မတွေ့ရသည်မှာ ကြာမြင့်လေပြီ
Vol. 98 Ch. 971
"တော်သေးတာပေါ့။"
ချင်းဟွာသခင်မက တိတ်ဆိတ်စွာ သက်ပြင်းချလိုက်လေသည်။ သူမ၏သခင်ဖြစ်သူအား မတွေ့ရသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ရာ သူမသည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့မည့် အခြေအနေသို့ပင် ရောက်ရှိလုနီးပါးဖြစ်သွားခဲ့၏။
သူမက နောက်ဆုံးအကြိမ် မည်သည့်အချိန်က အကူအညီပေးခဲ့သည်ကိုပင် မေ့လုနီးပါးဖြစ်နေခဲ့ပြီ ပင်ဖြစ်၏။
သူမ၏သခင်အောက်တွင် အလုပ်လုပ်ရသည့် ဖိအားမှာ ကြီးမားလှချေသည်။ အချိန်မရွေးပင် အသစ်ဝင်ရောက်လာသော လုပ်ဖော်ကိုင်ဖက်များ ဖြင့် အစားထိုးခံရနိုင်ချေရှိနေပေသည်။
ထိုအရာကို တွေးမိသောအခါ ချင်းဟွာက မိမိကိုယ်ကိုခွန်အားပေးရန်အတွက် လက်သီးများကို အနည်းငယ် ဆုပ်ထားလိုက်လေသည်။
အစီအရင်အပြင်ဘက်သို့ သူမ ခြေချလိုက်သည့် အခိုက်အတန့်တွင် ဆယ်ကျန်း အမြင့်ရှိသော ရွှေရောင်ခန္ဓာကိုယ်သည် ခံစားချက်ကင်းမဲ့သော အမူအရာသို့ လျင်မြန်စွာပြန်လည်ပြောင်းလဲသွားတော့၏။
မသေမျိုးအရာရှိ ထပ်မံ ထွက်ပေါ်လာခြင်းက ပတ်ဝန်းကျင်ရှိသက်ရှိများကြားတွင် ထပ်မံ၍ ဆူညံပွက်လောရိုက်သွားစေခဲ့၏။
ပုံမှန်အားဖြင့်ဆိုလျှင် အဆင့်မြင့် မသေမျိုးတစ်ပါးက နေထိုင်ရန်သဘောတူပါက အတန်ကြာအောင် နေထိုင်လေ့ရှိကြပေသည်။ တိမ်ဖြူဂူအနေဖြင့် တားမြစ်ချက် တစ်ခုခုကိုများ ကျူးလွန်မိခဲ့လေသလောဟု တွေးတောစရာ ဖြစ်လာချေသည်။
သို့မဟုတ်ပါက ဤမသေမျိုးအရာရှိက ဤမျိုးဆက်သစ်များနှင့် ရောနှောလိုခြင်းမရှိဘဲ တိမ်ဖြူဘိုးဘေးအား မျက်နှာသာပေးရုံ သက်သက်သာ ဖြစ်ကောင်းဖြစ်နိုင်ပေမည်။
လူအုပ်ကြီးမှာ အတွေးမျိုးစုံ တွေးတောနေကြပြီး ရွှေရောင်ခန္ဓာကိုယ် တိမ်တိုက်များနောက်သို့ ပျံသန်းသွားသည်ကို ကြည့်ကာ ထင်ကြေးပေးမှုများစွာ ဖြစ်ပေါ်လာခဲ့လေသည်။
ရေတွက်၍မရနိုင်သော အကြည့်များသည် တိမ်ဖြူဂူ၏အစီအရင်ဆီသို့ ကျရောက်သွားကြပြီး အချိန်အတန်ကြာစောင့်ဆိုင်းပြီးနောက်တွင် သေခြင်းနယ်မြေကဲ့သို့ တိတ်ဆိတ်နေဆဲဖြစ်ရာ ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ ရှုပ်ထွေးမှုအချို့ကို ဖြစ်ပေါ်လာစေ၏။
သို့သော် မသေမျိုးခုံရုံး၏ ဖြောင့်မတ်သော နတ်ဘုရားတစ်ပါး၏ ကိစ္စရပ်များနှင့် ပတ်သက်၍ မည်သူကများ အလွန်အကျွံ မေးမြန်းရဲမည်နည်း၊ ဝင်ရောက်စွက်ဖက်ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
"အရှင်၊ ကျွန်တော်တို့ အခု ပြန်ကြတော့မလား။"
ခြံရံပါလာသော မသေမျိုးအရာရှိအချို့မှာလည်း အလားတူ စူးစမ်းချင်စိတ် ရှိနေကြသော်လည်း ပို၍ မမေးရဲကြပေ။ အသစ်ခန့်အပ်ခံရသော မြင်းများ၏ကံကြမ္မာမှာ တစ်ချိန်က အကျင့်သီလကျင့်ကြံသူဖြစ်ပြီး ကောင်းမှုမသေမျိုးများထံမှ ဆင်းသက်လာကာအေးစက်ပြီး တင်းကျပ်သော စိတ်နေသဘောထားရှိသည်ဟု ဆိုကြလေသည်။
မဟာစစ်သူကြီး ချင်းလွမ်ကိုပင် မျက်နှာသာမပေးတတ်ဟု သတင်းထွက်နေသူ ဖြစ်၏။
ရိုးရိုးသားသား ပြောရလျှင် သူသည် တိမ်ဖြူဂူတွင် အချိန်အနည်းငယ်ကြာ ထိုင်နေခဲ့ခြင်းကပင် အံ့အားသင့်စရာ ဖြစ်နေခဲ့ပြီ ဖြစ်ပေသည်။
"အင်း။"
ချင်းဟွာက ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်ပြီး မသေမျိုးအရာရှိများအဖွဲ့ကို ဦးဆောင်ကာ တိမ်တိုက်များကို စီးနင်းလျက် မသေမျိုးခုံရုံးဆီသို့ ဦးတည်သွားလေသည်။
ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကို အသုံးပြု၍ ဤရတနာမြေကို ယာယီချိပ်ပိတ်ထားခြင်းက သူမ၏ သခင်အတွက် ဤနေရာရှိ ပြဿနာများကို ဖြေရှင်းရန် လုံလောက်မည် ဖြစ်ပေ၏။
ပြင်ပလူများ၏ရှုပ်ထွေးနေသော အတွေးများနှင့် နှိုင်းယှဉ်ပါက၊ ဤသတ်ဖြတ်မှုကြီးကို အမှန်တကယ် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသော နတ်ဆိုးသုတ်သင်ရေးဌာနမှ လူများ၏စိတ်အခြေအနေမှာလည်း များစွာ ပိုမို ရှင်းလင်းနေခြင်း မရှိချေ။
အခြား စီရင်စုနှစ်ခုမှ နတ်ဆိုးသုတ်သင်သူများသည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြပြီး လမ်းစဉ်သုံးသွယ်နှင့် ပတ်သက်သော ပြဿနာပေးတတ်သည့် ကိစ္စရပ်များ အပါအဝင် မရေမတွက်နိုင်သောဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးသူများ ဖြစ်ကြလေသည်။
သို့သော် ၎င်းတို့သည် ယနေ့ကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
အစမှ အဆုံးတိုင်အောင် လူမြင်ကွင်းမှ ပျောက်ကွယ်နေသကဲ့သို့ ဖြစ်နေသော နတ်ဆိုးသုတ်သင်ရေးအရာရှိတစ်ဦးက မေ့ကျိယောင်၏အထင်သေးခြင်းနှင့် တမင်တကာလျစ်လျူရှုခြင်းကို ခံရချိန်တွင်ပင် မည်သည့် မကျေနပ်မှုကိုမျှမပြသခဲ့ပေ။
ထို့ကြောင့်ပင် အခြားသူများက သူ့အား စစ်သူကြီးယဲ့လန်မှ လုပ်ငန်းစဉ်များကိုကျော်လွားရန်အတွက် ခေါ်ဆောင်လာသည့် အရုပ်တစ်ရုပ်သက်သက်သာ ဖြစ်သည်ဟု တကယ်ပင် ထင်မှတ်ခဲ့ကြခြင်း ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ တာဝန်စတင်ထမ်းဆောင်သော အရာရှိသစ်တစ်ဦးအတွက် အကြောက်ရဆုံးအရာမှာ ယခင်အရာရှိထံမှ အာဏာလုပွဲနှင့် စည်းကမ်းမထိန်းသိမ်းနိုင်ခြင်းတို့ပင်။
အခြား စီရင်စုနှစ်ခုမှ မုန့်ရှို့ဝမ်အား နတ်ဆိုးသုတ်သင်ရေးအရာရှိတစ်ဦးအဖြစ် ဆက်လက် ဆက်ဆံနေခြင်းကို ၎င်းတို့က မည်သို့ ခွင့်ပြုနိုင်မည်နည်း။
သို့သော် တကယ့်အလုပ် စတင်ချိန်တွင်မူ
ဤလူငယ်လေးက လုံးဝ ကွဲပြားခြားနားသော အသွင်အပြင်သို့ ပြောင်းလဲသွားပုံရလေသည်။ သူ၏လုပ်ရပ်များမှာ တစ်ဖက်သတ်ဆန်ပြီး အာဏာရှင်ဆန်သည်ဟု ဆိုလျှင်ပင် အလွန်အကျွံ ဖြစ်မည်မဟုတ်ချေ။ မည်သူနှင့်မျှ တိုင်ပင်ဆွေးနွေးခြင်း လုံးဝ မရှိခဲ့ပေ။
ပုံမှန်အားဖြင့်ဆိုလျှင် အခြားသူများက သူ့အား တိုင်ကြားရမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် ဘေးဒုက္ခထဲသို့ ဆွဲသွင်းခံရခြင်းမှ ကင်းဝေးစေရန်အတွက် သူနှင့် တတ်နိုင်သမျှ ဝေးဝေးနေလိုကြမည် ဖြစ်ပေ၏။
မသေမျိုးခုံရုံး၏မျက်စိရှေ့တွင် မည်သည့် ထောက်ထားညှာတာမှုမျှ မရှိဘဲ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပုံမှာ မသေမျိုးအရာရှိများထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေလေသည်။
သို့သော် ယခုအခါတွင်မူ
စစ်မှန်သော မသေမျိုးအရာရှိက မသိဟန်ဆောင်နေရုံသာမက အခြေအနေကို ငြိမ်သက်သွားစေရန်ပင် ကူညီပေးခဲ့ရာ ကိစ္စတစ်ခုလုံးမှာ ကွဲပြားခြားနားသော အရသာတစ်ခု ဖြစ်သွားလေတော့၏။
"ဟူး။"
နတ်ဆိုးသုတ်သင်ရေးအရာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုတိုင် အသက်ရှင်လျက်ရှိနေဆဲဖြစ်သော မေ့ကျိယောင်မှာ သဘာဝကျကျပင် မိုက်မဲသူ တစ်ဦး မဟုတ်ချေ။
သူမက ကောင်းကင်ယံတွင် လွင့်မျှောနေသော ဝတ်ရုံနက်နှင့် လူငယ်အား တိတ်ဆိတ်စွာ စိုက်ကြည့်နေမိလေသည်။
သူသည် ဗောဓိဂိုဏ်းမှ ကျင့်ကြံသူများ၏နည်းလမ်းများကို ပိုင်ဆိုင်ထားသလို ရတနာတောင်ဟူသော အစစ်အမှန် မသေမျိုးမိသားစုတစ်ခု၏ ရတနာများကိုလည်း ပိုင်ဆိုင်ထားလေသည်။
ထို့အပြင် သည်းခံခွင့်လွှတ်မှု... မဟုတ်ပေ၊ ၎င်းကို သည်းခံခွင့်လွှတ်မှုဟုပင် ခေါ်ဆို၍ မရနိုင်တော့ချေ။ သူမ အထင်မှားသွားခြင်းလော သို့တည်းမဟုတ် ထိုမသေမျိုးအရာရှိ၏မျက်လုံးများထဲတွင် တမင်တကာဖုံးကွယ်ထားသော ရိုသေလေးစားမှု အရိပ်အယောင်တစ်ခုကို သူမ မြင်တွေ့လိုက်ရခြင်းလော။
ဤမျှရှုပ်ထွေးလှသော နောက်ခံသမိုင်းကြောင်းအောက်တွင် သူသည် နတ်ဆိုးသုတ်သင်ရေးအရာရှိတစ်ဦး ဖြစ်နေဆဲပင်တကား။
နတ်ဆိုးသုတ်သင်ရေးဌာနက အမည်ခံအားဖြင့် နတ်ဆိုးများကို နှိမ်နင်းသော်လည်း ၎င်း၏အမှန်တကယ် တာဝန်မှာ နတ်ဘုရားမင်းဆက်ကိုယ်စား လမ်းစဉ်သုံးသွယ်မှ တပည့်များကို အနည်းငယ် ထိန်းချုပ်ရန်ပင် ဖြစ်ပေသည်။
(အင်ပါယာ/နတ်ဘုရားမင်းဆက်ကအတူဘဲလို့ ပြောဖူးပါတယ်နော်)
သို့သော် ဤလူက လမ်းစဉ်သုံးသွယ်လုံးကို လွှမ်းခြုံထားသည်လော။
"ဒီလူက တိတိကျကျဘယ်သူလဲ။ သူ့ကို နင် ဘယ်လို ခေါ်လာခဲ့တာလဲ။"
မေ့ကျိယောင်က မသေမျိုးအရာရှိကို တိုက်ရိုက် ရင်ဆိုင်ခဲ့ရစဉ်ကထက် ယခုအချိန်တွင် ပို၍ပင် ထိတ်လန့်တုန်လှုပ်နေမိလေသည်။
ကျန်းယန်စီရင်စုက နောက်ခံသမိုင်းကြောင်းကို သေချာစွာ စုံစမ်းစစ်ဆေးခြင်း လုံးဝမပြုဘဲ မည်သည့်အရာတွေ တွေးနေခဲ့သနည်း။
မသေမျိုးခုံရုံးမှ ဖြောင့်မတ်သော နတ်ဘုရားတစ်ပါးနှင့် နက်ရှိုင်းစွာ ဆက်နွယ်နေသည်ထင်ရှားလှသော ကျင့်ကြံသူတစ်ဦးအား နတ်ဆိုးသုတ်သင်ရေးဌာနသို့ ပေါ်ပေါ်ထင်ထင်ခေါ်ဆောင်လာခြင်းမှာ အစိုးရအရာရှိတစ်ဦးအား သူခိုးဂူထဲသို့ ဖိတ်ခေါ်ခြင်းနှင့် မတူညီပေဘူးလော။
"ဒါက မြေစောင့်မသေမျိုးရဲ့ ထောက်ခံချက်ပဲလေ။"
မုန့်ရှို့ဝမ်၏မျက်နှာအမူအရာမှာ အတန်ငယ် ဆိုးရွားနေလေသည်။ မင်ကျစ်ရန်အပေါ် အလွန်အမင်းယုံကြည်မိလွန်းခဲ့သဖြင့် သူက အမှန်တကယ်ပင် အနည်းငယ် ပေါ့ဆခဲ့မိလေသည်။
ယခုအခါတွင် ဤလူက မြေစောင့်မသေမျိုး ဖော်ပြခဲ့သော သာမန် လေလွင့်ကျင့်ကြံသူတစ်ဦး မဟုတ်ကြောင်း ထင်ရှားနေပေပြီ။
ပညာရှင်တစ်ဦး၏လမ်းစဉ်နှင့် မသေမျိုးမိသားစု၏ရတနာများကို ကံကြမ္မာနှင့် တိုက်ဆိုင်မှုဟု ရှင်းပြနိုင်သော်လည်း၊ မသေမျိုးခုံရုံးမှ ထိုဖြောင့်မတ်သော နတ်ဘုရား၏ထူးဆန်းသော သဘောထားမှာကော မည်သို့နည်း။ ၎င်းကိုရော ကံကြမ္မာဟု ဆိုမည်လော။
သေးငယ်သော နေရာတစ်ခုမှဖြစ်သည်လော။ သေးငယ်သောနေရာ ဆိုသည်မှာ မသေမျိုးခုံရုံးမှ အရေးပါသော ပုဂ္ဂိုလ်ကြီး တစ်ဦး၏နေအိမ်ကို ဆိုလိုခြင်းလော။
အဆင့်ခုနစ် မသေမျိုးအရာရှိတစ်ဦးအား အခင်းဖြစ်ပွားရာ နေရာကို ရှင်းလင်းပေးရန် စေခိုင်းနိုင်ခြင်းကြောင့် ရှန်းယီ၏နောက်ခံမှာ အနည်းဆုံး အဆင့်ငါး မသေမျိုးအရာရှိ၏ ဦးတည်ချက်သို့ ရောက်ရှိနေရမည် ဖြစ်ပေ၏။
၎င်းမှာ လူသားဧကရာဇ်ကိုပင် ဦးညွှတ်စရာမလိုဘဲ တွေ့ဆုံနိုင်သည့် မည်သို့သောတည်ရှိမှုမျိုး ဖြစ်နေမည်နည်း။
"တကယ်လို့ တစ်ခုခုသာ မှားယွင်းသွားရင်၊ နင်..နင် ခေါင်းဖြတ်ခံရဖို့သာ စောင့်နေတော့၊ အကြိမ်တစ်ရာတောင် နင့်ရဲ့ပြစ်မှုတွေအတွက် ပေးဆပ်ဖို့ လုံလောက်မှာ မဟုတ်ဘူး။"
မေ့ကျိယောင်က အသက်ရှူမြန်ဆန်နေပြီး နတ်ဆိုးသုတ်သင်ရေးဌာနအား မသေမျိုးခုံရုံးမှ မသိရှိသင့်သည့် တကယ့်အကြောင်းရင်းအချို့ကို ရှင်းလင်းစွာ သတိပြုမိနေလေသည်။
တုန်ရီနေသော မုန့်ရှို့ဝမ်က အင်အားအကောင်းဆုံး နတ်ဆိုးသုတ်သင်ရေးအရာရှိအနေဖြင့် မိမိ၏ ကိုယ်ပိုင်ခွန်အားကို အလွန်အမင်းယုံကြည်မှု ရှိခြင်းကြောင့်သာ မင်ကျစ်ရန်အတွက် ရှန်းယီအား စောင့်ကြည့်ပေးရန် သဘောတူရဲခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ယခုအခါတွင်မူ ကိစ္စရပ်များမှာ အနည်းငယ် ထိန်းချုပ်မှုပြင်ပသို့ ရောက်ရှိသွားပြီဟု သူ စတင်ခံစားလာရလေသည်။
ဤအတွေးနှင့်အတူ သူက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး သူ၏လက်ချောင်းများမှာ အနည်းငယ် တုန်ရီနေလျက် သူ၏ဝတ်ရုံလက်အိုးအတွင်းမှ ဆန့်ထုတ်လိုက်ကာ လက်ချောင်းများကြားတွင် အံ့မခန်း သန့်စင်သောစွမ်းအင်တစ်ခုကို စုစည်းလိုက်လေသည်။
ဤအခိုက်အတန့်တွင် အဆင့်ခြောက်နယ်ပယ်သို့ ရောက်ရှိထားသော ကျောက်စိမ်းနဂါးဂိုဏ်းမှ ချင်မိန်ဘိုးဘေး၏လက်အောက်ရှိ တပည့်က မတရားသဖြင့် သေဆုံးသွားခဲ့ရခြင်း မဟုတ်ကြောင်း ထင်ရှားနေပေသည်။
(အင်ပါယာမင်းဆက်နဲ့နတ်ဘုရားမင်းဆက်အတူတူပါဘဲ၊ နတ်ဘုရားမင်းဆက်အောက်မှာ အင်ပါယာခုံးရုံးရှိပါတယ်၊အင်ပါယာခုံရုံးအောက်မှာတော့ နတ်ဆိုသုတ်သင်ရေးဌာနအပါအဝင်ဌာနကိုးခုရှိပါတယ်။)