← Chapters

အခန်း (၂၃၉)

Vol. 24 Ch. 239

အခန်း (၂၃၉)

Vol. 24 Ch. 239

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၃၉)

" ထကြဦး။ ဒီလိုစီတန်းပြီးလာနေတဲ့ပုံစံက အရေးကြီးတဲ့ လူတစ်ယောက် ရောက်လာတာဖြစ်ရမယ်။ " စစ်သည်တစ်ယောက်က ပြောလိုက်သည်။

သူ စကားပြောနေစဉ် စောင့်ကြည့်နေသော စစ်သည်များက ကိုယ်ရံတော်များ မြင်းတပ်ဖွဲ့ကို တွေ့လိုက်ရသည်။

" သူတို့က ကိုယ်ရံတော်ဝတ်စုံကို ဝတ်ဆင်ထားတာပဲ။ ပြီးတော့ သူတို့ တစ်ယောက်ချင်းစီက ဘွဲ့ထူးငါးဆင့်ရှိကြတယ်။ ဒါက တကယ်အရေးကြီးသွားပြီ။ "

အခြားစစ်သည်များက ချက်ချင်း သတိဝင်လာကြပြီး ထရပ်လိုက်ကြသည်။ မြို့တံခါးတွင် စောင့်ကြပ်ရသောကြောင့် သူတို့ကို လူပေါင်းစုံကို တွေ့ဖူးပြီး အခြေအနေကို အကဲခတ်နိုင်ကြသည်။ ကိုယ်ရံတော်များနှင့် ရောက်လာသောကြောင့် ဖြစ်နိုင်ခြေနှစ်ခုသာ ရှိသည်။ ထိုလူက ပင်မစစ်သူကြီး သို့မဟုတ် အဆင့်တစ်ဆယ်နှင့်အထက် ဘွဲထူးရှိသူဖြစ်ရပေလိမ့်မည်။ ထို့အပြင် ကိုယ်ရံတော်များက အလွန်များသောကြောင့် ၎င်းက ပင်မစစ်သူကြီးပင် ဖြစ်ပေလိမ့်မည်။

" ဒါက ဟန်ကုခံတပ်က စစ်သူကြီး လီရှင်းဖြစ်နိုင်မလား။ " စစ်သည်တစ်ယောက်က ပြောလိုက်သည်။

" သူက စည်းကမ်းတင်းကျပ်တာနဲ့ နာမည်ကြီးတယ်။ ဒါပေမယ့် သူက ဘာလို့လင်းကွမ်ကို လာရတာလဲ။ အရက်သောက်ဖို့လား။ "

" မဖြစ်နိုင်ပါဘူး။ " စစ်သည်တစ်ယောက်က ပြောလိုက်သည်။ " စစ်သူကြီးလီက အရက်သောက်ချင်ရင် တစ်ယောက်ယောက်ကို ဝယ်ခိုင်းမှာပေါ့။ သူကိုယ်တိုင်တော့ လာမှာမဟုတ်ဘူး။ ဒါက အခြားလူတစ်ယောက် ဖြစ်ရမယ်။ "

" မင်းတို့အားလုံး သေချာနေကြစမ်း။ ပြဿနာတက်အောင် မလုပ်ကြနဲ့။ မဟုတ်ရင် ဘယ်သူမှ မင်းတို့ကို ကယ်နိုင်မှာမဟုတ်ဘူး။ "

စစ်သည်များက မတ်မတ်ရပ်လိုက်ကြပြီး ချဉ်းကပ်လာသော မြင်းတပ်ကို စိုးရိမ်တကြီး စိုက်ကြည့်နေကြသည်။

ကျန်းမင်က အနီးသို့ ရောက်လာသောအခါ တပ်မှူးက ချက်ချင်း ရှေ့သို့ တက်လာပြီး ဦးညွှတ်လိုက်သည်။ " စစ်သူကြီးက ဘယ်သူလဲသိလို့ရမလား။ "

" ငါတို့ စစ်သူကြီးက စစ်သူကြီးကျောက်ဖုန်းပဲ။ " ကျန်းမင်က ပြောလိုက်သည်။

" ဟင် စစ်သူကြီးကျောက်ဖုန်းလား။ " တပ်မှူးနှင့် စစ်သည်များက ထိတ်လန့်သွားကြပြီး မြင်းစီးလာသော ကျောက်ဖုန်းကို ကြည့်လိုက်ကြသည်။

" စစ်သူကြီးကျောက်ကို ဂါရဝပြုပါတယ်။ "

မြို့ထဲသို့ ဝင်နေသော သာမန်ပြည်သူများကလည်း လှည့်ကြည့်လိုက်ကြသည်။

" စစ်သူကြီးကျောက်ဖုန်းလား။ "

" အဲ့ဒါ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့တဲ့ စစ်သူကြီးကျောက်လား။ "

" ချင်နိုင်ငံတစ်ခုလုံးမှာ ဒီလောက်အသက်ငယ်ငယ်နဲ့ ကိုယ်ရံတော်တပ်ဖွဲ့ကို ကွပ်ကဲနိုင်တာ စစ်သူကြီးကျောက်ဖုန်း တစ်ယောက်ပဲရှိတယ်။ "

သာမန်ပြည်သူများက ကျောက်ဖုန်းကို လေးစားအားကျစွာဖြင့် ကြည့်နေကြသည်။ အခြားနိုင်ငံသားများကလည်း သူ့ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။

" အတားအဆီးတွေကို ဖွင့်လိုက်။ စစ်သူကြီးက မြို့ထဲဝင်ပြီး အနားယူဖို့လိုတယ်။ " ကျန်းမင်က လေးနက်သွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " မြို့စောင့်စစ်သည်များက လမ်းပေါ်ရှိ အတားအဆီးများကို ချက်ချင်း ဖယ်ရှားလိုက်ကြသည်။

" သွားကြမယ်။ " ကျောက်ဖုန်းက မြင်းကို အရှိန်မြှင့်ပြီး မြို့ထဲသို့ ဝင်ရောက်သွားသည်။ သူ၏ ကိုယ်ရံတော်များကလည်း နောက်မှ လိုက်ပါလာကြသည်။

" ဝေချွမ် ဒါက မင်းရဲ့ ဇာတိပေါ့။ တော်တော်လေး စည်ကားတာပဲ။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး အနည်းငယ် အံ့ဩစွာ ပြောလိုက်သည်။

" ဒီမြို့က ဟန်ကုခံတပ်အနီးမှာရှိတာလေ။ ဒါက ကျောက်နိုင်ငံ၊ ချူနိုင်ငံနဲ့ အခြားနေရာကလူတွေ ချင်ထဲကို ဝင်ရောက်ဖို့အတွက် အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလည်း ဖြစ်တယ်။ အဲ့ဒါကြောင့် ဒီမြို့က ဒီလောက်ထိ စည်ကားနေတာပဲ။ " ဝေချွမ်က ပြုံး၍ ရှင်းပြလိုက်သည်။

" အချိန်ဖြုန်းမနေနဲ့ မင်းအိမ်ကိုပဲ သွားကြတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကောင်းပါပြီ။ " ဝေချွမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူက အိမ်နှင့်ဝေးကွာနေသည်မှာ ကြာပြီဖြစ်သောကြောင့် သူ၏ မိသားစု ဘယ်လိုအခြေအနေတွင် ရှိနေလဲဆိုတာ သူမသိတော့ပေ။

ထိုအချိန်တွင် အစိုးရရုံး၏ ရှေ့၌ အသက်သုံးဆယ်ဝန်းကျင် အမျိုးသမီးတစ်ယောက်က အရာရှိတစ်ယောက်ကို တောင်းပန်နေသည်။

" အရာရှိမင်း ကျွန်မ ယောကျာ်းရဲ့ လစာက မရတာ နှစ်နှစ်တောင်ရှိပါပြီ။ အရင်ကပေးခဲ့တဲ့ လစာတွေကလည်း မှားနေပါတယ်။ ကျွန်မမြို့စားမင်း တွေ့ချင်ပါတယ်။ ကျွန်မကို မြို့စားမင်းနဲ့ တွေ့ခွင့်ပေးပါ။ "

" ဝေကတော် ကျုပ်တို့က ခင်ဗျားကို တားနေတာမဟုတ်ဘူး။ " အရာရှိ​တစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။ " ဒါပေမယ့် ခင်ဗျားတို့ မိသားစုအခြေအနေကိုလည်း ခင်ဗျားသိတာပဲ။ မြို့စားမင်းက ခင်ဗျားကို တွေ့မှာမဟုတ်ဘူး။ "

" ကျွန်မယောကျာ်းရဲ့ လစာကို အလွဲသုံးစား အလုပ်ခံရတာပဲ။ မြို့စားမင်းက ဒီလောက်တောင် ရက်စက်ရသလား။ " ဝေကတော်က ဒေါသတကြီး ပြောလိုက်သည်။ " အဲ့ဒီနှစ်က ကိစ္စတွေက ကြာသွားခဲ့ပြီး သူက ဘာလို့ ကျွန်မတို့ မိသားစုကို ပစ်မှတ်ထားနေတာလဲ။ "

" တော်ပြီ။ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောမနေနဲ့။ ထွက်သွားစမ်း။ " အရာရှိတစ်ယောက်က ပြောလိုက်သည်။ " တကယ်လို့ ခင်ဗျား အစိုးရရုံးရှေ့မှ ဆက်ပြီး ပြဿနာရှာနေရင် ထောင်ထဲထည့်လိုက်မှ ကျုပ်တို့ကို အပြစ်မတင်နဲ့။ "

" ကျွန်မ မသွားဘူး။ " ဝေကတော်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ " ကျွန်မတို့ မိသားစုက အသက်ရှင်ဖို့ ဒီလစာကိုပဲ အားကိုးနေရတာ။ အဲ့ဒါမရှိရင် ကျွန်​မတို့ အသက်မရှင်နိုင်ဘူး။ ရှင်တို့သတ္တိရှိရင် ကျွန်မကို သတ်လိုက်လေ။ ကျွန်မ တိုင်မယ်။ နယ်စားမင်းနဲ့ ရှောက်ဖူအထိ တက်တိုင်မယ်။ "

သူမ၏ အော်ဟစ်သံများကြောင့် ပတ်ဝန်းကျင်မှ လူများက စုရုံးလာကြသည်။

" ဝေမိသားစုက တကယ်သနားစရာပဲ။ ဝေမိသားစုရဲ့ သမီးကလည်း သခင်လေးပိုင်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတယ်။ ဝေမိသားစုက တရားမျှတမှုမရတဲ့အပြင် ရိုက်နှက်ခံခဲ့ရတယ်။ သူတို့သမီးလေးကလည်း ရူးသွားရှာတယ်။ "

" ဟုတ်တယ်။ သခင်လေးပိုင်က မြို့တော်က ပိုင်မိသားစုနဲ့ အဆက်အသွယ်ရှိတယ်လို့ ပြောကြတယ်။ သူတို့က သာမန်လူတွေ ယှဉ်နိုင်တဲ့အရာမဟုတ်ဘူး။ "

လူအုပ်ကြီးက တီးတိုးပြောဆိုနေကြသည်။ သူတို့က ဝေမိသားစုအပေါ် သနားရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြပေ။

ထိုအချိန်တွင် အစိုးရရုံးဘက်မှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

" ဘာတွေဆူညံနေတာလဲ။ မိန်းမပျက် အစိုးရရုံးရှေ့မှာ ပြဿနာရှာရဲတယ်ပေါ့။ သူ့ကို ဖမ်းလိုက်စမ်း။ "

အစောင့်အချို့က ပြေးထွက်လာပြီး ဝေကတော်ဆီသို့ ဦးတည်သွားကြသည်။ ထိုလူထွက်လာသည်ကို မြင်သောအခါ ဝေကတော်က အလွန်ဒေါသထွက်သွားသည်။

" မြို့စားမင်း ရှင်နောက်ဆုံးတော့ မျက်နှာပြပြီပေါ့။ ရှင် ကျွန်မယောကျာ်းရဲ့ လစားတွေကို အလွဲသုံးစား လုပ်ခဲ့တယ်။ လူအများကြီး ကြည့်နေတာတောင် ရှင်က ကျွန်မကို ရှင်းပြချက် မပေးတော့ဘူးလား။ "

လူအုပ်ကြီးရှေ့တွင် ထိုသို့ အော်ဟစ်ခံလိုက်ရသောကြောင့် မြို့စားမင်းက မျက်နှာပျက်သွားသည်။

" အဓိပ္ပါယ်မရှိတဲ့စကားတွေ ဒီမိန်းမကို ဖမ်းပြီး ထောင်ထဲထည့်လိုက်စမ်း။ ပြီးမှ သေချာစစ်မေးရမယ်။ "

" ငါ့အမေကို မထိနဲ့ ရပ်လိုက်။ " ရုတ်တရက် ဘေးမှ လူငယ်နှစ်ယောက် ထွက်လာသည်။ သူတို့က အပြေးအလွှား ရောက်လာကြပြီး သူတို့အမေရှေ့တွင် ရပ်လိုက်ကြသည်။

" မင်းတို့ ရောက်လာတာကောင်းတယ်။ သူတို့ တစ်မိသာစစုလုံးကို ဖမ်းလိုက်စမ်း။ " မြို့စားမင်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " အစောင့်များက သူတို့ကို ဖမ်းဆီးရန် ရှေ့တိုးသွားကြသည်။

" ရပ်လိုက်စမ်း။ " မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံက လေထဲတွင် ပဲ့တင်ထပ်သွားပြီး နောက်မှ မြင်းခွာသံများ ထွက်ပေါ်လာသည်။

ဝေချွမ်က သူ၏ မြင်းကို အရှိန်ပြင်းပြင်း စီးနှင်လာပြီး သူ၏ ဘေးတွင် ကိုယ်ရံတော်တစ်ဖွဲ့ ပါလာသည်။ လူအုပ်ကြီးက ဝေချွမ်ကို ကြည့်ပြီး ထိတ်လန့် တုန်လှုပ်သွားကြသည်။

မြို့စားမင်းကလည်း ဝေချွမ်ကို မြင်ပြီး အလွန်အံ့အားသင့်သွားသည်။ သို့သော် သူက ဝေချွမ်ကို အလေးအနက် သိပ်မထားပေ။

" မြို့ထဲမှာ မြင်းကို အရှိန်ပြင်းပြင်းစီတာက ချင်ဥပဒေကို ချိုးဖောက်တာပဲ။ ဝေချွမ် မင်းက တော်တော် သတ္တိကောင်းတာပဲ။ မင်းက စစ်တပ်မှာ တာဝန်ထမ်းဆောင်နေပေမယ့် မြို့ထဲဝင်လာတာနဲ့ ငါ့ရဲ့ စီရင်ပိုင်ခွင့်အောင် ရောက်သွားပြီ။ မြင်းပေါ်က ဆင်းပြီး အခုချက်ချင်း အဖမ်းခံစမ်း။ " မြို့စားမင်းက ဝေချွမ်ကို လက်ညိုးထိုးပြီး ပြောလိုက်သည်။

သို့သော် ဝေချွမ်က သူ့ကို ဂရုမစိုက်ပေ။ သူက သူ၏ မြင်းကို အရှိန်မြှင့်ကာ အစောင့်များကြားသို့ တိုးဝင်သွားသည်။ သူ၏ ဇနီးကို ဖမ်းဆီးထားသော အစောင့်ကို တွေ့သောအခါ သူ၏ ကြာပွတ်ဖြင့် ရိုက်နှက်လိုက်သည်။

ဖြန်း....

" အား..." ရိုက်ချက်တစ်ချက်က ထိုအစောင့်၏ အရေပြားကို ကွဲအက်သွားစေပြီး သွေးများနီရဲလာသည်။ သူမတုန့်ပြန်နိုင်မီ ဝေချွမ်က နောက်တစ်ချက် ရိုက်နှက်လိုက်သည်။

မြို့စားမင်းက ထိတ်လန့်သွားသည်။ ဝေချွမ်က ဤမျှအထိ ရဲတင်းလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

" ဝေချွမ် မင်း တရားလွန်သွားပြီ။ လမ်းမပေါ်မှာ အကြမတ်းဖက်ရဲတယ်ပေါ့။ " မြို့စားမင်းက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

ဝေချွမ်က သူ့ကို လျစ်လျူရှုထားပြီး မြင်းပေါ်မှဆင်းကာ ဝေကတော်ဆီသို့ ပြေးသွားလိုက်သည်။ သူက သူမကို ပွေ့ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ " မင်းအဆင်ပြေရဲ့လား။ "

ဝေကတော်က ဝေချွမ်ကို ကြည့်ရင်း နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နာကျည်းမှုများကို ထိန်းမထားနိုင်တော့ပေ။ သူမက သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

" ယောကျာ်း သူတို့က ရှင့်ရဲ့ နှစ်စဉ်လစာကို အလွဲသုံးစား လုပ်ထားကြတယ်။ ကျွန်မတို့ မိသားစု အသက်ရှင်ဖို့တောင် မဖြစ်နိုင်တော့ဘူး။ "

" ငါ့ရဲ့ နှစ်စဉ်လစာကို အလွဲသုံးစားလုပ်တယ်ဟုတ်လား။ " ဝေချွမ်၏ မျက်နှာက ဒေါသများဖြင့် ပြည့်နှက်သည်။ သူက မြို့စားမင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ဝေချွမ်၏ မျက်နှာပေါ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များက်ု မြင်သောအခါ မြို့စားမင်းက ထိတ်လန့်သွားသည်။

All Chapters