← Chapters

ပင်လယ်သေဒေသ၏ ရေခဲမြစ်များ

Vol. 30 Ch. 407

ပင်လယ်သေဒေသ၏ ရေခဲမြစ်များ

Vol. 30 Ch. 407

တိမ်တွေ........

စုမင် အိမ်မက်မက်နေသည်ဟု ထင်နေမိသည်။

အအေးဓါတ်များသည် စုမင်အား ဝန်းရံထားသည်။စုမင် မျက်လုံးမဖွင့်နိုင်ပေ...... ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်တိတ်ဆိတ်နေသည်။ တစ်သံမျှ မကြားရသည် အထိ တိတ်ဆိတ်နေမှုသည် သာ၍ ထိတ်လန့်စရာကောင်းပေသည်။

အေးစက်ခြင်းနှင့် မှောင်အထုမျှလွဲ၍ မည်သည့်အရာမျှမရှိပေ........

' အခုနေ သူ့ရဲ့အသံလေး ပေါ်လာပြီး ကောင်းကင်ကြီးက ထိန်လင်းနေတယ်....တိမ်တွေကလဲ ယုန်ပုံစံလေး ဖြစ်နေတယ်လို့များ ပြောလိုက်ရင်.......အံ့သြစရာကောင်းနေမယ်မလား....'

' ဒါပေမယ့် သူမှမရှိတာ...အသံလဲ ကြားရမှာမဟုတ်ဘူး.....အအေးဓာတ်က ပိုပိုပြီး အေးစက်လာတယ်....ငါ လှုပ်လို့မရတော့ဘူး...နာကျင်နေတာကို အဆက်မပြတ်ခံစားနေရပေမယ့် တဖြည်းဖြည်းထုံထိုင်းလာပြီ....ငါ အိပ်ပျော်နေတာများလား...'

' ငါ...ဘယ်သူလဲ....'

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်မှာ မည်၍မည်မျှ ကုန်ဆုံးခဲ့သည်မှန်း မသိနိုင်တော့ပေ......

ဤသည်မှာ အနက်ရောင်ပင်လယ်၏ ပင်လယ်ကြမ်းပြင်ဖြစ်သည်။ အလင်းရောင် စိုးစဉ်းမျှမရှိပေ....ဤသည်မှာ ပင်လယ်၏ နက်ရှိုင်းသော အစိတ်အပိုင်းများဖြစ်သည်။ ဤနေရာတွင် ဧရာမရေခဲတုံးများစွာရှိသည်။ ပင်လယ်ရေ၏ ထူးခြားမှုကြောင့် ထိုရေခဲတုံးများသည် ပင်လယ်ပြင်ပေါ်တွင် မျှောမနေဘဲပင်လယ်ကြမ်းပြင်မှာသာ တည်ရှိနေကြသည်။

ပို၍တိကျစွာပြောရလျှင် ဤသည်မှာ ပင်လယ်ကြမ်းပြင်မဟုတ်ပေ။ ဤသည်မှာ ရေခဲမြစ်တစ်ခုပင်… တကယ့်ပင်လယ်ကြမ်းပြင်သည် ရေခဲမြစ်၏ အောက်တွင် တည်ရှိနေသည်။

ထိုအပိုင်းသည် ပင်လယ်၏အနက်ဆုံးအပိုင်းဖြစ်ပြီး၊ အဘယ်မျှ နက်စောက်မှန်း မသိနိုင်ပေ.....

ထိုရေခဲမြစ်၏အထက်တွင် ပင်လယ်နက်ကြီးရှိသည်။ ထိုနေရာကို ရောက်ဖူးသူများသာ ဘယ်လောက်ထိ အနက်ရှိမှန်း သိကြသည်။

ရေခဲမြစ်၏အထက်တွင် ထီးထီးမားမားထိုးထွက်နေသော ရေခဲတောင်ကြီးတစ်ခုရှိနေသည်။၎င်းသည် သိပ်မရှည်လျားသည့်တိုင် ပေတစ်သောင်းခန့်တော့ရှိပေမည်။ထိုရေခဲတောင်ကြီးတစ်ခုလုံးသည် ​နက်စွေးနေ၏....ထိုအရောင်အဆင်းသည် ပင်လယ်သေ၏ အရောင်ဆိုးခြင်းခံထားရသည်လော..သို့မဟုတ် ၎င်း၏မူလအရောင်အဆင်းပေလော မည်သူမျှမသိနိုင်​ပေ.....

အကယ်၍များ တစ်စုံတစ်ဉီးကသာ ဤရေခဲတောင်ကြီးကို အနီးကပ်ကြည့်လို​က်ပါလျှင် ၎င်းအတွင်း၌တစ်စုံတစ်ခုအား ချိတ်ပိတ်ထားမှန်း မြင်နိုင်ပေလိမ့်မည်။ထက်မြက်လှသည့် နတ်ဘုရားအာရုံပိုင်ဆိုင်သူ ဆိုပါက ထိုရေခဲတောင်ကြီး အတွင်းတွင် အချင်းပေတစ်ရာခန့်ရှိသော ဘဲဉပုံသဏ္ဍာန် ဝဲဂယက်တစ်ခုရှိနေမှန်း သိမြင်နိုင်ပါလိမ့်မည်။

ထိုဝဲဂယက်သည် မြင်ရသူအပေါင်းအား ဂိတ်တံခါးတစ်ခုဟုခံစားစေရသည်။ထို နက်မှောင်နေသောဝဲဂယက်သည် ရေခဲတောင်ကြီးထဲတွင် ချိတ်ပိတ်တည်ရှိနေသည်။

ထိုဝဲဂယက်၏ဘေးတွင် ချိတ်ပိတ်ခံထားရသော ရုပ်ခန္ဓာတစ်ခုရှိနေသည်။ထိုရုပ်ခန္ဓာသည် မတ်တပ်ရပ်လျက်အနေအထား မဟုတ်ဘဲ လှဲလျောင်းနေပြီး ချိတ်ပိတ်ခံထားရခြင်းကြောင့် ရုပ်ထုတစ်ခုကဲ့သို့ဖြစ်နေလေ၏......

ဤသည်မှာ ဆံရှည်လျားသောဆံသား၊ ဖြူဖျော့နေသော မျက်နှာရှိသည့် လူငယ်တစ်ဉီးသာပင်......

ထိုလူငယ်၏ မျက်ခုံးနှစ်ခုကြားတွင် မှိန်ဖျော့နေသော မက်မွန်ပွင့်သဏ္ဍာန်အမှတ်တစ်ခုရှိနေသည်။ စုတ်ပြဲနေသော ဝတ်ရုံ၏ ဒူးနားတစ်ဝိုက်တွင် အနီရောင်အစွန်းကွက် တစ်ကွက်ရှိနေလေ၏....ဤသည်မှာ အေးခဲနေသော သွေးကွက်သာပင်.....

သေချာစွာကြည့်လိုက်ပါလျှင် လူငယ်၏ နှုတ်ခမ်းထောင့်ရှိ သွေးစီးကြောင်းကိုလည်း မြင်ရပေမည်....ထို သွေးစီးကြောင်းသည်လဲ အေးခဲနေသည်သာပင်.....

ညာဘက်လက်ညိုးတစ်ဝိုက်တွင် နှစ်ကြိမ်ခန့်ရစ်ပတ်ထားသော ဆံချည်မျှင်တစ်မျှင်နှင့် လက်ညှိုးတွင် အနီရောင်လက်စွပ်တစ်ကွင်းရှိသည်။ လူငယ်လေး၏ ရုပ်သွင်သည် ခါးသီးပုံပေါက်သော်လည်း ဓါးသွားပုံသဏ္ဍာန်ရှိသော သူ၏မျက်ခုံးများသည်  ပြတ်သားသောသူတစ်ယောက်ဖြစ်ကြောင်း ခံစားချက်ကိုပေးစွမ်းနေသည်။

လူငယ်လေး ထိုနေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ လှဲလျောင်းသည်မှာ ယနေ့ထိတိုင်ပင်....သူ့အားဖုံးအုပ်ပေးထားသော ရေခဲတောင်ကြီးမှ အက်ကွဲသံတစ်ချို့ ကြားနေရသော်လည်း မကွဲပြိုသေးပေ.....

ရှင်းလင်းစွာ ပြောရမည် ဆိုပါက ထိုလူ​ငယ်လေးသည် မျက်လုံးများ ဖွင့်မထားပေမယ့် သူ့ထံတွင်အသက်ဓာတ်တစ်ခုရှိနေသေးသည်မှာ ထင်ရှားနေလေသည်။

ထိုလူငယ်လေးသည် စုမင် ဖြစ်လေ၏.....

စုမင် နိုးနေပြီဖြစ်သော်လည်း မလှုပ်ရှားနိုင်သေးပေ....အေးစက်မှုသည် သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင်ပြည့်နှက်နေသည်ကြောင့်ပင်.....

' ငါ..ဘယ်ရောက်နေတာလဲ...'

စုမင် မျက်လုံးမှတ်ထားလိုက်ပြီး နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ရေခဲလွှာကို ထိမိလိုက်သည်နှင့်တစ်ပြိုင်နက် အတားအဆီးဖြစ်စေသော တွန်းကန်အားတစ်ရပ်ကို ခံစားလိုက်ရသည်။ထို အတားအဆီး၏ စွမ်းအားကြောင့် စုမင်၏ နတ်ဘုရားအာရုံသည် ပေတစ်ဒါဇင်ခန့်သာ ဖြန့်ကျက်နိုင်ခဲ့လေသည်။

' ငါ့ပတ်ပတ်လည်မှာ ရေခဲတွေချည်းပဲ....ဒါ ဗလာဂိတ်တံခါးများလား...'

စုမင်၏ နှလုံးသားထဲမှာ မသေချာမရေရာမှုများ မြင့်တက်လာသည်။

ဗလာဂိတ်တံခါးက သူ့( စုမင် )ရဲ့ ဂူဆီပြန်ပို့ပေးမည်ဟူ၍ ဟုန်လော့ ပြောခဲ့မှန်း အမှတ်ရနေသေးပေမယ့် ဤနေရာသည် ရေခဲများပတ်လည်ဝိုင်းနေသည့်နေရာတစ်ခုဖြစ်နေ၏.....

' ကြည့်ရတာ တိထျန်းရဲ့ " အဖြူရောင်ကောင်းကင်ထက်သို့ဆန်တက်ခြင်း " နဲ့ ငါ့ရဲ့ မာန်နတ်ဘုရားစွမ်းရည်တို့ ထိပ်တိုက်တွေ့ပြီး အားကောင်းတဲ့ လှုံဆော်မှုတစ်ခု ဖြစ်လာလို့များ ဗလာဂိတ်တံခါးကို အပြောင်းအလဲတွေဖြစ်စေတာများလား...'

စုမင်တစ်ယောက် အဖြေကို ရှာတွေ့ခဲ့လေသည်။ ဟုန်လော့ လိမ်ညာခဲ့ခြင်းဟူသည့် ဖြစ်နိုင်ချေကို ဖယ်ထုတ်လို​က်ပါက အထက်ပါအချက်သည် ဖြစ်နိူင်ချေအရှိဆုံး အဖြေတစ်ခုမဟုတ်ပေလော....

ဟုန်လော့သည် သူ့အား အမှန်တရားကို ဖုံးကွယ်ရန် မလိုအပ်သောကြောင့် စုမင်၏ နှလုံးသားထဲတွင် အဖြေတစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော် သူ့အဖြေကို သေချာခံစားစပြုလာမိသောအခါတွင် သူ့စိတ်ထဲတွင် မေးခွန်းအသစ်များ ပေါ်လာသည်။

' ဗလာဂိတ်တံခါးက ဘာလို့ရှိနေသေးတာလဲ...ဟုန်လော့ပြောတုန်း​က တည်နေရာရွှေ့ပြောင်းပေးပြီးတာနဲ့ ပျောက်ကွယ်သွားမှာဆို......'

' အခုကြတော့ ငါ့ရဲ့ နတ်ဘုရားအာရုံကို အဝေးထိ မဖြန့်ကျက်နိုင်သေးပေမယ့် ဗလာဂိတ်တံခါးရှိနေသေးတာကို ခံစားလို့ရနေတယ်...ဘာကြောင့်လဲ....'

စုမင် အတန်ကြာ စဉ်းစားနေပြီးနောက် သံသယတွေကို ဖယ်ထုတ်လိုက်ကာ ခန္ဓာကိုယ်ထဲကစွမ်းအင်တွေကို လှည့်ပတ်လိုက်သည်။

ဤသည်မှာ နိုးထလာပြီးချိန်ကစပြီး ပထမဆုံးအကြိမ်အဖြစ် ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားများကို အာရုံခံခြင်းဖြစ်သည်။

အရင်တစ်ခေါက် နိုးထလာစဉ်တုန်းအခါက တိထျန်း၏တည်ရှိနေမှုနှင့် ဟုန်လော့၏ စကားများအပြင် အိမ်မက်ထဲမှ မြင်ကွင်းများကြောင့် ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်အား အာရုံမခံနိုင်ခဲ့ပေ.......

ထိုအချိန်တွင်၊ သူသည် တိတ်ဆိတ်စွာ ဝန်းရံထားသည့် ရေခဲထဲတွင် အေးခဲနေရမည်ကို သိသောကြောင့် စုမင် ၏နှလုံးသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူ့ကိုယ်ပိုင် စွမ်းအားကို ခံစားသိရှိလာသောအခါတွင် အချက်အလက်များသည်  စုပ်ယူလိုက်သလိုပင် သူ့စိတ်ထဲသို့ စီးဆင်းသွားသည်။

ထိုအချက်အလက်များသည် ဟုန်လော့ ဘဝတစ်တာ ကျင့်ကြံခဲ့သော တာအို၊ ကျင့်ပညာရပ်များ၊ နတ်ဘုရားစွမ်းရည်၊ ကျင့်ကြံမှု အပေါ် ဟုန်လော့၏ ကိုယ်ပိုင် သိမြင်နားလည်မှုများ၊ အင်မော်တယ်မျိုးနွယ်စုတို့၏ ကျင့်ကြံခြင်း နည်းလမ်းများတို့သာ ဖြစ်သည်။

စုမင်၏ နှလုံးသား တုန်လှုပ်သွားသည်။ ဤအချက်အလက်များကို သိ​လိုက်ရသောအခါတွင် ကြီးမားသော လှိုင်းလုံးကြီးသည် သူ့နှလုံးသားထဲသို့ တိုးဝင်လာပြီး သူ့စိတ်ဝိညာဉ်ထဲသို့ ပြင်းထန်စွာ ဝင်ရောက်သွားသောကြောင့် အချိန်အတော်ကြာမှ သာတည်ငြိမ်လာနိုင်ခဲ့သည်။

'ဒါ အင်မော်တယ်မျိုးနွယ်စုလား.. ကောင်းကင်သို့ ခြေလှမ်းသုံးလှမ်း… '

'ဒါက ကမ္ဘာများစွာရဲ့ အရင်းအမြစ်များတွေကို ပေါင်းစပ်ပြီး လောကတစ်ခုရဲ့ နေမင်းအဖြစ်ပြောင်းလဲသွားတာပဲ....'

စုမင်၏နှလုံးသားထဲတွင် ခါးသီးမှုများ ပိုတိုးလာသော်လည်း အလားတူပင် ကြည်လင်ပြတ်သားမှုလှိုင်းများသည်လည်း ဖြစ်ပေါ်လာသည်။

' တစ်နေ့ကျရင် တိထျန်း ထက်သာစေရမယ်လို့ပြောခဲ့ဖူးတယ်...အဲ့အတွေးက အခုထက်ထိမပြောင်းလဲသေးဘူး....ဘာတန်ဖိုးပဲ ပေးဆပ်ရပါစေ ဒီရက်ပိုင်းအတွင်းမှာ ငါ တိထျန်းထက်သာလွန်တဲ့ စွမ်းအားမျိုး  ရလာအောင်ကြိုးစားမယ်...'

' အချိန်ကျလာရင်တော့.....'

စုမင်၏ နှလုံးသားသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ လည်ပည်ပြီးနောက်  အအေးဓာတ်များလည်း စတင် လျော့ပါးလာခဲ့သည်။ အသက်ဓာတ် တိုးပွားလာသည်နှင့်နတ်ဘုရားအာရုံ ဖြန့်ကျက်နိုင်မှု နယ်ပယ်သည်လည်း ကျယ်ပြန့်လာခဲ့ပြီး အတားအဆီးများ လျော့ပါးလာခဲ့လေသည်။

ဤသို့ဖြင့်...တစ်နေ့သော အခါတွင် စုမင်၏ နတ်ဘုရားအာရုံများသည် ရေခဲတောင်ထဲမှ ထွက်ပေါ်လာပြီး နေရာအနှံ ပြန့်နှံ့သွားခဲ့သည်။သို့သော်လည်း အားပျော့သော အတားအဆီးတစ်ခုရှိနေသေးသည့်အတွက် အနက်ရောင်ပင်လယ်အတွင်း လီတစ်သောင်းခန့်သာ ဖြန့်ကျက်နိူင်ခဲ့သည်။ထို ရေနက်ထဲတွင် အတားအဆီး တစ်ခုတည်းသာ မကဘဲ နတ်ဘုရားအာရုံအား ဖိနှိပ်ထားနိုင်သည့် ပရာတစ်ခုပါ ရှိနေသေးသည်။သို့မဟုတ်ပါက စုမင်၏ နတ်ဘုရားအာရုံသည် ပိုမုကျယ်ပြန့်သော ဧရိယာများအထိ ဖြန့်ကျက် နိုင်ပေလိမ့်မည်။

နတ်ဘုရားအာရုံအား လီတစ်သောင်းအတွင်း ဖြန့်ကျက်လိုက်သောအခါ စုမင်သည် သူရောက်ရှိနေသည့် နေရာကို သိလိုက်ရသည်။ အနက်ရောင်ပင်လယ်၏အောက်ဘက်တွင်တည်ရှိနေသော ရေခဲမြစ်များကိုလည်း တွေ့မြင်နေရသည့်အ​ပြင် လက်ရှိ မိမိကိုယ်တိုင် ရောက်နေသည့် ရေခဲတောင်ကြီးကိုသာမက အနက်ရောင်ပင်လယ်၏ နက်စွေးနေသော ပင်လယ်ရေများကိုပါ တွေ့မြင်လိုက်ရသည်။

သို့သော်လည်း စုမင်၏ နတ်ဘုရားအာရုံသည် ပင်လယ်ရေများထဲမှ ကျော်လွန်ပြီး မဖြန့်ကျက်နိူင်သေးပေ....စုမင်၏ နတ်ဘုရားအာရုံ ဖြန့်ကျက်နိူင်သည့် ဧရိယာသည် အပြောကျယ်လွန်းလှသည့် ပင်လယ်၏ သေးငယ်လှသော အစိတ်ပိုင်းတစ်ခုမျှသာ ဖြစ်သည်။

စုမင် မျက်လုံးများ ဖွင့်လိုက်သည်။

သူ့ခန္ဓာကိုယ်အား ဖုံးအုပ်ထားသည့် ရေခဲအလွှာများ တဖြည်းဖြည်း အရည်ပျော်သွားသည့်အတွက် မျက်လုံးဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ခန္ဓာကိုယ်ကတော့ဖြင့် မလှုပ်ရှားနိူင်သေးပေ....

သူသည် ရေခဲအလွှာကို ကျော်လွန်၍ အနက်ရောင်ပင်လယ်ရေများကို ကြည့်လိုက်မိရာ သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ ပေါ်လာသော်လည်း မကြာမီပင် ထိုရှုပ်ထွေးမှုများ ပျောက်ကွယ်သွားခဲ့သည်။

' ဒါ...ပင်လယ်သေများလား....'

စုမင် မျက်မှောင်ကြုံ့လိုက်မိသည်။

ဖြန့်ကျက်ထားသော နတ်ဘုရားအာရုံများကို ပြန်သိမ်းဆည်းလိုက်ပြီး ခန္ဓာကိုယ်တစ်ဝိုက်နှင့် ဗလာဂိတ်တံခါးဆီသို့ ပို့လွှတ်လိုက်သည်။ အနီးကပ် လော့လာစူးစမ်းပြီးနောက် စုမင် သဲလွန်စတစ်ချို့ ရသွားခဲ့လေ၏......

' ဗလာဂိတ်တံခါး ငါ့ကို တည်နေရာရွှေ့ပေးနေတုန်း တိထျန်းရဲ့ စွမ်းအားတွေ ဝင်ရှုပ်လို့ ဉီးတည်ရာလမ်းကြောင်းပြောင်းပြီး ပင်လယ်သေအောက်ဘက်က ရေခဲတွေဆီ ပို့ပေးခဲ့တာပဲ....'

' ဒါပေမယ့် တိထျန်းရဲ့ စွမ်းအားနဲ့ ငါ့ကို ဒီထဲမှာ ချိတ်ပိတ်ခဲ့တယ်ဆိုရင် ဒါကြီးက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး....အဲ့အစား ဒီဧရာမရေခဲတောင်ကြီးကို ကမ္ဘာတည်သ၍ ရှိနေနိူင်အောင် ဖွဲ့စည်းထားခဲ့မှာပေါ့....'

' ဒါဆို........ ဒီဗလာဂိတ်တံခါးက လည်ပတ်နေတုန်းဆိုတော့​ နောက်တစ်ခါ အသက်သွင်းလိုက်ရင်  ငါနေတဲ့ဂူဆီ ( ရှာမန်နယ်မြေထဲမှာ ပုန်းနေခဲ့တဲ့ဂူ)ပြန်ပို့ပေးနိုင်မလား…'

စုမင်၏ မျက်လုံးများထဲတွင် စူးရှသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။ မာန်အရိုးများ၏ စွမ်းအားသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ ကွဲအက်နေသည့် အသံများ  ထွက်ပေါ်လာပြီး သူ့အား ဖုံးထားသည့် ရေခဲလွှာများ ချက်ချင်း အက်ကွဲလာခဲ့သည်။ သို့သော်လည်း အက်ကွဲစပြုလာသည်သာဖြစ်၍ လွတ်မြောက်ရန် ဝေးကွာနေသေး၏.......

စုမင် မျက်မှောင်ကြုတ်ပြီး မျက်လုံးမှိတ်လိုက်သည်။ ခဏအကြာတွင် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ  နက်နဲသော အကြည့်များ ပြည့်နှက်သွားသည်။ သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ထွန်းလင်းနေပြီး သူ့ ဒန်တျန်ထဲတွင် ထိုင်နေသည့် သူနှင့် တစ်ထပ်တည်းတူသော လူသေးသေးလေးသည်လည်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သည် ။

ပေါက်ကွဲသံနှင့်အတူ စုမင်၏ ခန္ဓာကိုယ်သာ်  ပေါက်ကွဲထွက်လာသော မတူညီသည့် စွမ်းအားများကြောင့် တစ်ဖန် တုန်ခါသွားသည်။ ၎င်းသည်မာန်မျိုးနွယ်စု၏ စွမ်းအားနှင့် မတူညီသော စွမ်းအားတစ်ခုဖြစ်သည်။ ထိုအစွမ်းကြောင့် အက်ကွဲကြောင်းများ ထပ်မံမပေါ်သေးသော်လည်း၊ မူလရှိခဲ့သည့် အက်ကွဲကြောင်းများ စတင်ပြန့်နှံ့လာသည်။

ဤမတူညီသော စွမ်းအားနှစ်မျိုးသည် မတူညီသော အပြောင်းအလဲနှစ်ခုကို ဖြစ်ပေါ်စေသည်။ စုမင် ၏ မျက်လုံးများ တောက်ပလာပြီး သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့်အတွက် နားလည်မှု အသစ်တစ်ခု ရရှိခဲ့သည်။

' မာန်မျိုးနွယ်စုရဲ့စွမ်းအားက ပြင်းထန်ကြမ်းတမ်းတာကြောင့် ရေခဲလွှာကို အက်ကွဲသွားစေတယ်...အင်မော်တယ်မျိုးနွယ်စုရဲ့ စွမ်းအားကြတော့ သိမ့်မွေ့ညှင်သာတာကြောင့် အက်ကွဲကြောင်းတွေကို ပိုပြီး ကျယ်ပြန့်သွားစေတယ်....'

ထိုစွမ်းအားနှစ်ရပ်ကို အကြိမ်ပေါင်းများစွာ ပြောင်းလဲအသုံးပြုပြီး  ရက်အနည်းငယ်ကြာပြီးနောက်၊ စုမင် ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ရေခဲလွှာများ ကွဲအက်သွားကာ သူ့ကို ပြန်လည်လှုပ်ရှားနိုင်စေခဲ့သည်။

သို့သော်လည်း ရေခဲအလွှာ၏ အတွင်းပိုင်းသာ ကွဲအက်သွားခြင်းဖြစ်ပြီး ပြင်ပအလွှာသည် ပတ်ပတ်လည်တွင် ရှိနေဆဲဖြစ်ပြီး ၎င်းသည် အလွန်ကြီးမားသော အခွံတစ်ခုကဲ့သို့ ဖြစ်နေသည်။ စုမင်၏ ဘေး ယပတ်လည်ရှိ ရေခဲလွှာများသည်လည်း လျင်မြန်စွာ ပြန်လည်ဖွဲ့စည်းလာကြသည်။ သိပ်မကြာမှီတွင် သူ့ကို နောက်တစ်ကြိမ် ချည်နှောင်မယ့် တောင်အဖြစ် ပြောင်းလဲသွားလိမ့်မည်။

' ဟုန်လော့ ငါ့ကို အမွေပေးခဲ့တဲ့ မှတ်ဉာဏ်တွေအရဆို ဒန်တျန်ထဲက လူသေးသေးလေးကို အခြေတည်အဆင့်ဝိဉာဉ်လို့ခေါ်တယ်တဲ့....ဒါဆို အင်မော်တယ်မျိုးနွယ်စုရဲ့ ကျင့်ကြံမှုနယ်ပယ်အရဆို ငါ့အဆင့်က အခြေတည်ဝိဉာဉ်အဆင့်မှာပေါ့....'

' အခြေတည်ဝိဉာဉ်အဆင့်က သန်မာမှုအစစ်အမှန်မဟုတ်သေးဘူး...တိထျန်းနဲ့ယှဉ်လို့မရသေးဘူး....ဒါပေမယ့် ဟုန်လော့က နတ်ဘုရားအာရုံသုံးပြီး ငါ့ခန္ဓာကိုယ်ကို ကနေဆဆင့် နတ်ဘုရားစွမ်းရည် ပညာရပ်တွေ ထုတ်သုံးနိုင်ခဲ့တယ်....ဒီအတိုင်းသာဆို နတ်ဘုရားအာရုံဆိုတာ  အင်မော်တယ်မျိုးနွယ်စုရဲ့ အမြူတေပဲ ဖြစ်ရမယ်...'

' ဟုန်လော့ သေသွေားပေမယ့် သူ့ရဲ့တာအိုရယ် ၊ နတ်ဘုရားစွမ်းရည်တွေရယ် ငါ့ကို လွှဲပေးခဲ့တယ်....နှမြောစရာကောင်းလိုက်တာ....ငါ့မှာ သန်မာတဲ့ နတ်ဘုရားအာရုံရှိနေမှသာ ဒီပညာရပ်တွေ ထုတ်သုံးနိုင်မှာ....'

' ဒါပေမယ့် အခြေတည်ဝိဉာဉ်အဆင့်နဲ့တင် ထုတ်သုံးလို့ရတဲ့ ပညာရပ်တွေရှိသေးပါတယ်လေ...'

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ ရှေ့သို့ လျင်မြန်စွာ ခြေတစ်လှမ်းတိုးလိုက်ရာ သူ့ခန္ဓာကိုယ်သည် ချက်ချင်းပင် ပျောက်သွားသည်။ သူပြန်ပေါ်လာသောအခါ၊ သူသည် ယခင်ရှိခဲ့သည့်နေရာနှင့် ပေပေါင်းများစွာ ဝေးကွာနေပြီဖြစ်သည်။

ပေပေါင်း ဒါဇင်နဲ့ချီပြီး ဆိုပေမယ့်လဲ စုမင်သည် ထိုအကွာအဝေးအား တူညီသော အချိန်၊ တူညီသော အရှိန်နှုန်းတို့ဖြင့် နီးကပ်စေခဲ့ခြင်းဖြစ်သည်။ထိုသို့ ပြုလုပ်နေချိန်တွင် စုမင်သည် မာန်မျိုးနွယ်စုပိုင်စွမ်းအားကို လုံးဝအသုံးမပြုခဲ့ဘဲ  အင်မော်တယ်မျိုးနွယ်စုစွမ်းအားများကိုသာ အသုံးပြုခဲ့သည်။

' လှိုင်းတိုခရီးစဉ်....'

စုမင် တီးတိုးရေရွတ်လိုက်သည်။ သူသည် ထိုအရာအား တွေးတောနေစဉ်တွင် သူ၏ နတ်ဘုရားအာရုံအာရုံကို တစ်ဖန် ပျံ့နှံ့စေခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ရေခဲတောင်ထက်ကျော်လွန်၍ အနက်ရောင်ပင်လယ်ရေကို မစစ်ဆေးခဲ့ပေ။ ယင်းအစား၊ သူသည် ရေခဲမြစ်ကိုဖြတ်၍ သူ၏နတ်ဘုရားအာရုံကိုဖြန့်ကျက်ခဲ့သည်။

ရုတ်တရက် သူ့အမူအရာ ပြောင်းသွားသည်။ သူ၏ နတ်ဘုရားအာရုံအရ၊ အဆုံးမရှိသောရေခဲမြစ်အတွင်း၌ သက်ရှိသတ္တဝါများစွာ အေးခဲနေပြီး ချိတ်ပိတ်နေသည်ကို သူတွေ့လိုက်ရသည်။

ဤသတ္တဝါများသည် တစ်ကောင်နှင့် တစ်ကောင်ကြား အကွာအဝေးတူညီစွာဖြင့် ချိတ်ပိတ်ခြင်းခံထားကြသည်။

All Chapters