← Chapters

အခန်း (၂၄၀)

Vol. 24 Ch. 240

အခန်း (၂၄၀)

Vol. 24 Ch. 240

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၄၀)

" မင်း ဘာလုပ်မလို့လဲ။ အရာရှိတစ်ယောက်ကို တိုက်ခိုက်မလို့လား။ ငါ့ကို ကာကွယ်ကြစမ်း။ မြန်မြန်။ " မြို့စားမင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

" မင်းလို အကျင့်ပျက်အရာရှိ။ အရင်တုန်းက ပိုင်မိသားစုကို ကာကွယ်ပေးခဲ့တာလည်း မင်းပဲ။ အခု ငါ့ရဲ့ လစာကို အလွဲသုံးစား လုပ်ပြီး ငါ့မိသားစုကို ငတ်အောင် လုပ်တာလည်း မင်းပဲ။ မင်းက တကယ်သေသင့်တယ်။ " ဝေချွမ်က ဒေါသတကြီး ပြောလိုက်သည်။

ဘေးမှ အစောင့်များကလည်း ဝေချွမ်ကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။ ယခု ဝေချွမ်က လွန်ခဲ့သော နှစ်များက လူနှင့် လုံးဝမတူတော့ပေ။ သူက သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

" မင်း ဘာတွေလာပြောနေတာလဲ။ ငါက လင်းကွမ်မြို့ရဲ့ မြို့စားမင်းပဲ။ မင်းရဲ့ နှစ်စဉ်လစာကို ဘာလို့အလွဲသုံးစား လုပ်ရမှာလဲ။ " မြို့စားမင်းက ဟန်ဆောင်ပြောလိုက်သည်။

" ငါ့ရဲ့ လစာ အလွဲသုံးစား လုပ်ခံရလား မလုပ်ခံရဘူးလားဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်လိမ့်မယ်။ ရှောက်ဖူက မှတ်တမ်းတွေကို ဒီတပ်မှူးရဲ့ လက်ထဲ အပ်ရဲလား။ " ဝေချွမ်က အေးစက်စွာ ပြောလိုက်သည်။

" တပ်မှူးဟုတ်လား။ မင်းကိုမင်း တပ်မှူးလို့ ခေါ်လိုက်တာလား။ " မြို့စားမင်းက လှောင်ရယ်လိုက်သည်။ " ဝေချွမ် နှစ်အနည်းငယ်အတွင်းမှာ မင်းက ဘယ်လိုလုပ် ဒီလော်တောင် မောက်မာသွားရတာလဲ။ ထောက်ပို့တပ်က အသုံးမကျတဲ့ကောင်က တပ်မှူးတဲ့လား ဟားဟားဟား။ "

" ဟုတ်လား။ " ဝေချွမ်က လှောင်ပြုံးပြုံးလိုက်သည်။ သူ၏ လက်ကို ဝှေ့ရမ်းလိုက်သောအခါ သူ၏ နောက်မှ မြင်းစီစစ်သည်များ ထွက်ပေါ်လာပြီး အရေအတွက်က ဆက်တိုးလာသည်။

" ညီအကိုတို့ ဒီအကျင့်ပျက်အရာရှိနဲ့ အစောင့်တွေကို ဖမ်းဖို့ ကူညီပေးပါဦး။ " ဝေချွမ်က အေးစက်စွာ ပြောလိုက်သည်။

" ကောင်းပြီ။ " ကိုယ်ရံတော်များက မြင်းပေါ်မှ ဆင်းပြီး ရှေ့သို့ ပြေးဝင်ကာ မြို့စားမင်းနှင့် အစောင့်များကို ဖမ်းဆီးလိုက်ကြသည်။

" ဝေချွမ် မင်းလုပ်ရဲလား။ " မြို့စားမင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ " ထောက်ပို့တပ်ဖွဲ့က သာမန်စစ်သားတစ်ယောက်က အရာရှိတစ်ယောက်ကို ဒီလိုဆက်ဆံရဲလား။ ငါက နန်းတွင်း အရာရှိတစ်ယောက်ပဲ။ ငါ့ကို ချင်ဥပဒေတွေနဲ့ ကာကွယ်ထားတာ။ စစ်တပ်က ငါ့ကို ဒီလိုလုပ်ခွင့်မရှိဘူး။ တစ်ယောက်ယောက်သွားပြီး သခင်လေးပိုင်ကို ပြောလိုက်။ ခရိုင်စစ်သည်တွေ စုစည်းပြီး ဒီသူပုန်တွေကို နှိမ်နင်းရမယ်။ "

ထိုအချိန်တွင် ကိုယ်ရံတော်များက ပိုမိုရောက်ရှိလာကြပြီး အစိုးရရုံးတစ်ခုလုံးကို ဝန်းရံလိုက်ကြယသည။

" စစ်သူကြီးကျောက် ရောက်လာပြီ။ " ကျန်းမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ကြေညာသံအောက်တွင် လူများအားလုံးက လှည့်ကြည့်လိုက်ကြသည်။

လူငယ်တစ်ယောက်က ခန့်ညားထည်ဝါစွာဖြင့် မြင်းစီးပြီး ဝင်ရောက်လာသည်။ သူက ချပ်ဝတ်ကို ဝတ်ဆင်ထားခြင်းမရှိသော်လည်း သူ၏ အနက်ရောင်စစ်ဝတ်စုံက သာမန်လူများကို ဖိအားများ ခံစားသွားရစေသည်။

" စစ်သူကြီး။ " ဝေချွမ်က လှည့်ပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။

" စစ်သူကြီးကျောက် ကျုပ်က လင်းကွမ်မြို့ရဲ့ မြိုးစားမင်းပါ။ ခင်ဗျားရဲ့ စစ်သားတွေက စည်းမဲ့ကမ်းမဲ့ လုပ်နေကြတယ်။ သူတို့ကို ထိန်းသိမ်းပေးပါဦး။ " မြို့စားမင်းက ဒေါသတကြီး ပြောလိုက်သည်။ ထိုစစ်သူကြီးကျောက်ဖုန်းက သူ့ကို ကယ်တင်လိမ့်မည်ဟု ထင်နေပုံရသည်။

" ငါ့လူတို့...." ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။ " အစိုးရရုံးကို ရှာဖွေကြစမ်း။ နှစ်စဉ်လစာခွဲဝေမှုမှတ်တမ်းတွေကို ရှာလိုက်ကြ။ "

" နားလည်ပါပြီ။ " ကျန်းမင်က အမိန့်ကို လက်ခံလိုက်ပြီး ကိုယ်ရံတော်များကို အစိုးရရုံးထဲသို့ စေလွှတ်လိုက်သည်။

" မင်းတို့ ဘာလုပ်တာလဲ။ " မြို့စားမင်းက ကျောက်ဖုန်းကို ဒေါသတကြီး ကြည့်လိုက်သည်။ " မင်းက စစ်သူကြီးတစ်ယောက် ဖြစ်နေရင်တောင် အစိုးရရုံးက စစ်ဘက်ဆိုရာ စီရင်ခွင့်အောက်မှာ မရှိဘူး။ မင်း တော်တော်သတ္တိကောင်းနေပါ့လား။ "

ဖြန်း...

ကျန်းမင်က မြို့စားမင်း၏ မျက်နှာကို ရိုက်လိုက်ပြီး ရှေ့သွားများပင် ကျိုးထွက်သွားသည်။

" စစ်သူကြီးကို မရိုမသေ မလုပ်နဲ့။ " ကျန်းမင်က အေးစက်စွာ ပြောလိုက်သည်။

" မင်း... မင်း..." မြို့စားမင်းက ပါးစပ်ထဲတွင် သွေားများဖြင့် ဗလုံးဗထွေး ပြောပြီး ထိတ်လန့်တကြား ကြည့်လိုက်သည်။

ကျောက်ဖုန်းက မြင်းပေါ်မှ ဆင်းပြီး မြို့စားမင်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

" ငါမင်းကို နောက်ထပ် အခွင့်အရေးတစ်ကြိမ်ပေးမယ်။ မင်း ဝေချွမ်ရဲ့ နှစ်စဉ်လစာကို အလွဲသုံးစား လုပ်ခဲ့လား မလုပ်ခဲ့ဘူးလား။ "

" အ အဓိပ္ပါယ်မရှိတာ..." မြို့စားမင်းက ငြင်းဆိုနေဆဲ ဖြစ်သည်။ " ငါ ငါ ဒါကို စစ့ခုံရုံးကို တိုင်မယ်။ "

" အရင်တုန်းက မင်းရဲ့ ညီမကို ဖျက်ဆီးပြီး ဝေမိသားစုတစ်ခုလုံးကို ဒဏ်ရာရအောင် လုပ်ခဲ့တာ သူလား။ " ကျောက်ဖုန်းက ဝေချွမ်ကို မေးလိုက်သည်။

" သူက ကြံရာပါပဲ။ အဓိကတရားခံက ပိုင်မိသားစုရဲ့ သခင်လေးပဲ။ အခုတော့ သူက ပိုင်မိသားစုရဲ့ ခေါင်းဆောင် ဖြစ်နေပြီ။ " ဝေချွမ်က အံကျိတ်ပြီး ပြောလိုက်သည်။

" ဒါဆို ဘာကိုစောင့်နေတာလဲ။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ " အတိတ်တုန်းက ဘယ်သူမှ မင်းကို တရားမျှတမှု မပေးခဲ့ကြဘူး။ ဒီနေ့တော့ ငါပေးမယ်။ "

" ဟန်ချန်းယန် " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" ကျွန်တော်ရှိပါတယ်။ " ဟန်ချန်းယန်က ချက်ချင်း ရှေ့သို့ တက်လာသည်။

" ပိုင်းမိသားစုခေါင်းဆောင်နဲ့ သူရဲ့ မိသားစုတစ်ခုလုံးကို ဖမ်းလိုက်။ အစေခံတစ်ယောက်တောင် မလွတ်စေနဲ့။ အဲ့ဒီတုန်းက အမှုကို ဒီနေ့ ဒီနေရာမှာ ပြန်စစ်ဆေးမယ်။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " ဟန်ချန်းယန်က ကိုယ်ရံတော်များနှင့်အတူ ပိုင်မိသားစုစံအိမ်သို့ ထွက်ခွာသွားသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ပတ်ဝန်းကျင်မှ လူအုပ်ကြီးက ပို၍ ကြီးမားလာသည်။

" ဝေမိသားစုရဲ့ ဒုက္ခတွေ နောက်ဆုံးတော့ ကုန်ဆုံးတော့မှာပဲ။ အဲ့ဒီစစ်သူကြီးက တရားမျှတအောင် လုပ်ပေးတော့မယ်။ "

" ဒီစစ်သူကြီးက တော်တော်ငယ်သေးတာပဲ။ သူ့မှာ ကိုယ်ရံတော်တွေ ဘာလို့အဲ့လောက်တောင် များနေတာလဲ။ "

" မင်းက အရူးပဲ။ အစောက သူ့ရဲ့ နာမည်က စစ်သူကြီးကျောက်လို့ ပြောတာ မကြားလိုက်ဘူးလား။ "

" စစ်သူကြီးကျောက်လား။ ဒါဆို သူက စစ်သူကြီးကျောက်ဖုန်းပေါ့။ "

" စစ်သူကြီးကျောက်က ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒီနေ့ လူကိုယ်တိုင် တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ "

" စစ်သူကြီးကျောက်ကိုယ်တိုင် ဝေမိသားစုအတွက် တရားမျှတမှု ရှာပေးနေတာဆိုတော့ ပိုင်မိသားစုနဲ့ မြို့စားမင်းကလည်း ဒါကို ဖုံးကွယ်လို့ ရတော့မှာမဟုတ်ဘူး။ "

ပတ်ဝန်းကျင်မှ လူများက သာမန်အတိုင်း ပြောဆိုနေကြသော်လည်း သူတို့၏ အသံကို လူတိုင်းကြားနိုင်လေသည်။ ကျောက်ဖုန်းဆိုသော နာမည်ကို ကြားလိုက်ရသောအခါ မြို့စားမင်းနှင့် အစောင့်များက ထိတ်လန့်တုန်လှုပ်သွားကြပြီး ဖြူဖတ်ဖြူရော်ဖြစ်သွားကြသည်။

" ကျောက် ကျောက်ဖုန်းလား။ သူက ကျောက်ဖုန်းလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " မြို့စားမင်းက အလွန်ကြောက်ရွံ့သွားသည်။

သူက သာမန်မြို့စားမင်းလေးတစ်ယောက်သာဖြစ်ပြီး စစ်တပ်တွင် တပ်မမှူးအဆင့်လောက်သာ ရှိပေသည်။ သူ၏ ရှေ့တွင် ရပ်နေသူက စစ်သေနာပတိချုပ် သုံးယောက်နှင့်ပင် ရင်ဘောင်တန်းနိုင်သော ချင်၏ အသက်အငယ်ဆုံး စစ်သူကြီး ဖြစ်သည်။ ကျောက်ဖုန်းအတွက် သာမန်မြို့စားမင်းတစ်ယောက်က ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။

" စစ်သူကြီးကျော် ကျွန်တော်မှားပါပြီ။ " မြို့စားမင်းက စိတ်ဓာတ်များ ပြိုလဲသွားပြီး ကြောက်ရွံ့စွာဖြင့် တောင်းပန်တော့သည်။ " ကျွန်တော် အားလုံးကို ဝန်ခံပါမယ်။ ကျေးဇူးပြုပြီး ကျွန်တော်အသက်ကို ချမ်းသာပေးပါ။ "

ကျောက်ဖုန်းနှင့် ရင်ဆိုင်ရချိန်တွင် ပိုင်မိသားစုကလည်း သူ့ကို ကာကွယ်နိုင်တော့မည်မဟုတ်ပေ။

" အခုကျမှ ဝန်ခံချင်တာလား။ " ကျောက်ဖုန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ထိုအချိန်တွင် ကိုယ်ရံတော်များက အစိုးရရုံးထဲမှ မှတ်တမ်းမထားကို သယ်ထုတ်လာသည်။

" စစ်သူကြီး " ကျန်းမင်က ရှေ့ထွက်လာပြီး ဦးညွှတ်လိုက်သည်။ " ကျွန်တော်တို့ ရုံးထဲက နှစ်စဉ်လစာနဲ့ ပက်သက်တဲ့ မှတ်တမ်းအားလုံးကို ယူလာခဲ့ပါပြီ။ မြို့နယ်တရားသူကြီးနဲ့ စစ်ဆေးရေးအရာရှိတို့က ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်လူတွေ ဖမ်းမိထားပါတယ်။ "

" ဝေချွမ်ရဲ့ နှစ်စဉ်လစာမှတ်တမ်းတွေ ဘယ်မှာလဲ။ " ကျောက်ဖုန်းက မြို့နယ်တရားသူကြီးကို ကြည့်ပြီး မေးလိုက်သည်။

" ဟို ဟိုဘက်မှာပါ။ " မြို့နယ်တရားသူကြီးက မှတ်တမ်းစာအုပ်များကို ညွှန်ပြလိုက်သည်။

ကျန်းမင်က ချက်ချင်း သွားလိုက်ပြီး မှတ်တမ်းစာအုပ်များကို စစ်ဆေးလိုက်သည်။

" စစ်သူကြီး ဒါက လွန်ခဲ့တဲ့ နှစ်နှစ်က တပ်မှူးဝေရဲ့ နှစ်စဉ်လစာမှတ်တမ်းပါ။ "

" ဘယ်လောက်ထုတ်ပေးထားလဲ။ " ကျောက်ဖုန်းက ချက်ချင်း မေးလိုက်သည်။

" လွန်ခဲ့တဲ့ နှစ်နှစ်က တပ်မှူးဝေရဲ့ နှစ်စဉ်လစာက ကိုးဆယ်ရာခိုင်နှုန်း ခိုးယူခံခဲ့ရပြီး ဆယ်ရာခိုင်နှုန်းပဲ ထုတ်ပေးခဲ့ပါတယ်။ " ကျန်းမင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဝေချွမ်က သူ၏ ဒေါသကို ဆက်လက်မထိန်းချုပ်နိုင်တော့ပေ။ သူက ရှေ့သို့ ပြေးဝင်သွားပြီး မြို့စားမင်း၏ ပါးကို အကြိမ်ကြိမ် ရိုက်နှက်လိုက်သည်။

" ခွေးမသား မင်းက ငါ့ရဲ့ လစာကို ကိုးဆယ်ရာခိုင်နှုန်းတောင် ခိုးခဲ့တာပဲ။ ငါ့မိသားစုတစ်ခုလုံးက ဒီလစာအပေါ် မှီခိုပြီး အသက်ရှင်နေရတယ်ဆိုတာ မင်းသိလား။ ငါမင်းကို သတ်မယ်။ "

ဝေချွမ်က မြို့စားမင်းကို ခုတ်ပိုင်းရန် သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။

" မလောနဲ့။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

ကျောက်ဖုန်း၏ စကားကို ကြားသောအခါ ဝေချွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်ပြီး ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

" လွန်ခဲ့တဲ့ နှစ်နှစ်က တပ်မှူးဝေချွမ်ရဲ့ နှစ်စဉ်လစာမှတ်တမ်းတွေက ဘယ်မှာလဲ။ " ကျောက်ဖုန်းက မြို့နယ်တရားသူကြီးကို မေးလိုက်သည်။

" တပ် တပ်မှူးဝေချွမ်လား။ " မြို့နယ်တရားသူကြီးက မှင်သက်သွားပြီး အလွန်အံ့အားသင့်သွားသည်။

" တပ်မှူးဝေချွမ်က ဟန်နိုင်ငံကို တိုက်ခိုက်ကတည်းက စစ်သူကြီးကျောက်နောက်ကို လိုက်ပါခဲ့ပြီး ကျောက်နိုင်ငံမှာလည်း သွေးချောင်းစီးတိုက်ပွဲတွေကို ဖြတ်ကျော်ခဲ့တယ်။ သူက ဟန်နဲ့ကျောက်ကို ဖျက်ဆီးရာမှာ ကူညီခဲ့ပြီး စွမ်းတောင်မှုများစွာ ရရှိခဲ့သူပဲ။ သူက အခုဆိုရင် စစ်သည်တစ်သောင်းကို ကွပ်ကဲရတဲ့ တပ်မှူးတစ်ယောက်ဖြစ်နေပြီ။ " ကျန်းမင်က ကြေညာလိုက်သည်။

All Chapters