အခန်း (၆၂၂-၆၂၄)
Vol. 42 Ch. 622-624
အပိုင်း ၆၂၂ - သိုင်းတစ်ထောင်အရှင်သခင်၏ ဆုံးဖြတ်ချက်၊ ဟိုင်ကျိုးသို့ လွတ်မြောက်ခြင်း
သိုင်းတစ်ထောင်ခန်းမမှ အကြီးအကဲနှစ်ယောက်တို့သည် လင်းယွီဂိတ်တံခါး တည်ရှိခဲ့သည့် နေရာရှေ့၌ ငိုင်တိုင်စွာရပ်နေကြ၏။
ယခုအချိန်၌ နေရာတစ်ခုလုံး ဗလာကျင်းလင်း ဖြစ်နေပါသည်။ လင်းယွီဂိတ်တံခါးသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ သူတို့၏ နှလုံးသားများက တုန်ယင်နေကာ အနည်းငယ် ကျက်သီးထစွာ ခံစားနေရသည်။
ဧကရာဇ်ကျိုးလည်း မှင်သက်နေ၏။ သူသည် အရိုးထဲအထိ အေးစိမ့်စွာ ခံစားလိုက်ရပြီး မြင်ကွင်းတို့ပါ ဝေဝါးသွားသည်။ လဲပြိုသွားတော့မည်ဟု ခံစားရ၏။
လင်းယွီဂိတ်တံခါး၏ ပျောက်ဆုံးသွားမှုနှင့်အတူ ကျိန်နိုင်ငံ၏ တာဝန်လည်း ပျောက်ကွယ်သွားမှာ ဖြစ်၏။ ထိုအခါ သူတို့၏ အထူးသီးသန့် နောက်ခံတို့ကို မည်ကဲ့သို့ ထိန်းသိမ်းထားနိုင်မည်နည်း။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အကာအကွယ်ကို မည်ကဲ့သို့ ဆက်လက်ရရှိနိုင်မည်နည်း။
ထိုကဲ့သို့တွေးမိပြီးနောက် ဧကရာဇ်ကျိန်သည် စိတ်လွတ်လုနီးပါး ဖြစ်သွားခဲ့သည်။
"အရှင်တို့... ကျွန်တော် အဲ့ဒီ့ခွေးနှစ်ကောင်ကို သွားပြီးတော့ ထပ်ဖွင့်ခိုင်းကြည့်လိုက်မယ်.."
ဧကရာဇ်ကျိန်သည် ခန်းမကြီးအတွင်းသို့ အရူးအမှူးဖြင့် ပြေးထွက်သွား၏။
"လင်းယွီဂိတ်တံခါးကို ပြန်ဖွင့်စမ်း... အပြည့်အစုံ တစ်ခါတည်းဖွင့်.."
သူက ညှို့မှိုင်းစွာပြောသည်။ အစောင့်သိုင်းသမား နှစ်ယောက်တို့လည်း ဧကရာဇ်ကျိန်၏ ထူးဆန်းနေသည့် အသွင်အပြင်ကို သတိထားမိလိုက်ပြီး လင်းယွီဂိတ်တံခါးကို အလျှင်အမြန် ဖွင့်လှစ်လိုက်ကြသည်။
လုံးဝဖွင့်လှစ်ပြီးကြောင်း သေချာမှသာလျှင် ဧကရာဇ်ကျိန်သည် ခန်းမကြီးဆီမှ အမြန်ပြေးထွက်သွား၏။ သို့ပေမယ့် ဂိတ်တံခါးရှိသည့် တည်နေရာသည် ဗလာကျင်းလင်းရှိနေဆဲ ဖြစ်၏။
သူ၏ မြင်ကွင်းအတွင်းရှိ အရာအားလုံးသည် မဲမှောင်သွားပြီး ခြေထောက်တို့ အားနည်းစွာ ခံစားလိုက်ရသည်။
"လင်းယွီဂိတ်တံခါးကို အဆုံးထိ ဖွင့်လိုက်ပြီးပြီလား..."
သိုင်းတစ်ထောင်ခန်းမမှ အကြီးအကဲတစ်ယောက်က မဲမှောင်သောမျက်နှာဖြင့် မေးသည်။ သူ့ကိုယ်သူပင် သတိမထားမိသည်မှာ သူ၏အသံသည် အနည်းငယ် တုန်ခါနေခြင်းဖြစ်၏။
"အရှင်... ကျွန်တော် အဲ့ဒါကို လုံးဝ ဖွင့်ခိုင်းလိုက်ပြီးပါပြီ။ လွဲချော်မှုတစ်စက်မှ မရှိပါဘူး.."
ဧကရာဇ်ကျိန်က မြေပေါ်တွင် ဒူးထောက်ချရင်းက ဖြေကြား၏။
"ဒါက..."
သိုင်းတစ်ထောင်ခန်းမမှ အကြီးအကဲနှစ်ယောက်တို့၏ မျက်နှာများက အံ့သြသွားကြပြီး သူတို့၏ နှလုံးသားများက တုန်ယင်နေပါသည်။
လင်းယွီဂိတ်တံခါးသည် ပျောက်ဆုံးသွားပြီ ဖြစ်၏။ ၎င်းသည် မရေမတွက်နိုင်သည့် ခေတ်များစွာ တည်ရှိခဲ့ပြီး အတွင်းဘက်နယ်မြေနှင့် လင်းနယ်မြေကို ဆက်သွယ်ထားခဲ့လေသည်။
ယခုအချိန်၌ ပျောက်ကွယ်သွားသည်လား။ ဤသည်မှာ လင်းနယ်မြေအတွက် ကြီးမားသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။
"ငါတို့တွေ ဘာလုပ်သင့်လဲ.."
"ဒီကိစ္စကို ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး... သိုင်းတစ်ထောင်အရှင်သခင်ဆီကို ပြန်ပြီး သတင်းပို့ရမယ်။ ပြီးရင် နောက်ဆက်တွဲ ဆုံးဖြတ်ချက်တွေကို ဆက်လုပ်တာပေါ့.."
"ငါတို့တွေ အဲ့လိုပဲ လုပ်နိုင်တော့မယ်.."
အကြီးအကဲနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စိတ်ထဲမှ စကားပြောကြ၏။
"လင်းယွီဂိတ်တံခါးရဲ့ ပျောက်ကွယ်သွားမှုကို မင်းနဲ့ငါတို့ပဲသိတယ်.. နားလည်လား.."
အကြီးအကဲတစ်ယောက်က လေးနက်စွာ ပြောသည်။ ဧကရာဇ်ကျိန်၏မျက်နှာက စက္ကူကဲ့သို့ ဖြူရော်သွားပြီး ခေါင်းငြိမ့်၏။
"ကျွန်တော်နားလည်ပါတယ် အရှင်..."
"အင်း.."
အကြီးအကဲနှစ်ယောက်တို့က ခေါင်းငြိမ့်သည်။
ဧကရာဇ်ကျိန်မှာ ပုံမှန်လူမဟုတ်ဘဲ သူ့ကို သတ်လိုက်ခြင်းက အခြား အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အာရုံကို ဆွဲဆောင်မိမှာ ဖြစ်သောကြောင့်သာ မဟုတ်ပါက တစ်ဖက်လူကို နှုတ်ပိတ်ထားနိုင်ရန် သူတို့သည် သေချာပေါက် သတ်ဖြတ်ပစ်မှာ ဖြစ်၏။
ခန်းမကြီးအတွင်းသို့ ပြန်ရောက်ပြီးနောက် ပြောသည်။
"လင်းယွီဂိတ်တံခါးကို ပြန်ပိတ်လိုက်... ဒီနေ့ကစပြီး သိုင်းတစ်ထောင်ခန်းမရဲ့ အမိန့်မပါဘဲ ဘယ်သူမှ လင်းယွီဂိတ်တံခါးကို ဖွင့်ခွင့်မရှိဘူး.."
သိုင်းတစ်ထောင်ခန်းမမှ အကြီးအကဲတစ်ယောက်က မာထန်စွာ ပြောသည်။
"ဟုတ်ကဲ့ပါအရှင်.."
အစောင့်သိုင်းသမား နှစ်ယောက်တို့က လင်းယွီဂိတ်တံခါးကို လျှင်မြန်စွာ ပိတ်လိုက်ကြ၏။
သူတို့အနေနှင့် ဂိတ်တံခါးအား ဖွင့်လှစ်ပြီးနောက် ချက်ချင်း ပြန်လည်ပိတ်ခိုင်းမှုအပေါ် ထူးဆန်းစွာ ခံစားရပေမယ့် မေးခွန်းအများကြီး မေးမြန်းရဲခြင်း မရှိပေ။
ယခုကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်များ၏ လျှို့ဝှက်ချက်နှင့် ပက်သက်သည့်အရေးတွင် သိရှိတာ နည်းပါက ပိုမိုလုံခြုံမှုရှိ၏။
သိုင်းတစ်ထောင်ခန်းမမှ အကြီးအကဲနှစ်ဦးတို့သည် ဧကရာဇ်ကျိန်နှင့်အတူ ပြန်လည်ထွက်ခွာလာခဲ့၏။ ဧကရာဇ်ကျိန်အား မာကျောသောလေသံဖြင့် အကြိမ်ပေါင်းများစွာ သတိပေးပြီးနောက် နောက်ဆုံးတွင် ထွက်ခွာသွားကြသည်။
တစ်ရက်ကြာပြီးနောက် ဧကရာဇ်ကျိန်သည် စစ်ဆေးရေးလှည့်လည်ခြင်းဟူသည့် အကြောင်းပြချက်ဖြင့် ခန်းမကြီးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ ပြီးနောက် အစောင့်နှစ်ယောက်တို့ကို တာဝန်လစ်ဟင်းသည်ဟု တစ်ခါတည်း ဆွဲချက်ယူကာ နေရာမှာတင် သုတ်သင်ခဲ့သည်။ လူသစ်များဖြင့် အစားထိုးလိုက်၏။
ဤသည်မှာ ကိစ္စသေးလေးသာ ဖြစ်သည်။ ဧကရာဇ်ကျိန်ကို စိတ်အလိုမကျ ဖြစ်စေသောကြောင့် အစောင့်နှစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းကိစ္စမှာ မည်သူမှဂရုစိုက်စရာမလိုသည့် အကြောင်းဖြစ်သည်။
လင်းယွီဂိတ်တံခါး၏ ပျောက်ကွယ်မှုအတွက် မည်သူမှ မသိရှိကြပါ။ ဧကရာဇ်ကျိန်သည် စကားတစ်ခွန်းကိုမှ ထုတ်ဖော်ပြောကြရဲခြင်း မရှိပေ။ အခြား အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများပင် အပါအဝင်ဖြစ်၏။ မဟုတ်ပါက သူသည် သေချာပေါက် သတ်ဖြတ်ခံရမှာဖြစ်၏။
တစ်ချိန်တည်းတွင် သိုင်းတစ်ထောင်ခန်းမမှ အကြီးအကဲနှစ်ယောက်တို့သည် သိုင်းတစ်ထောင်ခန်းမဆီသို့ အလျှင်အမြန် ပြန်ခဲ့ကြ၏။
"ရွှီယန်ရဲ့ အားနည်းချက်ကို မင်းတို့တွေ ရှာတွေ့ခဲ့ကြလား... ထိန်းချုပ်ပြီးပြီလား.."
သိုင်းတစ်ထောင်အရှင်သခင်က မေးသည်။
"မင်းတို့သွားတာ တော်တော်လေး မြန်တယ်နော်..."
"ခန်းမအရှင်... ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်.."
အကြီးအကဲနှစ်ယောက်၏ မျက်နှာများက လေးနက်သွားသည်။
"ဘာဖြစ်ခဲ့လို့လဲ.."
သိုင်းတစ်ထောင်အရှင်သခင်၏ မျက်နှာက လေးနက်သွား၏။
"ငါတို့ရဲ့လုပ်ဆောင်ချက်ကို ရွှီယန်သိသွားလို့လား.."
"မဟုတ်ပါဘူး ခန်းမအရှင်... အဲ့ဒါထက်တောင် ပိုပြီးတော့ ကိစ္စကြီးပါတယ်.."
"ဘာကိစ္စတုန်း မြန်မြန်လေးပြော.."
"လင်းယွီဂိတ်တံခါး မရှိတော့ပါဘူး.."
"ဘာပြောလိုက်တယ်.."
သိုင်းတစ်ထောင်ခန်းမ အရှင်သခင်သည် ကဗျာကယာမတ်တပ်ထရပ်၏။
"လင်းယွီဂိတ်တံခါးက ပျောက်ကွယ်သွားတာပါ.."
အခြားအကြီးအကဲကလည်း ညှို့မှိုင်းစွာဖြင့် ပြောသည်။
"ပျောက်ကွယ်သွားတယ်... လင်းယွီဂိတ်တံခါးက ဒီအတိုင်း ဘယ်လိုလုပ်ပြီးတော့ ပျောက်ကွယ်သွားမှာလဲ.."
သိုင်းတစ်ထောင်အရှင်သခင်၏ မျက်နှာသည် မယုံကြည်နိုင်ဘူးလို့ဖြင့် ပြည့်နက်နေ၏။
"ခန်းမအရှင်... ဒီကိစ္စက လုံးဝကို မှန်ကန်ပါတယ်.."
အကြီးအကဲနှစ်ယောက်က ဖြစ်ပျက်သမျှ အရာအားလုံးကို အသေးစိတ်ရှင်းပြ၏။ သူတို့၏ မျက်နှာများက မဲမှောင်စွာ ရှိနေကြသည်။
"အခုတော့... ဒီကိစ္စကို ကျွန်တော်တို့သုံးယောက်ပဲ သိပါတယ်... အစောင့်တွေကိုလည်း ရှင်းပြီးနေလောက်ပြီ။ ခန်းအရှင်... ကျွန်တော်တို့ ဘာလုပ်သင့်လဲ... အခြားဂိုဏ်းတွေကို အကြောင်းကြားရမှာလား.."
အကြီးအကဲတစ်ယောက်က မေး၏။
သိုင်းတစ်ထောင်အရှင်သခင်က ခန်းမအတွင်းတွင် ဘယ်ညာနှစ်ဖက် လမ်းလျှောက်နေ၏။
သူသည် မယုံကြည်နိုင်စွာ ရှိနေဆဲရှိသည်။ လင်းယွီဂိတ်တံခါးသည် ပျောက်ကွယ်သွားခဲ့သည်လား။ ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားခဲ့သနည်း။ အဘယ်ကြောင့်နည်း။
"နောက်ဆုံးအကြိမ် ဖွင့်လှစ်ပြီးတဲ့နောက်မှာ... လင်းယွီဂိတ်တံခါးကို ထပ်ပြီးတော့ ဖွင့်လှစ်ခဲ့တဲ့သူရှိလား.."
သိုင်းတစ်ထောင်အရှင်သခင်က ရပ်တန့်သွားပြီးနောက်မေးသည်။
"မရှိပါဘူး.."
သူသည် ခန်းမအတွင်းတွင် ထပ်မံ လမ်းလျှောက်နေပြန်၏။ လင်းယွီဂိတ်ဂိတ်တံခါး၏ ပျောက်ကွယ်သွားမှုသည် လင်းနယ်မြေအတွက် ကြီးမားသည့် အဖြစ်အပျက်ဖြစ်သည်။
အခြားစိတ်ဝိဉာဉ်ဂိုဏ်းများအတွက် ၎င်းသည် နိမ့်ကျသည့် အတွင်းဘက်နယ်မြေသို့ သွားရောက်ရန် တံခါးတစ်ခု ဆုံးရှုံးသွားခြင်းသာ ရှိ၏။
သို့ပေမယ့် သူတို့ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများကမူ လင်းယွီဂိတ်တံခါး၏ အရေးပါပုံကို သိရှိ၏။ လက်ရှိအချိန်၌ သိုင်းတစ်ထောင်ခန်းမ အရှင်သခင် အနေနှင့် စဉ်းစားရန် လိုအပ်သည်မှာ ဂိတ်တံခါး၏ပျောက်ကွယ်သွားမှုကို ဖုံးကွယ်ထားရမည်လား။ သို့မဟုတ် ထုတ်ဖော်ပြောကြရမည်လားဟူ၍ ဖြစ်၏။
အခြား အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများကို ထုတ်ဖော်ပြောကြားပါက သူတို့၏ လင်းနယ်မြေသို့ သွားရောက်လိုသည့် ရည်ရွယ်ချက်အား ပေါ်သွားစေနိုင်သည်။
ထိုကိစ္စသာ ပေါ်သွားပါက ပြဿနာသည် ကြီးလည်းကြီးနိုင်သလို သေးလည်းသေးနိုင်၏။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ ရွှီယန်၏နောက်ကွယ်ရှိ ကောင်းကင်အရှင်၏ တည်ရှိမှုနှင့် သက်ဆိုင်နေပါသည်။
"လင်းယွီဂိတ်တံခါး ပျောက်ကွယ်သွားတဲ့ သတင်းကို လုံးဝပေါက်ကြားလို့မရဘူး... အဲ့ဒီ့ကိစ္စကို ငါတို့တွေမသိသလိုပဲနေကြမယ်။ ပြီးတော့ အခြားအဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေကိုလည်း စောင့်ကြည့်ထား။ သူတို့တွေ လင်းယွီဂိတ်တံခါးကို ဖွင့်လှစ်ပြီး အတွင်းဘက်နယ်မြေကိုသွားဖို့ စီစဉ်နေလားဆိုတာကိုပေါ့.."
သိုင်းတစ်ထောင်အရှင်သခင်က နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။
"ဟုတ်ကဲ့ပါ ခန်းမအရှင်.."
အကြီးအကဲနှစ်ယောက်တို့က ခေါင်းငြိမ့်၏။
တစ်ယောက်က စိုးရိမ်နေသည့်မျက်နှာဖြင့် မေးသည်။
"ခန်းမအရှင်... လင်းယွီဂိတ်တံခါး ပျောက်ကွယ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခု ပေါ်လာနိုင်မလား... ကျွန်တော်တို့တွေ အခြား အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေကို အကြောင်းမကြားဘူးဆိုရင် တစ်ခုခု ဖြစ်တဲ့အခါ..."
သိုင်းတစ်ထောင်အရှင်သခင်က ညှို့မှိုင်းစွာ ပြောသည်။
"ဒီဗိုင်းတံခါးရဲ့ ဖွင့်လှစ်မှုက ရောက်လာတော့မယ်... ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲက အနှေးနဲ့အမြန် နောက်ဆုံးအဆင့်ကို ဝင်ရောက်တော့မှာ။ ငါတို့တွေ အဲ့ဒီ့နေရာကိုဝင်ဖို့အတွက် အချိန်ကျလာခဲ့ပြီ.."
အပိုင်း ၆၂၃ - သိုင်းတစ်ထောင်အရှင်သခင်၏ ဆုံးဖြတ်ချက်၊ ဟိုင်ကျိုးသို့ လွတ်မြောက်ခြင်း(၂)
"ရွှီယန်ရဲ့နောက်မှာ ကောင်းကင်အရှင်တစ်ယောက် ရှိနေလိမ့်မယ်... သူတို့တွေ အတွင်းဘက်နယ်မြေမှာ ဘာတွေလုပ်နေတာလဲ။ လင်းနယ်မြေမှာရောပဲ.."
"လင်းယွီဂိတ်တံခါးရဲ့ ပျောက်ကွယ်သွားမှုကနေ ပြောင်းလဲမှုအချို့ကို ကာကွယ်ဖို့ ကြိုးစားနေတာလား... ဒီကိစ္စတွေက မင်းတို့ငါတို့ သိနိုင်တဲ့အရာ မဟုတ်ဘူး.."
"အဲ့ဒါကြောင့်မလို့ သတင်းသာပေါက်ကြားသွားရင် ငါတို့သိုင်းတစ်ထောင်ခန်းမက ဒီကိစ္စကို ရှာဖွေတွေ့ရှိသွားပြီး ပေါက်ကြားစေခဲ့တာဆိုတာ သူတို့သိသွားလိမ့်မယ်။ အဲ့ဒါဆိုရင် ငါတို့ကို ရန်လိုလာတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ.."
"ဘာပဲဖြစ်ဖြစ်... ငါတို့တွေ ဘာမှမသိသလိုပဲ နေသင့်တယ်... ဒီကိစ္စမှာ သိုင်းတစ်ထောင်ခန်းမ မပါဝင်ဘူး။ အရာအားလုံး ဒီဗိုင်းတံတား ဖွင့်လှစ်တဲ့အချိန်အထိ စောင့်ရမယ်.."
ထိုစကားများကိုကြားရပြီးနောက် အကြီးအကဲနှစ်ယောက်တို့သည် တုန်ခါသွားကြ၏။ ခန်းမသခင်၏စကားမှာ အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည်။
"ဟုတ်ကဲ့ပါခန်းမသခင်... ကျွန်တော်တို့ နားလည်ပါတယ်.."
သိုင်းတစ်ထောင်ခန်းမ အရှင်သခင်က ခေါင်းငြိမ့်ကာ လေးနက်သည့် အသံဖြင့်ပြောသည်။
"ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်ရအောင်... ရွှီယန်ရဲ့ အားနည်းချက်ကို ရှာဖို့ကိစ္စလည်း ဆက်ပြီးတော့ မပြောနဲ့တော့။ ပါရမီရှင်တွေအကြား တိုက်ပွဲအပေါ်ကိုပဲ အာရုံစိုက်ကြမယ်.."
လင်းယွီဂိတ်တံခါး၏ ပျောက်ကွယ်သွားမှုသည် သိုင်းတစ်ထောင်အရှင်သခင်၏ စိတ်ထဲတွင် ကြီးမားသည့်လေးလံမှုကို ဖြစ်ပေါ်စေ၏။ သူသည် ထိုကိစ္စနှင့်ပတ်သက်ပြီး မသိသလိုသာ ဟန်ဆောင်နေနိုင်သည်။
ကျိုးနိုင်ငံ၏ အင်ပါရီယာမြို့တော်တွင် စုလင်းရှုံတို့သည် ကျစ်ယွင်၏ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်တွင် လှည့်လည်သွားလာကြ၏။
ကျိုးနိုင်ငံမှ သူတို့အား မျက်နှာချိုသွေးချင်သည့် ပါရမီရှင်များ အားလုံးမှာ ချွင်းချက်မရှိဘဲ မောင်းထုတ်ခြင်းခံလိုက်ရသည်။
မုန့်ချုံကိုလည်း လျှင်မြန်စွာ မှတ်မိသွားကြ၏။ ဤသည်မှာ ဆေဘာအရှင်သခင် မုန့်ချုံဖြစ်သည်။ သူ့ကိုမှတ်မိသွားသည်နှင့် ကျိုးနိုင်ငံမှ ပါရမီရှင်အချို့က စိတ်လှုပ်ရှားစွာဖြင့် စိန်ခေါ်လာကြသည်။
မုန့်ချုံ၏ တုံ့ပြန်မှုမှာတော့ အင်ပါရီယာမြို့တော်ရှိ ဂုဏ်သတင်းကြီးမားသည့် နာမည်ကျော်ပါရမီရှင် တစ်ယောက်ကို လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားစေခြင်း ဖြစ်သည်။
ဤသည်မှာ သာမန်ယှဉ်ပြိုင်မှုတစ်ခုသာ ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ခွန်အားအပြည့်ကို အသုံးပြုခြင်းမရှိပေ။
လီရွှမ်မှာလည်း ကျိုးနိုင်ငံ၏ နန်းတော်အတွင်းတွင် သက်တောင့်သက်သာဖြင့် လှည့်လည်သွားလာနေ၏။ နန်းတော်အတွင်းတွင် လူစိမ်းတစ်ယောက်ရောက်ရှိနေသည်ကို မည်သူမှ သတိထားမိခြင်းမရှိပေ။
'ရွှီယန်က ဧကရာဇ်ချီရဲ့ မောင်းမဆောင်မှာ သူ့ရဲ့စိတ်ကို လေ့ကျင့်ပျိုးထောင်ခဲ့တယ်... ဒီကျိုးနိုင်ငံရဲ့ မောင်းမဆောင်ကတော့ သေးငယ်တဲ့နေရာက နိုင်ငံတွေထက် အများကြီးပိုပြီးတော့ သာလွန်တယ်။ ဧကရာဇ်ကျိုးက တကယ့်ကို မျက်စိကောင်းတာပဲ..'
'သိုင်းသမတွေရဲ့ ကပြဖျော်ဖြေမှုကလည်း တကယ်ကိုချီးကျူးဖို့ကောင်းတယ်... သူတို့ရဲ့ အသွင်သဏ္ဍာန်၊ ပျော့ပျောင်းမှု၊ ခက်ခဲတဲ့လှုပ်ရှားမှုတွေက ထူးခြားတယ်။ ကျိုးဧကရာဇ်ရဲ့ကျင့်စဉ်က မီးတောက်လမ်းစဉ်ကိုအခြေခံတယ်။ ကြည့်ရတာ သူကတော်တော်လေး စိတ်ဓာတ်ထက်သန်မယ့်ပုံပဲ..
လီရွှမ်သည် ကျောက်ဆောင်တစ်ခု၏ အပေါ်တွင်ထိုင်ကာ ကျိုးနိုင်ငံ မောင်းမများ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှု့ပြီး သက်ပြင်းချ၏။
ဧကရာဇ်ကျိုး၏ ခန္ဓာကိုယ်အတွင်းတွင် ပူပြင်းကာ ပြင်းထန်သည့် စွမ်းအားတစ်ခု ရှိနေ၏။ ဤသည်မှာ မီးတောက်ကိုအခြေခံသည့် ကျင့်စဉ်ကြောင့် ဖြစ်သည်။
သူ၏စွမ်းအားသည် အားနည်းခြင်းမရှိဘဲ မီးတောက်၏သဘာဝဖြင့် ပိုမိုကာ လှုပ်ရှားတက်ကြွ၏။
လီရွှမ်သည် ကျိုးနိုင်ငံ၏ အင်ပါရီယာနန်းတော်အတွင်းတွင် သက်တောင့်သက်သာ လှည့်လည်ရင်း မည်သည်ကိုမှ ဂရုမစိုက်ဘဲ ကျမ်းစာဆောင်ဆီသို့ ရောက်ရှိလာခဲ့သည်။
ကျမ်းစာဆောင်တွင် စောင့်ကြပ်နေသည့် အဆင့်လွန်သိုင်းသမားများ ရှိပေမယ့် သူ့အနေနှင့် အနည်းငယ်မျှ ဂရုစိုက်ခြင်း မရှိပေ။
ခြေတစ်လှမ်းနှင့် လျှို့ဝှက်ဆန်းကြယ်သည့် တံခါးတစ်ခု တိတ်တဆိတ်ပေါ်လာခဲ့၏။ စောင့်ကြပ်နေသည့် သိုင်းသမားများ၏ မျက်လုံးထဲတွင် အရာအားလုံးသည် သာမန်အတိုင်းသာ ရှိနေပြီး မည်သူမှ ချဉ်းကပ်လာခြင်း မရှိပေ။ ကျမ်းစာဆောင်အတွင်းသို့ မည်သူမှ ဝင်ရောက်ခဲ့ခြင်း မရှိပါ။
လီရွှမ်သည် ကျမ်းစာဆောင်အတွင်းတွင် သက်တောင့်သက်သာလှည့်လည်ရင်း ထိပ်ဆုံးအထပ်ဆီသို့ ဦးတည်သွား၏။ ထိုနေရာတွင် အဓိကပစ္စည်းများကို သိုလှောင်ထားပြီး သူ၏ စိတ်ဝင်စားမှုကို မြင့်တက်စေသည့် ပစ္စည်းများလည်း ပါဝင်သည်။
ထိပ်ဆုံးထပ်ရှိ ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်ကာ လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် စာအုပ်တစ်အုပ်သည် သူ့ဆီသို့ပျံသန်းလာ၏။ ထိုကဲ့သို့သော အပူအပင်ကင်းသည့် အသွင်ဖြင့် လီရွှမ်သည် ကျိုးနိုင်ငံ၏ စုဆောင်းမှုများ၊ ကျင့်စဉ်များနှင့် လျှို့ဝှက်မှတ်တမ်းများ အစရှိသည်တို့ကို ဖတ်ကြားခဲ့သည်။
စုလင်းရှုံတို့အုပ်စုက စည်ကားသိုက်မြိုက်သည့် အင်ပါရီယာမြို့တော် အတွင်းတွင် လှည့်လည်နေစဉ် လီရွှမ်သည် အင်ပါရီယာနန်းတော်အတွင်းရှိ ကျမ်းစာဆောင်မှ စုစည်းမှုများကို အေးဆေးစွာ ဖတ်ရှု့နေခဲ့၏။ ရွှီယန်မှာတော့ ဖန်းဟောင်ကို ရှာဖွေရန် ချန်ကျိုးသို့ ရောက်ရှိနေပြီးဖြစ်သည်။
"အစ်ကိုကြီး.."
ဆက်သွယ်ရေးအဆောင်မှ သတင်းကို ရရှိပြီးနောက် ဖန်းဟောင်သည် အလျှင်အမြန် ရောက်ရှိလာခဲ့၏။ သူ၏နောက်တွင် ယွဲ့ချန်မင် ပါလာခဲ့သည်။
"စတုတ္ထညီ... မဟာမိတ်ခေါင်းဆောင်ငယ်တစ်ယောက် အနေနဲ့ မင်းကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်.."
ရွှီယန်က အပြုံးတစ်ခုဖြင့် ပြောသည်။
"ဟီးဟီးဟီး... ဒီလိုပါပဲ.."
ဖန်းဟောင်က ပြုံး၏။
သူသည် ယခုအချိန်၌ ခေါင်းဆောင်ငယ်သာ ဖြစ်ပေမယ့် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ စစ်မှန်သည့် ဦးဆောင်သူတစ်ဦး ဖြစ်လာခဲ့ပါပြီ။
ဆက်သွန်ရေးအဆောင်ကို တီထွင်ကာ ဆက်သွယ်ရေးကွန်ရက်အသစ်ကို တည်ဆောက်ခဲ့ကတည်းက တယ်လီပို့အခင်းအကျင်းများနှင့် တည်ဆောက်ကာ မြို့ကြီးများကို ဆက်သွယ်နိုင်ခဲ့သည်။
ဤသည်က သွားလာမှုကို အလွန် လွယ်ကူလာစေခဲ့၏။ ချန်ကျိုးသည် ကြီးမားသည့် ပြောင်းလဲမှုတို့ ဖြစ်ပေါ်ခဲ့သည်။
လေလွင့်သိုင်းသမားတို့သည် မြို့အတွင်း၌ ထူထဲစွာရှိနေပြီး အချို့စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများပင်လျှင် ချန်ကျိုး၌ အဖွဲ့ခွဲများကို တည်ဆောက်ရန် ဆုံးဖြတ်လာကြသည်။
မြို့များအကြား သွားလာနိုင်မှုမှာ မြန်ဆန်ပြီး ချန်ကျိုး၏ လူဦးရေမှာ ပိုမိုများပြားလာခဲ့သည်။ ဤသည်က တဖြည်းဖြည်း စတင်စည်ကားလာစေ၏။
သို့ရာတွင် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဆက်လက်ကြီးထွားမှုကို ထိုင်ကြည့်နေမည် မဟုတ်ကြောင်းအား လူတိုင်းသိကြ၏။
သူတို့သည် အခွင့်အခါကောင်းကို စောင့်စားနေခြင်းသာဖြစ်ပြီး ပါရမီရှင်များ၏ တိုက်ပွဲအတွင်းတွင် မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို နင်းခြေရန် နည်းလမ်းများ ရှာဖွေနေကြသည်။ နောက်ကွယ်တွင် ပိုမိုကြီးမားသည့် ကိစ္စများကိုပင် ကြံစည်နေလောက်၏။
ထိုသို့ဆိုလျှင်တောင် ဒေသအသီးသီးရှိ သိုင်းသမားများသည် အဆုံးမသတ်နိုင်သော ရေစီးကြောင်းကဲ့သို့ ချန်ကျိုးဆီ ဝင်ရောက်လာကြ၏။
သူတို့သည် တယ်လီပို့အခင်းအကျင်းဟူသည့် မှော်ဆန်သည့်ပစ္စည်းကို တွေ့ကြုံခံစားရန် သက်သက်ပင် ရောက်ရှိလာလေ့ ရှိသည်။
ဤနည်းအားဖြင့် ချန်ကျိုးသည် လင်းနယ်မြေ၏ ဗဟိုချက်တစ်ခု ဖြစ်လာရန် အလားအလာတို့ ကြီးမားလာ၏။
ရွှီယန်နှင့် ဂျူနီယာညီ ဖန်းဟောင်တို့သည် အတိတ်အကြောင်းများကို ခဏတာ ပြောဆိုကြပြီးနောက် ရွှီယန်က မိုးပြာရောင်ပင်လယ်ဆီသို့ သွားရောက်မည့် ခရီးစဉ်အကြောင်းကို ပြောသည်။
"ဂျူနီယာညီလေး... မင်းမှာ မိုးပျံသင်္ဘောတစ်ခုလောက် ရှိလား.."
ရွှီယန်က မေးသည်။ သူ၏ ရောက်ရှိလာရသည့်အကြောင်းမှာ မိုးပျံသင်္ဘောကိစ္စကြောင့် ဖြစ်၏။ မိုးပြာရောင်ပင်လယ်သည် ကျယ်ပြောပြီး မိုးပျံသင်္ဘောသာ ရှိပါက ခရီးစဉ်ကို ပိုမိုလွယ်ကူကာ သက်တောင့်သက်သာ ရှိစေမှာဖြစ်၏။
"အစ်ကိုကြီး... မိုးပြာရောင်ပင်လယ်မှာ ရတနာတွေ သွားရှာမလို့လား... အဲ့ဒါဆိုရင် ပင်လယ်ထဲကို သေချာပေါက်ဝင်ရောက်ရမှာပဲ။ ကျွန်တော် ရေငုပ်ပြီးတော့ သွားလာနိုင်တဲ့ သင်္ဘောတစ်ခုကို ဖန်တီးပေးမယ်.."
ဖန်းဟောင်က ခဏတာစဉ်းစားပြီးနောက် ပြောသည်။
"အဲ့ဒါဆိုရင် ပိုကောင်းတာပေါ့... မိုးပြာရောင်ပင်လယ်မှာ ငါရှာဖွေချင်တဲ့ နေရာတွေ အများကြီးရှိတယ်။ မိုးပျံသင်္ဘောတစ်ခုနဲ့ဆိုရင် ပိုပြီးတော့ လွယ်ကူသွားမှာ.."
ရွှီယန်က ထောက်ခံစွာ ခေါင်းငြိမ့်သည်။
"အစ်ကိုကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ရက်အနည်းငယ်လောက် စောင့်ပေးပါ.."
"ကောင်းပြီ.."
ဖန်းဟောင်သည် ရွှီယန်အတွက် မိုးပျံသင်္ဘောတစ်ခုကို စတင်ပြုလုပ်၏။ ၎င်း၏ အရေးအကြီးဆုံး လုပ်ဆောင်မှုများထဲမှတစ်ခုမှာ ပင်လယ်တွင်သွားလာကာ ရေအောက်ကို ရှာဖွေနိုင်ခြင်း ဖြစ်၏။ ထိုအတွက် ဂရုတစိုက် စီစဉ်ရသည်။
ဆယ်ရက်ကျော်ကြာပြီးနောက် ဖန်းဟောင်သည် အပြာနုရောင်ရှိသည့် မိုးပျံသင်္ဘောတစ်ခုကို ကိုင်ဆောင်ရင်းက ရောက်လာခဲ့၏။
"အစ်ကိုကြီး... မိုးပျံသင်္ဘော အဆင်သင့်ဖြစ်ပြီ... အဲ့ဒါက ရေအောက်မှာ သွားလာနိုင်သလို ရေကိုလည်း လမ်းလွှဲလို့ရတယ်... လားရာကိုလည်း ဆုံးဖြတ်ပေးနိုင်တယ်.."
ဖန်းဟောင်က ထိုမိုးပျံသင်္ဘောနှင့် ပတ်သက်ပြီး အချက်အလက်များကို မိတ်ဆက်ပေးကာ အရေးကြီးသော လုပ်ဆောင်ချက်များကို ရှင်းပြသည်။
လမ်းပျောက်ခြင်းကို ကာကွယ်ရန်အတွက် စတင်မှတ်ဆီသို့ ပြန်ခြင်းနှင့် လားရာကို ဆုံးဖြတ်ခြင်းဟူသည့် စွမ်းရည်တို့မှာ မရှိမဖြစ် ဖြစ်၏။
"ဒါက ရေကြောင်း ကြည့်ရှု့မှုပုတီးလုံးပဲ... နေရာတစ်ခုမှာတင်ပြီးရင် သင်္ဘောပေါ်က ရေကြောင်းအခင်းအကျင်းကို အသက်သွင်းလို့ရတယ်။ ပြီးရင်သင်္ဘောက ပုတီးလုံးရှိတဲ့ တည်နေရာကို ပြန်သွားလိမ့်မယ်.."
ဖန်းဟောင်က လက်သီးဆုပ်အရွယ်ရှိ အပြာရောင်ပုတီးလုံးများကို ထုတ်ပေးသည်။
ထိုစကားကို ကြားရပြီးနောက် ရွှီယန်မှာ ဝမ်းသာသွား၏။
ပြောသည့်အတိုင်းသာ အလုပ်ဖြစ်ပါက သူ့အနေနှင့် ကျောက်စိမ်းပင်လယ် အမှောင်လှောင်ချိုင့်၌ လမ်းပျောက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။
"ဒါပေမယ့်... အခင်းအကျင်းမှာ အကန့်အသက်တွေရှိတယ်... နေရာပိုဝေးလေလေ ရေကြောင်းအတိုင်း ပြန်လာဖို့ ခက်လေပဲ။ မိုင်တစ်ထောင်အတွင်းမှာ တည်ငြိမ်မှုအကောင်းဆုံးပဲ... ဒါ့ကြောင့်မလို့ အစ်ကိုကြီး ကျေးဇူးပြုပြီး သတိထားပါ.."
ဖန်းဟောင်က သတိပေးသည်။
"ငါနားလည်ပြီ.."
ရွှီယန်က ခေါင်းငြိမ့်၏။ ဘာပဲဖြစ်ဖြစ် အခင်းအကျင်းသည် အနှောင့်အယှက်များ၏ လွှမ်းမိုးမှုကို အမှန်တကယ်ကို ခံရနိုင်၏။
အမှောင်လှောင်ချိုင့်၏ အနှောင့်ယှက်များမှာ ယခုအချိန်၌ မသိနိုင်အောင် ရှိနေပါသည်။ ထို့ကြောင့် လူတစ်ယောက်အနေနှင့် ဂရုတစိုက်ရှိကာ သတိထားရမည်ဖြစ်၏။
"ဒီမိုးပျံသင်္ဘောက သမုဒ္ဒရာအောက်ကို ငုပ်နိုင်တယ်ဆိုကတည်းက ဟိုင်ကျိုးသို့ လွတ်မြောက်ခြင်းလို့ ခေါ်တာပေါ့.."
ရွှီယန်က လက်ဝါးပေါ်တွင် မိုးပျွသင်္ဘောကို ကိုင်ဆောင်ရင်းက ပြော၏။
"ဂျူနီယာညီလေး... ပါရမီရှင်တွေအကြားတိုက်ပွဲ မပြီးဆုံးခင်မှာ ငါပြန်လာခဲ့မယ်.."
သူက အပြုံးတစ်ခုဖြင့် ဆိုသည်။
"ကျွန်တော် စီနီယာအစ်ကိုကြီးပြန်လာပြီး လင်းယွီရဲ့ပါရမီရှင်တွေကို အနိုင်ယူတာကို စောင့်နေပါ့မယ်.."
ဖန်းဟောင်မှာ စိတ်အခြေအနေတို့ တက်ကြွစွာရှိနေ၏။
"ဟားဟား... လင်းယွီအဆင့်ရဲ့ ထိပ်ဆုံးလေးနေရာက ငါတို့ရဲ့အပိုင်ပဲ ဖြစ်လိမ့်မယ်.."
ရွှီယန်သည် ရယ်မောရင်းက လေထဲသို့မြင့်တက်သွားသည်။ ပေ၃၀ရှိသည့် မိုးပျံသင်္ဘောတစ်ခု ထွက်ပေါ်လာပြီး အပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်ခွာသွား၏။
"ကျောက်စိမ်းပင်လယ်..."
ဖန်းဟောင်သည် မျှော်လင့်မှုအချို့ဖြင့် သက်ပြင်းချ၏။
သူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ပြီး ခေါင်းဆောင်ငယ်ရာထူးကို ရယူပြီးကတည်းက လွတ်လပ်စွာနေနိုင်ခြင်း မရှိတော့ပေ။ သူ၏ စီနီယာ အစ်ကိုအစ်မများကဲ့သို့ အလွယ်တကူ လှည့်လည်သွားလာနိုင်ခြင်း မရှိပါ။
"မင်းအကိုကြီးရဲ့ လွတ်လပ်ပြီး အထိန်းအကွပ်မဲ့တဲ့ ဘဝကို အားကျနေတာလား.."
ယွဲ့ချန်မင်က အပြုံးတစ်ခုဖြင့် ပြော၏။
"နည်းနည်းပါ... ဒါပေမယ့် မကြာခင် ကျွန်တော်လည်း အဲ့လို စွမ်းဆောင်နိုင်လိမ့်မယ်.."
ဖန်းဟောင်က ခေါင်းငြိမ့်သည်။ မျိုးဆက်စုံ မဟာမိတ်အဖွဲ့သည် သူ၏ သိုင်းပညာခရီးစဉ်၌ အတွေ့အကြုံတစ်ခုသာ ဖြစ်၏။ သူသည် ဒီနေရာတွင် ထာဝရပိတ်လှောင်နေမည် မဟုတ်ပေ။
လင်းနယ်မြေရှိ အခြေအနေတို့ ပြောင်းလဲသွားပါက မဟာမိတ်အဖွဲ့ရှိ အရေးကိစ္စများကို လက်လွှဲကာ သူ၏ ကိုယ်ပိုင်သိုင်းပညာ လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းမည် ဖြစ်သည်။
စီနီယာအစ်ကိုအစ်မများကဲ့သို့ လွတ်လပ်ကာဖြင့် အနှောင်အဖွဲ့တို့ ကင်းနေမည် ဖြစ်၏။ အရပ်ရှစ်မျက်နှာကိုခြေဆန့်ကာ လောကကြီးကိုစိန်ခေါ်ပြီး ပါရမီရှင်အားလုံးတို့ကို အနိုင်ယူမည် ဖြစ်သည်။
"ငါတော့ ချန်ကျိုးကို မုန်တိုင်းထန်မယ့် နေရာတစ်ခု ဖြစ်လာမယ်လို့ ခံစားရတယ်.."
ယွဲ့ချန်မင်က သက်ပြင်းချသည်။ တယ်လီပို့အခင်းအကျင်းတို့မှာ ပိုမို အံ့ဩစရာကောင်းလေလေ ပိုမိုကြီးမားသည့် မုန်တိုင်းကို ယူဆောင်လာနိုင်လေ ဖြစ်၏။
ယနေ့၏ တည်ငြိမ်မှုသည် အချိန်ခဏသာ ဖြစ်၏။ မုန်တိုင်းစတင်သည်နှင့် စိတ်ကူး၍ မရနိုင်အောင် ကြမ်းကြုတ်လှမှာ ဖြစ်သည်။
"မုန်တိုင်းဘယ်လောက်ပဲကြီးကြီး... အလွန်ဆုံး မဟာမိတ်အဖွဲ့ ရှုံးနိမ့်တာပဲ ဖြစ်မှာ။ ကျွန်တော်ကတော့ ဘယ်တော့မှ ပျက်စီးသွားမှာမဟုတ်ဘူး.."
ဖန်းဟောင်က ရယ်၏။
ယွဲ့ချန်မင်က သက်ပြင်းချသည်။ မုန်တိုင်းမှာ မည်မျှကြီးမားစေကာမူ ဖန်းဟောင်ကို ထိခိုက်စေမည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူ၏နောက်တွင် ဂုဏ်သရေရှိ ဆရာကြီးရှိ၏။
ရွှီယန်သည် မိုးပျံသင်္ဘော၏ ကနားတစ်ခုအတွင်းတွင်ထိုင်ကာ စိတ်ဝိဉာဉ်ပုံဆောင်ခဲတို့ကို လုံလောက်မှုရှိအောင် ထည့်ပေါင်းနေ၏။ ပြီးနောက် စတင်ကျင့်ကြံမှုပြုကာ သိုင်းပညာကို လေ့လာဆင်ခြင်သည်။
သင်္ဘောသည် အပြာရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးပြာရောင်ပင်လယ်ဘက်ဆီသို့ ပျံသန်းသွား၏။
အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ အမြန်နှုန်းထပ်ပင် ပိုမိုနေပါသည်။
တစ်နေ့တွင် မိုးပျံသင်္ဘောသည် တိမ်ထူသည့် ကောင်းကင်အတွင်းသို့ ဝင်ရောက်သွား၏။ ရွှီယန်၏ မျက်လုံးများက ပွင့်လာခဲ့သည်။
"မြူဒေသကို ရောက်ပြီ.."
မြူဒေသသည် လင်းယွီရှိ ဒေသ၁၈ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး များပြားလှသည့် တိမ်နှင့်မြူတို့ဖြင့် ကျော်ကြား၏။ မိုးပြာရောင်ပင်လယ်နှင့်လည်း ဆက်စပ်နေသည်။
ရွှီယန်သည် မိုးပြာရောင်ပင်လယ်ဆီသို့ မြူဒေသမှ ဝင်ရောက်ကာ ယွင်ထန်းမိုးပြာရောင်ပင်လယ်မြို့ဆီသို့ သွားရောက်ရန် စီစဉ်ထား၏။
ရှဲ့လင်ဖုန်းကိုရှာဖွေကာ ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးပြီးနောက် ကျောက်စိမ်းပင်လယ် အမှောင်လှောင်ချိုင့်နှင့် အနက်ရောင်ကန်တို့ကို ရှာဖွေရန် စီစဉ်ထားသည်။အပိုင်း ၆၂၄ - ရေခဲဒေသရှိပြောင်းလဲမှုများ၊ မုကျားဖုန်း၏ကံဆိုးသောအတွေ့အကြုံများ
အပြာဖျော့ရောင် မိုးပျံသင်္ဘောသည် ရပ်တန့်ခြင်းလုံးဝမရှိဘဲ မြူကောင်းကင်ကို ဖြတ်သန်းသွား၏။ မြူဒေသကို တစ်ခါတည်းကျော်ဖြတ်ကာ မိုးပြာရောင်ပင်လယ်သို့ ဝင်ရောက်မည် ဖြစ်သည်။
'ဒီမိုးပြာရောင်ပင်လယ်ဆီကို ခရီးစဉ်မှာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို မရောက်နိုင်ရင်တောင်မှ ဒေသ၁၈ခုကို ပြန်ရောက်တဲ့အချိန်မှာ မူလဒီဗိုင်းအဆင့်ရဲ့ ပြီးပြည့်စုံမှုကို ရောက်ရှိနေရမယ်..'
ရွှီယန်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ကိစ္စများသာ ချောမွေ့ပြီး မိုးပြာရောင်ပင်လယ်ရှိ ဒီဗိုင်းပစ္စည်းတို့ကို ရရှိနိုင်ပါက သူ့အနေနှင့် အခြေခံကို တည်ဆောက်ကာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်ရန်လုံလောက်လောက်သည်။
'ပါရမီရှင်တွေအကြား တိုက်ပွဲရဲ့ နောက်ဆုံးစီးချင်း မစတင်မီ မူလဒီဗိုင်းအဆင့်ရဲ့ ပြီးပြည့်စုံမှုကို ရောက်ဖို့က သေချာတယ်။ ငါလုံလောက်တဲ့အခြေခံကို စုစည်းပြီး တိုက်ပွဲပြီးရင် ဒီဗိုင်းဆန္ဒအဆင့်ကို ချက်ချင်းချိုးဖျက်နိုင်ဖို့ပဲ မျှော်လင့်မိတယ်..'
ရွှီယန်သည် အစီအစဉ်ကို စဉ်းစား၏။ သူသာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ဝင်ရောက်ပြီးပါက လင်းနယ်မြေတွင် ပြိုင်ဘက်ကင်းသွားမှာ ဖြစ်၏။ ဆရာဖြစ်သူမှလွဲ၍ သူ၏ပြိုင်ဖက် ရှိတော့မည်မဟုတ်ပေ။
ထိုအခါ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများကို ပြဿနာမရှိဘဲ လက်တစ်ဖက်တည်းနှင့် ကြီးစိုးနိုင်မည် ဖြစ်၏။
'အခြေခံကိုသာ လုံလုံလောက်လောက် စုစည်းနိုင်ရင်... နောက်ဆုံးတိုက်ပွဲနဲ့ အရမ်းနီးကပ်နေလည်း တိုက်ပွဲပြီးမှ အဆင့်ချိုးဖျက်လို့ရတာပဲ... အလျှင်မလိုပါဘူး..'
ရွှီယန်သည် ကိုယ့်ကိုယ်ကိုယ်ရေရွတ်၏။ ဟုတ်ပါသည်။ နောက်ဆုံးတိုက်ပွဲမတိုင်ခင်တွင် လုံလောက်သည့် အခြေခံကို စုစည်းနိုင်မည်လား ဟူသည်မှာ မသေချာသေးပေ။
သူ့အနေနှင့် မိုးပြာရောင်ပင်လယ်မှ ဒီဗိုင်းပစ္စည်းကို အောင်မြင်စွာ ရရှိနိုင်လျှင်တောင် အခြေခံစုဆောင်းရန် အချိန်တစ်ခု လိုအပ်သေး၏။
ရေခဲဒေသသည် လင်းနယ်မြေရှိ ဒေသ၁၈ခုတို့အကြားတွင် လူဦးရေအနည်းဆုံး ဒေသဖြစ်၏။ ရေခဲနှင့်နှင်းပြင်များ၏ ဖုံးလွှမ်းမှုကိုခံထားရပြီး မျက်စိနှင့်မြင်နိုင်သမျှအရာတိုင်းသည် အဖြူရောင်ဖြစ်နေပါသည်။
စိမ်းလန်းသည့်သစ်ပင်များ၊ တောတောင်များ၏ လက္ခဏာရပ်တို့ကို ရှာတွေ့ရန်ခက်ခဲလှ၏။ ရံဖန်ရံခါမြင်တွေ့ရသည့် သစ်ပင်အများစုတို့သည် အဖြူရောင်ရှိပြီး အေးစက်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။
ရေခဲဒေသသည် လင်းနယ်မြေ၏ အအေးစိတ်ဝိဉာဉ်ဆေးပင်များကြွယ်ဝသည့် အရင်းအမြစ်နေရာ ဖြစ်သည်။ လူတစ်ယောက်အနေနှင့် ရေခဲဒေသတွင် အဖြူရောင်မရှိသည့် အပင်တစ်ခုကို ကြုံတွေ့ရပါက ဤသည်မှာ ဒီဗိုင်းဆေးပင်ဖြစ်ဖို့များပါသည်။
ရေခဲဒေသတွင် တိတ်ဆိတ်ခြင်း နှင်းနန်းတော်ဟူသည့် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု ရှိ၏။ ၎င်းသည် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုမဟုတ်ပေမယ့် ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဂိုဏ်းများအကြားတွင် အမြင့်ဆုံး၌ ပါဝင်နေသေးသည်။
ပြောကြသည်မှာ ထိုဂိုဏ်းတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို စုစည်းထားသည့် စွမ်းအားကြီးကြီးပုဂ္ဂိုလ်တစ်ဦး ရှိနေသည်ဟုဆို၏။
တိတ်ဆိတ်ခြင်းနှင်းနန်းတော်သည် ရေခဲဒေသ၏ နက်ရှိုင်းသည့် နေရာဖြစ်သည့် တိတ်ဆိတ်ခြင်းနှင်းတောင်အတွင်းတွင် တည်ရှိသည်။ နန်းတော်တွင် အမျိုးသမီးတပည့်များကိုသာ လက်ခံသည့် လင်းနယ်မြေ၏ ရှားပါးသည့် ဂိုဏ်းအမျိုးအစားထဲမှ တစ်ခုဖြစ်၏။
မည်သည့် အမျိုးသားသိုင်းသမားမှ မရှိပေ။ တိတ်ဆိတ်ခြင်းနှင်းနန်းတော်ရှိ အမျိုးသမီးများသည် သူမတို့၏ အနှိုင်းမဲ့သည့် အလှတရားဖြင့် နာမည်ကျော်ကြား၏။ နှင်းမှုန်များအတွင်းရှိ မိုးပွင့်များသဖွယ်လှပပြီး မှင်သက်ဖွယ်ခန္ဓာကိုယ်အချိုးအစားနှင့် အရေပြားမှာ ကျောက်စိမ်းတမျှ ချောမွေ့သည်။
ရေခဲဒေသ၏ အေးစက်လွန်းမှုကြောင့် ဒီနေရာတွင် ကောင်းကင်လူသားငယ်များ ပင်လျှင် အချိန်ကြာရှည်စွာ နေလိုကြခြင်း မရှိပေ။ ထို့ကြောင့် ယခုမျှသော ကျယ်ပြောသည့် နေရာတွင် မြို့များ သို့မဟုတ် စည်ကားသောနေရာများကို ရှာဖွေတွေ့ရှိနိုင်ရန် ခက်ခဲလှသည်။
တိတ်ဆိတ်ခြင်းနှင်းနန်းတော်ရှိ တပည့်များကို အခြားဒေသများမှ ရွေးချယ်ကာ ခေါ်ယူခဲ့ခြင်းဖြစ်၏။ သူတို့သည် အေးစက်သည့် ရေခဲကျင့်စဉ်များကို ကျင့်ကြံကြသည်။
ထို့ကြောင့် ပြင်းထန်သည့်အေးစက်မှုကို ကြောက်ရွံ့ခြင်းမရှိပေ။ တကယ်တော့ သူတို့အတွက် အေးစက်သော ပတ်ဝန်းကျင်သည် ပိုမိုကာပင် ကောင်းမွန်သည့် ခွန်အားမြင့်တက်မှုကို ဖြစ်ပေါ်စေ၏။
တိတ်ဆိတ်ခြင်းနှင်းနန်းတော်ရှိ မိန်းကလေးများသည် လင်းနယ်မြေတွင် အတိုင်းအတာတစ်ခုအထိ ကျော်ကြားကြ၏။
ပြောကြသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းများမှ အချို့ပါရမီရှင်များသည် သွားရောက်လက်ဆက်လေ့ရှိပြီး သူမတို့၏ အခွင့်ပေးမှုကိုခံရပါက သဘောကျသည့် မိန်းမလှလေးကို အိမ်သို့ပြန်လည် ခေါ်ဆောင်နိုင်လေ့ရှိသည်။
ရံဖန်ရံခါ ပြောစကားများအရ တိတ်ဆိတ်ခြင်းနှင်းနန်းတော်ရှိ မိန်းကလေးများသည် မနှိုင်းယှဉ်သာအောင်လှပပြီး မှင်သက်ဖွယ်ကောင်းကာ အေးစက်သည့် ဆွဲဆောင်မှုတစ်ခုကို ပိုင်ဆိုင်ထားကြသည်ဟုဆို၏။
အထူးသဖြင့် ပူပြင်းသည့် နေ့များတွင်ဖြစ်သည်။
ပြောကြသည်မှာ မီးလမ်းစဉ်ကျင့်စဉ်ကို ကျင့်ကြံထားသည့် သိုင်းသမားတစ်ယောက်သည် တိတ်ဆိတ်ခြင်းနှင်းနန်းတော်မှ မိန်းမလှတစ်ယောက်ကို လက်ထပ်နိုင်ပါက စိတ်လှုပ်ရှားစရာကောင်းလှသည့် အတွေ့အကြုံတို့ကို ရရှိနိုင်သည်ဟု ဆို၏။
သူသည် ရေခဲနှင့်မီးတောက်တို့၏ အံ့ဖွယ်ပေါင်းစည်းမှုကို တွေ့ကြုံခံစားနိုင်သည်။ သို့ရာတွင် ထိုသတင်းများပျံ့နှံ့လာပြီးနောက် နှင်းနန်းတော်သည် ဤသည်ကို ကြီးမားသည့် စော်ကားမှုသဖွယ် မှတ်ယူခဲ့၏။
ထို့ကြောင့် စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်တစ်ယောက်အတွက် နှင်းနန်းတော်မှ မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူနိုင်ရန်မှာ မဖြစ်နိုင်လုနီးပါး ဖြစ်လာခဲ့သည်။
သွေးနတ်ဆိုး၏ကပ်ဘေး ပေါ်ပေါက်လာစဉ်တုန်းက ရေခဲဒေသတွင်လည်း ဆူပူမှုတစ်ခု ဖြစ်ပွားခဲ့၏။ ဤသည်က သွေးနတ်ဘုရားဂိုဏ်းရှိလူများ၏ တိတ်ဆိတ်ခြင်းနှင်းနန်းတော်မှ မိန်းကလေးများကို လိုချင်မှုနှင့်အတူ စစ်ပွဲကြီးကို ဖြစ်ပေါ်စေခဲ့သည်။
သွေးနတ်ဘုရားဂိုဏ်းပျက်စီးကာ သွေးနတ်ဆိုးအတွင်းဘက်နယ်မြေသို့ ဆုတ်ခွာသွားပြီးနောက် ရေခဲဒေသကို အာရုံထားသည့်လူများ ပိုမိုပိုမိုကာ နည်းပါးလာခဲ့သည်။
ထိုအခါ တိတ်ဆိတ်ခြင်းနှင်းနန်းတော်နှင့်ပတ်သက်သည့် ပုံပြင်များလည်း စိတ်ဝိဉာဉ်နယ်မြေ၌ ပြောကြတာရှားပါးလာခဲ့၏။ တိတ်ဆိတ်ခြင်းနှင်းနန်းတော်သည် အခြားဒေသများ၏ မေ့လျော့ခြင်းကို ခံထားရသည့်ပုံပေါ်ပြီး သူတို့သည် တံခါးပိတ်နေသည့် အခြေအနေတစ်ခုသို့ ဝင်ရောက်သွားပုံ ရသည်။
ဒီအချိန်၌ တိတ်ဆိတ်ခြင်းနှင်းနန်းတော်ရှိ မူလအဆောက်အအုံအများစုတို့သည် ပျောက်ကွယ်သွားပြီးဖြစ်၏။
နှင်းနန်းတော်တစ်ခုသာရှိပြီး တိတ်ဆိတ်ခြင်းနှင်းနန်းတော်တစ်ခုလုံးသည် တောက်ပသောအရောင်များဖြင့် ပြည့်နက်နေကာ အထူးလှပနေပါသည်။
နန်းတော်တစ်ခုလုံး၌ ဒီဗိုင်းစိတ်ဝိဉာဉ်ဆေးပင်များ ပြည့်နက်နေခြင်းဖြစ်၏။ နှင်းနန်းတော်၏ နက်ရှိုင်းသည့်အတွင်းပိုင်းတွင် ဂူတစ်ခုကဲ့သို့ အနက်ရောင်ဝဲဂယက်တစ်ခုရှိ၏။
ထိုဂူသည် မြေပြင်ပေါ်တွင်ရှိပုံပေါ်ပြီး လူကိုမြေဂူတစ်ခုမဟုတ်သည့် ခံစားချက်ကိုလည်း ပေးစွမ်းနေ၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးအကြား ပေါ်ပေါက်လာသည့် အပေါက်တစ်ခုနှယ် ခံစားရစေသည်။
ဂူအတွင်းတွင် အမည်မသိ အငွေ့အသက်တစ်ခု ရှိ၏။ ၎င်းသည် ပျံ့နှံ့နေပုံပေါ်ပြီး အတွင်းထဲမှ နွေးထွေးသည့် ခံစားချက်တစ်ခုကိုပင် ရရှိနိုင်သည်။
နှင်းနန်းတော်၏အပြင်ဘက်တွင် ပါးလျသည့်ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အေးစက်သည့် လေပြင်းအကြား၌ တုန်ယင်နေ၏။
သူသည် ဒီဗိုင်းအဆင့်စိတ်ဝိဉာဉ်ဆေးပင်တစ်ခုကို စားလိုက်သည်။ ထိုဆေးပင်သည် သွေးကဲ့သို့နီရဲပြီး သွေးအဆီအနှစ်ကို အားဖြည့်ရာ၌ အံ့သြစရာကောင်းသည့် အာနိသင်ရှိ၏။
'ဒါက ကိုးခုမြောက်အပင်ပဲ... ငါပြန်လည်ကောင်းမွန်လာပြီး ဆက်ပြီးတောင့်ခံနိုင်လောက်တယ်..'
ချောမောသည့်လူငယ်သည် အထူးတင့်တယ်သည့် အသွင်အပြင်ရှိ၏။ သို့ပေမယ့် သူ၏ မျက်လုံးများအတွင်းတွင် နောင်တနှင့် အကြောက်တရားတို့၏ သဲလွန်စများ ရှိနေသည်။
သူသည် နှင်းနန်းတော်ကိုကြည့်ကာ အဆောက်အအုံအနည်းငယ်အတွင်းတွင် တင့်တယ်သည့် မိန်းမလှလေးများကို ရေးတေးတေး တွေ့လိုက်ရ၏။
တစ်ယောက်ချင်းစီတိုင်းသည် ကိုယ်ပိုင်ထူးကဲသည့် စွမ်းဆောင်မှုတို့အား ပိုင်ဆိုင်ထားကြသည်။ ရင်သက်ဖွယ်အလှ၊ ညင်သာနူးညံ့သည့်အလှ သို့မဟုတ် ရှက်သွေးဖျာနေသည့်အလှ... သူသည် အားလုံးတို့နှင့် အိပ်စက်ခဲ့ဖူး၏။
သူဒီနေရာသို့ရောက်ရှိခဲ့တာ ၁၀နှစ်ကျော်ခဲ့ပါပြီ။ ပြောစကားအချို့ကိုကြားရပြီး သတင်းအချက်အလက်အချို့ကို ရရှိပြီးနောက် သူသည် တိတ်ဆိတ်ခြင်းနှင်းနန်းတော်ဆီသို့ လာရောက်ခဲ့၏။
ထိုအချိန်ကတည်းက ဆက်တိုက်အလုပ်ရှုပ်နေခဲ့ပြီး အားအင်ကုန်ခမ်းစွာ ခံစားရကာ စွမ်းအင်တို့ကို ဖြည့်တင်းရန် လိုအပ်လာလေသည်။
ဒီနေရာတွင် မိန်းမလှများစွာတို့ ရှိ၏။ သူမတို့အကြားတွင် သွားလာရင်း လောကကြီး၏ မိန်းမလှများစွာတို့ကို ခံစားရချိန်၌ အစပိုင်းတွင် အလွန်စိတ်လှုပ်ရှားစရာကောင်း၏။
သို့ပေမယ့် နောက်ပိုင်း၌ ကြောက်ရွံ့မှုသို့ ပြောင်းလာခဲ့သည်။ ယခုအချိန်၌ ထုံထိုင်းစွာပင် ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် တိတ်ဆိတ်ခြင်းနန်းတော်အတွင်းရှိရင် မိန်းမလှအားလုံးတို့သည် တူညီသည့်လူတစ်ယောက်သာ ဖြစ်သောကြောင့် ဖြစ်၏။
သူတို့၏ ဒီဗိုင်းဝိဉာဉ်များအားလုံးမှာ တူညီကြသည်။ ခန္ဓာကိုယ်များပင်လျှင် လူတစ်ယောက်တည်း၏ အပိုင်ဖြစ်သည်ဟု သူသံသယဝင်မိ၏။
သို့ပေမယ့် ဤသည်မှာ သံသယတစ်ခုသာ ဖြစ်သည်။ ဖြစ်နိုင်ခြေမှာ နည်းပါးလှ၏။ သို့ပေမယ့် ၁၀၀%သေချာသည်မှာ သူမတို့၏ ဒီဗိုင်းဝိဉာဉ်များအားလုံးသည် လူတစ်ယောက်တည်း၏ အပိုင်သာဖြစ်၏။
ဒီမိန်းမလှလေးများသည် တိတ်ဆိတ်ခြင်းနှင်းနန်းတော်၏တပည့်များ သို့မဟုတ် အကြီးအကဲများ ဖြစ်ရပေလိမ့်မည်။
သို့ပေမယ့် သူမတို့၏ ဒီဗိုင်းအသိမှာ ဝါးမြိုခြင်းခံရတာကြာပြီဖြစ်ကာ ခန္ဓာကိုယ်မှာ ဒီဗိုင်းဝိဉာဉ်တစ်ခု၏ အပိုင်စီးခြင်းကို ခံထားရ၏။
သူ့ကို ပိုမိုကြောက်ရွံ့စေသည်မှာ ထိုဒီဗိုင်းဝိဉာဉ်သည် လူတစ်ယောက်တည်း၏ အပိုင်ဖြစ်သည်။ ထို့အပြင် လင်းနယ်မြေမှ သိုင်းသမားများကျင့်ကြံသည့် ဒီဗိုင်းဝိဉာဉ်နှင့် ကြီးစွာခြားနားနေ၏။