အခန်း (၂၃၇)
Vol. 24 Ch. 237
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၃၇)
" မုအာ အရှင်ကို ကျေးဇူးတင်လိုက်။ သူသာမရှိရင် ငါတို့ မိသားစုတစ်ခုလုံး သေတာကြာပြီ။ ကျောက်ဘုရင်က ငါတို့ကို အသက်ချမ်းသာပေးဖို့ စိတ်ကူးမရှိခဲ့ဘူး။ " လီကတော်က ပြောလိုက်သည်။
သူမသာမက လီမုနှင့် စစ်မာရှန်းတို့၏ မိသားစုဝင်များက ကျောက်ဘုရင်၏ လက်ချက်ဖြင့် သုတ်သင်ခံရတော့မည့်အခြေအနေမှ လွတ်မြောက်လာပုံကို ပြန်ပြောပြနေကြသည်။ ၎င်းကို ကြားသောအခါ လီမုနှင့် စစ်မာရှန်းတို့က ကျောက်ဖုန်းကို လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေသည်။
သူတို့ ကယ်တင်ခံရပြီးနောက် သူတို့က သူတို့မိသားစု၏ ကံကြမ္မာကို စဉ်းစားခဲ့ပြီးသား ဖြစ်သည်။ ကျောက်ဘုရင်က သူတို့ကို ခြုံခိုတိုက်ခိုက်ခဲ့သည့်အတွက် သူတို့၏ မိသားစုများကိုလည်း အလွတ်ပေးမည်မဟုတ်ပေ။ သို့သော် သူတို့က ယခု သူတို့၏ မိသားစုများကို မြင်ရသောအခါ သူတို့က ကျောက်ဖုန်းအပေါ် အလွန်ကျေးဇူးတင်သွားကြသည်။
လီမုနှင့် စစ်မာရှန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်ကြသည်။ သူတို့နှစ်ယောက်က ကျောက်ဖုန်းရှေ့သို့ တိုက်ရိုက်လျှောက်သွားပြီး သူ၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။
" ကျွန်တော်တို့ အသက်နဲ့ မိသားစုတွေကို ကယ်တင်ပေးခဲ့တဲ့အတွက် " လီမုက ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။
" ကျွန်တော်လီမုက ဒီနေ့ကစးပြီ ကျွန်တော်အသက်ကို အရှင်ဆီပေးအပ်ပါတယ်။ "
" ကျွန်တော် စစ်မာရှန်းက အရှင်အပေါ် သေတဲ့အထိ သစ္စာရှိပါမယ်လို့ ကျိန်ဆိုပါတယ်။ "
" ခင်ဗျားတို့လို စစ်သူကြီးနှစ်ယောက်နဲ့ဆိုရင် ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး စစ်သည်တွေကို သေချာပေါက် လေ့ကျင့်ပေးနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ရှေ့တိုးပြီး သူတို့ကို ထူလိုက်သည်။
" အခုအချိန်မှာ သမိုင်းက အကြီးအကျယ် ပြောင်းလဲသွားပြီ။ လီမုနဲ့ စစ်မာရှန်းက မသေဘူး။ အခု သူတို့နှစ်ယောက်လုံးက ငါ့အတွက် အမှုထမ်းနေကြပြီ။ ချင်မင်းဆက်ရဲ့ နိဂုံးမှာ ငါ့အတွက် မျှော်လင့်ချက်ရှိနေပြီ။ လီနုက မြင်းတပ်တွေကို လေ့ကျင့်ပေးနိုင်တယ်။ ပြီးတော့ လျန်ပိုမှာ မရှိတဲ့ ထိုးစစ်အရှိန်အဟုန်လည်း သူ့မှာ ရှိနေတယ်။ သူက တကယ်ကို အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက်ပဲ။ စစ်မာရှန်းကလည်း အကောင်းဆုံးလက်ထောက်တစ်ယောက်ပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
" ခင်ဗျားတို့က ကျုပ်လက်အောက်ကို ဝင်လာပြီဆိုတော့ ကျုပ်လူတွေဖြစ်သွားပြီ။ " ကျောက်ဖုန်းက သူတို့ကို ပြောလိုက်သည်။ " ခင်ဗျားတို့ မိသားစုတွေကို အခြေချဖို့ စဉ်းစားထားတဲ့နေရာရှိလား။ ခင်ဗျားတို့ ဘာပဲရွေးရွေး ကျုပ်စီစဉ်ပေးမယ်။ ခင်ဗျားတို့ကို ခြိမ်းခြောက်ဖို့အတွက် မိသားစုတွေကို အသုံးချဖို့ ကျုပ်စိတ်မကူးဘူး။ "
၎င်းကို ကြားသောအခါ လီမုနှင့် စစ်မာရှန်းတို့က စိတ်လှုပ်ရှားသွားကြသည်။ ကျောက်ဖုန်းက သူတို့၏ မိသားစုများကို အကျပ်ကိုင်လိမ့်မည်ဟု သူတို့ထင်ခဲ့ကြသော်လည်း ယခု သူတို့မှားသွားပုံရသည်။
" ဒီလို ဖရိုဖရဲဖြစ်နေတဲ့ အချိန်မှာ တကယ် အေးချမ်းတဲ့နေရာကို ဘယ်မှာရှာလို့ရပါ့မလဲ။ " လီမုက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ " ကျွန်တော်ကိုယ်တိုင် ဒီမှာနေခဲ့တာ ခြောက်လကျော်ရှိပြီ။ ဒီနေရာက ပြင်ပကမ္ဘာနဲ့ သီးခြားဖြစ်နေပြီး အရမ်းအေချမ်းပါတယ်။ "
" အနည်းဆုံးတော့ စစ်ပွဲရဲ့ ဖရိုဖရဲဖြစ်မှုတွေကို မကြုံတွေ့ရဘူး။ ဒါကြောင့် ကျွန်တော်တို့ မိသားစုတွေကို ဒီဌာနချုပ်မှာပဲ အေးအေးချမ်းချမ်း နေထိုင်ခွင့်ပြုဖို့ အရှင်ကို တောင်းဆိုပါတယ်။ စစ်ပွဲတွေပြီးဆုံးသွားမှ သူတို့ကို ပြင်ပကမ္ဘာကို ပြန်သွားခွင့်ပြုလို့ရပါတယ်။ "
" အင်း ဒါဆိုလည်း ခင်ဗျားတို့ ဆန္ဒအတိုင်းပေါ့။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " ဟန်ရှီ "
" ကျွန်တော်မျိုး ရှိပါတယ်။ " ဟန်ရှီက ကျောက်ဖုန်းဆီသို့ ရောက်လာပြီး ဦးညွှတ်လိုက်သည်။
" သူတို့မိသားစုတွေအတွက် နေထိုင်စရာတွေ ပြင်ဆင်ပေးလိုက်ပါ။ အဝတ်အစား၊ အစားအသောက်၊ နေထိုင်ရေး ဘာမှလိုလေသေးမရှိအောင် လုပ်ပေးလိုက်ပါ။ " ကျောက်ဖုန်းက ညွှန်ကြားလိုက်သည်။
" နားလည်ပါပြီ။ " ဟန်ရှီက ချက်ချင်း ပြန်ဖြေလိုက်သည်။
တစ်ချိန်တည်းတွက် ကျောက်ဖုန်းက လီမုနှင့် စစ်မာရှန်းတို့၏ သစ္စာရှိမှုကို သစ်ဆေးလိုက်သည်။ သူက သူတို့၏ မိသားစုများကို ကယ်တင်ပြီးနောက် သူတို့၏ သစ္စာရှိနှုန်းက ခုနှစ်ဆယ်ကျော်သွားပြီး သူတို့က အလွယ်တကူ သစ္စာဖောက်မည်မဟုတ်ဟု ဆိုလိုသည်။
" ငါ့လူတို့ စစ်သူကြီးတွေရဲ့ မိသားစုတွေကို သူတို့ရဲ့ နေထိုင်စရာအသစ်တွေဆီ ခေါ်သွားလိုက်ကြ။ သူတို့ရဲ့ လိုအပ်ချက်အားလုံးကို ပြည့်စုံအောင်လုပ်ပေးလိုက်။ " ဟန်ရှီက ညွှန်ကြားလိုက်သည်။
ကျောက်ဖုန်းက ပြန်ထိုင်လိုက်သည်။ " ဟန်ရှီ၊ ယင်ပု ယန်ထင်နဲ့ အင်မော်တယ်ဝိုင်ခန်းမရဲ့ တိုးတက်မှုအခြေအနေတွေကို ငါ့ကို ပြောပြကြဦး။ "
" အရှင် နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ကျွန်တော်တို့ ယန်ထင်က အဖွဲ့ဝင်အရေအတွက်က အခုဆိုရင် ၆၅၀၀ ကျော်သွားပါပြီ။ သူတို့ထဲက လေးထောင်ကိုတော့ တာဝန်အသီးသီးနဲ့ စေလွှတ်ထားပြီး ကျန်တဲ့သူတွေကတော့ ဌာနအသီးသီးမှာ လေ့ကျင့်နေဆဲ ဖြစ်တဲ့ အဖွဲ့ဝင်အသစ်တွေပါ။ ပြီးတော့ ယန်ထင်ကို ရာထူးအဆင့်ခွဲခြားမှုတွေ အများကြီး လုပ်ခဲ့ပြီး အခု ပိုပြီး အသေးစိတ်ကျလာပါပြီ။ " ယင်ပုက တင်ပြလိုက်သည်။
" ကောင်းတယ်။ " ကျောက်ဖုန့းက ခေါင်းညိမ့်ပြီး ဟန်ရှီဘက်သို့ လှည့်ကြည့်လိုက်သည်။
" အရှင် အခုဆိုရင် ယင်ချွမ်းခရိုင်တစ်ခုလုံးမှာ အင်မော်တယ်ဝိုင်ခန်းမရဲ့ ဆိုင်ခွဲပေါင်း သုံးဆယ်ကျော်ကို ဖွင့်လှစ်ပြီးပါပြီ။ ဝေနိုင်ငံနဲ့ ကျောက်နိုင်ငံမှာလည်း ဆိုင်ခွဲဆယ်ခုနီးပါး ဖွင့်လှစ်ထားပါတယ်။ အင်မော်တယ်ဝိုင်ခန်းမရဲ့ ချဲ့ထွင်မှုက တိုးတက်လာပါပြီ။ ကျွန်တော် ချင်နယ်မြေထဲမှာလည်း ဆိုင်ခွဲတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ " ဟန်ရှီက ပြောလိုက်သည်။
" မင်းကိုယ်တိုင် ကြီးကြပ်နေတာဆိုတော့ ငါစိတ်အေးရပါတယ်။ အင်မော်တယ်ဝိုင်ခန်းမကို ချဲ့ထွင်ဖို့ ကိစ္စနဲ့ ပက်သက်ရင် မင်းအဆင်ပြေသလိုသာ ဆက်လုပ်ပါ။ တစ်ခုပဲမှတ်ထား။ ယန်ထင်ရဲ့ တည်ရှိမှုကို ဘယ်သူမှမသိစေနဲ့။ ပြီးတော့ အင်မော်တယ်ဝိုင်ခန်းမနဲ့ ငါကြားက ပက်သက်မှုကိုလည်း ဘယ်သူမှမသိစေနဲ့။ ယန်ထင်က ဝူချန်းတွေက အင်မော်တယ်ဝိုင်ခန်းမကို စောင့်ကြပ်ရမယ်။ တကယ်လို့ တစ်ယောက်ယောက်က လျို့ဝှက်ချက်တွေကို စုံစမ်းဖို့ ကြိုးစားလာရင် သူတို့ကို သတ်ပစ်လိုက်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုး နားလည်ပါပြီ။ " ဟန်ရှီက ချက်ချင်း ခေါင်းညိမ့်လိုက်သည်။
သူတို့နှစ်ယောက်၏ တင်ပြမှုများမှ ကျောက်ဖုန်းက အင်မော်တယ်ဝိုင်ခန်းမနှင့် ယန်ထင်တို့၏ တိုးတက်မှုများကို နားလည်သွားခဲ့သည်။
လီမုနှင့် စစ်မာရှန်းတို့ကလည်း အံ့အားသင့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ဤနေရာသို့ ရောက်မလာလျှင် ကမ္ဘာပေါ်တွင် ဤမျှကြောက်စရာကောင်းသော အင်အားစုမျိုး ရှိမည်ကို ဘယ်တော့မှသိမည်မဟုတ်ပေ။
" ယန်ထင်မှာ ငွေကြေးအခက်အခဲတွေ မရှိတော့ဘူးမဟုတ်လား။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
" အင်မော်တယ်ဝိုင်ခန်းမကြောင့် ငွေကြေးက ပူစရာမလိုတော့ပါဘူး။ တကယ်လို့ အရှင်က လူသစ်စုဆောင်းမှုကို ချဲ့ထွင်ချင်သေးတယ်ဆိုရင်လည်း အဲ့ဒါက ဖြစ်နိုင်ပါတယ်။ " ယင်ပုက ပြောလိုက်သည်။
" အခု ကျောက်နိုင်ငံကျဆုံးသွားပြီဆိုတော့ ယန်ထင်ကို ယင်ချွမ်မှာပဲ ကန့်သတ်ထားလို့ မရတော့ဘူး။ မင်းရဲ့ နောက်ထပ်တာဝန်ကတော့ ကျောက်နယ်မြေထဲမှာ သင့်တော်တဲ့နေရာတွေရှာဖွေပြီး အဖွဲ့ဝင်တွေကို စတင်လေ့ကျင့်ပေးရမယ်။ စည်းမျဉ်းတွေကတော့ အတူတူပဲ။ မင်း အဲ့ဒါတွေကို နားလည်မှာပါ။ ယန်ထင်ရဲ့ ကိစ္စရပ်အားလုံးကို စီမံခန့်ခွဲဖို့ မင်းကို လုပ်ပိုင်ခွင့်အပြည့်အဝ ပေးလိုက်မယ်။ " ကျောက်ဖုန်းက ယင်ပုကို ပြောလိုက်သည်။
" ကျွန်တော်မျိုး အရှင်ကို စိတ်မပျက်စေရပါဘူး။ " ယင်ပုက ချက်ချင်း ပြန်ပြောလိုက်သည်။
" အရှင် အခု ကျွန်တော်တို့က သစ္စာခံပြီးပြီဆိုတော့ ကျွန်တော်တို့ကို လုပ်စရာ တစ်ခုခုပေးပါ။ " လီမုက တောင်းဆိုလိုက်သည်။ " မဟုတ်ရင် အရှင်ရဲ့ ကျေးဇူးတွေကို ပြန်ဆပ်ဖို့ ခက်ခဲပါလိမ့်မယ်။ "
သူက စိတ်ရင်းအတိုင်း လုပ်တတ်သူတစ်ယောက်ဖြစ်သည်။ ကျောက်ဖုန်းက သူ၏ မိသားစုတစ်ခုလုံးကို ကယ်တင်ပေးခဲ့သောကြောင့် သူက သစ္စာခံခြင်းမှာ သဘာဝသာဖြစ်သည်။ အကယ်၍ သူတို့က သစ္စာမခံလျှင် သူတို့မိသားစုအားလုံး အသတ်ခံရနိုင်လေသည်။
" ပြင်ပကမ္ဘာမှာ လီမုနဲ့ စစ်မာရှန်းတို့က သေဆုံးသွားကြပြီ။ မင်းတို့က လူလုံးထွက်ပြလို့မရဘူး။ ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်က ယန်ထင်က ဝူချန်းတွေကို လေ့ကျင့်ပေးတဲ့နေရာမှာ ယင်ပုကို ကူညီပေးရမယ်။ သူတို့က စစ်သည်တွေမဟုတ်ဘူးဆိုပေမယ့် သူတို့ကို စစ်ရေးဗျူဟာတွေမှာ ကျွမ်းကျင်တဲ့သူတွေ ဖြစ်လာစေချင်တယ်။ "
" အမိန့်အတိုင်းပါ။ " လီမုနှင့် စစ်မာရှန်းတို့က ဦးညွှတ်လိုက်ကြသည်။
" ဒါနဲ့ ငါမင်းကို ရှကျေးရွာကို စေလွှတ်ခိုင်းထားတဲ့ ဝူချန်းတွေရော ဘယ်လိုလဲ။ သူတို့က အိမ်တော်ထဲကို ဝင်ရောက်ပြီးပြီလား။ " ကျောက်ဖုန်းက ယင်ပုကို မေးလိုက်သည်။
" စိတ်ချပါ အရှင် " ယင်ပုက ပြန်ပြောလက်သည်။ " ကျွန်တော် ဝူချန်းငါးဆယ်ကျော်ကို စေလွှတ်ပြီးပါပြီ။ အချို့က ရွာထဲမှာ ရောနှောနေထိုင်နေကြပါတယ်။ သူတို့က သခင်မကြီးနဲ့ သခင်မလေးကို ကာကွယ်ဖို့ လုံလောက်တာထက် ပိုပါတယ်။ "
" ကောင်းတယ်။ " ကျောက်ဖုန်းက စိတ်သက်သာရာရစွာဖြင့် ခေါင်းညိမ့်လိုက်သည်။
ယန်ထင်ကို တည်ထောင်သော ရည်ရွယ်ချက်က အနာဂတ်အတွက်သာမက သူ၏ မိသားစုကို ကာကွယ်ရန်အတွက်လည်း ရည်ရွယ်ထားသည်။
ဟန်ကုခံတပ်တွင် တပ်ရင်းမှူးတစ်ယောက်က မျှော်စင်ပေါ်မှ အောက်သို့ ကြည့်လိုက်သည်။
" ဘယ်သူလဲ။ ခွင့်ပြုမိန့်ပါသလား။ "
" သွားလိုက်။ " ကျောက်ဖုန်းက သူ၏ ဘေးမှ ကျန်းမင်ကို ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ကျန်းမင်က ချက်ချင်း ပြန်ဖြေပြီး ဟန်ကုခံတပ်ဆီသို့ မြင်းကို မောင်းနှင်သွားသည်။ တံတိုင်းခြေရင်းသို့ ရောက်သောအခါ သူက ပင်မစစ်သူကြီး၏ တံဆိပ်တုံးကို မြှောက်ပြလိုက်သည်။
" လန်ထျန်းစခန်းရဲ့ ပင်မစစ်သူကြီး ကျောက်ဖုန်းက သူ့ရဲ့ စစ်ဆင်ရေးကို အောင်မြင်ပြီး အရှင်မင်းကြီးရဲ့ အမိန့်အရ အစီရင်ခံဖို့ ရှန်းယန်မြို့ကို ပြန်လာတာပါ။ "