← Chapters

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အပိုင်း ၆၂၅ - ရေခဲဒေသရှိ ပြောင်းလဲမှုများ၊ မုကျားဖုန်း၏ကံဆိုးသောအတွေ့အကြုံများ(၂)

ဒီနေရာရှိ မိန်းကလေးများသည် အသွင်အပြင်များနှင့် အကျင့်စရိုက်များပင်လျှင် ခြားနားကြ၏။ သူသည် နေ့စဉ်နေ့တိုင်း စရိုက်မတူသည့် မိန်းမလှလေးများနှင့် ဆက်ဆံခဲ့ရသည်။

ဘဝတစ်သက်တာလုံး စုဆောင်းထားသည့် ပညာများနှင့် ချိုသာသော စကားလုံးများကို အသုံးပြုပြီးမှသာ အခြေအနေကို ထိန်းသိမ်းနိုင်ရုံရှိ၏။ ပျော်ပါးပြီးနောက် အခွင့်အရေးရှာဖွေကာ ထွက်ပြေးတော့မည့် အချိန်၌ နောက်ကွယ်ရှိ ကြိုးကိုင်သူမှာ ပေါ်လာခဲ့သည်။

လွန်ခဲ့သည့်သုံးနှစ်က...

လွန်ခဲ့သည့်သုံးနှစ်က သူသည် သူမကိုတွေ့ခဲ့၏။ ဒီဒီဗိုင်းဝိဉာဉ်များကို အမိန့်ပေးသည့် မိန်းမလှတစ်ဦးဖြစ်သည်။

သူမ၏ ဆွဲဆောင်မှုသည် မီးတောက်ကဲ့သို့ ပြင်းထန်ကာ ညှို့ယူနိုင်စွမ်းမှာ အနှိုင်းမဲ့၏။ လူတစ်ယောက်၏ ရိုးတွင်းခြင်ဆီတို့ကို ခမ်းခြောက်သွားသည့်တိုင်အောင် လှည့်ဖြားနိုင်သည့် စွမ်းရည်တို့ ပိုင်ဆိုင်ထားသည်။

ထိုအချိန်ကတည်းက သူသည် အဆုံးမသတ်နိုင်သော ဝဋ်ကြွေးတစ်ခုအတွင်းသို့ ကျရောက်ခဲ့၏။ လက်ကိုမြှောက်ကာ ပါးကိုထိကြည့်သည်။

ချိုင့်နေသည့်ပါးပြင်က ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်ကို စားသုံးပြီးသည့်တိုင် လုံးဝပြန်လည်ကောင်းမွန်ခြင်း မရှိသေးပုံကို ပြသနေ၏။

'ဒီတိုင်းတာ ဆက်သွားရင်... ငါလူတစ်ကိုယ်လုံး ခန်းခြောက်ပြီး သေဆုံးရလိမ့်မယ်..'

ထိုလူက ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ ခံစားချက်မှာ မူးရစ်ဖို့ကောင်းကာ သေခြင်းက နာကျင်မှုကင်းမဲ့၏။ ပြောရလျှင် ပျော်ရွှင်စွာ သေဆုံးရသည်ဟု ဆိုနိုင်သည်။

သေဆုံးရန်အတွက် အံ့သြစရာအကောင်းဆုံး နည်းလမ်းဟုပင် ပြောနိုင်၏။

သို့ပေမယ့် သူသည် သေဆုံးလိုခြင်းမရှိပေ။ စိတ်ထဲတွင် ညင်သာကာ နားလည်မှုရှိပြီး ကျောက်စိမ်းတစ်ခုသဖွယ် တောက်ပသည့် ပုံရိပ်တစ်ခု ပေါ်လာ၏။ သူကြုံတွေ့ခဲ့ဖူးသည့် မိန်းကလေးများ အားလုံးအကြားတွင် သူမသည် မေ့မရနိုင်ဆုံး ဖြစ်သည်။

'ငါထွက်ခွာသွားတုန်းက... မင်းမှာ ကိုယ်ဝန်ရှိနေတဲ့ပုံပဲ... ငါတို့ကလေး မွေးဖွားတဲ့အချိန်အထိ မင်းနဲ့အတူနေလိုခဲ့တာ။ ပြီးရင်မင်းကို အိမ်ကိုခေါ်သွားလိုခဲ့တာ... ဒါပေမယ့် ကံဆိုးမှုတွေကြုံတွေ့ပြီး ငါအစောကြီး ပြန်ခဲ့ရတယ်..'

'ပြီးတော့လည်း ဒီနေရာမှာ ပိတ်မိနေခဲ့တယ်။ မင်းကတော့ ငါလိမ်ညာလှည့်ဖြားခဲ့တယ်လို့ ခံစားနေရမှာပဲ..'

'ငါမင်းကို ဘယ်တုန်းကမှ မလိမ်ခဲ့ဘူး... မိန်းကလေးတွေအများကြီးရှိရင်တောင် မင်းက ငါအချစ်ဆုံးသူပဲ.."

ထိုလူက ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။ ထိုအချိန်၌ ရေခဲနန်းတော်ခန်းမဆီမှ ညှို့ယူဖွယ်အသံတစ်ခု ပျံ့လွှင့်လာခဲ့သည်။ သူ၏နှလုံးသားတွင် လှိုင်းများထသွားစေ၏။

"မုမု... ငါနင့်ကိုလိုချင်တယ် မြန်မြန်လေးလာခဲ့.."

"ချီး..."

ထိုလူသည် နှလုံးသားထဲ၌ ကျိန်ဆဲမိပေမယ့် အပြင်ပန်းတွင် ထုတ်ပြောရဲခြင်း မရှိပေ။

"...လာပြီ အချစ်ရဆုံးရတနာလေး.."

ထိုလူ၏မျက်နှာပေါ်၌ ရစ်မူးသည့် အပြုံးတစ်ခု ပေါ်လာ၏။ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေကာ သူသည် ရေခဲနန်းတော် ခန်းမအတွင်းသို့ ပြေးဝင်သွားသည်။

ခန်းမအတွင်းရှိ နှင်းနှင့်ရေခဲများ၏ အလယ်တွင် ပန်းနုရောင်ကုတင်တစ်ခုပေါ်၌ အဝတ်ဗလာနှင့် အမျိုးသမီးတစ်ယောက် လဲလျောင်းနေ၏။

သူမ၏ အသားအရေက အလွန်သန့်စင်ကာ ရေခဲများအတွင်းသို့ ပေါင်းစပ်နေသည် ထင်ရသည်။ ဆံပင်များပင်လျှင် နှင်းကဲ့သို့ ဖြူစွတ်၏။

ဤသည်မှာ မရေမတွက်နိုင်သည့် ယောက်ျားသားများကို မူးယစ်စေနိုင်လောက်သည့် အလှပိုင်ရှင်ဖြစ်သည်။ သူမကို ပထမဆုံး စတင်တွေ့ဆုံစဉ်က သူသည် အမှန်တကယ်ကို ရစ်မူးသွားခဲ့၏။ သို့ပေမယ့် ယခုအချိန်၌ နှလုံးသားထဲ၌ အကြောက်တရားက နက်ရှိုင်းစွာ ဖြစ်တည်နေပြီး အနည်းငယ်မျှပင် ထုတ်မပြရဲဘဲ ရှိနေပါသည်။

ဒီအမျိုးသမီးသည် လူသားတစ်ယောက် မဟုတ်ဟန်ပေါ်၏။ သူမသည် ပင်လယ်စိတ်ဝိဉာဉ်တစ်ခုလည်း မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် သူသည် ပင်လယ်စိတ်ဝိဉာဉ်မိန်းမလှတစ်ဦးအား ပိုင်ဆိုင်ခဲ့ဖူး၏။

"မုမု... နောက်ဆုံးတော့ ရုပ်ချောချောလေးနဲ့ ပြန်လာပြီပေါ့.."

"လောကကြီးမှာရှိတဲ့ ဘယ်သူမှ ငါမုကျားဖုန်း(မုချန်းလျုံ)လောက် မချောဘူး... မင်းအတွက်ဆိုရင် ဝိဉာဉ်နဲ့ခန္ဓာတွေအကုန်လုံး ပေးဆပ်ရရင်တောင်မှ ထိုက်တန်တယ်.."

"အဲ့လိုမျိုးတွေ မပြောနဲ့လေ... ရှင်ကြွေလွင့်သွားမှာကို ကျွန်မက ဘယ်လိုလုပ်ပြီးတော့ ကြည့်နေနိုင်မှာလဲ... ဒီလောကကြီးမှာ ရှင်က ကျွန်မရဲ့ တစ်ခုတည်းသော နှစ်သက်ရာပဲ.."

"ကိုယ့်ရဲ့ရတနာလေး... မင်းကအရမ်းကို တောက်ပပြီးတော့ ဆွဲဆောင်မှုပိုလွန်းတယ်..."

ထိုလူမှာတော့ မုမိသားစုမှ ပျောက်ဆုံးသွားတာ ကြာပြီဖြစ်သည့် ငရှုပ်သခင်လေး မုချန်းလျုံဖြစ်သည်။

တစ်ရက်ကြာပြီးနောက်

"...မုမု... နင်ဘယ်လိုလုပ်ပြီးတော့ ခြောက်ခမ်းကုန်တာလဲ... ငါတို့တွေဘာလုပ်ကြမလဲ... ဒီတစ်ကြိမ် တော်တော်လေး အခြေအနေဆိုးတယ်.."

ဒီအချိန်၌ မုချန်းလျုံ၏ ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ အားအင်အားလုံးတို့ ပျောက်ဆုံးသွားသည့်ဟန် ရှိသည်။

သူ၏ ချောမောကာ ရွှင်လန်းသည့် အသွင်တို့သည် တွေ့မြင်နိုင်ခြင်း လုံးဝမရှိတော့ပေ။ မျက်လုံးများက ငိုင်တိုင်ကာ မျက်စံများ၏ နက်ရှိုင်းသည့် တစ်နေရာတွင် အကြောက်တရားတစ်ခု ရစ်ဝဲနေ၏။

ခန္ဓာကိုယ်က အနည်းငယ် လှုပ်ခါသွားပြီး တုန်ယင်နေသည့် နှုတ်ခမ်းများဖြင့် ပြောသည်။

"ကိစ္စမရှိဘူး... ကိုယ်အရမ်း စိတ်လှုပ်ရှားသွားလို့ပါ... အရမ်းပျော်သွားလို့... သေမယ်ဆိုရင်တောင်မှ ကျေနပ်ပါတယ်.."

"မုမု... ငါနင့်ကိုအသေမခံဘူး... နင်မရှိရင် ငါ့ရဲ့ပျော်ရွှင်ရာ ဘယ်မှာရှိတော့မှာလဲ.."

အမျိုးသမီးက ပြောလိုက်ပြီးနောက် ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်အချို့ကို မုချန်းလျုံ၏ ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။

ဆေးတွေများစွာတို့ကို စားသုံးပြီးနောက် မုချန်းလျုံသည် အသက်ဓာတ်အချို့ ပြန်လည်ရရှိလာခဲ့၏။ သို့ပေမယ့် သူ၏ခန္ဓာကိုယ်မှာ ညှိုးနွမ်းခြောက်သွေ့နေဆဲ ရှိသည်။

"မဟုတ်ဘူး... နင့်ရဲ့မူလကို ထိခိုက်သွားပြီ... ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်တွေ အများကြီးကို စားတာတောင်မှ အာနိသင်က သိပ့်မပြတော့ဘူး.."

အမျိုးသမီးက သွယ်လျသည့် မျက်ခုံးများကို ပင့်ကာပြောသည်။

မုချန်းလျုံသည် အားတင်းကာ ရုန်းကန်ပြီးနောက် မတ်တပ်ထနိုင်လာ၏။ ထူထဲသည့် စိတ်ဝိဉာဉ်ဝတ်ရုံတစ်ခုကို ခန္ဓာကိုယ်ပေါ်၌ လွှမ်းခြုံကာ သူ၏ခန္ဓာကိုယ်နှင့် ခြေထောက်များက တုန်ယင်နေသည်။ သို့ပေမယ့် ခိုင်မာသည့် အကြည့်ဖြင့် ပြော၏။

"ဒါကဘာမှမဟုတ်ပါဘူး... ငါဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်အချို့ကို သွားရှာဦးမယ်။ ပြီးရင် မိတ်ဆွေတစ်ယောက်ကိုရှာပြီး အာနိသင်ကောင်းမွန်တဲ့ ဆေးလုံးတွေကို သန့်စင်ခိုင်းရမယ်။ ၁၀ရက်၁၅ရက်လောက်ဆိုရင် ပြန်ကောင်းနိုင်မှာ.."

"တကယ်လား.."

"ဒါပေါ့... ဒါပေမယ့် အရမ်းအေးလွန်းတယ်... အချစ်... အပြင်ထွက်တာနဲ့ ကိုယ်အေးခဲပြီး သေသွားမှာကြောက်မိတယ်.."

မုချန်းလျုံက သူ၏လက်နှစ်ဖက်ကို ပုခုံးများအား ဆုပ်ရင်းက ပြော၏။

"အဲ့လိုလား... ဒါကကိစ္စသေးလေးပါ.."

အမျိုးသမီးက လက်ကိုမြှောက်လိုက်ပြီးနောက် သေးငယ်သည့် ကျောက်တုံးတစ်ခု ရေခဲနန်းတော်၏ အတွင်းပိုင်းရှိ အနက်ရောင်ဝဲဂယက်မှ လွင့်ပျံထွက်လာခဲ့သည်။

အနီရောင်ကျောက်တုံးသည် အပူပေးထားသည့် သံလုံးတစ်ခုနှယ် ရှိ၏။ သို့ပေမယ့် ညင်သာသည့် နွေးထွေးမှုကိုသာ ထုတ်လွှတ်သည်။

"ဒါကို နင်နဲ့အတူသယ်သွား... အဲ့ဒါဆိုရင် အေးစက်မှုကို ခံစားရမှာ မဟုတ်တော့ဘူး.."

မုချန်းလျုံက ကျောက်တုံးကိုယူကာ အိတ်အတွင်းသို့ ထည့်လိုက်သည်။ ရှေ့သို့ စိတ်အားထက်သန်စွာ တက်ရင်းက အမျိုးသမီးကိုဖက်ပြီး တုံ့ဆိုင်းစွာပြော၏။

"ကိုယ့်ရဲ့ရတနာလေး... ကိုယ်ပြန်လာတဲ့အခါ ငါတို့တွေသုံးရက်သုံးည ထပ်တွေ့မယ်.."

"အင်း... သုံးရက်သုံးညလား... နားထောင်ရတာ ရှက်စရာကြီး.."

အမျိုးသမီးက ခေါင်းငြိမ့်သည်။ သူမ၏ ရှက်ရွံ့နေသည့်မျက်နှာပေါ်၌ မျှော်လင့်နေသည့် အကြည့်တစ်ခုပေါ်လာ၏။

"နှစ်ပတ်... အလွန်ဆုံးနှစ်ပတ်ပဲ... ကိုယ်ပြန်လာခဲ့မယ်.."

"မုမု... ငါနင့်ကိုစောင့်နေမယ်.."

မုချန်းလျုံသည် နန်းတော်အတွင်းမှ ထွက်ခွာသွား၏။ စိတ်ဝိဉာဉ်ဆေးပင်များစွာတို့ကို စားသုံးကာ သူသည် တိတ်ဆိတ်ခြင်းနှင်းနန်းတော်၏ အပြင်ဘက်သို့ ထွက်ခဲ့သည်။ လမ်းတစ်လျှောက်လည်း စိတ်ဝိဉာဉ်ဆေးပင်များကို ဆက်တိုက်ခူးယူကာ သိမ်းဆည်းခဲ့၏။

တိတ်ဆိတ်ခြင်းနှင်းနန်းတော် တည်ရှိသည့် တောင်တစ်ဝိုက်မှ ထွက်လာပြီးနောက် သူသည် နောက်ပြန်လှည့်ကြည့်ကာ မျက်လုံးများထဲ၌ နက်ရှိုင်းသည့် အကြောက်တရားတို့ ပေါ်လာခဲ့သည်။ ယခုအချိန်၌ ၎င်းတို့ကို ဖုန်းကွယ်နိုင်စွမ်းပင် မရှိတော့ပေ။

'ဒီနေရာနဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတယ်... အန္တရာယ်... လင်းနယ်မြေရဲ့ အန္တရာယ်က ဒီနေရာကနေ စတင်မှာလား..'

သူ၏အကြည့်က ခိုင်မာလာကာ ခြေတစ်လှမ်းချင်းစီ ထွက်ခွာသွား၏။ အစက နှေးကွေးနေပေမယ့် တဖြည်းဖြည်း ကောင်းကင်သို့ပျံသန်းကာ ရေခဲဒေသမှ အမြန်ပြေးသည်။

"ငါ့ရဲ့ အရင်းအမြစ်က ခမ်းခြောက်လုနီးပါးဖြစ်နေပြီ... ဒီတစ်ကြိမ် ပြန်ပြီးတော့ ဖြည့်တင်းလို့မရတော့ဘူး။ ငါမုချန်းလျုံ ဒီလိုမျိုး အဆုံးသတ်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး.."

သူသည် လုံးဝခမ်းခြောက်စွာ ခံစားနေရ၏။

"နှစ်ပတ်ပဲ... နှစ်ပတ်ပဲအချိန်ရတယ်... အချိန်ကျော်တာနဲ့ သူမငါ့ကို လာရှာလိမ့်မယ်.."

မုချန်းလျုံက ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ဒီထွက်ပြေးရန် အစီအစဉ်အတွက် သူသည် ပြီးခဲ့သည့် သုံးနှစ်အတွင်းတွင် ခမ်းခြောက်လုနီးပါးဖြစ်သည့် အချိန်တိုင်း၌ တိတ်ဆိတ်ခြင်းနှင်းနန်းတော်မှ ထွက်ခွာပြီး ရတနာများကိုရှာဖွေကာ ကိုယ့်ကိုယ်ကိုယ် အားဖြည့်မည်ဟု ဆိုခဲ့၏။

အကြိမ်တိုင်းတွင်လည်း အလွန်ဆုံး နှစ်ပတ်ကြာသည်နှင့် ပြန်လည်ရောက်ရှိလာလေသည်။ ကတိတည်စွာဖြင့် အကြိမ်ကြိမ် ပြန်လာပြီးနောက် တစ်ဖက်လူ၏ သတိတရားတို့ကို နောက်ဆုံးတွင် လျော့ပါးစေနိုင်ခဲ့၏။

ဤသည်က ထွက်ပြေးရန် အခွင့်အရေးအား ရလာစေသည်။

အတိတ်တုန်းက ခမ်းခြောက်လုနီးပါး ဖြစ်သည့်အခါ သူသည် လျှို့ဝှက်အတတ်ကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားဖြည့်ခဲ့၏။ မကြာခဏ အသုံးပြုခဲ့ရာ သူ၏ အရင်းအမြစ်မှာ ကြီးစွာထိခိုက်လာခဲ့သည်။

ဒီတစ်ကြိမ်တွင် ပြန်လည်ကောင်းမွန်ရန်ပင် အလွန်ခက်ခဲနေပြီဖြစ်၏။ သံသယဝင်စရာမကောင်းလောက်အောင် သူ၏ဘဝက ဆုံးလေပြီ။

'သူမ ရေခဲဒေသကနေ ထွက်သွားလို့ မရဘူးထင်တယ်... ဒါ့ကြောင့်မလို့ ငါဒီကထွက်ခွာနိုင်တာနဲ့ လုံးဝလွတ်မြောက်နိုင်လိမ့်မယ်... သူမရဲ့ ဒီဗိုင်းဝိဉာဉ်စွမ်းအားအများစု၊ အသိစိတ်နဲ့ စိတ်အာရုံကလည်း အဲ့ဒီ့ဂူမှာပဲရှိတယ်..'

'အဲ့ဒါကြောင့်မလို့... ငါ့ရဲ့အရင်းအမြစ် ကုန်ခမ်းလုနီးပါးဖြစ်ပြီး ပြန်လည်ဖြည့်တင်းလို့ မရတော့ဘူးဆိုတာကို သတိမထားမိခဲ့ဘူး..'

'မဟုတ်ရင်... အောင်အောင်မြင်မြင် ထွက်လာနိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူး..'

'အဲ့ဒီ့ဂူက ဘာများလဲ... တိတ်ဆိတ်ခြင်းနှင်းနန်းတော်က ဘာတွေဖြစ်ခဲ့တာလဲ..'

မုချန်းလျိုက စဉ်းစားသည်။ သူ၏အမြန်နှုန်းက ပိုမိုပိုမိုကာ မြင့်တက်လာပြီး ရေခဲဒေသမှ အရူးအမူးထွက်ပြေး၏။ သူသည် နှစ်ပတ်အတွင်းတွင် ရေခဲဒေသမှ ထွက်ခွာရပေမည်။

ရေခဲဒေသသို့ ပထမဆုံးဝင်ရောက်စဉ်က သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို စုစည်းထားပြီး ဖြစ်၏။

ထို့အပြင် တစ်မျှင်ထဲပင် မဟုတ်ပေ။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအငွေ့အသက်ကို စုစည်းနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့၏။

ထိုကဲ့သို့သော ခွန်အားနှင့် လင်းနယ်မြေ၌ ထိပ်တန်းအဆင့် ရှိလေသည်။ သို့ပေမယ့် အဆုံးသတ်တွင် ခုခံနိုင်စွမ်း လုံးဝမရှိပေ။

ဒီအမျိုးသမီးသည် ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးမား၏။ သူမတွင် အသွေးအသားတို့ မရှိဘူးဟုတောင် မုချန်းလျိုတစ်ယောက် သံသယဝင်မိသည်။

'ငါအသက်မရှင်နိုင်ဘူး... ဒါ့ကြောင့်မို့လို့ ရေခဲဒေသကထွက်ပြီး သူမကို နောက်ဆုံးအကြိမ် သွားကြည့်ရမယ်..'

မုချန်းလျိုက သက်ပြင်းချသည်။ တိတ်ဆိတ်ခြင်းနှင်းနန်းတော်ရှိ အဖြစ်အပျက်များသည် အလွန်ထူးဆန်းလှ၏။

သူသည် အသည်းအသန် ဖြတ်သန်းရင်းမှ နောက်ဆုံးတွင် လျှိူ့ဝှက်အတတ်တစ်ခုကိုပင် အသုံးပြုခဲ့သည်။ သူ၏အမြန်နှုန်းက ကြီးစွာမြင့်တက်လာပြီး အဆုံးသတ်တွင် နှစ်ပတ်မကုန်ဆုံးခင် အချိန်၌ ရေခဲဒေသမှ ထွက်ပြေးနိုင်ခဲ့၏။

မုချန်းလျိုသည် ရပ်တန့်ခြင်း လုံးဝမရှိပေ။ သူသည် မုမိသားစုသို့ပင် ပြန်ရဲခြင်းမရှိပါ။ ဤသည်က သူတို့အပေါ် ကပ်ဘေးတစ်ခုအား ယူဆောင်လာမည်ကို စိုးရိမ်မိ၏။

မြို့ကြီးတစ်မြို့သို့ ရောက်ရှိပြီးနောက် လျှို့ဝှက်နေရာတစ်ခုကို ရှာဖွေကာ ထိုနေရာရှိလူအား စာတစ်စောင်ကိုပေးသည်။ လူတစ်ယောက်ဆီသို့ ပို့ခိုင်းလိုက်၏။ ထိုအရာအားလုံးတို့ကို ပြုလုပ်ပြီးနောက် ယွီကျိုးဆီသို့ တည့်မတ်စွာ သွားရောက်သည်။

ရေခဲဒေသရှိ တိတ်ဆိတ်ခြင်းနှင်းနန်းတော်တွင်...

နန်းတော်၏အထက်၌ ဆွဲဆောင်မှုရှိသည့် ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာ၏။ သူမ၏ မျက်လုံးများက တဖြည်းဖြည်း အေးစက်လာခဲ့သည်။

'နင်ငါ့ကို အရူးလုပ်ခဲ့တယ်... နင်ငါ့ကိုအရူးလုပ်ရဲတယ်... ငါနင့်ကိုပြာဖြစ်အောင် အမှုန့်ကျိတ်ပစ်မယ်... နင့်အပေါ် ငါဒီလောက်ကောင်းတာကို ငါ့ကို အရူးလုပ်ရဲတယ်ပေါ့..'

'နင်လွတ်မယ်မထင်နဲ့... ငါနင့်ကိုရှာမယ်... ငါအမုန်းဆုံးက အလိမ်ခံရတာကိုပဲ..'

"ဘုန်း.."

အခိုက်အတန့်တစ်ခုတွင် နှင်းနန်းတော်သည် အရေပျော်သွားပြီး နန်းတော်ရှိ အမျိုးသမီးသည် လျှင်မြန်စွာ ပျောက်ကွယ်သွား၏။

အရပ်မျက်နှာ အားလုံးတို့ဆီ၌ မုချန်းလျိုကို ရှာဖွေသည်။ ရလဒ်အနေနှင့် ရှာမတွေ့နိုင်ဘဲ ရှိနေ၏။

'ဒန်း... နင်ကသေချင်နေတာပဲ... ငါ့ကိုလှည့်ဖြားရဲတယ်... ငါ့ကိုကစားရဲတယ်... ငါ့ဆီကနေထွက်ခွာရဲတယ်... ငါနင့်ကို အရှင်လတ်လတ် အရေခွံစုတ်ပစ်မယ်..'

အမျိုးသမီးက အော်ဟစ်ကာ ရူးသွပ်နေဟန်ရ၏။

"ဘုန်း.."

ပြီးခဲ့တုန်းက အနက်ရောင်ဂူသည် အပူလှိုင်းတို့ စတင်ပျံ့နှံ့လာပြီး ထိုအတွင်းမှ မီးနီရောင်တို့ ထွက်ပေါ်လာ၏။ ဤသည်က ပတ်ဝန်းကျင်ရှိ ရေခဲနှင့်နှင်းများကို စတင်ပျော်ကျလာစေသည်။

နွေးထွေးသည့်လေက ဖြန့်ကျက်လာပြီး ရေခဲဒေသတစ်ခုလုံးကို ဖြတ်သန်းသွားသည်။ အနက်ရောင်ဂူသည်လည်း တဖြည်းဖြည်းနှင့် ကြီးထွားလာခဲ့၏။

李 和轩:

အပိုင်း ၆၂၆ - မုန့်ရှူရှူ၏ဒေါသ၊ အစိမ်းရောင်တံဆိပ်ပြား

အေးစက်ခြင်းရေခဲနန်းတော်ရှိ ပြောင်းလဲမှုများ၊ အနက်ရောင်ဂူမှ အနီရောင်အလင်း ထွက်ပေါ်လာမှု၊ ရေခဲနှင့်နှင်းတို့ စတင်ပျော်ကျလာမှု အကြောင်းများကို မုချန်းလျိုတစ်ယောက်မှာမူ သိရှိခြင်း မရှိပေ။

သူသည် ယွီကျိုးဆီသို့ လမ်းကြောင်းပေါ်၌ ရှိနေ၏။ မသေဆုံးခင်တွင် ထိုညင်သာသည့် အမျိုးသမီးကို သွားရောက်တွေ့ဆုံလိုလေသည်။ လင်းနယ်မြေ၏ အပြင်ဘက်၌ သေဆုံးမည် ဖြစ်၏။

ရေခဲနန်းတော်ရှိ လျှို့ဝှက်ဆန်းကြယ်သည် အမျိုးသမီးသည် အလွန်ကြောက်ဖို့ကောင်းလှသည်။ သူသည် ကြောက်ရွံ့လွန်းသဖြင့် လင်းနယ်မြေ၌ပင် သေဆုံးရဲခြင်းမရှိပေ။ သေဆုံးလျှင်တောင် အလောင်းကို တူးဖော်ပြီး အမှုန့်များဖြစ်အောင် ဖျက်ဆီးခြင်းခံရမည်ဟု ခံစားရ၏။

"နင်ငါ့ကိုလိမ်တယ်... ငါ့ကိုများလိမ်ရဲတယ်... သေသင့်တဲ့ကောင်.. သေသင့်တဲ့ကောင်.."

ရူးသွပ်မှု၊ ဒေါသနှင့် အဆုံးမသတ်နိုင်သော မုန်းတီးမှုတို့ ပြည့်နက်နေသည့် အသံတစ်ခုသည် ရေခဲနန်းတော်၏ တောင်မှ ပျံ့လွင့်လာခဲ့၏။

"ငါနင့်ကို ဒီလောက်ချစ်တာ... ငါနင့်ကို ဒီလောက်နှစ်သက်တာ... ဒီလောက်အများကြီး ပေးခဲ့တာကို... နင့်ရဲ့အဆီအနှစ်အချို့ကို စုပ်ယူပေမယ့် နင်လည်းပဲ ပျော်ရွှင်ခဲ့တယ် မဟုတ်ဘူးလား.."

"နင်ငါ့ကို ဒီလိုပဲလိမ်ခဲ့တယ်ပေါ့... ထွက်ပြေးခဲ့တယ်ပေါ့... ငါနင့်ကိုမုန်းတယ်... နင်ကသေသင့်တဲ့ကောင်.."

ရေခဲနန်းတော်တည်ရှိသည့် တောင်ရှိ နှင်းနှင့်ရေခဲတို့သည် ဆက်တိုက် ပျော်ကျနေ၏။ အနက်ရောင်ဂူမှာ တဖြည်းဖြည်း ပိုမိုကြီးထွားလာပြီး အနီရောင်အလင်းမှာလည်း ပိုမိုပိုမိုကာ ထွက်ပေါ်လာခဲ့သည်။

ကြည့်ရသည်မှာ အလွန်ပြင်းထန်ခြင်း မရှိပေမယ့် ရေခဲနှင့်နှင်းတို့မှာမူ ဆက်တိုက်ပျော်ကျနေ၏။ ဤသည်က ရေခဲဒေသသို့ မည်ကဲ့သို့သော ကပ်ဘေးတစ်ခု ယူဆောင်လာမည်ကို မည်သူမှ သိနိုင်ခြင်းမရှိပေ။

မုချန်းလျိုကိုယ်တိုင်ပင်လျှင် ထိုကိစ္စ၏ ပြင်းထန်မှုကို နားမလည်ပါ။ သူ၏အမြင်တွင် တစ်ဖက်လူသည် ရေခဲဒေသကိုသာ အုပ်စိုးနိုင်၏။ လူတစ်ယောက်သည် ရေခဲဒေသသို့ ဝင်ရောက်ခြင်းမရှိပါက မည်သည့်အန္တရာယ်မှ ရှိမည်မဟုတ်ပေ။

လင်းနယ်မြေရှိ ဒေသ၁၈ခုတို့တွင် ရေခဲဒေသသည် အာရုံစိုက်ခြင်း အများကြီးမခံရပါ။

မုချန်းလျို၏ စာစောင်သည် သူ၏ အသွင်အပြင် ပြောင်းလဲသွားမှုကြောင့် အစကလောက် အလေးအနက်ထားခြင်းကို ခံရမှုမရှိဘဲ သူမျှော်လင့်သကဲ့သို့ လျှင်မြန်စွာ ပို့ဆောင်ခြင်း မပြုခဲ့ကြပေ။

အဲ့ဒီ့အစား ရက်အနည်းငယ်ကြာပြီးမှသာ လက်ခံသူဆီသို့ ရောက်ရှိ၏။ ထိုလက်ခံသူသည် ချန်ချင်းစံအိမ်သို့ သွားရောက်ရန် ပြင်ဆင်နေပြီး ထိုစာစောင်ကို သတိထားမိခြင်း မရှိပေ။

စုလင်းရှုံတို့အုပ်စုသည် ကျိုးနိုင်ငံ၏ တော်ဝင်မြို့တော်၌သာ ရှိနေသေးပြီး ကျစ်ယွင်၏ လမ်းပြမှုနှင့် ချင်ဘုရင်စံအိမ်သို့ပင် သွားရောက်လည်ပတ်ခဲ့သေးသည်။

ရှန်းချင်မှာ အလွန်ဝမ်းသာနေ၏။ ချန်ချင်းစံအိမ်နှင့် ကျစ်ယွင်တို့ အကြားတွင် ယခုကဲ့သို့သော ဆက်ဆံရေးမျိုး ရှိနေမည်ဟု ထင်မထားခဲ့ပေ။

စုလင်းရှုံသည် ရှန်းချင်အား ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအဖြစ် သန့်စင်ထားသည့် ဒန်ဆေးလုံးအချို့ကို ရောင်းချခဲ့၏။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို အသုံးပြုပြီး သန့်စင်ထားသည့် ဒန်ဆေးလုံးတစ်လုံးလည်း အပါအဝင်ဖြစ်သည်။

ဤသည်မှာ ရှန်းချင်အတွက် ကြီးမားလှသည့် ကံကောင်းမှုဖြစ်၏။ သူ၏ ခွန်အားသည် အချိန်တိုအတွင်း များစွာမြင့်တက်လာခဲ့သည်။ ရလဒ်အနေနှင့် ချင်ဘုရင်စံအိမ်၏ ဩဇာသည် ပိုမိုကြီးမားလာမှာ ဖြစ်၏။

ရှန်းချင်သည် ကျစ်ယွင်ကို မွေးစားသမီးအဖြစ် ခေါ်ယူခဲ့ခြင်းမှာ သူ၏ဘဝတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု နှလုံးသားထဲတွင် သက်ပြင်းချစွာ စဉ်းစားသည်။

မုန့်ချုံသည် လင်းနယ်မြေကို ရှာဖွေလှည့်လည်ရန်အတွက် ပြင်ဆင်နေ၏။ ကျစ်ယွင်မှာ သူနှင့် ခွဲခွာလိုခြင်းမရှိပေ။

သို့ပေမယ့် မုန့်ချုံကိုနေခိုင်းပါက သူမ၏စကားကို နားထောင်မည်မဟုတ်ကြောင်းအား သိ၏။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ နှုတ်ဆက်စကားသာ ဆိုရသည်။

"ကောင်းပြီ... ခွန်အားကို အမြန်ဆုံး မြင့်တက်အောင်သာလုပ်။ နင်လည်း ပါရမီရှင်တွေအကြား တိုက်ပွဲမှာ ဝင်ပါမှာမဟုတ်ဘူးလား.."

မုန့်ချုံက သူ၏အပေါ်တွင် ဖက်တွယ်နေသည့် ကျစ်ယွင်ကို ဆွဲခွာရင်းကပြောသည်။

"ငါသွားတော့မယ်... ပါရမီရှင်တွေအကြား တိုက်ပွဲရဲ့အဆုံးအဖြတ်တိုက်ပွဲ မတိုင်ခင် ပြန်တွေ့ကြမယ်.."

မုန့်ချုံသည် လက်ကိုဝှေ့ရမ်းကာ လျှင်မြန်စွာထွက်ခွာသွား၏။

လင်းနယ်မြေသည် အလွန်ကျယ်ပြော၏။ သူသည် ပိုမိုရှာဖွေကာ ပိုမိုလျှောက်လှမ်းပြီး ပိုမိုလှည့်လည်ရပေမည်။ သိုင်းပညာကို ပိုမိုလေ့လာရပေမည်။

"စောင့်နေ... မကြာခင်မှာ ငါ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကို သန့်စင်နိုင်လိမ့်မယ်.."

ကျစ်ယွင်က ရေရွတ်သည်။

ချန်ချင်းစံအိမ်သည် ကျိုးနိုင်ငံ၏မြို့တော်တွင် ပုံမှန်ထက် ပိုမိုကြာရှည်စွာ တည်ရှိခဲ့၏။ အင်ပါရီယာမြို့တော်၏ စည်ကားမှုများက စုလင်းရှုံတို့ လူအုပ်စုကို အလွန်ပျော်ရွှင်စေသည်။

နောက်ဆုံးတွင် ရက်အနည်းငယ်ကြာပြီးနောက် ရှီအာ၊ မုန့်ရှူရှူနှင့် ကျိုးယင်တို့လည်း အင်ပါရီယာမြို့တော်ဆီသို့ သွားရောက်ခဲ့၏။

လီရွှမ်သည် ကျိုးနိုင်ငံ၏ တော်ဝင်ကျမ်းစာဆောင်မှ တည်ငြိမ်စွာ ထွက်လာပြီး ချန်ချင်းစံအိမ်သို့ ပြန်ခဲ့၏။ သူသည် ကျမ်းစာဆောင်ရှိ အဖိုးတန်ဆုံးသော ရတနာများအားလုံးကို တွေ့မြင်ခဲ့သည်။

ပြောရလျှင် ကျိုးတော်ဝင်မိသားစုသည် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းနှင့် နှိုင်းယှဉ်ပါက တူညီစွာ ရပ်တည်နိုင်ရာ သူတို့၏ စုဆောင်းမှုများသည် အလွန်များပြားလှ၏။

အဓိကအဖြစ်အပျက်များ၊ ကောလဟာလများအပြင် လင်းနယ်မြေ၏ သမိုင်းတစ်လျှောက်ရှိ နာမည်ကျော်ပါရမီရှင်များ၏စာရင်း... အစရှိသဖြင့်တို့ စုံလင်လှသည်။

လီရွှမ်သည် အနည်းငယ်လည်း စိတ်ပျက်စွာခံစားရ၏။ သူသည် ကျမ်းစာဆောင်အတွင်းတွင် ဒီဗိုင်းတံတားနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ခြင်းမရှိပေ။

ကြည့်ရသည်မှာ ထိုအကြောင်းသည် စစ်မှန်သည် လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်၏။

ကျမ်းစာဆောင်တွင်ပင် မှတ်တမ်းတင်ထားခြင်း မရှိပေ။

အဆင့်မြင့်ပုဂ္ဂိုလ်များ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းခဲ့ပြီး ပေါက်ကြားမှုမရှိအောင် ထိန်းသိမ်းထားခြင်း ဖြစ်ပေလိမ့်မည်။

စုလင်းရှုံတို့ အုပ်စုသည် ချန်ချင်းစံအိမ်သို့ ပြန်ပြီးနောက် သူမတို့၏ နောက်ထပ်လားရာကို စဉ်းစား၏။

"ကျစ်ယွင်... နင်ငါတို့နဲ့ လိုက်မှာလား."

ယွဲ့အာက မေး၏။

"ငါလည်း နင်တို့နဲ့သွားချင်တယ်... ဒါပေမယ့် မွေးစားအဖေပြောတာ သူငါ့အတွက် နေရာတစ်ခုကို အရယူပေးမယ်တဲ့။ အဲ့ဒါက ကျိုးတော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်အချို့နဲ့ ပတ်သက်နေလိမ့်မယ်။ ငါဒီမှာနေပြီးတော့ ဘာလဲဆိုတာ ကြည့်ချင်သေးတယ်.."

ကျစ်ယွင်က ခဏတာစဉ်းစားပြီးနောက် ပြောသည်။ သူမသည် ချန်ချင်းစံအိမ်နှင့် လိုက်ပါခဲ့ပါက အဆုံးမသတ်နိုင်သော ဒန်ဆေးလုံးများ၏ အထောက်အပံ့နှင့် ဆရာကြီး၏ ညွှန်ကြားမှုတို့ကိုပင် ရရှိနိုင်ကာ သေချာပေါက် ပိုမိုကောင်းမွန်မည် ဖြစ်ပြီး မုန့်ချုံနှင့် တွေ့ဆုံရန် ပိုမိုလွယ်ကူမှာ ဖြစ်ပေမယ့် ကျိုးနိုင်ငံ တော်ဝင်မိသားစု၏ လျှို့ဝှက်အရင်းအမြစ်များကလည်း သူမ၏စိတ်အာရုံကို ဖမ်းစားသွားသည်။ ထို့ကြောင့် ဒီမှာနေကာ စောင့်ကြည့်လို၏။

"အဲ့ဒါလည်း အဆင်ပြေပါတယ်... ငါလည်းကျိုးနိုင်ငံရဲ့ လျှို့ဝှက်ချက်တွေကို နည်းနည်းစိတ်ဝင်စားမိတယ်.. ကျစ်ယွင်... နင်ငါတို့ကို ရှာချင်ရင် ဒီဆက်သွယ်ရေးအဆောင်ကိုယူပြီး မျိုးဆက်စုံမဟာမိတ်အဖွဲ့နဲ့ ဆက်သွယ်လိုက်။ သူတို့ရဲ့ သတင်းအချက်အလက် ကွန်ယက်ကနေ ငါတို့ကို လျှင်လျှင်မြန်မြန် ရှာဖွေနိုင်လိမ့်မယ်.."

"ဒါမှမဟုတ်လည်း ပါရမီရှင်တွေအကြား တိုက်ပွဲရဲ့ နောက်ဆုံးတိုက်ပွဲမှ ပြန်တွေ့ကြမယ်.."

စုလင်းရှုံက ခေါင်းငြိမ့်ကာ ပြောသည်။ အင်ပါရီယာမြို့တော်အတွင်း၌ လည်ပတ်မှုအပြီးတွင် ချန်ချင်းစံအိမ်သည် လူနာများကို ဆက်လက်လက်ခံကာ ကုသပေး၏။ ဒီကုသမှုတစ်သုတ်အပြီးတွင် နောက်ထပ်လားရာဆီသို့ ထွက်ခွာမည်ဖြစ်သည်။

"နောက်ထပ်လားရာအတွက် ကတော့... ယွင်ရှန်းဒေသကိုသွားပြီး မိတ်ဆွေဟောင်းအချို့နဲ့ တွေ့တာပေါ့.."

စုလင်းရှုံက ခဏတာစဉ်းစားပြီးနောက် ပြောသည်။

သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့သည် ထိုက်မြှောင်ဂိုဏ်းဆီသို့ သွားရောက်ခဲ့၏။ ယွင်ရှန်းဒေသ၌ သူမတို့ဆီကို သွားရောက်လည်ပတ်လို့ ရပါသည်။

ချန်းလန်ကျွန်းပေါ်တွင် သူမတို့သည် ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့၏။ ထို့အပြင် အားလုံးမှာ အတွင်းဘက်နယ်မြေမှ ဖြစ်ကြသည်။

ချန်ချင်းစံအိမ်၏ လူနာလက်ခံမှုနှင့်အတူ တန်းစီသည့် အခြေအနေတို့ ပြန်ပေါ်လာပြန်၏။ အများစုတို့မှာ ဒဏ်ရာဟောင်းများကို လာရောက်ကုသခြင်း၊ လျှို့ဝှက်ဒဏ်ရာများကို ကုသခြင်းနှင့် ဒန်ဆေးလုံးများကို ဝယ်ယူခြင်း ဖြစ်သည်။ ကျစ်ယွင်လည်း ချန်ချင်းစံအိမ်တွင် ဝင်ရောက်ကူညီပေး၏။

တစ်နေ့တွင် တန်းစီနေသည့် လူစုသည် ရုတ်တရက် လူခွဲပေးခဲ့ရ၏။ တင့်တယ်သည့် အသွင်အပြင်နှင့် အမျိုးသမီးတစ်ယောက်သည် ခေါင်းမော့ရင်ချီကာ လျှောက်လှမ်းလာခဲ့၏။

သူမ၏ ဘယ်နှင့်ညာတို့တွင် လှပသည့် အစေခံနှစ်ယောက်တို့ လိုက်ပါလာသည်။ တစ်ယောက်ချင်းစီတိုင်းသည် သေတ္တာတစ်လုံးကို ကိုင်ဆောင်ထားကြ၏။

အပိုင်း ၆၂၇ - မုန့်ရှူရှူ၏ဒေါသ၊ အစိမ်းရောင်တံဆိပ်ပြား(၂)

"အကြီးဆုံး မင်းသမီးပဲ..."

လူအုပ်ထဲရှိ တစ်ယောက်ယောက်က အသံနိမ့်စွာဖြင့် ပြောသည်။ ဤသည်မှာ ကျိုးနိုင်ငံ၏ မင်းသမီးရှန်းဝိန်ဖြစ်၏။

သူမသည် တစ်ချိန်က ကျိုးနိုင်ငံမှ မရေမတွက်နိုင်သော ပါရမီရှင်များ၏ အိပ်မက်နတ်သမီး ဖြစ်ခဲ့ဖူးသည်။ ပါရမီရှင်များစွာတို့သည် မင်းသမီး၏ အခွင့်ပေးမှုကို ရရှိရန် အကောင်းဆုံး ကြိုးစားခဲ့ကြ၏။

အလုပ်ကြိုးစားကာ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး အကျိုးပြုမှုများ ပြုခဲ့ကြသည်။ သို့ရာတွင် မင်းသမီးသည် ရုတ်တရက် လက်ထပ်မှုမပြုရန် ဆုံးဖြတ်ခဲ့၏။

ပြောကြသည်မှာ သူမတွင် အပျော်ကောင်လေး ရှိသည်ဟုဆိုသည်။ ဤသည်က မရေမတွက်နိုင်သည့် လူငယ်ပါရမီရှင်များကို မနာလိုစွာ ခံစားရစေပြီး သူတို့ကိုယ်သူတို့ အဘယ်ကြောင့် အမျိုးသား မောင်းမများအတွင်း၌ မပါဝင်သနည်းဟု တိတ်တဆိတ် မကျေမနပ် ခံစားကြရသည်။

သို့ပေမယ့် မင်းသမီး၏ အချစ်ရေးအချစ်ရာ ကိစ္စများသည် ပျံ့နှံ့ပြီးမကြာခင်တွင် ပြောဆိုခြင်းမှ ပိတ်ပင်ခြင်း ခံခဲ့ရ၏။ သူမတွင် အပျော်ချစ်သူ ရှိမရှိဟူသည်ကိုပင် မည်သူမှမသိကြပေ။

အဲ့ဒီ့အစား တော်ဝင်မိသားစုတစ်ခုမှ အကြီးဆုံးမင်းသမီးတွင် သဘောကျနေသည့်လူ ရှိပြီးဖြစ်ကာ သူမ၏အချစ်ကို ထိုလူအတွက်သာ တိတ်တစ်ဆိတ် အပ်နှင်းထားခြင်းဖြစ်သည်ဟု ကောလဟာလတစ်ခု ထွက်လာခဲ့၏။သို့ရာတွင် ၎င်းတို့သည်လည်း သက်သေပြနိုင်ခြင်း မရှိဘဲ ပျောက်ကွယ်သွားရသည်။

ရှန်းဝိန်သည် ချန်ချင်းစံအိမ်သို့ လာရောက်နှုတ်ဆက်ခြင်း ဖြစ်၏။ မြို့ထဲတွင် လှည့်လည်စဉ်က သူမသည် ရှန်းမိသားစုအစား ကိုယ်စားလှယ်လုပ်ကာ ဒန်ဆေးနတ်သမီးစုလင်းရှုံနှင့် မိတ်ဆွေဖွဲ့ခဲ့သည်။

ရှီအာက ရှန်းဝိန်ကို ချန်ချင်းစံအိမ်အတွင်းသို့ ခေါ်ဆောင်သွား၏။ စုလင်းရှုံ၊ ကျစ်ယွင်နှင့် ယွဲ့အာတို့က စောင့်စားနေပြီး ဖြစ်သည်။

စုလင်းရှုံသည် ရှန်းဝိန်အပေါ် အမြင်ကောင်းရှိ၏။ မြို့တော်အတွင်းတွင် လှည့်လှည်စဉ်၌ သူမတို့သည် အတူတူသွားလာခဲ့ကြသည်။ ရှန်းဝိန်သည် သူမကို အမကြီးတစ်ယောက်၏ ခံစားချက်အား ပေးစွမ်းနေ၏။

ချန်ချင်းစံအိမ်၏ လူနာလက်ခံရာ အဝင်ဝတွင် မုန့်ရှူရှူက ဆက်လက်တာဝန်ယူကာ ရှီအာအစား လူနာများကို စမ်းသပ်ပေးသည်။

"ဒီနေ့က နောက်ဆုံးနေ့ပဲ... မနက်ဖြန်ကျရင် ချန်ချင်းစံအိမ် ထွက်ခွာတော့မယ်.."

မုန့်ရှူရှူက ပြောသည်။

"မြန်မြန် မြန်မြန်လေးလုပ်... ဒီနေ့ကနောက်ဆုံးပဲ... ငါ့ရဲ့ဒဏ်ရာဟောင်းတွေ မကုသရသေးဘူး.."

"ရှေ့ကလူ... မြန်မြန်လေးသွား.."

"ဟေ့ ဒီကညီအစ်ကို... မင်းကိုကြည့်ရတာ တော်တော်လေးခမ်းခြောက်နေပြီ။ ချန်ချင်းစံအိမ်ကို သွားရင်တောင် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ နေရာဝင်ယူမနေတော့နဲ့လေ.."

"ဟုတ်တယ်... သူက ဆေးကုသမဲ့အချိန်ကို နှောင့်နှေးစေတာပဲရှိမှာ။ မင်းကို ကုသဖို့အတွက် ကြာချိန်က လူပေါင်းများစွာကိုကုသဖို့အတွက် လုံလောက်တယ်.."

တန်းစီနေသည့် လူအုပ်အတွင်းတွင် လူအချို့က တန်းစီနေသည့် လူတစ်ယောက်ကိုကြည့်ကာ ပြောကြသည်။ ထိုလူသည် အလွန်ချိနဲ့လွန်းလှပြီး ပြိုလဲတော့မည့်အသွင် ရှိကာ လူတန်းအတွင်းတွင် တိတ်ဆိတ်စွာရပ်နေ၏။

မုချန်းလျိုသည် ပတ်ဝန်းကျင်ရှိ ဆူညံသံများကို ဂရုစိုက်ခြင်း မရှိပေ။ ရှေ့သို့ကြည့်လိုက်ပြီးနောက် လူ၁၀ယောက်ကျော်တို့ ရှိနေသေးကြောင်းကို တွေ့လိုက်ရ၏။ ပြီးပါက သူ့အလှည့်သို့ ရောက်ပါပြီ။

သူသည် ဆေးကုသမှု ခံယူရန်အတွက် ရောက်လာခဲ့ခြင်းမဟုတ်ပေ။ ရှန်းဝိန်ကို တွေ့ဆုံရန်သာဖြစ်၏။

အစက အတွင်းဘက်နယ်မြေသို့ သွားရောက်ရန် စီစဉ်ထားခဲ့သည်။ သို့ပေမယ့် လင်းယွီဂိတ်တံခါးမှာ ဖွင့်လှစ်ပေးခြင်း မရှိပေ။

အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အမိန့်ပါမှသာလျှင် ဝင်ခွင့်ရမည်ဟု ဆို၏။ ထို့ကြောင့် ရှန်းဝိန်ကို လာရှာခြင်းဖြစ်သည်။

မုချန်းလျိုသည် သူ၏လက်ရှိ အသွင်အပြင်ဖြင့် အချစ်ဟောင်းကို လာရောက်တွေ့ဆုံလိုခြင်း မရှိပေ။ သို့ပေမယ့် ယခုအချိန်၌ ရွေးချယ်စရာမရှိပါ။

သူ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်သည့် နည်းလမ်းကိုလည်း ရှန်းဝိန်ဆီမှ ရရှိခဲ့ခြင်းဖြစ်၏။

'သူမ စာစောင်ကို ရခဲ့ရဲ့လား..'

မုချန်းလျိုတစ်ယောက် အံ့သြနေမိသည်။ ရှန်းဝိန်သာ သူ၏စာကို လက်ခံရရှိပါက ယခုကဲ့သို့ တည်ငြိမ်စွာဖြင့် ချန်ချင်းစံအိမ်သို့ လာရောက်လည်ပတ်ရန် စိတ်အခြေအနေ ရှိမည်မဟုတ်ပေ။

'ငါ့ကို သူမကလွဲပြီး ဘယ်သူ့မှ မမှတ်မိဖို့ မျှော်လင့်တယ်..'

မုချန်းလျိုက တိတ်တဆိတ် စဉ်းစားသည်။ သူသည် ရှန်းဝိန်ကို ရေခဲဒေသရှိ အဖြစ်အပျက်များအား ပြောကြားရဲခြင်း မရှိပေ။

သူမသည် သူ့အတွက် လက်စားချေလိုပြီး ရေခဲဒေသ၌ ထိခိုက်မည်ကို စိုးရိမ်မိ၏။ ထိုထူးဆန်းသည့် မိန်းမသည် အလွန်ကြောက်ဖို့ ကောင်းလှသည်။ သူ့အနေနှင့် သေဆုံးရမည်ဆိုလျှင်တောင် လင်းယွီ၌ သေဆုံးရဲခြင်း မရှိဘဲ အတွင်းဘက်နယ်မြေ၌ သေဆုံးလို၏။

နောက်ဆုံးအကြိမ် အနေနှင့် ထိုညင်သာသည့် မိန်းကလေးကို ကြည့်ရှု့ကာ တိတ်ဆိတ်စွာ သေဆုံးသွားလိုသည်။

နောက်ဆုံးတွင် မုချန်းလျို၏ အလှည့်သို့ ရောက်လာ၏။ သူသည် ခေါင်းမော့ကာ ရှန်းဝိန်အား မိတ်ဆွေဟောင်းတစ်ယောက်က လာရောက်လည်ပတ်သည်ဟု သတင်းသွားပို့ခိုင်းတော့မှာ ဖြစ်၏။

သို့ပေမယ့် လက်ခံသည့်လူကို တွေ့လိုက်ရပြီးနောက် အံ့သြသွားသည်။ ဤသည်မှာ မုန့်ရှူရှူဖြစ်၏။ သူ၏မျက်လုံးများကို ပွတ်လိုက်ပြီး ပုံရိပ်ယောင်လား သို့မဟုတ် အမြင်မှားခြင်းလားဟူ၍ စိုးရိမ်မိ၏။ သို့ပေမယ့် အမှန်တကယ်ကို မုန့်ရှူရှူဖြစ်နေလေသည်။

"မုန့်ရှူရှူ..."

မုချန်းလျိုသည် စိတ်လှုပ်ရှားမိသလို အလွန်လည်း အံ့သြနေမိ၏။ သူသည် လင်းယွီဂိတ်တံခါး၏ ဖွင့်လှစ်မှုကို သိရှိခြင်း မရှိပေ။

ထို့ကြောင့် မုန့်ရှူရှူကို လင်းယွီ၌ တွေ့လိုက်ရပြီးနောက် အလွန် အံ့သြနေ၏။ မုန့်ရှူရှူတောင် လင်းယွီသို့ရောက်လာရာ ဆိုလိုသည်မှာ ထိုညင်သာသည့်မိန်းကလေးလည်း ဒီနေရာတွင် ရှိနေသည်လား။

မုန့်ရှူရှူသည် လူနာများကို လက်ခံရင်းက ရုတ်တရက် တစ်ယောက်ယောက်က သူ၏နာမည်ကို ခေါ်လိုက်ကြောင်းအား ကြားလိုက်ရသည်။ ထို့အပြင် ထိုအသံသည် အနည်းငယ် ရင်းနှီးနေ၏။

အံ့သြစွာဖြင့် ခေါင်းမော့ကြည့်သည်။ သူ၏ရှေ့တွင် ရပ်နေသည်မှာ ပါးများချိုင့်ကာ ဆံပင်များအရောင်နွမ်းနေပြီး ညိုမည်းနေသည့် မျက်လုံးများရှိသည့် ခမ်းခြောက်နေသည့် လူတစ်ယောက်ဖြစ်၏။

ထိုလူသည် ခြောက်သွေ့အောင် စုပ်ယူခြင်းခံရကာ အလောင်းခြောက်တစ်ခုနီးပါး ရှိနေပါသည်။ ထိုကဲ့သို့သော ဒဏ်ရာများသည် အရင်းအမြစ်ကို ထိခိုက်နေပြီးဖြစ်ကာ အရင်းအမြစ်သည် ခမ်းခြောက်နေပြီ ဖြစ်၏။

အတိတ်တုန်းက ယွဲ့ချန်မင်၏ ဒဏ်ရာများထက်ပင် ပိုမိုပြင်းထန်ပါသည်။ အထူးဆန်းဆုံးမှာ အမည်မသိ အကြောင်းပြချက်အချို့ကြောင့် မုန့်ရှူရှူသည် ရှေ့ကလူကို အပျော်အပါးနှင့် အလွန့်အကျွံမွေ့လျော်ပြီး အားပျက်နေခြင်း ဖြစ်သည်ဟု အမြဲတမ်း ခံစားနေရ၏။

"မင်းကဘယ်သူလဲ.."

သူသည် အနည်းငယ် ပဟေဠိ ဖြစ်နေလေသည်။ ဒီလူမှာ မည်သူ ဖြစ်သနည်း။ တစ်ဖက်လူကို မှတ်မိနိုင်ခြင်း မရှိပေ။

ပြီးတော့ ထိုလူသည် သူ့ကိုတွေ့ရပြီးနောက် အလွန်စိတ်လှုပ်ရှားနေ၏။ ဤသည်က အနည်းငယ် ထူးဆန်းနေလေသည်။ အနီးကပ်ကြည့်ရှု့ပြီးနောက် ရင်းနှီးသည့် အသွင်အပြင်အချို့ကို တွေ့လိုက်ရသည်။

"ငါပါရှူရှူ... ဝမ်အာရော ဒီမှာလား... ဘယ်လိုလုပ်ပြီးတော့ လင်းယွီကို ရောက်လာတာလဲ.."

မုချန်းလျို၏ တုန်ရီနေသည့်အသံက ထွက်ပေါ်လာ၏။ မုန့်ရှူရှူ၏မျက်နှာက ချက်ချင်းပင် ဖြူရော်သွားသည်။ သူ၏မျက်လုံးများက ပြူးကျယ်နေပြီး မျက်နှာပေါ်၌ မယုံကြည်နိုင်သည့် အကြည့်တစ်ခု ပေါ်လာ၏။

သူသည် ရှေ့ရှိလူကို ချောမောကာ တင့်တယ်သည့် ထိုလူနှင့် ဆက်စပ်နိုင်ခြင်းမရှိဘဲ ဖြစ်နေပါသည်။ ခြားနားချက်မှာ ကြီးမားလှ၏။

သို့ရာတွင် ရှေ့တွင်ရပ်နေသည့်လူသည် အမှန်တကယ်ကို အတိတ်တုန်းက မုချန်းလျိုဖြစ်ပါသည်။ ရုတ်တရက်အတွင်း မုန့်ရှူရှူတစ်ယောက် ဒေါသတို့ ပေါက်ကွဲထွက်လာခဲ့သည်။

မုချန်းလျိုကို ဖမ်းဆွဲကာ ချန်ချင်းစံအိမ်၏ အပြင်ဘက်သို့ ဆွဲခေါ်သွား၏။ အခင်းအကျင်းကို အသုံးပြုပြီး နေရာကို စည်းချလိုက်သည်။

"မုချန်းလျို... မင်းမှာဒီကိုလာဖို့ သတ္တိရှိသေးတယ်ပေါ့.."

မုချန်းလျိုက ပါးစပ်ကိုဖွင့်သည်။ သို့ပေမယ့် အကြောင်းပြချက် ပေးနိုင်ခြင်းမရှိခင်တွင် မုန့်ရှူရှူက ဒေါသတကြီး ထပ်မံပြော၏။

"ငါမုန့်ရှူရှူ... မင်းကို တလေးတစားနဲ့ ဆက်ဆံခဲ့တယ်။ အစ်မစုက မင်းကိုကြင်နာခဲ့တယ် ချစ်ပေးခဲ့တယ်... မင်းမှာအရေးကြီးကိစ္စ ရှိတယ်ဆိုပြီးတော့ ပြန်သွားခဲ့တာ... လက်စသတ်တော့ မင်းပြောသမျှ အရာအားလုံးက လိမ်ညာမှုတွေပဲ... မင်းအစ်မစုရဲ့ ခံစားချက်ကို လိမ်ညာခဲ့တယ်.."

"လင်းနယ်မြေက နေရာတိုင်းမှာ မင်းရဲ့မိန်းကလေးတွေရှိနေတယ်... မင်းက မုမိသားစုရဲ့ ငရှုပ်သခင်လေးမလား..."

"အခုရော ဘာဖြစ်တာလဲ... အပျော်လွန်ပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမိပြီမလား... ကောင်းတယ် မင်းနဲ့ထိုက်တန်တယ်.."

မုန့်ရှူရှူသည် ထိုကဲ့သို့ စဉ်းစားမိလေလေ ဒေါသထွက်လေဖြစ်လာခဲ့၏။ မုချန်းလျိုကို စတင်အော်ဟစ်သည်။

မုချန်းလျိုမှာ တိတ်ဆိတ်စွာရှိနေ၏။ မုန့်ရှူရှူ၏ ကျိန်ဆဲမူတို့ ပြီးဆုံးမှသာလျှင် နာကျင်စွာဖြင့်ဝန်ခံ၏။

"ဟုတ်ပါတယ်... ငါ့မှာ မိန်းကလေးတွေ အများကြီး ရှိတယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်ထားခဲ့တယ်။ ဒါပေမယ့် ငါမလိမ်ခဲ့တာ တစ်ခုရှိတယ်.."

"ဝမ်အာက အမှန်တကယ်ကို ငါအချစ်ဆုံးမိန်းကလေးပဲ.."

"မင်းမှာ ဒီလိုပြောဖို့ သတ္တိရှိသေးတယ်ပေါ့... မုချန်းလျို.. မင်းက မဟုတ်တာတွေ ပြောနေတာပဲ.."

မုန့်ရှူရှူမှာ ဒေါသတို့ ပြန်လည်ဆူပွက်လာပြန်၏။ မုချန်းလျိုကို ထပ်မံကျိန်ဆဲသည်။ နှလုံးသားထဲ၌ ရှည်ကြာစွာ ဖြစ်တည်ထားသည့် မကျေနပ်မှုတို့ကို ထုတ်ဖော်ပြောကြား၏။

"ဝမ်အာရော ဘယ်လိုနေလဲ.."

မုန့်ရှူရှူ၏ စကားဆုံးပြီးနောက် မုချန်းလျိုက မေးသည်။

မုန့်ရှူရှူက တိတ်ဆိတ်သွား၏။ အချိန်အတော်ကြာပြီးနောက် ဖြေကြားသည်။

"အစ်မစု သေဆုံးသွားတာကြာပြီ.."

မုချန်းလျိုမှာ ယိုင်ကျသွား၏။ မုန့်ရှူရှူက သူ၏လက်ကို ဖမ်းဆွဲသည်။

"ဘယ်လိုဖြစ်တာလဲ... ဝမ်အာက ဘယ်လိုလုပ်ပြီး သေဆုံးခဲ့တာလဲ.."

မုန့်ရှူရှူက အံကိုကြိတ်၏။

"လင်းရှုံကို မွေးဖွားပြီးတဲ့နောက်မှာ အစ်မစုရဲ့ ခန္ဓာကိုယ်က အပြင်အထန် ခြောက်သွေ့သွားပြီး ပိုမိုပိုမိုအားနည်းလာခဲ့တယ်... နောက်ဆုံးမှာတော့ ရောဂါနဲ့ သေဆုံးသွားခဲ့တယ်.."

"ငါပေးခဲ့တဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေကရော..."

မုချန်းလျိုက ဒေါသတကြီး မေး၏။

"အဲ့ဒါတွေအားလုံး အသုံးပြုလို့ ကုန်သွားခဲ့တယ်။ မဟုတ်ရင် လင်းရှုံကိုတောင် မွေးနိုင်မှာမဟုတ်ဘူး.."

မုချန်းလျိုမှာ တိတ်ဆိတ်သွားသည်။ သူ၏ ချိုင့်ဝင်နေသည့် မျက်လုံးများမှ မျက်ရည်တို့ စီးကျလာခဲ့၏။

"အဘိုးကြီးရော..."

"သူသေပြီ... အသတ်ခံရတာ.."

"ဘယ်လိုဖြစ်တာလဲ.."

မုချန်းလျိုမှာ မှင်သက်သွားသည်။

"အဲ့ဒီ့ကိစ္စကို ယင်လုံ့စံအိမ်က လူတွေလုပ်ခဲ့တာ... လင်းရှုံလက်စားချေခဲ့ပြီးပြီ.."

မုန့်ရှူရှူက အဖြစ်အပျက်ကို ရှင်းပြသည်။

မုချန်းလျို၏ မျက်လုံးများက ရုတ်တရက် ဒေါသတို့ပြည့်နက်လာ၏။ အံကိုကြိတ်ကာ အော်ဟစ်သည်။

"ထန်းကျင်းယန်.."

"မင်းဘာပြောလိုက်တယ်.."

မုန့်ရှူရှူက မှင်သက်သွားသည်။

"လင်းရှုံဘယ်မှာလဲ.."

မုချန်းလျိုက ဒေါသကိုမျိုသိပ့်ကာ တုန်ရီနေသည့်အသံဖြင့်မေး၏။

"မင်းစိုးရိမ်ဖို့ မလိုပါဘူး... လင်းရှုံကို သူမကိုချစ်တဲ့ဆရာနဲ့ စီနီယာအစ်ကိုတွေ ရှိတယ်... သူမက အခုဆိုရင် လင်းနယ်မြေရဲ့ နာမည်ကျော်ကြားတဲ့ ဒန်ဆေးနတ်သမီးပဲ။ ကောင်းမွန်တဲ့ဘဝနဲ့ ရှင်သန်နေတယ်။ အဲ့ဒီ့အစား မင်းရဲ့အသွင်အပြင်ကမှ ဆန့်ကျင်ဘက်ဖြစ်နေတာ.."

မုန့်ရှူရှူ၏ ခံစားချက်မှာ ရောထွေးစွာရှိနေ၏။ သူသည် လင်းရှုံအား သူမ၏ ဖခင်အရင်းဖြစ်သူ အကြောင်းကို ပြောပြလိုက်သင့်လား။ ထိုအခါ သူမ၏ဘဝသည် အရင်လို လွတ်လပ်စွာနေနိုင်ဦးမည်လား။

"သူမ အဆင်ပြေနေတယ်ဆိုရင် ကောင်းတယ်... ငါလိုလူမျိုးက သူမကိုနှောက်ယှက်သင့်ဘူး.."

မုချန်းလျိုက သဘောတူစွာ ခေါင်းငြိမ့်၏။ ထို့နောက် တုန်ယင်နေသောလက်များဖြင့် သူ၏ရင်ဘတ်ထဲမှ အပြာရောင်သတ္တုပြားလေး တစ်ခုကို ထုတ်ကာပေးသည်။

"ဒါက ငါ့ဘဝရဲ့ အဖိုးအတန်ဆုံးပစ္စည်းပဲ... အတွင်းဘက်နယ်မြေကနေ အလျှင်အမြန် ထွက်ခွာသွားခဲ့တာလည်း ဒီပစ္စည်းကြောင့်ပဲ.."

"အကြောင်းပြချက်တစ်ခုခု ရှာပြီး လင်းရှုံကိုပေးလိုက်... မှတ်ထားပါ... ဒီထဲမှာ အမည်မသိ လျှို့ဝှက်ချက်အချို့ ရှိနေတယ်... ကိုယ့်ဘာသာ အရမ်းကြီးမရှာဖွေနဲ့။ အချိန်ကျလာရင် သဲလွန်စပေါ်လာလိမ့်မယ်.."

"ပြီးတော့မှတ်ထားပါ... ရေခဲဒေသကိုမသွားနဲ့... အဲ့ဒီ့ရေခဲဒေသကို ဘယ်တော့မှမသွားနဲ့... အဲ့ဒီ့နေရာက အရမ်းအန္တရာယ်များတယ်.."

"ရေခဲဒေသက အရင်လိုမဟုတ်တော့ဘူး.. မှတ်ထားပါ.."

မုချန်းလျိုက လေးနက်စွာပြောသည်။ မုန့်ရှူရှူသည် အစက အပြာရောင်သတ္တုပြားငယ်ကို ယူလိုခြင်း မရှိပေ။

သို့ပေမယ့် မုချန်းလျို၏ အခြေအနေနှင့် လက်ရှိနာကျင်မှုကိုတွေ့ရပြီးနောက် လက်ခံခဲ့၏။

မုချန်းလျိုသည် စကားဆုံးပြီးနောက် ထွက်ခွာရန် ပြင်ဆင်၏။ သို့ပေမယ့် နောက်သို့လှည့်ကာ လေးနက်စွာပြောသည်။

"ရှူရှူ... ငါ့ရဲ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့မှတ်ထား ပါ... ဘယ်တော့မှ မရှိခဲ့သလိုပဲ ဟန်ဆောင်နေ... မင်းငါ့ကို မတွေ့ခဲ့ဘူး.."

"ပြီးတော့ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့နာမည်ကို ထုတ်ဖော်မပြောကြားမိစေနဲ့... ငါနဲ့တွေ့ခဲ့တယ်၊ သိခဲ့တယ်ဆိုတာကို ဘယ်သူမှလည်း အသိမခံနဲ့.."

မုန့်ရှူရှူက မှင်သက်သွားသည်။ မုချန်းလျိုသည် အလွန်လေးနက်စွာ ပြောဆိုနေ၏။ ဖြစ်နိုင်သည်မှာ မည်သည့်အကြောင်းအရာတို့ ဖြစ်ပွားခဲ့၍ သူသည် ယခုမျှကြောက်ရွံ့နေရသနည်း။

All Chapters