← Chapters

အခန်း (၂၃၅)

Vol. 24 Ch. 235

အခန်း (၂၃၅)

Vol. 24 Ch. 235

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၃၅)

ကျောက်ဖုန်းက ကြောက်ရွံ့ခြင်းမရှိဘဲ ဆက်ပြောလိုက်သည်။ " ကဲပါ ယောက္ခမကြီးရယ် ကျွန်တော်က ယောက္ခမကြီးနဲ့ ဆွေးနွေးဖို့ လာတာမဟုတ်ဘူး။ တကယ်လို့ ယောက္ခမကြီး ကျွန်တော်ကို မပေးရင် ကျွန်တော် ရှန်းယန်မြို့ကို ရောက်မှ အရှင်မင်းကြီးနဲ့ ဆွေးနွေးလိုက်ပါမယ်။ "

" မင်းက ငါ့ကို ​ခြိမ်းခြောက်နေတာလား။ " ဝမ်ကျန့်က ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။

" လျန်ထျန်းစခန်းက ခြေလျင်တပ်ဖွဲ့ပဲလေ။ အဲ့ဒါကြောင့် ယောက္ခမကြီး အများကြီးမတွေးပါနဲ့။ "

" မင်း အဲ့ဒီစစ်မြင်းတွေကို သေချာပေါက် ရမှာမဟုတ်ဘူး။ "

" ဒါဆိုလည်း ကျွန်တော် မနက်ဖြန် အဲ့ဒီစစ်မြင်းတွေကို ယူသွားလိုက်ပါမယ်။ သွားပြီနော် ယောက္ခမကြီး။ " ကျောက်ဖုန်းက ထပ်မပြောတော့ဘဲ ချက်ချင်း လှည့်ထွက်သွားသည်။

" ဒီကောင်စုတ်လေးကတော့..." ဝမ်ကျန့်က ကျောက်ဖုန်းထွက်သွားသည်ကို ကြည့်ပြီး ရယ်လိုက်သည်။ " ဒီစစ်မြင်းတွေက အစကတည်းက အရှင်မင်းကြီး မင်းအတွက် စီစဉ်ထားတာပဲ။ အခုတော့ မင်းအပေါ် အကြွေးတင်အောင် လုပ်ဖို့ အခွင့်အရေး ရသွားတာပေါ့။ "

သူ၏ ကိုယ်ပိုင်စခန်းသို့ ပြန်ရောက်သောအခါ ကျောက်ဖုန်းက ကျန်းမင်ကို ခေါ်လိုက်သည်။

" ကျန်းမင် ငါ့အမိန့်ကို ထုတ်ပြန်လိုက်ပါ။ တပ်မှူးတွေကို သူတို့ပစ္စည်းတွေ သိမ်းဆည်းပြီး စစ်မြင်းတွေကို ယူခဲ့ဖို့ ပြောလိုက်။ ငါတို့ မနက်ဖြန် ထွက်ခွာမယ်။ တိုက်မြို့အတွက်တော့ လျူဝမ်နဲ့ ကျွမ်းဝေတို့ကို သူတို့လူတွေနဲ့ နေခဲ့ခိုင်းလိုက်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အရှင် ကျွန်တော်တို့ ပစ္စည်းတွေသိမ်းပြီး ဘယ်သွားကြမှာလဲ။ " ကျန်းမင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

" စစ်သေနာပတိချုပ်က အမိန့်တစ်ခု ထုတ်ပြန်လိုက်တယ်။ လက်နက်ချစစ်သည်တွေကို ရွေးချယ်ပြီး ပြန်လည်ဖွဲ့စည်းဖို့ တာဝန်ပေးလိုက်တယ်။ ဒါက တိုက်မြို့တင်မဟုတ်ဘူး။ ဟန်တန်နဲ့ အခြားမြို့တွေရောပါတယ်။ ကျောက်နိုင်ငံရဲ့ လက်နက်ချစစ်သည်အားလုံးကို ငါတို့စစ်တပ်က ရွေးချယ်ရမယ်။ " ကျောက်ဖုန်းက လေးနက်စွာဖြင့် ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က ပြောပြီး ထွက်ခွာသွားသည်။

ကျောက်ဖုန်းက ထိုင်လိုက်ပြီး သူ၏ မျက်နှာတွင် မျှော်လင့်ချက်တစ်ခု ပေါ်လာသည်။ " အမေနဲ့ ညီမလေး အခုဆို လေးနှစ်နီးပါးရှိသွားပြီ။ နောက်ဆုံးတော့ အားလုံးနဲ့ ပြန်တွေ့ရတော့မယ်။ ပြီးတော့ ဝမ်ယန် မင်း ငါ့ကို သားတစ်ယောက်နဲ့ သမီးတစ်ယောက် ပေးခဲ့တယ်။ မင်းငါ့ကို ဘယ်တော့မှ စိတ်မပျက်စေရဘူး။ "

အချိန်များ ကုန်လွန်သွားခဲ့သည်။

ယင်ချွမ်းခရိုင်၊ ဝေမြို့ရှိ၊ ယန်ထင်ဌာနချုပ်တွင် အနက်ရောင်ဝတ်လူငယ်ရာချီက သစ်သားဓားများဖြင့် လေ့ကျင့်နေကြပြီး သူတို့၏ လှုပ်ရှားမှုတိုင်းက သေကွင်းသေကွက်များကို ဦးတည်ထားသည်။ သူတို့၏ အရေအတွက်က စုစုပေါင်း လေးငါးရာခန့်ရှိသည်။

" ယန်ထင်ရဲ့ ဝူချန်းတို့ တိုက်ကွက်တိုင်းက သေခြင်းရှင်ခြင်းကို ဆိုလိုတယ်။ မှတ်ထားကြ။ ဒီလိုဖရိုဖရဲဖြစ်နေတဲ့ ကမ္ဘာကြီးမှာ မင်းတို့ အသက်ရှင်နေတဲ့ တ်ခုတည်းသော အကြောင်းရင်းက ငါ့တို့ အရှင်ရဲ့ ကျေးဇူးကြောင့်ပဲ။ "

" မင်းတို့ရဲ့ အသက်တွေက အရှင်ဆီက ရတဲ့ လက်ဆောင်ပဲ။ မင်းတို့ ယန်ထင်ကို ဝင်ပြီးကတည်းက မင်းတို့ရဲ့ မိသားစုအားလုံးက အရှင်ရဲ့ စောင့်ရှောက်မှုကို ရရှိခဲ့ပြီး ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရတယ်။ မင်းတို့က အရှင်အတွက် အရာအားလုံးကို ပေးဆပ်ရမယ်။ "

မျက်နှာဖုံးဝတ်ဆင်ထားသော လူတစ်ယောက်က လမ်းလျှောက်ရင် အသေတိုက်ကွက်များကို လေ့ကျင့်နေကြသူများကို အော်ဟစ်ပြောဆိုနေသည်။

" ကျွန်တော်တို့ အရှင်အတွက် အသက်ပေးပြီး အမှုထမ်းပါမယ်လို့ ကျိန်ဆိုပါတယ်။ " လူငယ်များက လေ့ကျင့်နေရင်း ကတိသစ္စာကို ရွတ်ဆိုနေကြသည်။

" ငါတို့ အရှင်က ပြောခဲ့တယ်။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ မင်းတို့ ဒီမှာသင်ယူနေတာက ရှင်သန်ခြင်းအတတ်ပညာပဲ။ ပေါ့ဆမှုတစ်ခုက မင်းတို့ရဲ့ နိဂုံးဖြစ်သွားလိမ့်မယ်။ လတိုင်းမှာ မင်းတို့ရဲ့ လေ့ကျင့်ရေးတာဝန်တွေကို မပြီးမြောက်နိုင်ရင် မင်းတို့ကို ချက်ချင်း ဖယ်ရှားပစ်မယ်။ ယန်ထင်က အားနည်းတဲ့သူတွေကို လက်မခံဘူး။ " မျက်နှာဖုံးဝတ်အမျိုးသားက ထပ်မံအော်ဟစ်လိုက်သည်။

သူ၏ အသံထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေသည်။ ဖယ်ရှားခံရခြင်းက သေခြင်းနှင့် အတူတူပင်ဖြစ်သည်။ ၎င်းက ယန်ထင်တွင်ရှိသော လူတိုင်း သိထားသော အရာဖြစ်သည်။ လျို့ဝှက်အင်အားစုတစ်ခုအတွက် ၎င်းက ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည်။

သို့သော် ထိုအချိန်တွင် ယန်ထင်နှင့် မသက်ဆိုင်သော လူနှစ်ယောက်က အဝေးမှနေ၍ ပြင်းထန်သော လေ့ကျင့်မှုများကို ကြည့်ရှုနေကြသည်။ သူတို့က သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြပြီး ယန်ထင်မှအဖွဲ့ဝင်များနှင့် သိသိသာသာ ကွဲပြားနေသည်။

သူတို့က တစ်ချိန်က ကျောက်နိုင်ငံတွင် ကျော်ကြားလှသော စစ်သူကြီးများဖြစ်သည့် လီမုနှင့် စစ်မာရှန်းတို့ပင် ဖြစ်သည်။ ကောခိုင်က လီမုကို သတ်ဖြတ်ရန် ခြုံခိုတိုက်ခိုက်သည့်နေ့တွင် ယန်ထင်ကသာ ကြားမဝင်ခဲ့လျှင် သူတို့နှစ်ယောက် အသက်ဆုံးရှုံးရမည်မှာ သေချာသည်။

" စစ်သေနာပတိချုပ် ကျွန်တော်တို့ကို ဒီမှာထိန်းသိမ်းထားတာ အခုဆို ခြောက်လကျော်သွားပြီ။ ဒီကိစ္စရဲ့ နောက်ကွယ်ကလူက ဘာလို့ ကျွန်တော်တို့ကို လာမတွေ့သေးတာလဲ။ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ " စစ်မာရှန်းက လီမုကို မေးလိုက်သည်။

" ပြီးခဲ့တဲ့ခြောက်လအတွင်းမှာ မင်း ဒါကို အကြိမ်ပေါင်းများစွာ မေးပြီးပြီ။ ငါလည်း မင်းနဲ့ အတူတူအိပ် အတူတူစားနေတာပဲ။ ငါဘယ်လိုလုပ်သိမှာလဲ။ " လီမုက တည်ငြိမ်စွာ ပြောလိုက်သည်။ " ဒါပေမယ့် ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်ကလူက တစ်ချိန်ကျရင် ငါတို့ကို လာတွေ့မှာတော့ သေချာတယ်။ မဟုတ်ရင် ငါတို့ကို ကယ်မှာမဟုတ်ဘူး။ ပြီးတော့ ဒီလောက်ထိ အသက်ရှင်ခွင့် ပေးထားမှာလည်း မဟုတ်ဘူး။ စောင့်နေရုံပဲရှိတာပေါ့။ "

စစ်မာရှန်းက ခေါင်းညိမ့်လိုက်ပြီး သူ၏ မျက်နှာတွင် ဝမ်းနည်းသော အရိပ်အယောင်များ ပေါ်လာသည်။ " ဒီလောက်အချိန်တွေ ကြာသွားပြီဆိုတော့ ကျောက်နိုင်ငံ ရှိသေးရဲ့လားမသိဘူး။ "

" အဲ့ဒီနိုင်ငံ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါတို့နဲ့ မဆိုင်တော့ဘူး။ ကျောက်က ငါတို့ကို စွန့်ပစ်ပြီးသားပဲ။ " လီမုက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် ဌာနချုပ်အပြင်ဘက်မှ လူတစ်ယောက်က ပြေးလာသည်။

" အရှင်ပြန်ရောက်လာပြီ။ " ဝူချန်းတစ်ယောက်က လူသစ်များကို လေ့ကျင့်ပေးနေသော အနက်ရောင်ဝတ်လူကို ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ယင်ပုက ဝမ်းသာသွားပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ " အရှင်ပြန်ရောက်လာပြီ။ အားလုံးပဲ လုပ်လက်စတွေ ခဏရပ်ထားကြ။ "

ဝူချန်းများက လုပ်လက်စများကို ရပ်တန့်လိုက်ကြပြီး သူတို့၏ စိတ်ထဲတွင် စိုးရိမ်မှုတစ်ခု ရှိနသည်။ ယန်ထင်မှ ဝူချန်းပထမအသုတ်နှင့် ဒုတိယအသုတ်တို့က ကျောက်ဖုန်းနှင့် တွေ့ဖူးကြသည်။ သို့သော် နောက်ပိုင်းဝင်လာသူများက သူ့ကို တစ်ခါမှ မမြင်ဖူးကြပေ။

" နောက်ကွယ်ကလူက နောက်ဆုံးတော့ ရောက်လာပြီပဲ။ " လီမုက ထိုင်နေရာမှ ထပြီး ပြောလိုက်သည်။ စစ်မာရှန်းကလည်း ထရပ်လိုက်သည်။

သူတို့နှစ်ယောက်လုံးက ဌာနချုပ်၏ ဝင်ပေါက်သို့ ကြည့်လိုက်ကြသည်။ သူတို့ကို ယခုထိ အကျဉ်းချထားသော နောက်ကွယ်မှလူက ဘယ်သူလဲဆိုတာ သူတို့ အလွန်သိချင်နေကြသည်။

အားလုံး၏ အကြည့်အာက်တွင် အနက်ရောင်ချပ်ဝတ်များနှင့် ကိုယ်ရံတော်များက လမ်းဘေးနှစ်ဖက်တွင် ရပ်လိုက်ကြသည်။ အနက်ရောင်စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ကျောက်ဖုန်းက ယန်ထင်ဌာနချုပ်အတွင်းသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။

" အရှင်ကို ဂါရဝပြုပါတယ်။ " ဌာနချုပ်အတွင်းမှ လူအားလုံးက ကျောက်ဖုန်းရှေ့တွင် ဒူးထောက်ဦးညွှတ်လိုက်ကြပြီး သူတို့၏ အကြည့်များက ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

ယန်ထင်ကို ဝင်ရောက်လာကတည်းက သစ္စာရှိမှုမှာ ကျောက်ဖုန်း ပထမဆုံး စစ်ဆေးသောအရာဖြစ်သည်။ သူက ယန်ထင်မှ ဝူချန်းများ၏ သစ္စာစောင့်သိမှုကို အခါအားလျော်စွာ စစ်ဆေးတတ်သည်။ အကယ်၍ သစ္စာမရှိသူတစ်ယောက်ကို တွေ့မိလျှင် လူစာရင်းကို ယင်ပုထံသို့ ပေးပို့ပြီး သူတို့ကို ရှင်းလင်းပစ်မည်ဖြစ်သည်။

ကျောက်ဖုန်းက သူ့အား သစ္စာမရှိသူများကို သနားညှာတာမှုမရှိပေ။ သူ၏ အင်အားစုကဏ္ဍမှ အဖွဲ့ဝင်တိုင်း၏ သစ္စာရှိမှုကို အာမခံနိုင်လေသည်။

" အားလုံး ထကြတော့။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်။ " အားလုံးက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။

" အရှင် " ယင်ပုက အမြန်လျှောက်လာသည်။

" ကောင်းတယ်။ မင်း ယန်ထင်ကို တိုးတက်အောင် အတော်လေး ကြိုးစားထားတာပဲ။ " ကျောက်ဖုန်းက ချီးကျူးလိုက်သည်။

ယန်ထင်က ယခုအခါ အခြေကျနေပြီဖြစ်ပြီး ရာထူးအဆင့်ဆင့်ဖွဲ့စည်းပုံတစ်ခုလည်း အသုံးပြုထားခဲ့သည်။ ကျောက်ဖုန်းက ယင်ပုကို အုပ်ချုပ်မှုတာဝန် လွှဲပေးထားခဲ့သည်။ ယင်ပုက အမှန်တကယ် အရည်အချင်းရှိသောကြောင့် သူက ယန်ထင်၏ ပထမဆုံး ယမ (ငရဲမင်း) ဖြစ်လာခဲ့သည်။

" ကျွန်တော်မျိုးက အရှင်အတွက် အသက်ပေးပြီး အမှုထမ်းပါမယ်။ "ယင်ပုက ပြောလိုက်သည်။

ကျောက်ဖုန်းက ဘာမှမပြောဘဲ ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က လီမုနှင့် စစ်မာရှန်းတို့ဆီသို့ ရောက်သွားပြီး သူတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။

ကျောက်ဖုန်း တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို ကြည့်ပြီး လီမုနှင့် စစ်မာရှန်းတို့က စိတ်ရှုပ်ထွေးသွားကြသည်။ အထူးသဖြင့် လီမုပင် ဖြစ်သည်။

" ဒီလူကို တစ်နေရာရာမှာ မြင်ဖူးနေသလိုလိုနဲ့ အရမ်းရင်းနှီးနေတယ်။ " စစ်မာရှန်းက ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။

" ချင်စစ်သူကြီး ကျောက်ဖုန်းပဲ။ " လီမုက ရေရွတ်လိုက်သည်။

" ဘာ တကယ်သူလား။ " စစ်မာရှန်းက အလွန်အံ့အားသင့်သွားသည်။

" သူဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားဘူး။ ချင်ရဲ့ အလားအလာအရှိဆုံး စစ်သူကြီး။ သူက ဒီလိုလျို့ဝှက်အင်အားစုကို တည်ထောင်ထားတာလား။ " လီမုက စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။

မကြာမီ ကျောက်ဖုန်းက လီမု၏ ရှေ့တွင် ရပ်လိုက်သည်။

All Chapters