← Chapters

ဝမ်လင်းလို့ အမည်ရတဲ့ တစ်ယောက်

Vol. 138 Ch. 1912

ဝမ်လင်းလို့ အမည်ရတဲ့ တစ်ယောက်

Vol. 138 Ch. 1912

လျှိုဇီယန်း၏ ခန္ဓာကိုယ်သည် ဝမ်လင်း၏ လက်သီးချက်အောက် ပေတစ်ထောင်အကွာတွင် ပျက်စီးကာ မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။ သူ၏မူလစိတ်ဝိညာဉ်သည် တွန့်ခေါက်ပုံပျက်ကာ ဝမ်လင်း၏အစွမ်းထက်ဆုံး တိုက်ခိုက်မှု မတိုင်ခင်မှာပင် တစစီ ဖြစ်သွားလေသည်။

သူ့ဦးခေါင်းကိုတော့ အစွမ်းထက်အားတစ်ခုက ဆွဲငင်ပြီး ဝမ်လင်းက ဖမ်းယူလိုက်သည်။ ၎င်းဦးခေါင်းကို သိမ်းဆည်းပြီးနောက် ဝမ်လင်းသည် ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်း ပျောက်ကွယ်သွားသည့်အခိုက်၌ တိုက်ပွဲကွင်းပြင်တစ်ခုလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားသည်။ လျှိုဇီယန်း၏ မသေခင် နာကျင်စွာ အော်သံသည် မြက်ခင်းပြင်အနှံ့ပဲ့တင်ထပ်သွားခဲ့သည်။

အဘိုးအိုကျန်းသည် တုန်ယင်ကာ လုဝမ်ရန်ကို လစ်လျူရှုပြီး နောက်သို့ ဆုတ်တော့၏။ လျှိုဇီယန်း မသေခင် နာကျင်စူးဝါးစွာ အော်သံကို ကြားလိုက်ရချိန်၌ လုဝမ်ရန်၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။

“လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် သေသွားခဲ့တာလား…”

“လျှိုဇီယန်း…” အဘိုးအိုကျန်းက နောက်သို့ အမြန်ဆုတ်ကာ လျှိုဇီယန်း သေဆုံးသွားသော နေရာသို့ ရောက်လာခဲ့သည်။ သူက ထိုနေရာတွင် လတ်လတ်ဆတ်ဆတ် သွေးတို့ကို မြင်၏။ သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားမိတော့သည်။ သူက လျှိုဇီယန်းနှင့်မိစ္ဆာတာအို ကလန်ဆောင်းဆောင်တို့ကြား ပတ်သတ်မှုကို သိထားသဖြင့် သူ့စိတ်နှလုံးမှာ တုန်ယင်သွားသည်။

ယန်လုနှင့်တခြားသူများဖြင့် တိုက်ခိုက်နေသော အဘိုးအိုကျောက်မှာလည်း ချက်ခြင်း နောက်ဆုတ်လာ၏။ ယန်လုနှင့်တခြားသူများမှာ နာကျင်စွာအော်သံကြောင့် တုန်လှုပ်နေကြစဉ် သူက လျှိုဇီယန်း သေဆုံးခဲ့သောနေရာသို့ ရောက်လာခဲ့သည်။

“လျှိုဇီယန်း…သေဆုံးသွားတာလား…”

အစိမ်းရောင်မိစ္ဆာကုန်းမြေမှ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကလည်း မြန်ဆန်စွာ နောက်ဆုတ်ကြ၏။ သူတို့၏မျက်နှာများသည် ဖြူရောကာ သူတို့မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နေသည်။

လျှိုဇီယန်း၏ နာကျင်ထိတ်လန့်စွာ အော်သံကို ကြားလိုက်ရသူတိုင်းမှာ စိတ်နှလုံးတုန်ယင်မှုကို ခံစားလိုက်ရ၏။ သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်ကုန်သည်။

“လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် သေဆုံးသွားတာလား…”

“ဒီအသံ…ဒီအသံက အကြီးအကဲလျှိုရဲ့ အသံပဲ…”

“လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် သေသွားခဲ့တာ…”

အော်သံဟစ်သံများ ထွက်ပေါ်လာကုန်၏။ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများသည် သေခဲပေသည် မဟုတ်လား။

“နောက်ပြန်ဆုတ်…” အဘိုးအိုကျန်းက အေးစက်စက်အကြည့် လှစ်ဟဖော်၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သူက မြန်ဆန်စွာ ထွက်ခွာသွား၏။ သူ့နောက်၌ လူအများ လိုက်ပါလာသည်။

လုဝမ်ရန်က နောက်မှ မလိုက်လံပေ။ သူက နောက်ဆုတ်သွားသော ပုံရိပ်များကို ကြည့်ကာ စဉ်းစားခန်းဝင်နေသည်။

“အသက်ခံလိုက်ရတဲ့သူဟာ သာမန်ထက်ထူးကဲတဲ့အဆင့်အတန်း ရှိလောက်တယ်။ ဒါပေမဲ့ ဘယ်သူက သူ့ကို သတ်ခဲ့တာလဲ…”

ရှုတန်သဲ၏အကြည့်က ဝေ့ခတ်ကျရောက်လာ၏။ သူက မျက်မှောင်ကြုတ်သွားသည်။ သူသည် လေဟာနယ်အတိဒုက္ခအဆင့် ရန်သူကို မည်သူက သတ်ခဲ့သလဲ မသိပေ။ သို့ပေမည့် သူ တုန်လှုပ်မိရ၏။

“လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒီလောက်အချိန်တိုအတွင်း သတ်ပစ်နိုင်တာ။ အဲ့လူက ဘယ်သူလဲ…”

ယန်လုတစ်ယောက်သာ မျက်လုံးသူငယ်အိမ် ကြုံ့သွားလေ၏။ သူမက သဲလွန်စအချို့ကို ခပ်ရေးရေး မြင်မိသည်။ သူမ၏အင်္ကျီလက်အိုးထဲရှိ ညာလက်မှာ တုန်ယင်နေသည်။

“သူပဲလား…”

လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများ နောက်ဆုတ်ကြစဉ် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျန်သည့ကျင့်ကြံသူ ထောင်ချီကလည်း နောက်ဆုတ်ကုန်၏။ သူတို့၏မျက်လုံးများထဲတွင် ကြောက်ရွှံ့မှုတို့ ရှိနေသည်။

“မြေအောက်နန်းတော်ရှိ ပြန်ပြီး တင်းတင်းကြပ်ကြပ် ခုခံကာကွယ်မှုပုံစံ ဖွဲ့စည်းရ၎င်းယ်။ ရန်သူက ကျိန်းသေပေါက် ဒုတိယအကြိမ် တိုက်ခိုက်မှု လုပ်လာလိမ့်မယ်။ ငါတို့ မြူထဲမှာ နေပြီး ခုခံဖို့ပဲ လိုမယ်။ မြူအပြင်ဘက် ထွက်ပြီး သူတို့နောက် လိုက်လံစရာ မလိုဘူး…”

လုဝမ်ရန်က အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ဘေးပတ်လည်သို့ ကြည့်လိုက်၏။

“ဘယ်သူဖြစ်နိုင်မလဲ…” သူက စဉ်းစားနေရင်း ရှေ့သို့ ခြေလှမ်းကာ မြေပြင်နှင့် ပေါင်းစပ်သွား၏။

ခဏအကြာတွင် ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူအားလုံးက မြေပြင်အတွင်း ဝင်ရောက် ပျောက်ကွယ်ကုန်သွားသည်။

ကျင့်ကြံသူတစ်သောင်းနီးပါးတွင် လေးသောင်းလောက်သာ မြေအောက်သို့ ပြန်လာနိုင်ခဲ့ကြ၏။ ထိုကျင့်ကြံသူလေးသောင်းက နောင်လာမည့် တိုက်ပွဲအတွက် ပြင်ဆင်ရန် သူတို့၏ လှိုဏ်ဂူများထံ တိတ်တဆိတ် ပြန်ရောက်ရှိလာသည်။

ဝမ်လင်းကလည်း ထိုကျင့်ကြံသူများနှင့်အတူ ပြန်လာ၏။ သူ့မျက်နှာက ဖြူရောနေပေသည်။ လျှိုဇီယန်းနှင့် တိုက်ခိုက်မှုက တိုတောင်းလှသော်လည်း အလွန်ခက်ခဲခဲ့၏။ သူက တိုက်ခိုက်ရမည့်အချိန်၊ တဖက်လူ၏ တုန့်ပြန်မှု၊ တဖက်လူ ကောင်းကင်ဘုံစွမ်းအင် ကုန်ခမ်းနေသည်ကို အသာစီးယူဖို့၊ မြူအစီအရင်၏အကူအညီရဖို့ တို့အပါအဝင် အရာအားလုံးကို တွက်ချက်ခဲ့ရသည်။

သည်အခြေအနေများကြောင့်သာ သူသည် လျှိုဇီယန်းကို သတ်ပစ်နိုင်စွမ်း ရှိခဲ့ခြင်းပင်။ မည်သို့ပင်ဖြစ်စေ သူလည်း ဒဏ်ရာရခဲ့ပေ၏။ သူ့ရင်ဘက်ထံမှ ပြင်းထန်သော နာကျင်မှု ထွက်ပေါ်နေပြီး သူက တတ်နိုင်သမျှ မြန်မြန် ကုစားရမည် ဖြစ်သည်။

“ဒါဟာ ငါ သတ်ခဲ့တဲ့ ပထမဆုံး လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူပဲ။ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတွေဟာ သတ်ဖြတ်ဖို့ တကယ်ခက်ခဲတာပဲ…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ ဒီနေရာရှိ ကောင်းကင်ဘုံနွားထီးအစီအရင်ကြောင့်သာ မဟုတ်ပါက သူသည် လျှိုဇီယန်းကို ခုလောက်မြန်မြန် သတ်ဖြတ်နိုင်စွမ်း ရှိခဲ့လိမ့်မည် မဟုတ်ပေ။

ထို့အပြင် မည်သူကမျှလည်း သူ လျှိုဇီယန်းကို သတ်ဖြတ်ခဲ့သည့်အပေါ် သတိမပြုမိကြလောက်ပေ။ ဝမ်လင်းကလည်း ထိုသို့ မျှော်လင့်ထား၏။ တကယ်တော့ သူ တိုက်ခိုက်ခဲ့ချိန်က လျှိုဇီယန်း ထွက်ပြေးခြင်းကို ဟန့်တားဖို့ သူတို့နှစ်ယောက် ပတ်လည်ရှိ အတားအဆီးကို ခြုံ့ပစ်ထားခဲ့၏။ ထိုအတားအဆီးကြောင့် တခြားသူများ၏ နတ်ဘုရားအာရုံဖြင့် သူတို့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ကြမည် မဟုတ်ပါ။

သူက ဝိညာဉ်မူလစိတ်ကူးမန္တာန်ကို အသုံးပြုကာ မဟာစိတ်ဝိညာဉ်ကလန်၏ ကိုးယောက်မြောက်ဘိုးဘေးကိုလည်း ဆင့်ခေါ်ခဲ့သေး၏။

တကယ်တော့ ဝမ်လင်းထံ၌ သူ တခြားသူများ မသိစေလိုသော လျှို့ဝှက်ချက်များနှင့် နည်းလမ်းများ ရှိနေလေ၏။

ခုချိန်၌ မြေအောက်မှ လူတိုင်းက ရန်သူလေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူကို မည်သူ သတ်ခဲ့သနည်းဟု ထင်မြင်မှန်းဆနေကြသည်။

လုဝမ်ရန်၊ ယန်လုနှင့် ကျန်သည့် လေဟာနယ်အတိဒုက္ခအဆင့် လေးယောက်တို့က ဝမ်လင်းကို အစောပိုင်းတုန်းက အထင်သေးခဲ့သော အဘိုးအိုသုံးယောက်တို့နှင့်အတူ နန်းတော်အတွင်း၌ ရှိနေသည်။

ထိုအဘိုးအိုသုံးယောက်၏ အမူအရာက တုန်လှုပ်မှုတို့ ပြည့်နေ၏။ သူတို့က လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် သတ်ဖြတ်ခံခဲ့ရသည့်အပေါ် မယုံကြည်နိုင် ခံစားနေရတုန်းပင်။ လုဝမ်ရန်က ထိုသို့ လုပ်ဆောင်ခဲ့ပါက လက်သင့်ခံနိုင်သေး၏။ တခြားလေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက်က ထိုသို့ လုပ်ဆောင်ပါကလည်း အဆင်ပြေလိမ့်ဦးမည်။ သို့ပေမည့် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခဲ့သူမှာ သူတို့ထဲမှ မဟုတ်တာ သိသာနေသည်။ ထို့အတွက် ထိုသူမှာ မည်သူ ဖြစ်လေသနည်း။

“ငါ ရှင်းရှင်းလင်းလင်း မကြည့်နိုင်ခဲ့ဘူး။ ငါတို့နဲ့တိုက်ပွဲအတွင်း လျှိုဆိုတဲ့ ကျင့်ကြံသူက ဆေးလုံးတွေ သောက်သုံးဖို့ နောက်ဆုတ်ခဲ့ပြီး အဲ့တိုက်ပွဲသံ ကြားခဲ့ရတာပဲ…”

“ငါ အဲ့တိုက်ပွဲကို ငါ့နတ်ဘုရားအာရုံနဲ့ စစ်ဆေးကြည့်ဖို့ ကြိုးစားလိုက်သေးတယ်။ ဒါပေမဲ့ အတားအဆီးတစ်ခု ရှိနေတယ်။ ငါ့ နတ်ဘုရားအာရုံ ဝင်ရောက်သွားတာနဲ့ အဲ့တိုက်ပွဲမြင်ကွင်းက ဝေဝါးသွားပြီး ငါ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူး…”

“ငါလည်း ဒါကို ငါ့နတ်ဘုရားအာရုံနဲ့ ကြည့်ရှုဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ဘာမှ မတွေ့ခဲ့ဘူး…”

အနီးအနားကလန်များမှ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူသုံးယောက်က သံသယဝင်ဟန်၊ကြောက်ရွှံ့ဟန်တို့ဖြင့် ဖြည်းဖြည်းချင်း ပြောလာ၏။ သံသယဝင်ခြင်းမှာ ထိုရန်သူကို သတ်ခဲ့သူမှာ မည်သူ ဖြစ်သနည်း ဟူ၍ပင်။ ကြောက်ရွှံ့မှုခြင်းမှာ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ဖို့ စွမ်းအားမည်မျှ လိုအပ်လိမ့်မည်နည်းဟူ၍ကြောင့် ဖြစ်၏။

ဆန်းကြယ်ဒုက္ခကိုးခုကို ဖြတ်သန်းပြီး၊ လေဟာနယ်အတိဒုက္ခအဆင့်သို့ ဝင်ရောက်လာသော ကျင့်ကြံသူတစ်ယောက်သည် မဖျက်စီးနိုင်၊မသေနိုင်ဟုပင် ဆို၍ ရ၏။ မသေနိုင်ဟု ဆိုခြင်းမှာ သူတို့၏ သက်တမ်းက လောကကဲ့သို့ ရှည်ကြာလိမ့်မည် ဖြစ်သောကြောင့်တည်း။ မဖျက်စီးနိုင်ဟူသည်မှာ သူတို့ကို သတ်ဖြတ်ဖို့က အလွန်ခက်ခဲလှသောကြောင့်ပင်။

“ဘယ်သူ လုပ်ခဲ့တာလဲ…” ဝမ်လင်းကို အထင်အမြင်သေးသော လေဟာနယ်အတိဒုက္ခအဆင့်သို့ မရောက်သေးသည့် အဘိုးအိုသုံးယောက်ထဲမှ တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

“ကြည့်ရတာ ဒီနေရာမှာရှိတဲ့ ကျင့်ကြံသူတွေကြားမှာ ကျွမ်းကျင်သူတစ်ယောက် ပုန်းကွယ်နေတဲ့ပုံပဲ…” လုဝမ်ရန်၏အကြည့်က လူအုပ်ထံ ဝေ့ခတ် ကျရောက်သွားသည်။ သူက ဒီနေရာရှိ မည်သူကမျှ ခုလောက် အချိန်တိုအတွင်း တူညီသောအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ထားသည်။

သူ့အကြည့် ဝေ့ခတ်သွားစဉ် ရုတ်တရက် သူက လူတစ်ယောက်အကြောင်း တွေးမိလိုက်၏။ သူ၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့မိသွားသည်။ သို့ပေမည့် သူက ထိုမဖြစ်နိုင်သော အတွေးကို လက်လွှတ်လိုက်သည်။

“သူ မဖြစ်နိုင်ပါဘူး။ သူ ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး…” လုဝမ်ရန်က ဝမ်လင်းနှင့် ပတ်သတ်၍ တွေးမိလိုက်ခြင်းပင်။

“အဆင်ပြေတာပဲ။ အဲ့လူက ကိုယ်ထင်မပြချင်မှတော့ ငါတို့ သူ့ကို ရှာနေဖို့ မလိုတော့ဘူး။ ဒါက ငါတို့အတွက်လည်း ကောင်းတဲ့အရာပဲ။ သူက သိပ်မကြာခင် ကိုယ်ထင်ပြချင် ပြလာလိမ့်မယ်…”

လုဝမ်ရန်၏ အမူအရာက ပြောင်းလဲသွား၏။

ရှုတန်သဲက မျက်မှောင်ကြုတ်ကာ ရုတ်တရက် ပြောလာ၏။ “အဲ့လူဟာ ဒီနေရာကနေ မဟုတ်ဘဲ ဖြတ်သွားဖြတ်လာခဲ့ရုံရော မဖြစ်နိုင်ဘူးလား…”

သူ ထိုသို့ ပြောလိုက်သည့်အခိုက်တွင် လူတိုင်းက ရုတ်တရက် စတင်စဉ်းစားကြ၏။ လုဝမ်ရန်ကလည်း သေချာတွေးကြည့်ကာ ဤသည်က ဖြစ်နိုင်သည်ဟု ထင်ထာ၏။ တကယ်တော့ သူကိုယ်တိုင်ကလွဲ၍ ဒီနေရာရှိ မည်သူကမျှ ထိုသို့ လုပ်နိုင်ခဲ့လိမ့်မည်ဟု သူ မယုံပေ။

အဆုံးစွန်ကောင်းကင်မြက်ခင်းပြင် ပတ်လည်ရှိ မြူများ၏ အပြင်ဘက်၌လည်း တူညီသော မြင်ကွင်းမျိုး ဖြစ်နေသည်။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူထောင်ချီသည် ငြိမ်သက်စွာ ကျင့်ကြံနေကြ၏။ ထိုအုပ်စု၏ အလယ်တွင် လေဟာနယ်အတိဒုက္ခအလယ်အဆင့် အဘိုးအိုနှစ်ယောက်က လျှိုဇီယန်း၏ သေဆုံးမှုနှင့် ပတ်သတ်၍ ပြောဆိုနေသည်။

“ကောင်းကင်ဘုံနွားထီးကုန်းမြေနဲ့ ငါတို့ကြား တိုက်ပွဲမှာ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် သေဆုံးတာ အခုက ပထမဆုံးအကြိမ် မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ စောင့်ကြည့်နေတဲ့ကြားက ဘယ်သူက သတ်ခဲ့တာလည်းကို မသိတာတော့ အခုက ပထမဆုံးအကြိမ်ပဲ…”

အဘိုးအိုကျန်း၏အမူအရာက မှုန်တေနေကာ ဒေါသထွက်နေ၏။ သူ့ထံ၌ ကြောက်ရွှံ့မှုလည်း ရှိနေသည်။ သူက နတ်ဘုရားအာရုံကို ချိပ်ပိတ်ကာ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေသော မိစ္ဆာတာအိုကလန်ခေါင်းဆောင်ကသာ ဒီအကြောင်းကို သိသွားပါက မည်မျှ ဒေါသထွက်နေမည်ကို မသိတော့ပေ။

“အကြီးအကဲလျှိုရဲ့ အဆင့်အတန်းဟာ…” အစိမ်းရောင်မိစ္ဆာကုန်းမြေမှ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတချို့က ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ သို့သော် သူ့စကားကို အဆုံးမသပ်လိုက်ပေ။

အဘိုးအိုကျောက်က သက်ပြင်းချကာ ဖြည်းဖြည်းချင်း ပြောလာ၏။ “သူ့အဆင့်အတန်းအပြင် တစ်ခုခုမှားနေသလားလို့ မင်းတို့အားလုံး သေချာတွေးကြည့်အုံး။ အချိန်တိုအတွင်း ဒီလိုအရာမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ…”

“အကြီးအကဲလျှိုက ဆေးလုံးအချို့ ဝါးမြိုဖို့ နောက်ဆုတ်ခဲ့တာ။ ငါတို့ကို မြူက ကာဆီးထားတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ တိုက်ပွဲသံ ထွက်ပေါ်လာပုံထောက်တော့ အမွှေးတိုင်တစ်တိုင်စာလောက်တောင် အချိန်မကြာဘဲ အဲ့တိုက်ခိုက်မှုက အပြီးသပ်သွားခဲ့တာ…”

“ငါ့နတ်ဘုရားအာရုံနဲ့လည်း မဝင်ရောက်နိုင်ခဲ့ဘူး။ အဲ့ဧရိယာကို အတားအဆီးအလွှာတစ်ခုက ပိတ်ဆို့ထားခဲ့တယ်…”

“ဒါပေမဲ့လည်း ငါဟာ အကြီးအကဲလျှို သူ့ရတနာကို ထုတ်ယူပြီး မရေမတွက်နိုင်တဲ့ မကျေမချမ်းစိတ်ဝိညာဉ်တွေိကို ဆင့်ခေါ်ခဲ့တာကို ငါ အာရုံခံမိခဲ့တယ်…”

သူတို့အားလုံးက သူတို့ မှတ်မိသမျှကို ပြန်ပြောင်းပြောနေ၏။

“အကြီးအကဲကျောက်…ငါတို့ ရှာဖွေမှုတစ်ခု လုပ်ရတော့မယ်…” ခုထိ စကားမဆိုသေးသော ထိုအုပ်စုထဲမှ အမျိုးသမီးက ရုတ်တရက် ပြောလာ၏။

ထိုအမျိုးသမီးမှာ လျှိုဇီယန်းနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သော လေးယောက်ထဲမှ တစ်ယောက် ဖြစ်၏။ သူမက ချီတုံချတုံ ဖြစ်နေဟန် ပေါ်သည်။ အဘိုးအိုကျောက်က သူမထံ လှမ်းကြည့်လာသည့်အခါ သူမက အံတင်းတင်းကြိတ်ကာ ဆိုလာ၏။

“ငါတို့ နတ်ဘုရားအာရုံကို တားဆီးထားတာဟာ မြူအပြင် နောက်ထပ်အတားအဆီးတစ်ခုလည်း ရှိနေသေးတယ်။ အဲ့အတားအဆီးက မိစ္ဆာအတားအဆီးကလန်ရဲ့ တသီးတသန့်မိစ္ဆာအတားအဆီး ဖြစ်နိုင်လောက်တယ်…”

“အရင်တုန်းက ငါ ဒီအတားအဆီးနဲ့ ပတ်သတ်ပြီး ကြုံခဲ့ဖူးတယ်။ ဒါ့ကြောင့် ငါ မမှားလောက်ဘူး…”

သူမ ထိုသို့ ပြောလိုက်သည့်နောက် လူတိုင်းက ငြိမ်သက်သွား၏။ လူတိုင်း၏အကြည့်က အဘိုးအိုကျောက်ပေါ်သို့ ကျရောက်လာသည်။

အဘိုးအိုကျောက်သည် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကလန်ကြီးသုံးခုထဲမှ တစ်ခု ဖြစ်သော မိစ္ဆာအတားအဆီးကလန်မှ တစုံတစ်ယောက်ပင်။

အဘိုးအိုကျောက်၏မျက်လုံးက အရောင်တောက်သွားကာ သူက ဖြည်းဖြည်းချင်း ပြောလာ၏။ “ငါဟာ တသီးတသန့်မိစ္ဆာအတားအဆီးပညာရပ်မှာ သိပ်မကျွမ်းကျင်သလို ရင်းနှီးမှုလည်း မရှိဘူး။ ဒါ့ကြောင့် ငါ ဒါကို သတိမပြုမိခဲ့တာ။ ဒါပေမဲ့ နင်က ဒီလိုပြောလာမှတော့ ငါ တစ်ခုခုကို သတိရမိသွားတယ်…”

“ဆေးလုံးပင်လယ်ကို သန့်စင်ခဲ့တဲ့အချိန်တုန်းက ငါ့မိစ္ဆာအတားအဆီးကလန်ရဲ့ စုံစမ်းစစ်ဆေးပြီးတဲ့နောက် သတင်းပေးတွေရဲ့ တင်ပြချက်အရ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ အကြီးအကဲဝမ်ဆိုတဲ့ မဟာစိတ်ဝိညာဉ်ကလန်ကလူ ရှိခဲ့တယ်တဲ့။ ပြီးတော့ ဆေးလုံးပင်လယ်မှာ တသီးတသန့်အတားအဆီး သံလိုက်အိမ်မြှောင်ဟာ ပျောက်နေခဲ့တယ်။ ဒီအတားအဆီးရဲ့ ဗဟိုချက်အရ အဲ့သံလိုက်အိမ်မြှောင်ဟာ ဖျက်စီးခံရခြင်း မရှိသေးဘူး…”

အဘိုးအိုကျောက်က ထိုသို့ ပြောလိုက်ပြီးနောက် သူက အဆုံးစွန်ကောင်းကင်မြက်ခြင်းပြင်၏ အတွင်းနက်ပိုင်းထံ လှမ်းကြည့်လိုက်သည်။

“ဒီလိုသာဆိုရင် အကြီးအကဲလျှိုကို သတ်ခဲ့တာဟာ သူ ဖြစ်နိုင်လောက်တယ်…”

“ဝမ်လင်း…” အဘိုးအိုကျန်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာ၏။ သူက ထိုသူ့ကို သတ်ရပေမည်။ မဟုတ်ပါက သူသည် ကလန်ခေါင်းဆောင်၏ ဒေါသကို ခံနိုင်လိမ့်မည် မဟုတ်ပေ။

All Chapters