← Chapters

အခန်း (၇၄၅-၇၄၆)

Vol. 58 Ch. 745-746

အခန်း (၇၄၅-၇၄၆)

Vol. 58 Ch. 745-746

အခန်း ၇၄၅ - ကာဂေးလ် ရောက်ရှိလာခြင်းနှင့် နှောင့်ယှက်တိုက်ခိုက်မှု

“ဟုတ်ကဲ့ပါ။ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်မယ်လို့ အာမခံပါတယ်!”

စွန်းယောင်က ပြန်ဖြေလိုက်သည်။ ရှောင်းယီသည် သူ့ကို လက်ကာပြကာ ဆေးရုံမှ ထွက်ခွာလာခဲ့လိုက်၏။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်ရောက်သောအခါ ဂရုထဲတွင် တစ်စုံတစ်ယောက်က ပစ္စည်းအသစ်တစ်ခု ထပ်မံရရှိထားသည်ကို တွေ့လိုက်ရလေသည်။

“အားလုံးပဲ ကြည့်ကြဦး။ ဒါက ဘာလဲဆိုတာ။ 【သံချပ်ကာစစ်သင်္ဘော ထုတ်လုပ်မှုပုံစံ】(C-အဆင့်) ၁။”

“ပစ္စည်းကောင်းပဲ။ ဒါက သူဌေးယီဆီမှာရှိတဲ့ စစ်သင်္ဘောမျိုး ဖြစ်မယ်ထင်တယ်။”

“ဟုတ်တယ်။ စစ်သင်္ဘောလို့ အမည်ပေးထားကတည်းက တိုက်ပွဲဝင်ဖို့အတွက် အရမ်းအဆင်ပြေမှာပဲ။ အမြန်နှုန်းကလည်း သာမန်ရွက်လှေတွေထက် အများကြီး ပိုမြန်မှာ သေချာတယ်။”

“အခုရှိနေတဲ့ သင်္ဘောတွေရဲ့ အမြန်နှုန်းက တကယ်ကို နှေးလွန်းတယ်။ ဒီလောက်ကျယ်ပြောတဲ့ သမုဒ္ဒရာကြီးထဲမှာ တခြားနေရာကို သွားချင်ရင် ဆယ်ရက်၊ ရက်သတ္တပတ်လောက် ကြာလိမ့်မယ်။”

“ဟုတ်တယ်၊ သူဌေးရဲ့ အပျော်စီးရွက်သင်္ဘောမျိုးသာ ရရင် အရမ်းကောင်းမှာပဲ။”

“ဘာတွေဖြစ်နေတာလဲ။ တခြားလူတွေက စစ်သင်္ဘောတွေ ရနေတဲ့အချိန်မှာ မင်းတို့က ဘာလို့ အပျော်စီးရွက်လှေတွေအကြောင်း ရောက်သွားရတာလဲ။”

“မလုပ်ကြပါနဲ့ဗျာ။ အပျော်စီးရွက်သင်္ဘောရလာရင်တောင် သတ်မှတ်ထားတဲ့ လမ်းကြောင်းပေါ်မှာပဲ သွားလို့ရမှာပါ။ အမည်မသိ ပင်လယ်ပြင်တွေကို စူးစမ်းဖို့ နည်းလမ်းမရှိဘူးလေ။”

“အမှန်ပဲ။ အဲဒါက အရမ်းအဆင့်မြင့်လွန်းတယ်။ လမ်းကြောင်းပေါ်ကနေ သွေဖည်သွားတာနဲ့ ကမ္ဘာဦး သားရဲကြီးတွေရဲ့ တိုက်ခိုက်တာကို ချက်ချင်း ခံရမှာ။ တကယ်ကို ကြောက်စရာကောင်းတယ်။”

“ကျုပ်ကတော့ စူးစမ်းတာတွေ မလုပ်ချင်ပါဘူး။ တိုက်ခိုက်ဖို့အတွက် ဒီလို စစ်သင်္ဘောမျိုးပဲ လိုချင်တယ်။”

“ဟုတ်တယ်။ အရင်ဆုံး အသက်ရှင်အောင် နေကြဦးစို့။ စူးစမ်းရှာဖွေရေးခေတ်အကြောင်းကတော့ နောက်မှ ဆွေးနွေးကြတာပေါ့။”

ဂရုထဲတွင် လူတိုင်းသည် ပစ္စည်းအသစ်များ အဆက်မပြတ် ရနေကြသည်ကို မြင်သောအခါ ရှောင်းယီသည် မိမိ၏ ကံတရားမှာ အတော်လေး ဆိုးရွားနေသည်ဟု ခံစားလိုက်ရသည်။ မကြာသေးမီက ရိက္ခာသေတ္တာများမှ ရရှိသော ပစ္စည်းများမှာ ဆန်းသစ်မှု မရှိလှပေ။ လက်မှတ်ထိုးဝင်ခြင်း ဆုလာဘ်များပင်လျှင် ထုတ်လုပ်ရေးနှင့် နေ့စဉ်ဘဝအတွက် လိုအပ်သည့် ပစ္စည်းများသာ ဖြစ်နေခဲ့သည်။

“ကျွန်းပိုင်ရှင် တစ်ဖက်ရန်သူက ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ တောင်ဘက်ကျွန်းနဲ့ ကီလိုမီတာ နှစ်ဆယ်အကွာကို ရောက်နေပါပြီ။”

ကျန်းယွင်ထျန်းက သတင်းပို့လာခဲ့သည်။

“ကျုပ်တို့ဘက်က ဦးအောင် စတင်တိုက်ခိုက်ဖို့ ပြင်နေပါတယ်။”

“ကောင်းပြီ။ သူတို့ကို အရမ်းကြီး မခြောက်လှန့်လိုက်နဲ့ဦး။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

“စိတ်ချပါ။”

ကျန်းယွင်ထျန်းက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

အဝေးမှ လာနေသော သင်္ဘောများကို ကြည့်ရင်း ကျန်းယွင်ထျန်းက ချက်ချင်း အမိန့်ပေးလိုက်၏။

“ရွက်လှေကြီး ခြောက်စင်း ထွက်ပြီး ရန်သူကို ရင်ဆိုင်လိုက်။ ရှုံးပဲရှုံးရမယ်၊ မနိုင်စေနဲ့။”

ထိုအမိန့်ကို ကြားသောအခါ စစ်သားများအားလုံး ကြောင်အသွားခဲ့ကြသည်။

“နည်းပြ တစ်ခုခု မှားပြောလိုက်တာလား။”

တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်၏။

“မဟုတ်ဘူး၊ မှတ်ထား။ ရှုံးပဲ ရှုံးရမယ်၊ မနိုင်စေနဲ့။ ဘေးကင်းရေးကို ဂရုစိုက်ကြ။ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရစေနဲ့။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့”

လူတိုင်းသည် ဝေဝေဝါးဝါးဖြင့် ပြန်ဖြေလိုက်ကြပြီးနောက် သင်္ဘောပေါ်တက်ကာ ရန်သူထံ ဦးတည်ခုတ်မောင်းသွားခဲ့ကြသည်။

“နည်းပြက ဘာလုပ်မလို့လဲ။ ငါတို့ကို ရှုံးအောင် တမင်လုပ်ခိုင်းတာ ဟုတ်လား။”

“ဟုတ်တယ်။ စစ်တပ်နှစ်ခု ရင်ဆိုင်နေရတာကို သူက တကယ်ပဲ ရှုံးချင်နေတာလား။”

“ကဲ... နည်းပြရဲ့ အတွေးကို ငါတို့ ခန့်မှန်းလို့ မရဘူး။ အမိန့်အတိုင်းပဲ လုပ်ကြရအောင်။”

ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ရွက်လှေကြီး ခြောက်စင်းသည် တစ်ဖက်ရန်သူထံ ဦးတည်ကာ ထွက်ခွာသွားခဲ့၏။ ကာဂေးလ်သည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ တုံ့ပြန်မှုမှာ အလွန်မြန်ဆန်သည်ကို မြင်သောအခါ တွေးလိုက်မိသည်။

“ဒီ ယီရန်ပင်းက တကယ်ကို သာမန်မဟုတ်ဘူးပဲ။ တုံ့ပြန်မှုက အရမ်းမြန်တယ်။”

“သင်္ဘောအားလုံး တိုက်ပွဲအတွက် ပြင်ကြ။”

ကာဂေးလ်က အော်ဟစ်အမိန့်ပေးလိုက်၏။ ကာဂေးလ်၏ ရေတပ်တွင် သင်္ဘောကြီး ခြောက်စင်း ပါဝင်သဖြင့် နှစ်ဖက်စလုံး သင်္ဘောအရေအတွက် တူညီနေခဲ့သည်။

နှစ်ဖက်တွေ့ဆုံသည်နှင့် စကားအများကြီး မပြောဘဲ သင်္ဘောကိုယ်ထည်ကို ဘေးတိုက်လှည့်ကာ ခုတ်မောင်းရင်း အပြန်အလှန် တိုက်ခိုက်ကြတော့လေသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ကာဂေးလ်သည် ရေလူသားနိုင်ငံ၏ အယ်လ်ဘန်မဟာမိတ်အဖွဲ့ထံ အစီရင်ခံလိုက်၏။

“ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ တုံ့ပြန်မှုက အရမ်းမြန်တယ်။ သူတို့ကျွန်းနဲ့ ၃၀ ကီလိုမီတာအကွာမှာတင် ကြားဖြတ်တိုက်ခိုက်ဖို့ သင်္ဘောတွေ လွှတ်ထားပြီးပြီ။”

“သူတို့ရဲ့ တိုက်စစ်က သာမန်ပါပဲ။ ပစ်မှတ်ထိမှန်မှုက ငါတို့ထက် နည်းနည်းလေး ပိုမြင့်တာပဲ ရှိတယ်။ ဒါပါပဲ။”

“တစ်ဖက်လူက ဆုတ်ခွာသွားပြီ။ ကြည့်ရတာ ယီရန်ပင်းဆိုတာလည်း ဒီလောက်ပါပဲ။”

အယ်လ်ဘန်သည် ကာဂေးလ်၏ အစီရင်ခံစာကို မြင်သောအခါ မနေနိုင်ဘဲ သတိပေးလိုက်၏။

“ပေါ့ဆလို့ မရဘူး။ ယီရန်ပင်းက လုံးဝ မရိုးရှင်းဘူး။ ပြီးတော့ သူတို့မှာ တိုက်ခိုက်ခြင်း မရှိသေးတဲ့ သံချပ်ကာသင်္ဘော သုံးစင်း ရှိနေသေးတယ်။”

“စိတ်မပူပါနဲ့။ ကျုပ်လည်း နောက်ထပ် နှစ်ရက်လောက်တော့ အသက်ရှင်ချင်ပါသေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ သံချပ်ကာသင်္ဘောတွေ ထွက်မလာသရွေ့တော့ တခြားသင်္ဘောတွေက ကျုပ်တို့ရဲ့ ပြိုင်ဘက် မဟုတ်နိုင်ပါဘူး။”

ကာဂေးလ်သည် ယီရန်ပင်း၏ ရေတပ်ကို အနိုင်ရလိုက်သဖြင့် အနည်းငယ် မာန်တက်နေ၏။ အယ်လ်ဘန်သည် ဆက်၍သတိမပေးတော့ဘဲ တွေးလိုက်မိသည်။

“ဒါက ရန်သူက ငါတို့ကို အကွက်ဆင်ပြီး မျှားခေါ်နေတာ ဖြစ်နိုင်တယ်။”

ကာဂေးလ်သည် သူ၏ ရေတပ်ကို ယီရန်ပင်း၏ ကျွန်းဆီသို့ ဆက်လက်ချဉ်းကပ်သွားရန် ညွှန်ကြားလိုက်၏။ မကြာမီ သူတို့သည် S အဆင့် အမြောက်များ၏ ပစ်ခတ်မှု အကွာအဝေးအတွင်းသို့ ရောက်ရှိသွားပြီး ကမ်းခြေရှိ အမြောက်တပ်စခန်းများက စတင် ဟိန်းဟောက်ကာ ပစ်ခတ်လိုက်ကြတော့လေသည်။

“အားလုံး ပြန်ဆုတ်ကြ။”

ကာဂေးလ်က အော်ပြောလိုက်၏။ သင်္ဘော ခြောက်စင်းစလုံး တပြိုင်နက် နောက်ဆုတ်သွားခဲ့ကြသည်။ အမြောက်ဆန်များသည် ရေထဲသို့ ကျကာ ပေါက်ကွဲသွားပြီး ရေပန်းများ ထွက်ပေါ်လာခဲ့သည်။

“ဒီ ယီရန်ပင်းမှာ ဘာစစ်ဗျူဟာမှ မရှိဘူး။ အမြောက်တွေ အလွန်အကျွံသုံးပြီး ပစ်ခတ်နေတာပဲ။ ငါတို့ အနားကပ်လို့ မရဘူး။”

ကာဂေးလ်က အယ်လ်ဘန်ကို ပြောပြလိုက်၏။ အယ်လ်ဘန် အနည်းငယ် အံ့သြသွားခဲ့သည်။ သူက ယီရန်ပင်းသည် ကာဂေးလ်ကို တမင် မျှားခေါ်ပြီးမှ အကုန်လုံးကို အပြတ်ချေမှုန်းလိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သူတို့ အနားမကပ်နိုင်အောင် အမြောက်တွေနဲ့ပဲ ဟန့်တားထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“မင်း ဘေးက ကျွန်းတွေဆီကို သွားကြည့်ပြီး သူတို့ ဘယ်လို တုံ့ပြန်မလဲဆိုတာ ကြည့်လိုက်ဦး။”

အယ်လ်ဘန်က ပြောလိုက်သည်။ ကာဂေးလ်ကးသည် မျက်လုံးတစ်ချက် ဝေ့လိုက်ပြီး သူ၏ ရေတပ်ကို ယီရန်ပင်း မဟာမိတ်အဖွဲ့၏ အရှေ့တောင်ဘက်ရှိ ကျွန်းဆီသို့ ခုတ်မောင်းစေလိုက်၏။

ရလဒ်မှာ အစောနကအတိုင်းပင်ဖြစ်သည်။ အပြင်းအထန် ပစ်ခတ်သော အမြောက်ဆန်များကြောင့် ကမ်းမကပ်နိုင်ဘဲ နောက်သာဆုတ်ခဲ့ရလေသည်။ ကျွန်းသုံးကျွန်းကို ဆက်တိုက် စမ်းသပ်ကြည့်သော်လည်း နည်းဗျူဟာမှာ ထပ်တူပင် ဖြစ်နေခဲ့၏။

“ဘာလို့ တစ်ဖက်လူက သံချပ်ကာသင်္ဘောတွေကို မသုံးတာလဲ။ အဲဒါဆိုရင် ခဲယမ်းတွေ အများကြီး သက်သာမှာ မဟုတ်ဘူးလား။”

အယ်လ်ဘန်က မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“ဖြစ်နိုင်တာကတော့ သံချပ်ကာ သင်္ဘောတွေက အရမ်းအစွမ်းထက်တော့ ကမ္ဘာသစ်ထဲမှာ ဒေသခံတွေရဲ့ အင်အားကို ထိန်းထားဖို့ လွှတ်ထားရတာ ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် မဟာမိတ်အဖွဲ့ထဲမှာ အခုလောလောဆယ် ရှိမနေတာ ဖြစ်လိမ့်မယ်။”

ကာဂေးလ်က ခန့်မှန်းလိုက်၏။

“မဖြစ်နိုင်တာတော့ မဟုတ်ဘူး။”

အယ်လ်ဘန်က ဆိုသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ဘက်က တာဝန်ပြီးပြီဆိုတော့ ပြန်လို့ရပြီလား။”

ကာဂေးလ်က မေးလိုက်၏။

“မပြန်နဲ့ဦး၊ သူတို့ မဟာမိတ်အဖွဲ့ အနားမှာပဲ နေနေလိုက်။ ငါတို့လည်း လာဖို့ပြင်နေပြီ။ အားလုံး ပေါင်းပြီးတိုက်ကြမယ်။ အဲဒီကျရင် မင်းလည်း အကျိုးအမြတ် တစ်ဝေတစ်စု ရမှာပါ။”

အယ်လ်ဘန်က ပြုံးကာ ပြောလိုက်သည်။

“ဒီမှာ နေရမယ် ဟုတ်လား။ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်က ကတိပေးထားတဲ့ အုတ်မြစ်ကျောက်တွေကို အရင်ပေးပါ။ ဒါဆို နေခဲ့မယ်။”

ကာဂေးလ်က ဆို၏။

“ရတာပေါ့။”

အယ်လ်ဘန်က ပြန်ဖြေလိုက်ပြီး လဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။

“【အုတ်မြစ်ကျောက်】 ၁၀,၀၀၀ ကို အခမဲ့လဲလှယ်မည်။”

ကာဂေးလ်သည် အုတ်မြစ်ကျောက်များကို ပျော်ရွှင်စွာ သိမ်းဆည်းလိုက်၏။

ညနေခင်းတွင် ရှောင်းယီ၏ ပတ်ပတ်လည်ရှိ ကျွန်းငယ် ရှစ်ကျွန်းမှာ အင်အားစု တစ်ဒါဇင်ကျော်၏ အဆက်မပြတ် နှောင့်ယှက်မှုကို ခံနေခဲ့ရသည်။

ထိုသို့သော နှောင့်ယှက်မှုများအောက်တွင်ပင် ကျန်းယွင်ထျန်းသည် သံချပ်ကာ တိုက်သင်္ဘောများကို ထုတ်မသုံးဘဲ အမြောက်ဖြင့်သာ ပစ်ခတ်သည့် နည်းဗျူဟာကို သုံးနေပြီး ကျန်သည့်အရာများအားလုံးကို လျစ်လျူရှုထားခဲ့သည်။

“ဒီလောက် နှောင့်ယှက်နေတာတောင် ယီရန်ပင်းက သံချပ်ကာသင်္ဘောတွေကို ထုတ်မသုံးသေးဘူးဆိုတော့ ကြည့်ရတာ အဲဒီသင်္ဘောတွေက မဟာမိတ်အဖွဲ့ထဲမှာ မရှိတာ ကျိန်းသေနေပြီ။”

“ဟုတ်တယ်။ ဒါဆို ငါတို့ အမြန်ဆုံး စစ်ကူလွှတ်သင့်ပြီ။”

“မှန်တယ်။ ဟို အမြောက်စာတွေ ရှိနေတုန်း စစ်တပ်ကို စေလွှတ်ပြီး ယီရန်ပင်းကို တစ်ခါတည်းနဲ့ သိမ်းပိုက်ကြရအောင်။”

“ကောင်းပြီ။”

ကိုးနိုင်ငံ မဟာမိတ်တပ်များ စတင်ထွက်ခွာရန် စုရုံးနေချိန်တွင် ရှောင်းယီသည် ညစာစားပြီးနောက် မုန့်ချိုများကို မြိန်ရှက်စွာ စားသုံးနေ၏။

“အစ်ကိုကျန်း ငါးမျှားတာ ဘယ်လိုနေလဲ။”

ရှောင်းယီက မေးလိုက်သည်။ ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလာခဲ့သည်။

“ငါးက ဟပ်တော့မှာပါ။ ငါတို့က အင်အားစု အသေးလေးတွေရဲ့ နှောင့်ယှက်မှုကို ခံနေရတာတောင် တံခါးပိတ်ပြီးပဲ နေနေတာဆိုတော့ သူတို့တွေ ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။”

“အင်း... ငါတို့ကို လာပြီး လုယက်ချင်တဲ့ အဲဒီ လူယုတ်မာတွေက ဘယ်သူတွေလဲဆိုတာ ကြည့်ကြသေးတာပေါ့။”

ရှောင်းယီက ဆိုလိုက်သည်။

“သူတို့ တကယ် လာတိုက်ပြီဆိုရင် ငါ့ကို အကြောင်းကြားလိုက်ဦး။”

“ကောင်းပြီ။”

ရှောင်ယီသည် ကိတ်မုန့်တစ်ဖဲ့ကို ပါးစပ်ထဲ ထည့်လိုက်ပြီး ရေရွတ်လိုက်၏။

“ကျွန်းပေါ်က စားဖိုမှူးရဲ့ လက်ရာက တိုးတက်လာလိုက်တာ။ ဒီမုန့်လေးတွေက ငါ့ကို စိတ်မပျက်စေဘူးပဲ။”

အခန်း ၇၄၆ - မဟာမိတ်ရေတပ်၏ အရှိန်အဟုန်နှင့် ကျူးကျော်သူများ ဆိုက်ရောက်လာခြင်း

ည ၁၁ နာရီတွင် ကျန်းယွင်ထျန်းက ဖုန်းဆက်လာခဲ့သည်။

“ကျွန်းပိုင်ရှင်... သူတို့ ရောက်လာကြပြီ။”

“မြန်လှချည်လား။”

ရှောင်းယီ အံ့အားသင့်သွား၏။ အဖွဲ့ငယ်လေးများ၏ အရှိန်အရဆိုလျှင် မနက်အစောပိုင်း သုံးနာရီ သို့မဟုတ် လေးနာရီလောက်မှ ရောက်ရမည်မဟုတ်ပါလော။

“သူတို့ဆီမှာ အဆင့်မြင့်သင်္ဘောတွေ ဒါမှမဟုတ် အရှိန်မြှင့်ပေးတဲ့ ကိရိယာတွေ ပါလာပုံရတယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“သူတို့ ဘယ်ဘက်ကနေ အဓိက တိုက်ခိုက်မလဲဆိုတာ မင်းခန့်မှန်းနိုင်လား။”

ရှောင်းယီက မေးလိုက်သည်။

“အခု မြင်နေရသလောက်တော့ တောင်ဘက်ကပဲ...။ အဲဒီကနေ တန်းတန်းမတ်မတ် တက်လာနေတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေ၏။ ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ တောင်ဘက်ကျွန်းသို့ ချက်ချင်း တည်နေရာကူးပြောင်းသွားလိုက်သည်။ ကမ်းခြေသို့ လျှောက်သွားသောအခါ လရောင်အောက်တွင် ဝေဝါးနေသော သင်္ဘောအရိပ်ကြီး ဒါဇင်ပေါင်းများစွာကို မြင်လိုက်ရလေသည်။ ၎င်းတို့သည် ဤဘက်သို့ ဦးတည်ခုတ်မောင်းနေသော သင်္ဘောကြီးများပင်ဖြစ်သည်။

“သူတို့ တကယ်ကို အများကြီး ရင်းနှီးမြှုပ်နှံထားတာပဲ။”

ထိုသင်္ဘောအရေအတွက်ကို ကြည့်ကာ ရှောင်းယီ ပြုံးကာပြောလိုက်၏။

“ဒီလိုဆိုမှတော့ သူတို့ရဲ့ နောက်ဆုံးသွေးတစ်စက်အထိ ဆုံးရှုံးသွားအောင် လုပ်ပေးလိုက်တာပေါ့။”

ကျန်းယွင်ထျန်းက ဆိုသည်။

“ဒါက နောက်ထပ် အကဲစမ်းတာမျိုးတော့ မဟုတ်ဘူးမလား။”

ရှောင်းယီက ရုတ်တရက် မေးလိုက်၏။ ကျန်းယွင်ထျန်းက ခေါင်းခါပြလိုက်သည်။

“မဖြစ်နိုင်တော့ပါဘူး။ အကဲစမ်းတာက အရင်းအမြစ်တွေ အကုန်အကျများတယ်။ ဟိုအဖွဲ့ငယ်လေးတွေကို ကြည့်လိုက်...။သူတို့ လှုပ်ရှားလာအောင် တစ်ခုခု အကြီးအကျယ် ကတိပေးထားလို့ပဲ ဖြစ်ရမယ်။ သူတို့က ငါတို့ကို ခဏခဏ လာစမ်းနေနိုင်လောက်အောင် မချမ်းသာပါဘူး။”

ထိုစဉ် အခြားကျွန်းများကို နှောင့်ယှက်နေသော သင်္ဘောအုပ်စုများသည် အရှေ့တောင်ဘက်သို့ ဦးတည်ကာ ပြန်လည်စုဖွဲ့နေသည်ကို ရှောင်းယီ သတိပြုမိလိုက်၏။

“သူတို့က အရှေ့တောင်ဘက်ကျွန်းကို ပစ်မှတ်ထားနေပုံရတယ်။”

သူက ပြောလိုက်သည်။ ကျန်းယွင်ထျန်း မျက်မှောင်ကျုံ့လိုက်မိ၏။

“သူတို့က တောင်ဘက်ကို ရောက်နေပြီပဲ... ဘာလို့ အရှေ့ဘက်ကို ပတ်သွားရတာလဲ။”

“သတင်းပို့ပါတယ်... မဟာမိတ်အရှေ့ဘက်ကျွန်းရဲ့ အရှေ့ဘက်မှာ အမည်မသိ သင်္ဘောတွေကို တွေ့နေရပြီး တောင်ဘက်ကို ဦးတည်နေပါတယ်။”

ထိုစဉ် ဖန်မင်လုံဆီမှရောက်ရှိလာသည့် သတင်းစကားကြောင့် အခြေအနေက ရှင်းလင်းသွားခဲ့သည်။

“ဒါဆို အရှေ့ဘက်မှာလည်း တခြားအင်အားစုတစ်ခု ရှိနေတာပေါ့။ အဲဒီဘက်က တစ်ယောက်ယောက်က သစ္စာဖောက်သွားတာများလား။”

ကျန်းယွင်ထျန်းက ရေရွတ်လိုက်သည်။ ရှောင်းယီသည် ခေါင်းကို အအကူညီမဲ့စွာ ခါယမ်းလိုက်ရင်း ပြောလိုက်၏။

“ကဲ... အရှေ့တောင်ဘက်ကျွန်းကို သွားပြီး သူတို့ကို ကောင်းကောင်းကြီး ကြိုဆိုလိုက်ကြရအောင်။”

ထို့နောက် ၎င်းတို့နှစ်ဦးသည် တောင်ဘက်ကျွန်းမှ အရှေ့တောင်ဘက်ကျွန်းသို့ ကူးပြောင်းကာ စောင့်ဆိုင်းနေလိုက်ကြလေသည်။

မကြာမီ ရှောင်းယီသည် တောင်ဘက်မှလာနေသော သင်္ဘောများကို မြင်လိုက်ရပြီး ၎င်းတို့၏ အရှိန်ကြောင့် အံ့အားသင့်သွားခဲ့ရ၏။

“ကျွန်းပိုင်ရှင်... သူတို့ရဲ့ အရှိန်က တစ်ခုခု မှားနေတယ်။”

ကျန်းယွင်ထျန်းသည်လည်း အမြန်သတိပြုမိလိုက်သည်။ ထိုအချိန်တွင် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာခဲ့လေသည်။

“ရေနွေးငွေ့ရွက်လှေ (B အဆင့်): အလယ်အလတ်စား ဘွိုင်လာတပ်ဆင်ထားသော ရေနွေးငွေ့ရွက်လှေဖြစ်ပြီး အမြင့်ဆုံးအရှိန်မှာ တစ်နာရီလျှင် ၅၀ ကီလိုမီတာ ဖြစ်သည်။”

ရှောင်းယီ မျက်တောင်ခတ်လိုက်မိ၏။

“ရေနွေးငွေ့ရွက်လှေတွေက တစ်နာရီကို ၂၀ မဟုတ်ရင် ၃၀ ပဲ သွားနိုင်တာ မဟုတ်ဘူးလား။”

“အဲဒါက ဘွိုင်လာအသေးစား တပ်ထားတဲ့ ရှေးဦးမော်ဒယ်တွေမို့လို့ပါ။ ပါဝါနည်းတော့ အရှိန်လည်း သိပ်မတက်ဘူး။ ဘွိုင်လာကြီးလေ ရေနွေးငွေ့ပိုထွက်လေ၊ အရှိန်ပိုမြန်လေပါပဲ။”

“နားလည်ပြီ။”

ရှောင်းယီက ခေါင်းငြိမ့်ပြကာ ထိုအကြောင်းကို ကျန်းယွင်ထျန်းအား ရှင်းပြလိုက်လေသည်။

“သူတို့က အလတ်စား ဘွိုင်လာတွေ တပ်ဆင်ထားတာပဲ။ အဲ့ဒါကြောင့် အင်ဂျင်က ပိုသန်ပြီး သင်္ဘောကိုယ်ထည်က ပိုမြန်နေတာ။”

“ငါတို့ရဲ့ သံချပ်ကာစစ်သင်္ဘောရဲ့ အရှိန်ကို မီလုနီးပါး ဖြစ်နေတာ မဆန်းတော့ပါဘူး။”

ကျန်းယွင်ထျန်းက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ဒါက တိုက်ပွဲကို လက်တွေ့လေ့ကျင့်ရေးဆင်းဖို့ အခွင့်အရေးကောင်းပဲ။”

ရှောင်းယီက ဆိုသည်။

“ကမ္ဘာ့စည်းမျဉ်းတွေက ဒီလိုမျိုး ဒေသခံအင်အားစုတွေကို ထပ်ပြီး အကူအညီတွေ ပေးနေဦးမလားဆိုတာ ငါတို့ မသိနိုင်ဘူး။ အဲ့ဒါကြောင့် အဆင်သင့်ဖြစ်နေတာ အကောင်းဆုံးပဲ။”

“နားလည်ပါပြီ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

မကြာမီ အရှေ့ဘက်နှင့် တောင်ဘက်မှ သင်္ဘောအုပ်စုများ ပေါင်းစည်းသွားခဲ့ကြလေသည်။ ပင်လယ်ပြင်တွင် သင်္ဘောကြီးပေါင်း နှစ်ရာနီးပါး ရှိနေပြီဖြစ်သည်။

“ယီရန်ပင်းကို အနိုင်တိုက်ဖို့ဆိုတာ မလွယ်ဘူး။ အဲ့ဒါကြောင့် ငါတို့ အတူတူ လက်တွဲရမယ်။ ငါတို့သာ ရှုံးနိမ့်သွားရင် ယီရန်ပင်းရဲ့ အငြိုးထားမှုကို ခံရလိမ့်မယ်။ ဘယ်မဟာမိတ်အဖွဲ့ကမှ သူတို့ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။”

အယ်လ်လန်က စုဝေးနေသော ခေါင်းဆောင်များကို ပြောလိုက်၏။

“စိတ်အေးအေးထားပါ။ ကျုပ်တို့ အစွမ်းကုန် တိုက်မှာပါ။ နိုင်သွားပြီးရင်တော့ ကျွန်းတွေကို သေချာခွဲဝေယူကြတာပေါ့။”

“မှန်တယ်။ ယီရန်ပင်းရဲ့ နယ်မြေက အရမ်းကျယ်တာ။ အညီအမျှ ခွဲယူရင်တောင် ငါတို့အားလုံး အကျိုးအမြတ် အများကြီး ရကြဦးမှာပဲ။”

“ဟုတ်တယ်... ကမ္ဘာဟောင်းတုန်းကလိုပေါ့...။ အရင်တိုက်မယ်။ ပြီးမှ မြေပုံကို ဖဲ့ယူကြမယ်။”

“ဟားဟားဟား... ဟုတ်တယ်။ ငါတို့ အရင်က ရှားနိုင်ငံကို ဝိုင်းဖဲ့ခဲ့ကြသလိုမျိုးပဲ...။ ဒီနေ့လည်း ယီရန်ပင်းကို ဖဲ့ယူကြတာပေါ့။”

အယ်လ်ဘန်က ခေါင်းငြိမ့်လိုက်သည်။

“ဒါဆိုရင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြမယ်။”

“ဟုတ်ကဲ့ “

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ တုံ့ပြန်လိုက်ကြသည်။ သူတို့သည် ယီရန်ပင်း၏ စည်းစိမ်များကို လုယက်ရန်အတွက် စိတ်ကူးပင် ယဉ်နေကြပြီဖြစ်သည်။

သူတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေခဲ့ကြ၏။ ယီရန်ပင်းသည် သူ၏အဆင့်မြင့်လက်နက်များနှင့် ခဲယမ်းများကို ရောင်းထုတ်ထားခဲ့သဖြင့် အင်အားချင်း မျှတနေပြီဟု သူတို့ ထင်နေခဲ့ကြသည်။ ယခု ထိပ်တန်းမဟာမိတ် ၉ ဖွဲ့နှင့် အသေခံအဖွဲ့ငယ် ဒါဇင်ပေါင်းများစွာ ပါဝင်နေရာ ယီရန်ပင်းအနေဖြင့် မည်သို့ ခုခံနိုင်ပါမည်နည်း။

“အခု တိုက်ကြတော့မလား။”

သူတို့က စိတ်အားထက်သန်စွာ မေးလိုက်ကြ၏။အယ်လ်ဘန်က လှောင်ပြုံးပြုံးလိုက်သည်။

“မဟုတ်သေးဘူး။ ကင်းစောင့်တွေကလွဲရင် အားလုံး အနားယူကြ။ နောက် ၃ နာရီကြာမှ ငါတို့ တိုက်မယ်။”

“ကောင်းလိုက်တဲ့ အကြံ။ ဒီလောက် သင်္ဘောအများကြီး ဒီမှာ ရပ်ထားရင် သူတို့ လုံးဝအိပ်ပျော်နိုင်မှာ မဟုတ်ဘူး။ သူတို့ကို ပင်ပန်းအောင်လုပ်ပြီးမှ ငါတို့က လူသစ်စိတ်သစ်နဲ့ ဝင်တိုက်မယ်...။ ဒါဆိုရင် ငါတို့ မရှုံးနိုင်တော့ဘူး။”

အကြံအစည်ကို သိသွားကြသောအခါ ကျန်ရှိနေသူများက အယ်လ်ဘန်၏ လိမ္မာပါးနပ်မှုကို ချီးကျူးလိုက်ကြသည်။

သူတို့တွင် ရွေးချယ်စရာမရှိပေ။ ရွှေ့မန်(ရေလူသား)နိုင်ငံမှ အယ်လ်ဘန်ဦးဆောင်သော မဟာမိတ်အဖွဲ့က အင်အားအကြီးဆုံးဖြစ်ရာ ၎င်းတို့ကသာ ဦးဆောင်ရမည်ဖြစ်သည်။

ရန်သူများ ရပ်တန့်သွားသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။

“သတင်းဖြန့်လိုက်... လူတိုင်း နားကြ။ လိုအပ်တဲ့ ကင်းစောင့်တွေပဲ ထားမယ်။”

“ဟုတ်ကဲ့ပါ ဆရာ။”

အမိန့် ပျံ့နှံ့သွား၏။ တိုက်ပွဲအတွက် အသင့်ပြင်ထားသော စစ်သားများမှာလည်း မယုံနိုင်အောင် ဖြစ်သွားခဲ့ကြသည်။

ရန်သူက ၁၀ ကီလိုမီတာ အကွာမှာ ရှိနေတာကို နည်းပြက အိပ်ခိုင်းနေတာလား။

သို့သော် ကျန်းယွင်ထျန်း၏ စစ်သည်များသည် အမိန့်နာခံရန် လေ့ကျင့်ထားပြီးသားဖြစ်ကြ၏။ နားမလည်သော်လည်း သူတို့သည် ချက်ချင်းပင် လဲလျောင်းကာ အိပ်စက်လိုက်ကြတော့လေသည်။

၎င်းမှာ ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့၏ လေ့ကျင့်ပေးမှု ရလဒ်ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်က အမိန့်ပေးချိန်တွင် အိပ်မပျော်ပါက တစ်တပ်ဖွဲ့လုံး အပြစ်ပေးခံရမည်ဖြစ်သည်။

ရှောင်းယီသည် အဝေးရှိ သင်္ဘောအုပ်စုကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“သူတို့က စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတယ်လို့ ထင်နေတာပဲ။”

“ကလေူကသားစရာလေးတွေပါပဲ။”

ကျန်းယွင်ထျန်းက နှာခေါင်းရှုံ့လိုက်၏။

“ငါတို့က တကယ်ပဲ နားနေမယ်လို့ သူတို့ ထင်နေတာလား။”

သူသည် စစ်သား ၁၀၀ ပါသော အဖွဲ့ငယ်ကို လက်ယပ်ခေါ်လိုက်သည်။

“သံချပ်ကာစစ်သင်္ဘော တစ်စီးကိုယူသွား။ သူတို့ကို အိပ်ခွင့်မပေးနဲ့...။ သူတို့ အိပ်ဖို့ပြင်တိုင်း ဝင်တိုက်ပြီး ပြန်ထွက်လာခဲ့။”

“ဟုတ်ကဲ့ပါ ဆရာ။”

ထို့နောက် စစ်သားများသည် သံချပ်ကာသင်္ဘောပေါ်သို့ တက်ကာ ထွက်ခွာသွားကြ၏။

“ထကြတော့... သူတို့ လာနေပြီ။”

သံချပ်ကာသင်္ဘော၏ စွမ်းအားကို ကောင်းကောင်းသိနေကြသော အဖွဲ့ငယ်လေးများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြလေသည်။

All Chapters