← Chapters

အခန်း (၇၆၉-၇၇၀)

Vol. 60 Ch. 769-770

အခန်း (၇၆၉-၇၇၀)

Vol. 60 Ch. 769-770

အခန်း ၇၆၉ - ရွှမ်းဝူ၏ ကြားဝင်မှု၊ ဘုရင်များ ထိတ်လန့်ထွက်ပြေးခြင်းနှင့် အားလုံးကို ဖမ်းဆီးရမိခြင်း

ချင်းကျူးက သက်ပြင်းချလိုက်၏။

“မင်း မမြင်သေးဘူးလား။ ငါတို့ ဒီတစ်ခါ ကျောက်နံရံကို သွားတိုက်မိတာပဲ။ ငါတို့ အင်ပါယာနှစ်ခု မဟာမိတ်ဖွဲ့တာပဲထားဦး။ အင်ပါယာ လေးခု ပေါင်းတိုက်ရင်တောင် သူ့ကို အနိုင်ယူနိုင်ဖို့ မလွယ်ဘူး။”

“သူက အဲ့လောက်တောင် သန်မာတာလား။”

အော်ကုသည် ချင်းကျူးက ဤမဟာမိတ်အဖွဲ့အပေါ် ဤမျှ အထင်ကြီးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“ငါတို့ အင်ပါယာတွေရဲ့ အဓိက အင်အားစုတွေကို ထုတ်သုံးခဲ့တာတောင်မှ မင်း ကြည့်ပါဦး။ သူတို့က ရန်သူ့ရဲ့ ပထမဆုံး ခံစစ်ကြောင်းကိုတောင် မဖောက်နိုင်ကြဘူး။ ဒါက လုံးဝ မဖြစ်နိုင်တဲ့ တိုက်ပွဲပဲ။”

ချင်းကျူးက ရှင်းပြလိုက်သည်။

အော်ကုသည် လက်မခံချင်သော်လည်း အရှိတရားကို မငြင်းဆန်နိုင်ပေ။ လက်ရှိအခြေအနေအရ ၎င်းတို့အနေဖြင့် ရှေ့ဆက်တိုးရန်မှာ အလွန်ခက်ခဲလှ၏။ ၎င်းတို့အနေဖြင့် ကမ်းခြေရှိ ခံစစ်ကျင်းများကို တူး၍ပင် မပြီးသေးမီ ရန်သူ၏ ချေမှုန်းခြင်းကို ခံရပေလိမ့်မည်။

အော်ကုသည် မတတ်သာတော့ဘဲ အမိန့်ပေးလိုက်၏။

“အော်ကုအင်ပါယာရဲ့ စစ်သည်တွေ နားထောင်ကြ။ ဆုတ်ခွာကြမယ်။”

ခံစစ်ကျင်းတူးရန် ပြင်နေသော စစ်သည်များသည် သင်္ဘောများဆီသို့ ချက်ချင်း ပြန်လည်ဆုတ်ခွာသွားကြ၏။ မီးခိုးများ လွင့်စင်သွားသောအခါ ချင်းကျူးနှင့် အော်ကုတို့သည် ကျန်းယွင်ထျန်းနှင့် သူ၏လူများကိုရော ၎င်းတို့လက်ထဲရှိ လက်နက်များကိုပါ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရလေသည်။

“သူတို့လက်နက်တွေက ငါတို့ရဲ့ မီးသေနတ်တွေနဲ့ တော်တော်တူတာပဲ။ ဒါပေမဲ့ ဘာလို့ အစွမ်းက အဲ့လောက်တောင် ကြီးနေရတာလဲ။”

ချင်းကျူးသည် ပင်ဖိုင်းယားရိုင်ဖယ်များကို ကြည့်ရင်း နားမလည်နိုင်စွာ မေးလိုက်မိ၏။ အနည်းငယ် စောင့်ကြည့်ပြီးနောက် အော်ကုက လေးလံသောလေသံဖြင့် ပြောလိုက်သည်။

“မဟုတ်ဘူး။ သူတို့ရဲ့ ပစ်ခတ်မှု အကွာအဝေးကို ကြည့်လိုက်။ ငါတို့ရဲ့ မီတာ နှစ်ရာ၊ သုံးရာထက် အများကြီး ပိုဝေးတယ်။ အမြင်အရဆိုရင် အနည်းဆုံး မီတာ ငါးရာလောက် ရှိတယ်။”

ချင်းကျူးက ခေါင်းငြိမ့်လိုက်သည်။ သူသည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိလိုက်ပုံရသည်။

“သူတို့က ယမ်းမှုန့်ထည့်ဖို့ မလိုဘူးလား။ ဘာလို့ ပစ်ခတ်မှုနှုန်းက ဒီလောက် မြန်နေရတာလဲ။”

“ဒါက အဆင့်မြင့်ကျည်ဆန်တွေ သုံးထားတဲ့ အဆင့်မြင့်သေနတ်တွေပဲ ဖြစ်ရမယ်။”

အော်ကု၏ မျက်နှာမှာ တည်ကြည်နေ၏။

“ဒီအပြင်ကမ္ဘာကလူတွေကို ဘာလို့ နတ်ဘုရားက ဒီလောက် မျက်နှာသာပေးရတာလဲ။”

အကယ်၍ ရှောင်းယီသာ အော်ကု၏စကားကို ကြားလျှင် ဧကန်မုချ ဤသို့ပြန်ပြောပေလိမ့်မည်။

‘မင်းတို့ ဒေသခံတွေကမှ နတ်ဘုရားရဲ့ အချစ်တော်တွေပါ။ မင်းတို့မှာ ဘာလိုလို နတ်ဘုရားက တိုက်ရိုက်ပေးတယ်။ ငါတို့ အသက်ရှင်ကျန်ရစ်သူတွေကတော့ ကိုယ့်ဘာသာကိုယ် ပစ္စည်းသေတ္တာတွေဖွင့်၊ ကုန်ကြမ်းတွေရှာပြီး ထုတ်လုပ်နေရတာကွ။’

ရန်သူများ ဆုတ်ခွာနေသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းသည် သံချပ်ကာစစ်သင်္ဘောများကို အမြောက်ဖြင့် ပစ်ခတ်ရန် ချက်ချင်း အမိန့်ပေးလိုက်၏။

ဘုန်း ဘုမ်း ဘုမ်း

အင်ပါယာသင်္ဘောများမှာ ချက်ချင်းပင် အပေါက်အပြဲများ ဖြစ်ကုန်တော့သည်။

“ချက်ချင်း ပြန်တိုက်ကြ!”

ချင်းကျူးက လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်၏။

သို့သော် သံချပ်ကာစစ်သင်္ဘောများမှာ လျင်မြန်လွန်းလှသည်။ အမြောက်ဆံ နှစ်ချက်ခန့် ထိမှန်ပြီးနောက် ကျန်ရှိသော အမြောက်ဆံများကို အလွယ်တကူ ရှောင်တိမ်းသွားကြ၏။ ၎င်းတို့၏ မြန်နှုန်းနှင့် ဖျတ်လတ်မှုကို အသုံးပြုကာ သံချပ်ကာစစ်သင်္ဘောများသည် ပင်လယ်ပြင်ရှိ အင်ပါယာသင်္ဘောများကို အသာစီးဖြင့် ချေမှုန်းလေတော့သည်။

“သူတို့ သင်္ဘောတွေကပါ ဒီလောက် အဆင့်မြင့်တာလား။”

ချင်းကျူး၏ မနာလိုစိတ်များ ပြင်းထန်လာခဲ့သည်။

“ဆုတ်ခွာရအောင်။ ဒီအပြင်လူကို ငါတို့ လုံးဝ အနိုင်မတိုက်နိုင်ဘူး။”

အော်ကုသည် နောက်ဆုံးတွင် လက်တွေ့ဘဝကို အသိအမှတ်ပြုလိုက်ရ၏။

ချင်းကျူးက ခေါင်းငြိမ့်ပြီး အနီးရှိ သတင်းပို့သူကို အချက်ပြလိုက်သည်။ သတင်းပို့သူက ကြေးမောင်းကို ထုလိုက်ရာ အသံမှာ အလွန်ကျယ်လောင်ပြီး အဝေးသို့ ပျံ့လွင့်သွားခဲ့၏။ ထိုအချက်ပေးသံနှင့်အတူ ပင်လယ်ပြင်ရှိ သင်္ဘောအားလုံး ဆုတ်ခွာရန် ပြင်ဆင်လိုက်ကြသည်။

“အခုမှ ဆုတ်ခွာမယ်ဆိုတော့ နည်းနည်း နောက်မကျလွန်းဘူးလားး”

ထို့နောက် ရှောင်းယီသည် စာချုပ်စွမ်းအားကို အသုံးပြုကာ ရွှမ်းဝူကို ဆင့်ခေါ်လိုက်၏။

ရွှမ်းဝူသည် ချင်းကျူးနှင့် အော်ကုတို့ ရှိနေသော သင်္ဘောကြီး၏ အောက်ဘက်မှနေ၍ အပေါ်သို့ အားပြင်းစွာ ပင့်တိုက်လိုက်လေသည်။

ဂုန်း

ဂျွတ်

သင်္ဘောကြီးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့၏။ ကုန်းပတ်ပေါ်ရှိ စားပွဲပုလေးများမှာ ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး စားသောက်ဖွယ်ရာများသည်လည်း ကုန်းပတ်ပေါ်တွင် ပြန့်ကျဲကုန်တော့သည်။ ချင်းကျူးနှင့် အော်ကုတို့လည်း ယိမ်းထိုးသွားကြပြီး ဘေးနားရှိ နောက်လိုက်များက ကမန်းကတန်း ထိန်းပေးလိုက်ကြရလေသည်။

“ဘာဖြစ်တာလဲ။”

ချင်းကျူးနှင့် အော်ကုတို့ ထိတ်လန့်သွားကြ၏။ နိုင်ငံနှစ်ခုလုံးမှ အဆင့်တက်လာစ မှော်ဆရာများသည် ဘုရင်နှစ်ပါး၏ ရှေ့တွင် ချက်ချင်း ကာကွယ်လိုက်ပြီး လေးနက်စွာ ပြောသည်။

“အရှင်မင်းကြီးတို့ အဆင့်မြင့် သားရဲတစ်ကောင် ချဉ်းကပ်လာနေပါတယ်။ ကျေးဇူးပြုပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာပေးပါ။”

ချင်းကျူးနှင့် အော်ကုတို့သည် မတုံ့ဆိုင်းတော့ဘဲ ကုန်းပတ်ပေါ်ရှိ တည်‌နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ချက်ချင်းပင် ထွက်ခွာသွားကြ၏။

မှော်ဆရာ နှစ်ဦးမှာ SSS အဆင့်သို့ တက်လှမ်းထားသူများ ဖြစ်ကြသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက်’စိတ်ဝိဉာည် တိုက်ခိုက်မှုကို တစ်ပြိုင်နက် အသုံးပြုလိုက်ကြ၏။ ၎င်းတို့၏ ပစ်မှတ်မှာ သင်္ဘောအောက်ခြေကို တိုက်ခိုက်နေသော ရွှမ်းဝူပင်ဖြစ်သည်။

ရွှမ်းဝူသည် ချက်ချင်းပင် ခေါင်းထဲတွင် မူးဝေသွားပြီး ရေအောက်သို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားတော့လေသည်။ သို့သော် ၁၀ စက္ကန့်ခန့် အကြာတွင် ရွှမ်းဝူသည် ပြန်လည် နိုးကြားလာ၏။ သူ၏မူးဝေနေသော ခေါင်းကို ခါယမ်းကာ ရွှမ်းဝူသည် သင်္ဘောကြီးကို ယခင်ကထက် ပိုမိုပြင်းထန်သော အားဖြင့် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

ဂျွတ်

ဤတစ်ကြိမ် တိုက်ခိုက်မှုကြောင့် သင်္ဘောကြီး၏ ဝင်ရိုးတိုင်မှာ တည့်တည့်ကျိုးသွားလေတော့သည်။

“ငါတို့ရဲ့ စိတ်ဝိဉာည် တိုက်ခိုက်မှုက သူ့ကို ၁၀ စက္ကန့်ပဲ ထိန်းထားနိုင်တယ်။ ငါတို့မှာ အခွင့်အရေး မရှိဘူး။”

“ဟုတ်တယ် အရင်ဆုံး ဆုတ်ခွာတာ ပိုကောင်းမယ်။”

မှော်ဆရာနှစ်ဦးသည် ထိုစကားအနည်းငယ်ကို ပြောပြီးနောက် တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ကာ ထွက်ခွာသွားကြတော့လေသည်။

သင်္ဘောပေါ်တွင် လူတစ်ဦးမျှ မရှိတော့သည်ကို ခံစားမိသောအခါ ရွှမ်းဝူသည် သင်္ဘောကို ဆက်လက် မဖျက်ဆီးတော့ဘဲ အခြား စစ်သင်္ဘောများကို ပစ်မှတ်ပြောင်းလိုက်၏။ ရွှမ်းဝူ၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် အင်ပါယာနှစ်ခု၏ သင်္ဘောပြင်ဆင်ရေး ကုန်ကြမ်းများမှာ အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် ချင်းကျူးနှင့် အော်ကုတို့သည် သင်္ဘောများကို ပြင်ဆင်ရန် လက်လျှော့ဖို့ တစ်ပြိုင်နက်တည်း အမိန့်ပေးလိုက်ရလေသည်။

ဆက်လက် ပြင်ဆင်နေခြင်းမှာ ကုန်ကြမ်းများ ဖြုန်းတီးခြင်းမှလွဲ၍ အဓိပ္ပာယ်မရှိပေ။ ထိုသင်္ဘောများကို ပြန်မရတော့သည်မှာ သေချာနေပြီဖြစ်သည်။ချင်းကျူးအင်ပါယာသို့ ပြန်ရောက်သောအခါ အဖွဲ့သားအားလုံးမှာ တုန်လှုပ်နေဆဲ ဖြစ်သည်။

“ငါတို့ သင်္ဘောကြီးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တဲ့ အဲ့ဒီ အဆင့်မြင့်သားရဲက ဘာကြီးလဲ။”

ချင်းကျူးက မျက်မှောင်င်ကျုံ့ကာ ပြောလိုက်၏။အော်ကုက ခေါင်းခါကာ ဘေးမှ မှော်ဆရာကို မေးလိုက်သည်။

“မင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရလား။”

မှော်ဆရာက ခေါင်းခါပြလိုက်သည်။

“သူက မျက်နှာကို လုံးဝ မပြခဲ့ဘူး။ ဒါပေမဲ့ သူက အလွန်ကြီးမားပြီး သူ့ရဲ့အဆင့်က အနည်းဆုံး SSS အဆင့် ရှိမယ်ဆိုတာတော့ သေချာပါတယ်။”

သူက ရိုသေစွာ ဖြေကြားလိုက်၏။

ချင်းကျူးအင်ပါယာမှ မှော်ဆရာကလည်း ထိုစကားကို သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

“ဒါဆို အဲ့ဒီလို အဆင့်မြင့်သားရဲက ဘာလို့ ရုတ်တရက် ပေါ်လာတာလ။”

ချင်းကျူးမှာ စဉ်းစားမရနိုင်အောင် ဖြစ်နေခဲ့သည်။

နတ်ဘုရား၏ အလိုအရ ထိုကဲ့သို့ အဆင့်မြင့်သားရဲကြီးများသည် အုတ်မြစ်ကျောက်ကျွန်း၏ ၁၀ ကီလိုမီတာ ပတ်လည်တွင် မပေါ်လာသင့်ပေ။ ယခုတစ်ကြိမ်တွင် အဘယ်ကြောင့် ပေါ်လာရသနည်း။

“အဲ့ဒီသားရဲက အဲ့ဒီအပြင်လူရဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အိမ်မွေးသားရဲဖြစ်လိမ့်မယ်လို့ ကျွန်တော်မျိုး သံသယရှိပါတယ်။”

မှော်ဆရာက ခန့်မှန်းလိုက်၏။

“ဘာ...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလောက် အစွမ်းထက်တဲ့ သားရဲကို ဘယ်လိုလုပ်ပြီး အောင်အောင်မြင်မြင် စာချုပ်ချုပ်နိုင်မှာလဲ။”

ချင်းကျူးသည် ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ သူ၏ အသိဉာဏ်ကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ခံစားနေခဲ့ရသည်။

“အရှင်မင်းကြီး။ ဒါက ကျွန်တော်မျိုးရဲ့ ခန့်မှန်းချက်သက်သက်ပါ။ မဟုတ်ရင် ဘာနဲ့မှ ရှင်းပြလို့ မရနိုင်ပါဘူး။”

မှော်ဆရာက ရိုသေစွာ ဆိုသည်။ အနီးရှိ အော်ကုကလည်း လေးလံစွာ ပြောလိုက်သည်။

“အဲ့ဒီလိုပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူက ငါတို့ကို ဘာလို့ တိုက်ခိုက်မှာလဲ။ အထူးသဖြင့် တစ်ဖက်က သံသင်္ဘောတွေက အနီးအနားမှာ ရှိနေတာတောင် သူတို့ကို မတိုက်ဘဲ ငါတို့ကိုပဲ တိုက်တာလေ။”

အားလုံးက ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။

“အဲ့ဒီနဂါးမဟာမိတ်ရဲ့ အင်အားက တကယ်ပဲ ကြီးမားလွန်းတယ်။ ငါတို့မှာ လက်နက် အသာစီးမရသေးသရွေ့ သူ့ကို သွားမနှောင့်ယှက်တာ အကောင်းဆုံးပဲ။”

ချင်းကျူးက သက်ပြင်းချရင်း ပြောလိုက်၏။

ယခုလေးတင် သူမသည် ယီရန်ပင်းမဟာမိတ်ကျွန်းပေါ်တွင် လက်သည်းငါးချောင်းရွှေရောင်နဂါးပုံပါရှိသော အလံများကို မြင်တွေ့ခဲ့ရသဖြင့် ထိုမဟာမိတ်အဖွဲ့ကို နဂါးမဟာမိတ်ဟု ခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်။

အော်ကုက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ တခြား ကျွန်းငယ်လေးတွေကို အရင်တိုက်တာ ပိုကောင်းမယ်။ နတ်ဘုရားက အဆင့်မြင့် လက်နက်တွေ ပိုပေးလာတဲ့အထိ စောင့်ကြည့်ပြီးမှ နောက်ထပ် အစီအစဉ်တွေ လုပ်ကြတာပေါ့။”

ထိုသို့ပြောပြီးနောက် အော်ကုသည် သူ၏လူများကို ခေါ်ဆောင်ကာ ချင်းကျူးထံမှ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြု၍ ၎င်း၏ကျွန်းသို့ ပြန်သွားတော့လေသည်။

၎င်းတို့ စတင်ထွက်ခွာစဉ်က လူနှစ်ထောင်၊ သုံးထောင်ခန့် ပါသွားသော်လည်း ပြန်ရောက်လာချိန်တွင် အစောင့်အကြပ် နှစ်ဆယ်၊ သုံးဆယ်ခန့်သာ ကျန်ရှိတော့၏။ ကျန်ရှိသူများမှာ တိုက်ပွဲတွင် သေဆုံးခဲ့ရခြင်းမဟုတ်လျှင် သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရသည်။ တစ်ခုတည်းသော နှစ်သိမ့်မှုမှာ ချင်းကျူးအင်ပါယာမှာလည်း အခြေအနေ သိပ်မထူးခြားခြင်းပင်။

ကျန်းယွင်ထျန်းသည် မကြာမီမှာပင် သင်္ဘောများနှင့် စစ်သည်အားလုံးကို ဖမ်းဆီးကာ ပြန်လာခဲ့၏။

“အစ်ကိုကျန်း အဲ့ဒီ လေကြောင်းတိုက်ခိုက်ရေး ယူနစ်တွေကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သုံးပြီး ပြန်ပြင်လိုက်ပါ။ ဒီအော်ကုအင်ပါယာက နောက်ထပ် ခဏခဏလာဖို့ ငါ မျှော်လင့်မိတယ်။”

ရှောင်းယီသည် ပျက်စီးနေသော မီးပုံးပျံများနှင့် လေသင်္ဘောများကို ကြည့်ရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ကောင်းပြီ။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒီတစ်ခါပြီးရင်တော့ သူတို့ ထပ်လာရဲတော့မှာ မဟုတ်ပါဘူး။”

အခန်း ၇၇၀ - သုံးဖက်မြင် ခုခံစစ်၊ ရိက္ခာအရန်သင့်စုဆောင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု

“တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သူတို့ပိတ်သွားပြီး ဦးတည်ချက်ပြကျောက်လည်း မရှိတာ နှမြောစရာပဲ။ မဟုတ်ရင် အဲ့ဒီခြေရာနောက်လိုက်ပြီး သူတို့ဆီအထိ ပြန်လိုက်သွားလို့ရတယ်။”

ရှောင်းယီက မတတ်သာဘဲ ပခုံးတွန့်ပြလိုက်သည်။

“ကဲ... အားလုံးပဲ ဆက်ပြီး ရှင်းလင်းရေးလုပ်လိုက်ကြကြဦး။ ငါတို့တော့ ပြန်တော့မယ်။ မနက်စာစားဖို့ အချိန်မီသေးတာပဲ။”

နှစ်ဖက်တိုက်ပွဲမှာ သုံးနာရီပင် မပြည့်ခဲ့ဘဲ ယခုအခါ မနက် ၈ နာရီ ရှိနေပြီဖြစ်သည်။

ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ သူ၏အိပ်ခန်းသို့ ပြန်လာခဲ့ရာ အောက်ထပ်မှ မနက်စာနံ့များပင် သင်းပျံ့နေပြီဖြစ်သည်။ ပထမထပ်ရှိ ထမင်းစားခန်းသို့ ရောက်သောအခါ အန်းရန် နှင့် အခြားသူများ မနက်စာ စားနေကြသည်ကို တွေ့လိုက်ရလေသည်။

“ပြန်လာပြီလား။ ခုနက သွားခေါ်တော့ အခန်းထဲမှာ မရှိတော့လို့ တစ်ခုခု အရေးကြီးတာ ဖြစ်လို့လားလို့ စိတ်ပူနေတာ။”

အန်းရန်က ဂရုတစိုက် မေးလိုက်၏။

ယခင်က ရှောင်းယီသည် လေ့ကျင့်ခန်းလုပ်ရန် စောစောထလေ့ရှိသော်လည်း လှေကားမှ ဆင်းလာသံကို သူမ အမြဲကြားရတတ်သည်။ ယခုမူ ဘာသံမှ မကြားရဘဲ မြို့ပြန်ကျောက်ကို သုံးသွားခြင်းဖြစ်ရာ အတော်လေး အရေးကြီးသည့် အခြေအနေဖြစ်မည်ဟု သူမ ထင်မှတ်နေခြင်းဖြစ်သည်။

ထိုအခါ ရှောင်းယီက ထမင်းစားပွဲတွင် ထိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“သိပ်တော့ မကြီးကျယ်ပါဘူး။ အော်ကုအင်ပါယာက ထပ်ပြီး မငြိမ်မသက်ဖြစ်နေလို့။ သူက ချင်းကျူးအင်ပါယာနဲ့ ပေါင်းပြီး မြောက်ဘက်ကနေ လာတိုက်တယ်လေ။”

“အင်ပါယာ နှစ်ခုလုံးက တစ်ပြိုင်နက် လာတိုက်တာလား။”

အန်းယွဲ့ ချက်ချင်းပင် ပျာယာခတ်သွားခဲ့သည်။ အင်ပါယာတစ်ခု၏ အတိုင်းအတာမှာပင် အလွန်ကြီးမားနေပြီဖြစ်ရာ နှစ်ခုပေါင်းတိုက်ပါက ၎င်းတို့မဟာမိတ်အဖွဲ့အတွက် မလွယ်ကူနိုင်ဟု သူတွေးမိသောကြောင့် ပင်။

“ဟုတ်တယ်။”

ရှောင်းယီက အီကြာကွေးကို တစ်လုပ်ကိုက်ရင်း ပြန်ဖြေလိုက်သည်။

“ဒါဆို အခု အခြေအနေက ဘယ်လိုလဲ။”

အန်းယွဲ့က ဆက်မေးလိုက်သည်။

“သူတို့ ရှုံးသွားပါပြီ။ ကျုပ်တို့လည်း သင်္ဘောတွေနဲ့ လေသင်္ဘောတွေ အများကြီး ရလိုက်တယ်။ ဒီလိုမျိုး ပစ္စည်းတွေ နေ့တိုင်း လာပို့ပေးနေမယ်ဆိုရင်တော့ ကျုပ်တို့အတွက် စစ်ရေးအရ လိုအပ်တဲ့ ကုန်ကြမ်းတွေ ပြတ်လပ်တော့မှာ မဟုတ်ဘူး။”

ရှောင်းယီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ရှုံးသွားပြီလား။”

အန်းယွဲ့ အံ့သြသွား၏။ တိုက်သစ်ကြီးပေါ်က အင်ပါယာများသည် နာမည်သာကြီးပြီး တကယ်တမ်း မသန်မာတာလားဟု သူ တွေးမိသွားခဲ့သည်။

“ကျွန်မတို့ရဲ့ ရေပြင်နဲ့ ကုန်းပြင် ခုခံစစ်က ပြဿနာမရှိနိုင်ပေမဲ့ လေကြောင်းခံတပ်က နှစ်ခုပဲ ရှိတာလေ။ ရန်သူ့ဘက်က လေသင်္ဘောတွေ အများကြီးပါလာရင် ကျွန်မတို့ ဒုက္ခရောက်နိုင်တယ်။”

ကျန်ရွှဲ့သည်လည်း အနည်းငယ် အံ့သြနေခဲ့သည်။ ရှောင်းယီ၏ စကားအရ လေသင်္ဘော အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဆိုလျှင် ၎င်းတို့ကို မည်သို့ ကိုင်တွယ်ခဲ့သနည်းဟု သူမ သိလိုနေခြင်းဖြစ်သည်။

ရှောင်းယီက ပြုံးကာ ရှင်းပြလိုက်သည်။

“ငါတို့ ကံကောင်းသွားတာပါ။ လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံ ပုံစံကွက်တစ်ခု ရလိုက်လို့လေ။”

ရှောင်းယီက ဒုံးပျံ၏ စွမ်းဆောင်ရည်များကို ရှင်းပြလိုက်သောအခါ အားလုံး အံ့အားသင့်ကုန်ကြတော့လေသည်။

“အဲ့ဒါကြောင့်လည်း တိုက်ပွဲကို ဒီလောက်မြန်မြန် အဆုံးသတ်နိုင်ခဲ့တာကိုး။”

ကျန်းရွှဲ့ ချက်ချင်း နားလည်သွားခဲ့သည်။

“ကောင်းလိုက်တာ။ အခုဆို ပင်လယ်ထဲမှာ နတ်သားရဲ ရွှမ်းဝူရှိတယ်။ ကုန်းပေါ်မှာ ပင်ဖိုင်းယားရိုင်ဖယ်တွေရှိတယ်။ လေထဲမှာလည်း လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံတွေ ရှိသွားပြီ။ ငါတို့ရဲ့ ခံစစ်က သုံးဖက်မြင်ကာကွယ်ရေး ဖြစ်သွားပြီ။”

အန်းယွဲ့က ဝမ်းသာအားရ ပြောလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြီး စကားလမ်းကြောင်းပြောင်းကာ ပြောလိုက်သည်။

“ဦးလေးအန်း ကျုပ်တို့ရဲ့ ရိက္ခာစားသုံးမှု အခြေအနေက အခု ဘယ်လိုရှိလဲ။”

“လက်ရှိ စားသုံးမှုနှုန်းအရဆိုရင်တော့ ပြဿနာမရှိနိုင်ပါဘူး။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ဒီဆောင်းရာသီက အရမ်းအေးဆေးလွန်းနေတယ်လို့ ကွက်ကဲနေတဲ့လူက ထင်သွားမလား မသိဘူး။ အဆိုးဆုံးအတွက် ပြင်ဆင်ထားရအောင်။ လောင်ယွမ် ခြံထဲမှာ အထွက်နှုန်းကောင်းတဲ့ သီးနှံတွေကို ပိုစိုက်ထားဖို့ လိုလိမ့်မယ်။”

ရှောင်းယီက ယွမ်နွန်ကို ညွှန်ကြားလိုက်၏။ ယွမ်နွန်က ပြုံး၍ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ စားနပ်ရိက္ခာအတွက် ပြဿနာမရှိစေရဘူး။ မင်းရဲ့ ဓာတ်ခွဲခန်းအကူအညီနဲ့ အထွက်နှုန်းကောင်းတဲ့ ဂျုံမျိုးစိတ်သစ်ကို ငါ ရှာဖွေတွေ့ရှိထားတယ်။ အထွက်နှုန်းက အရင်ကမ္ဘာထက် နှစ်ဆလောက် ပိုများတယ်။ အဲ့ဒါက အရင်ကမ္ဘာမှာဆိုရင် လုံးဝ မဖြစ်နိုင်တဲ့အရာပဲ။”

ရှောင်းယီက လက်မထောင်ပြပြီး ပြောလိုက်သည်။

“ကောင်းတယ်။ ရိက္ခာတွေကို ပိုပြီး သိုလှောင်ထားရမယ်။ ရှိတာထက် ပိုတာက ပိုကောင်းတာပေါ့။ ဦးလေးအန်းနဲ့ ယွမ်လောင်တို့ ဒီကိစ္စကို ဆက်ပြီး ဆွေးနွေးလိုက်ကြပါ။”

မနက်စာ စားမပြီးသေးမီ ကျန်းရွှဲ့ထံသို့ တည်‌နေရာကူးပြောင်းခြင်းအစီအရင်မှ သတင်းရောက်လာခဲ့သည်။

“လူပုနိုင်ငံကလူတွေ ထပ်ရောက်လာပြန်ပြီ။”

ရှောင်းယီသည် မနက်စာကို အမြန်လက်စသတ်ပြီး အပန်းဖြေစခန်းရှိ ဘားသို့ အပြေးသွားလိုက်၏။ ကေဒါမှာ သီးသန့်ခန်းအတွင်း၌ ရှောင်းယီကို စောင့်ဆိုင်းနေပြီးဖြစ်သည်။

“ကေဒါ မင်း ဒီလောက်စောစော ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ မနက်စာ စားပြီးပြီလား။”

ရှောင်းယီက နှုတ်ဆက်လိုက်သည်။

“ဒါပေါ့။ ငါက မင်းလို နေ့တိုင်း နောက်ကျမှ ထတဲ့လူ မဟုတ်ဘူး။”

ကေဒါက ပြုံး၍ ပြန်နောက်လိုက်၏။

“ဘာတွေ ပြောနေတာလဲ။ ငါ နောက်ကျမှ ထတာ မင်းက ဘယ်လိုလုပ် သိတာလဲ။”

ရှောင်းယီက အံ့သြချင်ယောင်ဆောင်လိုက်သည်။

“ဟဲဟဲ၊ ခန့်မှန်းကြည့်တာပါ။”

ကေဒါက ဆက်ပြောသည်။

“ကဲ... ဒီနေ့ ငါ မင်းအတွက် သတင်းကောင်း ယူလာတယ်။ မနေ့က ငါ အရှင်မင်းကြီးနဲ့ သွားဆွေးနွေးပြီးပြီ။ သူက သဘောတူတယ်။ ငါတို့ ပူးပေါင်းကြမယ်။ မင်းက ဒီသတ္တုတွင်းတူးဖော်စက်အသစ်ရဲ့ တစ်ဦးတည်းမူပိုင် ကိုယ်စားလှယ် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ငါတို့ ကိုယ်တိုင်သုံးဖို့အတွက်တော့ မင်းဆီက ပြန်ဝယ်စရာမလိုဘဲ တိုက်ရိုက် သုံးစွဲခွင့်ရှိရမယ်။”

ရှောင်းယီသည် လူပုများ သူ့ကို လာရောက်ပူးပေါင်းမည်ကို ကြိုတင်သိရှိထားပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် စိတ်ကူးရှိသော်လည်း ထိုစက်ပစ္စည်းအစိတ်အပိုင်းကို ကိုယ်တိုင် မထုတ်လုပ်နိုင်သောကြောင့်ပင်။ ရှောင်းယီကသာ ထိုစိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်မည်ဖြစ်ရာ ၎င်းတို့လည်း ကိုယ်တိုင် အသုံးပြုနိုင်သလို ရောင်းချပြီး အကျိုးအမြတ်လည်း ရရှိနိုင်မည် ဖြစ်သည်။

“ဒါဆို ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါစေ။”

ရှောင်းယီက လက်ကမ်းပေးလိုက်သည်။ ကေဒါက လက်ဆွဲနှုတ်ဆက်ပြီးနောက် ပြောလိုက်သည်။

“အခု အရင်ဆုံး ငါ စိတ်ကူးထားတဲ့ အစိတ်အပိုင်းက တကယ် အသုံးဝင်မဝင် အတည်ပြုကြည့်ရအောင်။”

“မနေ့က မင်း ဒီဇိုင်းဆွဲထားတဲ့ ပုံကြမ်း ပါလာလား။”

ရှောင်းယီက ခေါင်းညိတ်ပြီး မေးလိုက်၏။

“ပါတာပေါ့။”

ကေဒါသည် သူ၏ဘေးမှ ပုံကြမ်းကို ထုတ်ပြလိုက်သည်။

ထို့နောက် ရှောင်းယီသည် ကေဒါကို ဝမ်ရှင်းဖုန်းတို့ အလုပ်လုပ်နေသည့် အလုပ်ရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ ရှောင်းယီသည် အဆင့်မြင့် အစိတ်အပိုင်းထုတ်လုပ်သည့် စက်ကိရိယာများအတွက် သီးသန့်စက်ရုံတစ်ခုကို အိမ်ပုံစံကွက်ဖြင့် တည်ဆောက်ပေးထား၏။

၎င်းတို့ ရောက်ရှိသွားသောအခါ ဝမ်ရှင်းဖုန်းမှာ စားပွဲတွင် ပုံကြမ်းတစ်ခု ရေးဆွဲနေခဲ့သည်။ ရှောင်းယီက သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်ပြီး ပြောလိုက်သည်။

“ကေဒါက အစိတ်အပိုင်းတစ်ခု ဒီဇိုင်းဆွဲထားတယ်။ အဲ့ဒါကို ငါတို့ ထုတ်ပေးနိုင်မလားဆိုတာ ကြည့်ပေးပါဦး။”

“ရပါတယ်။ ပုံကြမ်းကို အရင် ကြည့်ပါရစေ။”

ဝမ်ရှင်းဖုန်းက ပြောလိုက်သည်။

ဝမ်ရှင်းဖုန်းသည် ကေဒါ၏ ပုံကြမ်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကျုံ့သွား၏။

“ဒီပုံကြမ်းမှာ ပြဿနာရှိနေတယ်။”

“ဘာလဲ၊ ထုတ်လို့ မရလို့လား။”

ကေဒါလည်း စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ထုတ်လို့ မရတာ မဟုတ်ပါဘူး။ ဒီအရာက ထုတ်ပြီးသွားရင်တောင် သိပ်ပြီး အသုံးဝင်မှာ မဟုတ်ဘူး။”

ဝမ်ရှင်းဖုန်းက ပြတ်သားစွာ ပြောလိုက်လေသည်။

All Chapters