← Chapters

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

အခန်း ၃၄၉ - အန္တရာယ်မလာခင် ပြင်ဆင်ခြင်း ၂

မနက်ဖြန်တွင် ကပ်ဘေးတစ်ခု ကျရောက်တော့မည်ကို ကြိုတင်သိရှိထားကြပြီးဖြစ်ရာ မည်သူ့လက်ထဲတွင်မဆို ပြင်းထန်သော စွမ်းအားကို ထုတ်ပေးနိုင်သည့် ပေါက်ကွဲမြှားများကို သေချာပေါက် အလုံအလောက် ပြင်ဆင်ထားရန် လိုအပ်ပေသည်။

"အဲဒီလောက်တောင် အရေးကြီးနေတာလား။ အင်း... ဒါဆိုရင် ရှင်လည်း ဒီကိုလာပြီး ကူညီပေးပါလား"

လီဝမ်ရှီးသည် မနက်ဖြန်တွင် သားရဲလှိုင်းလုံးကြီး ကျရောက်မည်ကို မသိသေးသဖြင့် အတော်လေး စိတ်အေးလက်အေး ရှိနေဆဲပင်။

သူမသည် ရွှီရှင်းနှင့် အတူရှိနေမှသာ အလုပ်လုပ်ရသည်မှာ ပို၍ လွယ်ကူမည်ဟု ယူဆထားခြင်း ဖြစ်၏။

"ငါလည်း မင်းဆီကို လာချင်တာပေါ့၊ ဒါပေမဲ့ ဒီနေ့ ငါ လုပ်စရာ တခြားကိစ္စတွေ ရှိနေသေးတယ်"

ရွှီရှင်းက သူမအား မနက်ဖြန်၏ အခြေအနေကို ပြောပြရန် ပြင်လိုက်စဉ်မှာပင် ကျိချောင်းယန်က စူးစမ်းရှာဖွေသူ အဖွဲ့ဝင်များသာမက ဒေသတွင်းချန်နယ်ရှိ လူအားလုံးကိုပါ နောက်နေ့တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို အသိပေး အကြောင်းကြားပြီး ဖြစ်နေလေပြီ။

လီဝမ်ရှီးသည်လည်း ထိုသတင်းကို သတိပြုမိသွားကာ "အို ဘုရားရေ.. မနက်ဖြန် သားရဲလှိုင်းကြီး ရောက်လာတော့မှာလား။ ရှင် အဲဒါကို ကြိုသိနေတာလား" ဟု အံ့သြတကြီး အော်ဟစ်လိုက်တော့သည်။

"ဟုတ်တယ်၊ ဒါကြောင့် မင်းလည်း အစွမ်းကုန် ကြိုးစားထားဦး။ မင်းရဲ့ ယမ်းစိမ်းတွင်းက တကယ့်ကို အရေးကြီးတယ်၊ ဒါဟာ ငါတို့ နယ်မြေရဲ့ ရှင်သန်နိုင်နှုန်းနဲ့ တိုက်ရိုက် သက်ဆိုင်နေတာ"

"အခုချက်ချင်းပဲ ယာကျွင်းကိုခေါ်ပြီး ယမ်းစိမ်းတွေ သွားစုလိုက်တော့မယ်။ ရှင်လည်း အစွမ်းကုန် ကြိုးစားထားဦးနော်"

"ကောင်းပါပြီ"

ဖုန်းချပြီးနောက် မာဟုန်ဝေသည် ထိန်းချုပ်ရေးခလုတ် ၁၀ ခုနှင့် မြားပစ်စက်အကြီး ၅၀ ကို သူ့ထံသို့ တိုက်ရိုက် လွှဲပေးလာခဲ့၏။

တစ်ချိန်တည်းမှာပင် ရွှီရှင်းသည် သစ်ပင်အိမ်အောက်မှ လုဖေးအာ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

"ရွှီရှင်း... ရှင် ရှိလား။ ကျွန်မ ခဏလောက် တက်လာချင်လို့"

ရွှီရှင်း သစ်ပင်အမြစ်များကို ထိန်းချုပ်ကာ သူမအား အပေါ်သို့ ဆွဲတင်ပေးလိုက်၏။

"နင် ဘာလို့ ဒီကို ပြန်လာတာလဲ။ လဲ့ယိုဖန်းကို သွားရှာခိုင်းထားတယ် မဟုတ်လား"

"အဲဒီကိစ္စကြောင့်ပဲ လာတာပါ... ဟို... ရှင့်ရဲ့ ငွေရောင်ဘုရင်ကို ခဏလောက် ငှားလို့ ရမလား"

လုဖေးအာသည် ထောင့်တွင် နားနေသော ငွေရောင်ဘုရင်ကို လှမ်းကြည့်ရင်း စမ်းတဝါးဝါး မေးလိုက်သည်။

အကယ်၍ ငွေရောင်ဘုရင်သာ သူမကို သယ်သွားပေးမည်ဆိုပါက သူမအနေဖြင့် ကီလိုမီတာ အတော်များများကို ကိုယ်တိုင် ပြေးနေစရာ မလိုတော့ပါပေ။

"ငွေရောင်ဘုရင်... အဆင်ပြေရဲ့လား"

ရွှီရှင်းသည်လည်း လုဖေးအာကို မြန်မြန်သွားခိုင်းပြီး လီဝမ်ရှီးအား သတ္တုတူးရာတွင် ကူညီပေးစေချင်သဖြင့် ငွေရောင်ဘုရင်ကို လှမ်းကြည့်လိုက်၏။

"ဝူးးး" ငွေရောင်ဘုရင် မတ်တတ်ရပ်လိုက်သည်။

"ယေး.."

လုဖေးအာ ငွေရောင်ဘုရင်ထံသို့ ပြေးသွားကာ ၎င်း၏ ခေါင်းကို ပုတ်ပေးလိုက်တော့၏။

"ငွေရောင်ဘုရင်ကို တစ်နာရီအတွင်း ပြန်ခေါ်လာခဲ့နော်"

ရွှီရှင်း လုဖေးအာအား အချိန်ကန့်သတ်ချက် ပေးလိုက်သည်။

အကြောင်းမှာ နောက်ပိုင်းတွင် ငွေရောင်ဘုရင်ကို စီးပြီး ဘေးကင်းဇုံ အစွန်းဘက်က နွယ်ပင်တွေကို သွားရောက် သတ်ဖြတ်ရန် လိုအပ်သောကြောင့် ဖြစ်၏။

ပေါက်ကွဲ ပစ္စည်းများအတွက် ကုန်ကြမ်းများတွင် ယမ်းစိမ်းအပြင် ဗီဇပြောင်း နွယ်ပင်များ၏ အရည် လည်း ပါဝင်ပေသည်။

သူသည် အမှတ်များ ပိုမိုရရှိရန်နှင့် အရည်အချို့ စုဆောင်းရန်အတွက် ဘေးကင်းဇုံ အစွန်းရှိ နွယ်ပင်များကို သတ်ဖြတ်ရန် လိုအပ်နေခြင်းပင်။

ရရှိလာသော အမှတ်များကို အပြာရောင်အဆင့် မြေသြဇာများနှင့် လဲလှယ်နိုင်ပြီး၊ ၎င်းမှာ အပြာရောင်အဆင့် ထင်းရှူးပင်များ၏ ကြီးထွားမှုကို မြန်ဆန်စေကာ အပြာရောင်အဆင့် သစ်လုံးများ ရရှိစေပေလိမ့်မည်။

တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။

"ပြဿနာ မရှိပါဘူး"

လုဖေးအာ ယုံကြည်ချက်ရှိရှိဖြင့် ငွေရောင်ဘုရင်ကို ခေါ်ကာ အောက်သို့ ဆင်းသွားတော့သည်။

"နင်..."

လုဖေးအာ သစ်ပင်အိမ်ပေါ်က ဆင်းသွားသည်ကို မြင်သောအခါ ရွှီရှင်း ပြောမည့်စကားကို ပြန်မျိုချလိုက်ရ၏။

သူမသည် ငွေရောင်ဘုရင်နှင့် စီးနင်းခြင်းစာချုပ် ချုပ်ဆိုထားသူ မဟုတ်သဖြင့် သေချာကိုင်ထားရန် သတိပေးမလို့ ပြင်လိုက်ခြင်းပင်။

အကယ်၍သာ သေချာမတွယ်ထားပါက...

"ဝိုး အား...။ငွေရောင်ဘုရင်ရေ၊ ဖြည်းဖြည်း သွားပါဦး"

ထင်သည့်အတိုင်းပင် သူမ ပြုတ်ကျသွားခဲ့ချေပြီ။

ရွှီရှင်း ခေါင်းခါယမ်းလိုက်ပြီး သူမကို ဂရုမစိုက်တော့ပါပေ။

သူသည် စူးစမ်းရှာဖွေသူ အဖွဲ့ဝင် တစ်ဦးချင်းစီအား ထိန်းချုပ်ရေးခလုတ် တစ်ခုစီနှင့် သစ်ပင်အိမ်သုံး ဒူးလေး လေးလက်စီကို လွှဲပေးလိုက်သည်။

ဘာကြောင့် လေးလက်လဲဆိုလျှင် သစ်ပင်အိမ်တွင် အရပ်မျက်နှာ လေးဖက်ရှိပြီး ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံရနိုင်ခြေ ရှိသောကြောင့် လေးလက်မှာ အနည်းဆုံး လိုအပ်ချက် ဖြစ်၏။

ကျိချောင်းယန်၏ စကားများကြောင့် စူးစမ်းရှာဖွေသူ အုပ်စုနှင့် ဒေသတွင်းချန်နယ် နှစ်ခုစလုံးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။

ဝမ်လေ့: "ဗီဇပြောင်း သတ္တဝါ သားရဲလှိုင်းလုံးကြီးတဲ့လား၊ ကြားရတာတင် ကြောက်စရာကြီး"

ဝမ်ကွေ့ရှင်း: "စစ်သားလာရင် ခံစစ်ပြင်မယ်။ ရေလာရင် ပိတ်မယ်။ဘာကြောက်စရာ ရှိလဲ"

ချင်ယွမ်လုံ: "...ငါတို့မှာ နင်တို့လို တိုက်ခိုက်ရေးစွမ်းအား မရှိဘူးဟ။ ဒါနဲ့ နင့်ရဲ့ စွမ်းရည်က တကယ်တမ်း ဘာလဲ။ အခုတော့ ပြောပြလို့ ရပြီမလား"

ချီရွှယ်ဖေး: "အဲဒီ သားရဲတွေ သစ်ပင်အိမ်ကို လာမတိုက်ဖို့ပဲ ဆုတောင်းရမှာပဲ။ ဒါနဲ့... နင်တို့ အချင်းချင်း သိလာကြတာ ဒီလောက်ကြာပြီကို ဝမ်ကွေ့ရှင်းရဲ့ စွမ်းရည်ကို အခုထိ မသိကြသေးဘူးလား"

ချင်ယွမ်ဟု: "သူမကတော့ တခြားရှင်ကျန်သူတွေကို လက်သီးနဲ့တင် ကိုင်တွယ်နိုင်တဲ့သူလေ"

ဝမ်ကွေ့ရှင်း: "...ငါ့ရဲ့ စွမ်းရည်က အဲဒီလောက်ကြီး မဟုတ်ပါဘူး၊ နည်းနည်းတော့ ရှုပ်ထွေးတယ်၊ နင်တို့ကိုလည်း သိပ်ပြီး မကူညီနိုင်တာမို့လို့ လောလောဆယ်တော့ မပြောတော့ဘူး..."

ကျောက်ရှောင်ချွမ်း: "အစ်ကိုကြီး ပစ္စည်းတွေ အများကြီး ပို့လိုက်ပြီဟေ့။ ထိန်းချုပ်ရေးခလုတ်တွေနဲ့ သစ်ပင်အိမ်သုံး ဒူးလေးတွေလား"

ရွှီရှင်းသည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ရှင်းပြလိုက်ပြီး အခုဆိုလျှင် ပေါက်ကွဲမြားများကို အမြောက်အမြား ထုတ်လုပ်ရန် လိုအပ်သဖြင့် နွယ်ပင်အရည်များ လိုအပ်ကြောင်း ပြောပြလိုက်၏။

ဝမ်ကွေ့ရှင်း: "နွယ်ပင်အရည်တွေကို ငါ သွားစုလိုက်မယ်"

လီဝမ်ရှီး: "ယမ်းစိမ်းတွေကိုတော့ ငါ့ကိုသာ လွှဲထားလိုက် အဆတစ်ရာရအောင်တူးပြမယ်"

ဝမ်လေ့: "အဆတစ်ရာဟုတ်လား။အဲဒါက ဘာကို ဆိုလိုတာလဲ။ အဆတစ်ရာကြီးတောင်လား"

ရွှီရှင်း၏ဘက်တွင် ဆုံတွေ့ဖူးကြသူ လေးယောက်မှာမူ အခြားသူများအား ၎င်းတို့၏ စွမ်းရည်များကို အသေးစိတ် ရှင်းမပြကြပေ။

ရွှီရှင်း: "အရင်ဆုံး မနက်ဖြန်အတွက် ပြင်ဆင်ကြပါ။ ညဘက်ကျရင် ငါတို့ စူးစမ်းရှာဖွေသူတွေ အစည်းအဝေးလုပ်ပြီး ကိုယ့်ရဲ့ စွမ်းရည်တွေနဲ့ လုပ်ဆောင်ရမယ့် အခန်းကဏ္ဍတွေကို ဆွေးနွေးကြတာပေါ့။ လျှို့ဝှက်ထားဖို့ မလိုတော့ပါဘူး"

ဝမ်ကွေ့ရှင်း: "ကောင်းပါပြီ..."

ကျောက်ရှောင်ချွမ်း: "အစ်ကိုကြီးရှင်းနဲ့ အစ်ကိုကြီးချောင်းယန်တို့ရဲ့ စွမ်းရည်တွေကို သိရတော့မှာလား။ ရင်ခုန်စရာပဲ"

ဒေသတွင်းချန်နယ်တွင်လည်း လူတိုင်းမှာ အေးအေးဆေးဆေး မနေနိုင်ကြတော့ဘဲ အရေးတကြီးဖြစ်နေသော အမူအရာများမှာ နေရာအနှံ့ ပျံ့နှံ့နေတော့သည်။

"ကျွန်တော် အခုလေးတင် သစ်ပင်အိမ်သုံး ချပ်ဝတ် ၂၀ ဝယ်လိုက်ပြီ။ အကယ်၍ တိုက်လို့မနိုင်ရင်တောင် ချပ်ဝတ်တွေ အထပ်ထပ်တပ်ပြီး ခံစစ်နဲ့ တောင့်ခံထားမယ်"

"ကောင်းလိုက်တဲ့ အကြံပဲ၊ ငါလည်း အဲဒီလိုပဲ လုပ်မယ်"

"ထိပ်သီးကြီးတို့ရေ၊ ကျွန်တော့်ဆီမှာ အစိမ်းရောင်အဆင့် သစ်သားတွေနဲ့ သားရဲအရွတ်အချို့ ရှိပါတယ်။ ဘယ်သူ့ဆီ လွှဲပေးရမလဲ"

ခုနက ကျိချောင်းယန်က ချန်နယ်ထဲတွင် မြားပစ်စက်အသစ်များကို ဝေမျှပေးမည်ဖြစ်သော်လည်း သစ်သားများနှင့် သားရဲအရွတ်များ လိုအပ်ကြောင်း ပြောကြားခဲ့သဖြင့် လူတိုင်းက ထိုကုန်ကြမ်းများကို ကူညီပေးနေကြခြင်း ဖြစ်၏။

ရွှီရှင်းက ချက်ချင်းပင် ချန်နယ်ထဲတွင် "သစ်သားတွေနဲ့ သားရဲအရွတ်တွေကို မာဟုန်ဝေ ဆိုတဲ့သူဆီ လွှဲပေးလိုက်ပါ" ဟု ပြောလိုက်သည်။

သူ၏ စကားကို ရှင်ကျန်သူ အများအပြားက ထပ်ဆင့်ပြောကြားပေးကြသဖြင့် ချန်နယ်တစ်ခုလုံး ထိုသတင်းစကားများဖြင့် ပြည့်သွားတော့သည်။

ရွှီရှင်း မာဟုန်ဝေကို ချက်ချင်း ဆက်သွယ်ကာ ကုန်ကြမ်းများကို လက်ခံရန်နှင့် ဒူးလေးများကို အရောင်းတင်ရန် မှာကြားလိုက်သည်။

အစပိုင်းတွင် တစ်ဦးလျှင် နှစ်လက်ထက် ပိုမဝယ်ရန် ကန့်သတ်ထားလိုက်၏။

မကြာမီမှာပင် သစ်ပင်အိမ်သုံး ဒူးလေးများကို စာရင်းသွင်း ရောင်းချခဲ့ပြီး၊ သာမန် အစိမ်းရောင်အဆင့် အရင်းအမြစ်များနှင့် လဲလှယ်နိုင်ခဲ့ချေပြီ။

ဤစူးစမ်းရှာဖွေသူ ထိပ်သီးများမှာ အရင်းအမြစ် ရှားပါးသူများ မဟုတ်ကြပါပေ။

ထို့အပြင် သူတို့အောက်ကလူတွေဆီမှာလည်း တန်ဖိုးကြီးလှသော အရင်းအမြစ်တွေ ရှိနေနိုင်ခြေ မရှိလှသဖြင့် ဈေးကြီးပေးပြီး ရောင်းရန် မလိုအပ်ပေ။

မဟုတ်ပါက နောက်ပိုင်းတွင် စူးစမ်းရှာဖွေသူများက သူတို့ကို ကူညီရမည်ဖြစ်ရာ သူတို့ဆီက အကုန်ယူထားခြင်းက အဓိပ္ပာယ်မရှိလှပေ။

ရွှီရှင်းသည်လည်း သူ၏ သစ်ပင်အိမ်ပေါ်တွင် ဒူးလေးအချို့ကို တပ်ဆင်လိုက်သည်။

အထူးသဖြင့် ညောင်ပင်သစ်ပင်အိမ်၏ နံရံသစ်ပေါ်တွင် တပ်ဆင်လိုက်ပြီး၊ အသစ်ကြီးထွားလာသော ညောင်ပင်ပင်စည်ပေါ်တွင်လည်း ချပ်ဝတ်များကို တပ်ပေးလိုက်၏။

၎င်းမှာ အပင်နှလုံးသား၏ ကာကွယ်မှုနယ်ပယ်အတွင်းမှာ ရှိနေစေကာမူ စနစ်တကျ တပ်ဆင်ထားရန် လိုအပ်ပေသည်။

သူသည် ဒူးလေးများတွင် ပေါက်ကွဲ မြားများကို တပ်ဆင်ကာ သစ်ပင်အိမ်ဘေးက မြေကွက်လပ်ထဲသို့ ပစ်ခတ်ကြည့်လိုက်သည်။

"ဒုန်း ဒုန်း ဒုန်း "

ဆက်တိုက် ပစ်ခတ်လိုက်သော မြားငါးစင်းမှာ မြေပြင်ကို တွင်းကြီးတစ်ခု ဖြစ်သွားစေလောက်အောင် ပေါက်ကွဲသွားတော့သည်။

ကောင်းတယ်၊ တကယ့်ကို အာနိသင်ရှိတာပဲ။

"အီး အီး"

နောက်တစ်ကြိမ်တွင်လည်း ခဲခဲလေးမှာ ဆိုဖာပေါ်မှ လိမ့်ကျသွားပြန်သဖြင့် ဆက်အိပ်၍ မရတော့ဘဲ ရွှီရှင်း၏ဘေးသို့ ပြေးလာတော့သည်။

ရွှီရှင်း ခဲခဲလေး၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး သူမကိုခေါ်ကာ သစ်ပင်အိမ်ပေါ်မှ ဆင်းခဲ့၏။

"ကြင်ယာတော်ရေ... ကျောက်မီးသွေး တူးရမယ့် အချိန်ရောက်ပြီ"

ရွှီရှင်း သတ္တုတွင်းအဝသို့ လှမ်းအော်လိုက်သည်။

ကြင်ယာတော်ကြီး သည် စူးရှသောအသံကို ပြုလုပ်လိုက်ပြီး မြေအောက်လိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာခဲ့ချေပြီ။

"နည်းနည်း ထပ်တူးပေးပါဦး"

ရွှီရှင်း ကြင်ယာတော်ကြီးကို မှာကြားလိုက်ပြီးနောက် ခဲခဲလေးကိုခေါ်ကာ သူ လတ်တလော လျှို့ဝှက်ထားခဲ့သော နေရာသို့ သွားလိုက်သည်။

၎င်းမှာ အောက်ခြေမမြင်ရသော ရေကန်ကြီး၏ အစွန်းပင် ဖြစ်၏။

"ခဲခဲလေး... ရေကန်ထဲမှာ အခုထိ အန္တရာယ် ရှိသေးလား"

ရွှီရှင်း သူ၏ရင်ခွင်ထဲက ခဲခဲလေး၏ အမြီးကြီးကို ပွတ်ပေးရင်း မေးလိုက်သည်။

"အီး"

ခဲခဲလေး သူမ၏ ခေါင်းလေးကို ခါယမ်းပြလိုက်ရာ၊ ယခုအချိန်တွင် အန္တရာယ်ရှိသည့် အာရုံ မရတော့ကြောင်း ဖော်ပြနေခြင်းပင်။

ရေကန်ထဲမှာ အန္တရာယ် မရှိတော့ပေ။

ရွှီရှင်း အသက်ကို ဝဝရှူလိုက်သည်။

ယခုအခါ ငွေရောင်ဘုရင်ကို လုဖေးအာက ယူသွားပြီဖြစ်သဖြင့် သူသည် နယ်စပ်သို့သွားကာ နွယ်ပင်များကို သတ်ရန် မဖြစ်နိုင်သေးသော်လည်း အခြားစူးစမ်းရှာဖွေသူ အဖွဲ့ဝင်များကလည်း နွယ်ပင်အရည်များကို အတူတူ စုဆောင်းပေးနေကြသဖြင့် အလောတကြီး ဖြစ်စရာ မလိုချေ။

အောက်ကို ဆင်းပြီး တစ်ချက် ကြည့်ရမယ့် အချိန်ရောက်ပြီပေါ့။

မနက်ဖြန်တွင် သားရဲလှိုင်းကြီး ကျရောက်နိုင်ခြေ ရှိပေသည်။

ထိုအချိန်ကျလျှင် ဧရာမ မြွေကြီး ပြန်ရောက်လာနိုင်သဖြင့် အခုအချိန်က နောက်ဆုံး အခွင့်အရေးပင် ဖြစ်ရပေမည်။

အဲဒီ အစိမ်းရောင် သတ္တုဆိုတာ တကယ်တမ်း ဘာလဲဆိုတာ သွားကြည့်ကြရအောင်။

အခန်း ၃၄၉ ပြီး။

အပိုင်း (၃၅၀) - ရေကန်အောက်ခြေက အပြောင်းအလဲနှင့် ကြေးနီသတ္တုတွင်း

"ခဲခဲလေး... ငါ့ကို ကန်ဘောင်မှာပဲ စောင့်နေနော်၊ ငါ အောက်ကိုဆင်းပြီး တစ်ချက်ကြည့်လိုက်ဦးမယ်"

"အီး"

ခဲခဲလေးက ပြန်ထူးပြီးနောက် သူ၏ပုခုံးပေါ်မှ ခုန်ဆင်းကာ ရေကန်ဘေးက ကျောက်တုံးတစ်တုံးပေါ်တွင် ဝပ်၍ စောင့်နေရှာသည်။

ယခုအချိန်တွင် ရေကန်၏ ရေမျက်နှာပြင်မှာ အလွန်ငြိမ်သက်နေပြီး လေအေး တစ်ချက်ဝေ့လိုက်တိုင်း ရေပြင်ပေါ်တွင် လှိုင်းကြက်ခွပ်ကလေးများ ပေါ်ထွက်လာသည်။

ရေကန်ထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်တစ်လေမျှ မရှိတော့သလို အရင်က ပေါက်ခဲ့ဖူးသော ကြာပန်းများ၊ ကျူပင်များနှင့် အခြားအပင်များမှာလည်း ခြောက်သွေ့ကြွေလွင့်ကုန်ပြီဖြစ်ရာ ရေကန်တစ်ခုလုံးမှာ အလွန်ပင် ခြောက်ကပ်ပြီး အထီးကျန်ဖွယ် ကောင်းနေတော့သည်။

မနက်ဖြန်ရောက်လျှင် ဤရေကန်ကြီး တစ်ခုလုံး ခဲသွားမလားဆိုသည်ကို မည်သူမျှ မသိနိုင်ပါပေ။

ရေကန်ထဲကရေမှာ အလွန်ကြည်လင်လှသဖြင့် ရွှီရှင်း ရေကန်အလယ်ကို လှမ်းကြည့်လိုက်ရာ အောက်ခြေမမြင်ရသော ရေကန်၏ ဗဟိုချက်မှာ မှောင်မည်းနေပြီး သေဆုံးနေသော ရေကန်ကြီးတစ်ခုအလား ကြည့်ရရုံနှင့်တင် ကျောစိမ့်ဖွယ် ကောင်းလှပေသည်။

ရွှီရှင်းသည် အပြာရောင်အဆင့် ရေမှော်ပင် တစ်ခုကို ထုတ်စားသုံးကာ ရေအောက်တွင် အသက်ရှူနိုင်စွမ်းကို ရယူလိုက်ပြီးနောက် အမှောင်ထဲတွင် အရာအားလုံးကို ပြတ်သားစွာ မြင်နိုင်စွမ်းရှိစေမည့် အပြာရောင်အဆင့် ဘယ်ရီသီးတစ်လုံးကို ထပ်မံစားသုံးလိုက်၏။

ထို့နောက် အသက်ကို ဝဝရှူကာ ရေကန်ထဲသို့ ခုန်ဆင်းလိုက်တော့သည်။

အေးစိမ့်လှသော ကန်ရေပြင်မှာ သူ၏ တစ်ကိုယ်လုံးကို ချက်ချင်းစိုစွတ်သွားစေပြီး သူ၏ကိုယ်ကို တုန်ရီသွားစေ၏။

ဒီရေကန်က တကယ့်ကို အေးလွန်းတယ်။ သုညဒီဂရီနီးပါး ရှိနေတာပဲ။

သူ့မှာ ဝတ်ထားသော မြွေကြေးခွံချပ်ဝတ် မှာ အလုံပိတ်ဝတ်စုံ မဟုတ်သဖြင့် ရေအေးများစိမ့်ဝင်လာကာ သူ၏အရိုးထဲအထိ စိမ့်ဝင်အောင် အေးစိမ့်သွားစေတော့သည်။

တကယ့်ကို အေးလွန်းလှ၏။

မြွေကြေးခွံချပ်ဝတ်က ရေအောက်က အအေးဒဏ်ကိုတောင် မကာကွယ်ပေးနိုင်ပါလား။

သူ အရှိန်မြှင့်မှ ဖြစ်တော့မည်။

မဟုတ်ပါက ဤအပူချိန်တွင် သူ၏ ခြေလက်များမှာ မကြာမီ ထုံကျင်လာပြီး ခဲသွားပေလိမ့်မည်။

ရွှီရှင်း မျက်လုံးကို ဖွင့်ကြည့်ကာ ရေတိမ်ပိုင်း နယ်မြေကို စူးစမ်းလိုက်၏။

ရေကန်ထဲတွင် ငါးတစ်ကောင်မျှ မကျန်တော့သည်မှာ အမှန်ပင်။

ရေအောက်ခြေက ပုံမှန်ရှိနေကျ ရေမှော်ပင်များပင် ပျောက်ကွယ်သွားပြီး ကျောက်စရစ်ခဲများနှင့် သဲများသာ ပြန့်ကျဲကျန်ရစ်ခဲ့သည်။

အရင်က ရေကန်နှင့် နှိုင်းယှဉ်လျှင် ယခုရေကန်မှာ အလွန်ပင် ဟောင်းလောင်းဖြစ်ပြီး ခြောက်ကပ်နေ၏။

ရွှီရှင်း မရပ်ဘဲ ရေကန်၏ ဗဟိုချက်ဆီသို့ ဆက်လက်ကူးခတ်သွားလိုက်၏။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ရေကန်အလယ်က ဧရာမကျင်းကြီး၏ အစွန်းသို့ ရောက်ရှိသွားခဲ့သည်။

ဟင်။

ရွှီရှင်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်၏။

ရေကန်အလယ်က အောက်ခြေမမြင်ရသော ကျင်းကြီးမှာ အနည်းငယ် ပိုကြီးလာသလိုပင်။

ပြီးခဲ့သည့်အကြိမ် သူ အောက်ဆင်းစဉ်က ရေကန်အောက်ခြေရှိ ကျင်း၏ အစွန်းမှာ ကန်ဘောင်မှ မီတာ ၃၀ ခန့် အကွာတွင် ရှိနေခြင်းဖြစ်သည်။

ဆိုလိုသည်မှာ ရေတိမ်ပိုင်းဇုန်မှာ မီတာ ၃၀ ခန့် ကျယ်ဝန်းခဲ့ခြင်းပင်။

ဒါပေမဲ့ အခုတော့...။

ရေကန်အလယ်တွင် အသစ်ပေါ်ထွက်လာသော ဧရာမကျင်းကြီးကို ကြည့်ရင်း ရွှီရှင်း အနောက်ကို လှည့်ကြည့်လိုက်မိသည်။

ဒီနေရာကနေ ကန်ဘောင်အထိ အကွာအဝေးမှာ အများဆုံး မီတာ ၂၀ သာ ရှိတော့သည်။

မဟုတ်ချေ။ မီတာ ၂၀ တောင် မပြည့်တော့ပေ။

ရေကန်အလယ်က ဧရာမကျင်းကြီးက သူ့အလိုလို ပြန့်ကားလာတာလား။

ရွှီရှင်း၏ ရင်ထဲတွင် စိုးရိမ်စိတ်များ ချက်ချင်း တိုးဝင်လာခဲ့၏။

ဒါက ဘာဖြစ်နေတာလဲ။

ဧရာမလူသားဦးခေါင်း ဆားတွင်းဖြစ်စဉ်ကို ကြုံတွေ့ပြီးနောက်မှာတော့ သူသည် သူ့အလိုလို ပြောင်းလဲနိုင်သော မြေမျက်နှာသွင်ပြင်များကို မြင်လျှင် အလွန်ပင် သတိကြီးသွားခဲ့ပြီ ဖြစ်သည်။

ဒီကျင်းကြီးကလည်း သက်ရှိတစ်ခုများလား။

ဧရာမ သားရဲကြီးတစ်ကောင်ရဲ့ ပါးစပ်လား။

အင်း... ဆက်ဆင်းဖို့တောင် နည်းနည်း ကြောက်လာပြီ...။

မဟုတ်ပါဘူး၊ မဖြစ်နိုင်ပါဘူး...။

ဒါက ကျင်းတစ်ခုသက်သက်ပဲ။

ကြည့်ရတာလည်း ပါးစပ်နဲ့ လုံးဝမတူသလို ဧရာမလူသားဦးခေါင်းနဲ့လည်း ဘာမှ မသက်ဆိုင်ပါပေ။

ဒါပေမဲ့...။

ရွှီရှင်း နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။

ဒီရေကန်ကြီးက တကယ့်ကို အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာပဲ။

အစပိုင်းက သစ်ပင်အိမ်ကို ဒီနေရာမှာ စိုက်ဖို့ ရွေးချယ်ခဲ့တာက သူ့အတွက် အဆင်ပြေမှုတွေ အများကြီး ပေးခဲ့ပေမဲ့ အန္တရာယ်တွေကလည်း တစ်ခုပြီးတစ်ခု လိုက်လာခဲ့ချေပြီ။

အကယ်၍သာ ဒီကျင်းကြီးက တကယ်ပဲ ဆက်ပြီး ပြန့်ကားလာဦးမည်ဆိုပါက...။

သူ၏ သစ်ပင်အိမ်မှာ ကန်ဘောင်နှင့် မီတာ နှစ်ရာတောင် မဝေးသဖြင့် အလွန်နီးကပ်လှပေရာ ရေကန်မှာ ပြဿနာတက်လျှင် သူ၏ သစ်ပင်အိမ်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ငါ မှတ်မိတာများ မှားနေတာလား။

မဟုတ်ဘူး၊ အကွာအဝေးက တကယ်ကို တိုသွားတာ။

ကျင်းကြီးက တကယ်ပဲ ကျယ်လာတာ။

ထားလိုက်ပါတော့လေ၊ အခု ဒါကို တွေးမနေဘဲ လက်ရှိလုပ်ရမယ့် အလုပ်ကိုပဲ အာရုံစိုက်ရမယ်။

ခဲခဲလေးက ကျင်းထဲမှာ အန္တရာယ်မရှိဘူးလို့ ပြောထားတာဆိုတော့ ရွှီရှင်း သူမကို ယုံကြည်နေဆဲပင်။

သူသည် နက်ရှိုင်းလှသော ချောက်ကမ္ဘားကြီးဆီသို့ အာရုံစိုက်လိုက်၏။

မီတာ ၂၀ ခန့် အနက်သို့ ရောက်သောအခါ အပြာရောင်အဆင့် ရေမှော်ပင်များ ပြန်လည်ပေါက်ရောက်နေသည်ကို တွေ့ရပြီး ရေစီးကြောင်းနှင့်အတူ လိုဏ်ဂူနံရံများပေါ်တွင် ယိမ်းနွဲ့နေကြသည်။

ရေမှော်ပင်များ ယိမ်းနွဲ့နေသည့် လားရာကို ကြည့်ခြင်းအားဖြင့် ရေကန်အလယ်က ကျင်းကြီးအတွင်းရှိ ရေများသည် လက်ယာရစ်အတိုင်း ဖြည်းဖြည်းချင်း လည်ပတ်နေကြောင်း သိနိုင်သည်။

၎င်းမှာ ဧရာမ ရေဝဲကြီးတစ်ခုနှင့် တူလှပေ၏။

သို့သော်လည်း လည်ပတ်နှုန်းမှာ အလွန်နှေးကွေးလှသဖြင့်၊ ရေမှော်ပင်များ၏ လှုပ်ရှားမှုသာ မရှိပါက သာမန်မျက်စိဖြင့် သတိထားမိရန် ခဲယဉ်းပေလိမ့်မည်။

မီတာ ၄၀ ခန့် အနက်သို့ ရောက်သောအခါ အစိမ်းရင့်ရောင် သတ္တုရိုင်းများမှာ လိုဏ်ဂူနံရံများပေါ်တွင် ပေါ်ထွက်လာဆဲပင်။

သို့သော် ပြီးခဲ့သည့်အကြိမ်နှင့် မတူသည်မှာ မီတာ ၅၀၊ ၆၀ အနက်တွင် ရေစီးနှင့်အတူ လွင့်မျောနေတတ်သော ရန်လိုသည့် ထူးဆန်းသော ငါးကြီးများမှာ ယခုအခါ တစ်ကောင်မျှ မရှိတော့ဘဲ လုံးဝ ပျောက်ကွယ်သွားခြင်းပင်။

သူ အရင်က စားသုံးခဲ့သော အပြာရောင်အဆင့် ငါးလေအိတ် ကို ထိုငါးများထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းမှာ သူ့အား ရေဖိအားကို ခံနိုင်ရည်ရှိစေကာ အောက်သို့ဆင်း၍ အစိမ်းရောင် သတ္တုရိုင်းများကို တူးဖော်နိုင်စေခဲ့ခြင်း ဖြစ်သည်။

ရွှီရှင်း အောက်က ကျောက်ဆောင်နံရံများကို အသေအချာ စစ်ဆေးလိုက်၏။

ထိုငါးများသည် ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်အောင် ပုန်းကွယ်နေတတ်သဖြင့် လိုဏ်ဂူနံရံများတွင် ကပ်နေကာ မမြင်ရအောင် နေနေခြင်းများလားဟု သူ စိုးရိမ်နေမိသောကြောင့် ဖြစ်သည်။

အကြာကြီး စောင့်ကြည့်ပြီးနောက်မှာတော့ ယခုအချိန်တွင် ကျင်းကြီးအတွင်း၌ ငါးကြီးတစ်ကောင်မျှ မကျန်တော့သည်မှာ အမှန်ပင်ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

လိုဏ်ဂူအတွင်း၌ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် ရွှီရှင်း ဖြည်းဖြည်းချင်း ဆက်လက်ငုပ်ဆင်းသွားရာ မီတာ ၂၀ အနက်သို့ ရောက်သောအခါ အပြာရောင်အဆင့် ရေမှော်ပင် ၁၄ ပင်ကို ထပ်မံရရှိခဲ့သဖြင့် သူ၏ အရင်းအမြစ်များ ကြွယ်ဝလာခဲ့သည်။

သူ ဆက်လက်ငုပ်ဆင်းသွားရာ မကြာမီမှာပင် ထိုအစိမ်းရောင် သတ္တုရိုင်းများရှိရာသို့ ချဉ်းကပ်မိသွားခဲ့ချေပြီ။

ဤသတ္တုရိုင်း အများစုမှာ အစိမ်းရောင်အဆင့်များ ဖြစ်ကြပြီး အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် အပြာရောင်အဆင့် သတ္တုအနည်းငယ်ကိုလည်း ဟိုတစ်စ ဒီတစ်စ တွေ့ရပေသည်။

ရွှီရှင်း သူ၏ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲလာသည်ကို ခံစားလိုက်ရ၏။

သူ၏ ကိုယ်ရော နားစည်ပါ ဤနေရာက ရေဖိအားကို မခံနိုင်တော့ပေ။

မီတာ ၄၀ ဆိုတာ ငါ့ရဲ့ အကန့်အသတ်ပဲ ထင်တယ်။

လွန်ခဲ့သော အချိန်များစွာကတည်းက မီတာ ၁၀၀ ကျော်အထိ ငုပ်ဆင်းကာ စူးစမ်းနိုင်ခဲ့သော ချင်ယွမ်လုံနှင့် နှိုင်းယှဉ်လျှင်တော့ သူ၏ ရေငုပ်နိုင်စွမ်းမှာ တကယ့်ကို စိတ်ပျက်စရာ ကောင်းလှပေသည်။

ဒါပေမဲ့ ဒီလောက်ဆိုရင်တော့ လုံလောက်ပါပြီ။

အနည်းဆုံးတော့ ဒီသတ္တုရိုင်းတွေကို သူ တူးဖော်နိုင်ပြီ မဟုတ်ပါလား။

အခန်း ၃၅၀ ပြီး။

အပိုင်း (၃၅၁) - ရေကန်အောက်ခြေက အပြောင်းအလဲနှင့် ကြေးနီသတ္တုတွင်း ၂

အနာဂတ်မှာ တစ်ဖက်နဲ့တစ်ဖက် အဆက်အသွယ်ရသွားပြီဆိုရင်တော့ ဒီအောက်ခြေမမြင်ရတဲ့ ရေအောက်လိုဏ်ဂူကြီးဟာ သူတို့စူးစမ်းဖို့အတွက် ကျန်ရှိနေမှာပင်။

ရွှီရှင်းသည် အောက်ဘက်သို့ တစ်ချက်ငုံ့ကြည့်လိုက်မိရာ မှောင်မည်းနေသော ချောက်ကမ္ဘားကြီးနှင့် တိုင်းတာ၍မရနိုင်သော အနက်တို့ကြောင့် ကျောရိုးထဲအထိ စိမ့်ခနဲဖြစ်သွားပြီး အကြည့်ကို အမြန်လွှဲလိုက်ရ၏။

ကြောက်စရာကောင်းလိုက်တာ။

ဒါဟာ ရေကြောက်ရောဂါရှိသူတစ်ယောက်အတွက်တော့ တကယ့်ကို ငရဲပါပဲ။

သူသည် ကျောက်ဆောင်နံရံဆီသို့ ကူးခတ်သွားပြီး အစိမ်းရောင်သတ္တုရိုင်းတွေကို လက်နဲ့လှမ်းထိလိုက်သည်။

[ကြေးနီသတ္တုရိုင်း (အစိမ်းရောင်အဆင့်): မီးလင်းဖိုထဲတွင် အရည်ကျိုပြီး ကြေးနီတုံးများအဖြစ် ပြောင်းလဲနိုင်သော သတ္တုရိုင်းဖြစ်သည်။ လျှပ်စစ်စီးကူးမှု အလွန်ကောင်းမွန်ပြီး လျှပ်စစ်ပစ္စည်းများ ပြုလုပ်ရာတွင် အခြေခံကျသော ကုန်ကြမ်းတစ်ခု ဖြစ်သည်။]

တကယ်ပဲဟ။

ဒီမှာရှိနေတာပဲ။

ကြေးနီသတ္တုရိုင်းပင်။

သူ့ရဲ့ သံသယက မှန်နေခဲ့လေပြီ။

ဒါဟာ ကြေးနီသတ္တုရိုင်းပဲ။

လျှပ်စစ်ပစ္စည်းတွေလုပ်ဖို့ လိုအပ်တဲ့ ကြေးနီသတ္တုရိုင်း။

ကြေးနီသတ္တုရိုင်းတွေက ဒီလောက်အထိ နက်တဲ့နေရာမှာ ရှိနေတာကိုး။

လီဝမ်ရှီးက ရွှေကိုရှာတွေ့ပေမဲ့ ကြေးနီကို ဘာလို့ရှာမတွေ့တာလဲဆိုတာ အံ့သြစရာမရှိတော့ပါဘူး။

ဒါဆို ကြေးနီသတ္တုရိုင်းက ရေအောက်မှာ ရှိနေတာပေါ့။

ဒါပေမဲ့ ချင်ယွမ်လုံနဲ့ ချင်ယွမ်ဟုတို့ကတော့ ကြေးနီသတ္တုရိုင်း ရှာတွေ့တဲ့ပုံ မပေါ်ချေ။

ဒီတစ်နေရာတည်းမှာပဲ ရှိတာများလား။

ထားလိုက်ပါတော့ အခုတော့ ဒါတွေကို တွေးမနေတော့ဘဲ ကြေးနီသတ္တုရိုင်းတွေကို အရင်စုဆောင်းရမယ်။

ရွှီရှင်းသည် ပြီးခဲ့သည့်အကြိမ်က လီဝမ်ရှီး ပေးထားခဲ့သော စူးစမ်းရှာဖွေသူ၏ သံမဏိပေါက်ချွန်း ကို ထုတ်ယူလိုက်သည်။

လက်တစ်ဖက်ဖြင့် ကျောက်ဆောင်နံရံကို မြဲမြံစွာကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သံမဏိပေါက်ချွန်း ကို အားပြုကာ ရေအောက်က သတ္တုရိုင်းကို ပေါက်လိုက်၏။

"ဂွပ်"

ပေါက်ချွန်း နှင့် သတ္တုရိုင်း ထိမှန်သွားသော်လည်း ထူးခြားသော ပြောင်းလဲမှု မရှိပါပေ။

ရေအောက်တွင် ခုခံအားက အလွန်ကြီးမားသဖြင့် ပေါက်ချွန်း ၏ အင်အားကို များစွာလျော့ကျစေသည်။

ရွှီရှင်း ထပ်ခါတလဲလဲ ပေါက်ပြီးနောက်တွင်မှ သတ္တုရိုင်းအပိုင်းအစတစ်ခု ပြုတ်ထွက်လာခဲ့တော့သည်။

"ခရက်"

သတ္တုရိုင်းတုံးကြီး တစ်ခုလုံးမှာ ကြေးနီသတ္တုရိုင်း ၅ ခုအဖြစ် ကွဲထွက်သွားရာ ရွှီရှင်း အမြန်ဖမ်းယူလိုက်သော်လည်း တစ်ခုမှာတော့ အောက်ခြေမမြင်ရသော ချောက်ထဲသို့ ကျသွားခဲ့ချေပြီ။

"တောက်..."

ရွှီရှင်း နှမြောတသဖြစ်သွားရသည်။

ကျသွားပြီပဲ။

ရေအောက်မှာဆိုတော့ သူလည်း ဘာမှသိပ်မလုပ်နိုင်ပါပေ၊ ထို့ကြောင့် စုဆောင်းဖို့ကိုသာ အာရုံစိုက်လိုက်သည်။

"ခရက်"

"ခရက်"

ယခုတစ်ကြိမ်တွင်တော့ ကြေးနီသတ္တုရိုင်း တစ်ခုမျှ လွတ်မကျတော့ဘဲ ရွှီရှင်း အမြန် သိမ်းဆည်းနိုင်ခဲ့သည်။

"ခရက်"

ဤတစ်ကြိမ်တွင်တော့ သံမဏိပေါက်ချွန်း၏ သုံးဆ ရနှုန်းက အသက်ဝင်သွားခဲ့သဖြင့် ကြေးနီသတ္တုရိုင်း ၁၅ ခုကို တစ်ပြိုင်နက် ရရှိခဲ့သည်။

သို့သော်လည်း ၃ ခုမှာတော့ သူ၏လက်ထဲမှ လွတ်ထွက်သွားပြန်၏။

သူ ခေါင်းခါယမ်းလိုက်ပြီး အပြာရောင်အဆင့် သတ္တုရိုင်းတစ်ခု၏ ရှေ့သို့ ကူးခတ်သွားလိုက်သည်။

အပြာရောင်အလင်းတန်းမှာ အပိုင်းအစအနည်းငယ်သာ ရှိသဖြင့် ကြည့်ရသည်မှာ အပြာရောင်အဆင့် သတ္တုရိုင်း တစ်ခုထက် ပိုရနိုင်ခြေ မရှိပါပေ။

ရွှီရှင်း သံမဏိပေါက်ချွန်း ကို ဝေ့ယမ်းလိုက်သည်။

အချက်ပေါင်း ဆယ်ဂဏန်းကျော် ပေါက်ပြီးနောက်မှသာ ပထမဆုံးသော အပြာရောင်အဆင့် ကြေးနီသတ္တုရိုင်းကို ရရှိခဲ့သည်။

ထို့နောက် ဒုတိယနှင့် တတိယ အပိုင်းအစများကိုလည်း ရရှိခဲ့၏။

သုံးဆ ရနှုန်းက နောက်တစ်ကြိမ် အသက်ဝင်လာပြန်ရာ တိုက်တိုက်ဆိုင်ဆိုင်ပင် အပြာရောင်အဆင့် သတ္တုရိုင်းပေါ်တွင် ဖြစ်နေခဲ့သည်။

ကောင်းလိုက်တာ။

အပြာရောင်အဆင့် ကြေးနီသတ္တုရိုင်းတွေကို သိမ်းဆည်းလိုက်ပြီးနောက် ရွှီရှင်း ရေအောက်မှာနေနိုင်သည့် အချိန်တိုးစေရန် ရေမှော်ပင်အချို့ကို ထပ်မံစားသုံးကာ ဆက်လက်တူးဖော်နေတော့သည်။

"ခရက်"

"ခရက်"

"ခရက်"

မကြာမီမှာပင် သူ၏ကျောပိုးအိတ်ထဲတွင် ကြေးနီသတ္တုရိုင်း ရာဂဏန်းအချို့ ရှိလာခဲ့ချေပြီ။

အပြာရောင်အဆင့် ကြေးနီသတ္တုရိုင်း ၈ ခု အပါအဝင်ပေါ့။

ထို့နောက်တွင် သူသည် အပြာရောင်အဆင့် ကြေးနီသတ္တုရိုင်းကို သုံးကြိမ်ထက်မနည်း ထပ်မံတူးဖော်ခဲ့ရာသုံးဆ ရနှုန်းမှာ နောက်တစ်ကြိမ် အသက်ဝင်ခဲ့ပြန်သည်။

"ဒီစူးစမ်းရှာဖွေသူရဲ့ သံမဏိပေါက်ချွန်း ကတကယ်ကို အစွမ်းထက်တာပဲ"

ရွှီရှင်း ဤစွမ်းဆောင်ရည်အပေါ် များစွာကျေနပ်မိသည်။

အပြာရောင်အဆင့်တင်မကဘဲ အစိမ်းရောင်အဆင့်တွေမှာလည်း အထွက်နှုန်း ပိုကောင်းလာသဖြင့် သူ၏အချိန်တွေကို များစွာ သက်သာစေခဲ့သည်။

လိုဏ်ဂူနံရံပေါ်တွင် မတူးဖော်ရသေးသော အစိမ်းရောင်သတ္တုရိုင်းတွေ အမြောက်အမြား ရှိနေသေးပြီး မီတာ ၄၀ အနက် ပတ်ပတ်လည်တစ်ခုလုံးတွင် ပေါများစွာ ရှိနေခြင်းပင်။

သို့သော် ရွှီရှင်း အပေါ်သို့ ပြန်တက်ရန် ဆုံးဖြတ်လိုက်၏။

သူ တူးဖော်နေသည်မှာ တစ်နာရီနီးပါး ရှိနေပြီဖြစ်ရာ သူ၏တွက်ချက်မှုအရ လုဖေးအာ ပြန်ရောက်လောက်ပြီ ဖြစ်သည်။

ဒါ့အပြင် ရေအပူချိန်ကလည်း အလွန်နိမ့်ကျလွန်းနေသဖြင့် သူ ဆက်တိုက်လှုပ်ရှားနေစေကာမူ တစ်ကိုယ်လုံး မအီမသာ ဖြစ်လာခဲ့ချေပြီ။

အရေးကြီးဆုံးအချက်မှာတော့ သူ့ပတ်ဝန်းကျင်တွင် တစ်ခုခု မှားယွင်းနေသည်ကို သူ သတိထားမိလိုက်ခြင်းပင်။

မူလက ဖြည်းဖြည်းချင်း လည်ပတ်နေသော ရေစီးကြောင်းမှာ ယခုအခါ သိသိသာသာ မြန်ဆန်လာခဲ့ပြီ ဖြစ်သည်။

အကယ်၍ သူသာ လိုဏ်ဂူနံရံကို မြဲမြံစွာ မကိုင်ထားပါက ရေစီးကြောင်းနှင့်အတူ မျောပါသွားပေလိမ့်မည်။

သူ့ကို ပို၍ကျောစိမ့်သွားစေသည်မှာ လိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော မှိန်ပျပျ ဟိန်းဟောက်သံကြီးပင် ဖြစ်သည်။

၎င်းမှာဝေလငါးတွေရဲ့ အော်သံနဲ့ ဆင်တူလှပေ၏။

ထိုအသံမှာ သာမန်ဆိုလျှင် ကြားနိုင်ရန် ခဲယဉ်းသော်လည်း သူ၏ မြှင့်တင်ထားသော အကြားအာရုံကြောင့် အသေအချာ ကြားလိုက်ရခြင်းပင်။

အောက်မှာ တစ်ခုခု ရှိနေတယ်။

အပေါ်ကို အမြန်ပြန်တက်တာ အကောင်းဆုံးပဲ။

ယခု သူ၏ကျောပိုးအိတ်ထဲတွင် အစိမ်းရောင်အဆင့် ကြေးနီသတ္တုရိုင်း ၅၀၀ ကျော်နှင့် အပြာရောင်အဆင့် ကြေးနီသတ္တုရိုင်း ၈ ခု ရှိနေပြီ ဖြစ်သည်။

ပုံမှန်အတိုင်းဆိုလျှင် သတ္တုရိုင်း ၅ ခုကို သတ္တုတုံး ၁ တုံးအဖြစ် ကျိုချက်နိုင်မည်ဖြစ်ရာ လီဝမ်ရှီးထံသို့ ပေးပို့လိုက်လျှင် သူမက ပိုမိုများပြားသော သတ္တုတုံးများကို ထုတ်လုပ်ပေးနိုင်ပေလိမ့်မည်။

ဒါဆိုရင်တော့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လောက်ပါပြီ။

အပေါ်ကို တက်ရမည့်အချိန် ရောက်ပြီ။

ရွှီရှင်း ဖြည်းဖြည်းချင်း အပေါ်သို့ ပြန်တက်လာခဲ့၏။

လိုဏ်ဂူအတွင်းရှိ ရေစီးကြောင်းမှာ အမှန်တကယ်ပင် ပိုမိုပြင်းထန်လာခဲ့ပြီး လိုဏ်ဂူနံရံ၏ လည်ပတ်မှုအတိုင်း သူ့ကို ဆွဲခေါ်နေတော့သည်။

နက်ရှိုင်းလှသော အောက်ခြေမှ ထူးဆန်းသော အသံများ ဆက်တိုက် ထွက်ပေါ်နေသဖြင့် ရွှီရှင်း တစ်ကိုယ်လုံး တောင့်နေကာ မေးစေ့ကို တင်းတင်းစေ့လျက် အောက်ဘက်သို့ မကြာခဏ ငုံ့ကြည့်နေမိသည်။

ဒါက ရေကန်ထဲက ဧရာမမြွေကြီး လား။

သူ့ကို ဆွဲဆောင်မိသွားတာတော့ မဟုတ်ပါစေနဲ့။

မဟုတ်ပါဘူး မြွေတွေမှာ အသံထွက်စေတဲ့ အင်္ဂါအစိတ်အပိုင်း မရှိဘူး မဟုတ်လား။

ဒါပေမဲ့ မြွေတွေက ဒီလောက်နက်တဲ့ ရေအောက်မှာ မရှင်သန်နိုင်ပါဘူး။

မူလကမ္ဘာရဲ့ စည်းမျဉ်းတွေက ဒီနေရာက ဘာကိုမှ ရှင်းပြနိုင်မှာ မဟုတ်ပေ။

ဒီဧရာမမြွေကြီးက ကြည့်ရတာ နဂါးတစ်ကောင်နဲ့တောင် ပိုတူနေသေးသည်။

နောက်ဆုံးတွင်တော့ ရွှီရှင်း ရေမျက်နှာပြင်ပေါ်သို့ ဘေးကင်းစွာ ရောက်ရှိလာခဲ့ပြီး အသက်ကို ဝဝရှူကာ အနီးဆုံး ကန်ဘောင်ဆီသို့ အမြန်ဆုံး ကူးခတ်သွားလိုက်တော့သည်။

လည်ပတ်နေသော ရေစီးကြောင်းကြောင့် သူသည် ရေထဲသို့ စတင်ငုပ်ဆင်းခဲ့သော နေရာနှင့် အတော်လေး ဝေးကွာသည့်နေရာသို့ ရောက်ရှိသွားခဲ့ခြင်းပင်။

ရွှီရှင်း ရေတိမ်ပိုင်းသို့ ရောက်သောအခါ ကမ်းပေါ်သို့ တက်လာခဲ့ပြီး ရေကန်ကို ပတ်လျက် ခဲခဲလေး စောင့်နေသည့် နေရာဟောင်းဆီသို့ လျှောက်လာခဲ့သည်။

အဝေးကနေပင် ခဲခဲလေး၏ စိုးရိမ်တကြီး အော်ဟစ်သံကို သူ ကြားလိုက်ရ၏။

"အီး အီး အီး"

ခဲခဲလေးသည် ကန်ဘောင်တစ်လျှောက် ဟိုဟိုဒီဒီ ပြေးလွှားရင်း ရေပြင်ဆီသို့ ဆက်တိုက် အော်ဟစ်နေရှာသည်။

နောက်ဆုံးတွင် သူမသည် ရေကန်ထဲသို့ ကိုယ်တိုင် ခုန်ဆင်းလိုက်ပြီး ရေကန်အလယ်ဆီသို့ ရေကူးသွားရန် ကြိုးစားနေတော့သည်။

"ခဲခဲလေး... ငါ အပေါ်ရောက်နေပြီ"

ရွှီရှင်း ခဲခဲလေးရှိရာသို့ အမြန်ပြေးသွားလိုက်သည်။

"အီး"

ခဲခဲလေး ရေမျက်နှာပြင်ပေါ်ကနေ ရွှီရှင်းကို လှည့်ကြည့်လိုက်သည်။

"အီး"

ရွှီရှင်း ခဲခဲလေးကို ရေထဲမှ အမြန်ပြန်ဆယ်လိုက်ရ၏။

ဤသတ္တဝါလေးမှာ ရေပေါ်တွင် ပေါလောပေါ်နိုင်သော်လည်း ရေကူးရာတွင်တော့ ထူးထူးခြားခြား တော်လှသူ မဟုတ်ပေ။

"အီး အီး အီး"

ခဲခဲလေးသည် သူမ၏ စိုစွတ်နေသော ခေါင်းလေးကို ရွှီရှင်း၏ ရင်ဘတ်တွင် ပွတ်သပ်လိုက်ပြီးနောက် သူမ၏ လက်သည်းလေးဖြင့် ရေကန်ဆီသို့ ညွှန်ပြလိုက်၏။

ထို့နောက်ကိုယ်ကို ခါယမ်းလိုက်ရာ ရွှီရှင်း၏ မျက်နှာတစ်ခုလုံး ရေများ စင်သွားတော့သည်။

ရွှီရှင်းကတော့ ရေထဲက တက်လာခါစ တစ်ကိုယ်လုံး စိုရွှဲနေသူဖြစ်သဖြင့် ဒါကို ဂရုမစိုက်ပါပေ။

"ရေကန်ထဲမှာ အန္တရာယ် ရှိနေတယ်..."

သူ ခဲခဲလေး ပေးချင်သော သတင်းစကားကို နားလည်လိုက်သဖြင့် တံတွေးတစ်ချက် မျိုချလိုက်ကာ အောက်ခြေမမြင်ရသော ရေကန်ဗဟိုကို စိုက်ကြည့်နေမိသည်။

ကြည့်ရသည်မှာ ထို အသံကြီးများနှင့် မြန်ဆန်လာသော ရေစီးကြောင်းမှာ သူ၏ စိတ်ကူးယဉ်မှု မဟုတ်သည်မှာ သေချာပေသည်။

ရွှီရှင်း ထိတ်လန့်မှုကို ခံစားလိုက်ရ၏။

ဒါဟာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသော အန္တရာယ်တစ်ခု ဖြစ်ရပေမည်။

မဟုတ်ပါက ခဲခဲလေးအနေဖြင့် ဤမျှအထိ စိုးရိမ်တကြီးဖြစ်ကာ သူ့ကိုရှာရန် ရေထဲအထိ ဆင်းလာမည် မဟုတ်ပေ။

ဒီရေကန်ကို စူးစမ်းတဲ့အလုပ်ကိုတော့ လောလောဆယ် ရွှေ့ဆိုင်းထားရပေလိမ့်မည်။

သူ တူးဖော်လာခဲ့သော သတ္တုရိုင်းတွေက လောလောဆယ်အတွက်တော့ လုံလောက်နေပြီ မဟုတ်ပါလား။

ကျွမ်းကျင်တဲ့အလုပ်ကို ကျွမ်းကျင်တဲ့သူတွေပဲ လုပ်ပါစေတော့။

ဒီဘက်နဲ့ ချိတ်ဆက်မိသွားတဲ့အခါမှ ချင်ယွမ်လုံတို့အဖွဲ့ကိုပဲ ရေအောက်မှာ သွားရောက် စူးစမ်းခိုင်းလိုက်တာက ပိုကောင်းပေလိမ့်မည်။

ကိုယ့်ဒုက္ခကိုယ် ရှာမနေတော့တာ အကောင်းဆုံးပင်။

အခန်း ၃၅၁ ပြီး။

All Chapters