← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း ၁၄၁

"ဟင်... အရောင်းအဝယ်။ ဘာလဲ။ ဟာ..."

ကျောက်လင် သတိဝင်လာချိန်တွင်တော့ ထိုလူလိမ်မ ကျူရှင်းထူက ထွက်ခွာသွားခဲ့ချေပြီ။

ရဲချီယန်က အနီးသို့လျှောက်လာကာ စားပွဲပေါ်ရှိ ရွှေရောင်ရင့်ရင့် ကတ်ပြားကို မျက်လုံးများလက်လာလျက် ကြည့်လိုက်လေ၏။

စနစ်၏ အကဲဖြတ်မှုမပါလျှင်ပင် ယင်းမှာ အမည်မသိ ကတ်ပြား အစီအစဉ်တစ်ခုဖြစ်ကြောင်း သေချာပေါက် သိနိုင်ပေသည်။

"အစ်ကိုချီယန်... ခုနကလူက"

"ငါ သူ့ကို မသိဘူး"

"ဟင်"

ကျောက်လင်၏ လုံးဝကြောင်အမ်းသွားသော မျက်နှာပေးကို လျစ်လျူရှုကာ သူက တန်းတန်းမတ်မတ် လျှောက်သွားပြီး ထိုရွှေရောင်ရင့်ရင့် ကတ်ပြားကို ကောက်ယူလိုက်ပြီးနောက် အကဲဖြတ်ရန်အတွက် အလင်းမျက်နှာပြင်ကို ဖွင့်လိုက်လေတော့သည်။

【ကံကြမ္မာ ကတ်ပြား။ ဘုရားသခင်ပေးသနားသော မညီမျှသည့်တန်ဖိုး】

【ဘုရားသခင်ပေးသနားသော မညီမျှသည့်တန်ဖိုး။ ပါရမီတစ်ခု၏ ထက်ဝက်ကို မညီမျှသောစျေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ရန် ၎င်းကို ငွေကြေးအဖြစ် အသုံးပြုပါ။】

"ပါရမီကို အရောင်းအဝယ်လုပ်တာလား။ ဒီလိုမျိုးလည်း ရှိတာပဲ။ နေဦး... ထက်ဝက်"

ရဲချီယန်က ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားကာ ခေါင်းငုံ့၍ ကျောက်လင်ကို ကြည့်ရင်း မျက်ခုံးအနည်းငယ် ပင့်လိုက်လေ၏။

သူမ၏ ပါရမီတွင် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းဟူ၍ အပိုင်းနှစ်ပိုင်း ပါဝင်ပေသည်။

အကယ်၍ သူမ၏ ပါရမီထက်ဝက်ကို အရောင်းအဝယ်လုပ်လိုက်ရလျှင် မည်သည့်ထက်ဝက် ဖြစ်သွားမည်နည်း။

မဟုတ်သေး... အဖြေကို ခန့်မှန်းနေစရာပင် မလိုချေ။

ဤမှတ်တိုင်သည် ကျောက်လင်၏ ကံကောင်းခြင်းများရှိရာ ပလက်ဖောင်းဖြစ်ပေသည်။

ထို့အပြင် ယင်းမတိုင်မီက သူမသည် အသက်ဆုံးရှုံးလုနီးပါးနှင့် ရထားကိုပါ ပျက်စီးလုနီးပါး ဖြစ်စေခဲ့သော ကြီးမားလှသည့် ကံဆိုးခြင်း အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရသေး၏။

ထို့ကြောင့် ကျူရှင်းထူ အရောင်းအဝယ်လုပ်သွားသည့် ထက်ဝက်မှာ...

ကံဆိုးခြင်းသာ ဖြစ်နိုင်ခြေအများဆုံးပင်။

ရဲချီယန်က မျက်ခုံးတစ်ဖက်ကို အနည်းငယ်ပင့်လိုက်ကာ လက်ထဲရှိ ကတ်ပြားကို စိတ်ဝင်တစား ကြည့်လိုက်ပြီးနောက် ကျောက်လင်ထံသို့ ပစ်ပေးလိုက်လေသည်။

"ရထားတွဲတွေ ဝယ်လို့ပြီးပြီလား"

ကျောက်လင်က ခေါင်းညိတ်ပြလာ၏။

"တစ်တွဲဝယ်ခဲ့ပြီး အခြေခံရထားတွဲတွေ ဖန်တီးဖို့ ပုံစံကြမ်းကိုပါ ဝယ်ခဲ့တယ်။ အစ်ကိုချီယန်... ခုနကလူကို တကယ်မသိတာလား။ ဒါပေမဲ့ သူပြောတာက..."

"ငါ သူ့ကိုမသိဘူး။ အရူးမတစ်ယောက် ဖြစ်ချင်ဖြစ်နေမှာပေါ့။ သူ့ကို ဂရုစိုက်နေစရာ မလိုပါဘူး။ ပြီးတော့ မင်းက ဘာကိုစိုးရိမ်နေတာလဲ။ ဒီမှတ်တိုင်က မင်းအတွက် ဘာအဓိပ္ပာယ်လဲဆိုတာ မေ့သွားပြီလား"

ကျောက်လင် မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက် ယုံကြည်မှုရှိသော အမူအရာတစ်ခု သူမမျက်နှာပေါ်တွင် ထပ်မံပေါ်ပေါက်လာလေသည်။

"အင်း... အစ်ကိုချီယန် ပြောတာမှန်တယ်။ ကြောက်စရာမှ မလိုတာပဲ။ ကံကောင်းခြင်း ဘူတာဖြစ်နေသရွေ့တော့ ဘယ်လိုလုပ် ဆိုးရွားတာတွေ ဖြစ်လာနိုင်မှာလဲ။ ဒီကတ်ပြားက သိပ်ကိုထူးခြားတဲ့ပုံပဲ။ အဲဒီလှပတဲ့ အစ်မကြီးက ကျွန်မနဲ့ ရေစက်ရှိတယ်လို့ ခံစားရလို့ လက်ဆောင်လာပေးတာ ဖြစ်ချင်ဖြစ်မှာပါ"

ကျောက်လင်ပြောသော ထိုလှပသည့် အစ်မကြီးမှာ ယခုလက်ရှိတွင် ကားတစ်စီးကို ပျော်ရွှင်စွာစီးနင်းရင်း ကြယ်တစ်ထောင်မြို့တော်၏ အမြန်လမ်းမပေါ်တွင် ခရီးသွားနေလေ၏။

သူမက အမည်မသိ တေးသွားတစ်ပုဒ်ကို ညည်းတွားရင်း လက်ချောင်းများဖြင့် လေထဲတွင် နောက်ပြောင်ကစားကာ စိတ်ကြည်နူးနေပေသည်။

သူမ၏ စနစ် အလင်းမျက်နှာပြင် ပေါ်လာသော်လည်း ဆက်လက်လုပ်ဆောင်ခြင်း မပြုနိုင်မီမှာပင် ကားက ရုတ်တရက် ဝီ ဟူသော အသံကျယ်ကြီးထွက်လာပြီးနောက် ဂျုံးဂျုံးကျကာ လမ်းတစ်ဝက်တွင် ပျက်ကျသွားတော့သည်။

ယာဉ်မောင်းမှာ စတီယာရင်ပေါ်သို့ မှောက်ရက်လဲကျသွား၏။

သူက အလျင်အမြန် ဆင်း၍စစ်ဆေးလိုက်ရာ ကားအင်ဂျင်မှ အဖြူရောင်မီးခိုးများ ထွက်နေသည်ကို တွေ့လိုက်ရပြီး စွန့်ပစ်ရလုနီးပါး ဖြစ်နေသည်မှာ သိသာလှပေသည်။

"ဧည့်သည်... မြန်မြန်ဆင်းပါတော့။ ကားက ပျက်သွားပြီ။ ခဏနေရင် ပေါက်ကွဲသွားနိုင်တယ်"

"ကောင်းပါပြီလေ... ရှင့်ကားက တော်တော်ကြီးကို ပေါက်ကွဲသင့်တယ်လို့ ကံကြမ္မာက ငါ့ကို ပြောနေတယ်"

ကျူရှင်းထူက လုံးဝဒေါသမထွက်ဘဲ နှစ်ချက်ခန့် ရယ်မောလိုက်ကာ ကားတံခါးကိုတွန်းဖွင့်၍ ဆင်းလာခဲ့လေသည်။

"ဒါက ကံကောင်းခြင်း ပါရမီ အသက်ဝင်လာတာလား။ ဟီးဟီး... တော်တော်လေး မြန်တာပဲ။ တကယ်တော့ ဒါက ဘယ်လို ပါရမီမျိုးလဲ"

သူမက ဆက်လက်စစ်ဆေးရန် ပြင်ဆင်လိုက်၏။

သို့သော် ထိုစဉ်မှာပင်။

တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုက သူမ၏ အာရုံကို ဖမ်းစားသွားလေသည်။

သူမ မော့ကြည့်လိုက်သည်။

နေကာမျက်မှန်၊ နှာခေါင်းစည်းနှင့် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားပြီး သာမန်အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သရေစာဆိုင်ရှေ့တွင် ရပ်ကာ အစားအသောက်များ ဝယ်ယူနေသည်ကို တွေ့လိုက်ရ၏။

ဘုတ်...

သရေစာများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

"မင်းပဲ"

ကျူရှင်းထူ၏ နှုတ်ခမ်းများ အကြိမ်အနည်းငယ် တွန့်ကွေးသွားပြီးနောက် သူမက အနေခက်စွာဖြင့် နှုတ်ဆက်လိုက်၏။

"ဟိုင်း... မင်္ဂလာပါ စီနီယာကြီး။ အမ်... ကျွန်မမှာ လုပ်စရာလေးရှိသေးလို့ အရင်သွားနှင့်တော့မယ်နော်"

ထိုအမျိုးသားမှာ အခြားသူမဟုတ်ဘဲ ဆော်လမွန် မြို့တော်တွင် သူမကို ရက်ရက်စက်စက် အကြိမ်ကြိမ်ခုတ်ပိုင်းခဲ့ဖူးသော အမိန့် ကတ်ပြား သခင်ကြီးဖြစ်ပြီး အင်အားကြီးမြို့တော်အားလုံးထံသို့ အမိန့် ကတ်ပြားများ ထောက်ပံ့ပေးနေသူလည်း ဖြစ်ပေသည်။

မြို့တော်အားလုံး တည်ထောင်ခြင်းသည် ဤအမျိုးသားနှင့် ခွဲခြား၍မရနိုင်ဟုပင် ဆိုနိုင်ပေသည်။

ထို့အပြင် သူ၏ အမိန့် ကတ်ပြားကို ကျူရှင်းထူက တစ်ကြိမ် ခိုးယူခဲ့ဖူးလေသည်။ နောက်ဆုံးတွင် ပြန်လည်လုယူနိုင်ခဲ့သော်လည်း ယင်းက ဤအမျိုးသားအား ကျူရှင်းထူနှင့် ကတ်ပြား အစီအစဉ်များကို စုဆောင်းနေသော အင်ပါယာအမိန့်တော် အဖွဲ့အစည်းအကြောင်းကို သိရှိသွားစေခဲ့၏။

သူက ဒဏ်ရာများသက်သာစေရန် ကြယ်တစ်ထောင်မြို့တော်သို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး မူလက သာမန်လူတစ်ဦး၏ ဘဝကို ခေတ္တမျှ ဖြတ်သန်းရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သူမနှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ပေ။

တစ်ဖက်လူနှင့် ဆုံတွေ့လိုက်ရချိန်တွင်တော့။

ရွှီး...

ရန်သူများဆုံတွေ့ချိန်၌ မျက်လုံးများက နီရဲလာလေတော့သည်။

သူ၏ အင်္ကျီမှာ စုတ်ပြဲသွား၏။

ရွှေရောင်ပုံစံများ ဖုံးလွှမ်းနေသော အမျိုးသားသည် လေထဲသို့ ပျံတက်သွားကာ လက်ပိုက်လျက် ကျူရှင်းထူကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

"မင်းက သေသင့်တယ်"

ဘုန်း...

လမ်းမကြီးမှာ တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် ပေါက်ကွဲထွက်သွားလေ၏။

မီးခိုးငွေ့များကြားတွင် ကျူရှင်းထူသည် အလင်းမျက်နှာပြင်တစ်ခုဖြင့် ဖုံးလွှမ်းခံထားရကာ မီးခိုးများထဲမှ ပြေးထွက်လာခဲ့ပြီး သူမလက်ထဲရှိ ဗေဒင်ဆရာမ ကတ်ပြားမှာ အနည်းငယ် တဖျပ်ဖျပ်လင်းလက်နေပေသည်။

"ဒီလမ်းက ဘေးကင်းရဲ့လား"

ခုတ်ပိုင်းခံရမည့် ကံကြမ္မာမှ သီသီလေး လွတ်မြောက်လာခဲ့သော ကျူရှင်းထူသည် အသက်ရှူမဝဖြစ်နေကာ ဘယ်ဘက်လက်မောင်းပေါ်ရှိ ရှည်လျားသော ခြစ်ရာကိုကိုင်ရင်း အတော်လေး နားမလည်နိုင်ဖြစ်နေတော့သည်။

"ဒီလိုမဖြစ်သင့်ပါဘူး။ ငါ အဲဒီကောင်မလေးရဲ့ ပါရမီကို ခုလေးတင် အရောင်းအဝယ်လုပ်ခဲ့တာလေ။ ဘယ်လိုလုပ် ဒီလောက်တောင် ကံဆိုးနေရတာလဲ။ ပြီးတော့ ဘာလို့ ကံကြမ္မာရဲ့အသံကို မကြားရတော့တာလဲ။ တော်တော်ထူးဆန်းတယ်။ အဲဒီကောင်မလေးရဲ့ ပါရမီက ကံကောင်းခြင်း မဟုတ်ဘူးလား။ မမှားနိုင်ပါဘူး။ ဒါက ကံကြမ္မာက ငါ့ကိုပြောပြခဲ့တဲ့ ရလဒ်ပဲဟာကို"

သူမက အမြဲတမ်း နောက်မှလိုက်နေသော စနစ် အလင်းမျက်နှာပြင်ကို ကြည့်လိုက်ကာ လေထဲမှ အမျိုးသားကို တစ်ချက်ကြည့်ပြီးနောက် သူမ၏ ကိုယ်ရေးအချက်အလက်များကို အမြန်ဖွင့်ကြည့်လိုက်လေသည်။

ပါရမီ အပိုင်းတွင် သူမ၏ မူလပါရမီအပြင် စာသားအသစ်တစ်ကြောင်းကို တွေ့လိုက်ရပြီးနောက် ကျူရှင်းထူ၏ မျက်နှာတွင် မေးခွန်းထုတ်စရာများဖြင့် ပြည့်နှက်သွားတော့သည်။

【ကံဆိုးခြင်း】။ ၎င်းသည် ကံကောင်းခြင်းနှင့်အတူ ယှဉ်တွဲကျဆင်းလာသင့်သော်လည်း အချို့သောစွမ်းအားများဖြင့် အတင်းအဓမ္မ ခွဲထုတ်ခံခဲ့ရသည်။ ယခုအခါတွင် ကံဆိုးခြင်းသာ ကျန်ရှိတော့သည်။

"ဟင်... ဒါက ဘယ်လို ပါရမီမျိုးလဲ။ ငါက ဘယ်လိုလုပ် ဒါကို ခိုးယူမိသွားတာလဲ။ ဒီလိုမဖြစ်သင့်ပါဘူး။ ကံကြမ္မာက အဲဒီကောင်မလေးဆီမှာ ကံကောင်းခြင်းတွေရှိတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား"

စဉ်းစားနေချိန် မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူမအထက်ရှိ အမျိုးသားက သူမကို ထပ်မံတွေ့ရှိသွားပြီး ကျူရှင်းထူထံသို့ ဓားဖြင့် ထပ်မံခုတ်ပိုင်းလိုက်သောကြောင့်ပင်။

"ဟေး... အရမ်းလွန်မလာနဲ့နော်။ ငါ"

ဝုန်း...

ဗေဒင်ဆရာမ ကတ်ပြားကိုရရှိပြီး ကံကြမ္မာ၏အသံကို ကြားနိုင်ခဲ့ပြီးနောက် သူမဘဝတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် ဤမျှ သနားစရာကောင်းသော အခြေအနေမျိုးသို့ ရောက်ရှိနေရခြင်း ဖြစ်ပေသည်။

အကြောင်းမှာ သူမက ယင်းကို မကြားနိုင်တော့သောကြောင့်ပင်။

သူမ၏ နားထဲတွင် အမြဲတမ်း ပဲ့တင်ထပ်နေလေ့ရှိသော ကံကြမ္မာသည် ထိုထူးဆန်းသည့် ကံဆိုးခြင်း၏ ဖိနှိပ်ခြင်းကို ခံလိုက်ရလေသည်။

ကံကြမ္မာက ဆွံ့အသွားခဲ့ချေပြီ။

ကျောက်လင်နှင့်အတူ ရထား အရောင်းအဝယ်ဌာနမှ ထွက်ခွာလာသော ရဲချီယန်သည် အဝေးမှ ရွှေရောင်အမျိုးသားကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်လိုက်လေ၏။

"အဲဒီလူက ဆော်လမွန် မြို့တော်က တစ်ယောက်မဟုတ်ဘူးလား။ သူက ဘယ်သူ့ကို ထပ်သွားဆွနေပြန်တာလဲ... အိုး... ငါ နားလည်သွားပြီ"

ရဲချီယန်က ရုတ်တရက် အနည်းငယ် ရယ်စရာကောင်းနေသည်ဟု ခံစားလိုက်ရသည်။

သူက ပြုံးနေသော ကျောက်လင်ကို ပြန်လည်ကြည့်ရှုလိုက်ပြီး ထိုရွှေရောင်အမျိုးသား၏ ပစ်မှတ်မှာ မည်သူဖြစ်ကြောင်းကို ခန့်မှန်းနိုင်လောက်ပေသည်။

"ဒါက တကယ်ပဲ ကံဆိုးခြင်း ထက်ဝက်ဖြစ်နေခဲ့တာပဲ"

ကံကောင်းခြင်းသည် ဆိုးရွားသောအရာအားလုံးကို ကောင်းမွန်သောအရာများအဖြစ် ပြောင်းလဲပေးတတ်သည်။

ကျူရှင်းထူက ကံကြမ္မာကို ယုံကြည်ခဲ့၏။

ထိုလူလိမ်မက ဤနေရာသို့ ရုတ်တရက်ပြေးလာကာ ကျောက်လင်ကိုရှာဖွေခဲ့ပြီး ကံကောင်းခြင်းများရရှိရန် ရည်ရွယ်ချက်ဖြင့် ကျောက်လင်၏ ပါရမီကို အရောင်းအဝယ်လုပ်ရန် ထိုကတ်ပြားကို အသုံးပြုခဲ့ကြောင်း ခန့်မှန်းရသည်မှာ မခက်ခဲလှပေ။

ကမ်းခြေမှာ အမြဲသွားရပ်နေရင် ဖိနပ်မစိုဘဲ ဘယ်နေပါ့မလဲ ဆိုတာက နှမြောစရာကောင်းလှပေသည်။ ကံကြမ္မာက သူမကို ကြီးမားလှတဲ့ နောက်ပြောင်မှုကြီးတစ်ခု လုပ်လိုက်တာဖြစ်နိုင်ပေသည်။

ကံကောင်းခြင်းများက ကံဆိုးခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ထို့အပြင် ယင်းမှာ အလွန်အမင်း ဆိုးရွားလှသော ကံဆိုးခြင်းပင် ဖြစ်တော့သည်။

ဒီတစ်ကြိမ်မှာတော့ ကျောက်ရှီး၊ ဖန်ဟော့နဲ့ နဂါးကတ်ပြား ကိုင်ထားတဲ့သူလည်း မရှိဘူးဆိုတော့ သူမက ဒီမှတ်တိုင်မှာတင် ကံဆိုးခြင်းတွေကြောင့် သေဆုံးသွားမှာတော့ မဟုတ်ပါဘူးနော်။

အကယ်၍သာ ထိုသို့ဖြစ်ခဲ့မည်ဆိုလျှင်... တော်တော်လေး ဟာသမြောက်နေလိမ့်မည် ဖြစ်ချေသည်။

အခန်း ၁၄၂ ကျူရှင်းထူ၏ အကူအညီတောင်းခံမှု

ဒင်... ဒင်...

စနစ်၏ အလင်းမျက်နှာပြင်ပေါ်တွင် အရေးတကြီး ချက်ဘောက်စ် အသိပေးချက်တစ်ခု ပေါ်လာလေ၏ ။

ရဲချီယန် လှမ်းကြည့်လိုက်ရာ သူ၏ မိတ်ဆွေစာရင်းထဲတွင် အမည်တစ်ခု မရပ်မနား လင်းလက်နေသည်ကို တွေ့လိုက်ရသည် ။

ယင်းမှာ ကျူရှင်းထူပင် ဖြစ်ပေသည် ။

မမြင်ယောင်ဟန်ဆောင်နေလိုက်ရမည်လား။

ထားလိုက်ပါတော့... ကြိုတင်သတိပေးသူ အတွက် ထောက်ထားရပေမည် ။

သူက ပရိုဖိုင်ပုံကို နှိပ်လိုက်ရာ သိသာထင်ရှားစွာ စိုးရိမ်တကြီးရေးသားထားသော စာတန်းရှည်ကြီးတစ်ခု ပေါ်လာလေတော့၏။

ကျူရှင်းထူ။ 【မောင်လေးရဲ... ကျွန်မ အကူအညီလေးတစ်ခုလောက် လိုချင်လို့ပါ။ နာကလော့လမ်း အမှတ် ၄၄ ကို သွားပေးပါ ။ ကျွန်မရဲ့ ရထားကို အဲဒီမှာ ရပ်ထားတယ် ။ ဒုတိယမြောက် ရထားတွဲထဲမှာ စက်ပစ္စည်းတစ်ခုရှိတယ်... အဲဒါကို ဖွင့်ပေးပါ။ ဒီကိစ္စလေး လုပ်ပေးရင် မောင်လေးနဲ့ထိုက်တန်တဲ့ ဆုလာဘ်ကို ကျွန်မပေးပါ့မယ်။ ဘုရားကျောင်းသော့က တံခါးရှေ့က ငါးခုမြောက် ပန်းအိုးအောက်မှာ ရှိတယ်နော်】

စာတိုလေးထဲတွင် သူမ၏ ပုံမှန် ပေါ့ပျက်ပျက်နိုင်မှုများနှင့် ထို လူလိမ်မ အငွေ့အသက်များ လုံးဝကင်းမဲ့နေချေပြီ ။

စိတ်လောမှုနှင့် မလုံခြုံမှုများသာ အပြည့်ရှိနေလေ၏။

ကံဆိုးခြင်း၏ သက်ရောက်မှုမှာ သူထင်ထားသည်ထက် ပိုမိုကြီးမားပုံရပေသည် ။

သို့သော် ဘာကြောင့် သူဖြစ်နေရသနည်း။

【အဲဒီနေရာက ဘုရားကျောင်းတစ်ခုလို့ ငါမှတ်မိတယ်။ စီနီယာလိုင်းန် အဲဒီမှာ ရှိနေလောက်တယ်မလား။ သူက အရမ်းနီးတာပဲ။ သူ့ကို အကူအညီတောင်းလိုက်တာ ပိုမကောင်းဘူးလား】

လိုက်လံဖမ်းဆီးခံနေရသော ကျူရှင်းထူသည် နှုတ်ခမ်းကိုကိုက်ကာ အလင်းမျက်နှာပြင်ပေါ်တွင် သူမ၏ လက်ချောင်းများတတ်နိုင်သမျှ အမြန်ဆုံးအရှိန်ဖြင့် စာရိုက်လိုက်လေသည် ။

【သူ အဲဒီမှာမရှိဘူး】

ကူညီပေးလိုက်ရမလား။ မကူညီပေးရန်လည်း အကြောင်းပြချက် သိပ်မရှိလှချေ။

ကျူရှင်းထူက ကံကြမ္မာအကြောင်း အမြဲတမ်းပြောနေတတ်၍ သူမကို မနှစ်မြို့လျှင်တောင် မွန်ရိုးဂျီနာ လိုမျိုး သေစေချင်လောက်သည့်အထိတော့ မဟုတ်ပေ ။

ဆန့်ကျင်ဘက်အနေဖြင့် ကျူရှင်းထူထံမှ အကျိုးအမြတ် အတော်များများကို သူ ရရှိထားခဲ့သေး၏ ။

ကြိုတင်သတိပေးသူ နှင့် မျက်ရည်နီတို့ပင်ဖြစ်သည် ။

ထိုနတ်ဆိုး ကတ်ပြား နှစ်ခုစလုံးမှာ သူမနှင့် ဆက်စပ်နေခဲ့ပေသည် ။

အမှန်ပင် အလကားရသော အရာဟူသည် မရှိချေ။ ထိုလူသစ် အကျိုးခံစားခွင့်အတွက် ပြန်လည်ပေးဆပ်ရမည့်အချိန်မှာ ယနေ့ပင်ဖြစ်လေတော့သည်။

ကြိုတင်သတိပေးသူ ကတ်ပြားက သူ၏ လက်ဝါးပေါ်တွင် လည်ပတ်နေ၏။ ရဲချီယန်သည် အလွန်အကျွံ စဉ်းစားနေခြင်းကို ရပ်တန့်လိုက်ကာ နာကလော့လမ်း အမှတ် ၄၄ ရှိ ထိုဘုရားကျောင်းသို့ သွားရန် ပြင်ဆင်လိုက်လေတော့သည်။

"အစ်ကိုချီယန်"

သူ ထွက်သွားတော့မည်ကို မြင်လိုက်ရသော ကျောက်လင်က ချက်ချင်းပင် နောက်မှ ပြေးလိုက်လာခဲ့သည်။

"ငါ ကိစ္စလေးတစ်ခု ဖြေရှင်းစရာရှိလို့ သွားမလို့။ မင်းက အခု ကံကောင်းခြင်းတွေ ရနေတဲ့အခြေအနေဖြစ်နေပြီး အန္တရာယ်လည်း ကြုံရမှာမဟုတ်ဘူးဆိုတော့ ကိုယ့် ရထား ဆီကိုပြန်ပြီး ကိုယ်ရေးအချက်အလက်တွေမှာ ပြောင်းလဲသွားတာရှိလားဆိုတာ သွားစစ်ဆေးသင့်တယ်"

"ဟင့်အင်း... ကျွန်မ အစ်ကိုနဲ့ လိုက်ခဲ့မယ်"

"ဘာလို့လဲ"

"အစ်ကိုချီယန် အန္တရာယ်များတဲ့ ကိစ္စတစ်ခုခု သွားလုပ်မလို့မလား။ ခုနက အစ်မကြီးလှလှကို အစ်ကိုသိတယ်ဆိုတာ ကျွန်မကို လိမ်လို့မရပါဘူး။ သူက အဲဒီကတ်ပြားကို ပေးသွားပြီးတဲ့နောက်မှာ ကျွန်မ သိပ်နားမလည်ပေမယ့် ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသလို ခံစားလိုက်ရတယ်။ သေချာတာကတော့ အစ်ကိုချီယန်က အဲဒီအစ်မကြီးကို ကျွန်မအတွက် ကူညီပေးဖို့ တောင်းဆိုခဲ့တာပဲဖြစ်ရမယ်"

"..."

ရဲချီယန်၏ အကြည့်များမှာ အနည်းငယ် ရှုပ်ထွေးသွားလေ၏ ။

သူ ရှင်းပြလိုက်ရမည်လား။

ကူညီတာတဲ့လား။ ဝေးလိုက်တဲ့ဖြစ်ခြင်း။

ထို လူလိမ်မ သည် ကံဆိုးခြင်းကို ဖယ်ရှားပေးလိုခြင်းမဟုတ်ဘဲ ကံကောင်းခြင်းများကိုသာ လိုချင်ခဲ့ခြင်းဖြစ်ပေသည် ။

စဉ်းစားကြည့်လေ။ အကယ်၍သာ ကျောက်လင်သည် ဤဘူတာသို့ ကံဆိုးခြင်း အခြေအနေဖြင့် ရောက်ရှိလာခဲ့မည်ဆိုပါက ကျူရှင်းထူ အနေဖြင့် ထို 【ကံကြမ္မာ ကတ်ပြား။ ဘုရားသခင်ပေးသနားသော မညီမျှသည့်တန်ဖိုးကို အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်ခဲ့သောအရာမှာ ကံဆိုးခြင်းဖြစ်မည်မဟုတ်ဘဲ ကံကောင်းခြင်းများသာ ဖြစ်သွားပေလိမ့်မည် ။

ထိုသို့သာဆိုလျှင် နောက်ပိုင်းကာလများတွင် ကျောက်လင်သည် ငရဲတွင်းသို့ကျရောက်သွားကာ ဘူတာတိုင်း၌ အလွန်အမင်း ဆိုးရွားလှသော ကံဆိုးမိုးမှောင်ကျမှုများနှင့် ရင်ဆိုင်ခဲ့ရမည်သာ ဖြစ်သည် ။

သို့ဖြစ်၍ သူမ၏ အသက်မှာလည်း ကြာရှည်ခံနိုင်မည် မဟုတ်တော့ချေ။

"မင်း အရမ်းတွေးနေပါပြီ။ အဲဒီလူက လူကောင်းမဟုတ်ဘူး။ ဒါပေမဲ့ ကောင်းပြီလေ... လိုက်ခဲ့ပေါ့။ အချိန်နည်းနည်း ပိုကြာသွားတာကလွဲပြီး ဘာမှကွာခြားသွားမှာမှ မဟုတ်တာ"

သူက ကျောက်လင်၏ ပါရမီ အပိုင်းတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို သိရှိနိုင်ရန် သူမ၏ ရထား ဆီသို့ တစ်ခေါက်ပြန်သွားစေချင်ရုံသာ ဖြစ်သည်။ သူမက အတင်းလိုက်လာချင်နေမှတော့လည်း...

ထားလိုက်ပါတော့လေ။ မည်သို့ပင်ဖြစ်စေ ကိုယ့်အနားမှာ ကံကောင်းခြင်း အဆောင်လေးတစ်ခု ရှိနေတာကလည်း စိတ်အေးရမှု နည်းနည်းပိုရနိုင်တာပဲ မဟုတ်ပါလား။

ကျူရှင်းထူအား လိုက်လံဖမ်းဆီးနေသော အမျိုးသားကြောင့် ဤဧရိယာရှိ အငှားယာဉ်ဝန်ဆောင်မှုများ လုံးဝ ရပ်တန့်သွားခဲ့လေပြီ။

ထိုဘူရားကျောင်းသို့ရောက်ရှိရန် လွယ်ကူလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ကျောက်လင်၏ ကံကောင်းခြင်းကြောင့်များလား မသိ...။

ထိုနေရာမှ ထွက်ပြေးလာသော အငှားယာဉ်တစ်စီးက လမ်းဘေးတွင်ရပ်နေသည့် သူတို့နှစ်ဦးကို မြင်သွားကာ တစ်စုံတစ်ရာ၏ လမ်းညွှန်လိုက်သကဲ့သို့သူတို့ရှေ့တည့်တည့်၌ လာရပ်လေ၏။

တံခါးပွင့်လာပြီးနောက် ထိုင်ခုံပေါ်ရှိ ယာဉ်မောင်းက သူတို့ထံသို့ အလျင်အမြန် လက်ယက်ခေါ်လိုက်လေသည်။

"တက်ကြ။ ကားခက သုံးဆနော်။ ဘယ်နေရာဖြစ်ဖြစ် လိုက်ပို့ပေးမယ်"

"ဟင်... မင်းတို့ပါလား"

ဤယာဉ်မောင်းမှာ အနည်းငယ် ရင်းနှီးနေသလိုပင်။

လေလွင့်နေသူတစ်ဦး၏ အသွင်အပြင်ရှိကာ ဖရိုဖရဲဖြစ်နေပြီး ပါးစပ်တွင် စုတ်ပြတ်နေသော ဆေးလိပ်တိုကို ခဲထားလေသည်။ မုတ်ဆိတ်မွေးကြမ်းများ ပေါက်နေပြီး မျက်လုံးများတွင်လည်း တက်ကြွမှုအရိပ်အယောင် လုံးဝကင်းမဲ့နေ၏။

သူ မှတ်မိသွားပြီ။

"စီနီယာ မုရှန်းယို့ရန်"

ဤသူမှာ ကြယ်တစ်ထောင်မြို့တော် သို့ သူ ပထမဆုံးအကြိမ် လာရောက်ခဲ့စဉ်က သဲကန္တာရလင်းယုန် ပစ္စတိုကို ရောင်းချပေးခဲ့ပြီး ရထားမောင်းနှင်သူ အဆင့်အတန်းကို စွန့်လွှတ်ကာ ဤမြို့တော်တွင် နေထိုင်ခဲ့သည့် အရှုံးသမား ပင် ဖြစ်လေသည်။

"အရင်တက်ကြစမ်းပါ ကျစ်။ ကောင်းကင်ပေါ်က အဲဒီကောင် ဘာဖြစ်နေမှန်းကို မသိဘူး။ လူတစ်ယောက်ကိုသတ်ဖို့အတွက်နဲ့ ရပ်ကွက်သုံးခုကိုတောင် ဖျက်ဆီးပစ်လိုက်ပြီ။ သောက်ကျိုးနည်း... အဆင့်မြင့် ရထားမောင်းနှင်သူ တွေက ငါတို့ကို လူလို့ရော မမြင်ကြတော့ဘူးလား"

ကားပေါ်သို့တက်လာပြီးနောက် ရဲချီယန်က မုရှန်းယို့ရန်၏ စကားများကို ပြန်လည်မတုံ့ပြန်ခဲ့ချေ ။

အဘယ်ကြောင့်ဆိုသော် အဆင့်မြင့် ရထားမောင်းနှင်သူ များသာမကဘဲ အဆင့်မမြင့်လှသော အခြား ရထားမောင်းနှင်သူ အများအပြားကလည်း ရထားမောင်းနှင်သူ မဟုတ်သူများကို လူသားများအဖြစ် သတ်မှတ်မထားကြသောကြောင့်ပင။

အထူးသဖြင့် လက်လျှော့အရှုံးပေးခဲ့ကြသည့် မုရှန်းယို့ရန် လို အရှုံးသမားများအပေါ်တွင် သူတို့က ပို၍ပင် အထင်အမြင်သေးကြလေ၏ ။

"အဟမ်း... မင်းတို့ ဘယ်သွားကြမှာလဲ။ ကားခသုံးဆဆိုတာကို မမေ့နဲ့နော်။ သောက်ကျိုးနည်း... ဒီလိုအချိန်ကြီးမှာ ခရီးသည်တင်ဖို့ ငါဘာလို့တွေးမိသွားလဲဆိုတာ တကယ်ကို နားမလည်နိုင်တော့ဘူးဗျာ။ ခွေးမသား... ဒါက အသက်အန္တရာယ်ရှိတယ်ကွ"

ယင်းမှာ ကျောက်လင်၏ ကံကောင်းခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည် ။

သူမ၏ ကံဆိုးခြင်း အခိုးခံလိုက်ရပြီးနောက် သူမ၏ ကံကောင်းမှုများက အနည်းငယ် ကြက်သီးထဖွယ် အဆင့်တစ်ခုအထိ ရောက်ရှိသွားပုံရလေသည် ။

ဤအခြေအနေက မည်မျှကြာကြာခံနိုင်မည်နည်း။

အကယ်၍ ထို လူလိမ်မ ကျူရှင်းထူသာ အသက်ရှင်ကျန်ရစ်ခဲ့မည်ဆိုလျှင် သူမက ထို ကံဆိုးခြင်း ကို သူမအပေါ်တွင် အကြွင်းအကျန်ရှိနေစေရန် လုံးဝ ခွင့်ပြုပေးမည် မဟုတ်ချေ ။

"နာကလော့လမ်း အမှတ် ၄၄ ကို သွားမယ် ။ အဲဒီနေရာက အန္တရာယ်မရှိလောက်ပါဘူး။ ကားခသုံးဆလည်း ရတယ်။ ကျွန်တော် ပေးနိုင်ပါတယ်"

"သိပြီ... တက်"

အငှားယာဉ်က အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ မောင်းနှင်သွားလေ၏။

ထိုရွှေရောင်အမျိုးသား၏ တိုက်ခိုက်မှုများကြောင့် ကြယ်တစ်ထောင်မြို့တော် ၏ ရပ်ကွက်အချို့မှာ ပြိုကျပျက်စီးစပြုနေပြီ ဖြစ်သည် ။

ဆော်လမွန် မြို့တော် ရှိ အခြေအနေများနှင့်မတူဘဲ ဤနေရာတွင် တားဆီးရန်အတွက် ကျောက်ရှီး လိုလူမျိုး ပေါ်မလာခဲ့ချေ ။

မုရှန်းယို့ရန်က သူမမေးခင်မှာပင် ဖြေနေလေ၏။

အထက်က လူကြီးတွေက အောက်ခြေလုပ်သားတွေကို ဘယ်တော့မှ လူသားတွေလို့ မဆက်ဆံကြဘူး။ ကြယ်တစ်ထောင်မြို့တော် ထဲမှာ အောက်ခြေရပ်ကွက် လို့ခေါ်တဲ့ နေရာတစ်ခုရှိတာ မင်းသိလား။ အဲဒီမှာက အလုပ်အကိုင်နဲ့ ငွေကြေးမရှိတဲ့ ရထားမောင်းနှင်သူ တွေချည်းပဲ။ ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့အတွက် အဲဒီမှာ ပစ်ထားခံရတာလေ"

"ငါတို့နေတဲ့ နေရာက အဲဒီ အောက်ခြေရပ်ကွက် လိုမျိုးတော့ တိတိကျကျ မဟုတ်ပေမယ့် အထက်က ဂုဏ်သရေရှိလူကြီးတွေနဲ့ မောက်မာတဲ့ စစ်ဆေးရေးမှူး တွေအတွက်တော့ အမှိုက်ပုံကြီးတစ်ခုလို သတ်မှတ်ခံထားရတုန်းပဲ။ ဘာလို့လဲဆိုတော့ ငါ့လို အမှိုက်ကောင်တွေက ဒီမှာ အများကြီး စုဝေးနေကြလို့လေ ။ လုံးဝကြီး ပျက်စီးမသွားသရွေ့တော့ ကောင်းကင်ပေါ်က အဲဒီကောင်ကသာ လုပ်ချင်တယ်ဆိုရင် နောက်ပိုင်း ပြန်လည်တည်ဆောက်တဲ့အခါ သူတို့က နောက်ထပ် ငွေတစ်ပတ် ထပ်ကောက်လို့ ရဦးမှာပဲ"

ဖုံးကွယ်ထားသော အောက်ခြေရပ်ကွက် အပါအဝင် ကြယ်တစ်ထောင်မြို့တော် တွင် စုစုပေါင်း အလွှာငါးလွှာ ရှိပေသည် ။

နာကလော့လမ်း အမှတ် ၄၄သည် တတိယအလွှာတွင် တည်ရှိ၏ ။ ဤနေရာတွင် အောက်ဘက် ဒုတိယအလွှာရှိ မြို့ပြရပ်ကွက်များ၌ ဖြစ်ပွားနေသော ကြီးမားလှသည့် ပျက်စီးမှုများကြောင့်ဖြစ်ပေါ်လာသည့် ကစဉ့်ကလျားဖြစ်မှုများ မရှိချေ။

ရဲချီယန်က မုရှန်းယို့ရန် ကို ယာဉ်စီးခ သုံးဆပေးလိုက်ကာ ဆင်းလာခဲ့ပြီးနောက် ပန်းအိုးအောက်မှ သော့ကိုရှာဖွေ၍ ဘုရားကျောင်းတံခါးကို ဖွင့်လိုက်ရာ နူးညံ့သောအလင်းရောင်များက ဘုရားကျောင်း၏ ထောင့်တိုင်းကို အပြည့်အဝ လင်းလက်သွားစေခဲ့လေသည်။

အတွင်းဘက်ရှိ လွတ်ဟာနေသော နေရာကိုကြည့်ရင်း သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ပြီးခဲ့သည့်အကြိမ်က သူ သိပ်ပြီး သတိမထားမိခဲ့ပေ။

ဤတစ်ကြိမ်တွင်တော့ ဤဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ကြယ်တစ်ထောင်မြို့တော် ၏ နေရာအနှံ့ ပျံ့နှံ့နေကာ သက်တောင့်သက်သာရှိပြီး ပျင်းရိချင်စရာကောင်းသော အငွေ့အသက်များက ချက်ချင်းပင် ပျောက်ကွယ်သွားကြောင်း သူ တွေ့ရှိလိုက်ရလေသည် ။

"အစ်ကိုချီယန်... ကျွန်မတို့ ဒီကို ဘာလာလုပ်တာလဲ"

"လူတစ်ယောက်ရဲ့ ရထား ကိစ္စကို လာကူညီပေးတာ။ ဒါနဲ့... မင်းရဲ့ ရထား ကို ဆေးတောင့်ပုံစံဥမင်လိုဏ်ခေါင်း ထဲမှာ ရပ်ထားခဲ့တယ်မလား။ ခဏနေရင် ဒီကို ဆင့်ခေါ်လိုက်ပါ"

All Chapters