← Chapters

အခန်း (၂၃၈)

Vol. 24 Ch. 238

အခန်း (၂၃၈)

Vol. 24 Ch. 238

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၃၈)

" တံဆိပ်တုံးကို တောင်းထဲထည့်လိုက်ပါ။ " တပ်ရင်းမှူးက မျှော်စင်ပေါ်မှ တောင်းတစ်လုံးက အောက်သို့ ချပေးလိုက်ပြီး အောက်သို့ လှမ်းပြောလိုက်သည်။

ကျန်းမင်က တံဆိပ်တုံးကို အထဲသို့ ထည့်လိုက်သည်။

အပေါ်မှ တပ်ရင်းမှူးက တံဆိပ်တုံးကို ယူပြီး စစ်ဆေးလိုက်သည်။ ပင်မစစ်သူကြီးဟူသော စာလုံးက အလွန်ထင်ရှားနေသည်။ ထို့အပြင် ထိုတံဆိပ်တုံးက ချင်နိုင်ငံက အထူးပြုလုပ်ထားခြင်းဖြစ်ပြီး အတူလုပ်ရန် အလွန်ခက်ခဲလှသည်။

" ဒါတကယ် စစ်သူကြီးကျောက်ပဲ။ " တပ်ရင်းမှူးက တံတိုင်းပေါ်မှ လေးစားသော အမူအရာနှင့် အောက်သို့ ကြည့်လိုက်သည်။

ကျောက်ဖုန်း၏ နာမည်က တစ်နိုင်ငံလုံး ကျော်ကြားလှသည်။ ချင်နိုင်ငံ၏ အငယ်ဆုံး စစ်သူကြီးတစ်ယောက်အနေဖြင့် ချင်နိုင်ငံတွင် သူ့ကို မသိသူမရှိပေ။

" တပ်ရင်းမှူး ကျွန်တော်တို့ တံခါးတွေ ဖွင့်ပေးလိုက်ရမလား။ " ဘေးမှ စစ်သည်တစ်ယော​က်က ရိုသေစွာ မေးလိုက်သည်။

" စစ်သူကြီးလီရှင်းကို သွားအကြောင်းကြားလိုက်။ " တပ်ရင်းမှူးက အမိန့်ပေးလိုက်သည်။

" စစ်သူကြီးကျောက်ဖုန်းက ဒီမှာရောက်နေတယ်လို့ ပြောလိုက်။ သူက ဒီလိုထူးချွန်တဲ့သူမျိုးနဲ့ သေချာပေါက် တွေ့ချင်မှာပဲ။ "

" နားလည်ပါပြီ။ " စစ်သည်က ချက်ချင်း ထွက်ခွာသွားသည်။

" တံခါးတွေကို ဖွင့်လိုက်။ "

ကြောက်စရာကောင်းသော ခံတပ်တံခါးကြီးများက တကျီကျီမြည်သံနှင့်အတူ ဖြည်းညင်းစွာ ပွင့်လာသည်။

" သွားကြစို့။ " ကျောက်ဖုန်းက အော်ပြောလိုက်ပြီး သူ၏ မြင်ကို တံခါးဆီသို့ ပုံမှန်အတိုင်း မောင်းနှင်သွားခဲ့သည်။ သူ၏ ဘေးတွင် ကိုယ်ရံတော်ခြောက်ရာက ဝန်းရံထားသည်။

" ဝေချွမ် " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ငါမှတ်မိသလောက်ဆို မင်းရဲ့ ဇာတိက ဟန်ကုခရိုင်မဟုတ်လား။ "

" ဟုတ်ပါတယ်။ "ဝေချွမ်က ပြန်ဖြေလိုက်သည်။

" ဒါဆို လမ်းကြုံတာပေါ့။ မင်းရဲ့ ဇနီးဆီကို သွားလည်လို့ရတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စစ်သူကြီး " ဝေချွမ်က ကျောက်ဖုန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

ကျောက်ဖုန်းက ပြန်လာသည့် ခရီးစဉ်တွင် သူက ဝေချွမ်မှလွဲ၍ အခြားဘယ်သူကိုမှ လိုက်ပါရန် မခေါ်ခဲ့ပေ။ ကျောက်ဖုန်းက သူ့ကို တစ်လခွင့်ပေးခဲ့သည်။ လေးနှစ်နီးပါး ကုန်သွားခဲ့သော်လည်း ဝေချွမ်က သူ့ကို ယခင်ပြောပြခဲ့ဖူးသော အခက်အခဲများကို ကျောက်ဖုန်း မမေ့ခဲ့ပေ။

" ဝေချွမ် မင်း တစ်ချိန်က ငါ့ကို ပြောဖူးတယ်။ ဒီကမ္ဘာမှာ အာဏာမရှိဘဲ ရှင်သန်ဖို့ ​မဖြစ်နိုင်ဘူး။ ချင်ရဲ့ ဥပဒေက တင်းကြပ်တယ်ဆိုပေမယ့် အထက်တန်းလွှာတွေနဲ့ အာဏာရှိသူတွေအတွက် အကျုံးမဝင်ဘူးလို့ မင်းပြောခဲ့တယ်။ အခုတော့ ငါက အဲ့ဒီလူတွေထဲက တစ်ယောက်ဖြစ်နေပြီ။ ပြီးတော့ မင်းကလည်း ငါတို့ထဲက တပ်မှူးတစ်ယောက်ဖြစ်နေပြီ။ "

" အခု ငါတို့မှာ ဩဇာအာဏာရှိနေပြီဆိုတော့ အရင်က အကြွေးတွေကို ရှင်းပြီး လက်စားချေရမယ့်အချိန်ရောက်ပြီ။ "

၎င်းကို ကြားသောအခါ ဝေချွမ်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားပြီး မျက်ရည်များ ဝိုင်းလာတော့သည်။

" ကဲတော်ပြီ။ မင်းလည်း လူကြီးတစ်ယောက်ဖြစ်နေပြီ။ ဒီသတင်းသာ ပျံ့သွားရင် အခြားသူတွေ ရယ်ကြလိမ့်မယ်။ " ကျောက်ဖုန်းက စနောက်လိုက်ပြီး ရှေ့သို့ မောင်းနှင်သွားသည်။

ကျောက်ဖုန်း ထွက်သွားသည်ကို ကြည့်ပြီး ဝေချွမ်က အလွန်ကျေးဇူးတင်နေခဲ့သည်။ " မင်း ငါ့ကို ကယ်ခဲ့ကတည်းက ငါ့အသက်ကို မင်းပိုင်သွားပြီ။ ငါ ဝေချွမ်က ငါနဲ့ ငါ့ရဲ့ သားစဉ်မြေးဆက်တွေက မင်းအပေါ် သစ္စာရှိပါမယ်လို့ ကျိန်ဆိုပါတယ်။ တကယ်လို့ ဒီကတိကို ဖောက်ဖျက်ခဲ့ရင် ကောင်းကင်နဲ့မြေကြီးက ငါ့ကို အပြစ်ပေးပါစေ။ "

သူတို့က ဟန်ကုခံတပ်ထဲကို ဝင်ပြီးနောက် တံတိုင်းပေါ်မှ တပ်ရင်းမှူးက စစ်သည်များနှင့် သူတို့ကို ကြိုဆိုရန် အောက်သို့ ဆင်းလာခဲ့သည်။ သူတို့က ကျောက်ဖုန်းကို မြင်လိုက်ရချိန်တွင် တစ်ညီတစ်ညွှတ်တည်း ဦးညွှတ်လိုက်ကြသည်။

" စစ်သူကြီးကျောက်ကို ဂါရဝပြုပါတယ်။ " သူတို့က လန်ထျန်းစခန်းမှ စစ်သည်များမဟုတ်ဘဲ ခံတပ်ကို စောင့်ကြပ်ရန် တာဝန်ရှိသော ဟန်ကုစခန်းမှ စစ်သည်များဖြစ်ကြသည်။ သူတို့က ကျောက်ဖုန်း၏ အောင်မြင်မှုများကို ကြားဖူးနေကြသည်။

" မင်းတို့ ဟန်ကုခံတပ်ကို စောင့်ကြပ်နေရတာ ပင်ပန်းနေကြမှာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ချင်ရဲ့ နယ်မြေကို ချဲ့ထွင်ပြီး ရန်သူတွေကို ချေမှုန်းနေတဲ့ စစ်သူကြီးကျောက်နဲ့ ယှဉ်ရင် ကျွန်တော်တို့ရဲ့ ခံတပ်ကို စောင့်တဲ့တာဝန်က ရိုးရှင်းလှပါတယ်။ " တပ်ရင်းမှူးက ရိုသေစွာ ပြောလိုက်သည်။ " ကျောက်ကို ချေမှုန်းတဲ့ စစ်ဆက်ရေးမှာ စစ်သူကြီးရဲ့ အောင်မြင်မှုတွေက ချင်စစ်သည်တိုင်းရဲ့ လေးစားမှုကို ရရှိခဲ့ပါတယ်။ "

" ငါတို့ ချင်စစ်သည်တိုင်းက ကျားတွေ ဝံပုလွေတွေလို ကြမ်းတမ်းကြတယ်။ တငယ်လို့ ဟန်ကုစခန်းက တိုက်ပွဲထဲ ဝင်ရောက်ခဲ့ရင်လည်း ရလဒ်က အတူတူပဲ ဖြစ်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စစ်သူကြီးကျောက်ပြောတာ မှန်တယ်။ တကယ်လို့ ဟန်ကုစခန်းသာ တိုက်ပွဲထဲဝင်ရင်လည်း ငါတို့က လန်ထျန်းစခန်းထက် နိမ့်ကျမှာမဟုတ်တာ သေချာတယ်။ "

ထိုအချိန်တွင် နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ သန်မာသော စစ်သူကြီးတစ်ယောက်က ကိုယ်ရံတော်များ ဝန်းရံလျက် လျှောက်လာသည်။

" စစ်သူကြီးလီကို ဂါရဝပြုပါတယ်။ " စစ်သည်များက ရောင်လာသူကို အရိုအသေပေးလိုက်ကြသည်။

ကျောက်ဖုန်းနှင့် သူ၏ လူများကလည်း ထိုလူကို ကြည့်လိုက်ကြသည်။

" စစ်သူကြီးကျောက်ရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ။ အခု လူကိုယ်တိုင် တွေ့ရတော့လည်း မင်းက ကောလဟာလတွေအတိုင်း တကယ်ငယ်နေတာပဲ။ " စစ်သူကြီးက ရယ်ပြီး ပြောလိုက်သည်။

" ဒါက စစ်သူကြီးလီရှင်းဖြစ်ရမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စစ်သူကြီးကျောက်က ငါ့ကို သိနေတာ အံ့ဩစရာပဲ။ " လီရှင်းက ရယ်လိုက်သည်။

" ချင်မှာ ပင်မစစ်သူကြီးတွေအားလုံးရဲ့ စာရင်းရှိတာပဲ။ စစ်သူကြီးလီရှင်းက ဟန်ကုခံတပ်ကို စောင့်ကြပ်နေတယ်ဆိုတာ ငါသိထားပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" စစ်သူကြီးကျောက်က ရှန်းယန်ကို သွားနေတာလား။ " လီရှင်းက မေးလိုက်သည်။

" ငါရဲ့ စစ်ဆင်ရေးက ပြီးသွားပြီဆိုတော့ အရှင်မင်းကြီးကို အစီရင်ခံဖို့ ရှန်းယန်ကို သွားနေတာပဲ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" မြို့တော်မှာ အရှင်မင်းကြီးနဲ့ တွေ့ရတော့မှာပေါ့။ စစ်သူကြီးကျောက် ငါတော့ မင်းကို တကယ်အားကျနေပြီ။ " လီရှင်းက သက်ပြင်းချလိုက်သည်။

" စစ်သူကြီးလီကလည်း နိုင်ငံအတွက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ့်နေ့ ရောက်လာပါလိမ့်မယ်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" ဒါဆိုရင်တော့ စစ်သူကြီးကျောက်ရဲ့ စကားတွေအတိုင်း ဖြစ်လာဖို့ မျှော်လင့်ရမှာပဲ။ " လီရှင်းက ပြုံး၍ ပြောလိုက်သည်။ " စစ်သူကြီးကျောက်ရဲ့ ကွပ်ကဲနိုင်စွမ်းက ထူးခြားလှတယ်။ ဘယ်မြို့ကမှ မင်းရဲ့ လမ်းကို မတားဆီးနိုင်ဘူး။ ပြီးတော့ မင်းရဲ့ ကြောက်စရာကောင်းတဲ့ ရဲစွမ်းသတ္တိနဲ့ ရှေ့တန်းကနေ ဦးဆောင်တိုက်ခိုက်ခဲ့တယ်လို့ ကြားခဲ့ရတယ်။ ချင်တစ်နိုင်ငံလုံးမှာ စစ်သူကြီးကျောက်ကို မသိတဲ့သူရှိသေးလို့လား။ "

" စစ်သူကြီးကျောက် တကယ်လို့ စစ်ပွဲတွေ ထပ်ဖြစ်လာခဲ့ရင် ငါလီရှင်းက မင်းထက် မညံ့ကြောင်း သက်သေပြပါမယ်။ " လီရှင်းက ပြတ်သားစွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက တည်ငြိမ်စွာရှိနေဆဲဖြစ်သော်လည်း သူ၏ ကိုယ်ရံတော်များ၏ မျက်လုံးများထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်သွားကြသည်။

" ကောင်းပြီ။ " ကျောက်ဖုန်းက လီရှင်းဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ " ဒါဆို အဲ့ဒီနေ့ကို ငါစောင့်ပါ့မယ်။ ဒါပေမယ့် အခု ငါ့မှာ အချိန်သိပ်မရှိလို့ သွားလိုက်ပါဦးမယ်။ "

" ဂရုစိုက်ပါ စစ်သူကြီးကျောက်။ " လီရှင်းက ပြုံး၍ ပြောလိုက်သည်။ ကျောက်ဖုန်း ရုတ်တရက် ထွက်ပေါ်လာခြင်းက သူ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။ သူက အရှုံးမပေးလိုပေ။ သူ၏ အမြင်အရ ကျောက်နိုင်ငံတွင် ကျောက်ဖုန်း လုပ်ဆောင်ခဲ့သမျှကို သူလည်း လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ဟန်ကုခံတပ်မှ ထွက်ခွာလာပြီးနောက်။

" အရှင် အဲ့ဒီလီရှင်းက တကယ်ကို မောက်မာတာပဲ။ အရှင်ကိုတောင် စိန်ခေါ်ရဲတယ်။ " ကျန်းမင်က မနေနိုင်တော့ဘဲ ပြောလိုက်သည်။

" သူက မောက်မာတာမှန်ပေမယ့် သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " အနည်းဆုံးတော့ သူက အခြားသူတွေရဲ့ အောင်မြင်မှုအပေါ် မနာလိုမဖြစ်ဘူး။ သူက သူ့ကိုသူ သက်သေပြချင်ရုံ သက်သက်ပဲ။ "

" ဝေချွမ် အခု ဟန်ကုခံတပ်က ထွက်လာပြီဆိုတော် မင်းလမ်းပြရမယ့် အချိန်ရောက်ပြီ။ " ကျောက်ဖုန်းက ဝေချွမ်ဘက်သို့ လှည့်ကာ ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ။ " ဝေချွမ်က မျှော်လင့်ချက်များဖြင့် ခေါင်းညိမ့်လိုက်သည်။

စစ်တပ်ထဲဝင်ကတည်းက ဝေချွမ် အိမ်ပြန်ခဲ့ရသည့် အကြိမ်အရေအတွက်မှာ လက်ချိုး၍ပင် ရခဲ့သည်။ သူက တတိယနှစ်တွင် ခွင့်လဝက်ရခဲ့ဖူးပြီး နောက်ပိုင်တွင် စစ်ဆင်ရေးများ မရှိသည့်အခါ နောက်ထပ် ခွင့်လဝက်ရခဲ့ဖူးသည်။

သို့သော် ဟန်ကို တိုက်ခိုက်သော စစ်ပွဲစသည်နှင့် သူကလည်း ကျောက်ဖုန်းကဲ့သို့ပင် ပြန်ရန် အခွင့်အရေးမရှိခဲ့ပေ။ သူက အိမ်ကို နောက်ဆုံးပြန်ခဲ့ရသည်မှာ လေးနှစ်နီးပါးပင် ရှိခဲ့ပြီဖြစ်သည်။

ဟန်ကုခရိုင်။

၎င်းက လူဦးရေတစ်သိန်းကျော်ရှိသော ခရိုင်တစ်ခုဖြစ်သည်။ ဟန်ကုခံတပ်နှင့် ကပ်လျက်တွင် ရှိနေသဖြင့် ၎င်းက အခြားနိုင်ငံမှ ကုန်သည်များ ပထမဆုံး စခန်းချရာ နေရာလည်း ဖြစ်သည်။

လင်းကွမ်မြို့။

စစ်သည်များက သူတို့ တာဝန်ကျရာနေရာတွင် ရပ်နေကြပြီး အထူးစစ်သည်များကဲ့သို့ တက်ကြွနေခြင်းမရှိပေ။ သူတို့၏ တာဝန်က မြို့တံခါးဝတွင် ဝင်ကြေးကောက်ခံရန်ဖြစ်သည်။ ၎င်းက ချင်နိုင်ငံနှင့် နိုင်ငံတိုင်းရှိ မြို့တိုင်းတွင် ပုံမှန်ကျင့်ထုံးတစ်ခုသာ ဖြစ်သည်။

ပြင်ပလူများ မြို့ထဲဝင်ရန် ဝင်ကြေးပေးရပြီး လူဦးရေနှင့် ကုန်စည်ပမာဏအပေါ် မူတည်ပြီးကောက်ခံသည်။ ၎င်းက အစိုးရရုံးများအတွက် အခွန်ဘဏ္ဍာရရှိရာနေရာလည်း ဖြစ်သည်။ သို့သော် ချင်နိုင်ငံက အခြားနိုင်ငံများနှင့် မတူဘဲ ဝင်ကြေးကို များစွာ လျှော့ချကောက်ခံထားသည်။

All Chapters