အခန်း (၆၂၈-၆၃၀)
Vol. 42 Ch. 628-630
အပိုင်း ၆၂၈ - ကောင်းကင်ဂူအမိန့်၊ မိုးပြာရောင်ပင်လယ်သွေးဓားဓားပြ
"မသေခင်မှာ ဝမ်အာကို အဝေးကနေပြီး ကြည့်ခွင့်ရဖို့အတွက် ငါမျှော်လင့်ခဲ့တာ။ အခုတော့ သူမကိုထပ်ပြီးတော့ မတွေ့ဆုံနိုင်တော့ဘူး... ငါ့မှာ ဘာဆန္ဒမှမရှိတော့ဘူး.."
ထိုစကားကိုပြောပြီးနောက် မုချန်းလျိုက နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ မုန့်ရှူရှူ၏ မျက်နှာက ရှုပ်ထွေးနေပြီး ကိုယ့်ကိုယ်ကိုယ် သက်ပြင်းချသည်။
"နေဦး.."
မုချန်းလျိုက ခေါင်းကိုလှည့်ကာ ပဟေဠိဖြစ်စွာဖြင့် ကြည့်၏။
"မင်းဒီလို အခြေအနေမျိုး ဘယ်လိုလုပ်ပြီး ကျရောက်ခဲ့တာလဲဆိုတာကို ငါမသိပေမယ့်... တွေ့ဆုံပြီးပြီ ဆိုကတည်းက ဒီဆေးလုံးကို ယူလိုက်ပါ... တတ်နိုင်သလောက် ကုကြည့်ပေါ့.."
မုန့်ရှူရှူက ဆေးပုလင်းများစွာတို့ကို ထုတ်ကာ မုချန်းလျို၏ လက်ထဲသို့ ထည့်ပေးသည်။
"မင်းကို အထွတ်အထိပ် အခြေအနေအထိ ပြန်ရောက်စေနိုင်တာ မဟုတ်ရင်တောင် ၇၀/၈၀%လောက်အထိတော့ ပြန်ကောင်းလာအောင် သေချာပေါက် ကူညီပေးလိမ့်မယ်.."
မုချန်းလျိုက ခေါင်းကိုရမ်းသည်။
"အသုံးမဝင်ဘူး... ငါ့ရဲ့အခြေအနေကို ငါသိတယ်.."
"ဒီဆေးလုံးတွေကို လင်းရှုံကိုယ်တိုင် သန့်စင်ထားတာ... အခြေခံကို ထိခိုက်ထားပြီး စိတ်ဝိဉာဉ်ခန္ဓာပြိုလဲထားရင်တောင် ပြန်ကောင်းနိုင်သေးတယ်... မင်းရဲ့အခြေအနေက ဆိုးဝါးပေမယ့် ပြန်ပြီးတော့ ကုသလို့မရနိုင်တာတော့ မဟုတ်ဘူး.."
"လင်းရှုံသာ ကိုယ်တိုင်ကုသပေးမယ်ဆိုရင် မင်းရဲ့ဒဏ်ရာတွေက ဘာမှတောင်ဟုတ်မှာ မဟုတ်ဘူး။ ရက်အနည်းငယ်အတွင်းမှာ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်နိုင်လိမ့်မယ်.."
မုန့်ရှူရှူက အေးစက်စွာ ရယ်ရင်းက ပြော၏။
"တကယ်ပဲလား.."
မုချန်းလျိုက မယုံကြည်နိုင်စွာဖြင့် ကြည့်သည်။
"ဒါပေါ့.."
မုန့်ရှူရှူက အေးစက်စွာ ပြော၏။
"အဲ့ဒါဆိုရင် မင်းလင်းရှုံကို ရှာပြီးတော့ ဒဏ်ရာကုသချင်သေးလား... သူမ မင်းကိုဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။ ဒါ့ကြောင့်မို့လို့ ဖခင်ဖြစ်တယ်ဆိုတာကိုလည်း သိမှာမဟုတ်ဘူး.."
"မလိုတော့ဘူး.."
မုချန်းလျိုက ခေါင်းကိုရမ်းသည်။ ဆေးလုံးများကို ယူကာပြော၏။
"သူမကိုတွေ့မယ်ဆိုရင်... ငါ့ကြောင့် သူမ ထိခိုက်ရလိမ့်မယ်... ခွဲခွာခြင်းက အကောင်းဆုံးပဲ။ ထပ်ပြီးတော့ မတွေ့ဆုံတော့ဘူး.."
မုန့်ရှူရှူမှာ တိတ်ဆိတ်သွား၏။ မုချန်းလျို၏ အဖြေက သူ့ကို မထင်မှတ်စွာ ဖြစ်သွားစေသည်။
မုချန်းလျိုသာ လင်းရှုံအနေနှင့် သူ့ကို ပြန်လည်ကောင်းမွန်အောင် ကုသနိုင်ကြောင်းအား သိရှိသည်နှင့် သေချာပေါက် သူမည်သူဖြစ်သည်ကို ပြောပြကာ အကူအညီတောင်းခံမည်ဟု ထင်ထားခဲ့၏။
မုချန်းလျိုမှာ ထွက်ခွာသွားခဲ့သည်။ သူသည် လူအုပ်အတွင်းမှ ပျောက်ကွယ်သွားပြီး ပြန်လာခြင်း မရှိတော့ပေ။
မုန့်ရှူရှူတစ်ယောက် မည်ကဲ့သို့ ခံစားရသည်မသိ ကျန်ရစ်ခဲ့၏။ သူသည် နောက်ဆုံး အခြေအနေတွင် နှလုံးသားထဲ၌ စိတ်ပျော့သွားခဲ့သည်ကို ဝန်ခံရပေလိမ့်မည်။ထို့ကြောင့် မုချန်းလျိုကို ဆေးလုံးတို့ ပေးအပ်ခဲ့ခြင်းဖြစ်၏။
လက်ထဲရှိ တံဆိပ်ပြားကို ကြည့်လိုက်သည်။ ၎င်းသည် သင်္ကေတအချို့နှင့် အပြာရောင်တံဆိပ်တစ်ခု ဖြစ်၏။ သို့ပေမယ့် ၎င်းမှလွဲ၍ မည်သည့်ထူးခြားချက်ကိုမှ တွေ့မြင်နိုင်ခြင်း မရှိပေ။
"ဒါက ဘာများလဲ.."
သူသည် ခေါင်းကိုရမ်းကာ အခွင့်အရေးတစ်ခုရှာပြီး စုလင်းရှုံကိုပေးရန် ဆုံးဖြတ်လိုက်သည်။
ချန်ချင်းစံအိမ်သို့ ပြန်ပြီးနောက် လင်းရှုံမှာ မင်းသမီးရှန်းဝိန်နှင့် စကားပြောနေဆဲ ရှိ၏။ သူမတို့၏ အင်ပါရီယာမြို့တော်သို့ ခရီးစဉ်မှာ ပြီးဆုံးသွားပြီဖြစ်သည်။
"ရေခဲဒေသ... ငါတို့တွေ ရေခဲဒေသကို သွားလို့မရဘူး.."
မုန့်ရှူရှူသည် မုချန်းလျို၏ သတိပေးမှုအပေါ် ပဟေဠိဖြစ်စွာ ခံစားလိုက်ရ၏။ ရေခဲဒေသတွင် မည်သည်တို့ ဖြစ်ပွားခဲ့သနည်း။
'ဒါဆိုလည်း မသွားတော့ဘူးပေါ့...'
မုန့်ရှူရှူက ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ရေခဲဒေသသည် လူဦးရေရှားပါး၏။ ထို့ကြောင့် သွားရောက်စရာ မလိုအပ်ပေ။
စုလင်းရှုံ သွားချင်လျှင်လည်း အကြောင်းပြချက်တစ်ခုရှာကာ တားဆီးလို့ရ၏။ သူ့အနေနှင့် ရေခဲဒေသမှ အန္တရာယ်တို့ကို ကြောက်ရွံ့၍ မဟုတ်ပေ။ ထိုနေရာသို့သွားရောက်ပါက မုချန်းလျို၏ အကြောင်းများကို ရှာဖွေတွေ့ရှိပြီး သူနှင့် လင်းရှုံတို့အကြား ဆက်သွယ်မှုတို့ ပေါ်သွားမည့်အား စိုးရိမ်သောကြောင့် ဖြစ်၏။
'ငါလုပ်နေတာ မှန်ရောမှန်ရဲ့လား..'
မုန့်ရှူရှူသည် ရှုပ်ထွေးစွာ ခံစားလိုက်ရ၏။ နောက်ဆုံးတွင် တစ်ဖက်လူသည် လင်းရှုံ၏ ဖခင်အရင်း ဖြစ်သည်။
သို့ပေမယ့် သူသည် မုချန်းလျို၏ တည်ရှိမှုကြောင့် လင်းရှုံအား ဝမ်းနည်းမှုနှင့် ဒေါသတို့ကို ခံစားစေလိုခြင်း မရှိပေ။ မုချန်းလျိုသာ မိန်းမပွေရှုပ်သူတစ်ယောက် မဟုတ်ပါက မုန့်ရှူရှူအနေနှင့် သံသယဝင်စရာ မကောင်းလောက်အောင် အမှန်တရားအား ပြောမိမည်ဖြစ်၏။
'ထားလိုက်ပါတော့..'
သူသည် နှလုံးသားထဲ၌ သက်ပြင်းချသည်။ လက်ထဲတွင် အပြာရောင်တံဆိပ်ကို ကိုင်ဆောင်ရင်းက ချန်ချင်းစံအိမ်၏ ထိပ်သို့ တက်လာခဲ့၏။
"ဆရာကြီး.."
သူက လေးစားစွာဖြင့် ခေါ်လိုက်သည်။ ဆရာကြီးသည် အားလုံးတို့ကို သိရှိမည်ဆိုသည်အား သူသိ၏။
"အင်း.."
လီရွှမ်က ခေါင်းငြိမ့်၏။ သူသည် မုန့်ရှူရှူနှင့် မုချန်းလျိုတို့၏ စကားများအားလုံးကို ကြားသိခဲ့ရသည်။
"ဆရာကြီး... ကျွန်တော်လုပ်တာ မှန်ရောမှန်ရဲ့လား.."
မုန့်ရှူရှူက မနေနိုင်ဘဲ မေးသည်။
"အမှန်နဲ့အမှားဆိုတာ မင်းရဲ့နှလုံးသားထဲမှာပဲ ရှိနေတယ်... စိတ်ထဲမှာ ထားမနေပါနဲ့.."
လီရွှမ်က ခေါင်းကိုရမ်းသည်။ စုလင်းရှုံသာ သူမ၏ဖခင်အကြောင်း အမှန်တရားတို့ကို ရှာဖွေတွေ့ရှိပါက သေချာပေါက် ဒေါသထွက်မှာဖြစ်၏။
ယခုကဲ့သို့ ဆေးပညာနှင့် သိုင်းပညာတို့အတွင်းတွင် မွေ့လျော်စွာဖြင့် လွတ်လပ်ပျော်ရွှင်နေသည့် ဘဝမျိုးကို မည်ကဲ့သို့ ရှာဖွေနိုင်မည်နည်း။
မုချန်းလျိုက သူကိုယ်တိုင် ထုတ်ဖော်ပြောကြားလိုခြင်း မရှိဘဲ ဆုတ်ခွာသွားရာ သူ၏ ပေါ်ပေါက်လာမှုကြောင့် လင်းရှုံ၏ အေးချမ်းသည့်ဘဝကို နှောက်ယှက်လိုခြင်း မရှိကြောင်းမှာ သိသာလှပါသည်။
"ဆရာကြီး... ဒါကဘာများလဲ.."
မုန့်ရှူရှူက ခေါင်းငြိမ့်သည်။ ဆရာကြီးက ထိုကဲ့သို့ပြောလာရာ အဆင်ပြေပေလိမ့်မည်။ သူသည် အပြာရောင်တံဆိပ်ကို စားပွဲပေါ်သို့ တင်ပြီးနောက် မေး၏။
"ငါဒါကို လင်းရှုံကို ပေးလိုက်မယ်.."
လီရွှမ်က တံဆိပ်ပြားကို တစ်ချက်ကြည့်ပြီးနောက် အနိမ့်အမြင့် အတက်အကျမရှိသည့် လေသံဖြင့် ပြော၏။
ဤသည်မှာ မည်သည်ဖြစ်သည် ဟူသည်မှာတော့ သူကဘယ်လိုလုပ်ပြီး သိမည်နည်း။ ထို့ကြောင့် မည်သည့်စကားကိုမှ ဟခြင်းမရှိဘဲ မုန့်ရှူရှူအား အားနည်းသူတစ်ယောက်အနေနှင့် ကိစ္စအများကြီးကို သိရှိခြင်းမှာ မကောင်းဟု ဖော်ပြနေသည့်အသွင် ရှိသည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး.."
မုန့်ရှူရှူက ဆက်လက်မေးမြန်းခြင်းမပြုပါ။ တံဆိပ်ပြားကို ဆရာကြီးက လင်းရှုံအား ပေးမည်ဖြစ်၏။
ဤသည်က သူကိုယ်တိုင်ပေးခြင်းထက် ပိုမိုအလေးအနက်ထားမှုကို ခံရမှာဖြစ်သည်။ မဟုတ်ပါက သူကိုယ်တိုင် လင်းရှုံကိုပေးလျှင် တစ်နေ့တွင် သူမအနေနှင့် မေ့လျော့သွားနိုင်၏။
ဘာပဲဖြစ်ဖြစ် ဤသည်မှာ မုချန်းလျို၏ အဖိုးအတန်ဆုံးပစ္စည်းဖြစ်သည်။ မုန့်ရှူရှူသည် လင်းရှုံကို ဒီပစ္စည်းအား တန်ဖိုးထားစေလို၏။
မုန့်ရှူရှူ ထွက်ခွာသွားပြီးနောက် လီရွှမ်က အပြာရောင်တံဆိပ်ပြားကို ကောက်ယူကာ ဂရုတစိုက်ဖြင့် စစ်ဆေးကြည့်သည်။ မည်သည်ဖြစ်သနည်းဟု စဉ်းစား၏။
တံဆိပ်ပြား၏ ကုန်ကြမ်းပစ္စည်းတို့မှာ ရိုးရှင်းခြင်း မရှိပေ။ ထိုပစ္စည်းတို့ကို ကြည့်ရုံနှင့် စိတ်ဝိဉာဉ်နယ်မြေရှိ ဒီဗိုင်းကိရိယာထက် နိမ့်ပါးခြင်း မရှိကြောင်းကို တွေ့မြင်နိုင်၏။
သို့ပေမယ့် ဒီဗိုင်းကိရိယာ မဟုတ်ပေ။ တံဆိပ်ပြားပေါ်ရှိ သင်္ကေတတို့တွင် မည်သည့် အထူးအဓိပ္ပါယ်မှ ပါဝင်နေသည့်ဟန် မရပါ။ ၎င်းတို့သည် အဆင်အယင်တစ်ခုသဖွယ်သာ ရှိနေ၏။
လီရွှမ်က ခဏတာ စဉ်းစားပြီးနောက် ဒီဗိုင်းစွမ်းအားအမျှင်တစ်ခုကို တံဆိပ်ပြားအတွင်းသို့ ပေါင်းစပ်လိုက်သည်။ အပြာရောင်တံဆိပ်ပြားသည် အပြာရောင်အလင်း ရေးတေးတေးကို ထုတ်လွတ်လာပြီး စကားလုံးသုံးလုံးတို့ ပေါ်လာခဲ့၏။
"ကောင်းကင်ဂူ တံဆိပ်ပြား.."
စကားလုံးသုံးလုံး ပေါ်လာသည်နှင့် လီရွှမ်လည်း တံဆိပ်ပြားအတွင်းတွင် သေးငယ်သည့် စာကြောင်းအချို့ကို တွေ့လိုက်ရသည်။
"တံဆိပ်ထုတ်ပြန်တဲ့အခါ ကောင်းကင်ဂူပေါ်လာလိမ့်မယ်... ကောင်းကင်ဂူတံဆိပ်ပြားရဲ့ ကိုင်ဆောင်ထားသူတွေ ဝင်ရောက်နိုင်ပြီး အမိန့်ပေးလိမ့်မယ်.."
လီရွှမ်သည် သူ၏ ဒီဗိုင်းစွမ်းအားကို ရုတ်သိမ်းကာ အတွေးနက်သွား၏။
'ကောင်းကင်ဂူ... လျှို့ဝှက်နယ်မြေ တစ်ခုလိုမျိုးများလား... ဒါကကောင်းကင်ဂူကို ဝင်ရောက်တဲ့သော့လား.. ဒါမှမဟုတ် ထိန်းချုပ်တဲ့ တံဆိပ်ပြားလား..'
အပိုင်း ၆၂၉ - ကောင်းကင်ဂူအမိန့်၊ မိုးပြာရောင်ပင်လယ် သွေးဓားဓားပြ(၂)
သူသည် ပဟေဠိဖြစ်သွား၏။ ကောင်းကင်ဂူဟူသည်မှာ မည်သည်ဖြစ်သနည်း။ အကောင်းဆုံးခန့်မှန်းချက်မှာ ဤသည်မှာ လျှို့ဝှက်နယ်မြေတစ်မျိုး ဖြစ်ပေလိမ့်မည်ဟုဖြစ်သည်။
လင်းနယ်မြေတွင် ထိုကဲ့သို့သော နေရာတစ်ခု တည်ရှိနေသည်လား။ ဘယ်တုန်းကမှ ကြားဖူးခဲ့ခြင်း မရှိပေ။ လူဦးရေ စည်ကားသိုက်မြိုက်သည့် ကျိုးနိုင်ငံတွင်ပင်လျှင် ဖြစ်၏။
'ကြည့်ရတာ လျှို့ဝှက်နယ်မြေလိုမျိုး နေရာတစ်ခုပဲဖြစ်လိမ့်မယ်... ကောင်းကင်ဂူ ပေါ်လာတဲ့အချိန်ကျရင် တံဆိပ်ပြားက တစ်ခုခုကို ပြသလိမ့်မယ်။ အဲ့ဒါဆိုရင် ဝင်ရောက်လို့ ရလိမ့်မယ်..'
လီရွှမ်က စဉ်းစားသည်။
'စုလင်းရှုံကိုပဲ ပေးလိုက်တာပေါ့... ဘယ်အချိန်ကျမှ ပေါ်လာမလဲဆိုတာကို ဘယ်သူသိမှာလဲ..'
သူက ခေါင်းကိုရမ်းသည်။ ကောင်းကင်ဂူတံဆိပ်ပြားနှင့် ပတ်သက်ပြီး အာရုံထားနေခြင်း မရှိတော့ပေ။ ဤသည်မှာ လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်လျှင်တောင် သူ့အနေနှင့် အများကြီး ဂရုစိုက်မနေပါ။
သူသည် ဒီလောက၏ သိုင်းပညာကို ကျင့်ကြံခြင်းမဟုတ်ဘဲ ကိုယ်တိုင်ဖန်တီးမှုကိုသာ ကျင့်ကြံခြင်း ဖြစ်၏။
'ငါ့ရဲ့ သိုင်းပညာလမ်းစဉ်ကိုပဲ ဆက်ပြီးတော့ ဖန်တီးရမယ်..'
လီရွှမ်သည် ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။ သူသည် ခေါင်းကိုရမ်းကာ သူ၏သိုင်းပညာအကြောင်း ဆင်ခြင်မှုအတွင်း၌ ပြန်လည်နှစ်မြုပ်သွားသည်။
ဒီဗိုင်းဆန်းကြယ်စွမ်းအားများကို ဖန်တီးကာ ထိုက်ချန်းစာအုပ်ကို အဓိပ္ပာယ်ကောက်၏။ ရှန်းဝိန်ကို နှုတ်ဆက်ပြီးနောက် ချန်ချင်းစံအိမ်သည် ထွက်ခွာရန် ပြင်ဆင်၏။ ကျစ်ယွင်လည်း ချင်ဘုရင်နန်းတော်ဆီသို့ ပြန်ခဲ့ရသည်။
"ပြီးရင် ဘယ်ကိုသွားကြမလဲ.."
"ကောင်းကင်ဗိမ္မာန်ဒေသကို သွားပြီး ကြောင်နီကို သွားရှာတာပေါ့... ဝတုတ်ကြောင်ကို ငါတော်တော်လွမ်းနေပြီ... မတွေ့တာကြာရောပေါ့.."
စုလင်းရှုံက အကြံပေးသည်။
"ကောင်းပြီ... ဒါဆိုလည်း ကောင်းကင်ဗိမ္မာန်ဒေသကို သွားမယ်.."
ချန်ချင်းစံအိမ်၏ ဥယျာဉ်သည် မိုးပျံသင်္ဘောအတွင်းသို့ ဝင်ရောက်သွားပြီး ကောင်းကင်သို့ မြင့်တက်ကာ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည်။
ကြည့်ရှု့နေသည့် စွမ်းအားကြီး ပုဂ္ဂိုလ်များသည် ချန်ချင်းစံအိမ်ကို တစ်ခါမှ ကြားဖူးခြင်းမရှိသည့် စစ်မှန်သည့် ဒီဗိုင်းကိရိယာတစ်ခုဟု အံ့သြစွာဖြင့် ကျန်ရစ်ခဲ့ကြ၏။ ကျိုးနိုင်ငံ၏ မြို့ရိုးပေါ်တွင် မုချန်းလျိုက မိုးပျံသင်္ဘော၏ ထွက်ခွာသွားမှုကို ကြည့်ရှု့နေ၏။
အဝေးမှငယ်ရွယ်သည့် မိန်းကလေးတစ်ယောက်၏ ပုံရိပ်ကိုကြည့်ရှု့ကာ ကျေနပ်စွာ ခံစားလိုက်ရသည်။ သူတို့ထွက်သွားပြီး မကြာခင်တွင် သူ၏မျက်နှာပေါ်၌ ဒေါသထွက်သည့် အရိပ်အယောင်တို့ ပေါ်လာခဲ့၏။
"ထန်းကျင်းယန်.."
ယင်လုံ့စံအိမ်၏ လိုက်လံသတ်ဖြတ်မှုကို မုန့်ရှူရှူပြောပြခဲ့သည်နှင့် နောက်ကွယ်တွင် ကြိုးကိုင်သူ ရှိမည်ကို သူသိလိုက်၏။ ပထမဆုံး တွေးမိသည့်လူမှာ သူ၏ တရားဝင်ဇနီးဖြစ်သူ ထန်းကျင်းယန်ဖြစ်သည်။
"နင်ကသေသင့်တယ်.."
သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ မည်သည့် အချစ်ဟောင်းကိုမှ တွေ့ဆုံရန် စိတ်မရှိတော့ပေ။ ထန်းကျင်းယန်ဆီသို့ နောက်ဆုံး သွားရောက်လည်ပတ်ခြင်းမှာလည်း သူမကို သေလမ်းသို့ ပို့ပေးရန်ဖြစ်၏။
မုန့်ရှူရှူကပေးသည့် ဒန်ဆေးလုံးတို့ကို သောက်သုံးပြီးနောက် မုချန်းလျိုသည် အပြီးတိုင် ပြန်လည်ကောင်းမွန်ခြင်း မရှိပေမယ့် သူ၏ ညှိုးနွမ်းနေသည့် အသွင်အပြင်သည် များစွာတိုးတက်လာခဲ့၏။ တစ်ချိန်က ချောမောခဲ့သည့်ရုပ်ရည်ကို ပြန်လည်ရရှိလာခဲ့သည်။
ရွှေရှင်းနန်းတော်တွင် ထန်းကျင်းယန်သည် သူမကိုယ်သူမ တံခါးပိတ်နေပြီး မည်သူ့ကိုမှ တွေ့ဆုံရန် လက်ခံခြင်းမရှိပေ။ သိုင်းတစ်ထောင်ခန်းမဆီမှ ပြန်ပြီးနောက် သူမ၏နေ့စဉ်ဘဝတွင် မကောင်းသည့် ခံစားချက်တစ်ခုကို ရရှိနေ၏။
သိုင်းတစ်ထောင်ခန်းမ အရှင်သခင်၏ သတိပေးချက်အရ တစ်ခုခုမှားယွင်းနေကြောင်းကို နားလည်၏။ ထို့ကြောင့် သူမသည် ကိုယ့်ကိုယ်ကိုယ် ရွှေရှင်းနန်းတော်အတွင်း၌ တံခါးပိတ်နေကာ ကျင့်ကြံမှုကိုသာ အာရုံစိုက်နေခဲ့သည်။
စုလင်းရှုံကို ရန်ပြုမည့် သူမ၏ စိတ်ဆန္ဒတို့ကိုပင် ယာယီမေ့ပျောက်နေ၏။ သူမကို မထင်ထားမိစေသည်မှာ ရှည်ကြာစွာ ပျောက်ဆုံးနေခဲ့သည့် မုချန်းလျိုတစ်ယောက် ရွှေရှင်းနန်းတော်သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
ထန်းကျင်းယန်သည် အလွန်ဝမ်းသာသွားပြီး သူမ၏ ယောက်ျားဖြစ်သူကို သွားရောက်တွေ့ဆုံ၏။ ရက်အနည်းငယ် ကြာပြီးနောက် ဂုဏ်သရေရှိ မိသားစုတစ်ခုမှ ခေါင်းဆောင်တစ်ဦး ရွှေရှင်းနန်းတော်သို့ လာရောက်လည်ပတ်လာခဲ့သည်။
ရွှေရှင်းနန်းတော်နှင့် ဆက်သွယ်ရေး တည်ဆောက်ကာ သိုင်းတစ်ထောင်ခန်းမသို့ ထိတွေ့နိုင်မည့် အခွင့်အရေးကို ရရှိလို၏။ သို့ပေမယ့် ရွှေရှင်းနန်းတော်မှာ ပျက်စီးနေပြီးဖြစ်ကြောင်းကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။ သူသည် အလွန်အံ့ဩနေ၏။
ဘာပဲဖြစ်ဖြစ် ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ မည်သူက အလွန်ရဲတင်းကာ ရွှေရှင်းနန်းတော်ကို ဖျက်ဆီးခဲ့သနည်း။
ဖြစ်နိုင်သည်မှာ မျိုးဆက်စုံ မဟာမိတ်အဖွဲ့လေလား။ သို့ပေမယ့် ဤသည်မှာ မျိုးဆက်စုံ မဟာမိတ်အဖွဲ့သာ ဆိုပါက ယခုကဲ့သို့သော လျှို့ဝှက်သည့် သတ်ဖြတ်မှုမျိုးကို ပြုစရာမလိုပေ။
သတင်းသည် လျှင်မြန်စွာ ပျံ့နှံ့သွားပြီး လော့ဒေသတလျှောက် လှိုင်းထန်သွား၏။ မုမိသားစုမှလည်း အံ့သြသွားပြီး အကြီးအကဲတစ်ယောက်ကို စေလွှတ်ကာ ထန်းကျင်းယန်အကြောင်းကို စုံစမ်းခိုင်းလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဤသည်မှာ မုချန်းလျို၏ တရားဝင်ဇနီးဖြစ်၏။ အသေးစိတ် စစ်ဆေးမှုအပြီးတွင် သူတို့သည် မည်သည့် အသုံးဝင်သည့် သတင်းကိုမှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။
ထန်းကျင်းယန်မှာ သေဆုံးပြီး မုချန်းလျိုဆီမှ မည်သည့်သတင်းမှ မရရာ မုမိသားစုရှိ အကြီးအကဲတို့သည် မုဖိန်မင်၏ မိခင်ကို မုချန်းလျို၏ တရားဝင်ဇနီးအဖြစ် နေရာချပေးလိုက်ကြ၏။ ဤနည်းအားဖြင့် မုဖိန်မင်သည် မိသားစု၏ အစစ်အမှန် ဆက်ခံသူသခင်လေး ဖြစ်လာခဲ့သည်။
ရွှေရှင်းနန်းတော်၏ ပျက်စီးမှုကို ကြားသိရပြီးနောက် သိုင်းတစ်ထောင်ခန်းမကလည်း အသန်မာဆုံးပုဂ္ဂိုလ် အကြီးအကဲတစ်ယောက်ကို စစ်ဆေးရန် စေလွှတ်ခဲ့သည်။ ထို့အပြင် သူတို့ကို စိန်ခေါ်မှုပြုရဲသည့် အပြစ်သားကိုလည်း ဖမ်းဆီးရန် ကြေငြာချက် ထုတ်ပြန်ခဲ့၏။
"ရွှေရှင်းနန်းတော်ကို ဘယ်သူက တိတ်တဆိတ်နဲ့ ဖျက်ဆီးနိုင်မှာလဲ... ဘာကြီးမားတဲ့ တိုက်ပွဲအသံကိုမှ မကြားခဲ့ဖူးဘူး။ ကြည့်ရတာ အရမ်းစွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မယ်.."
သိုင်းတစ်ထောင်ခန်းမသခင်က အေးစက်စွာ ပြုံးသည်။
"ခန်းမသခင်... လင်းယွီဂိတ်တံခါးရဲ့သတင်းများ ပေါက်ကြားသွားလို့လား.."
"ဘာပဲဖြစ်ဖြစ် ငါတို့ကတော့ ငါတို့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လူစားထိုးတစ်ယောက်ကို ရှာရမယ်... ရွှေရှင်းနန်းတော်ရဲ့ ကိစ္စကတော့ ထားလိုက်တော့... ဘာလို့လဲဆိုတော့ အခြား အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေက လင်းယွီဂိတ်တံခါးကို ဖွင့်လှစ်ဖို့ ဘာလှုပ်ရှားမှုမှ မပြုခဲ့တာ သတင်းပေါက်ကြားစရာ အကြောင်းမရှိဘူး.."
သိုင်းတစ်ထောင်ခန်းမ အရှင်သခင်က အေးစက်စွာပြော၏။ လင်းယွီဂိတ်တံခါး ပျောက်ကွယ်သွားသည့် သတင်းသာ ပေါက်ကြားသွားပါက အခြားအဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အာရုံကိုဆွဲဆောင်ကာ သတင်းကို လာရောက်အတည်ပြုကြမှာ ဖြစ်သည်။
မကြာခင်တွင် ကိုယ့်ကိုယ်ကိုယ် တံခါးပိတ်နေထိုင်သည့် နာမည်ကျော်ကြားသည့် လေလွင့်သိုင်းသမားတစ်ယောက်သည် သိုင်းတစ်ထောင်ခန်းမ၏ ဖမ်းဆီးခြင်းကိုခံရပြီး ရွှေရှင်းနန်းတော်၏ရှေ့မောက်၌ ခေါင်းဖြတ်သတ်ဖြတ်ခြင်း ခံခဲ့ရ၏။
သူ၏ အသွေးအသားတို့သည် ရွှေရှင်းနန်းတော်၏ ဂိတ်တံခါးအတွင်းသို့ ပြန့်ကျဲကာ ဤသည်မှာ လက်စားချေခဲ့သည်ဟု ဆိုလိုနေပါသည်။
ပြောကြသည်မှာ ထိုလေလွင့်သိုင်းသမားသည် ရွှေရှင်းနန်းတော်၏ အရင်းအမြစ်တို့ကို လောဘတက်၍ လျှို့ဝှက်အဆိပ်ကို ဆယ်စုနှစ်တို့ကြာအောင် အသုံးပြုပြီး ရွှေရှင်းနန်းတော်၏ စွမ်းအားကြီးသူများကို အားနည်းစေခဲ့သည်ဟု ဆို၏။
နောက်ဆုံး၌ နန်းတော်တစ်ခုလုံးကို မည်သည့်ဆူညံမှုမှ မရှိဘဲ သုတ်သင်ခဲ့သည်။ လော့ဒေသရှိ သိုင်းသမားများအားလုံးသည် မှင်သက်သွားကြ၏။
ထိုလေလွင့်သိုင်းသမားသည် အမှန်တကယ်ကို ရဲတင်းလွန်းလှသည်။ ကျန်ရှိသည့် ဂိုဏ်းများနှင့် မိသားစုကြီးများသည်လည်း စတင်ကြောက်ရွံ့လာကြ၏။ အတွင်းပိုင်း၌ စစ်ဆေးမှုများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြသည်။
မိုးပြာရောင်ပင်လယ်သည် ကျယ်ပြောပြီး မည်သည့်နေရာ၌ အဆုံးသတ်သည်ကို မည်သူမှသိရှိခြင်း မရှိပေ။
လင်းနယ်မြေ၏ ဒေသ၁၈ခုတို့နှင့် နှိုင်းယှဉ်ပါက ထိုနေရာတွင် သိုင်းသမားအရေအတွက် ပိုမိုနည်းပါး၏။ ပြန့်ကြဲနေသည့် ဂိုဏ်းအနည်းငယ်သာ ရှိသည်။
နာမည်ကျော်ကြားသည့် ကြွင်းများ၌သာလျှင် သိုင်းသမားများသည် နေထိုင်မှုပြုကြ၏။ သို့ပေမယ့် မိုးပြာရောင်ပင်လယ်ရှိ ယွင်ထန်းမြို့၏ တစ်ဝိုက်တွင်တော့ ဂိုဏ်းများ၊ မိသားစုကြီးများနှင့် သိုင်းသမားများ ပြန့်ကျဲစွာရှိနေ၏။ ဤသည်ကို ယွင်ထန်းပင်လယ်ဒေသဟု ခေါ်ဆိုသည်။
သံသယဝင်စရာ မကောင်းလောက်အောင် ယွင်ထန်းပင်လယ်ဒေသသည် မိုးပြာရောင်ပင်လယ်အတွင်းတွင် အစည်ကားဆုံး ပင်လယ်ပိုင်နက် ဖြစ်၏။
လူသားမျိုးနွယ် သိုင်းသမားများနှင့် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်များ စုရုန်းစွာ ရှိနေကြသည်။ ယွင်ထန်းပင်လယ်ဒေသ၏ အပြင်ဘက်တွင် ဂိုဏ်းနှင့် မိသားစုကြီးအချို့ ရှိ၏။ သိုင်းသမားများလည်း အပါအဝင် ဖြစ်သည်။
ကြီးမားသည့် သင်္ဘောတစ်ခုသည် ပင်လယ်ပြာပေါ်၌ ရွက်လွှင့်နေပြီး ယွင်ထန်းမြို့ဆီသို့ ဦးတည်ခဲ့၏။ လိုအပ်သည့် ပစ္စည်းများကို လဲလှယ်မည်ဖြစ်သည်။
အပိုင်း ၆၃၀ - ကောင်းကင်ဂူအမိန့်၊ မိုးပြာရောင်ပင်လယ် သွေးဓားဓားမြ(၃)
"ငါကြားတာတော့ ဒီရေနေရာက မတည်ငြိမ်ဖူးတဲ့... လူတိုင်းပဲ သတိထားကြ.."
သင်္ဘောကြီးပေါ်ရှိ သိုင်းသမားတစ်ယောက်က နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
မိုးပြာရောင်ပင်လယ်သည် ကျယ်ပြောပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်အတွက် ဆိုလျှင်တောင် သင်္ဘောဖြင့်သာ သွားလာလေ့ရှိသည်။
ဘာပဲဖြစ်ဖြစ် မိမိ၏ ကိုယ်ပိုင်ခွန်အားအပေါ် လုံးဝမှီခိုပြီး ပျံသန်းခြင်းမှာ အလွန်ပင်ပန်းဖို့ ကောင်းလှသည်။ ထို့အပြင် စွမ်းအင်များစွာတို့ ကုန်ဆုံးပါက တိုက်ပွဲဖြစ်ပွားသည့်အခါ အန္တရာယ်များမှာ ဖြစ်၏။
"ဘာကြောက်စရာရှိလို့လဲ... ငါတို့ဒီမှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အယောက်၂၀ကျော်ရှိတယ်။ အဲ့ဒီ့ဓားမြတွေကို ကြောက်နေရဦးမှာလား.."
သိုင်းသမားတစ်ယောက်က မနှစ်မြို့စွာ ပြော၏။ မိုးပြာရောင်ပင်လယ်သည် ပင်လယ်ဓားမြများ၏ ခိုလှုံရာဖြစ်ပြီး အများစုတို့သည် ယွင်ထန်းပင်လယ်၏ အပြင်ဘက်၌ ကျက်စားလေ့ရှိ၏။ ဖြတ်သွားဖြစ်လာ သိုင်းသမားများ၏ ပစ္စည်းများကို လုယူသည်။
ထိုပင်လယ်ဓားမြများသည် ဒေသ၁၈ခုမှ ထွက်ပြေးလွတ်မြောက်လာသည့် ရက်စက်ကြမ်းကြုတ်သည့် သိုင်းသမားများ သို့မဟုတ် ပျက်စီးသွားခဲ့သည့် စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီးများမှ သိုင်းသမားများ ပူးပေါင်းကာ စုစည်းထားခြင်းဖြစ်သည်။
အချို့ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ဝင်များ ပင်လျှင် ပင်လယ်ဓားမြများ ဖြစ်လာတတ်ကြ၏။ မိုးပြာရောင်ပင်လယ်တစ်ခုလုံးတွင် ယွင်ထန်းပင်လယ်ဒေသမှ လွဲ၍ အခြားနေရာများ၌ နေရာတိုင်းတွင် ပင်လယ်ဓားမြများနှင့် တွေ့ဆုံနိုင်၏။
"ငါတို့မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၂၀လောက်ရှိတာနဲ့ စိတ်ချလက်ချနေလို့ ရပြီလား... လွန်ခဲ့တဲ့သုံးလက ရှစ်ထန်ကျွန်း လုယက်ခံရတဲ့ အဖြစ်အပျက်ကို မင်းတို့တွေ မေ့သွားကြပြီလား... ကျွန်းပေါ်က သိုင်းသမားဘယ်နှစ်ယောက် ထွက်ပြေးလွတ်မြောက်ခဲ့လို့လဲ.."
"ငါတို့ကို လာမခြောက်နဲ့... ရှစ်ထန်ကျွန်းကို ဖျက်စီးခဲ့တဲ့ ကောင်တွေနဲ့ သွားတွေ့ရလောက်အောင် အဲ့လောက်ကံမဆိုးသေးဘူး.."
"ဘာပဲဖြစ်ဖြစ်... သတိကြီးတော့ ပိုကောင်းတာပေါ့.."
သင်္ဘောပေါ်ရှိ သိုင်းသမားများသည် တစ်ယောက်နှင့်တစ်ယောက် လေးနက်စွာ သတိပေးလာကြပြီး ပတ်ဝန်းကျင်ကို သတိဖြင့် စောင့်ကြည့်နေကြ၏။ တစ်ခုခု မူမမှန်တာရှိပါက ချက်ချင်းထွက်ပြေးမှာဖြစ်သည်။
"မဟုတ်ဘူး... ဓားမြတွေ တိုက်ခိုက်လာပြီ.."
ရုတ်တရက် သင်္ဘောပေါ်ရှိ တစ်ယောက်ယောက်က အံ့ဩစွာဖြင့် အော်ဟစ်သည်။ လူတိုင်းလည်း ခေါင်းမော့ကြည့်လိုက်ပြီးနောက် အရပ်မျက်နှာအားလုံးတို့ဆီမှ ပေါ်လာသည့် ပုံရိပ်များကို တွေ့ရ၏။ ၎င်းတို့သည် နီးကပ်စွာ ချဉ်းကပ်လာခဲ့သည်။
တိုက်ခိုက်သူများအားလုံးသည် အနက်ရောင်မျက်နှာဖုံးများကို ဝတ်ဆင်ထားကြပြီး ကြက်သွေးရောင်အငွေ့အသက်တို့ လွှမ်းခြုံနေသည့် သွေးရောင်ဓားများကို ကိုင်ဆောင်ထားကြသည်။
"ဒါက ရှစ်ထန်ကျွန်းကို ဖျက်ဆီးခဲ့တဲ့ သွေးဓားဓားမြတွေပဲ.."
သိုင်းသမားများက အလန့်တကြား အော်ဟစ်ကြ၏။
"ခုန်ချကြ.."
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က သင်္ဘောပေါ်မှ အမြန်ဆုံးထွက်ပြေးရန် ပြင်ဆင်သည်။
"ဘယ်ကိုသွားနေတာလဲ..."
"ဘုန်း.."
သွေးရောင်ဓားအလင်းတစ်ခု သက်ဆင်းလာပြီး ထွက်ပြေးနေသည့် သိုင်းသမားကို သင်္ဘောပေါ်သို့ ပြန်လည်ဆုတ်ခွာရစေ၏။
"လူတိုင်းပဲ... ငြိမ်ငြိမ်နေကြ... ငါတို့တွေက ဓားမြပဲတိုက်တာ.. လူမသတ်ဘူး... ခုခံရဲရင် သေရမယ်.."
သွေးဓားဓားမြ ခေါင်းဆောင်က အော်ဟစ်သည်။ သင်္ဘောပေါ်တွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအောက်ရှိ သိုင်းသမားများမှာ စက္ကူရွက်ကဲ့သို့ ဖြူရော်နေပြီး ဖြစ်၏။ သူတို့၏ အိတ်များကိုပေးကာ ကုန်းပတ်ပေါ်သို့ လွှင့်ပစ်ခြင်း ခံလိုက်ရသည်။
"ကောင်းတယ်..."
"ကောင်းကင်လူသားကြီးတွေ ဒီကိုလာခဲ့... ကောင်းကင်လူသားငယ်တွေ ဒီကိုလာ... စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေအားလုံး ဒူးထောက်ကြ.."
သွေးဓားဓားမြက သင်္ဘောပေါ်ရှိ သိုင်းသမားများကို တန်းစီရန် အမိန့်ပေးသည်။ ဓားဖြင့်ရွယ်ကာ ကြိမ်းမောင်းနေပေမယ့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၂၀တို့သည် အံကိုကြိတ်ကာသာ ထိုင်နေကြရသည်။
သွေးဓားဓားမြများသည် အလွန် စွမ်းအားကြီးမားကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်ကြသည်။
တိုက်ပွဲဖြစ်ပွားပါက အနိုင်ရမည်ကို မဆိုထားနှင့် ထွက်ပြေးလွတ်မြောက်ရန်ပင် အခွင့်အရေး နည်းပါးလှသည်။
"ကောင်းတယ်... ငါတို့ သွေးဓားဓားမြတွေက ပူးပေါင်းမှုရှိတဲ့ လူတွေကို သဘောကျတယ်.."
"အိတ်တွေကို လုံးဝဝှက်မထားနဲ့နော်... ဒီကောင်မလေးကမဆိုးဘူး... နင့်အိတ်ကို ပေးစရာမလိုဘူး။ ခန္ဓာကိုယ်ကိုပဲပေးရမယ်... ငါတို့က ပစ္စည်းသို့မဟုတ် လှပမှုကိုပဲ လုယူတယ်။ ငါတို့သွေးဓားဓားမြတွေက ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းရှိတယ်... အခုနင့်ရဲ့ ခန္ဓာကိုယ်ကို လိုချင်တော့ ပစ္စည်းကိုမလုတော့ဘူး.."
ထိုအမျိုးသမီးသိုင်းသမားသည် ချက်ချင်းပင် ဖြူရော်သွားပြီး နှုတ်ခမ်းတို့ တုန်ခါလာခဲ့၏။
"အစ်ကိုကြီး... ကျေးဇူးပြုပြီး ကျွန်မကို ချမ်းသာပေးပါ... ပစ္စည်းကိုပဲလုယူပါ.."
"နင့်မှာ ရွေးချယ်စရာမရှိဘူး... ဟိုမှာသွားပြီးတော့ နာနာခံခံနဲ့သွားနေ... မဟုတ်ရင် ငါတို့နင့်ရဲ့ခန္ဓာကိုယ်ရော ပစ္စည်းကိုပါ လုယူရလိမ့်မယ်.."
သွေးဓားဓားမြက ဓားရှည်နှင့် အမျိုးသမီး၏ပါးကို ပုတ်ကာပြောသည်။ အမျိုးသမီးမှာ အလွန်ရှက်ရွံ့သွား၏။ သို့ပေမယ့် ထောင့်တစ်နေရာ၌ သွားရောက်ကာ လဲလျောင်းရသည်။
သွေးဓားဓားမြက ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ကာ မောက်မာစွာ လျှောက်လာခဲ့၏။
"ကောင်းကောင်းမွန်မွန် ပူးပေါင်းမယ်ဆိုရင်... နင့်ကို စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေတောင် ဆုချဦးမှာ.."
ဤသည်မှာ လွန်ကျူးလွန်လှသည်။ အမျိုးသမီးသိုင်းသမားသည် အလွန် ဒေါသထွက်မိပေမယ့် ကြီးစွာစော်ကားခြင်းခံရလျှင်တောင် တိုက်ခိုက်ရဲခြင်း မရှိပေ။
သင်္ဘောကြီး၏ အနောက်ဘက်တွင် သေးငယ်သည့် အပြာရောင်သင်္ဘောတစ်စီးသည် ပင်လယ်ပြင်ကို ဖြတ်သန်းကာ ရွေ့လျားလာခဲ့၏။