အခန်း (၇၅၃-၇၅၄)
Vol. 59 Ch. 753-754
အခန်း ၇၅၃ - စာချုပ်ကို မတတ်သာဘဲ လက်ခံခြင်းနှင့် ရွှမ်းဝူအကြောင်း ပေါက်ကြားသွားခြင်း
မဟာမိတ်အဖွဲ့အသီးသီးသည် စာချုပ်များကို လက်မှတ်ရေးထိုးပြီးနောက် သတင်းပေးပို့ရန်အတွက် ယုံကြည်ရသော လက်ထောက်တစ်ဦးစီကို ၎င်းတို့၏ကျွန်းများသို့ ပြန်လွှတ်လိုက်ကြသည်။
ထိုမဟာမိတ်ကျွန်းများပေါ်တွင် ကျန်ရှိနေခဲ့သော ခေါင်းဆောင်ပိုင်းများနှင့် ဒု-ခေါင်းဆောင်များမှာ ထိုသတင်းကို ကြားရသည့်အခါ မယုံကြည်နိုင်ဖြစ်သွားခဲ့ကြ၏။ နိုင်ငံပေါင်း ကိုးနိုင်ငံမှ အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်နေသည့် မဟာမိတ်အဖွဲ့များနှင့် ပတ်ဝန်းကျင်မှ မဟာမိတ်အဖွဲ့ တစ်ဒါဇင်ကျော် ပေါင်းတိုက်တာတောင် ယီရန်ပင်းကို ရှုံးနိမ့်သွားသည်တဲ့လား။
“ဒီနေ့က ဧပြီလ ၁ ရက်လည်း မဟုတ်ဘဲနဲ့ ငါ့ကို လာနောက်နေတာလား။”
ဒု-ခေါင်းဆောင်အားလုံးနီးပါးက ထိုသို့ တုံ့ပြန်ခဲ့ကြ၏။
“ဒု-ခေါင်းဆောင်... ကျုပ်ပြောတာတွေ အကုန်အမှန်တွေပါ။ ဒါက ကျုပ်တို့ လက်မှတ်ထိုးခဲ့တဲ့ စာချုပ်နဲ့ ခေါင်းဆောင်ကြီးဆီက ပေးလိုက်တဲ့ စာပါ။”
စာချုပ်ကို မြင်လိုက်ရသောအခါ ဒု-ခေါင်းဆောင်မှာ ဒေါသတကြီးဖြင့် စုတ်ဖြဲပစ်လိုက်တော့လေသည်။
“ဒီလောက်ရှက်ဖို့ကောင်းတဲ့ စာချုပ်မျိုးကို ဘယ်လိုလုပ်ပြီး လက်မှတ်ထိုးခဲ့တာလဲ။ ပြီးတော့ ရှားနိုင်ငံက မဟာမိတ်အဖွဲ့နဲ့မှတဲ့လား။”
ယုံကြည်ရသော လက်ထောက်ဖြစ်သူမှာ ဤတုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းထားပုံရပြီး ပြောလိုက်သည်။
“ဒါက ခေါင်းဆောင်ကြီးရဲ့ ပေးစာပါ။ အရင်ဖတ်ကြည့်လိုက်ပါဦး။”
ဒု-ခေါင်းဆောင်မှာ အသက်ကို ဝဝရှူကာ စာကို ဖွင့်ဖတ်လိုက်၏။
“ငါတို့ ရှုံးသွားပြီ။ အရှက်ရစရာကောင်းလောက်အောင်ကို ပြာပြာလဲ ရှုံးခဲ့တယ်။ ငါတို့က ကိုယ့်အင်အားကိုယ်မသိဘဲ ‘ယီရန်ပင်း’ မဟာမိတ်အဖွဲ့ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာ... တကယ့်ကို ရယ်စရာကြီးပဲ။”
ပထမဆုံး စာကြောင်းကို မြင်ရုံနှင့်ပင် ဒုခေါင်းဆောင်မှာ ဆွံ့အသွားခဲ့သည်။
“ငါတို့ တကယ်ပဲ ရှုံးသွားတာလား။”
စာကို ဆက်ဖတ်လေလေ ဒုခေါင်းဆောင်မှာ ပို၍ ထိတ်လန့်လာလေ ဖြစ်သည်။ အကြောင်းမှာ စာတစ်စောင်လုံးသည် မနေ့ညက တိုက်ပွဲအကြောင်းကို ဘက်လိုက်မှုမရှိဘဲ အရှိကိုအရှိအတိုင်း ဖော်ပြထားသောကြောင့် ဖြစ်သည်။
ဧရာမပင်လယ်သားရဲကြီးက အမြောက်တပ်သင်္ဘောကို မှောက်လှန်ပစ်လိုက်ကြောင်း တွေ့လိုက်ရသောအခါ သူ လုံးဝ အံ့အားသင့်သွားခဲ့၏။ အမြောက်တပ်သင်္ဘောမှာ ဤတိုက်ပွဲအတွက် ၎င်းတို့၏ အကြီးမားဆုံး အားကိုးရာဖြစ်သော်လည်း ပင်လယ်သားရဲတစ်ကောင်၏ အလုပ်အကျွေး ပြုခြင်းကို ခံလိုက်ရသည်လော။
“ဒီမှာ ရေးထားတာတွေ အကုန်အမှန်ပဲလား။”
သူက လက်ထောက်ကို မေးလိုက်သည်။လက်ထောက်က ခေါင်းငြိမ့်ပြလိုက်၏။
“အကုန်အမှန်တွေပါပဲ။ အထူးသဖြင့် အဲဒီဧရာမ သားရဲကြီးပဲ။ သာမန်လက်နက်တွေနဲ့ သူ့ကို ဘာမှလုပ်လို့မရဘူး။ ပြီးတော့ သူက ယီရန်ပင်းရဲ့ အမိန့်ကို လုံးဝနာခံနေတာ။”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။”
ဒုခေါင်းဆောင်မှာ မယုံကြည်နိုင်သေးပေ။ အကယ်၍ ယီရန်ပင်းတွင် ထိုကဲ့သို့ သားရဲကြီးရှိနေပါက အသက်ရှင်ကျန်ရစ်သူ ကျွန်းအားလုံးကို တိုက်ရိုက် သိမ်းပိုက်လိုက်နိုင်သည် မဟုတ်ပါလော။
“ကျုပ်တို့ ကိုယ်တိုင် မြင်ခဲ့ရတာပါ။”
လက်ထောက်က ခါးသီးသော အပြုံးဖြင့် ဆိုလိုက်သည်။
“တကယ်တော့ ကျုပ်တို့လည်း ဒီစာချုပ်ကို လက်မှတ်မထိုးချင်ပါဘူး။ ဒါပေမဲ့ မထိုးရင် ကျုပ်တို့ မဟာမိတ်အဖွဲ့တစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မယ်။ ရေလူသားနိုင်ငံက အယ်လ်ဘန်ဆိုရင် စကားနည်းနည်း ပိုပြောမိလို့ ယီရန်ပင်းက သူ့ကို ချက်ချင်း သေဒဏ်ပေးလိုက်တယ်။”
“ယီရန်ဖင် မဟာမိတ်အဖွဲ့က တကယ်ပဲ အဲဒီလောက် အင်အားကြီးတာလား။”
“ကျုပ်တို့ မြင်ခဲ့တာထက်တောင် ပိုဦးမယ် ထင်တယ်။ ယီရန်ပင်း မဟာမိတ်အဖွဲ့က ကျုပ်တို့ကို တကယ် အလေးအနက်ထားပြီး တိုက်နေတာ မဟုတ်ဘဲ ကျုပ်တို့ကို အဖက်တောင် မလုပ်သလို ခံစားရတယ်။”
လက်ထောက်က ပြန်ဖြေလိုက်သည်။ ဒုခေါင်းဆောင် သက်ပြင်းချလိုက်မိ၏။
“ငါ နားလည်ပြီ။ စာချုပ်အတိုင်းပဲ လုပ်ကြတာပေါ့။”
ဤစာချုပ်မှာ အလွန် မမျှတသော်လည်း အနည်းဆုံးတော့ ၎င်းတို့၏ မဟာမိတ်အဖွဲ့ ဆက်လက်တည်ရှိခွင့် ရဦးမည်ဖြစ်သည်။ ၎င်းတို့အထဲတွင် အင်အားအကြီးဆုံးဖြစ်သော အယ်လ်ဘန်၏အဖွဲ့ပင်လျှင် ယီရန်ပင်း၏ လက်ထဲတွင် အလွယ်တကူ ပြိုကွဲသွားခဲ့သည် မဟုတ်ပါလော။
စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် ရှောင်းယီသည် လက်မှတ်ထိုးနေသည့် ဗီဒီယိုကို ယီထျန်းဂရုထဲသို့ တိုက်ရိုက် တင်လိုက်၏။ ထိုဂရုမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့လေသည်။
“ဒါ ဝဋ်လည်တာပဲလား။ ဒီကောင်တွေက တကယ်ပဲ ဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာက ရှားနိုင်ငံလို့ ထင်နေတာလား။”
“သူဌေး... တကယ်ကို ကောင်းကောင်း ဆုံးမလိုက်တာပဲ။ ဒီနေ့ကစပြီး သူဌေးက ကျုပ်တို့ရဲ့ ပန်းတိုင်ပဲ။ မဟာမိတ်အဖွဲ့ တစ်ခုတည်းနဲ့ အဖွဲ့ တစ်ဒါဇင်ကျော်ကို ယှဉ်တိုက်လိုက်တာ တကယ်မိုက်လွန်းနေရောပဲ။”
“ကျုပ်က ပညာသိပ်မတတ်တော့ ‘မိုက်တယ်’ ဆိုတာထက် ပိုပြီး မပြောတတ်တော့ဘူး။”
“အခုတော့ မနာလိုဖြစ်နေတဲ့သူတွေ ယီရန်ပင်း ဘယ်လောက် အင်အားကြီးလဲဆိုတာ သိသွားလောက်ပြီပေါ့။”
“ကျုပ်သာဆိုရင် သူတို့ကျွန်းတွေကို အကုန်သိမ်းပိုက်ပစ်လိုက်မှာ။ ဘာလို့ မမျှတတဲ့ စာချုပ်ကို လက်မှတ်ထိုးနေဦးမှာလဲ။”
“အဲဒါက စီမံခန့်ခွဲမယ့် လူအင်အား လိုတယ်လေ။ သူဌေးရဲ့ ကိုယ်ပိုင်ကျွန်းကတောင် အရမ်းကြီးနေတာ။ တခြားနေရာတွေကို လိုက်ပြီး စီမံဖို့ဆိုတာထက်စာရင် ဒီလို စာချုပ်မျိုးက ပိုပြီး လက်တွေ့ကျပါတယ်။”
“ဟုတ်တယ်။ သူဌေးရဲ့လုပ်ရပ်က ပညာသားပါတယ်။ ကိုလိုနီနယ်မြေ ဖြစ်ရတဲ့ အရသာကို အဲဒီအဖွဲ့တွေ မြည်းစမ်းကြည့်ကြပါစေ။”
“ငါ ရုတ်တရက် ပေါက်ကွဲထွက်မယ့် သတင်းတစ်ခု ရထားတယ်။ ဘယ်သူကြားချင်လဲ။”
“ပြောမှာဖြင့် မြန်မြန်ပြောစမ်းပါ။”
“အဖွဲ့ကိုးဖွဲ့နဲ့ စာချုပ်ထိုးလိုက်တာထက် ပိုပြီး ပေါက်ကွဲထွက်စရာ ဘာရှိဦးမှာလဲ။”
“အခုဟာကလည်း အဲဒါနဲ့ ပတ်သက်နေတာပဲ။ ဒါပေမဲ့ စာချုပ်ကိစ္စထက် ပိုပြီး ထိတ်လန့်စရာကောင်းတယ်လို့ ခံစားရတယ်။”
“တောက်... မြန်မြန်ပြောစမ်းကွာ။ ဘာလို့ အကွက်ချန်နေတာလဲ။”
“ရှုံးသွားတဲ့ မဟာမိတ်အဖွဲ့တွေဆီက အတွင်းသတင်းအရ... ယီရန်ပင်း ဒီတစ်ခါ နိုင်သွားတဲ့ အကြီးမားဆုံး အကြောင်းရင်းက သူ့မှာ ရှေးဦးသားရဲကြီးတစ်ကောင် ကူညီနေလို့တဲ့။”
“ဘာ... ရှေးဦးသားရဲကြီးလား။ ဒါ ဘယ်လိုပြီးဖြစ်နိုင်မှာလဲ။ အဲဒီအဆင့်ရှိတဲ့ သတ္တဝါမျိုးဆိုရင် ဒီမှာ လုံးဝကို ပြိုင်ဘက်ကင်းနေတဲ့ အရာပဲလေ။”
“ဒါဆို တခြားသူတွေက ဘယ်လို ကစားရတော့မှာလဲ။ သူဌေးက သူတိုက်ချင်တဲ့သူကို လိုက်တိုက်လို့ ရနေပြီပေါ့။”
“မဟုတ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ အခေါက်က ကမ္ဘာသစ်မှာ ဒေသခံတွေနဲ့ တိုက်တုန်းက သူဌေး အဲ့ဒီသားရဲကြီးကို သုံးတာ မတွေ့မိပါဘူး။”
“ဟုတ်တယ်။ ဆိုလိုတာက အဲ့ဒီသားရဲကြီးက သုံးလို့ရတဲ့ ကန့်သတ်ချက်တွေ ရှိနိုင်တယ်။ ကမ္ဘာပတ်ပြီး တိုက်ခိုက်ဖို့တော့ မရလောက်ဘူး။”
“ဖြစ်နိုင်တယ်။ ဒါက Cheat သုံးသလို ဖြစ်နေတာပဲလေ။ တခြားသူတွေ ဘယ်လိုမှ မယှဉ်နိုင်ဘူး။”
“လျှောက်ပြီး မခန့်မှန်းကြနဲ့တော့။ မင်းတို့က သတင်းအမှားတွေ ဖြန့်နေကြတာပဲ။ ငါ့မှာ အတွင်းသတင်းရှိတယ်။ အဲဒါက ရှေးဦးသားရဲကြီး မဟုတ်ပါဘူး။ ပင်လယ်မြွေနဲ့ လိပ်ကြီးပဲ၊ အရွယ်အစားကတော့ အကြီးကြီးပဲ။”
“လိပ်နဲ့ ပင်လယ်မြွေက သူဌေးကို အဖွဲ့အများကြီးကို နိုင်အောင် ကူညီပေးနိုင်တယ်လား။”
“အဲဒီပုံစံက ငါတို့ ရှားနိုင်ငံရဲ့ အစောင့်အရှောက်နတ်သားရဲ ရွှမ်းဝူနဲ့ တူနေသလိုပဲနော်။”
“ဟုတ်သားပဲ။ ငါ ဘာလို့ မစဉ်းစားမိတာပါလိမ့်။ အဲဒါက ရွှမ်းဝူပဲ ဖြစ်ရမယ်။”
“ငါ အခုလေးတင် နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောကြည့်တာ အဲဒါ တကယ်ပဲ ရွှမ်းဝူတဲ့။ သူဌေးက ရွှမ်းဝူကိုတောင် အောင်နိုင်ထားတာလား။ အံ့သြစရာပဲ။”
“ရွှမ်းဝူက စောင့်ရှောက်နေတာဆိုရင် ဘယ်သူက သူဌေးရဲ့ ကျွန်းကို လာတိုက်ရဲတော့မှာလဲ။”
“အတပ်တော့ မပြောနိုင်ဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဆရာကြီး ပြောထားတာ ရှိတယ်လေ။ ဒေသခံတွေက လေကြောင်းကနေ တိုက်ခိုက်နေတယ်ဆိုတာ။ ရွှမ်းဝူက ပျံလို့မှ မရတာ။”
“ဒါပေမဲ့ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ လုံခြုံရေးကတော့ စိတ်ချရပါတယ်။”
“ယီရန်ပင်း မဟာမိတ်အဖွဲ့ထဲ ဝင်ထားတဲ့ ကျွန်းတွေကို အားကျလိုက်တာကွာ...။”
ဂရုထဲတွင် လူအများ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြစဉ် ရှောင်းယီနှင့် အန်းယွဲ့တို့မှာမူ အသစ်ရရှိထားသော နယ်မြေများကို ထိန်းချုပ်ရန်အတွက် စီမံခန့်ခွဲရေးဝန်ထမ်းများနှင့် စစ်သားများကို စီစဉ်ပေးနေရ၏။ တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့ကြပြီး ညနေစောင်းမှသာ အားလပ်ချိန် ရခဲ့ကြသည်။
ညနေပိုင်းတွင် ရှောင်းယီသည် ပင်ပန်းနွမ်းနယ်စွာဖြင့် လည်ပင်းကို နှိပ်နယ်ရင်း မေးလိုက်၏။
“ဦးလေးအန်း သတ္တုတူးဖော်တဲ့ စက်တွေ အားလုံး စီစဉ်ပြီးပြီလား။”
“ဒီမနက်တင်ပဲ အကုန်စီစဉ်ပြီးပါပြီ။ မွန်းတည့်ပိုင်းလောက်မှာ အဲဒီကျွန်းတွေက လှမ်းပြောတယ်။ စက်တွေက အရမ်းမြန်လွန်းလို့ အံ့သြနေကြတယ်တဲ့။”
အန်းယွဲ့က ပြန်ဖြေလိုက်လေသည်။
အခန်း ၇၅၄ - ရေဒီယိုနှင့် အလတ်စား ရေနွေးငွေ့အင်ဂျင်
“တူးဖော်ပြီးသား သတ္တုတွေနဲ့ အရည်ကျိုပြီးသား သံတွေကို ဒီဘက်ကို တိုက်ရိုက်ပို့ခိုင်းလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပါပြီ။”
အန်းယွဲ့က တုံ့ပြန်လိုက်၏။
“ဂိုဒေါင်ထဲမှာ တခြားစက်ပစ္စည်းအချို့လည်း တွေ့သေးတယ်။ အဲဒါတွေကိုလည်း သက်ဆိုင်ရာဌာနတွေကို ပေးလိုက်ရမလား။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ကျန်တဲ့အထဲက သုံးခုက အပိုပစ္စည်းထုတ်လုပ်တဲ့ စက်တွေပဲ။ အခုလောလောဆယ် သိပ်အသုံးမဝင်သေးပေမဲ့ နောက်ပိုင်းကျရင် အဖိုးဖြတ်လို့မရအောင် အရေးပါလာလိမ့်မယ်။ ကျန်တဲ့ နှစ်ခုကတော့ အင်ဂျင်နီယာပုံဆွဲကိရိယာတွေပဲ။ အဲဒါတွေကို ကိုပ် သွမ့်ပေယန်တို့အဖွဲ့ဆီ သွားပေးလိုက်မယ်။”
“နားလည်ပါပြီ။”
အန်းယွဲ့က ဆိုသည်။
ထို့နောက် ရှောင်းယီသည် ထရပ်လိုက်ပြီး လူနှစ်ယောက်ကို ခေါ်ကာ ဂိုဒေါင်ထဲမှ ပုံဆွဲကိရိယာများကို သယ်ထုတ်ခိုင်းပြီး သွမ့်ပေယန်တို့အဖွဲ့ အသုံးပြုသည့် ဒီဇိုင်းစတူဒီယိုသို့ ဦးတည်လိုက်၏။ သွမ့်ပေယန်သည် လူပုဘုရင်၏ မြို့တော်အတွက် လိုအပ်သော ပုံချပ်များအားလုံးကို အဆုံးသတ်ပြီးဖြစ်သော်လည်း ၎င်းတို့မှာ အနားမရကြသေးပေ။ ရှောင်းယီသည် ၎င်းတို့ကို ယီရန်ပင်း မဟာမိတ်အဖွဲ့အတွက် တိုက်ခန်းတွဲဒီဇိုင်းများကို စတင်ရေးဆွဲခိုင်းထားခဲ့သည်။
လူပုဘုရင်၏ မြို့တော်စီမံကိန်း ပြီးသွားသည်နှင့် နောက်တစ်ဆင့်မှာ ထိုလူနေတိုက်ခန်းများကို တည်ဆောက်ရန်ဖြစ်ပြီး ၎င်းသည် ကျွန်းပေါ်တွင် နေရာလွတ်များစွာကို ပြန်လည်ရရှိစေမည်ဖြစ်သည်။ စတူဒီယိုတံခါးကို ရှောင်းယီ ခေါက်လိုက်သောအခါ ငွမ့်ပေယန်သည် ၎င်း၏ ဟိုလိုဂရပ်ဖစ်ခေါင်းဆောင်းကို ချွတ်လိုက်ပြီး ယင်ရွှမ်းကလည်း အီလက်ထရွန်နစ် ကလောင်တံကို ချထားလိုက်သည်။
ယခင်က ကိရိယာတစ်စုံတည်းသာ ရှိသဖြင့် ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးက ခေါင်းဆောင်းဆောင်းပြီး ပုံဆွဲရချိန်တွင် ကျန်တစ်ဦးက ကလောင်တံနှင့်သာ အလုပ်လုပ်ရ၏။
“ကျွန်းပိုင်ရှင်”
သွမ့်ပေယန်က လျှောက်လာခဲ့သည်။
“ကျုပ် တိုက်ခန်းပုံစံတချို့ ဆွဲထားပြီးပါပြီ။ အရှင် နှစ်သက်တဲ့တစ်ခုကို ရွေးပေးပါဦး။”
ရှောင်းယီက လက်ကာပြလိုက်၏။
“ရွေးမနေပါနဲ့။ ကျုပ်တို့မှာ မျိုးနွယ်စုတွေနဲ့ မြို့တွေ အများကြီးရှိတာ။ အားလုံးကို ပုံစံတူကြီးတွေပဲ ဆောက်ပေးလို့ မကောင်းဘူး။ ပျင်းစရာကြီး ဖြစ်နေလိမ့်မယ်။ ပုံစံတွေအများကြီး ဆွဲထားလိုက်။ သူတို့ကြိုက်တဲ့ဟာကို သူတို့ကို ရွေးခိုင်းမယ်။”
“ဟုတ်ကဲ့ပါ အရှင်။”
သွမ့်ပေယန်က ပြန်ဖြေလိုက်သည်။
ရှောင်းယီ အချက်ပြလိုက်ရာ နောက်မှလိုက်လာသော လူများသည် သေတ္တာများကို အထဲသို့ သယ်ဆောင်လာခဲ့ကြသည်။
“သွမ့်ပေယန်၊ အဲဒီစားပွဲတွေကို ခဏဖယ်လိုက်ဦး။ ခင်ဗျားတို့အတွက် ကိရိယာနှစ်စုံ ထပ်ရှာလာတယ်။”
သွမ့်ပေယန်၏ မျက်နှာမှာ ဝင်းပသွား၏။
“ဒီစက်လိုမျိုးပဲလား အရှင်။”
“အတိအကျပဲ။ အခုဆိုရင် အလှည့်ကျစောင့်နေစရာ မလိုတော့ဘူး။ အလုပ်တွေလည်း ပိုမြန်လာလိမ့်မယ်။ ညမအိပ်ရတာတွေလည်း နည်းသွားမယ်ပေါ့။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင် ”
သွမ့်ပေယန်က ပြောလိုက်၏။ ဘေးမှ ယင်ရွှမ်းမှာလည်း ထပ်တူပင် ဝမ်းသာနေခဲ့သည်။
ယခင်က ဟိုလိုဂရပ်ဖစ်စက်ကို အရည်အချင်းပိုရှိသော သွမ့်ပေယန်သာ အသုံးပြုရပြီး ယင်ရွှမ်းသည်မူ ကလောင်တံနှင့်သာ ကျေနပ်နေခဲ့ရသည်။ ကလောင်တံမှာ ကောင်းမွန်သော်လည်း ဟိုလိုဂရပ်ဖစ်ဖြင့် ပုံဆွဲခြင်းကိုတော့ မမီပေ။ ယခု စက်အပိုနှစ်လုံး ရောက်လာသဖြင့် ယင်ရွှမ်းသည်လည်း ဟိုလိုဂရပ်ဖစ်ဖြင့် အပြည့်အဝ ဒီဇိုင်းဆွဲနိုင်တော့မည်ဖြစ်သည်။
“ခင်ဗျားတို့နှစ်ယောက် တစ်ယောက်တစ်စုံစီ သုံးကြပေါ့။ တတိယတစ်စုံကိုတော့ ဒီမှာပဲထားလိုက်ပါ။ လူပုနိုင်ငံက အင်ဂျင်နီယာတွေ လာရင် သုံးလို့ရအောင်။”
ရှောင်းယီက ဆိုသည်။
“ဟုတ်ကဲ့။”
သွမ့်ပေယန်က တုံ့ပြန်လိုက်သည်။
“ဆက်လုပ်လိုက်ကြပါဦး။ ဒီတစ်ပတ် ပိတ်ရက်ကျရငါ ခင်ဗျားတို့ နားလို့ရပါတယ်။ အလုပ်ကို သိပ်ပြီး မလောပါနဲ့။”
ထိုသို့ပြောပြီးနောက် ရှောင်းယီ ပြန်ထွက်လာခဲ့၏။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်ရောက်သောအခါ ကျွန်းပေါင်းများစွာက သတ္တုပစ္စည်းများ လာရောက်လဲလှယ်ထားကြသည်ကို တွေ့လိုက်ရလေသည်။
“စနစ်က ပေးတဲ့ သတ္တုတွင်းတူးဖော်စက်တွေက တကယ်ကို ထိရောက်တာပဲ။”
သူသည် တီးတိုးရေရွတ်ရင်း အရာအားလုံးကို ဂိုဒေါင်ထဲသို့ သိမ်းဆည်းလိုက်၏။ လူပုဘုရင်၏ မြို့တော်အတွက် လိုအပ်ချက်နှင့် ပြန်လည်တွက်ချက်ကြည့်လိုက်သောအခါ ဤနှုန်းအတိုင်းဆိုလျှင် မနက်ဖြန် မွန်းလွဲ နှစ်နာရီလောက်တွင် သံထည်ပစ္စည်း အားလုံး အဆင်သင့် ဖြစ်နေတော့မည်ဖြစ်သည်။ စီမံကိန်းသည် မျှော်လင့်ထားသည်ထက် ပိုမြန်လာမည်ဖြစ်ရာ မဟာမိတ်တစ်ဝန်း ဆောက်လုပ်ရေးလုပ်ငန်းများကို အချိန်ဇယား ပြန်ဆွဲရတော့မည်ဟု သူကိုယ်သူ ပြောလိုက်မိသည်။
ယီထျန်းဂရုထဲတွင်မူ မမျှတသော စာချုပ်အကြောင်း ပြောဆိုမှုများ ငြိမ်သက်သွားပြီး နောက်ဆုံးတွေ့ရှိချက်များအကြောင်းဖြင့် စကားဝိုင်းကို အစားထိုးလာခဲ့သည်။ ၎င်းတို့သည် နေ့တိုင်းလိုလိုပင် အသစ်အသစ်သော အရာဝတ္ထုများကို ရှာဖွေတွေ့ရှိနေခဲ့ကြ၏။
“ဒါကို ကြည့်ဦး...[ရေဒီယိုထုတ်လုပ်မှုပုံစံ] ၁။ ဒါက ဘာများ သုံးလို့ရမှာလဲ။”
“သုံးဖို့လား။ အခုချိန်မှာ လွှင့်ထုတ်မယ့် အသံလွှင့်ရုံတောင် မရှိတာ။ လုံးဝ အပိုပဲ။”
“ဟုတ်တယ်… ငါ့ကျွန်းက အရမ်းသေးတော့ တစ်ဖက်ကနေ လှမ်းအော်လိုက်ရင်တောင် ကြားရတယ်။ ဘယ်သူက ရေဒီယို လိုမှာလဲ။”
“ဟားဟားဟား အဲဒါ မင်းကျွန်းကိုက သေးလွန်းလို့ပါကွာ။ ကျွန်းကို ထပ်ချဲ့လိုက်ဦး။”
“ချဲ့နေတာပဲ။ ဒါပေမဲ့ အုတ်မြစ်ကျောက်တွေက တူးလိုက်တာနဲ့ ကုန်သွားတာပဲ။”
“ပြောမနေပါနဲ့တော့။ ယီရန်ပင်းသူဌေးရဲ့ အပန်းဖြေစခန်းက ရွှေစားတဲ့ နေရာပဲ။ တစ်ခါသွားရင် အုတ်မြစ်ကျောက်တွေ အများကြီး ကုန်တယ်။”
“ဂူအောင်းလူသားတွေလို နေခဲ့ရတာဆိုတော့ ခေတ်မီတဲ့ အရသာလေးလည်း ခံစားချင်တာပေါ့။ ကျုပ်တို့ ဘယ်လောက်ကြာကြာ အသက်ရှင်မလဲဆိုတာ မသိနိုင်ဘူး။ ရှင်တုန်းလေးတော့ ပျော်အောင်နေရမှာပဲ။”
တကယ်တမ်းတွင် ရှောင်းယီသည် ရေဒီယို ထုတ်လုပ်မှုပုံစံကို ရရှိထားသည်မှာ ကြာပြီဖြစ်ပြီး ဂိုဒေါင်ထဲတွင် ဖုန်ပင်တက်နေခဲ့၏။ ယခုအချိန်တွင် ရေဒီယို တည်ဆောက်ခြင်းက အဓိပ္ပာယ်မရှိပေ။ ရေဒီယိုထက် တီဗွီလိုင်းကိုသာ သူ ပို၍ ဖွင့်ချင်သည်။ ရှေ့တွင် ဆောက်လုပ်မည့် တိုက်ခန်းများတွင် တီဗွီ၊ လေအေးပေးစက်နှင့် အဝတ်လျှော်စက်တို့ ပါဝင်မည်ဖြစ်သည်။ အသံလွှင့်မျှော်စင်ရှိလျှင် မဟာမိတ်အဖွဲ့သည် သတင်းနှင့် ဖျော်ဖြေရေးများကို ဖန်သားပြင်တိုင်းသို့ ပို့လွှတ်နိုင်မည်ဖြစ်သည်။ ရေဒီယိုဆိုသည်မှာ ခေတ်နောက်ကျလွန်းလှ၏။
သူ ဤသို့ စဉ်းစားနေစဉ် ဓာတ်ခွဲခန်းမှ ဖုန်းခေါ်လာခဲ့သည်။
“ကျွန်းပိုင်ရှင်... ရေနွေးငွေ့အင်ဂျင် သုတေသန ပြီးပါပြီ။”
ဓာတ်ခွဲခန်း စက်ရုပ်က အစီရင်ခံလာခဲ့သည်။
“ငါ အခုလာခဲ့မယ်။”
ထို့နောက် သူ့ရောက်သွားသောအခါ ဓာတ်ခွဲခန်းအတွင်းရှိ စက်ရုပ်သည် သူ့ကို စက်ပစ္စည်းကြီးတစ်ခုဆီသို့ ခေါ်သွားခဲ့၏။
“အလတ်စား ရေနွေးငွေ့အင်ဂျင် (B အဆင့်) - အလတ်စား ဘွိုင်လာတပ်ဆင်ထားပြီး အားကောင်းလှသည်။ မည်သည့် မောင်းနှင်မှု ကိစ္စရပ်အတွက်မဆို သင့်တော်သည်။”
ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ဒါက သင်္ဘောတွေမှာ သုံးတဲ့ အင်ဂျင် မဟုတ်လား။”
သူသည် C အဆင့်အင်ဂျင်အသေးစားကိုသာ ပေးခဲ့သော်လည်း ရက်အနည်းငယ်ကြာ သုတေသနပြုပြီးနောက် B အဆင့် အလတ်စားဗားရှင်းကို ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်၏။
“အောင်မြင်မှုကြီးပဲ။”
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ထပ်ပြီး အဆင့်မြှင့်လို့ ရဦးမလား။”
“ရပါတယ်၊ ဘယ်ဘက်ကို ဦးတည်မလဲဆိုတာ သတ်မှတ်ပေးပါ။”
စက်ရုပ်က ပြန်ဖြေလာခဲ့သည်။
“ဘယ်လို ဦးတည်ချက်မျိုးလဲ။”
“ဟုတ်ကဲ့… အရွယ်အစားကို သေးအောင်လုပ်ပြီး စွမ်းဆောင်ရည် ထိန်းထားမလား။ ဒါမှမဟုတ် အရွယ်အစားကို ဂရုမစိုက်ဘဲ အမြင့်ဆုံး စွမ်းအားကိုပဲ ဦးတည်မလား။”
“စွမ်းအားကို အရင်မြှင့်လိုက်။ ဆေးရုံအတွက် ဆေးဝါးတွေ အရေးပေါ် လိုနေတယ်။”
“လက်ခံရရှိပါပြီ။”
“ဒီအင်ဂျင်ကို ပုံစံကွက်အဖြစ် လုပ်လို့ရမလား။”
“တိတိကျကျ ပြောရရင် ကျုပ်တို့က ထုတ်လုပ်မှုပုံစံကို သုတေသန အရင်လုပ်ပြီးမှ စက်ကို တည်ဆောက်တာပါ။”
စက်ရုပ်က ဆိုသည်။
“ဒါဆို ပုံစံတစ်ခု ငါ့ကို ပေးပါဦး။”
ရှောင်းယီက အမိန့်ပေးလိုက်၏။ ထိုအခါ စက်ရုပ်က စာလိပ်တစ်ခု ထုတ်ပေးလာခဲ့သည်။
“ဒီမှာပါ”
“ကောင်းပြီ၊ ကြိုးစားလိုက်ကြပါဦး။”
စက်ရုပ်က ခဏတာ တုံ့ဆိုင်းသွားပြီးမှ ပြန်ပြောလိုက်သည်။
“စိတ်ချပါ ကျွန်းပိုင်ရှင်၊ ကျုပ်တို့က ပင်ပန်းတယ်လို့ မရှိပါဘူး။”
ရှောင်းယီက ရယ်မောလိုက်၏။
“ဒါတောင်မှ မင်းတို့ကိုယ်မင်းတို့ ပြုပြင်ထိန်းသိမ်းမှု လုပ်ဖို့ မမေ့နဲ့ဦး။ ပွန်းပဲ့ပျက်စီးတာက မင်းတို့အတွက်တော့ အသက်အန္တရာယ်ပဲ။”