← Chapters

အခန်း (၂၃၁)

Vol. 24 Ch. 231

အခန်း (၂၃၁)

Vol. 24 Ch. 231

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၃၁)

လန်ထျန်းစခန်း၏ တပ်ဖွဲ့များက သူတို့၏ စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ တိုက်မြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်သောကြောင့် တိုက်နယ်မြေတစ်ခုလုံးကို တစ်လအတွင်း ချင်က သိမ်းပိုက်နိုင်တော့မည်ဖြစ်သည်။ ထိုအချိန်ကျလျှင် ကျောက်နိုင်ငံက ရှိတော့မည်မဟုတ်ပေ။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးလာခဲ့သည်။

ဝေနိုင်ငံ၊ တလျန်မြို့။

" အရှင် "စစ်သူကြီးတစ်ယောက်က ဝေဝူကျိဆီသို့ ရောက်လာပြီး စိုးရိမ်တကြီး အစီရင်ခံလိုက်သည်။ " ကျောက်နိုင်ငံ ကျဆုံးသွားပါပြီ။ တိုက်ဘုရင် ကျောက်ယိက တိုက်ပွဲအခြေအနေကြားမှာ ချင်စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး တိုက်နယ်မြေထဲက ကျောက်စစ်တပ်ကလည်း အမြစ်ပြတ်ချေမှုန်းခြင်း ခံလိုက်ရပါပြီ။ "

၎င်းကို ကြားသောအခါ ဝေဝူကျိ၏ လက်ထဲမှ ဝါးချပ်စာလိပ်များက လွတ်ကျသွားခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာသည်။

" ချင်ရဲ့ အရှိန်အဟုန်ကို ဘယ်လိုမှ တားဆီးလို့မရတော့ဘူး။ ကျင့်နိုင်ငံသုံးခုထဲမှာ ငါ့ရဲ့ ဝေနိုင်ငံတစ်ခုပဲ ကျန်တော့တယ်။ " ဝေဝူကျိက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

" အရှင် " စစ်သူကြီးက တုန်ရီနေသော အသံနှင့် မေးလိုက်သည်။ " ကျောက်နယ်မြေကျဆုံးသွားပြီဆိုတော့ ချင်က ကျောက်နယ်မြေကို ထိန်းချုပ်ပြီးသွားရင် ကျွန်တော်တို့ ဝေကို သေချာပေါက် တိုက်လာတော့မှာပါ။ ဝေအနေနဲ့ ဘယ်လိုခုခံရမလဲ။ "

" မင်းအခု ထွက်သွားလို့ရပြီ။ " ဝေဝူကျိက ထိုစစ်သူကြီးကို ထွက်သွားရန် ပြောလိုက်သည်။

" နားလည်ပါပြီ။ " စစ်သူကြီးက ရိုသေစွာဖြင့် ထွက်ခွာသွားသည်။

" ဟူး...." ဝေဝူကျိက သက်ပြင်းချလိုက်ပြီး သူ၏ စားပွဲအောက်မှ ပိုးထည်စတစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းပေါ်တွင် စာများ ရေးသားထားသည်။

" ပြန်လည်တည်ထောင်ရေး မဟာစီမံကိန်း။ "

တိုက်နယ်မြေကို ချင်က သိမ်းပိုက်လိုက်ပြီး ကျောက်ယိသေဆုံးသွားသော သတင်းက နယ်မြေအနှံ့ ပျံ့နှံ့သွားခဲ့ပြီး နိုင်ငံအသီးသီးတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ဝေနိုင်ငံဖြစ်သည်။

ရှန်းယန်မြို့။

အမိန့်တော်အလှံကို ကိုင်ဆောင်ထားသော စတင်းပို့သူတစ်ယောက်က မြို့တံခါးသို့ အရှိန်အဟုန်နှင့် ဝင်ရောက်လာသည်။ တာဝန်ကျ မြို့စောင့် စစ်သည်များက အတားအဆီးများကို ချက်ချင်း ဖယ်ရှားပေးလိုက်ကြသည်။ သတင်းပို့သူက မြို့ထဲသို့ အတားအဆီးမရှိ ဝင်ရောက်သွားခဲ့သည်။

" တိုက်မြို့ကို ချင်စစ်တပ်က ထိုးဖောက်ပြီး စစ်သူကြီးကျောက်ဖုန်းက ကျောက်ယိကို သတ်ဖြတ်လိုက်ပြီ။ "

" တိုက်နယ်မြေကို ချင်စစ်တပ်က သိမ်းပိုက်လိုက်ပြီ။ ကျောက်နိုင်ငံ ပျက်စီးသွားပြီ။ "

" ကြီးကျယ်တဲ့ အောင်ပွဲပဲ။ ကျောက်နိုင်ငံ ပျက်စီးသွားပြီ။ ကျောက်နယ်မြေက အခု ငါတို့ချင်ရဲ့ အုပ်ချုပ်မှု​အောက်ကို ရောက်သွားပြီ။ "

သတင်းပို့သူက အမိန့်တော်အလှံကို မြှောက်ကာ တော်ဝင်နန်းတော်သို့ ဦးတည်နေပြီး လမ်းတစ်လျှောက် အော်ဟစ်သွားခဲ့သည်။

" ကျောက်နိုင်ငံမရှိတော့ဘူးလား။ "

" ကောင်းကင်ဘုံက ငါတို့ချင်ကို မျက်နှာသာပေးနေတာပဲ။ ကျောက်နိုင်ငံ ကျဆုံးသွားပြီ။ "

" ဟားဟား.... ဟန်နိုင်ငံလည်း မရှိတော့ဘူး။ အခု ကျောက်လည်း မရှိတော့ဘူး။ "

" ချင်က ကျင့်နိုင်ငံသုံးခုထဲက နှစ်ခုကို အမြစ်ပြတ် ချေမှုန်းလိုက်ပြီ။ ကြီးကျယ်တဲ့အောင်ပွဲပဲ။ "

" နိုင်ငံခုနှစ်ခုက နှစ်ပေါင်းရာနဲ့ချီ ကွဲပြားနေခဲ့တယ်။ ဒါပေမယ့် ငါတို့ချင်က သုံးနှစ်မပြည့်ခင် နိုင်ငံနှစ်ခုကို ဖျက်ဆီးပစ်လိုက်ပြီ။ "

" တစ်နေ့ကျရင် ချင်က တစ်လောကလုံးကို စုစည်းနိုင်လိမ့်မယ်။ "

" ချင်လူမျိုးတွေ မျိုးဆက်ပေါင်းများစွာ မျှော်လင့်ခဲ့တဲ့ ရည်မှန်းချက်က နောက်ဆုံးမှာ ပြည့်တော့မယ်။ "

" တစ်လောကလုံးကို စည်းလုံးဖို့က ငါတို့ ချင်တစ်ခုတည်း လုပ်နိုင်တာပဲ။ "

" သွားကြစို့။ ဒီနေ့က ချင်အတွက် ပျော်စရာနေ့ပဲ။ ညီအကိုတို့ ငါမင်းတို့အားလုံးကို အရက်တိုက်မယ်။ "

" ရှန်းယန်မှာ အင်မော်တယ်ဝိုင်ခန်းမ မရှိတာ နှမြောစရာပဲ။ သူတို့ဝိုင်က တကယ်ရတနာပဲ။ "

" အဲ့ဒီအင်မော်တယ်ဝိုင်ခန်းမက ဘယ်မှာရှိတာလဲ။ ငါ့လူတွေ ပြောတာခဏခဏကြားဖူးတယ်။ ဒါပေမယ့် ကိုယ်တိုင်တော့ မတွေ့ဖူးသေးဘူး။ "

" အဲ့ဒါက မင်း ခေတ်နောက်ကျနေလို့ပေါ့ ညီအကိုရ။ အင်မော်တယ်ဝိုင်ခန်းမက ယင်ချွမ်းမှာရှိတာပဲ။ "

" ငါ ခရီးသွားတုန်းက ဝေမြစ်ကို ဖြတ်သွားတုန်း ဝေမြို့မှာ ဝင်သောက်ခဲ့တာပဲ။ လူတွေဆို ကြိတ်ကြိတ်တိုးပဲ။ "

" အဲ့လောက်တောင် ကောင်းတာလား။ တစ်နေ့ကျရင် သွားသောက်ကြည့်ရမယ်။ "

" ကဲတော်ပြီ။ ချင်က ကျောက်ကို သိမ်းပိုက်နိုင်တာကို သွားပြီး ဂုဏ်ပြုလိုက်ကြစို့။ "

ထိုအချိန်တွင် ရှန်းယန်မြို့တစ်ခုလုံးရှိ ပြည်သူများက အလွန်ဝမ်းသာနေကြသည်။ သူတို့၏ နယ်မြေကို တိုးချဲ့နိုင်ခြင်းက သူတို့ကို စိတ်လှုပ်ရှားစေသည်။ ဖြစ်နိုင်သည်မှာ ချင်ပြည်သူဟောင်းများ၏ သွေးသားထဲမှ ဆင်းသက်လာသော ရည်မှန်းချက်များ ဖြစ်ပေလိမ့်မည်။

တစ်လောကလုံးကို စုစည်းလိုသော ဆန္ဒက ချင်ဘုရင်အဆက်ဆက်၏ ရည်မှန်းချက်ဖြစ်ရုံသာမက ချင်ပြည်သူဟောင်းအားလုံး၏ သွေးထဲမှ ပါလာသော အမွေအနှစ်တစ်ခု ဖြစ်လေသည်။

" အရှင်မင်းကြီး " သတင်းပို့သူက ဦးညွှတ်ပြီး အစီရင်ခံလိုက်သည်။ " ကျောက်နိုင်ငံအပေါ် ကြီးကျယ်တဲ့ အောင်ပွဲရရှိခဲ့ပါပြီ။ တိုက်မြို့ ကျဆုံးသွားပါပြီ။ တိုက်နယ်မြေတစ်ခုလုံးကိုလည်း ချင်က သိမ်းပိုက်လိုက်ပါပြီ။ ကျောက်နိုင်ငံဆိုတာ မရှိတော့ပါဘူး။ "

၎င်းကို ကြားသောအခါ ညီလာခံတစ်ခုလုံး တုန်လှုပ်သွားကြသည်။ ဝန်ကြီးအားလုံးက အံ့အားသင့်သွားကြပြီး သူတို့၏ မျက်နှာပေါ်တွင် ဝမ်းသာသော အမူအရာများ ပေါ်လာကြသည်။

" ကျွန်တော်မျိုးတို့က အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ " ဝန်ကြီးများအားလုံးက ရင်ကျန့်ကို ဦးညွှတ်ပြီး ပြောလိုက်ကြသည်။

" အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ ချင်နိုင်ငံကြီး အဓွန့်ရှည်တည်တံ့ပါစေ။ "

ပလ္လင်ပေါ်မှ ရင်ကျန့်က ဝမ်သာစွာဖြင့် ထရပ်လိုက်သော်လည်း သူ၏ သိက္ခာနှင့် တည်ငြိမ်မှုများကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ညီလာခံ၏ ဂုဏ်ပြုမှုများအောက်တွင် ရင်ကျန့်က သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အနှိုင်းမဲ့သော ဧကရာဇ်အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

" ကောင်းကင်ဘုံရဲ့ ကံကြမ္မာက ချင်ဆီမှာရှိတယ်။ "

" ကောင်းကင်ဘုံရဲ့ ကံကြမ္မာက ချင်ဆီမှာရှိတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း ဟိန်းဟောက်လိုက်ကြသည်။

" ချင်က တစ်လောကလုံးကို စုစည်းနိုင်လိမ့်မယ်။ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ ချင်နိုင်ငံကြီး အဓွန့်ရှည်တည်တံ့ပါစေ။ "

"ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ သုံ့ပန်းအဖြစ် ဖမ်းဆီခံလိုက်ရတဲ့ ကျောက်နိုင်ငံက အထက်တန်းလွှာအားလုံးကို ချင်နိုင်ငံဆီ ခေါ်လာရမယ်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။ " အဲ့ဒီက ဝန်ကြီးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်အားလုံးကိုလည်း ချင်ဆီ ခေါ်လာရမယ်။ အားလုံးကို ကျွန်အမှတ်အသား ခတ်နှိပ်ပြီး အားလုံးကို ကျွန်အဆင့်ထိ လျှော့ချပစ်ရမယ်။ "

" သူတို့ ပြန်ရောက်လာတဲ့အခါ တရားရေးဝန်ကြီးက သူတို့ကို စာရင်းပြုစုရမယ်။ ပြီးတော့ အဲ့ဒီကျွန်အားလုံးကို ထိုက်တန်တဲ့ အရာရှိတွေအားလုံးကို ဆုလာဘ်အဖြစ် ပေးအပ်မယ်။ "

" အရှင်မင်းကြီးက ပညာရှိလှပါတယ်။ " ညီလာခံမှ ဝန်ကြီးများက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။

" အရှင်မင်းကြီး "ဝမ်ဝမ်က ရှေ့သို့ တိုးပြီး အစီရင်ခံလိုက်သည်။ " ဒီတစ်ခါ ကျောက်ကို တိုက်တဲ့ စစ်ဆင်ရေးမှာ လက်နက်ချစစ်သည်အရေအတွက်က မနည်းပါဘူး။ သူတို့ရဲ့ နေ့စဉ်ရက္ခာသုံးစွဲမှုက အတော်လေးများနေပါတယ်။ "

" ရှောက်ဖူ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး မေးလိုက်သည်။ " အခု ကျောက်နယ်မြေထဲမှာ လက်နက်ချစစ်သည် ဘယ်လောက်ရှိလဲ။ "

" အရှင်မင်းကြီး ကျောက်ရဲ့ ခရိုင်စစ်သည်တွေကိုပါ ထည့်တွက်ရင် ကျောက်နယ်မြေထဲက လက်နက်ချစစ်သည်အရေအတွက် လေးသိန်းနီးပါး ရှိပါတယ်။ " ယွီလျောင်က ရိုသေစွာ ပြောလိုက်သည်။

" လေးသိန်းဆိုတာ တကယ်ကို မနည်ဘူးပဲ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးအနေနဲ့ လက်နက်ချစစ်သည်တွေထဲက အချို့ကို အရင်နည်းလမ်းအတိုင်းပဲ ကျင့်သုံးသင့်တယ်လို့ ထင်ပါတယ်။ သူတို့ကို မြောက်ဘက်နယ်စပ်ကို ကျေးကျွန်အဖြစ် ပို့ဆောင်ပြီး ချင်တစ်ခွင်လုံးကို ကျေးကျွန်တွေ ဖြန့်ကျက်ထားဖို့ပါပဲ။ " ဝမ်ဝမ်က ရိုသေစွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးလည်း သဘောတူပါတယ်။ " ဟွိုင်ကျွမ်းက ထောက်ခံလိုက်သည်။ " တကယ်လို့ စစ်သုံ့ပန်းအားလုံးကို ပြန်လည်ဖွဲ့စည်းမယ်ဆိုရင် ကုန်ကျစရိတ်က အရမ်းများလိမ့်မယ်။ သူတို့ကို ပြန်လည်မဖွဲ့စည်းခင် အရင်ဆုံး စစ်ဆေးရွေးချယ်သင့်ပါတယ်။ "

" တရားရေးဝန်ကြီး မင်းရော ဘယ်လိုထင်လဲ။ " ရင်ကျန့်က လီစီကို ကြည့်လိုက်သည်။

" ချင်စစ်သည်တွေအတွက် သတ်မှတ်ချက်တွေက အရမ်းတင်းကျပ်ပါတယ်။ " လီစီက ချက်ချင်း ပြန်ဖြေလိုက်သည်။ " အထူးစစ်သည်ဖြစ်လာဖို့အတွက် အကြိမ်ကြိမ် စစ်ဆေးအကဲဖြတ်ရပါတယ်။ ဒါပေမယ့် အခြားနိုင်ငံတွေမှာ ဒီလိုအကဲဖြတ်မှုမျိုးတွေ မလုပ်ခဲ့ရပါဘူး။ သူတို့ရဲ့ အရည်အချင်းတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် အများကြီး ကွာခြားပါတယ်။ သူတို့ကို အပြစ်ပေးတပ်ဖွဲ့အဖြစ် ပြန်လည်မဖွဲ့စည်းခင်မှာ အရင်ဆုံး စစ်ဆေးရွေးချယ်ရပါမယ်။ "

သူက ဝမ်ဝမ်နှင့် အဆင်မပြေဖြစ်နေသော်လည်း ဤကိစ္စက နိုင်ငံ၏ အုတ်မြစ်နှင့် သက်ဆိုင်နေသဖြင့် လီစီကလည်း အခြေအနေကို ကောင်းစွာ နားလည်ထားသည်။ ဖြစ်နိုင်သည်မှာ ရင်ကျန့်က သူ့ကို ယုံကြည်ရသော အကြောင်းရင်းတစ်ခုလည်း ဖြစ်နိုင်သည်။ လီစီက နိုင်ငံအရေးနှင့် ပက်သက်လာလျှင် အမြဲတမ်း အလေးအနက် ထားခဲ့သည်။

" မင်းတို့အားလုံးက ဒီလိုပြောနေတယ်ဆိုမှတော့ ငါတို့ ဒီလောက်များတဲ့ လက်နက်ချစစ်သည်တွေကို ကိုင်တွယ်ရာမှာ သတိထားရလိမ့်မယ်။ " ရင်ကျန့်က ပြောလိုက်သည်။ " စစ်သေနာပတိချုပ်ဝမ်ကျန့်ဆီကို ငါရဲ့ အမိန့်တော် ပို့လိုက်။ လက်နက်ချစစ်သည်တွေထဲက ချင်စစ်သည်တွေရဲ့ စံနှုန်းနဲ့ ကိုက်ညီပြီး သန်မာထက်မြက်တဲ့ လူငယ်တွေကို ရွေးချယ်ဖို့ သူ့ကို ပြောလိုက်ပါ။ အရည်အချင်းမပြည့်မီတဲ့သူတွေကိုတော့ ကျွန်အဖြစ် လျှော့ချပြီး မြောက်ဘက်နယ်စပ်နဲ့ ရှုဒေသဆီကို ပို့ဆောင်ရမယ်။ "

" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။

All Chapters