်ဝင်မိသားစုက... ရမ်းကားတဲ့ မျိုးဆက်နဲ့အတူ ဒန်ဆေးအင်မော်တယ်ကို လာပြီးတော့တောင်းပန်ပါတယ်.."

စုလင်းရှုံတို့က သကျိုးမြို့တော်ဆီသို့ လှည့်လည်သွားလာရန် ဆွေးနွေးနေစဉ် ရုတ်တရက် အသံတစ်ခု ရောက်ရှိလာခဲ့၏။

"ခရမ်းရောင်ဘုရင်လား.."

စုလင်းရှုံမှာ အံ့ဩသွားသည်။ ကျိုးနိုင်ငံ၏ တော်ဝင်မိသားစုသည် အရှုံးပေးကြောင်း ဝန်ခံလိုသည်လား။ ခရမ်းရောင်ဘုရင်သည် လာရောက် တောင်းပန်လေသည်လား။

"အဲ့ဒီ့ ရှန်းမင်းမောင်က... ခရမ်းရောင်ဘုရင်ရဲ့သားပဲ.."

ကျစ်ယွင်က ပြောသည်။

"ငါသိပြီ.."

စုလင်းရှုံက ခေါင်းငြိမ့်၏။ သူမသည် အခင်းအကျင်းကို ဝင်ပေါက်တစ်ခု ဖွင့်လှစ်ရန်အတွက် ထိန်းချုပ်ကာပြောသည်။

"ဝင်လာခဲ့.."

ခရမ်းရောင်ဝတ်စုံနှင့် ခရမ်းရောင်ဘုရင်နှင့်အတူ သူ၏နောက်တွင် ခေါင်းငုံ့ထားသည့် လူငယ်တစ်ဦး လိုက်ပါလာပြီး လျှောက်ဝင်လာခဲ့၏။ ဤသည်မှာတော့ ရှန်းမင်းမောင် ဖြစ်သည်။

"ခရမ်းရောင်ဘုရင်..မင်္ဂလာပါ"

ကျစ်ယွင်က ဦးညွှတ်သည်။ ယခုအချိန်၌ သူမသည် ကျိုးတော်ဝင်မိသားစု၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီဖြစ်ရာ ခရမ်းရောင်ဘုရင်ကို ဦးညွှတ်နှုတ်ဆက်ရန် လိုအပ်ပါသည်။ စုလင်းရှုံတို့ကဲ့သို့ ပေါ့ပေါ့တန်တန် ဆက်ဆံလို့မရပေ။

ခရမ်းရောင်ဘုရင်က ခေါင်းငြိမ့်၏။

"မင်္ဂလာပါ မိန်းကလေးစု.."

ခရမ်းရောင်ဘုရင်က လက်သီးနှစ်ဖက်ကိုဆုပ်ကာ တောင်းပန်သည့်မျက်နှာဖြင့် ပြော၏။

"ပြီးခဲ့တဲ့ အချိန်တွေတုန်းက... ကျွန်တော်ရဲ့ မိုက်မဲတဲ့သားက မောက်မောက်မာမာနဲ့ မိန်းကလေးစုကို ထိပါးခဲ့တယ်... ကျွန်တော်လည်း အရေးကြီးတဲ့ကိစ္စတွေကြောင့် မလာနိုင်ခဲ့ဘူး။ အခုမှပဲ ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်နိုင်တော့တယ်... မိန်းကလေးစု စိတ်ထဲမှာမထားဖို့ မျှော်လင့်ပါတယ်.."

"ဒီနေ့မှာ တော်ဝင်မြို့တော်ဆီကို ရောက်လာတယ်ကြားလို့ ကျွန်တော့်ရဲ့သားကို ခေါ်လာပြီးတော့ လာရောက်တောင်းပန်တာပါ.."

သူ၏စကားအဆုံးတွင် သူသည် ရှန်းမင်းမောင်ကို စူးစိုက်စွာ ကြည့်၏။

"ပြီးခဲ့တုန်းက ကျွန်တော်ချန်ချင်းစံအိမ်နဲ့ မိန်းကလေးစုကို အလောတလျင် ထိပါးမိသလိုဖြစ်ခဲ့ပါတယ်... အဲ့ဒီ့ကိစ္စအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်... မိန်းကလေးစုက သဘောထားကြီးမယ်လို့ မျှော်လင့်ပါတယ်.."

ရှန်းမင်းမောင်မှာ လုံးဝအလိုမရှိစွာ ရှိနေ၏။ သို့ရာတွင် ဤသည်မှာ ကျိုးဧကရာဇ်၏ ဆုံးဖြတ်ချက် ဖြစ်သည်။ သူ့အနေနှင့် မည်သို့ပင် လက်မခံလိုစေကာမူ နာခံရန်သာတတ်နိုင်၏။ မဟုတ်ပါက သူ၏ ခရမ်းရောင်ဘုရင် ဆက်ခံသူဟူသည့် တည်နေရာကို ထိပါးမှာဖြစ်၏။

စုလင်းရှုံ၏ ဘေးတွင်ရပ်နေသည့် ကျစ်ယွင်ကို တွေ့လိုက်ရပြီးနောက် သူသည် မနာလိုစွာနှင့် အလိုမကျစွာ ခံစားလိုက်ရသည်။

သို့ပေမယ့် နှလုံးသားထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားပြီး အနည်းငယ်မှ ထုတ်ဖော်ပြောကြားရဲခြင်း မရှိပေ။ သူသည် တောင်းပန်ရင်းနှင့် လက်နှစ်ဖက်ဖြင့် သေတ္တာတစ်လုံးကို ခေါင်းအထက်သို့ မြှောက်လိုက်သည်။

"ဒါက ကိစ္စသေးလေးပါ... လျော်ကြေးပေးဖို့မလိုပါဘူး.."

စုလင်းရှုံက ခေါင်းကိုရမ်းသည်။

"ဒါလေးက ဘာမှမဟုတ်ပါဘူး... မိန်းကလေးစု တစ်မျိုးမထင်ပါနဲ့.."

ခရမ်းရောင်ဘုရင်က အပြုံးဖြင့်ပြော၏။

"ဒါဆိုလည်း ကျေးဇူးပဲ.."

စုလင်းရှုံက ခေါင်းငြိမ့်သည်။ ကျိုးယင်က ရှေ့သို့တက်ကာ သေတ္တာကိုယူ၏။

"ကျွန်တော်တို့ သကျိုးရဲ့ဧကရာဇ်က မိန်းကလေးစုအတွက် စားပွဲတစ်ခုကို ကျင်းပပေးလိုပါတယ်... တက်ရောက်နိုင်မလား မသိဘူး.."

ခရမ်းရောင်ဘုရင်က မေးသည်။

စုလင်းရှုံက ခေါင်းကိုရမ်း၏။

"ကျွန်မ အလုပ်ရှုပ်နေတယ်... ပွဲတွေကို မတက်နိုင်သေးဘူး.."

ကျိုးနိုင်ငံဧကရာဇ်၏ သဘောထားမှာ အလွန်နှိမ့်ချပေမယ့် စုလင်းရှုံက ခေါင်းကိုရမ်းကာ ငြင်းဆန်ဆဲရှိသည်။

"အဲ့လိုဆိုလည်း ကျွန်တော်သွားပါဦးမယ်.."

ခရမ်းရောင်ဘုရင်က ခေါင်းငြိမ့်သည်။ နှုတ်ဆက်ကာ ရှန်းမင်းမောင်နှင့်အတူ ထွက်ခွာသွား၏။

"ခရမ်းရောင်ဘုရင်က စကားပြောရတာ လွယ်လှချည်လား... ငါကြားတာတော့ သူက အရမ်းကြီးစိုးတယ်တဲ့.."

ကျစ်ယွင်က အံ့သြသွားသည်။

"သူက အားနည်းတဲ့လူတွေအပေါ်ပဲ ကြီးစိုးတာ... စွမ်းအားကြီးမားတဲ့လူဆိုရင် ဘယ်လိုလုပ်ပြီးတော့ ကြီးစိုးနိုင်မှာလဲ.."

မုန့်ချုံက လျှောက်လာရင်းက ပြော၏။ ခရမ်းရောင်ဘုရင်မှာ အလွန်စွမ်းအားကြီးပါသည်။ သို့ပေမယ့် မုန့်ချုံအနေနှင့် ဂရုစိုက်ခြင်းမရှိပေ။

သူ၏ လက်ရှိခွန်အားနှင့် တစ်ဖက်လူထက် အနည်းငယ်မျှ နိမ့်ကျခြင်းမရှိပါ။ တိုက်ခိုက်လျှင် ရှုံးနိမ့်မည့်လူမှာ တစ်ဖက်လူသာ ဖြစ်၏။

နောက်တစ်နေ့တွင် ကျစ်ယွင်သည် မုန့်ချုံ၊ စုလင်းရှုံ၊ ယွဲ့အာ၊ ချိုင်လင်းအာတို့ကိုခေါ်ကာ မြို့တော်ဆီသို့ ဝင်ခဲ့၏။ ရှီအာ၊ မုန့်ရှူရှူနှင့် ကျိုးယင်တို့မှာတော့ မိုးပျံသင်္ဘောပေါ်တွင် နေခဲ့ကြသည်။

သူတို့၏ နိမ့်ကျသည့် ခွန်အားကြောင့် အရေးအကြောင်းဖြစ်လျှင် ဝန်တစ်ခုပိုနေမည်အား စိုးရိမ်၏။ လက်ရှိအချိန်၌ လီရွှမ်သည် ကျိုးဧကရာဇ်၏ နန်းတော်အတွင်း၌ လှည့်လည်နေပြီး ချီးကျူးစွာ သက်ပြင်းချသည်။

"အံ့သြစရာပဲ... အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ အမွေအနှစ်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ခွန်အားကလည်းမဆိုးဘူး။ ကျိုးဧကရာဇ်ရဲ့ ခွန်အားကလည်း အရမ်းသန်မာတယ်.."

ကျိုးဧကရာဇ်၏ခွန်အားသည် သံသယဝင်စရာမကောင်းလောက်အောင် ရှင်းမုန့်ရုံနှင့် ဝူထန်းနန်တို့ထက် နိမ့်ကျပေမယ့် ဝူထန်းနန်၏စကားအရ တစ်ဖက်လူ၏ခွန်အားသည် သိုင်းတစ်ထောင်အရှင်သခင်၊ လိင်ယွင်တောင်အရှင်သခင်နှင့် ယွီလင့်စံအိမ်သခင်တို့ထက် ပိုမိုသန်မာ၏။

သို့ပေမယ့် လက်ရှိအပြင်ပန်း၌ ပြသထားသည့် ခွန်အားအဆင့်မှာတော့ သိုင်းတစ်ထောင်အရှင်သခင်တို့နှင့် တူညီစွာရှိနေပါသည်။ သူတို့ တော်ဝင်မျိုးနွယ်များ၏ အကျင့်အတိုင်း ဝှက်ဖဲများကို ကောင်းမွန်စွာ ဖုံးကွယ်ထားခြင်း ဖြစ်၏။

ကျိုးဧကရာဇ်သည် သူ၏ခွန်အားကို လျှို့ဝှက်အတတ်တစ်ခုခုဖြင့် ဖုံးကွယ်ထားခြင်း မဟုတ်ပါ။ အဲ့ဒီ့အစား အစစ်အမှန်ခွန်အားကို ဖုံးကွယ်နိုင်သည့် ဒီဗိုင်းကိရိယာတစ်ခုကို အမြဲတမ်းသယ်ဆောင်ထား၏။

ယွီကျိုးရှိ ကျိန်နိုင်ငံတွင်...

သိုင်းတစ်ထောင်ခန်းမရှိ အကြီးအကဲနှစ်ဦးတို့သည် တိတ်ဆိတ်စွာရောက်ရှိလာပြီး ဧကရာဇ်ကျိန်နှင့် တစ်ခါတည်း တွေ့ဆုံ၏။ ဧကရာဇ်ကျိန်က သူတို့ကို လင်းယွီဂိတ်တံခါး တည်ရှိသည့် ခန်းမကြီးဆီသို့ ဦးဆောင်သွားသည်။

"လင်းယွီဂိတ်တံခါးကိုဖွင့်လိုက်... ဒီကိစ္စကို မပေါက်ကြားစေနဲ့... သတင်းတစ်ခုခု ပေါက်ကြားမယ်ဆိုရင် မင်းတို့အားလုံး ကွပ်မျက်ခံရမယ်.."

သိုင်းတစ်ထောင်ခန်းမ၏ အကြီးအကဲတစ်ယောက်က ဧကရာဇ်ကျိန်နှင့် ခန်းမ၏အစောင့်နှစ်ဦးတို့အား မာကျောသည့်အသံဖြင့် ပြောသည်။

"ဟုတ်ကဲ့ပါ အကြီးအကဲ.."

ဧကရာဇ်ကျိန်တို့၏ န‌ဖူးများမှ ချွေးစေးများစီးကျလာခဲ့၏။ ဘာပဲဖြစ်ဖြစ် တစ်ဖက်အကြီးအကဲများသည် အဆင့်လွန်စိတ်ဝိဉာ်ဂိုဏ်းမှ ဖြစ်ကြသည်။

"အကြီးအကဲ... ခဏလောက်စောင့်ပေးပါ.."

အစောင့်သိုင်းသမားနှစ်ယောက်တို့သည် တုံ့ဆိုင်းရဲခြင်းလုံးဝမရှိဘဲ လင်းယွီဂိတ်တံခါးကို အလျှင်အမြန်စတင်ဖွင့်ကြ၏။

"အက်ကြောင်းတစ်ခုလောက်ပဲဖွင့်.."

အကြီးအကဲတစ်ယောက်က ညွှန်ကြားသည်။ သူတို့သည် ကြီးကြီးမားမား လှုပ်ရှားမှုဖြစ်စေလိုခြင်း မရှိပါ။ အပြင်လူများ၏ စူးစမ်းမှုကို ရှောင်ရှားနိုင်ရန်ဖြစ်၏။

နှစ်ယောက်သားသည် ပတ်ဝန်းကျင်ကို သေချာစွာ ရှာဖွေကြည့်ကာ မည်သည့်သိုင်းသမားမှ ရှိမနေကြောင်းကို အတည်ပြုခဲ့သည်။

"အကြီးအကဲ... အဆင်သင့်ဖြစ်ပါပြီ.."

အစောင့်တစ်ယောက်က ပြောသည်။

"အင်း.."

သိုင်းတစ်ထောင်ခန်းမ၏ အကြီးအကဲတို့သည် ခန်းမကြီးကိုဖြတ်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လင်းယွီဂိတ်တံခါး၏ တည်နေရာဆီသို့ ဦးတည်ခဲ့၏။

သူတို့သည် ခန်းမကြီးအတွင်းမှ ထွက်ခွာလာပြီးနောက် ရှေ့သို့ကြည့်ကာ မှင်သက်သွားကြသည်။ လင်းယွီဂိတ်တံခါးသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။

မူလက လင်းယွီဂိတ်တံခါးရှိခဲ့သည့် ဒီနေရာသည် ယခုအချိန်၌ လုံးဝဗလာကျင်းလင်း ဖြစ်နေပါသည်။ ၎င်းသည် ပျောက်ကွယ်သွားခဲ့သည်လား။

All Chapters