← Chapters

အခန်း (၂၃၆)

Vol. 24 Ch. 236

အခန်း (၂၃၆)

Vol. 24 Ch. 236

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၃၆)

" စစ်သေနာပတိချုပ် လီမု ခင်ဗျားရဲ့ ဂုဏ်သတင်းက တကယ်ကို ကျော်ကြားပါတယ်။ ဒီနေ့တော့ ခင်ဗျားနဲ့ တွေ့ခွင့်ရခဲ့ပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကျောက်ဖုန်းလား။ " လီမုက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

" စစ်သေနာပတိချုပ် လီမုက ကျု​ပ်ဘယ်သူလဲ သိနေပုံပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ပေါင်ယွမ်ကဲ့ ဦးခေါင်းကို ဖြတ်ခဲ့တယ်။ ဝေဝူကျိကို အနိုင်ယူခဲ့တယ်။ ပြီးတော့ လျန်ပိုတောင်မှ မင်းလက်ထဲမှာ အဆုံးသတ်ခဲ့ရတယ်။ တစ်ကမ္ဘာလုံးမှာ မင်းရဲ့ ဂုဏ်သတင်းကို မသိတဲ့သူဘယ်သူရှိလို့လဲ။ " လီမုက ပြောလိုက်သည်။

ကျောက်ဖုန်းက ပြုံးပြီး လက်ဝှေ့ရမ်းလိုက်သည်။ လူတစ်ယောက်က ထိုင်ခုံသုံးခုနှင့် စာပွဲတစ်လုံးယူဆောင်လာပြီး ၎င်းပေါ်တွင် ဝိုင်တစ်အိုးကို တင်လိုက်သည်။

" ထိုင်ကြပါဦး။ " ကျောက်ဖုန်းက ဝင်ထိုင်လိုက်သည်။

လီမုနှင့် စစ်မာရှန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သူတိုလည်း ဝင်ထိုင်လိုက်ကြသည်။ သူတို့က သူတို့၏ အခြေအနေကို ကောင်းစွာ သိထားကြသည်။ အကယ်၍ ကျောက်ဖုန်းက သူတို့ကို သေစေချင်လျှင် အစကတည်းက သတ်ပြီးသားဖြစ်ပေလိမ့်မည်။

သူက သူတို့ကို ဤနေရာတွင် ထိန်းသိမ်းထားကတည်းက သူ့မှာ ရည်ရွယ်ချက်တစ်ခါ သေချာပေါက် ရှိပေလိမ့်မည်။

" ငါတို့က တစ်ခါမှမဆုံဖူးပေမယ့် ငါတို့က ရန်သူတွေလို့ ပြောလို့ရတယ်။ မင်း ဘာဖြစ်လို့ ငါတို့ကို ကယ်ဖို့ လူလွှတ်လိုက်တာလဲ။ " လီမုက တိုက်ရိုက်မေးလိုက်သည်။

ကျောက်ဖုန်းက တည်ငြိမ်စွာဖြင့် ဝိုင်အိုးကိုမပြီး လီမုနှင့် သူ့အတွက် ဝိုင်တစ်ခွက်စီ ငှဲ့လိုက်သည်။

" ဒါက အင်မော်တယ်ဝိုင်ခန်းမက အကောင်းဆုံးဝိုင်ပဲ။ စစ်သေနာပတိချုပ်တို့ တစ်ငုံလောက် မြည်းကြည့်ပါဦး။ " ကျောက်ဖုန်းက သူ၏ ခွက်ကိုယူပြီး တစ်ငုံသောက်လိုက်သည်။

ကျောက်ဖုန်း၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ ကျောက်ဖုန်းက မသက်မသာ ဖြစ်သွားသော်လည်း သူက ငြင်းဆန်ခြင်းမရှိဘဲ သူ၏ ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။

" ဒါက တကယ် ဝိုင်ကောင်းပဲ။ " လီမု၏ မျက်လုံးများက တောက်ပသွားသည်။ " ငါ မြောက်ဘက်နယ်စပ်မှာ တာဝန်ကျနေတာ နှစ်အတော်ကြာပြီ။ ဆောင်းရာသီတိုင်းမှာ အရက်ပြင်းတွေ သောက်လေ့ရှိတယ်။ ဒါပေမယ့် ဒီဝိုင်လောက်တော့ ဘယ်အရက်မှ မပြင်းဘူး။ "

စစ်မာရှန်းကလည်း သူ၏ ခွက်ကို ယူပြီး မော့သောက်လိုက်သည်။ " ဝိုင်ကောင်းပဲ။ "

" ခင်ဗျားတို့ကို ဘယ်သူသတ်ချင်တာလဲဆ်ုတာ သိလား။ " ကျောက်ဖုန်းက ခွက်ကို ချပြီး မေးလိုက်သည်။

" မင်းကိုယ်တိုင်လည်း သိပြီးသားမဟုတ်လား။ ဘာလို့ ထပ်မေးနေရတာလဲ။ " လီမု၏ မျက်လုံးများထဲတွင် ဝမ်းနည်းသော အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။

" ခင်ဗျားတို့နှစ်ယောက်က ကျောက်ကို စိတ်ရောကိုယ်ပါ အမှုထမ်းခဲ့ပေမယ့် နောက်ဆုံးမှာ ကျောက်ဘုရင်ရဲ့ အန္တရာယ်ပေးခြင်းကို ခံခဲ့ရတယ်။ ဒါက ခင်ဗျားတို့စိတ်ကို အေးစက်သွားစေမှာ သေချာတယ်။ ဒါ့အပြင် ခင်ဗျားတို့ရဲ့ စစ်တပ်ကို ဦးဆောင်နိုင်စွမ်းက ထူးခြားတယ်။ ဒါကြောင့် ကျွန်တော် ခင်ဗျားတို့ကို ကယ်ခဲ့တာပဲ။ "

" ဒီကမ္ဘာမှာ ဒီလိုထူးချွန်တဲ့ စစ်သူကြီးနှစ်ယောက် ဆုံးရှုံးသွားမှာ ကျုပ်မကြည့်ရက်ဘူး။ ကိုယ့်ရဲ့ အရှင်သခင်သတ်တာကို ခံရဖို့က အရမ်းကို နှမြောဖို့ ကောင်းလွန်းတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မင်းက ငါတို့ကို ချင်အတွက် အမှုထမ်းဖို့ စည်းရုံးနေတာလား။ " လီမုက အဓိကအချက်ကို နားလည်သွားပြီး ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။ " ဒါဆိုရင်တော့ စစ်သူကြီးရဲ့ အတွေးကို ဖျက်လိုက်ပါ။ ကျောက်က ငါတို့အပေါ် မှားခဲ့တယ်ဆိုရင်တောင် ချင်ကို အမှုထမ်းတာက ငါတို့ရဲ့ သစ္စာတရားနဲ့ ဖြောင့်မတ်မှုကို သစ္စာဖောက်ရာ ရောက်လိမ့်မယ်။ "

" ကျုပ်က ခင်ဗျားတို့ကို ချင်အတွင် စုဆောင်းနေတယ်လို့ ဘာလို့ထင်နေတာလဲ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ မေးလိုက်သည်။

" ချင်အတွက်မဟုတ်ဆိုတော့ မင်းကိုယ်တိုင်အတွက်တော့ မဟုတ်ဘူးမလား။ " စစ်မာရှန်းက ကြားဖြတ်မေးလိုက်သည်။

သို့သော် ကျောက်ဖုန်းက ပြုံး၍ တိတ်ဆိတ်နေသော အမူအရာကို မြင်လိုက်ရသောအခါ လီမုနှင့် စစ်မာရှန်းတို့နှစ်ယောက်လုံးက တုန်လှုပ်သွားကြသည်။

" တကယ်လို့ ခင်ဗျားတို့နှစ်ယောက် ကျုပ်အတွက် အမှုထမ်းစေချင်တယ်ဆိုရင်ရော ခင်ဗျားတို့ ဒါကို ထည့်စဉ်းစားမလား။ ကမ္ဘာကြီးက ကျယ်ပြောလှတယ်။ ရှန်းကျိုးနယ်မြေတစ်ခုထဲမှာတင် ကန့်သတ်မထားဘူး။ ဒီလိုကြီးကျယ်တဲ့ ကမ္ဘာကြီးနဲ့ ခမ်းနားတဲ့ ခေတ်ကာလကြီးကို ခင်ဗျားတို့ မျက်လုံးနဲ့ ကိုယ်တိုင် မမြင်တွေ့ချင်ဘုးလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

လီမုက ကျောက်ဖုန်းကို တည်ငြိမ်စွာ ကြည့်ပြီးနောက် ယန်ထင်ဌာနချူပ်ကို ဝေ့ကြည့်လိုက်သည်။ " ဒီလိုအင်အားစုမျိုးကို တည်ထောင်ပြီး အသေခံစစ်သည်တွေကို လေ့ကျင့်ပေးတာက ချင်ဘုရင်ရဲ့ အမိန့်ကြောင့် မဟုတ်တာတော့ သေချာတယ်။ ဒါက လက်အောက်ခံတစ်ယောက်အတွက် အကြီးမားဆုံး တားမြစ်ချက်တစ်ခုပဲ။ မင်းက ဒါကို လုပ်ရုံတင်မကဘူး။ ဒီလောက်ကြီးမားတဲ့ အတိုင်းအတာအထိ လုပ်ထားတာပဲ။ "

" တကယ်လို့ ချင်ဘုရင်သာ ဒါကို သိရင် မင်းရဲ့ အလားအလာက ဘယ်လောက်ကောင်းကောင်း သူ မင်းကို သုတ်သင်ပစ်လိမ့်မယ်။ ပြီးတော့ ငါသိချင်နေတာ တစ်ခုရှိတယ်။ အခုအချိန်မှာ မင်းရဲ့ ဂုဏ်သတင်းက ထိပ်ဆုံးမှာရှိနေတယ်။ မင်းက လာမယ့်နှစ်အနည်းငယ်အတွင်းမှာ စစ်သေနာပတိချုပ် ဖြစ်လာလိမ့်မယ်။ ဒါကို ဘာဖြစ်လို့ ဒီလို လျို့ဝှက်အင်အားစုတစ်ခု တည်ထောင်ထားတာလဲ။ " လီမုက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" စစ်သေနာပတိချုပ် လီမုတောင် စစ်သည်နှစ်သိန်းကို ကွပ်ကဲနေရက်နဲ့ နောက်ဆုံးမှာ ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်မဟုတ်လား။ ကျုပ်က ဒီအင်အားစုကို အကြောင်းရင်းတစ်ခုတည်းအတွက် တည်ထောင်ခဲ့တာပဲ။ အဲ့ဒါကတော့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲ။ ခင်ဗျားတို့နှစ်ယောက် ကြုံတွေ့ရတဲ့ ကံကြမ္မာမျိုးကို မကြုံတွေ့ချင်လို့ပဲ။ " ကျောက်ဖုန်းက တည်​ငြိမ်စွာ ပြောလိုက်သည်။

" အခု ကျောက်နိုင်ငံရဲ့ အခြေအနေ ဘယ်လိုလဲ။ " လီမုက အနည်းငယ်စိုးရိမ်စွာဖြင့် မေးလိုက်သည်။

" ကျုပ် ဒီကို လာဖို့ စစ်မြေပြင်ကနေ ထွက်လာတာပဲ။ ကျောက် ဘာဖြစ်သွားပြီလို့ ခင်ဗျားထင်လဲ။ " ကျောက်ဖုန်းက လီမုကို ကြည့်ပြီး ပြောလိုက်သည်။

" ဟူး..." စကားလုံးပေါင်းများစွာနှင့် အဆုံးမရှိသော ဝမ်းနည်းမှုများက ထိုသက်ပြင်းတစ်ချက်ထဲတွင် ပါသွားခဲ့သည်။ လီမုက အလွန်စိတ်ဓာတ်ကျသွားခဲ့သည်။

" ကမ္ဘာကြီးကို ပေါင်းစည်းတာက တားဆီးလို့မရတဲ့အရာပဲ။ မိသားစုက ကျင့်နိုင်ငံကို ခွဲဝေယူခဲ့သလိုမျိုးပေါ့။ " ကျောက်ဖုန်းက ဝိုင်ခွက်ကို ထပ်မံမော့သောက်လိုက်သည်။

" ဟုတ်တယ်။ တားဆီးလို့မရတဲ့ ဦးတည်ချက်တစ်ခုပဲ။ " လီမုက သက်ပြင်းချလိုက်သည်။ " ပြီးတော့ အဲ့ဒီဦးတည်ချက်က ချင်ဘက်မှာရှိနေတယ်။ ကောင်းကင်ဘုံက ချင်ကို မျက်နှာသာပေးထားတယ်။ ချင်မှာ မျိုးဆက်အလိုက် ပညာရှိတဲ့ အုပ်ချုပ်သူတွေ ရှိခဲ့တယ်။ ဒါပေမယ့် ငါတို့ကျေုက်ကတော့.....ဟူ..."

လီမုက ဝိုင်ခွက်ကို မော့သောက်လိုက်ပြီး ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။ " တကယ်လို့ ငါတို့က မင်းအတွက် အမှုမထမ်းဘူးဆိုရင် ငါတို့ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာမဟုတ်ဘူးပေါ့။ "

" စစ်သူကြီးလီက ပညာရှိတစ်ယောက်ပဲ။ " ကျောက်ဖုန်းက ပြုံး၍ တည်ငြိမ်စွာ ပြောလိုက်သည်။ " ကမ္ဘာပေါ်က လူတိုင်းက လီမုသေပြီလို့ သိထားကြတယ်။ "

" ဟုတ်တယ်။ လီမုသေပြီလို့ လူတိုင်းက သိထားကြတယ်။ " လီမုက ရယ်မောလိုက်သော်လည်း သူ၏ အကြည့်က ကျောက်ဖုန်းအပေါ်တွင်သာ ရှိနေဆဲဖြစ်သည်။ " ငါတကယ် သိချင်နေတာ တစ်ခုရှိတယ်။ စစ်မာရှန်းနဲ့ ငါက သာမန်စစ်သူကြီးတွေပဲ။ မင်းရဲ့ လူတွေလို လုပ်ကြံသတ်ဖြတ်မှုမှာ ကျွမ်းကျင်တဲ့သူတွေမဟုတ်ဘူး။ "

" ငါတို့ရဲ့ တစ်ခုတည်းသော ကျွမ်းကျင်မှုက တိုက်ပွဲမှာ စစ်တပ်ကို ဦးဆောင်တာပဲ။ မင်းက ငါတို့ကို ဘယ်လိုနေရာမှာ အသုံးချဖို့ စဉ်းစားထားတာလဲ။ "

" စစ်သေနာပတိချုပ်လီ ကမ္ဘာကြီးက ကျယ်ပြောတယ်။ ရှန်းကျိုးတစ်ခုတည်းမဟုတ်ဘူး။ ခင်ဗျားက ဒီရှန်းကျိုးအပြင်ဘက်ကို မစွန့်စားကြည့်ချင်ဘူးလား။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အဲ့ဒါ ဘာကို ဆိုလိုတာလဲ။ မင်းက ကိုယ်ပိုင်နိုင်ငံတစ်ခု တည်ထောင်ဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား။ " လီမုက ပြုံး၍ မေးလိုက်သည်။

" ကိုယ်ပိုင်နိုင်ငံတည်ထောင်ဖို့က မလွယ်ပါဘူး။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။ " ဒါပေမယ့် မိုးမရွာခင် ထီးပြင်ထားတာက ပညာရှိရာရောက်ပါတယ်။ အနာဂတ်မှာ ဘယဖြစ်ဘာမလဲဆိုတာ ဘယ်သူပြောနိုင်မလဲ။ ခင်ဗျားတို့ ကျုပ်အတွက် အမှုထမ်းနေသရွေ့ ခင်ဗျားတို့နှစ်ယောက်ကို ကျုပ် ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်လို့ အာမခံနိုင်တဲ့အပြင် ခင်​​ဗျားတို့ရဲ့ အရည်အချင်းတွေကိုလည်း အပြည့်အဝ အသုံးချနိုင်လိမ့်မယ်။ "

ကျောက်ဖုန်းက ထရပ်ပြီး သူတို့ကို လက်သီးလက်ဝါးဆုပ်၍ အရိုအသေပေးလိုက်သည်။

" တကယ်လို့ ငါတို့က သစ္စာခံမယ်ဆိုရင် မင်းငါတို့ကို ဘာပေးနိုင်မလဲ။ " လီမုကလည်း ဖြည်းညင်းစွာ ထရပ်လိုက်သည်။

" ကျန်းမင် " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ အရှင်။ " ကျန်းမင်ကလည်း ချက်ချင်း နားလည်သွားပြီး အချက်ပြလိုက်သည်။

ကိုယ်ရံတော်များက ယောကျာ်း၊ မိန်းမနှင့် ကလေး ဆယ်ယောက်ကျော်ကို လီမုရှေ့သို့ ခေါ်ဆောင်ဘာကြသည်။ သူတို့ကို မြင်လိုက်ရသောအခါ လီမုနှင့် စစ်မာရှန်းတို့၏ အမူအရာများက ချက်ချင်း ပြောင်းလဲသွားကြသည်။

" အဖေ၊ အမေ ပြီးတော့ ဝူအာနဲ့ ရင်အာတို့...." လီမုက မျက်ရည်များ ဝိုင်းလာပြီး အပြေးအလွှား သွားလိုက်သည်။

စစ်မာရှန်းကလည်း သူ၏ မိဘများနှင့် ဇနီးဆီသို့ အပြေးသွားလိုက်သည်။ " အမေ အသက်ရှင်နေသေးတာပဲ။ ဒါ တကယ်ကို ဝမ်းသာစရာပဲ။ "

သူတို့နှစ်ယောက်က ကလေးငယ်များကဲ့သို့ စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။ လူတစ်ယောက်က မည်မျှမာကျောသည်ဖြစ်စေ နူးညံ့သော နှလုံးသားတစ်ခြမ်းတော့ ရှိနေသေးသည်။

" အရှင်က သူတို့ကို ကယ်ထုတ်ဖို့ အမိန့်ပေးခဲ့လို့ ခင်ဗျားတို့ မိသားစုတွေ ကံကောင်းသွားတယ်။ " ကျန်းမင်က ပြောလိုက်သည်။ " ကျုပ်တို့ မလှုပ်ရှားခင်ကတည်းက ကျောက်ဘုရင်က ခင်ဗျားတို့ မိသားစုနှစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ဖို့ တော်ဝင်အစောင့်တွေကို အမိန့်ပေးပြီးပြီ။ တကယ်လို့ ယန်ထင်က တစ်လှမ်းလောက်နောက်ကျခဲ့ရင် ခင်ဗျားတို့ မိသားစုကို နောက်တစ်ခါ ထပ်တွေ့ရတော့မှာမဟုတ်ဘူး။ "

All Chapters