← Chapters

အခန်း (၂၃၄)

Vol. 24 Ch. 234

အခန်း (၂၃၄)

Vol. 24 Ch. 234

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၃၄)

" အရှင်မင်းကြီးမှာ စစ်သူကြီးအတွက် အံ့ဩစရာရှိတယ်ဆိုတော့ ကျွန်တော် မလောတော့ပါဘူး။ " တုဆွေက ပြုံး၍ ပြောလိုက်သည်။

" ဟုတ်တယ်။ စစ်သူကြီး ရှန်းယန်ကို သွားတာနဲ့ အားလုံးသိရမှာပဲ။ " ကျန်းဟန်ကလည်း ပြောလိုက်သည်။

" ကျောက်ရဲ့ စစ်မြင်း ဘယ်နှစ်ကောင်လောက် ကယ်တင်နိုင်ခဲ့လဲ။ " ကျောက်ဖုန်းက ကျန်းဟန်ကို မေးလိုက်သည်။

" ဟန်တန်မြို့တိုက်ပွဲအတွင်းမှာ စစ်သူကြီးဝမ်ပင်းက မြင်းကောင်ရေ တစ်သောင်းကျော်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ " ကျန်းဟန်က ချက်ချင်း ပြန်ဖြေလိုက်သည်။ " ကျောက်နိုင်ငံရဲ့ အဓိကမြင်းတပ်စခန်းဖြစ်တဲ့ တိုက်နယ်မြေကို သမ်းပိုက်ပြီးတဲ့နောက်မှာတော့ နောက်ထပ် အများကြီး စုမိခဲ့တယ်။ ကျွန်တော်တို့ စစ်တပ်မှာ အခု စစ်မြင်းကောင်ရေ ငါးသောင်းကျော် ရှိနေပါပြီ။ ကျောက်နိုင်ငံရဲ့ မြင်းမွေးမြူရေးခြံတွေကလည်း ကျွန်တော်တို့ ထိန်းချုပ်မှုအောက် ရောက်နေပါပြီ။ "

" ကောင်းတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " စစ်မြင်းငါးသောင်းကျော်ဆိုတာ လူငါးသောင်းကျော်ပါတဲ့ မြင်းတပ်တစ်ခုပဲ။ မင်းတို့ အဲ့ဒီမြင်းတွေကို သေချာစောင့်ကြည့်ထား။ တကယ်လို့ ငါ စစ်သေနာပတိချုပ် ဖြစ်လာရင် အဲ့ဒါတွေက ငါ့ရဲ့ ကိုယ်ပိုင်မြင်းတပ်ကို တည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်လာလိမ့်မယ်။ "

" ချင်ရဲ့ အဓိကစစ်အင်အားသုံးခုထဲမှာ မြောက်ဘက်နယ်စပ်တစ်ခုတည်းမှာပဲ အင်အားရှစ်သောင်းရှိတဲ့ မြင်းတပ်ရှိတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ အင်အားအကြီးဆုံး မြင်းတပ်ပဲ။ " တုဆွေက ဝင်ပြောလိုက်သည်။

" လန်ထျန်းစခန်းမှာဆိုရင် မြင်းတပ်သားတစ်သောင်းတောင် မပြည့်ဘူး။ ဒီစစ်မြင်းငါးသောင်းကျော်နဲ့ဆိုရင် ကျွန်တော်တို့က အင်အားတူညီတဲ့ မြင်းတပ်တစ်ခုကို တည်ဆောက်လို့ရတယ်။ စစ်သူကြီးသာ စခန်းတစ်ခုကို တကယ်ကွပ်ကဲရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ပိုပြီး ကြောက်စရာကောင်းလာရမှာမဟုတ်လား။ "

မြင်းတပ်က ဤခေတ်တွင် သံသယဝင်စရာမလိုဘဲ အသန်မာဆုံး တိုက်ခိုက်ရေးအင်အားစုဖြစ်သည်။ လွင်ပြင်​ဒေသများတွင် သူတို့က ခြေလျင်စစ်သည်များကို အပြတ်အသတ် ချေမှုန်းနိုင်ကြသည်။ သို့သော် ဤခေတ်တွင် စစ်မြင်းများက ရှားပါးလှသည်။

မြင်းအများဆုံး မွေးမြူသော နိုင်ငံများက ကျောက်နှင့် ချီနိုင်ငံတို့ ဖြစ်ကြသည်။ ယခု ကျောက်နိုင်ငံကို ချင်က သိမ်းပိုက်လိုက်ပြီဖြစ်သောကြောင့် သူတို့၏ မြင်းများက ချင်၏ ပိုင်ဆိုင်မှုဖြစ်သွားပြီဖြစ်သည်။

" စိတ်ချပါ စစ်သူကြီး။ " ကျန်းဟန်က ချက်ချင်း ပြောလိုက်သည်။ " အဲ့ဒီစစ်မြင်းတွေကို စောင့်ကြပ်ဖို့ ကျွန်တော် စစ်သည်တစ်သောင်းကို စေလွှတ်ထားပါတယ်။ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။ "

" အခု စစ်ပွဲက ပြီးသွားပြီဆိုတော့ ဒဏ်ရာရသူတွေက ပြန်လည်သက်သာလာဖို့ အာရုံစိုက်သင့်ပြီး ဒဏ်ရာမရတဲ့သူတွေက ကောင်းကောင်း အနားယူသင့်တယ်။ " ကျောက်ဖုန်းက တပ်မှူးများကို ပြောလိုက်သည်။ " နောက်ရက်အနည်းငယ်ကြာရင် ငါ အရက်သောက်ခွင့်ပိတ်ထားတာကို ပြန်ရုတ်သိမ်းပေးမယ်။ အဲ့ဒီအချိန်ကျမှ မင်းတို့ စိတ်ကြိုက်သောက်ကြပေါ့။ "

" အဲ့ဒီရက်ကို စောင့်နေတာ။ " ကျန်းဟန်က ရယ်ပြီး ပြောလိုက်သည်။ " ပြီးခဲ့တဲ့ တစ်ခေါက်က စစ်သူကြီးက ကျွန်တော်ထက် ပိုသောက်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်တော် အရှုံးမပေးတော့ဘူး။ "

" ကျွန်တော်လည်း အတူတူပဲ။ ဒီတစ်ခါတော့ စစ်သူကြီးထက် ပိုသောက်နိုင်အောင် ကြိုးစားရမယ်။ " တပ်မှူးအားလုံးက ပျော်ရွှင်စွာ ပြောလိုက်ကြသည်။

ထိုအချိန်တွင် ကိုယ်ရံတော်တစ်ယောက်က တဲထဲသို့ ဝင်ရောက်လာသည်။ " စစ်သူကြီးကို စစ်သေနာပတိချုပ်က ခေါ်ခိုင်းလိုက်ပါတယ်။ "

" မင်းတို့အားလုံး လုပ်စရာရှိတာ သွားလုပ်ကြတော့။ " ကျောက်ဖုန်းက ပြောပြီး ထရပ်လိုက်သည်။

" ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး။ " တပ်မှူးများက ပြောပြီး ထွက်ခွာသွားကြသည်။

ကျောက်ဖုန်းကလည်း တဲအတွင်းမှ ထွက်ပြီး တိုက်မြို့ဆီသို့ ဦးတည်လိုက်သည်။

" အားလုံးပဲ။ " တုဆွေက လေးနက်စွာ ပြောလိုက်သည်။ " ဒီတစ်ခါ စစ်သူကြီး ရာထူးတိုးဖို့က သေချာသလောက်ရှိနေပြီ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ငါတို့ သူ့ကို မျက်နှာပျက်အောင် မလုပ်မိဖို့လိုတယ်။ "

" ဟုတ်တယ်။ " ကျန်းဟန်က ချက်ချင်း ဝင်ပြောလိုက်သည်။ " စစ်သူကြီးကို မျက်နှာပျက်အောင် လုပ်လို့မရဘူး။ စစ်စည်းကမ်းက တင်းကျပ်တယ်။ မင်းတို့အားလုံး မင်းတို့ရဲ့ လက်အောက်ငယ်သားတွေကို စနစ်တကျ ထိန်းသိမ်းရမယ်။ "

" မီးရှို့တာ၊ သတ်ဖြတ်တာတွေနဲ့ လုယက်တာတွေကို လုံးဝခွင့်မပြုနဲ့။ တကယ်လို့ အဲ့ဒီလိုဖြစ်လာခဲ့ရင် ပက်သက်တဲ့ တပ်မှူးတွေရော စစ်သည်တွေပါ အပြစ်အတူတူ ခံရမယ်။ "

စစ်တပ်ထဲတွင် လူပေါင်းများစွာ ရှိနေသောကြောင့် အားလုံးက စိတ်ထားကောင်းမွန်နေရန် မဖြစ်နိုင်ပေ။ မြို့တစ်မြို့ ကျဆုံးသွားလျှင် အချို့က ရိုင်းဆိုင်းသော လုပ်ရပ်များကို သေချာပေါက် လုပ်ကြပေလိမ့်မည်။ ဝမ်ကျန့်နှင့် ကျောက်ဖုန်းတို့က မည်မျှစည်းကမ်းတင်းကျပ်သည်ဖြစ်စေ မြို့တစ်မြို့ကို ထိုးဖောက်ပြီးသည်နှင့် အချို့က သတ်ဖြတ်လုယက်ခြင်းများ ပြုလုပ်ကြဆဲဖြစ်သည်။

" ကျွန်တော်တို့ နားလည်ပါပြီ။ စည်းကမ်းချိုးဖောက်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ပါမယ်။ " တပ်မှူးများက ပြန်ပြောလိုက်ကြသည်။

စစ်သေနာပတိချုပ်၏ ပင်မစခန်း။

" စစ်သေနာပတိချုပ် " ကျောက်ဖုန်းက ရောက်လာပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။

" ထိုင်ပါ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" စစ်သူကြီးဝမ်နဲ့ စစ်သူကြီးယန်တို့ မလာကြဘူးလား။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး​ မေးလိုက်သည်။

" သူတို့က တိုက်နယ်မြေရဲ့ နေရအနှံ့မှာ စစ်တပ်ကို ဦးဆောင်နေတုန်းပဲ။ အခုထိ ပြန်မလာကြသေးဘူး။ " ဝမ်ကျန့်က ပြောလိုက်သည်။

" စစ်သေနာပတိချုပ်မှာ ကျွန်တော်အတွက် တာဝန်ပေးစရာရှိလို့လား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" ဒါက တော်ဝင်အမိန့်ပဲ။ ကြည့်လိုက်ဦး။ " ဝမ်ကျန့်က ပြုံး၍ စာပွဲပေါ်မှ စာလိပ်တစ်ခုကို ယူပြီး ကျောက်ဖုန်းကို ပေးလိုက်သည်။

ကျောက်ဖုန်းက အမိန့်တော်ကို တစ်ချက်ကြည့်ပြီးနောက် ချက်ချင်း နားလည်သွားသည်။

" လက်ရွေးစင်တွေကို ရွေးချယ်ပြီး အရည်အချင်းမရှိတဲ့သူတွေကို ဖယ်ထုတ်ရမယ်။ ဒါက တကယ်လုပ်သင့်တဲ့ အရာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီစစ်ပွဲမှာ ကျွန်တော်တို့က ကျောက်စစ်သည်လေးသိန်းကျော်ကို ဖမ်းမိခဲ့တယ်။ တကယ်လို့ သူတို့ကို စစ်တပ်ထဲ ပြန်လည်ဖွဲ့စည်းမယ်ဆိုရင်လည်း ချင်ရဲ့ နိုင်ငံအင်အားက ထောက်ပံ့နိုင်မှာမဟုတ်ဘူး။ "

စစ်သည်များကို ထောက်ပံ့ခြင်းက နှစ်စဉ်လစာသာမက စားနပ်ရိက္ခာများကလည်း ကုန်ကျလေသည်။ အပြစ်သားတပ်ဖွဲ့များက နှစ်စဉ်လစာမရကြသော်လည်း သူတို့က နေ့စဉ်အစားအသောက်များ လိုအပ်သည်။ သို့သော် ကျွန်များက တစ်နေ့တစ်နပ် စားရလျှင်တောင် ကျေနပ်ရမည်ဖြစ်ပြီး သူတို့က အဆက်မပြတ် အလုပ်ခိုင်းစေခြင်း ခံရသည်။ မရေတွက်နိုင်သော ကျွန်များက ပင်ပန်းမှုကြောင့် သေဆုံးခဲ့ရသည်။

" ဒီကိစ္စကို မင်းပဲ ကိုင်တွယ်လိုက်တော့။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " လက်နက်ချစစ်သည်တွေက အခု နေရာငါးခုမှာရှိနေတယ်။ တိုက်မြို့၊ ဟန်တန်မြို့၊ ဝူအန်းမြို့၊ လင်းချန်မြို့နဲ့ ရှုချန်းမြို့တွေပဲ။ ဒါက ငါပြင်ထားတဲ့ အမိန့်စာပဲ။ အချိန်ကျရင် ရွေးချယ်မှုတွေ စတင်ဖို့ မင်း လူတွေ စေလွှတ်နိုင်တယ်။ "

" ညီလာခံက သတ်မှတ်ချက်တစ်ခုတည်းပဲ ပေးထားတယ်။ အဲ့ဒါက လက်နက်စစ်သည်တွေကို ပြန်လည်ဖွဲ့စည်းဖို့ ရွေးချယ်တဲ့အခါ အထူးစစ်သည်တွေရဲ့ စံနှုန်းအတိုင်း သုံးဖို့ပဲ။ "

" ဒါဆို လက်နက်ချစစ်သည် လေးသိန်းရဲ့ ကံကြမ္မာက အခု ကျွန်တော်လက်ထဲမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မှန်တယ်။ သူတို့က မင်းလက်ထဲမှာပဲ။ သေခြင်းရှင်ခြင်းအာဏာပေါ့။ " ဝမ်ကျန့်က ခေါင်းညိမ့်ပြီး ပြန်ပြောလိုက်သည်။

" ခဏလေး " ကျောက်ဖုန်းက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

" ဘာဖြစ်လို့လဲ။ " ဝမ်ကျန့်က သိလိုစိတ်နှင့် မေးလိုက်သည်။

" အရှင်မင်းကြီး ဟန်တန်မြို့က ထွက်သွားတုန်းက ကျောက်ကို သိမ်းပြီးရင် ကျွန်တော်ကို ခွင့်ရက်ပေးမယ်လို့ ကတိပေးခဲ့တယ်။ အခု ဘာလို့ကတိမတည်တာလဲ။ " ကျောက်ဖုန်းက မကျေမနပ်ဖြင့် မေးလိုက်သည်။

" ဒီလက်နက်ချစစ်သည်တွေကို ရွေးချယ်ပြီးရင် မင်းခွင့်ယူလို့ရပါပြီ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" တကယ်လား။ " ကျောက်ဖုန်း၏ မျက်လုံးများက တောက်ပသွားသည်။

" ပြီးတော့ မင်းရွေးချယ်ပြီးတာနဲ့ အနည်းဆုံး ခွင့်နှစ်လရလိမ့်မယ်။ ဒါက ယန်အာနဲ့ မင်းရဲ့ မင်္ဂလာပွဲကို စီစဉ်ရမယ့်အချိန်ပဲ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" စိတ်ချပါ စစ်သေနာပတိချုပ်။ ဒီကိစ္စကို ကျွန်တော်အပြည့်အဝ အာရုံစိုက်ပါမယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ လက်နက်ချစစ်သည်များထဲမှ အတွေ့အကြုံရှိသော လက်ရွေးစင်များကို ကိုယ်တိုင်ရွေးချယ်ပြီး ယန်ထင်သို့ ပို့နိုင်လေသည်။

" ကောင်းပြီ။ မင်းသွားလို့ရပြီ။ တိုက်မြို့ကို စောင့်ရှောက်ဖို့ ငါ စစ်သည်တစ်သောင်း လွှဲပေးထားပြီးပြီ။ မင်းက မင်းရဲ့ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ထွက်သွားနိုင်ပြီ။ "

" စစ်သေနာပတိချုပ် ကျွန်တော် တောင်းဆိုစရာတစ်ခု ရှိသေးတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ပြောပါ။ " ဝမ်ကျန့်က ပြောလိုက်သည်။

" တိုက်နယ်မြေကို ထိုးဖောက်တုန်းက ကျွန်တော်တို့ ဖမ်းမိခဲ့တဲ့ စစ်မြင်းတွေကို ကျွန်တော် ယူသွားမယ်လေ။ အဲ့ဒါက အချိန်အများကြီး သက်သာစေလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မင်းက အကုန်လုံးကို ယူချင်တာလား။ စစ်မြင်းငါးသောင်းကျော်လုံးလား။ " ဝမ်ကျန့်က အံ့အားသင့်သွားပြီး မေးလိုက်သည်။

" စစ်မြင်းငါးသောင်းလေးပါပဲ။ ကျွန်တော် စစ်သေနာပတိချုပ် ဖြစ်လာမယ်လို့ ပြောခဲ့တယ်မဟုတ်လား။ စခန်းအသစ်မှာ မြင်းတပ်တစ်ခုက သေချာပေါက် လိုအပ်တယ်လေ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။

" တော်စမ်း။ " ဝမ်ကျန့်က ဒေါသထွက်သွားသည်။ " ဝမ်ပင်းနဲ့ ယန်တွမ်ဟီတို့ကလည်း အဲ့ဒီစစ်မြင်းတွေကို မျက်စိကျနေတာကြာပြီ။ ချင်ရဲ့ စစ်မြင်းတွေအားလုံးနီးပါးက မြောက်ဘက််စပ်စခန်းမှာပဲရှိတာ။ အခုမှ ခက်ခက်ခဲခဲ ရထားတာကို မင်းက အကုန်လုံးကို လိုချင်တာလား။ မင်းက တကယ်သတ္တိကောင်းတာပဲ။ "

All Chapters