တည်နေရာရွေ့ပြောင်းခြင်းဂိတ်တံခါး
Vol. 30 Ch. 408
တောင်ပိုင်းအာရုဏ်ဉီးနယ်မြေအတွင်းရှိ ရှာမာန်နယ်မြေ၏ ဝေးလံခေါင်သီသော နေရာတစ်ခုတွင် နေထိုင်ကြသော နွားသိုးဖြူမျိုးနွယ်စုနှင့် ကြိုးကြာနက်မျိုးနွယ်စုတို့သည် ဤရက်ပိုင်းအတွင်း ထိတ်လန့်စရာအဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ကြသည်။
နွားသိုးဖြူမျိုးနွယ်စု၏ အထိတ်တလန့်ဖြစ်မှုသည် စုမင်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။မျိုးနွယ်စုခေါင်းဆောင်၏ ဆုံးဖြတ်ချက်သည် မျိုးနွယ်ဝင်တို့၏ ဒေါသကို ဆူပွက်စေခဲ့သည်။ တစ်ပါးသူ စိတ်ဖြေဖို့အတွက် မျိုးနွယ်စုဝင်အမျိုးသမီးများကို ပေးလိုက်ခြင်းအား အရှက်ရစရာတစ်ခုအဖြစ် မျိုးနွယ်စုဝင်အများစုက ယူဆထားကြသည်။ဤသို့ပို့ပေးမည့်အစား သူသေကိုယ်သေ ပြန်တိုက်ခိုက်ကြသည်က ပိုကောင်းပေဉီးမည်။
ထို့အပြင် လူအများစုက အတူတကွ ပူးပေါင်းလုပ်ဆောင်ပါက စုမင်ကို သတ်ရန် အခွင့်အလမ်း ရှိမည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ဘိုးဘေးများ၏ လုပ်ရပ်အပေါ် သံသယဖြစ်ခဲ့ကြသည်။
အမှန်တကယ် မဖြစ်မလာသေးသော်လည်း ထိုအာဃာတနှင့် သံသယစိတ်တို့သည် မျိုးစေ့များကဲ့သို့ပင် သူတို့၏နှလုံးသားထဲတွင် စိုက်ပျိုးထားခဲ့သည်။ နွားသိုးဖြူမျိုးနွယ်စုရှိ မျောက်မျက်နှာ အဘိုးအိုသည် ၎င်းအကြောင်းကို သိသော်လည်း ဆိတ်ဆိတ်သာ နေနိုင်ခဲ့သည်။
မျိုးနွယ်စုကို ထိန်းချုပ်ရန် အခြားသော အုပ်ထိန်းသူများ အသုံးပြုသည့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများနှင့် နှိုင်းယှဉ်ပါက အဘိုးအိုသည် သူ့မျိုးနွယ်စုကို နှလုံးသားရည်ဖြင့်သာ ထိန်းချုပ်ခဲ့သည်။သူ့အတွက် ကံကောင်းထောက်မစွာဖြင့် ထိုအာဃာတနှင့် သံသယစိတ်တို့သည် တစ်လတာမျှသာ ကြာမြင့်ခဲ့ပြီး နွားသိုးဖြူမျိုးနွယ်စု တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည့် ထိုအဖြစ်အပျက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုသို့ဖြစ်ရခြင်း အကြောင်းမှာ နွားသိုးမျိုးနွယ်စု၏ စွန့်စားသွားလာသူ လူငယ်လေးတစ်ယောက်ကြောင့်ဖြစ်သည်။လူငယ်ဖြစ်သည့်အလျှောက် သွေးဆူလွယ်ပြီး ထင်ရာစိုင်းလိုမှုတို့ ရှိခဲ့လိမ့်မည်။
ထို့နေ့က စုမင်ထံလွှတ်ပေးခဲ့သည် အမျိုးသမီးသုံး ဉီးထဲမှ နှစ်ဉီးသည် ထိုလူငယ်လေး၏ လက်တွဲဖော်များ ဖြစ်နေလေသည်။
စုမင် နေထိုင်ခဲ့သည့် ဂူထဲကို သူတစ်ယောက်တည်း သွားခဲ့ပေမယ့် သူရောက်သွားချိန်မှာ တောင်တန်းတစ်ခုလုံး ပျောက်ကွယ်သွားသည်ကို တွေ့ခဲ့ရသည်။တောင်တန်းနှင့် လိုဏ်ဂူတို့ တည်ရှိခဲ့ရာနေရာသည် မြေပြန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုနေရာတစ်ဝိုက်တွင် မည်သည့် အရိပ်အယောင်မျှ မတွေ့ရပေ။
လူငယ်သည် မျိုးနွယ်စုသို့ ပြန်သွားပြီး ထိုအကြောင်းကို နွားသိုးဖြူမျိုးနွယ်စုတစ်ခုလုံး သိရှိသွားသောအခါတွင် မျောက်မျက်နှာ အဘိုးအိုသည် စုမင် နေထိုင်သည့် ဂူတည်ရှိရာနေရာသို့ လူအချို့ကို ခေါ်ဆောင်သွားခဲ့သည်။ အနီးကပ်စစ်ဆေးပြီးနောက်တွင် အဘိုးအို၏မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ ပေါ်လာသော်လည်း အမျိုးအမည်မသိသော ထိတ်လန့်မှုဖြင့် လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။
တောင်တန်းများ ပျောက်ကွယ်သွားရုံသာမက ရှာမတ်သလင်းကျောက်ကြောပါ ပျောက်ကွယ်သွားခဲ့သည်...။
မျောက်မျက်နှာ အဘိုးကြီးသည် ကျယ်ပြောလှသော မြေပြင်အလွတ်ကြီးအား ကြည့်လိုက်သည်။ ဘာမှန်းမသိသော အကြောင်းပြချက်တစ်ခုကြောင့် သူ့ရင်ထဲတွင် ကြောက်ရွံ့မှုများ ရုတ်တရက် ပေါ်လာခဲ့သည်။ ဆိတ်ငြိမ်သော ဤမြေ၌ လူသတ်နိုင်သော အငွေ့အသက်များ ပေါ်လာသကဲ့သို့ပင်။ သူ့စိတ်နှလုံးကို တုန်လှုပ်စေသောကြောင့် မျိုးနွယ်စုဝင်များအား နေရပ်သို့ ချက်ချင်း ပြန်ခိုင်းခဲ့သည်။
ထို့နောက် ဘိုးဘေးအဆင့်အမိန့်ဖြင့် မျိုးနွယ်စုဝင်အားလုံးကို နှုတ်ပိတ်အမိန့်ပေးခဲ့သည်။ သူနှင့်အတူ လိုက်ပါခဲ့သူတွေကိုလည်း ထိုအကြောင်းမပြောဖို့ တားမြစ်ထားပြီး ဆန့်ကျင်သူများကိုလည်း ပြင်းထန်စွာ အပြစ်ပေးခဲ့လေသည်။
နွားသိုးဖြူမျိုးနွယ်စုကဲ့သို့ပင် ကြိုးကြာနက်မျိုးနွယ်စုသည်လည်း ဘေးဒုက္ခကျရောက်နေပေမယ့် မသိမသာ ကွဲပြားသော အခြေနေနှင့် ရင်ဆိုင်နေကြရသည်။ မဒမ်ဂျိနှင့် အတူ လိုက်ပါသွားသော မျိုးနွယ်စုခေါင်းဆောင်ရော မဒမ်ဂျိပါ ပြန်ရောက်မလာကြသည့်အတွက် သလင်းကျောက်ကြောအား လုယူသွားသူသည် သာမည်ညောင်ညတစ်ယောက်မဟုတ်မှန်း သိသာနေပေ၏......
လက်တွေ့တွင်.... ကြိုးကြာနက်မျိုးနွယ်စု၏ ဘိုးဘေးကြီးသည် စုံစမ်းစစ်ဆေးရန် မျှော်လင့်ချက်ဖြင့် လူအချို့ကို ထိုနေရာသို့ တိတ်တဆိတ် ခေါ်ဆောင်လာခဲ့သည်။ သို့သော်လည်း နွားသိုးဖြူမျိုးနွယ်စုမှ လူများနှင့် တူညီသော မြင်ကွင်းကိုသာမြင်ခဲ့ရသည်။ ၎င်းသည် မြေပြန့်လွင်ပြင်ဖြစ်နေပြီး သူမှတ်မိသည့်အရာနှင့် နှိုင်းယှဉ်လျှင် လုံးဝခြားနားသောမြင်ကွင်းတစ်ခုဖြစ်သည်။
ထိုနေရာရှိ သတ်ဖြတ်လိုစိတ် အော်ရာသည် ကြိုးကြာနက်မျိုးနွယ်စု၏ ဘိုးဘေးကိုလည်း သည်းအူထိတိုင် တုန်လှုပ်သွားစေခဲ့သည်။ ဒါ့ကြောင့် ထိုနေရာကနေ အမြန်ထွက်ခွာလာခဲ့ပြီး ထိုနေရာအား တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း မျိုးနွယ်စုအား အသိပေးခဲ့လေသည်။
သလင်းကျောက်ကြော ဆုံးရှုံးသွားသည့်အတွက် ထိုမျိုးနွယ်စုနှစ်ခုကြားတွင် တိုက်ခိုက်ကြရန် အကြောင်းပြချက်မရှိတော့ပေ......
အချိန်တွေ တဖြည်းဖြည်း ကုန်သွားခဲ့လေပြီ.....
တစ်လအကြာတွင် ထိုမြေပြန့်လွင်ပြင်ဆီသို့ အနီရောင်တောက်နေသော မျောက်ဝံတစ်ကောင် ရောက်လာခဲ့သည်။ ထိုမျောက်ဝံသည် မြေပြန့်လွင်ပြင်ကြီးကြောင့် တခဏတာ အံ့အားသင့်သွားခဲ့ပြီး တစ်စုံတစ်ခုအား ရှာဖွေသည့်အနေဖြင့် ထိုနေရာတွင် အကြိမ်ပေါင်းများစွာ လှည့်လည်နေခဲ့သည်။
နောက်ဆုံးတွင်တော့......ဤနေရာတစ်ခုလုံးသည် မြေပြန့်လွင်ပြင်တစ်ခုအဖြသ်ပြောင်းလဲသွားမှန်း သိလိုက်ရလေသည်။ နားခိုခဲ့ဖူးသည့် လှိုင်ဂူ၊ ပြေးလွှားဆော့ကစားခဲ့သည့် တောင်တန်းတို့ ပျောက်ကွယ်သွားခဲ့ပြီ....ထို့အတူ ရင်းနှီးခင်မင်ခဲ့ရသည့် တစ်ဉီးတည်းသော ပုဂ္ဂိုလ်သည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ........
ဤသို့တိုင်အောင် အရှုံးမပေးခဲ့ပါချေ....ဤနေရာတွင် ဆက်လက်နေထိုင်၌ ဝင်ပေါက်ရှာဖို့ နည်းလမ်းများစွာ ရှာဖွေနေဉီးမည်သာ......
စုမင်နေထိုင်ခဲ့ဖူးသည့် လှိုင်ဂူနှင့် တောင်တန်းတို့ ပျောက်ကွယ်သွားခြင်း မဟုတ်သည်ကို ဒီလူတွေအားလုံး မသိနိုင်ခဲ့ပေ....ဟုန်လော့သည် နတ်စွမ်းရည်တစ်ခုသုံးပြီး လူတွေ ထိတွေ့ မြင်နိူင်စွမ်းမရှိအောင် တောင်တန်းတစ်ခုလုံးအား ဖုံးကွယ်ခဲ့ခြင်းဖြစ်သည်။ဤသည်မှာ ကမ္ဘာလောကနှင့် မသက်ဆိုင်ဘဲ ကွဲထွက်နေသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခြင်းသာပင်.....
ထိုပုံရိပ်ယောင်ဧရိယာအတွင်းနှင့် တောင်တန်းအလွန် မြေပြင်ပေါ်တွင် အလောင်းနှစ်လောင်းရှိသည်။ ပို၍တိကျစွာပြောရလျှင် ၎င်းမှာ အလောင်း ၃ လောင်းဖြစ်သင့်သော်လည်း မဒမ်ဂျိ ၏အလောင်းသည် အပိုင်းပိုင်းဖြစ်သွားပြီး သူမ၏အသွင်အပြင်ကို မမြင်နိုင်တော့ပေ။
ကျန်ရစ်ခဲ့သော အလောင်းနှစ်ခုအနက် တစ်ခုမှာ မဒမ်ဂျိ၏ ရုပ်သေးရုပ်တစ်ဖြစ်လဲ ခင်ပွန်းဖြစ်သူ ကျိယွင်ဟိုင်၏ အလောင်းဖြစ်ပြီး နောက်တစ်ခုမှာ ခြောက်သွေ့နေသော ကြိုးကြာနက်မျိုးနွယ်စုခေါင်းဆောင်၏ အလောင်းဖြစ်သည်။
၎င်းတို့အပြင် မြေပြင်ပေါ်တွင် အနက်ရောင်ပိုးတောင်မာ အများအပြားလည်း ကျန်နေသေးသည်။ ဤအင်းဆက်ငယ်များသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲနေသော်လည်း ၎င်းတို့တွင် သေဆုံးနေဟန် မည်သည့််အရိပ်အမြွက်မျှ မတွေ့ရှိရပေ။ ၎င်းတို့အားလုံးသည် အိပ်ပျော်နေသကဲ့သို့ပင်......
ထိုဒေသတွင် ပျံသန်းနေသော တစ်ခုတည်းသော အရာမှာ အနက်ရောင်မျဉ်းကြောင်းတစ်ကြောင်း ဖြစ်သည်။ထိုအနက်ရောင်မျဉ်းကြောင်းဆိုသည်မှာ စုမင် ပိုင်ဆိုင်သည့် ထူးဆန်းလှသည့် မြွေငယ်လေးသာပင်.....ထိုမြွေလေးသည် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ရံဖန်ရံခါ စူးစူးရှရှအော်ဟစ်နေသည့် အသံများ ထွက်ပေါ်နေသော်လည်း ၎င်းအား မမြင်တွေ့နိုင်ပေ.......
နောက်ဆုံးတွင်၊ ၎င်းသည် မဝေးလှသော ချုံပုတ်တစ်ခုထဲတွင် လဲလျောင်းနေသော ဓားရှည်လေးတစ်ချောင်းဆီသို့ ပျံသန်းသွားကာ တစ်စုံတစ်ခုကို အော်ဟစ်နေသကဲ့သို့ ရံဖန်ရံခါ တိုးလျသော ငိုကြွေးသံများ ထွက်ပေါ်လာလေ၏......
တောင်တန်းအတွင်းရှိသော လှိုဏ်ဂူထဲမှ အခန်းတစ်ခုထဲတွင် ကြီးမားလှသော ဆေးကြိုအိုးကြီးတစ်လုံးရှိနေသည်။ ထိုဆေးကြိုအိုးကြီးသည် ကမ္ဘာအရပ်ရပ်မှ စွမ်းအားများကို တဟုန်ထိုးစုပ်ယူနေပြီး အတွင်းတွင်ရှိသော ဆေးလုံးအား နှေးကွေးလှသော အရှိန်နှုန်ဖြင့် သန့်စင်နေသည်။
နောက်ထပ်အခန်းတစ်ခုထဲတွင် မာန်စွမ်းအားရှင်အဖိုးအိုတစ်ဦးသည် မလှုပ်မယှက်ဘဲ လဲလျောင်းနေသော်လည်း သူ့မျက်ခွံများ တုန်ခါနေသည်။ မျက်လုံးဖွင့်ပြီး နိုးထဖို့ ရုန်းကန်နေသည့်အရိပ်အယောင်များ ပြသနေ၏....
ထိုမာန်စွမ်းအားရှင်အဖိုးအိုတစ်ယောက် ရှိသမျှအားကုန်သုံးပြီး မျက်လုံးဖွင့်ရန်ကြိုးစားလိုက်သည်နှင့်တစ်ပြိုက်နက် အပြင်ဘက်တွင်ရှိနေသော မြွေလေးသည် တောင်တန်းရှိရာဘက်သို့ ခေါင်းထောင်ကြည့်ပြီး ခပ်တိုးတိုး မြည်တွန်လိုက်သည်။ ထို့နောက် သခင့်ဂူနေသို့ တစ်ချက်ကြည့်လိုက်ပြီး မြေပြင်ပေါ်လျောတိုက်ရွေ့လျားသွားပြီးနောက် ရုတ်တရက် ပျံသန်းလိုက်လေသည်။
မြွေငယ်လေးသည် ပျံသန်းနေရင်း ထိုဧရိယာတွင်းတွင်ရှိနေသော ဝိဉာဉ်လုယက် ဆေးလုံးသုံးလုံးကို သယ်ဆောင်၍ အဖိုးအိုလဲလျောင်းနေသော ဂူအတွင်းသို့ ပြေးဝင်သွားခဲ့သည်။ အခန်းထဲသို့ရောက်သောအခါ မြွေငယ်လေး စူးရှစွာ မြည်တွန်လိုက်သည့်အခါ ဝိဉာဉ်လုယက် ဆေးသုံးလုံးသည်အဖိုးအို၏ ဉီးခေါင်းထက်တွင် နဂိုအနေအထားဖြင့် ပျံဝဲနေကြလေသည်။
ဆေးသုံးလုံး ပြန်ရောက်လာသည့် အခိုက်တွင် အဖိုးအိုသည် အမှန်တကယ်ပင် မျက်လုံးဖွင့်နိုင်နေပြီဖြစ်သည်။ အဖိုးအို၏ နှုတ်ဖျားထံမှ သားရဲဟိန်းဟောက်သံ ခပ်တိုးတိုး ထွက်ပေါ်လာလေ၏.....
တစ်ချိန်တည်းမှာပင် အထက်တွင် ပျံသန်းနေသောမြွေငယ်လေးသည် အဖိုးအိုအား အေးစက်စွာစိုက်ကြည့်နေပြီး စူးရှသောမြည်တွန်သံတစ်ချက်ထုတ်လွှင့်ကာ အဖိုးအို၏ လက်မောင်းအား ကိုက်ခဲလိုက်ပါတော့သည်။ အဖိုးအို၏လက်မောင်းတစ်ခုလုံးသည် ချက်ချင်းပင် အနက်ရောင်အငွေ့များ ဖုံးလွှမ်းလာပြီး ထိုအငွေ့များ တစ်ကိုယ်လုံးသို့ ပြန့်နှံသွားသောအခါ အဖိုးအိုသည် မကျေမနပ်ဖြစ်ကာ အော်ဟစ်လိုက်သည်။
အဖိုးအို၏ မျက်လုံးများ နောက်တစ်ကြိမ် မှိတ်သွားခဲ့ပြန်လေ၏......
မြွေငယ်လေးသည် အဖိုးအို၏ အခြေနေအား တစ်ခဏတာမျှ စောင့်ကြည့်နေခဲ့ပြီး အပြင်ဘက်တွင်ရှိနေသော ဓားမြှောင်လေးဘေးသို့ ပြန်သွားခဲ့လေ၏.....ထို့နောက် ရံဖန်ရံခါ ခေါင်းမော့၍ တစ်စုံတစ်ဉီးအား ခေါ်ငင်နေသလို မြည်တွန်နေပြန်သည်။မြွေငယ်လေး၏ အသံသည် လေထုထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
' ဒါဟာ ငါ့ရဲ့အိမ် ' ဟူ၍သာ ခံစားနေရသည်။ သခင်ပြန်လာမှသာ အရာအားလုံး နဂိုမူလအတိုင်းပြန်ဖြစ်ပေလိမ့်မည်။
ထာဝရအတွက် ဆိုလျှင်တောင် သခင် ပြန်မလာခင် ဤနေရာအား ကာကွယ်ရပေမည်....
ဟုန်လော့မှလွဲလျှင် တောင်ပိုင်းအာရုဏ်ဉီးနယ်မြေတွက် ဤတောင်တန်းအားမြင်နိုင်သည်အထိ နတ်ဘုရားအာရုံအစွမ်းထက်သူ တစ်ဉီးမျှမရှိပေ....မြင်နိူင်သူ တိထျန်းသည်ကတော့ မှုန်ဝါးကွဲကြေသွားပြီဖြစ်၏.......
ဟုန်လော့ သေဆုံးသွားသည့်တိုင် ချိတ်ပိတ်မှုစည်းတံဆိပ်တော့ တည်ရှိနေသေးသည်သာ....ချိတ်ပိတ်မှုသည် တဖြည်းဖြည်း လျော့နည်းလာမည်ဆိုသော်ငြားလဲ လုံးလုံး မကွယ်ပျောက်မှီ နှစ်ပေါင်းရာချီ အချိန်ရပါသေးသည်။
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးခဲ့သည်လေသည်.....စုမင် ဤအရပ်က ထွက်ခွာသွားသည်မှာ နှစ်ဝက်ပင် ကြာမြင့်နေခဲ့ပြီ......
လွန်ခဲ့သည့် ခြောက်လအတွင်း နွားသိုးဖြူမျိုးနွယ်စုနှင့် ကြိုးကြာနက်မျိုးနွယ်စုတို့သည် ပျောက်ကွယ်သွားသော တောင်တန်းများအကြောင်း ဂရုမစိုက်ကြတော့ပေ...... ငြိမ်းချမ်းရေးသည် ၎င်းမျိုးနွယ်စုတို့ခံထံ ပြန်လည်ရောက်ရှိခဲ့ပြီး လက်တွေ့အားဖြင့် ၎င်းတို့ကြားတွင် တိုက်ပွဲများ မရှိခဲ့ပေ။ ယင်းအစား လွန်ခဲ့သည့် နှစ်ဝက်အတွင်း ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။
အကယ်၍ ၎င်းတို့သာ ပြောင်းရွှေ့ခဲ့ပါလျှင် ကျယ်ပြောလှသော ရှာမန်နယ်မြေထဲတွင် သေးငယ်လှသောဤမျိုးနွယ်စု၏ လူငယ်များ ဘေးကင်းလုံခြုံဖို့သည် မသေချာလှပေ....ထို့ကြောင့် ဖြတ်သန်းငွားလာသော မျိုးနွယ်စုကြီးတစ်ခုကို စောင့်ဆိုင်း၍သာ ထိုမျိုးနွယ်စုကြီးနှင့် ပူးပေါင်းရပေမည်။
တစ်ချို့သော လူနည်းစုအား ဆုံးရှုံးနိူင်သည့်တိုင် လူများစု ရှင်သန်ဖို့အရေး ဤနည်းလမ်းအား ရွေးချယ်ရပေမည်။
နှစ်ဝက်ခန့်ကြာပြီနောက်......သန်းခေါင်ယံအချိန်၌........
မှောင်မိုက်နေသော ကောင်းကင်တွင် စူးရှသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုအလင်းသည် ပျောက်ကွယ်မသွားမီ တစ်ခဏမျှသာ ကြာမြင့်ခဲ့သည်။ လူအများ၏အာရုံစိုက်မှုကို ဖမ်းစားနိုင်သော်လည်း ထိုနေရာတွင် ၎င်းတို့၏အကြည့်များကို အာရုံစိုက်လိုက်သောအခါတွင် အလင်းသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ထိုအလင်းတန်းများ ပေါ်လာသည်နှင့် တပြိုင်နက် မြွေငယ်လေးသည် နွားသိုးဖြူမျိုးနွယ်စုနှင့် ကြိုးကြာနက်မျိုးနွယ်စုတို့ကြားရှိ ပျောက်ကွယ်သွားသော တောင်တန်းတွင် လျင်မြန်စွာ ခေါင်းထောင်လိုက်သည်။ သတိထားမှုတို့သည် ၎င်း၏မျက်လုံးများထဲတွင် တောက်ပနေပြီး ၎င်းနှင့် ပေထောင်ပေါင်းများစွာအကွာအဝေးရှိ လွတ်နေသောနေရာ၌ ၎င်း၏အကြည့်ကို ထိန်းထားရင်း တုန်လှုပ်သွားခဲ့သည်။
ထိုအချိန်တွင် မှောင်မည်းနေသော အလင်းတန်းတစ်ခု ပေါ်လာသည်။ အလင်းလုံးသည် မြေပြင်ပေါ်ရှိ မြက်ပင်များကို ပြားဝပ်စေသည့်အထိ ပြင်းထန်သောဖိအားကို ယူဆောင်လာကာ နေရာအနှံ့မှ လေပြင်းများတိုက်ခတ်လာစေသည်။
ထိုအနက်ရောင်အလင်းလုံးအတွင်းမှ များပြားလှသော အေးခဲနေသော လေထုများ ထွက်ပေါ်နေသည်။ ထိုအေးခဲသောလေသည် ပြင်ပလေထုနှင့်ပေါင်းစပ်ကာ အလင်းရောင်တစ်ဝိုက်တွင် မြေပြင်ပေါ်သို့ ရေခဲများပေါ်လာကာ အပြင်သို့ တဖြည်းဖြည်း ပျံ့နှံ့သွားတော့သည်။
မြွေငယ်လေးသည် အသံမပြုဘဲ ငြိမ်သက်နေကာ မြက်ခင်ပြင်တွင် လှဲလျောင်းပြီး အနက်ရောင်အလင်းလုံးအား အေးစက်စွာ စိုက်ကြည့်နေသည်။ ဤနေရာသည် သခင်နေထိုင်ရာ ဂူရှိသောနေရာဖြစ်၏....သခင် မရှိသည့်အချိန်တွင် ဤနေရာအား တစ်စုံတစ်ဉီး ကျူးကျော်လာပါက မြွေငယ်လေးသည် ဤနေရာအား သေချာပေါက်ကာကွယ်ပေးမည်သာပင်......
တကယ်တမ်းတွင်လည်း လွန်ခဲ့သည့်နှစ်ဝက်အတွင်း ထိုသို့ကာကွယ်ပေးခဲ့ပါသည်။ ရက်အနည်းငယ်ကြာတိုင်းမာန်စွမ်းအားရှင်အဖိုးအိုအား မသေဆုံးစေဘဲ အားနည်းသွားအောင် ကိုက်ခဲပေးခဲ့သည်။
ဒီတာဝန်က မူလတုန်းက မျောက်ဝံအားပေးအပ်ခဲ့သောတာဝန်ဖြစ်၏....ယခု မျောက်ဝံအနားမှာ မရှိသည့်အတွက် သူသည် တာဝန်များကို လွှဲပြောင်းယူခဲ့ခြင်းဖြစ်၏.......
ထိုအချိန်တွင် မြွေငယ်လေး၏ အကြည့်များသည် ပိုမိုအေးစက်လာသည်။ စောင့်ဆိုင်းနေပြီး ထိုအနက်ရောင်အလင်းလုံးကြီးအား စောင့်ကြည့်နေသည်။ အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာပြီး အမွှေးတိုင်စာခန့်ကြာမြင့် အချိန်မှာတော့ အလင်းလုံးထံမှ တောက်ပသော မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ ပုံသဏ္ဍာန် ပြောင်းလဲသွားလေသည်။ ထိုစက်ဝိုင်းပုံသဏ္ဍာန်သည် တဖြည်းဖြည်း ဘဲဥပုံအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းသည် ပိုမိုပြင်းထန်သော ဖိအားပမာဏကို ထုတ်လွှတ်လိုက်သည်နှင့်အမျှ အက်ကွဲကြောင်းများ ပေါ်လာသည်။
အတွင်းမှ ကွဲအက်သံများ ထွက်ပေါ်လာပြီး ထိုအချိန်တွင် လူတစ်ဦးသည် ဘဲဥပုံသဏ္ဍာန် အလင်းရောင်ထဲမှ ထွက်လာလေသည်။ ထိုသူထွက်သွားသောအခါ အေးစက်သောလေထုသည် အဆပေါင်းများစွာ ထူထပ်လာကာ ဧရိယာကို ချက်ချင်းအအေးခဲသွားစေခဲ့သည်။
မြွေငယ်လေးသည် အသံမထွက်ဘဲ လျင်မြန်စွာ ပြေးထွက်လာခဲ့သည်။မျက်လုံးများသည် စူးရှပြောင်လက်နေပြီး အဆိပ်ပြင်းလွန်းလှသည် အစွယ်များအားထုတ်ဖော်၍ ထိုသူအား ကိုက်သတ်ရန်ပြင်ဆင်ပြီး တခဏ၌ မျက်လုံးများထဲမှ သတ်ဖြတ်ရန်ရည်ရွယ်ချက်များပျောက်ဆုံးကုန်ကာ ဝမ်းသယပီတိများ အစားထိုးဝင်ရောက်လာလေ၏.....မြွေငယ်လေးသည် အဆိပ်ပြင်းလှသောအစွယ်များအား ပြန်လည်သိမ်းဆည်း၍ ဝမ်းသာအားရ မြည်တွန်လိုက်ကာ ထိုသူထံသို့ တဟုန်ထိုး ပြေးသွားခဲ့လေတော့သည်။
ထိုသူသည် စုမင်ဖြစ်၏.....
ထိုအချိန်တွင် သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု များအပြည့်နှက်နေ၏......ညာလက်ကို မြှောက်လိုက်သောအခါတွင် မြွေငယ်လေးသည် သူ့လက်ဖဝါးပေါ်သို့ ချက်ချင်းပျံတက်သွားပြီး သူ့အား ဝမ်းသာအားရ အော်ဟစ်နေတော့သည်။ တစ်ချိန်တည်းမှာပင် သူရောက်ရှိလာသောကြောင့် သူ၏ခန္ဓာကိုယ်မှထွက်လာသော အအေးဓာတ်သည် မထင်မှတ်ဘဲ မြေပြင်သို့ပျံ့နှံ့သွားကာ ဧရိယာတစ်ဝိုက်ရှိ မြေပြင်တစ်ခုလုံးကို ရေခဲလွှာဖြင့် ဖုံးလွှမ်းသွားသည်။